အကျဉ်းသား
Vol. 34 Ch. 482
...
“ကျုပ်တို့ရဲ့ ဗိုလ်ချုပ်တွေကို ဘုရားကျောင်းကို ဝိုင်းရံထားဖို့နဲ့ တိုက်ပွဲအတွက် ပြင်ဆင်ထားဖို့ အမိန့်ပေးလိုက်ရမလား” အစောင့်တပ်မှူးသည် အာရန်၏ ကိုယ်ပွားအား မေးမြန်းလိုက်သည်။
သန့်စင်ဧကရာဇ်သည် သူ၏လက်ကို ပြန်လည်ဝှေ့ယမ်း၍သာပြသခဲ့သည်။
“ကျူးကျော်သူက တစ်ယောက်တည်းဆိုရင် အဲ့ဒီလောက်အထိ လုပ်စရာမလိုပါဘူး။ ဒီကိစ္စကို ငါ ကိုယ်တော်ကိုယ်တိုင် ကိုင်တွယ်မယ်။ အင်ပါယာကို ထိပါးဝံ့တဲ့ သူတွေ ဘယ်လိုအကျိုးဆက်မျိုး ရင်ဆိုင်ရမယ်ဆိုတာ ငါကိုယ်တော် လက်တွေ့ပြသပေးမယ်။”
ကိုယ်ပွားသည် အစောင့်တပ်သားများ မြင်ကွင်းမှ ထွက်ခွာသွားခဲ့ပြီး တဖြေးဖြေး ပျောက်ကွယ်သွားခဲ့သည်။
အစောင့်များသည် အချိန်အတော်ကြာတိုင်အောင် တုံ့ပြန်နိုင်ခြင်းမရှိဘဲ မှင်သက်၍ ကျန်ရစ်ခဲ့ကြသည်။
အကြောင်းတစ်စုံတစ်ရာကြောင့် ထိုနေရာတွင်ရှိနေခဲ့ကြသော အစောင့်များသည် သန့်စင်ဧကရာဇ်၏ စကားများကို မည်သူမျှ လုံးဝသံသယမဝင်ခဲ့ကြပေ။
အင်ပါယာ၏ သစ္စာဖောက်များကို ဧကရာဇ်တစ်ယောက် ရက်စက်ကြမ်းကြုတ်စွာ သတ်ပစ်ခဲ့ပုံများကို ပြန်လည် အမှတ်ရလိုက်သောကြောင့်ဖြစ်လေ၏။
သန့်စင်ဧကရာဇ်သည် မြောက်ပိုင်းတိုက်ကြီးမှ သူလျှိုများအပေါ် ဤမျှ ရက်စက်ကြမ်းကြုတ်ခဲ့သည်ဆိုလျှင် အစစ်အမှန် နစ်ခရိုမန်ဆာတစ်ဦးအပေါ် မည်သို့ကိုင်တွယ်မည်နည်း။
...
ထိုအတောအတွင်း ဘုရားကျောင်း၌မူ အာရန်သည် သွေးအိုင်တစ်ခုထဲတွင် ရပ်လျပ်ရှိနေခဲ့သည်။
သူ၏ခြေထောက်နားတွင်မူ ခေါင်းပြတ်နေသော အလောင်းတစ်လောင်း လဲလျောင်းလျက်ရှိနေ၏။
သူ၏ ညာဘက်လက်ထဲတွင် သွေးများ ပေကျံနေသည့် ဓားတစ်ချောင်း ရှိနေခဲ့သည်။
ထိုအတောအတွင်း ထူးဆန်းစွာပင် သူ၏အဝတ်အစားများမှာမူ သွေးအနည်းငယ်မျှပင် စွန်းထင်းထားခြင်း မရှိခဲ့ပေ။
သူ၏အဝတ်အစားများပေါ်တွင် သွေးများ စွန်းထင်းသွားလျှင်ပင်၊ နဂါးလျှာမှော်ပညာဖြင့် အလွယ်တကူ သန့်စင်နိုင်ပေသည်။
အာရန်၏လက်ထဲတွင် သူ၏ခြေထောက်နားတွင် လဲလျောင်းနေသော အလောင်းဆီမှ ဦးခေါင်းကို ကိုင်ထားလျက်သားရှိနေခဲ့ပြီး အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်နေဟန်ပင် ပေါ်နေခဲ့သည်။
“သူတို့မျက်လုံးတွေထဲက အဲ့ဒီရူးသွတ်နေတဲ့အကြည့်တွေ အမူအရာနဲ့ ဒါက အနည်းငယ်ခက်ခဲတဲ့တိုက်ပွဲတစ်ခုဖြစ်ခဲ့လိမ့်မယ်လို့ထင်ထားခဲ့မိတာ၊ ဘုရားကျောင်းရဲ့ နယ်မြေကို ငါ အထင်ကြီးတာ နဲနဲများသွားခဲ့တာလား။ ဒါမှမဟုတ် ငါကိုယ်တိုင်ကပဲ ပိုပြီး သန်မာလာလို့လား။”
သာမန်အားဖြင့် အာရန်သည် ဓားဧကရာဇ်၏ အော်ရာကို အသုံးပြုနေသရွေ့ ဘုရားကျောင်းရှိ ကောင်းချီးနယ်မြေသည် သူ့အပေါ်တွင် သက်ရောက်မှု မရှိနိုင်ခဲ့ပေ။
သို့သော်လည်း ယခုတစ်ကြိမ်၌မူ အာရန်သည် ထို ဓားဧကရာဇ်၏ အော်ရာကိုပင် အသုံးပြုရန်ပင် မလိုအပ်ခဲ့ပေ။
ဓားဧကရာဇ်၏ အော်ရာ အကူအညီမပါပဲနှင့်ပင် အာရန်သည် ကောင်းချီးနယ်မြေ ကြောင့်လုံးဝ အနှောက်အယှက်မဖြစ်ခဲ့ရချေ။
၎င်းသည် သန့်စင်ပရောဟိတ်မ ကိုယ်တိုင်ဖန်တီးထားသည့် ကောင်းချီးနယ်မြေ မဟုတ်သည့်တိုင်အောင် ၎င်းက ဘုန်းတော်ကြီးများစွာ၏ ကောင်းချီးစွမ်းအင်များစွာကို ပေါင်းစည်းထားသော နယ်မြေတစ်ခုဖြစ်နေဆဲပင်။
ထို့နောက်အာရန်သည် ထိုဦးခေါင်းအားဘေးသို့ ပစ်လွှတ်လိုက်ပြီး သွေးအိုင်အတွင်းမှ ထွက်လာခဲ့သည်။
အာရန်သည် သူ၏ဖိနပ်များပေါ်မှ သွေးများစွန်းထင်းနေမှုများကို ဖယ်ရှားရန် နဂါးလျှာအစွမ်းကိုပင် ထပ်မံ အသုံးပြုလိုက်သည်။
လမ်းတစ်လျှောက် အာရန်သည် ဘုန်းတော်ကြီးများ၏ နှလုံးသားများကို တစ်ယောက်ချင်းစီထံမှ ထုတ်ယူလာခဲ့ပြီး နောက်ပိုင်းတွင် ၎င်းတို့ထံမှ သန့်စင်သောအော်ရာအချို့ကို ဝါးမြိုနိုင်ရန်အတွက် သူ၏စနစ်သိုလှောင်ခန်းအတွင်း ထည့်၍ သိမ်းဆည်းထားခဲ့၏။
ထိုနည်းလမ်းဖြင့် အနာဂါတ်တွင် သူ၏သန့်စင်အော်ရာသည်ပိုမို၍ အားကောင်းလာစေနိုင်ပေသည်။
ထို့ပြင်အာရန်သည် အပြင်ဘက်နယ်မြေများနှင့်ဆက်သွယ်ထားသော ဂိတ်တံခါးပေါက်များကိုလည်း ဖျက်ဆီးခဲ့ပြီးဖြစ်သောကြောင့် သူ၏ကစားပွဲကို အဆုံးသတ်ရန် အချိန်မရောက်မချင်း ဤဘုရားကျောင်းအား လေ့လာရန် အချိန်အတန်အသင့် ရရှိသွားခဲ့ပြီလည်းဖြစ်လေသည်။
သန့်စင်ပရောဟိတ်မ ထွက်လာတော့မည့် အခြေအနေရှိပါက သူ့အား လှမ်း၍ အကြောင်းကြားနိုင်ရန် မြေအောက်ဂူအနီးတွင် ယီလန်အား ထားရစ်ခဲ့လေသည်။
ကံကောင်းစွာဖြင့် ထိုကဲ့သို့ဖြစ်ပေါ်လာနိုင်သည့် အခြေအနေ၏ အရိပ်အယောင်များ ယခုအချိန်ထိ မပေါ်လာသေးချေ။
ယီလန်၏ သတင်းပို့ချက်အချို့အရ သန့်စင်ပရောဟိတ်မသည် မြေအောက်ဂူ၏ တတိယထပ်တွင် ရှိနေဆဲပင် ဖြစ်သည်။
အာရန်သည် ဘုရားကျောင်း၏ ဘဏ္ဍာတိုက်ကို ရှာဖွေရန် ဆက်လက် ကြည့်ရှု စစ်ဆေးနေခဲ့သည်။
“ဘဏ္ဍာတိုက်က ဒီမှာလား”
ထို့နောက်အာရန်သည် မကြာမီမှာပင် ဘုရားကျောင်း၏ အာနုဘော် အရှိဆုံးဖြစ်သည့် သန့်စင်အော်ရာများအား အများဆုံးခံစားရမိသောနေရာတစ်ခုသို့ ရောက်ရှိလာခဲ့ပြီး အခန်းအတွင်း၌ ထားရှိသော ရတနာများမှ ထွက်ပေါ်လာခြင်းဖြစ်မည်ဟုလည်း ယူဆမိလိုက်သည်။
ထို့နောက်အာရန်သည် သူ၏လက်ကို တံခါးပေါ်တွင် တင်လိုက်ပြီး ၎င်းကို ဖွင့်ရန် နဂါးလျှာအစွမ်းကို အသုံးပြုရန်ကျိုးစားလိုက်၏။
သို့သော်လည်း သူ၏ခန္ဓာကိုယ်ကို ဖြတ်၍ လျှပ်စစ်စီးကြောင်းတစ်ခု စီးဆင်းသွားသည်ကို ခံစားလိုက်ရသဖြင့် အံ့အားသင့်စွာပင် သူ၏လက်ကို အမြန်ပြန်ရုပ်သိမ်းလိုက်ရသည်။
...
[သတိပေးချက်: တားမြစ်ထားသော စွမ်းအင်တစ်ခုကို တွေ့ရှိထားပါသည်။ သင့်လုံခြုံရေးအတွက် ဤနေရာအား ရှောင်ရှားပါ]
သွေးကဲ့သို့ နီရဲနေသော ဖန်သားပြင်တစ်ခုသည် သူ၏ရှေ့တွင် ရုတ်တရက် ပေါ်ပေါက်လာခဲ့ကာ အနီရောင်ရင့်ရင့်စာသားအချို့ဖြင့် သတိပေးချက်တစ်ခု ပေးလာခဲ့သည်။
ဤကဲ့သို့သော သတိပေးချက်မျိုးကို အာရန်အနေဖြင့် ယခုသည် ပထမဆုံးအကြိမ် အဖြစ် လက်ခံရရှိခြင်းပင်။
“ငါက ပိုသန်မာလာခဲ့တာတောင် ဒီလိုသတိပေးချက်မျိုး ရနေတာလား။ ဒီတံခါးရဲ့ အခြားတစ်ဖက်မှာ ဘာတွေရှိနေတာလဲ။”
အာရန်၏ မျက်မှောင်ကြုတ်၍ ပိုမိုနက်ရှိုင်းစွာတွေးလိုက်မိသည်။
ခဏမျှ သူသည် သတိပေးချက်ကို လျစ်လျူရှုပြီး တံခါးအား အတင်းအကျပ်ဖွင့်၍ ဝင်ရောက်ရန် စဉ်းစားမိခဲ့သည်။
သို့သော် သူ့တွင်ရှိနေသော မူလနဂါး၏ ဗီဇအရလည်း ထိုအပြုအမူကို ဆန့်ကျင်ရန် သတိပေးနေသကဲ့သို့ ခံစားမိခဲ့သည်။
သူသည် တံခါး၏တစ်ဖက်ခြမ်းတွင် သက်ရှိတစ်ဦးဦးနှင့် သက်ဆိုင်နေခြင်းမရှိသည့် အားအကောင်းဆုံး သန့်စင်အော်ရာများ တည်ရှိနေကြောင်း သေချာနေခဲ့သည်။
ထိုအော်ရာထဲတွင် အသက်ဓာတ်များ အနည်းငယ်ပင် မပါဝင်နေခဲ့ပေ။
၎င်းသည် ရတနာတစ်ခုခုဆီမှသာ ထွက်ပေါ်လာနိုင်သောအရာလည်းဖြစ်လေ၏။
“ဒါက ဘာများဖြစ်နေနိုင်မလဲ။”
အာရန်သည် သူ၏လက်ကို ရှေ့သို့ ဆန့်လိုက်သည်။
ကံမကောင်းစွာဖြင့် သူ၏လက်ချောင်းများသည် တံခါးကို ထိမိသည်နှင့် တပြိုင်နက် ထိတ်လန့်ဖွယ်ကောင်းသော နာကျင်မှုဝေဒနာသစ် တစ်ခုကို တစ်ဖန်ပြန်၍ ခံစားလိုက်ရသည်။
ထို့ကြောင့်အာရန်သည် သူ၏လက်ကို အလျင်အမြန် ပြန်ရုပ်လိုက်ပြီး အကူအညီမဲ့နေသကဲ့သို့ ခံစားမိလိုက်၏။
၎င်းသည် သူ၏ရှေ့တွင် အလွန်အရသာရှိဟန်ရသည့် အထူးအစားအစာတစ်မျိုး ရှိနေသော်လည်း ဆရာဝန်မှ မည်သို့ပင်ဖြစ်စေ ထိုအစားအစာကို ရှောင်ရှားရမည်ဟု ပြောဆိုသတိပေးထားခြင်းနှင့်တူညီနေခဲ့သည်။
စိတ်ပျက်စရာကောင်းသော်လည်း ယခုတစ်ကြိမ်တွင်မူ အာရန်သည် သတိပေးချက်ကို လက်ခံလိုက်ရုံသာ တတ်နိုင်တော့သည်။
သူ့တွင် ဘေးကင်းလုံခြုံစွာဖြင့် ထိုတံခါးကိုဖွင့်နိုင်သည့် ထူးဆန်းသည့် နည်းလမ်းအချို့ကို သေချာစဉ်းစားမိစေရန် အချိန်မရှိတော့ချေ။
သူ ကိုင်တွယ်ဖြေရှင်းရမည့် ကိစ္စများစွာ ကျန်ရှိနေသေး၏။
ထို့နောက်အာရန်သည် ဘုရားကျောင်း၏ အခြားအပိုင်းများကို စစ်ဆေးကြည့်ရှုခဲ့ရာ မကြာမီမှာပင် အကျဉ်းထောင်ဟု ယူဆရသည့် အောက်ထပ်နေရာသို့ ရောက်ရှိလာခဲ့သည်။
သူသည် နစ်ခရိုမန်ဆာအဖြစ်အပြင် ဘုရားကျောင်းတွင် ထိန်းသိမ်းထားသည့် ရာဇဝတ်သားအချို့ကိုပါ ကိုင်တွယ်နိုင်ပါက သန့်စင်ဧကရာဇ်၏ ဂုဏ်သိက္ခာအတွက် ပိုမိုအသုံးဝင်လိမ့်မည်ဟု တွေးမိလိုက်သည်။
၎င်းသည် သူ၏ခွန်အားကို ပြသရန်နှင့် တော်ဝင်မိသားစု အခွင့်အာဏာအတွက် နိုင်ငံသားများ၏ ယုံကြည်မှုကို ပြန်လည် ရရှိနိုင်ရန် အကောင်းဆုံးအခွင့်အရေးလည်း ဖြစ်လေ၏။
သူသည် အကျဉ်းခန်းများကို လိုက်လံဖွင့်ကြည့်လိုက်ပြီး မြောက်ပိုင်းတိုက်ကြီးမှ သူလျှိုများကဲ့သို့ အကြမ်းတမ်းဆုံး ရာဇဝတ်သားများကို တွေ့ရလိမ့်မည်ဟု မျှော်လင့်ထားခဲ့သည်။
သို့သော် အကျဉ်းခန်းအတွင်းသို့ အမှန်တကယ် ခြေချမိလိုက်သည့်အခါ သူ၏မျက်လုံးများ ကျယ်ပြန့်သွားခဲ့ရသည်။
“မင်းတို့ ဒီမှာ ဘာလုပ်နေတာလဲ။”
ထိုအချိန်၌ နစ်ခရိုမန်ဆာတစ်ဦးဖြစ်ကြောင်း သူ ဟန်ဆောင်ထားရသည်ကိုပင် မေ့လျော့ကာ အမှတ်တမဲ့ဖြစ်ကာ အသံကျယ်ကျယ်ဖြင့် မေးလိုက်မိသည်။
ကံကောင်းထောက်မစွာဖြင့် အခန်းထဲမှ လူများသည် သတိမေ့လျက်ရှိနေကြပြီး ၎င်းတို့၏ခန္ဓာကိုယ်များတွင် လတ်ဆတ်နေဆဲဖြစ်သော ဒဏ်ရာများဖြင့် ပြည့်နှက်နေခဲ့ကြသည်။
သူ့အား ဝိုင်းဝန်း မတိုက်ခိုက်မီ နာရီအနည်းငယ်အလိုကပင် ၎င်းတို့အား နောက်ဆုံးညှဉ်းပန်းနှိပ်စက်ထားခဲ့ခြင်းဖြစ်နေသည်မှာ ရှင်းလင်းနေ၏။
“ဘုရားကျောင်းက သူတို့ကို ဒီမှာ အကျဉ်းချထားလိမ့်မယ်လို့ တကယ်ကို မထင်ထားဘူး။ တကယ်လို့ သူတို့ရဲ့ တည်ရှိမှုကိုသာ အခုနေ ဖော်ထုတ်လိုက်ရင် အရာအားလုံးက တကယ်ကို ရှုပ်ထွေးသွားနိုင်တယ်။”
အာရန်သည် သေဆုံးသွားပြီဟု ယူဆထားခဲ့သော မိစ္ဆာဂိုဏ်း၏ အကြီးအကဲများအား အကျဉ်းသားများ အဖြစ်မြင်တွေ့လိုက်ရခြင်းဖြစ်လေသည်။
အတွေ့အကြုံရရန်အတွက်ဟူသောအကြောင်းပြချက်ဖြင့် ဤခရီးစဥ်သို့ လိုက်ပါလာခဲ့ကြသော ထိုအကြီးအကဲများ၏ တပည့်အချို့သည်ပင် ဤနေရာ၌ ရှိနေခဲ့ကြသည်။
သို့သော်လည်း ၎င်းတို့ထဲမှ အချို့မှာမူ ၎င်းတို့၏ ကိုယ်လက်အင်္ဂါအချို့ ရှိမနေကြတော့သည့် ပုံပင်။
“သွေးနတ်ဘုရားမက ဒီလိုအခြေအနေမျိုးနဲ့ အဆုံးသတ်သွားခဲ့လိမ့်မယ်လို့ ဘယ်သူက ထင်မှတ်ထားခဲ့မှာလဲ”
အာရန်သည် မျက်နှာတွင် နက်ရှိုင်းသော အမာရွတ်များဖြင့် ပြည်နှက်နေဟန်ရသော မိစ္ဆာဂိုဏ်း၏ အကြီးအကဲတစ်ဦးဖြစ်သူ ကျန်းဝေ၏ရှေ့တွင် ရပ်လိုက်သည်။
၎င်းသည် ပြန်လည် ကုသ၍ ရနိုင်သော်လည်း လျစ်လျူရှုနိုင်လောက်သည့် ဒဏ်ရာမျိုးတော့ မဟုတ်ချေ။
ဖန်းယုသည်သာ ဤ အဖြစ်အပျက်များကို သိရှိသွားခဲ့ပါက အနောက်တိုင်းတိုက်ကြီးကို မည်မျှမြန်ဆန်စွာ တိုက်ခိုက်လာလိမ့်မည်ကို အာရန်တစ်ယောက် စိတ်ကူးကြည့်မိလိုက်သည်။
#Catfoot