← Chapters

နှလုံးကာဝိညာဉ်ဆေးပြား။ မုန်တိုင်းနီးကပ်လာခြင်း။ (၃)

Vol. 10 Ch. 140

နှလုံးကာဝိညာဉ်ဆေးပြား။ မုန်တိုင်းနီးကပ်လာခြင်း။ (၃)

Vol. 10 Ch. 140

စူးချန်ခုန်း ထိတ်လန့်သွားသော်လည်း ရုတ်တရက် နားလည်သွားသည်။

"မင်းက ထင်သလောက် မတုံးဘူးပဲ။" စူးချန်ခုန်းက သူ၏သရုပ်မှန်အား ခန့်မှန်းနိုင်သည်ကို မအံ့သြဘဲ အနက်ရောင်ဝတ်လူက ဆိုလေ၏။ ဧရာမဝေလငါးဂိုဏ်းအတွင်းရှိ အဖြစ်အပျက်များကို အနည်းငယ် အာရုံစိုက်မိသူတိုင်းသည် လောလောဆယ်တွင် အုပ်စုနှစ်စုကွဲနေသည်ကို သိထားကြသည်။ စစ်ခုန်းဟွမ်က သူ့ကို အဂ္ဂိရတ်ပညာအတွက် တာဝန်ပေးသည့်အကြောင်း မေးလိုက်သည်နှင့် စူးချန်ခုန်း ခန့်မှန်းမိမှာ ပုံမှန်သာဖြစ်သည်။

မကြာခင်မှာပင် စူးချန်ခုန်းက "ဂိုဏ်းခေါင်းဆောင်နဲ့ ဒုဂိုဏ်းခေါင်းဆောင်ကြားက ကိစ္စတွေကို ကျွန်တော်သိပါတယ်။ ဒါပေမယ့် ဒုတိယသခင်မလေးက ဆေးပြားလုပ်ခိုင်းရင် ကျွန်တော်ငြင်းလို့ မရဘူး။ ဒီလိုပဲ ဒုခေါင်းဆောင်က ကျွန်တော့်ကို တာဝန်ပေးခိုင်းရင်လည်း ကျွန်တော် လုပ်ပေးရမှာပဲ။ အဲ့တာကက ဧရာမဝေလငါးဂိုဏ်းရဲ့ အဂ္ဂိရတ်ပညာရှင်တစ်ယောက်ဖြစ်တဲ့ ကျွန်တော့်ရဲ့ အလုပ်ပဲ။"

စူးချန်ခုန်းသည် စစ်ခုန်းဟွမ်အတွက် ဆေးပြားဖော်စပ်ပေးဖို့ တိတ်တဆိတ် သဘောတူခဲ့သောကြောင့် ၎င်းက ပြဿနာကို ဆွဲခေါ်လိုက်သလိုဖြစ်ပြီး မုန့်စန်း၏လူများ သူ့ထံရောက်လာတာဖြစ်ကြောင်း သူ နားလည်သည်။ ဒါက သတိပေးသည့်အဆင့်လောက်သာ။ သို့သော် စူးချန်ခုန်းသည် ပြဿနာကို မလိုလားသောကြောင့် သူ့ကို စစ်ခုန်းဟွမ်က သိမ်းသွင်းတာ မဟုတ်ကြောင်းနှင့် ခေါင်းဆောင်အဖွဲ့ဘက်တွင် ရပ်တည်ခြင်းမရှိကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားခဲ့သည်။ မုန့်စန်းဘက်ကလည်း အဂ္ဂိရတ်ပညာအတွက် အကူအညီတောင်းရင် သူ အကောင်းဆုံးလုပ်မှာပင်။

“တော်ပြီ။ ငါဒီကို ရောက်လာတာ အဲ့တာကြောင့် မဟုတ်ဘူး” အနက်ရောင်ဝတ်စုံနှင့်လူက စကား ဖြတ်ပြောလိုက်သည်။ "မင်း ခဏနေ စစ်ခုန်းဟွမ်ဆီ သွားတော့မှာမလား။ ငါ မင်းကို သူ့ကို ဆေးပြား ကူလုပ်ပေးစေချင်တယ်... ဒါပေမယ့် မင်း အောင်မြင်အောင်တော့ မလုပ်ရဘူး!"

ထိုစကားက စူးချန်ခုန်းကို ထိတ်လန့်စေခဲ့သည်။ အနက်ရောင်နှင့်လူ၏ ရည်ရွယ်ချက်မှာ ရှင်းပါသည်။ သူသည် စူးချန်ခုန်းကို ရည်ရွယ်ချက်ရှိရှိ လက်လျှော့ပြီး အဂ္ဂိရတ်လုပ်ငန်းကို မအောင်မြင်စေရန် တောင်းဆိုနေတာဖြစ်သည်။

"ဒါပေမယ့်...အဲ့ဒါက စည်းကမ်းနဲ့မညီဘူးမလား" စူးချန်ခုန်း မျက်မှောင်ကြုတ်လိုက်သည်။

"ဟား ဟား! ငါမင်းနဲ့ ဆွေးနွေးနေတာ မဟုတ်ဘူးနော်။" အနက်ရောင်ဝတ်စုံနှင့်လူက တဟားဟားရယ်ပြီး အေးစက်စွာဆိုလေ၏။ "ဒါပေမယ့်စိတ်ချပါ ။မင်း ငါတို့ကို ဒါလေး ကူပေးလိုက်ရင် ငါတို့က မင်းကို အကြွေးတစ်ခုပေးတင်သွားပြီလေ။ တွေးကြည့်စမ်း။ အခုအချိန်မှာ ဒုဂိုဏ်းခေါင်းဆောင်က အသားစီးရနေတာနော်။ နောက်ကျရင် ဧရာမဝေလငါးဂိုဏ်းကို ဘယ်သူက ထိန်းချုပ်နိုင်မယ်ဆိုတာ ပြောရမခက်ဘူးကွာ။"

ဤသို့ပြောပြီးနောက် အနက်ရောင်ဝတ်စုံနှင့်လူက မတ်တတ်ထရပ်ကာ လေကဲ့သို့ လျင်မြန်စွာ လှုပ်ရှားလျက် အိမ်အပြင်သို့ တဟုန်ထိုးပြေးကာ တံခါးကို ပိတ်လိုက်ပြီး နှင်းများထူထပ်သောည အမှောင်ထဲသို့ ပျောက်ကွယ်သွားတော့သည်။

အနက်ရောင်ဝတ်စုံနှင့်လူ ထွက်သွားသည်နှင့် စူးချန်ခုန်း၏မျက်နှာပေါ်ရှိ ကြောက်ရွံ့မှုနှင့် ထိတ်လန့်မှုတို့သည် ပျောက်ကွယ်သွားကာ လေးလေးနက်နက် မျက်မှောင်ကြုတ်လိုက်သည် "ဒါက... တကယ်ကို ပြဿနာပါပဲ!"

စစ်ခုန်းဟွမ်သည် စူးချန်ခုန်းကို သူကိုယ်တိုင်အတွက် သို့မဟုတ် အခြားသူကို ကုသရန်အတွက် ရည်ရွယ်ထားသည့် ဆေးပြားအား လျှို့ဝှက်စွာဖန်တီးပေးရန် တောင်းဆိုခဲ့သည်။ သို့သော် မုန့်စန်း သိသွားသည်နှင့် စူးချန်ခုန်းကို လုပ်ငန်းစဉ်ထဲတွင် တမင်အမှားလုပ်ရန် တစ်စုံတစ်ဦးကို စေလွှတ်ကာ ခြိမ်းခြောက်လေ၏။ သူက စစ်ခုန်းဟွမ်၏ ကြိုးစားအားထုတ်မှုကို အချည်းနှီးဖြစ်စေလိုသည်။

စူးချန်ခုန်း၏ ဆေးပြားဖော်စပ်မှုအားလုံး ကျရှုံးသွားအောင်လုပ်ရင်တောင် စစ်ခုန်းဟွမ်က ၎င်းကို သဘောပေါက်မည်မဟုတ်ပေ။ ကြိုးစားမှုအားလုံး ကျရှုံးရင်တောင်မှ သူ့ကို အပြစ်မတင်ဘူးလို့ အာမခံထားပေမယ့် ရှုံးနိမ့်မှုတွေ အမှန်တကယ်ဖြစ်လာခဲ့ရင်တော့ သူ့(စစ်ခုန်းဟွမ်)အနေနဲ့ နောင်တမရဘဲနေမှာလား။ စူးချန်ခုန်းက သူ့အကြောင်း သိပ်သေချာမသိပေ။

ထို့အပြင် စူးချန်ခုန်းသည် မုန့်စန်း၏ တောင်းဆိုချက်ကို လိုက်နာပြီး စစ်ခုန်းဟွမ်လိုချင်သော ဆေးပြားကို မရအောင်လုပ်မည်ဆိုပါက မုန့်စန်းကို ကူညီလိုက်ခြင်းဖြင့် မုန့်စန်းနှင့် အဖွဲ့တူသွားမည် ဖြစ်သည်။

ဧရာမဝေလငါးဂိုဏ်း၏ဂိုဏ်းကွဲအငြင်းပွားမှုများတွင် မပါဝင်ဘဲ အဂ္ဂိရတ်ပညာကို တိတ်တဆိတ် လေ့ကျင့်လိုသော စူးချန်ခုန်းက ၎င်းကို သေချာပေါက် မလိုလားပေ။

"ဒါက တကယ့်ကို အကျပ်ရိုက်စရာပဲ!" စူးချန်ခုန်းသည် သူ့နှလုံးသားထဲတွင် အကူအညီမဲ့စွာ ခံစားနေရ၏။ ကြားနေခြင်းသည် လွယ်ကူသော ရပ်တည်ချက်မဟုတ်ပေ။ စူးချန်ခုန်းက တစ်ဖက်တည်း မနေလိုသော်လည်း ပြင်ပအင်အားစုများက သူ့အား ဖိအားပေးနေ၏။

စိုးရိမ်စိတ်တွေ ပြင်းထန်စွာနှင့် ချိန်းထားတဲ့ ညနက်အချိန်ရောက်လာတဲ့အခါ စူးချန်ခုန်းဟာ ဆေးလုံး ဒုတိယအသုတ်ကို ထုတ်ဖို့ စစ်ခုန်းဟွမ်ရဲ့ နေအိမ်ကို သွားခဲ့သည်။

သူ့စိတ်ထဲတွင်တော့ စစ်ခုန်းဟွမ်ကို လတ်တလော အဖြစ်အပျက်များအကြောင်း ပြောပြရန် စဉ်းစားနေသော်လည်း ထိုအတွေးကို အမြန်ပယ်ချလိုက်သည်။ သူ့ကိုပြောလိုက်တာက မုန့်စန်းကို လုံးဝ ဖဲကြဉ်လိုက်တာ ဖြစ်သည်။

ဂိုဏ်းတွင်းပဋိပက္ခကြောင့် စိတ်ရှုပ်နေသော စူးချန်ခုန်း၏ ဒုတိယအကြိမ်မြောက် ကြိုးပမ်းမှုက သေချာပေါက် မအောင်မြင်ခဲ့ပေ။

စစ်ခုန်းဟွမ်က စူးချန်ခုန်းကို အပြစ်မတင်ဘဲ ထိုအစား သူ့ကို နှစ်သိမ့်ပေးသည်။ "ဆရာစူး၊ အရမ်းကြီး ဖိအားတွေထားစရာ မလိုပါဘူး။ အကောင်းဆုံးလုပ်ပါ။ ဆရာ အခု ပြန်သွားပြီး အနားယူသင့်တယ်။ စိတ်ကိုပြန်လည် ပြင်ဆင်လိုက်ပါ။"

နှစ်နှစ်သုံးနှစ်ခန့် ငယ်ရွယ်သော ယောက်ျားလေးတစ်ဦးအား ဤမျှသည်းခံနေသော စစ်ခုန်းဟွမ်သည် နှလုံးကာဝိညာဉ်ဆေးက သူ့အတွက် အလွန်အရေးကြီးသော်လည်း စူးချန်ခုန်း၏ ရှုံးနိမ့်မှုအတွက် သူ မကျေမနပ်မဖြစ်ပေ။

“ကောင်းပြီ။ ဒါဆို ကျွန်တော် အနားယူလိုက်ဦးမယ်” ဟု စူးချန်ခုန်းက သူ့စိတ်ထဲမှာ အပြစ်တွေရှိသလို ခံစားရပြီး ပြန်ဖြေလိုက်၏။ သူသည် အနက်ရောင်နှင့်လူ၏ စကားလုံးများ လွှမ်းမိုးမှုကို ခံစားခဲ့ရပြီး ဤဒုတိယအသုတ် ဆေးပြားကို ဖော်စပ်ရာတွင် သူအစွမ်းကုန် မပေးဆပ်ရခဲ့ပေ။

"ငါ အဂ္ဂိရတ်ပညာမှာ သုံးကြိမ်ဆက်တိုက် ကျရှုံးခဲ့မယ်ဆိုရင်တောင် ငါ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တယ်လို့ ဘယ်သူမှ ယုံမှာမဟုတ်ဘူး။ လျိုကန်းကနေ မုန့်စန်းဆီကို သတင်းပို့ပြီး ငါက အဂ္ဂိရတ်ပညာရှင်တစ်ယောက်ပဲ ဖြစ်ချင်ပါတယ်လို့ သူ့ကို ပြောခိုင်းရမယ်။"

သူ့အခန်းထဲပြန်ရောက်တော့ စူးချန်ခုန်းက တိတ်တဆိတ် စဉ်းစားနေ၏။

အဖွဲ့ခွဲနှစ်ခုထဲတွင် သူက ဂိုဏ်းခွဲလေးကို ရွေးခဲ့သည်။ စစ်ခုန်းဟွမ်အပေါ် အနည်းငယ် အပြစ်ရှိသလိုခံစားရသော်လည်း အနာဂတ်ငြိမ်းချမ်းရေးအတွက် သူ၏ကြိုးစားအားထုတ်မှုကို အနည်းငယ်လျှော့ရန် ဆုံးဖြတ်ခဲ့သည်။ တကယ်တော့ သူအကောင်းဆုံး ကြိုးစားခဲ့ရင်တောင် တတိယအကြိမ် ကြိုးစားမှုတွင် အောင်မြင်မည်ဟု အာမခံချက်မရှိပေ။

ထိုသို့သော အတွေးဖြင့် သုံးရက်မြောက်သော ညကို ရောက်လာသည်။

"ထပ်ပြီးတော့လား။"

ဒါပေမယ့် စူးချန်ခုန်း ထိတ်လန့်သွားတာက သုံးရက်မြောက်ညမှာ အိပ်ယာပေါ်မှာ လှဲလျောင်းရင်း ခြံဝင်းတံတိုင်းပေါ်ကနေ လူတစ်ယောက် ခုန်ချပြီး ဆင်းလာတဲ့ အသံကို ကြားလိုက်ရတာဖြစ်သည်။ သူ ချက်ချင်း စိတ်တိုသွားသလို ခံစားရသည်။ ဘာလို့ ထပ်လာတာလဲ။

သိပ်မကြာခင်မှာပဲ အခန်းတံခါးကို ပြင်းပြင်းထန်ထန် တွန်းဖွင့်ပြီး အဲဒီနေ့မှာပဲ အစားထိုးထားတဲ့ သော့ကို ချိုးပစ်လိုက်သည်။ အနက်ရောင် ၀တ်ထားနှင့် အမျိုးသားတစ်ယောက် အခန်းထဲမှာ ပေါ်လာပြန်၏။

စူးချန်ခုန်း လန့်ဖျပ်သွားဟန်ဆောင်ကာ "ခင်ဗျား...ဘာလို့ပြန်လာတာလဲ။"

အနက်ရောင်နှင့်လူက စားပွဲဘေးမှာထိုင်ပြီး "စိတ်မပူနဲ့။ မင်းကို လုပ်ခိုင်းစရာတစ်ခုရှိလို့ ငါ ဒီနေ့ ဒီကိုရောက်လာတာ။"

"အဲဒါဘာလဲ။" စူးချန်ခုန်းသည် စိတ်ထဲတွင် ဒေါသကို ထိန်းကာ တုန့်ပြန်မေးလိုက်သည်။

အနက်ရောင်ဝတ်ထားသော အမျိုးသားက ဖန်ပုလင်းလေးတစ်ဘူးကိုထုတ်ကာ စားပွဲပေါ်တင်ပြီး စူးချန်ခုန်းကို ကြည့်လိုက်သည်။ "ဒီနေ့ မင်း အဂ္ဂိရတ်ပညာအတွက် သွားတဲ့အခါကျရင် မင်းရဲ့အစွမ်းအစကို အပြည့်အဝ အသုံးချနိုင်ပေမယ့် ရောနှောဖို့ အပိုတစ်ခု ထပ်ထည့်ရဦးမယ်။"

"ဒါကဘာလဲ။ အဆိပ်လား။" စူးချန်ခုန်းက ကြောက်လန့်သွားပုံရသည်။ မုန့်စန်းက တကယ့် လူဆိုးပါလားဟု တွေးကာ ထိတ်လန့်သွားမိသည်။

စစ်ခုန်းဟွမ် ဖော်စပ်လိုသော နှလုံးကာဝိညာဉ်ဆေးပြားသည် သူ့အတွက် သို့မဟုတ် သူ့အတွက် အရေးပါသော တစ်စုံတစ်ဦးကို ကုသရန်အတွက် ရည်ရွယ်ထားတာဖြစ်သည်။ မုန့်စန်းရဲ့လူ ယူလာတဲ့ ဖန်ပုလင်းက သံသယဝင်စရာမလိုအောင် အဆိပ်ပြင်းလေသည်။

စူးချန်ခုန်းက ဒါကို အဂ္ဂိရတ်ပညာ လုပ်ငန်းစဉ်မှာ ရောနှောခဲ့မယ်ဆိုရင် စစ်ခုန်းဟွမ် ဖော်စပ်ခိုင်းတဲ့ ဆေးပြားကို သောက်သုံးသူအတွက် အကျိုးဆက်က ဆိုးရွားပါလိမ့်မည်။

စူးချန်ခုန်းသည် ဆေးပြားကို ဖော်စပ်ရန် တာဝန်ရှိသူဖြစ်သောကြောင့် လုပ်ငန်းစဉ်ကို ကမောက်ကမဖြစ်အောင် လုပ်ဆောင်ရန် သူ့အတွက် လွယ်ကူပါ၏။

"ဆေးက ဘာဖြစ်ဖြစ် မင်းဘာစိတ်ပူစရာလိုလို့လား။ မင်းကိုပြောတဲ့အတိုင်းသာလုပ်။" အနက်ရောင်ဝတ်လူက မျက်ခုံးပင့်ကာ ဆိုလေ၏။

All Chapters