← Chapters

အဂ္ဂိရတ်ပညာတွင် ထူးချွန်ခြင်း။ မုန်တိုင်းဝဲဂယက်၏ဗဟို။ (၃)

Vol. 10 Ch. 143

အဂ္ဂိရတ်ပညာတွင် ထူးချွန်ခြင်း။ မုန်တိုင်းဝဲဂယက်၏ဗဟို။ (၃)

Vol. 10 Ch. 143

လျိုကန်းရဲ့ အရည်အချင်းက သူ့ထက် နိမ့်ကျနေကာ အဆပေါင်း ဆယ်ဆမကတဲ့ အရင်းအနှီးတွေကိုတောင် လိုအပ်ပြီး သူ့အဂ္ဂိရတ်ပညာကို အသုံးချနိုင်တဲ့ အဆင့်အထိ တိုးတက်အောင်လုပ်ဖို့ အချိန်ပိုကြာဦးမည်ဆိုလျှင်ပင် အစားထိုးချင်နေဆဲပင်။

"ဒါဆို ဆက်ပြီးကြိုးစားပါ။ ကြိုးစားမှုရဲ့ ဆုလာဘ်က အမြဲရှိနေမှာပါ" ဟု စူးချန်ခုန်းက အခြေအနေကို သိလိုက်ပေမယ့် ထောက်မပြဘဲ အဂ္ဂိရတ်ပညာကို စတင်လေ့ကျင့်ခဲ့သည်။

ဒါက လျိုကန်းအား စူးချန်ခုန်းကို နောက်ထပ် အတန်ကြာ စိုက်ကြည့်စေခဲ့သည်။ "ဒုဂိုဏ်းခေါင်းဆောင်ကို ဒေါသဖြစ်စေလို့ အန္တရာယ်ထဲ ရောက်နေပြီဆိုတာ သူ နားမလည်သေးဘူးလား"

"အမှန်ပဲ... သူက အဂ္ဂိရတ်ပညာမှာ တော့်တော့်ကို ထူးချွန်ပေမယ့် လောကရဲ့နည်းလမ်းတွေ၊ ကျင့်ကြံရေးလောကရဲ့ ရက်စက်မှုကို နားမလည်ဘူးပဲ!"

လျိုကန်း တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ သူသည် စူးချန်ခုန်းကို ပုဂ္ဂိုလ်ရေးအရ ရန်ငြိုး အာဃာတမရှိဘဲ သူ၏ အဂ္ဂိရတ်ပညာကို သဘောကျသော်လည်း နည်းလမ်းမရှိပေ။ မုန့်စန်းက သူ့ကို သေစေချင်ပြီး ဘယ်သူကမှ သူ့ကို မကယ်နိုင်ခဲ့ပါ။

တစ်ရက်တာ အဂ္ဂိရတ်ပညာကို ပြီးမြောက်ပြီးနောက် စူးချန်ခုန်းသည် ညနေစာစားပြီး ဧရာမဝေလငါးဂိုဏ်းအတွင်းသို့ ဟိုဟိုဒီဒီ လမ်းလျှောက်နေရာ သူသွားလေရာရာ၌ အရိပ်များမှ သူ့အား စူးစမ်းနေသော မျက်လုံးများ ရှိနေသည်ကို သတိပြုမိလိုက်သည်။

မေးစရာမလိုဘဲ သူက မုန့်စန်းရဲ့လူမှန်း သိပါ၏။

လွန်ခဲ့သည့်ရက်အနည်းငယ်တွင် စူးချန်ခုန်းသည် မုန့်စန်း၏ဆန္ဒကိုမလိုက်နာဘဲ အဂ္ဂိရတ်ပညာဖြင့် စစ်ခုန်းဟွမ်ကို ကူညီခဲ့ပြီး အဆိပ်မခတ်ဘဲ အောင်မြင်သော ဆေးပြားကိုဖန်တီးခဲ့သောကြောင့် မုန့်စန်းကို လုံးဝ ဒေါသထွက်စေခဲ့သည်။ သူ လှည့်စားခံလိုက်ရသည်ဟု ခံစားလိုက်ရပြီး အဂ္ဂိရတ်ပညာရှင်လေးလောက်များ သူ့ကို အံတုဝံ့သည်ဟု ထင်နေမှာဖြစ်သည်။

ယင်းက မုန့်စန်းအား လူသတ်စေရန် လှုံ့ဆော်ပေးခဲ့၏။ ဒီအဂ္ဂိရတ်ပညာရှင်က နားမထောင်တဲ့အတွက် သူ့ကို အစားထိုးဖို့ဆိုတာ လွယ်ပါသည်။

စူးချန်ခုန်းသည် သူ့အနီးနားရှိ သူလျှိုများ စောင့်ကြည့်နေမှုကို ဂရုမစိုက်ပေ။ သူ့အခန်းထဲပြန်ဝင်ကာ ပစ္စည်းများကို ထုပ်ပိုးပြီး ရွှေပိုးသားအပျော့စား ချပ်ဝတ်တန်ဆာကို ၀တ်ဆင်ကာ ဘယ်ဘက်လက်မောင်းတွင် ဒူးလေးကို တပ်လျက် ခါးတွင် သံဖြတ်ဓားကို ထိုးကာ ငွေစက္ကူ နှစ်သောင်းကို ရင်ဘတ်တွင် ထည့်ထားလိုက်သည်။

ဤပြင်ဆင်မှုများပြီးနောက် စူးချန်ခုန်းသည် ဧရာမဝေလငါးဂိုဏ်း၏ ထွက်ပေါက်ဆီသို့ ဦးတည်သွားခဲ့သည်။

"ဧရာမဝေလငါးဂိုဏ်းက နေရာကောင်းတယ်။ ဒါပေမယ့် သနားစရာပဲ... ငါထွက်သွားရတော့မယ်!"

စူးချန်ခုန်း သူ့ကိုယ်သူ သက်ပြင်းချလိုက်သည်။

ဧရာမဝေလငါးဂိုဏ်းနှင့် အတူရှိခဲ့သည့် တစ်နှစ်ခွဲခန့်ကာလအတွင်း စူးချန်ခုန်း ရခဲ့သော အကျိုးကျေးဇူးများသည် အမှန်တကယ်ပင် များပြားလှသည်။ သူ၏ အဂ္ဂိရတ်ပညာသည် ပဉ္စမနယ်ပယ်သို့ လျင်မြန်စွာ တိုးတက်လာခဲ့ပြီး နေ့စဉ်နေ့တိုင်း သူကျင့်ကြံရန်အတွက် ဆေးပြားအများအပြားကို ထုတ်ယူနိုင်ကာ သူ၏ လိပ် အသက်ရှူနည်းက အချိန်တိုအတွင်း အောင်မြင်မှုများစွာ ရရှိခဲ့သည်။

ဒါတင်မကဘဲ စူးချန်ခုန်းကလည်း ဧရာမဝေလငါးဂိုဏ်းရဲ့ ထိပ်တန်းအတတ်ပညာဖြစ်တဲ့ ဧရာမဝေလငါးစွမ်းရည်ကိုလည်း သင်ယူခဲ့ရသာ်။

ဖြစ်နိုင်လျှင် စူးချန်ခုန်းသည် ဧရာမဝေလငါးဂိုဏ်းတွင် ဆက်လက်နေထိုင်လိုပြီး အဂ္ဂိရတ်ပညာကို တိတ်တဆိတ် လေ့ကျင့်ကာ ကျင့်ကြံလိုသည်မှာ သေချာပါသည်။

ယခုမူ ဧရာမဝေလငါးဂိုဏ်းအတွင်းတွင် အုပ်စုနှစ်စုကွဲကာ ပဋိပက္ခဖြစ်ခါနီးတွင် သူသည် မုန့်စန်းကို စော်ကားခဲ့ပြီး ၎င်းကို ရှောင်ရှားရန် ခဲယဉ်းခဲ့လေ၏။ သူက ဤမုန်တိုင်း ဝဲဂယက်၏ဗဟိုတွင် မနေချင်တော့ဘဲ ဧရာမဝေလငါးဂိုဏ်းမှထွက်ခွာရန် ရွေးချယ်စရာတစ်ခုသာ ကျန်တော့သည်။

စူးချန်ခုန်းသည် ထွက်သွားရန် လွယ်ကူမည် မဟုတ်ကြောင်း သိလျက် မကျေမနပ် ဖြစ်နေဟန်ဖြင့် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သည်။ ဒါပေ့ါ စာရင်းရှင်းရန် အချိန်တန်လေပြီ။ သူ့စိတ်ထဲတွင် ကြေကွဲနေသော စိတ်ပျက်အားငယ်မှုများကိုလည်း ထုတ်ဖော်ရန် လိုအပ်သည်။

ဧရာမဝေလငါးဂိုဏ်း၏ ပင်မတံခါးသို့ သူရောက်သောအခါ ဂိတ်တံခါးကို တပည့်တစ်ဦးပြီးတစ်ယောက် တင်းကြပ်စွာ စောင့်ကြပ်ထားကြသည်။ တစ်စုံတစ်ယောက်က စူးချန်ခုန်း ချဉ်းကပ်လာသည်ကို သတိပြုမိလိုက်လေ၏။

ဧရာမဝေလငါးဂိုဏ်း၏ တပည့်တစ်ဦးသည် စူးချန်ခုန်းအား အလျင်စလို တားလိုက်ပြီး တလေးတစား ဆိုလေ၏။ "ဆရာစူး၊ ဆရာ့ရဲ့ဝတ်စားဆင်ယင်မှုကို ကြည့်ရတာ... အပြင်ထွက်ဖို့ စီစဉ်နေတာလား။ တော်တော်နောက်ကျနေပြီနော်..."

စူးချန်ခုန်းသည် အနက်ရောင်နှင့် ပေါ့ပါးသော သိုင်းဝတ်စုံကို ၀တ်ဆင်ထားပြီး သူ့ခါးတွင် ဓားကို ကိုင်ဆောင်ကာ အပြင်ထွက်တော့မည့်ပုံပေါက်နေပုံရပြီး ဧရာမ ဝေလငါးဂိုဏ်း၏ တပည့်များ၏ စူးစမ်းလိုစိတ်များကို သဘာဝအတိုင်း နှိုးဆော်လိုက်လေ၏။

"ဟုတ်တယ်။ ကျွန်တော် စိတ်ရှင်းသွားအောင် ဒီနေ့ သူငယ်ချင်းတစ်ယောက်နဲ့ အနီးနားက မီးပုံးပွဲသွားကြည့်ဖို့ ချိန်းထားတာလေ။ မနက်ဖြန် မနက်စောစော ပြန်လာခဲ့ပါ့မယ်"

စူးချန်ခုန်းက ပြုံးပြီး သူ့ကိုယ်သူ အာရုံပြောင်းဖို့ ထွက်နေပြီး မကြာခင် ပြန်လာမယ်ဆိုတာကို အစောင့်ကို အသိပေးလိုက်သည်။

ဒါကိုကြားတော့ အစောင့်က "ဆရာစူး၊ ခဏစောင့်ပါ။ ဆရာ့ရဲ့ အဆင့်အတန်းက တော်တော်လေးမြင့်ပြီး အပြင်မှာ ဖရိုဖရဲ ဖြစ်နေတာ။ ဆရာ့ကို အန္တရာယ်ပြုလာမယ်ဆိုရင် ကံဆိုးသွားလိမ့်မယ်။ အထက်လူကြီးတွေကို အကြောင်းကြားပြီး ညွှန်ကြားခိုင်းလိုက်ပါ့မယ်။ ဆရာနဲ့အတူ လိုက်ပါဖို့ ထိပ်တန်း သိုင်းပညာရှင်တချို့ကို ကျွန်တော်တို့ စီစဉ်ပေးလို့ရပါတယ် ခင်ဗျ။"

အဂ္ဂိရတ်ပညာရှင်ကို လေ့ကျင့်ပေးခြင်းသည် ငွေကုန်ကြေးကျများလွန်းပြီး မည်သည့် မတော်တဆမဆို ဧရာမဝေလငါးဂိုဏ်းအတွက် ကြီးမားသော ဆုံးရှုံးမှုပင်။ ထို့ကြောင့် ထွက်ခွါဖို့ ခွင့်ပြုချက် လိုအပ်ပြီး ဂိုဏ်းမှ သိုင်းပညာရှင်များသည် ဘေးကင်းစေရန်အတွက် သူနှင့်အတူ လိုက်ပါရန် လိုသည်။

“ရတယ်လေ။ သွားပြောလိုက်ပါ။” စူးချန်ခုန်းသည် အစောင့်အတွက် ခက်ခဲအောင် မလုပ်ဘဲ သဘောထားကြီးစွာဖြင့် သဘောတူလိုက်သည်။

အစောင့်သည် အစီရင်ခံရန် အမြန်ထွက်ခွာသွားပြီး စူးချန်ခုန်းက ထိုနေရာတွင် စောင့်ဆိုင်းနေခဲ့သည်။

မကြာမီတွင် အစောင့်သည် နောက်ထပ် သိုင်းပညာရှင် သုံးဦးနှင့်အတူ ပြန်လာခဲ့သည်။ သူတို့အားလုံးသည် ဧရာမဝေလငါးဂိုဏ်းအတွင်းရှိ လက်ရွေးစင်များအဖြစ် ထင်ရှားကြောင်း ညွှန်ပြနေသော ဝတ်စုံများဖြစ်သည့် အပြာရောင်ငါးအမြီးပုံစံများ ထိုးထားသည့် ဝတ်စုံကို ဝတ်ဆင်ထားကြသည်။

"ဆရာစူး၊ ကျွန်တော့်နာမည် ကျန်းယိ၊ ဒီနှစ်ယောက်က ချန်ဝမ်နဲ့ ချန်ဝူပါ။ ကျွန်တော်တို့ သုံးယောက်က ဒီခရီးစဉ်မှာ ဆရာ့ရဲ့ တစ်ကိုယ်တော်အကာအကွယ်အတွက် တာဝန်ယူပေးရမှာပါ။"

သန်မာသော ကိုယ်လုံးကိုယ်ပေါက်ဖြင့် ရိုးရိုးရှင်းရှင်း ရိုးရိုးသားသားပုံပေါ်သော လူတစ်ယောက်က စူးချန်ခုန်းကို ပြောလိုက်သည်။

အစောင့်သည် အခြားသူများကို အကြောင်းကြားရန် သွားခဲ့ပြီး ဧရာမဝေလငါးဂိုဏ်းသည် စူးချန်ခုန်းကို ကာကွယ်ရန် လက်ရွေးစင် စစ်သည်များ အထူးသဖြင့် သူ့ရှေ့မှ လူသုံးယောက်ကို သူ့အား ကာကွယ်ပေးရန် စီစဉ်ခဲ့သည်။

"ကျွန်တော်တို့ အရင်ကတွေ့ဖူးတယ်လေ ဆရာစူး။" ကျန်းယိမှလွဲ၍ ကျန်နှစ်ယောက်ဖြစ်သော ချန်ဝမ်နှင့် ချန်ဝူတို့သည် အသက် ၃၀အောက်တွင် ရှိပုံရကာ တစ်ယောက်နှင့် တစ်ယောက် ရုပ်ဆင်ကြပြီး ညီအစ်ကိုတွေ ဖြစ်မည့်ပုံရသည်။ သူတို့က စူးချန်ခုန်းကိုလည်း ဖော်ရွေစွာ နှုတ်ဆက်လိုက်ကြသည်။

"ဒါဆို သွားကြရအောင်။ နောက်ကျနေပြီ။ ညမမှောင်ခင် ငါတို့လိုရာကို ရောက်ဖို့လိုတယ်"

စူးချန်ခုန်းက ခေါင်းညိတ်ပြပြီး ဧရာမဝေလငါးဂိုဏ်း ထွက်ပေါက်ဆီသို့ ကျန်းယ်နှင့် ချန် မိသားစု၏ ညီအစ်ကိုများက သူ့နောက်ကို လိုက်လာကြသည်။ ဒီတစ်ခါတော့ အစောင့်တွေက မတားတော့ပေ။

သူတို့လေးယောက်သား တစ်နှစ်ခွဲကျော်အတွင်း ဧရာမဝေလငါးဂိုဏ်းမှ ပထမဦးဆုံးအကြိမ် စူးချန်ခုန်း ထွက်ခွာသွားသည်ကို အသိအမှတ်ပြုလျက် ခပ်လှမ်းလှမ်းဆီသို့ ထွက်ခွာလာခဲ့ကြသည်။

စူးချန်ခုန်းသည် သူ့မျက်စိအောက်တွင် တဖြည်းဖြည်းနှင့် မှိန်ဖျော့သွားသော ဧရာမဝေလငါးဂိုဏ်း၏ ရှုပ်ထွေးမှုများကို တစ်ချက်ပြန်ကြည့်လိုက်သောအခါ လွန်ခဲ့သည့် တစ်နှစ်ခွဲတာကာလ၌ ပျော်ရွှင်ခဲ့ရသောကြောင့် နောင်တရသလို ခံစားရသော်လည်း ထွက်သွားရန် အချိန်တန်ပြီဖြစ်သည်။

လမ်းတစ်လျှောက်တွင် စူးချန်ခုန်းသည် ချန်မိသားစု၏ညီအကိုများက သူ့လှုပ်ရှားမှုတိုင်းကို ဂရုတစိုက်စောင့်ကြည့်ကာ အချိန်အများစုကို သူ့အား စောင့်ကြည့်နေသည်ကို သတိပြုမိသည်။

ရိုးသားတဲ့ ကျန်းယိကတော့ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေအတွက် အဆင်သင့်ဖြစ်နေပြီး သူတို့ရဲ့ပတ်ဝန်းကျင်ကို အမြဲသတိထားနေသည်။

သိုင်းပညာရှင် လေးဦးစလုံးသည် ထူးခြားသော ခံနိုင်ရည်ရှိသည့် သိုင်းပညာရှင်များဖြစ်ရာ ကောင်းကင်ယံမှ ဝါဖျော့ဖျော့ဖြစ်လာပြီး အမှောင်ထုက လျင်မြန်စွာ နီးကပ်လာသော်လည်း သူတို့သည် မိုင်နှစ်ဆယ်မှ သုံးဆယ်အထိကို အသာလေး ရောက်လာကြသည်။

“အား… ဗိုက်နာလိုက်တာ။ ဒီနေ့ မကောင်းတာ တစ်ခုခု စားလိုက်တာ ဖြစ်မယ်။ ဟိုဘက် ခဏလောက် သွားလိုက်ဦးမယ်”

စူးချန်ခုန်း ရုတ်တရက် သူ့ဗိုက်ကို ဆုပ်ကိုင်လိုက်ပြီး သူ့မျက်နှာက နာကျင်မှုကြောင့် ရှုံတွနေလေ၏။

"ဒါ... ကျွန်တော်လိုက်ခဲ့မယ်"

ကျန်းယိသည် ဂိုဏ်း၏အတွင်းရေးတာဝန်ကို လက်ခံပြီးနောက် ချက်ချင်းဆိုသလို စူးချန်ခုန်းတစ်ယောက်တည်းသွားရင်းကနေ မတော်တဆဖြစ်မှာကို သူစိုးရိမ်မိသည်။

ထို့အပြင် စူးချန်ခုန်း အစအနမရှိဘဲ ပျောက်ကွယ်သွားမည်ကိုလည်း သူစိုးရိမ်ခဲ့သည်။

ဧရာမဝေလငါးဂိုဏ်းက စူးချန်ခုန်းကို ကာကွယ်ဖို့ လူတွေကို တာဝန်ပေးထားတာဖြစ်သည်။ သူ့ကို ကာကွယ်ချင်တာ မှန်ပေမယ့် အဂ္ဂိရတ်ပညာရှင်ဖြစ်တဲ့ သူ့ကို ထွက်မပြေးအောင် တားဆီးဖို့လည်း ရည်ရွယ်ထားတာဖြစ်သည်။

ဒါပေမယ့် ချန်ဝူက ချက်ချင်းပဲ "အစ်ကိုကျန်း၊ အစ်ကို့လို လူကြီးတစ်ယောက်နဲ့ လိုက်သွားဖို့ သင့်တော်လို့လား။ ဒီလောက် နီနီးလေးကို ဆရာစူးက တစ်ခုခုတွေ့ရင် လှမ်းအော်လိုက်မှာပေါ့။ ကျွန်တော်တို့ ချက်ချင်း ပြေးသွားလို့ရတာပဲ။ မတော်တဆတော့ မဖြစ်နိုင်ပါဘူး!"

"ဒါက စည်းကမ်းနဲ့မညီဘူးမလား" ကျန်းယိ တုံ့ဆိုင်းသွားလေ၏။

"သွားပါ ဆရာစူး၊ ကျွန်တော်တို့ ဆရာကို ဒီမှာစောင့်နေမယ်!" သို့သော်လည်း ညီအစ်ကိုနှစ်ယောက်ဖြစ်သော ချန်ဝူနှင့် ချန်ဝမ်တို့က စူးချန်ခုန်းကို ဆက်လုပ်ဖို့ တိုက်တွန်းခဲ့ကြသည်။

သူတို့ အပြုအမူဟာ ကျန်းယိက သတိမထားမိလောက်ပေမယ့် ချန်မိသားစု၏ ညီအစ်ကိုတွေက မုန့်စန်း၏ လူများဖြစ်နိုင်ကြောင်း စူးချန်ခုန်းကို ရှင်းလင်း သွားစေခဲ့သည်။

"ကျွန်တော့်ကို ဒီမှာစောင့်ပါ!"

စူးချန်ခုန်းသည် သူနားလည်တာကို ထုတ်မပြောဘဲ အနီးနားရှိ တောအုပ်လေးတစ်ခုထဲသို့ ခုန်ဆင်းကာ အလျင်လိုဟန်ဆောင်လိုက်သည်။

လူသုံးယောက်၏ မျက်ကွယ်ကို ရောက်သည်နှင့် စူးချန်ခုန်းသည် ချက်ချင်းပင် အရှိန်မြှင့်ကာ တစ်ဖက်သို့ ရွေ့သွားလေ၏။ သူ၏အရှိန်မှာ အလယ်အလတ်ဖြစ်သော်လည်း မိနစ်ပိုင်းအတွင်းတွင် သူသည် ခုနစ်မိုင် သို့မဟုတ် ရှစ်မိုင်သို့ ရောက်ပြီး လူဆိတ်ညံသော တောအုပ်တစ်ခုသို့ ရောက်သည်နှင့် ရပ်ကာ အသက်ရှူမဝသလို ပြင်းထန်စွာ ဟောဟဲလိုက်လေ၏။

"ကောင်လေး၊ မင်းတကယ်ပဲ ထွက်ပြေးနိုင်မယ်လို့ ထင်နေလား။ မင်းငါ့ကို လှည့်စားခဲ့တယ်။ ဒုဂိုဏ်းခေါင်းဆောင်ကို စော်ကားပြီး အသက်ရှင်ပြီး ထွက်သွားဖို့ မျှော်လင့်နေတုန်းပဲပေါ့"

စူးချန်ခုန်း ရပ်လိုက်ပြီး သိပ်မကြာခင်တွင် သူ့နောက်မှ အေးစက်သော အသံတစ်ခု ထွက်ပေါ်လာလေ၏။ သစ်ပင်ကြီးတစ်ပင်အောက်မှာ အနက်ရောင်ဝတ်ထားတဲ့ လူတစ်ယောက် ပေါ်လာပြီး စူးချန်ခုန်းကို လှောင်ပြောင်တဲ့အကြည့်တွေနဲ့ စိုက်ကြည့်နေသည်..

All Chapters