← Chapters

လိပ်အသက်ရှူနည်းမှ ရေမြှား။ ရက်စက်သောကျားက အလောင်းကောင်အား စုတ်ဖြဲခြင်း။ (၂)

Vol. 10 Ch. 145

လိပ်အသက်ရှူနည်းမှ ရေမြှား။ ရက်စက်သောကျားက အလောင်းကောင်အား စုတ်ဖြဲခြင်း။ (၂)

Vol. 10 Ch. 145

ဧရာမဝေလငါးဂိုဏ်း၏လက်ထောက်ခန်းမခေါင်းဆောင်တစ်ယောက်အနေနှင့် လီလေ့သည် လွန်ခဲ့သောနှစ်များစွာက ချီသွေးနယ်ပယ်သို့ ဝင်ရောက်လာခဲ့ပြီး သူ၏ ချီစွမ်းအင်နှင့် သွေး၏ အားသည် ချီသွေးအသွင်ပြောင်းခြင်း အဆင့် ၁ မဟုတ်ဘဲ ချီသွေးနယ်ပယ်အတွင်းရှိ အဆင့်နှစ်ခု သို့မဟုတ် ၃ ခုပင် အောင်မြင်စွာ ပြီးစီးခဲ့သည်။

သူသည် စူးချန်ခုန်း ယခင်က ကြုံတွေ့ခဲ့ဖူးသည့် ကြာနက်ဂိုဏ်း၏ အရှင်လျိုပိုင်ရန်ထက် အဆပေါင်းများစွာ သန်မာသည်။

“ဝုန်း!”

နောက်တစ်စက္ကန့်တွင် လိပ်အသက်ရှူနည်းချီစွမ်းအင်၏မြှားတစ်စင်းသည် ချီသွေးအကာကိုဖြတ်၍ ပစ်ခတ်လိုက်ရာ လီလေ့၏ ရင်ဘတ်ရှေ့တွင် ကာထားသည့် လက်များကို ထိမှန်ကာ *တော်ပီဒို ပေါက်ကွဲသံကဲ့သို့ ဆူညံသော ပေါက်ကွဲသံ ထွက်ပေါ်လာလေ၏။ ပြင်းထန်သော ချီစွမ်းအင်သက်ရောက်မှုသည် ပင်လယ် ကမ်းခြေမှ လှိုင်းလုံးကြီးများကဲ့သို့ပင် ပြင်းထန်လှသည်။

(*တော်ပီဒို=သင်္ဘောဖျက်ဒုံးကျည်)

“ဂျွတ် ဂျွတ် ဂျက်”

ချက်ချင်းပင် အရိုးများ ကွဲအက်သံနှင့်အတူ သူ့လက်မောင်းများတစ်လျှောက်မှ အရိုးထိအောင် နက်ရှိုင်းသော နာကျင်မှုတစ်ခု တိုးလာပြီး လီလေ့သည် ထိန်းမနိုင်သိမ်းမရအောင် နောက်ပြန်ဆုတ်သွားလေ၏။ အရှိန်ပြင်းပြင်းဖြင့် ခြေလှမ်းသုံးလှမ်းကို နောက်သို့ တွန်းခံလိုက်ရပြီး ခြေလှမ်းတစ်လှမ်းချင်းစီတွင် သူနင်းခဲ့သည့် နေရာတိုင်း ခြေရာနက်ကြီး ကျန်ရစ်ခဲ့သည်။

"ဒါ...ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒီကလေးက ဒီလောက် အစွမ်းသတ္တိရှိတယ်ပေါ့။ သူက အဂ္ဂိရတ်ပညာရှင် မဟုတ်ဘူးလား။"

လက်မောင်းများ အလူးအလဲ နာကျင်လာကာ လီလီ၏ စိတ်ထဲ၌ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်၏။ သူ၏မျက်လုံးထဲ၌လည်းကောင်း ဧရာမဝေလငါးဂိုဏ်း၏ သိုင်းပညာရှင်အားလုံး၏အမြင်တွင်လည်းကောင်း စူးချန်ခုန်းသည် ရိုးရိုးရှင်းရှင်းနှင့် နှိမ့်ချယဉ်ကျေးတတ်သော အဂ္ဂိရတ်ပညာရှင်တစ်ဦးဖြစ်ပြီး ဆေးပြားသန့်စင်အခန်းတွင် နှစ်မြှုပ်ကာ အဂ္ဂိရတ်ပညာကို လုံ့လစိုက်ထုတ်ကာ နှိမ့်ချစွာ လေ့ကျင့်ခဲ့သည်။

သူသည် ယခင်က သိုင်းပညာကို လေ့ကျင့်ခဲ့ဖူးသော်လည်း သူ့အသက်အရွယ်တွင် အတွင်းစွမ်းအားနယ်ပယ် သို့မဟုတ် နတ်ဘုရားစွမ်းအားအဆင့်ကို ရရှိထားလျှင်ပင် အလွန်ကောင်းမွန်နေပြီဖြစ်သည်။ ထိုသို့သောစွမ်းအားသည် အပြင်လောကတွင် ကျွမ်းကျင်သည်ဟု ယူဆနိုင်သော်လည်း ဧရာမဝေလငါးဂိုဏ်းတွင်မူ အလယ်အလတ်မျှသာ။ သို့သော်လည်း လီလေ့က သူ အလွယ်တကူ နှိပ်စက်ခံရနိုင်သည်ဟု ယူဆသော စူးချန်ခုန်းသည် ရုတ်တရက် ရက်စက်ကြမ်းကြုတ်သော ကျားတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး သူ့ကို တစ်ချက်တည်းဖြင့် ဒဏ်ရာရစေခဲ့သည်။

ဝူချင်းရှီ၊ အစာရှာကျား။

“ဝေါင်း!”

မြှားပစ်သလိုမျိုး အသက်ရှူထုတ်ရင်း စူးချန်ခုန်းသည် လီလေ့ကို တွန်းလှန်ပြီးနောက် အစပြုခဲ့သည်။ မြေပြင်ပေါ်တွင် ဆောင့်နင်းလိုက်တိုင်း သူ၏ ချီစွမ်းအင်နှင့် သွေးများသည် ပြင်းထန်စွာ ခုန်တက်လာပြီး ကြက်သွေးရောင် ချီသွေးအကာကို ဖန်တီးလိုက်သည်။ သူ၏ မြင့်မားသော အရပ်သည် သွေးဆာနေသော ကြက်သွေးရောင် ကျားတစ်ကောင်နှင့် တူသည်။ ဘာအသံမှ တကယ် မရှိသော်လည်း မိုးခြိမ်းသံကဲ့သို့ ကျားဟောက်သံသည် လီလေ့၏ နားရွက်ဘေးတွင် ပေါက်ကွဲထွက်နေပုံရသောကြောင့် သူ့စိတ်က ပြင်းထန်စွာ တုန်လှုပ်သွားလေ၏။

ဝူချင်းရှီ၏ အဆင့် ၈ သို့ တက်လှမ်းလာပြီးနောက် လူအနည်းငယ်သာ ယင်းကို အတိုင်းအတာတစ်ခုအထိ ကျင့်ကြံနိုင်ခဲ့သည်။

သိုင်းပညာရှင်များ၏ တိုက်ပွဲတွင် အရှိန်အဟုန်သည် အရေးကြီးသည်။ တစ်ဖက်၏ အရှိန်အဟုန်ကို ချိုးနှိမ်လိုက်သည်နှင့် တစ်ဖက်က လွှမ်းမိုးသော အားသာချက်ကို မလွဲမသွေ ရရှိမည်ဖြစ်သည်။ စူးချန်ခုန်းသည် ဤကိစ္စနှင့် ပတ်သက်၍ လီလေ့ကို လုံးလုံးလျားလျား လွှမ်းမိုးထားပြီးဖြစ်သည်။

ဒုန်း!

စူးချန်ခုန်း ရှေ့ကို တိုးကာ သွေးနီရောင်အခိုးငွေ့များဖြင့် ရစ်ပတ်ထားသည့် သူ၏ လက်သီးများ သည် ရက်စက်သော ကျားတစ်ခေါက် ကျားခြေသည်းများကဲ့သို့ ထိမှန်ကာ ကျောက်တုံးများကို ဖြိုခွဲပစ်ရန် အစွမ်းထက်လှသည်။

လီလေ့သည် သူ၏လက်များတွင် အရိုးအက်နေသော နာကျင်မှုကို သည်းခံကာ သူ့အား လက်သီးများဖြင့် ပြန်လည်တိုက်ခိုက်ရန် ခွန်အား စုဆောင်းလိုက်သည်။ သူ့သွေးကို နှစ်ကြိမ်တိုင် သန့်စင်ပြီးနောက် သူသည် လူတစ်ရာကို တိုက်ခိုက်နိုင်သည့် သိုင်းပညာရှင်တစ်ဦးဖြစ်သည်။

“ဝုန်း”

သူတို့၏ လက်သီးများ ထိမိသွားကာ ကိုယ်ကာယ တစ်ခုတည်းအရ သွေးသန့်စင်ခြင်း နှစ်ကြိမ်ပြုလုပ်ခဲ့သော လီလေ့သည် စူးချန်ခုန်းထက် အနည်းငယ် ပိုသန်မာသည်။ သို့သော် စူးချန်ခုန်း၏ တစ်ခုတည်းသော လိပ်အသက်ရှူနည်းချီမြှားကြောင့် သူ့လက်များ ဒဏ်ရာရသွားကာ စူးချန်ခုန်း၏ ပြင်းထန်ပြီး ရဲတင်းလှသော ကျားပြကွက်ကို ရင်ဆိုင်ရသဖြင့် လီလေ့သည် အားပျော့သွားသည်ဟု မခံစားဘဲ မနေနိုင်ပေ။ ပေါက်ကွဲသံများကြားတွင် ထွက်ပေါ်လာသော လှိုင်းလုံးကြီးသည် အနီးနားရှိ သစ်ရွက်များ လွင့်ပျံစေကာ အပိုင်းပိုင်း ကွဲအက်သွားခဲ့သည်။

“ဂျွတ် ဂျက်”

လီလေ့သည် အရိုးများ ကွဲအက်သံနှင့်အတူ နောက်သို့ လွင့်ထွက်သွားပြန်သည်။ သူ့လက်မောင်းရှိ အရိုးအကြောများ အက်ကွဲမှုများက ပိုကြီးလာကာ သူ့အမြင်အာရုံများ မှောင်မိုက်သွားကာ စူးချန်ခုန်း၏ လွှမ်းမိုးခြင်းအောက် လုံးလုံးလျားလျား ကျရောက်သွားလေပြီ။

စူးချန်ခုန်း၏ပုံသဏ္ဍာန်သည် လျှိုမြောင်တစ်ခုကိုဖြတ်၍ ခုန်နေသော ကျားတစ်ကောင်ကဲ့သို့ ဖျတ်ကနဲ ပေါ်လာရာ လီလေ့အား အသက်ရှုမဝအောင်ဖြစ်စေသည်။ သူ၏ ချီနှင့် သွေးများ ပွက်ပွက်ဆူလာသဖြင့် သူ၏ လက်သီးများသည် ပြင်းထန်ပြီး လွှမ်းမိုးမှုရှိသည်။ သူ၏ ငှက်ခြေထောက် ပြကွက်နှင့်ပေါင်းစပ်လိုက်ပါက ကျားတစ်ကောင်ကို အတောင်ပံများ တပ်ပေးလိုက်သည့်နှယ်။

“ဘန်း ဒုန်း ဝုန်း”

လီလေ့သည် စူးချန်ခုန်း၏ ပြင်းထန်သော ဆက်တိုက် ထိုးချက်များစွာကို ထိန်းထားပြီး သူ့ကိုယ်သူ သနားစရာကောင်းလောက်အောင် ခုခံကာကွယ်နေရသည်။ သူ၏လက်များ ထုံကျင်လာ၏။ သူ၏ ချီစွမ်အင်၊ သွေးများနှင့် ပြင်ပဖိအားများ၏ အရေးတကြီး လှုံ့ဆော်မှုကြောင့် သူ့လက်မောင်းများ အရေပြားများ အက်ကွဲပြီး ပေါက်ထွက်ကာ သွေးများ တဟုန်ထိုးထွက်နေသည်။

"ငါ.. ငါက ဘာလို့ ချာတိတ်တစ်ယောက်ကို မယှဉ်နိုင်ရတာလဲ။" လီလေ့သည် အဖြစ်မှန်ကို လက်မခံနိုင်ဘဲ ထိန်းထားနိုင်ရုံသာ။ အသက်လေးဆယ်နီးပါးရှိပြီး သွေးသန့်စင်မှု နှစ်ကြိမ်ကို ခံယူပြီးသော သူသည် စူးချန်ခုန်းကိုတောင် ပြန်မတိုက်နိုင်ခဲ့ပါ။

“ဝုန်း”

လီလေ့၏စိတ်ထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုများနှင့် ပြည့်နှက်နေသည့်အခိုက်တွင် စူးချန်ခုန်းက ဟနေသောနေရာကို အခွင့်ကောင်းယူကာ သူ၏ညာဘက်လက်သီးသည် မြူခိုးများနှင့် အခိုးအငွေ့များကို ထိုးဖောက်လျက် လီလေ့၏ရင်ဘတ်ကို ဒေါသတကြီးဖြင့် ထိုးချလိုက်သည်။

"ဂျွတ်"

ရင်ဘတ်ကြီး ကျွံဝင်သွားသောအခါ လီလေ့၏ ပါးစပ်မှ သွေးများ ထွက်ကျလာလေ၏။ သူဟာ အိတ်အပျက်ကြီး တစ်လုံးကဲ့သို့ နှစ်မီတာမှ သုံးမီတာထိ လွင့်စင်သွားကာ မြေကြီးပေါ်သို့ လဲကျသွားလေ၏။ သူ့ရင်ဘတ်အတွင်းမှ အပိုင်းအစများနှင့် သွေးများရောလျက် ချောင်းဆိုးကာ ထရန် ရုန်းကန်လိုက်သော်လည်း သူ့လက်များကို အာရုံမခံစားနိုင်တော့ပေ။

"လီလေ့၊ ခင်ဗျား ကျွန်တော့်ကို ကုန်းကျန့်ထက် ပိုသနားဖို့ကောင်းအောင် သတ်ပစ်မယ်လို့ ပြောခဲ့တယ် မဟုတ်လား။" စူးချန်ခုန်းသည် မြေပြင်ပေါ်တွင် တုန်တုန်ယင်ယင်နှင့် ရုန်းကန်နေသော လီလေ့ကို ကြည့်ကာ လုပ်ပြုံးလေးဖြင့် ဆိုလေ၏။ "ခင်ဗျားသိလား... ခင်ဗျား ကျွန်တော့်ကို ခြိမ်းခြောက်နေတုန်းကလေ နားနားမှာ ‌တဝီဝီနဲ့ အော်နေတဲ့ ခြင်တစ်ကောင်လိုပဲ။ ကျွန်တော် ခင်ဗျားကို နေရာမှာတင် ရိုက်မသတ်မိအောင် တော်တော်လေး ထိန်းချုပ်ထားခဲ့ရတာ။"

စူးချန်ခုန်း၏မျက်လုံးများထဲတွင် လီလေ့သည် လျိုပိုင်ရန်ထက် အနည်းငယ် သာလွန်သည်။ သို့သော်လည်း လီလေ့သည် သူ ကျင့်ကြံနေစဉ်အတွင်း သူ့အခန်းထဲသို့ နှစ်ကြိမ်တိုင်တိုင် ကျူးကျော်ဝင်ရောက်ခဲ့ပြီး သူ့ကို မောက်မာစွာ ခြိမ်းခြောက်ခဲ့သည်။ စူးချန်ခုန်း၏ စိတ်နေစိတ်ထားနှင့်ပင် ထိန်းမနိုင်သိမ်းမနိုင်ဖြစ်ကာ သူ့ကို ချက်ချင်း ရိုက်သတ်လုနီးပါးပင်။

"မင်း...မင်းငါ့ကို သတ်လို့မရဘူး...အဲ့..အဲ့ဒါက ဒုခေါင်းဆောင်...သူ...ငါ့ကိုလုပ်ခိုင်းထားတာ..."

လီလေ့၏ မျက်နှာတွင် သွေးစွန်းနေသော ဆံပင်များ ကပ်နေကာ စူးချန်ခုန်းကို ကုန်းကျန့်ထက် ပိုသနားစရာကောင်းအောင် သတ်ပစ်မယ်လို့ ကြွေးကြော်ခဲ့တဲ့ သူ့ရဲ့ အစောပိုင်းက သတ္တိဟာပျောက်ကွယ်သွားပြီး ထိတ်လန့်တကြား ငိုကြွေးနေလေ၏။

"ခင်ဗျားက ကုန်းကျန့်ကို သတ်ခဲ့တယ်။ အဲ့ဒီတော့ ခင်ဗျားကိုလည်း သူမသေခင်မှာ ခံစားခဲ့ရတဲ့ ဝေဒနာကို ခံစားခွင့်ပေးလိုက်မယ်။" စူးချန်ခုန်းက လီလေ့ထံသို့ တိုးလာရင်း ဂရုမစိုက်ဟန်ဖြင့် ဆိုလေ၏။

"မဟုတ်ဘူး...မလုပ်နဲ့! ကယ်ကြပါ!"

စူးချန်ခုန်း၏ မျက်လုံးများမှ လူသတ်လိုစိတ်နှင့် အေးစက်မှုတို့က လီလေ့ကို ကြောက်ရွံ့ထိတ်လန့်စေရာ သူက တရွတ်တိုက် ထွက်ပြေးလေ၏။ သို့ပေမယ့် စူးချန်ခုန်းက သူ့ကျောရိုးကို နင်းပြီး သူ့ခေါင်းကို လက်နှစ်ဘက်နဲ့ ပြင်းပြင်းထန်ထန် ဆွဲခွါလိုက်သည်။

"ဗြိ"

စူးချန်ခုန်းသည် သူ့ခေါင်းကို ရက်ရက်စက်စက် ဆုတ်ဖြဲလိုက်ရာ လီလေ့၏အော်သံသည် လည်ပင်းမှ အသားနှင့်အရိုးများ ရုတ်တရက် ကွဲထွက်မှုကြောင့် ပြတ်တောက်သွားလေတော့သည်။

သွေးများ အဆက်မပြတ် စီးကျလာပြီး လီလေ့၏ မျက်လုံးများတွင် ဝေဒနာနှင့် ထိတ်လန့်မှုတို့ ရှိနေဆဲ။

"ဆရာကြီးကုန်း၊ ဆရာ့ရဲ့ကြင်နာမှုကို ကျွန်တော် ပြန်ဆပ်ပြီး လက်စားချေလိုက်ပြီ။" စူးချန်ခုန်းက သူ့လက်ထဲက ခေါင်းကို ငုံ့ကြည့်ပြီး သက်ပြင်းချရင်း ဆိုလေ၏..

All Chapters