← Chapters

လိပ်အသက်ရှူနည်းမှ ရေမြှား။ ရက်စက်သောကျားက အလောင်းကောင်အား စုတ်ဖြဲခြင်း။ (၃)

Vol. 10 Ch. 146

လိပ်အသက်ရှူနည်းမှ ရေမြှား။ ရက်စက်သောကျားက အလောင်းကောင်အား စုတ်ဖြဲခြင်း။ (၃)

Vol. 10 Ch. 146

ကုန်းကျန့်သည် တစ်ဖက်ကိုမှ စော်ကားရာကျသည်ဟု မထင်ထားခဲ့ဘဲ ဧရာမဝေလငါးဂိုဏ်းမှ ထွက်ခွာပြီး မကြာမီမှာပင် လီလေ့၏လက်တွင် ထိတ်လန့်စွာ အဆုံးသတ်သွားခဲ့ရသည်။ ယခုတော့ စူးချန်ခုန်းသည် ဤလီလေ့ကို ဆိုးရွားစွာ လက်စားချေခဲ့လေပြီ။

"အချိန်တန်ပြီလား။ အဲ့ဒါက လွယ်တဲ့အလုပ်တော့မဟုတ်ဘူးပဲ!"

လက်ရှိအချိန်တွင် ကျန်းယိနှင့် စူးချန်ခုန်းနှင့်အတူ လိုက်ပါလာသော အခြားသိုင်းပညာရှင် နှစ်ဦးဖြစ်သည့် ချန်မျိုးရိုး ညီအစ်ကိုများ၏ မျက်နှာများတွင် သံသယကင်းကင်းဖြင့် စောင့်ဆိုင်းနေကြသည်။

ညီအစ်ကိုချန်တို့သည် စူးချန်ခုန်းကိုကာကွယ်ရန် တာဝန်ပေးထားသည့် မုန့်စန်းဘက်မှ သိုင်းသမားများဖြစ်သည်။ သူတို့က သူ့နေရာကို စောင့်ကြည့်ရန်သာဖြစ်ပြီး လီလေ့ကို ကိုယ်တိုင် သတ်ခွင့်ပေးရုံသာ။

ချန်မျိုးရိုးညီအစ်ကိုများသည် စူးချန်ခုန်းကိုကာကွယ်ရန် ပျက်ကွက်ခဲ့သောကြောင့် နောက်ပိုင်းတွင် သူတို့ဂိုဏ်းမှ အပြစ်ပေးခံရမည်ကို နားလည်သော်ငြား မုန့်စန်းက သူတို့အား နောက်ပိုင်းတွင် လျော်ကြေးပေးမည်ဟု မျှော်လင့်နေကြသည်။

"ဆရာစူး ပြန်မလာသေးဘူးလား" ကျန်းယိကတော့ အခြေအနေကို လုံးဝသတိမထားမိဘဲ အနည်းငယ်စိုးရိမ်နေမိသည်။ တော်တော်ကြာနေပြီဖြစ်သော်လည်း စူးချန်ခုန်းကား ပြန်မလာသေး။ ဘာမှမဖြစ်နိုင်ဘူး မဟုတ်လား။

ကျန်းယိသည် သူ့ကိုယ်သူ မထိန်းနိုင်ဘဲ မတ်တပ်ထရပ်လိုက်ရာ သူ့မျက်နှာပေါ်တွင် ပျော်ရွှင်မှုတို့ ပေါ်လာလေ၏။ “ဆရာစူး ပြန်လာပြီလား”

"ဘာရယ်။" ညီအစ်ကိုချန်တို့ ချက်ချင်းပင် အံသြသွားကြသည်။ လီလေ့က စူးချန်ခုန်းကို ကိုင်တွယ်လိုက်မှာ မဟုတ်ဘူးလား။ သူ မလှုပ်ရှားခဲ့တာလား။ စူးချန်ခုန်းက ဘယ်လို လုပ်ပြီး အသက်ရှင်နေသေးတာလဲ။

သူတို့သုံးယောက်သည် တောထဲမှ ထွက်လာသော အနက်ရောင်ဝတ်စုံနှင့်လူငယ်လေးဆီသို့ စူးစူးစိုက်စိုက်ကြည့်နေကြစဉ် အထူးသဖြင့် စူးချန်ခုန်း၏ လက်ထဲမှ သွေးများရွှဲနေသော ဦးခေါင်းကို ကိုင်ဆောင်ထားသောကြောင့် အနီးသို့ ရောက်လာသောအခါ သူတို့၏ အံ့အားသင့်မှုများ တိုးလာလေ၏။

"ဒု.. ဒုခန်းမခေါင်းဆောင်လီ?"

ကျန်းယိနှင့် ချန်မိသားစု၏ ညီအစ်ကိုနှစ်ဦးစလုံးသည် လီလေ့၏ ဦးခေါင်းကို မှတ်မိသွားပြီး သူ၏ မျက်လုံးများက သေခြင်းတရားနှင့် ပြည့်နှက်နေသေးသည်ကို မြင်လိုက်ရသဖြင့် ထိတ်လန့်စွာ မျက်လုံးပြူးသွားလေ၏။

"ဒုခန်းခေါင်းဆောင်လီ... အမှားလုပ်လိုက်တာလား။ သူအသတ်ခံခဲ့ရတာလား။ ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ!"

ချန်ဝမ်နှင့် ချန်ဝူတို့၏ ပါးစပ်များ ဆွံ့အသွားကာ သူတို့မြင်နေရသည့်အရာသည် ထင်ယောင်ထင်မှားဖြစ်နေသလားဟု မေးခွန်းထုတ်နေမိသည်။

စူးချန်ခုန်းက ဘေးကင်းစွာ ပြန်လာခဲ့ရရုံသာမက လီလေ့၏ ဦးခေါင်းကိုလည်း ကိုင်ထားခဲ့သည်။

"ဘာဖြစ်တာလဲ။ ဒုခန်းမခေါင်းဆောင်လီက ဘယ်လိုဖြစ်တာလဲ။ သူဘယ်လိုသေသွားတာလဲ။" ကျန်းယိကတော့ အခုလေးတင် ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို ဘာမှမသိဘဲ စိတ်ရှုပ်နေ၏။

သူတို့သုံးယောက်ရှေ့မှ စူးချန်ခုန်းကို လုံးဝမမှတ်မိတာကြောင့် သုံးယောက်သား ကြောက်ရွံ့တုန်လှုပ်ကာ မတူညီသည့် ခံစားချက်ကိုယ်စီနှင့်။

ယခင် စူးချန်ခုန်းသည် လူတိုင်းအပေါ် ကြင်နာပြီး ယဉ်ကျေးသည်။ အလွန် နိမ့်ချစွာ နေတတ်ပြီး ဆေးပြားသန့်စင်ခန်းတွင် အဂ္ဂိရတ်ပညာကို လေ့ကျင့်သည်။ လူတိုင်းအတွက် သူသည် အဂ္ဂိရတ်ပညာနယ်ပယ်တွင် အလွန်တရာမှ ထူးချွန်ထက်မြက်သူတစ်ဦးဖြစ်သည်။

သို့သော်လည်း လက်ရှိ စူးချန်ခုန်းသည် လီလေ့၏ ခေါင်းကို ကိုင်ထားပြီး မျက်တောင်မခတ်ဘဲ သတ်ဖြတ်ခဲ့သည့် နတ်ဆိုးတစ်‌ေကာင်နှင့်တူသည်။ သူ့ဆီမှ ထွက်ပေါ်လာသည့် မမြင်နိုင်လောက်သော လူသတ်အငွေ့အသက်များက သူတို့ကို ရေခဲတွင်းထဲသို့ ထိုးကျသွားသလို ခံစားရစေကာ သွားများ တဆတ်ဆတ် တုန်စေ၏။

"ဘုတ်!"

စူးချန်ခုန်းထံမှ ပေါ့ပေါ့ပါးပါး ပစ်လွှတ်လိုက်ရာ လီလေ့၏ခေါင်းသည် မြေပြင်ပေါ်သို့ လိမ့်သွားပြီး ညီအစ်ကိုချန်တို့၏ ခြေရင်းအနီးသို့ အလိုလို ရောက်သွားသည်။

"ပြန်သွားပြီး မုန့်စန်းကိုပြောလိုက်။ လိုက်ပို့စရာ မလိုဘူးလို့။ နောက်ကြုံရင် သူနဲ့ လူချင်းတွေ့ဖို့ ဧရာမဝေလငါးဂိုဏ်းကို ငါ ကိုယ်တိုင် ပြန်လာမယ်။"

စူးချန်ခုန်း၏ ဂရုမစိုက်သောအသံသည် လူသုံးယောက်၏နားထဲတွင် ပဲ့တင်ထပ်သွားလေ၏။

စူးချန်ခုန်းသည် လီလေ့ကို သတ်လိုက်ခြင်းဖြင့် အမှားများ၏ တစ်စိတ်တစ်ပိုင်းကို လက်စားချေခဲ့သော်လည်း သူ့ကို ဧရာမဝေလငါးဂိုဏ်းမှ ထွက်ခွာရန် အတင်းအကြပ် တွန်းအားပေးခဲ့သူ မုန့်စန်းကို မမေ့ခဲ့ပေ။

မုန့်စန်းသည် ဧရာမဝေလငါးဂိုဏ်း၏ လက်ထောက်ဂိုဏ်းခေါင်းဆောင်ဖြစ်ပြီး ထူးခြားသော အင်အားနှင့် အဆင့်အတန်းရှိသည်။ စူးချန်ခုန်းသည် လက်ရှိတွင် သူ့ကိုရင်ဆိုင်ရန် အခွင့်အာဏာမရှိသေးပါ။ လောလောဆယ်တွင် သူစိတ်ဝင်စားမှုအချို့ကို စုဆောင်းနေသကဲ့သို့ပင်။

နှစ်အနည်းငယ်ကြာလို့ မုန့်စန်းရဲ့ဘဝကို အဆုံးအဖြတ်ပေးနိုင်တယ်လို့ သေချာသလောက်ရှိရင် စူးချန်ခုန်းဟာ သူ့အတွက် အဖိုးအခပေးဆပ်စေဖို့ ပြန်လာမှာပင်။

"သွား...သွားပြီလား"

သူတို့သုံးယောက် အသိပြန်ဝင်လာတော့ စူးချန်ခုန်းရဲ့ ပုံသဏ္ဍာန်ကို ဘယ်မှာမှ ရှာမတွေ့နိုင်တော့။ သူဟာ တစ္ဆေသရဲလို တောထဲသို့ ပျောက်ကွယ်သွားခဲ့လေပြီ။

"သူက... ဒုခန်းမခေါင်းဆောင်ကို သတ်လိုက်တာလား။" ချန်မျိုးရိုး ညီအစ်ကိုများသည် မိန်းမောတွေဝေနေကာ မယုံနိုင်လောက်အောင် ဖြစ်နေ၏။ လီလေ့ကို အိတ်ထဲသို့ထည့်ရသလောက် လွယ်ကူသည်ဟု ယူဆရသည့် စူးချန်ခုန်းကို သတ်ရန် အမိန့်ပေးခဲ့သော်လည်း အချိန်တိုလေးအတွင်းမှာပင် စူးချန်ခုန်းထံ၌ သူ့အသက်ကို ဆုံးရှုံးလိုက်ရသူက လီလေ့ပင်ဖြစ်သည်။

"ဘာတွေများ ဖြစ်ခဲ့တာလဲ...?" သတိမထားမိသော ကျန်းယိသာလျှင် ထိတ်လန့်တုန်လှုပ်သွားသော်လည်း ထူးထူးခြားခြား တစ်စုံတစ်ရာ ဖြစ်ပျက်ခဲ့သည်ကိုတော့ သူ အနည်းငယ် ခံစားနိုင်သည်။

…

"ဘာရယ်.. လီလေ့သေပြီ"

ဧရာမဝေလငါးဂိုဏ်း၏ ခမ်းနားသော ခန်းမကြီးအတွင်းတွင် အပြာရောင်ဝတ်ရုံဝတ်ထားသည့် မုန့်စန်းသည် သူ၏လက်အောက်ငယ်သားများထံမှ သတင်းရရှိပြီး အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

ဒါပေမယ့် သူမယုံနိုင်ခဲ့ပါ။ လီလေ့၏ခေါင်းကို ချန်မျိုးရိုးမှ သယ်ယူလာသော အထည်အိတ်ထဲတွင် ထုပ်ပိုးထားပြီး သူဟာ သေသွားသည့်တိုင် မျက်တောင်မခတ်နိုင်ဘဲ မျက်လုံးများဖွင့်ထားလေ၏။

"ဟုတ်... ဟုတ်ပါတယ်။ သူက စူးချန်ခုန်းလက်ထဲမှာ သေဆုံးသွားပုံရတယ်... ခဏလေးအတွင်းမှာပဲ ဒုခန်းမခေါင်းဆောင်ရဲ့ ခေါင်းကို ကိုင်ပြီး ပြန်လာတာ... အချိန်ရရင် ဒုဂိုဏ်းခေါင်းဆောင်ကို ကိုယ်တိုင်တွေ့ဖို့ ဧရာမဝေလငါးဂိုဏ်းကို ပြန်လာခဲ့မယ်တဲ့..."

အနည်းငယ် ထိတ်လန့်နေဆဲ ဖြစ်သော်လည်း ချန်မျိုးရိုးညီအစ်ကိုများက တုန်တုန်ယင်ယင်နှင့် အစီရင်ခံနေကြသည်။

မုန့်စန်း၏ မျက်နှာသည် ဆိုးဆိုးရွားရွား မှုန်မှိုင်းသွားလေ၏။ စူးချန်ခုန်း အကြောင်းကို သူနားလည်သလောက်မှာ ထူးခြားသည့် အဂ္ဂိရတ်ပညာကို ပိုင်ဆိုင်ထားသော်လည်း ထိုလူငယ်လေးအား အလေးအနက်ထားရလောက်အောင် အရေးကြီးသည်ဟု တစ်ခါမှ မစဉ်းစားခဲ့ပေ။ အဂ္ဂိရတ်ပညာတဠင် မည်မျှပင် ကျွမ်းကျင်ပါစေ သူသည် ဆေးပြားကို သန့်စင်ရန်အတွက် ကိရိယာတစ်ခုသာဖြစ်ပြီး အသုံးမဝင်ပါက အစားထိုးခံရမည်ဖြစ်သည်။

စူးချန်ခုန်းသည် ဧရာမဝေလငါးဂိုဏ်းမှ ထွက်ခွာသွားသည်ကို သူသိလိုက်သည်နှင့် ထွက်ပြေးရန် ကြိုးစားရမည်ကို သူသိသောကြောင့် အနောက်ကနေ လီလေ့ကို ရှောင်တခင် ကိုင်တွယ်ရန် အမိန့်ပေးခဲ့သည်။

သို့သော် သူအလေးမထားခဲ့သော လူငယ်လေးက လီလေ့ကို သတ်ခဲ့ပြီး ချန်မျိုးရိုးညီအစ်ကိုများကိုပင် သတင်းပါးခဲ့သည်။ ဒါက သူ့အတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်၏။

ညီအစ်ကိုချန်တို့သည် စကားမပြောဝံ့ဘဲ ခေါင်းငုံ့ထားလေ၏။ ထိုကဲ့သို့ ဆုံးရှုံးလိုက်ရခြင်းသည် မုန့်စန်းကို ဒေါသထွက်စေမည်ဟု တွေးနေကြသည်။

"ငါနားလည်ပါပြီ။ မင်းတို့ သွားလို့ရပြီ" မုန့်စန်းက ချန်မျိုးရိုး ညီအစ်ကိုတွေကို နှင်လိုက်ရင်း ခံစားချက်မရှိသလို လက်ဝှေ့ယမ်းပြကာ ဆိုလေ၏။

စူးချန်ခုန်း ထွက်ခွာသွားခြင်းနှင့် လီလေ့သေဆုံးခြင်းတို့သည် ဧရာမဝေလငါးဂိုဏ်းကြီးအတွင်း တုန်လှုပ်ချောက်ချားသွားစေမည်ကို ညီအစ်ကိုနှစ်ယောက် သိသောကြောင့် ဦးညွှတ်ကာ ခန်းမကြီးမှ ထွက်ခွာသွားခဲ့ကြသည်။

ဂိုဏ်းမှ အဂ္ဂိရတ်ပညာရှင်ငယ်တစ်ဦးသည် ချက်ချင်း ထွက်ပြေးသွားပြီး ဧရာမဝေလငါးဂိုဏ်း၏ လက်ထောက်ခန်းမခေါင်းဆောင်ကိုပင် သတ်ပစ်ခဲ့သည်။ လူအနည်းစုကသာ ဒီလိုပြောရင် ယုံမှာပင်။

ခန်းမဆောင်ကြီးအတွင်းတွင် မုန့်စန်းသည် လီလေ့၏ခေါင်းကို စိုက်ကြည့်ရင်း အပြုံး ခပ်ရေးရေးလေးက သူ့နှုတ်ခမ်းထက်တွင် လှစ်ကနဲ။ “ဒီချာတိတ်လေး.. တော်တော်စိတ်ဝင်စားဖို့ကောင်းတာပဲ… သူက လီလေ့ကို သတ်နိုင်တယ်ပေါ့။ ငါ့မျှော်လင့်ထားတာထက် ကျော်လွန်နေတာပဲ။ သူ့ကို ငါတကယ်ပဲ လူချင်းတွေ့ချင်မိတယ်”

"ဒါပေမယ့် သူက ငါ့ကို ခြိမ်းခြောက်နိုင်မယ်လို့ ထင်နေတာလား။ သူက နည်းနည်းလေး မထင်မှတ်ထားရတဲ့ ပုရွက်ဆိတ်တစ်ကောင်ပါပဲကွာ"

မုန့်စန်း၏ မျက်လုံးများတွင် အေးစက်သော အလင်းရောင်တစ်ခုက လက်ကနဲ။ သူက လီလေ့၏ဦးခေါင်းကို လျစ်လျူရှုကာ မတ်တပ်ရပ်လိုက်ပြီး လက်နောက်ပစ်ကာ ခမ်းမကြီးအတွင်းသို့ လျှောက်သွားလိုက်လေ၏။ မုန့်စန်းသာ တစ်ယောက်ယောက်ကို သတ်ချင်တယ်ဆိုရင် အနှီလူက လွယ်လွယ်နှင့် မည်သို့ လွတ်နိုင်မည်နည်း..

All Chapters