ဒါကိုမင်းက ဥယာဥ်တစ်ခုလို့ထင်နေတာလား
Vol. 34 Ch. 484
...
အာရန်သည် သန့်စင်ဧကရာဇ်၏ ညီတော်နှင့် ဓားချင်းယှဉ်တိုက်ခိုက်ခဲ့သည်။
သူသည် ယူရီယယ်ကိုသာ အလွယ်တကူ အနိုင်ယူလိုက်နိုင်ပါကလည်း တော်ဝင်မျိုးနွယ်၏ ဂုဏ်သိက္ခာကိုသာ ထိခိုက်စေမည်ဖြစ်ပြီး ၎င်းသည် သူ၏အစီအစဉ်များအတွက် အနှောင့်အယှက်ဖြစ်သွားစေမည်ကို သဘောပေါက်လိုက်သည်။
သူ၏ ကိုယ်ပွားဖြစ်သူ သန့်စင်ဧကရာဇ် ရောက်ရှိလာပြီဖြစ်ကြောင်းကိုလည်း သူ သတိပြုမိထားပြီးဖြစ်၏။
ကိုယ်ပွားသည် ရှုယင်နှင့် အခြားသူများနှင့်အတူ အနီးရှိ ခေါင်မိုးတစ်ခုပေါ်တွင် ရပ်လျက်စောင့်ကြည့်နေဟန်ရသည်။
သူ၏ကိုယ်ပွားသည် ကနဦးအစီအစဥ်များအရ ဤနေရာသို့ ခုန်ဝင်လာရမည် ဖြစ်သော်လည်း ယခုမူ ထိုသို့ မဖြစ်နိုင်တော့ချေ။
အာရန်နှင့် ယူရီယယ်တို့၏ ပြင်းထန်သော တိုက်ပွဲ သက်ရောက်မှုက ပတ်ဝန်းကျင်ရှိ အဆောက်အအုံများကိုပင် ပြိုကျ ပျက်စီးစေခဲ့သည်။
အာရန်၏ကိုယ်ပွားသည် ဒဏ်ရာအနည်းငယ်မျှကိုပင် အထိအခိုက်မခံနိုင်ပေ။
ထို့ကြောင့် အာရန်သည် သူ၏ကိုယ်ပွားနှင့် တိုက်ခိုက်သည့်အခါတွင် ၎င်းတို့နှစ်ဦးအကြား ဟန်ဆောင်မှုတစ်ခုအဖြစ်သာ အသွင်ယူလိုနေခဲ့ခြင်းဖြစ်၏။
ကံမကောင်းစွာဖြင့် ယူရီယယ်ရောက်လာခြင်းနှင့်အတူ သူ၏ကိုယ်ပွားသည် ထိုအခွင့်အရေးကို လွဲချော်ခဲ့ရသည်။
အာရန်သည် သူ၏ကိုယ်ပွားကို ဤတိုက်ပွဲအတွင်း ဘေးကင်းစွာ ခုန်ဝင်လာနိုင်မည့် အခွင့်အရေးတစ်ခုပေးရန် ယူရီယယ်အကြား အကွာအဝေးတစ်ခု ဖန်တီးရန် ကြိုးစားခဲ့သော်လည်း ယူရီယယ်သည် သူ့အား တစ်စက္ကန့်မျှပင်အလွတ်မပေးခဲ့ပေ။
‘သူက အတော်တက်ကြွလွန်းတဲ့သူပဲ။’
အာရန်သည် မျက်မှောင်ကြုတ်ရင်း စဉ်းစားလိုက်သည်။
ယူရီယယ် ၏ တိုက်ခိုက်မှုများသည် စက္ကန့်တိုင်းတွင် ပိုမို၍ အားကောင်းလာခဲ့သည်။ အနာဂတ်တွင် ဤလူငယ်သည် အနောက်တိုက်ကြီးရှိ ဇာတ်လိုက်မ၏ ခွန်အားအကြီးဆုံး မဟာမိတ်တစ်ဦးဖြစ်လာမည့်သူဖြစ်လေသည်။
အကြောင်းရင်းကို အာရန်တစ်ယောက် ပြန်လည် မြင်ယောင်လိုက်မိ၏။
ကံမကောင်းစွာဖြင့် ယခုအချိန်တွင်မူ ဤလူငယ်သည် သူ၏အစီအစဉ်အတွက် အတားအဆီးတစ်ခု ဖြစ်လာခဲ့ပြီဖြစ်သည်။
၎င်းသည် သူစီစဉ်ထားသည့် အခြေအနေတစ်ခု မဟုတ်သော်လည်း၊ ၎င်းကို အကောင်းဆုံးအသုံးချရန်သာ သူ ဆုံးဖြတ်နိုင်တော့သည်။
ပစ်မှတ်သည် ကွဲပြားသွားသော်လည်း သူသည် ၎င်းကို ကြီးကျယ်ခမ်းနားသော ပုံရိပ်တစ်ခုဖြစ်အောင် ဖန်တီးရမည်သာဖြစ်လေသည်။
ဤသို့ဖြင့် ၎င်းတို့နှစ်ဦး ဆက်လက်တိုက်ခိုက်နေချိန်တွင် အာရန်သည် ၎င်းတို့၏ တိုက်ပွဲတည်နေရာကို လူအများအပြားမြင်နိုင်သော နေရာတစ်ခုသို့ တိတ်တဆိတ် ဦးဆောင်ခေါ်ဆောင်သွားခဲ့သည်။
သူသည် သက်သေများ လိုအပ်နေခဲ့သည်။
သန့်စင်မြို့တော်မှ လူများကို ဤတိုက်ပွဲအား မြင်တွေ့စေရန်နှင့် တော်ဝင်မျိုးနွယ်၏ ခွန်အားကိုလည်း အများအားအသိအမှတ်ပြုနိုင်ရန် လိုအပ်နေသည်မဟုတ်ပါလား...။
သူသည် သူ၏တိုက်ခိုက်မှုဟန်ကို ပြောင်းလဲရန် စတင်လိုက်ပြီး ယူရီယယ် အား ဖိအားအနည်းငယ် ပေးနိုင်စေခဲ့သည်။
အာရန်သည် ဤတိုက်ပွဲတွင် နဂါးလျှာအစွမ်းအသုံးပြုပါက တစ်ချက်တည်းဖြင့် အဆုံးသတ်နိုင်နေသော်လည်း ထိုသို့ ပြုလုပ်ခဲ့ခြင်းမရှိပေ။
လူအများအပြားသည် ဘုရားကျောင်း ပျက်စီးသွားခြင်းကြောင့် အလွန်အံ့အားသင့်နေကြရာ နစ်ခရိုမန်ဆာတစ်ဦးသည် ဓားပညာရပ်ခြင်း ရင်ဆိုင် တိုက်ခိုက်နေချိန်တွင်ပင် အဘယ်ကြောင့် ဤမျှ အစွမ်းထက်နေရသည်ကိုပင် မတွေးမိခဲ့ကြချေ။
ဤတိုက်ခိုက်မှုများသည် သူ့အတွက် သေစေနိုင်လောက်အောင် ပြင်းထန်ခြင်းမရှိသော်လည်း တိုက်ပွဲကို ပိုမိုမျှတစေရန် လုံလောက်ခဲ့သည်။
အာရန်သည် ယူရီယယ်အား သူ့တွင် အခွင့်အရေးရှိနိုင်သည်ဟု ယုံကြည်စေလိုခဲ့ပြီး သူ့အား အစွမ်းကုန် ကြိုးစား၍ တိုက်ခိုက်စေလိုနေခဲ့၏။
၎င်းတို့နှစ်ဦး၏ တိုက်ပွဲမှ ဆူညံသံများနှင့်အတူ ဘေးနားရှိ အဆောက်အဦများ ဖျက်ဆီးခံရခြင်းသည် ဝေးမှကြည့်နေသည့် လူအုပ်ကြီးအား ဆွဲဆောင်ခဲ့ပြီး နစ်ခရိုမန်ဆာတစ်ဦးသည် မည်မျှအစွမ်းထက်နိုင်ကြောင်း နားလည်စေခဲ့သည်။
ထိုအရာက အာရန်တစ်ယောက် သူ၏ မှော်ပညာအချို့ကို အသုံးမပြုသေးခင် အချိန်အထိသာဖြစ်လေ၏။
သန့်စင်မြို့တော်မှ ပြည်သူအများအပြားသည် ၎င်းတို့၏ မြို့တော်မှာ ယနေ့ အချိန်တွင် အမှန်တကယ် ကျဆုံးတော့မည်လားဟုပင် တွေးတောမိကာ ထိတ်လန့်တကြားဖြစ်နေခဲ့ကြသည်။
ဤ တိုက်ပွဲသည် လက်ရေတူညီနေပုံရသော်လည် ပြည်သူများသည် ယူရီယယ်အပေါ်၌ ထိုမျှအထိ ယုံကြည်မှုမရှိခဲ့ကြချေ။
ထိုနစ်ခရိုမန်ဆာမှော်ဆရာသည် ဘုရားကျောင်းတစ်ခုလုံးအား သူတစ်ဦးတည်း ဖြင့် ဖျက်ဆီးပစ်နိုင်လုနီးပါးထိ ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်လေသည်။
အာရန်သည် တိုက်ခိုက်မှုအချို့ကို ခံယူခဲ့ကာ တိုက်ပွဲကို ပိုမိုပြင်းထန်စေခဲ့သော်လည်း လူအများအပြားက သူသည် သားကောင်နှင့် ကစားနေသည်ဟုသာ တွေးထင်မိခဲ့ကြ၏။
“မင်းသား ယူရီယယ်ရေ အဲ့ဒီမကောင်းဆိုးဝါးကောင်ကို အနိုင်ယူပေးပါ”
ရုတ်တရက် ထိတ်လန့်နေသော လူအုပ်ကြားမှ အသံတစ်သံသည် ယူရီယယ်အား အားပေးဟစ်ကြွေးလိုက်သည်။
၎င်းသည် ကလေးငယ်တစ်ဦး၏ အသံဖြစ်သည်။
ထိုကလေးငယ်သည် ထိတ်လန့်နေဟန်ရသော်လည်း သူသည် ယူရီယယ်အတွက် အားပေးစကား ပြောနေခဲ့သည်။
သူ၏စကားများက လူအုပ်ကြီး၏မျှော်လင့်ချက်များကို မီးထိုးပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့ကာ အားပေးသံများသည် တခဲနက် ပေါ်ထွက်လာခဲ့သည်။
“မင်းသား ယူရီယယ် အဲ့ဒီမကောင်းဆိုးဝါးကောင်ကို အနိုင်ယူလိုက်ပါ။”
“မြောက်ပိုင်းတိုက်က နတ်ဆိုးတွေကို သုတ်သင်ပစ်လိုက်။”
ယူရီယယ်ဘက်မှ ရပ်တည်သည့် ကြွေးကြော်သံများသည် ပုံစံအမျိုးမျိုးဖြင့် ပေါ်ထွက်လာခဲ့သည်။
ထိုတုံ့ပြန်မှုများကို မြင်လိုက်ရသောအခါ အာရန်သည် တော်တော်လေး စိတ်ကျေနပ်သွားခဲ့ရသည်။
သူသည် ပြဇာတ်တစ်ခု ပြသနေခြင်းသာမဟုတ်ပါက တကယ်ကိုပင် အော်ဟစ် ရယ်မောမိပေလိမ့်မည်ဖြစ်၏။
ဤသည်မှာ သူ လိုချင်နေသည့်အရာပင် ဖြစ်သည်မဟုတ်ပါလား...။
ဘုရားကျောင်းက ၎င်းတို့အား စိတ်ပျက်အားလျော့စေခဲ့ပြီးနောက် ယခုအခါ ပြည်သူအများသည် တော်ဝင်မိသားစုအား စတင်၍ ယုံကြည်ကိုးစားလာခဲ့ကြပြီ ဖြစ်လေသည်။
ယူရီယယ်၏ တိုက်ခိုက်မှုများသည် ပိုမို၍ ပြင်းထန်လာခဲ့၏။
အာရန်သည် တမင်တကာပင် နောက်သို့ ဆုတ်ပေးလိုက်သည်။
“မင်းက ဘာလို့ ဒီလောက် ခွန်အားကြီးနေရတာလဲ။”
အာရန်သည် သူ၏အသံကို အတတ်နိုင်ဆုံးကျယ်လောင်စွာဖြင့် အော်ဟစ်ပြောလိုက်သည်။
သူ၏စကားများက ယူရီယယ်ကိုပင် အနည်းငယ် အံ့အားသင့်စေခဲ့သည်။
ဤလူ၏ အသံသည် အဘယ်ကြောင့် ရုတ်တရက် အလွန်အမင်း ကျယ်လောင်လာရသည်ကို သူ နားမလည်နိုင်ခဲ့ပေ။
သူသည် အစွမ်းကုန် ပေးဆပ်တိုက်ခိုက်နေခြင်းဖြစ်သော်လည်း တစ်ခုခု လွဲမှားနေသလားဟုပင် စိတ်အနှောင့်အယှက်ဖြစ်စေသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ကံမကောင်းစွာဖြင့် ဤခံစားချက်သည် အဘယ်အရာကြောင့်ဖြစ်သည်ကိုမူ သူ နားမလည်နိုင်ခဲ့ပေ။
ထို့နောက် သူ၏ တိုက်ခိုက်မှုတစ်ခုက အာရန်အား အနည်းဆုံး ဆယ်ပေခန့် နောက်သို့ဆုတ်စေလိုက်ပြီး သူ၏ရင်ဘတ်ပေါ်တွင် ဓားဒဏ်ရာတစ်ခု ထွက်ပေါ်လာခဲ့သည်။
သာမန်အားဖြင့် သူ၏ဒဏ်ရာများသည် ခဏတာအတွင်း ပြန်လည် ပျောက်ကင်းသွားရမည် ဖြစ်နေသော်လည်း အာရန်သည် ဒဏ်ရာကို မသက်သာစေရန် အတွက် နဂါးလျှာအစွမ်းကိုပင် အသုံးပြုလိုက်ရသည်။
အခြေအနေကို ပိုမိုသိသာထင်ရှားစေရန်အတွက် သူသည် ထိုအရာကို ပြုလုပ်ရန် လိုအပ်နေခဲ့၏။
“အနောက်တိုက်မှာရှိတဲ့ လူတိုင်းက ဟိုက ဘုန်းတော်ကြီးတွေလိုပဲ အသုံးမကျဘူးလို့ ငါ ထင်ထားခဲ့တာ။ တော်ဝင်မျိုးနွယ်ကို ငါ အထင်သေးခဲ့မိပုံရတယ်။ မင်းတို့ဟာ အနောက်တိုင်းရဲ့ အစစ်အမှန် အစောင့်အရှောက်တွေပဲ မင်းတို့က ကိုယ့်ကိုယ်ကိုယ် အတော်လေး သိုသိုသိပ်သိပ်နေနိုင်ကြတာပဲ”
အာရန်သည် တစ်ဖန်ပြန်၍ အော်ဟစ်ချီးမွန်းလိုက်ရာ ပြည်သူများ၏ အသံသည် ပို၍ပင် ကျယ်လောင်လာခဲ့သည်။
“ငါ မင်းတို့ကို အထင်သေးခဲ့မိတာ ငါ ဝန်ခံပါတယ်။ ဒီတစ်ကြိမ်တော့ ငါ မင်းကို မသတ်နိုင်တော့ဘူး။ ဒါပေမဲ့ မင်းလည်း ငါ ထွက်ပြေးတာကို တားလို့မရဘူး။ နောက်တစ်ကြိမ် ငါ ရောက်လာတဲ့အခါမှာတော့ ခုလိုမလွယ်ကူတော့ဘူး အဲ့ကျရင် စစ်တပ်တစ်ခုနဲ့အတူ ရောက်လာမှာ အဲ့ဒီအခါ မင်းတို့ ဘယ်လိုခုခံမလဲဆိုတာ ငါမြင်ချင်သေးတယ်”
အာရန်သည် သူ၏ရင်ဘတ်ပေါ်ရှိ ဒဏ်ရာအတွင်းသို့ သူ၏ လက်ချောင်းများကို မသိမသာ ထိုးသွင်းလိုက်ပြီး သူ၏ ခန္ဓာကိုယ်ရှိ သွေးအချို့ကို ပိုမို၍ပင် ထွက်စေလိုက်သည်။
အာရန်သည် ထွက်ပြေးခြင်းမပြုမီ သူ၏ သွေးများကို မြေပြင်ပေါ်သို့ ထွေးထုတ်လိုက်သည်။
“မင်း လွတ်မြောက်နိုင်မယ်လို့ တကယ်ပဲထင်နေတာလား။”
ယူရီယယ်သည် ထိုခြိမ်းခြောက်မှု၏ အရေးပါပုံကို နားလည်သွားသဖြင့် အော်ဟစ်လိုက်သည်။
သူသည် ထိုလူကို ထွက်ပြေးခွင့် မပေးနိုင်တော့ချေ။
သူသည် အာရန်နောက်သို့ ပြေးလိုက်သွားခဲ့သော်လည်း အာရန်၏ သွေးမှ ပြောင်းလဲသွားသည့် ထူးဆန်းသည့် အနက်ရောက်သားရဲအချို့က သူ့အား တားဆီးထားလိုက်သည်။
ထိုသားရဲများသည် ယူရီယယ်အား အလုပ်များနေစေခဲ့ပြီး အာရန်အား ထွက်ပြေးနိုင်ရန် အခွင့်အရေးတစ်ခု ဖန်တီးပေးလိုက်သည်။
အာရန်သည် ထွက်ပြေးနေစဉ် သူ၏ သွေးဖြင့် ဖန်တီးထားသောကိုယ်ပွားများဖြင့် ယူရီယယ်အား အလုပ်များနေစေခဲ့သည်။
ယူရီယယ်သည် နတ်ဆိုးသားရဲများအလား အသွင်ယူထားသည့် ထိုအာရန်၏ ကိုယ်ပွားများကို သတ်နိုင်ခဲ့လျှင်ပင် ၎င်းသည် လုံလောက်စွာ မြန်ဆန်နိုင်တော့မည်မဟုတ်ချေ။
အာရန်တစ်ယောက် ထိုနေရာမှ ထွက်ခွာသွားနေသည်ကိုသာ ဒီတိုင်းကြည့်နေနိုင်တော့၏။
“မင်း ငါ့ရဲ့မြို့တော်ကို အပမ်းဖြေ ဥယျာဉ်တစ်ခုလို့များ ထင်နေတာလား။ မင်း အလိုရှိတဲ့အချိန် လာနိုင်ပြီး အလိုရှိတဲ့အချိန် ပြန်နိုင်မယ်လို့ ထင်နေတာလား။” မြို့တစ်ခုလုံးတွင် ဟိန်းထွက်လာသော အသံတစ်သံကို ကြားခဲ့ရသည်။
၎င်းသည် သန့်စင်ဧကရာဇ်၏ အသံဖြစ်ပြီး သူသည် အာရန်၏လမ်းကို ပိတ်ဆို့ရန် ရှေ့တွင် ပေါ်လာခဲ့ခြင်းဖြစ်သည်။
သို့သော် ထိုသို့ပြောလိုက်သောသူသည် ကိုယ်ပွားမဟုတ်ဘဲ အာရန်ကိုယ်တိုင်သာ ဖြစ်ပြီး သူ၏အသံကို ယာယီအားဖြင့် ပြန်လည်ပြောင်းလဲထားကြောင်း မည်သူမျှ မသိရှိနိုင်ခဲ့ချေ။
အာရန်သည် သူ၏ နဂါးလျှာအစွမ်းကိုပင်ထပ်မံ အသုံးပြုခဲ့ကာ ကောင်းကင်ယံ၌ တောက်ပသောရွှေရောင်ဓားတစ်ချောင်းကို ဖန်တီးယူလိုက်၏။
ကိုယ်ပွား၏ လက်ထဲတွင် ပေါ်လာစေခဲ့ခြင်းဖြင့် ၎င်းသည် ကိုယ်ပွား၏ ဓားဖြစ်သည်ဟု ပေါ်လွင်စေခဲ့သည်။
#Catfoot