ဗီလိန်ဇာတ်ရုပ် ...
Vol. 34 Ch. 485
ထိုဓားသည် တစ်မြို့လုံးကို ၎င်း၏ အလင်းရောင်ဖြင့်ဖုံးလွှမ်းသွားသည်အထိ အလွန်တောက်ပလွန်းနေခဲ့ပြီး လူတိုင်းအား မျက်လုံးများပင်ကြိမ်းစက်သွားစေခဲ့သည်။
ယူရီယယ်ပင်လျှင် ၎င်းကို ကောင်းစွာ မမြင်နိုင်ခဲ့ချေ။
ယူရီယယ်သည် သူ၏ အစ်ကိုတော်အား ကူညီပေးလိုသော်လည်း သွေးကိုယ်ပွားများက သူ့အား အနည်းငယ်မျှပင် အခွင့်အရေး မပေးခဲ့ပေ။
သူသည် “အစ်ကိုတော် ဂရုစိုက်နော်…” ဟုသာ သတိပေးနိုင်ခဲ့သည်။
ယူရီယယ်တစ်ယောက် သူ့အတွက် စိုးရိမ်ပူပန်နေချိန်တွင် အာရန်မှာမူ တော်တော်လေး စိတ်အေးလက်အေး ရှိနေခဲ့သည်။
“မင်းလဲ အချိန်ကိုက်ရောက်လာတာပဲ” အာရန်သည် သူ၏ ဦးခေါင်းကိုပြန်ကုတ်လိုက်ရင်း သက်ပြင်းချလိုက်၏။
နောက်ဆုံးတွင် သူ၏ကိုယ်ပွားသည် ဤတိုက်ပွဲတွင် ဝင်ရောက်စွက်ဖက်ရန်နှင့် သူရဲကောင်းတစ်ဦးဖြစ်ရန် အခွင့်အရေး ရရှိခဲ့ပြီဖြစ်သည်။
“ငါတို့ အခု တိုက်ခိုက်ကြတော့မလား။” ကိုယ်ပွားက အာရန်အား မေးလိုက်သည်။
အာရန်သည် သူ့အား ကြီးကျယ်ခမ်းနားသော တိုက်ပွဲတစ်ခုတွင် ဝင်ရောက်ဇာတ်က ပေးရမည်ဟုသာ ညွှန်ကြားချက်ရရှိထားသော်လည်း ထိုအရာနှင့်ပတ်သက်၍ မည်သည့်ပြင်ဆင်ထားမှုမှ မရှိခဲ့ပေ။
ထို့ကြောင့် သူသည် အာရန်၏ အတွေးများညွှန်ကြားချက်ကိုသာ လိုက်နာရမည်ဖြစ်သည်။
“အဲ့ဒါလုပ်ဖို့ မလိုအပ်ဘူး။”
အာရန်သည် အလင်းရောင်ဖုံးလွှမ်းသွားသည့် အချိန်တိုလေးအားအခွင့်ကောင်းယူကာ သူ၏အဝတ်အစားများကို လျှင်မြန်စွာ ပြောင်းလဲဝတ်ဆင်လိုက် ရင်းပြန်ဖြေလိုက်၏။
အာရန်သည် သူ၏ကိုယ်ပွား ဝတ်ဆင်ထားသည့် အဝတ်အစားများနှင့် တူညီသော အဝတ်အစားများကို အမြန်ပြောင်းလဲဝတ်ဆင်လိုက်သည်။
“ငါတို့ အချိန်တွေ အများကြီး ဖြုန်းခဲ့ပြီးပြီ။ ဒါကို အဆုံးသတ်လိုက်ကြစို့။” သူ၏အဝတ်အစားများကို ပြောင်းလဲဝတ်ဆင်လိုက်ပြီးနောက် အာရန်သည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။
ထို့နောက် သေလုမျောပါး လူတစ်ဦးကဲ့သို့ပင် ကျယ်လောင်စွာ အော်ဟစ်ငြီးတွားလိုက်တော့သည်။
“အား...”
နစ်ခရိုမန်ဆာတစ်ဦး၏ နာကျင်စွာ အော်ဟစ်လိုက်သံတစ်ခုကို ကြားလိုက်ရချိန်တွင်ပင် ကောင်းကင်သည် ဆက်လက်၍ လင်းလက်တောက်ပနေဆဲပင်။
“သန့်စင်ဧကရာဇ် မင်းငါ့ကို သတ်လိုက်နိုင်ရင်တောင် မင်းတို့ရဲ့ အနာဂတ်ကို ပြောင်းလဲပစ်နိုင်မှာမဟုတ်ဘူး။ အနောက်တိုက်ဟာ မကြာခင်မှာ ကျဆုံးရလိမ့်မယ် အမှောင်ထုက အလင်းကို အမြဲတမ်း ဝါးမြိုသွားလိမ့်မယ်... ဟား...ဟား...ဟား...”
ထိုရွှေရောင်ဓားဖြင့် ထိုးခွင်းခြင်းခံလိုက်ရသော နစ်ခရိုမန်ဆာတစ်ဦး၏ နောက်ဆုံးစကားများသည် တဖြည်းဖြည်း ပိုမို၍ အားပျော့လာခဲ့သည်။
မည်သူမျှ ကောင်းကင်ယံ၌ မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို မမြင်နိုင်ခဲ့ကြဘဲ ၎င်းတို့ အစောပိုင်း မြင်တွေ့ခဲ့ရသည်များနှင့် ယခု ကြားနေရသည့်အသံများကို ချိန်ဆ၍သာ စိတ်ကူးပုံဖော် ကြည့်နိုင်ခဲ့ကြသည်။
“ဒီလောက်တောင် ရှက်စရာကောင်းအောင် သရုပ်ဆောင်ဖို့လိုလို့လား။ အဲ့ဒီစကားတွေက တကယ်ကိုပဲ…”
အာရန်၏ကိုယ်ပွားသည် အာရန်အား ထူးဆန်းစွာ စိုက်ကြည့်နေလိုက်သည်။
သူသည် အာရန်၏ ပြောစကားများအတွက် အာရန်ကိုယ်စား ဒုတိယအကြိမ်မြောက် ရှက်ရွံ့မှုတစ်ခုကို ခံစားမိလိုက်သည်။
“မင်း ဘာသိလဲ.. ဒီစကားလုံးတွေက ဗီလိန်တွေ သေခါနီး ပြောနေကြ ဒဏ္ဍာရီလာ စကားလုံးတွေကွ”
အာရန်သည် ထိုစကားများကို ပြောနေစဉ် သူ ကိုယ်တိုင် ခံစားနေရသော ရှက်ရွံ့မှုကို ဖုံးကွယ်ရန် ကိုယ်ပွားအားထိုသို့ တန်ပြန်ပြောလိုက်၏။
ထိုစကားလုံးများသည် အနည်းငယ် ရှက်စရာကောင်းနေသော်လည်း သူ ဖတ်ဖူးခဲ့သည့် တတ္ထုများအတွင်းရှိ ဗီလိန်များသည် ထိုကဲ့သို့ သရုပ်ဆောင်မှုမျိုးကိုသာ ပြုလုပ်ခဲ့ကြလေသည်။
အာရန်သည် ထိုရှက်စရာကောင်းသော မြင်ကွင်းများကို မှတ်ဉာဏ်ထဲမှ အမြန်ဆုံး ဖျောက်ဖျက်ပစ်နိုင်ရန် ကြိုးစားရင်း မည်သည့်ရှင်းလင်းချက်မျှ ထပ်မံမပေးတော့ချေ။
ထိုအတောအတွင်း သူ၏ ခန္ဓာကိုယ်သည် သန့်စင်ဧကရာဇ်၏ ပုံစံသို့ ပြန်ပြောင်းလဲသွားခဲ့သည်။
အာရန်သည် သူ၏ ဧကရာဇ်အဖြစ် ဟန်ဆောင်ထားသော ကိုယ်ပွားအားလည်း အစောင့်တစ်ဦး၏ ပုံစံသို့ ဝတ်စုံနှင့်တကွ ပြောင်းလဲပေးလိုက်သည်။
မည်သူမျှ သူ့တို့ကို မမြင်နိုင်ချိန်ကို အခွင့်ကောင်းယူကာ ကိုယ်ပွားသည် နောက်သို့ ပျံသန်းဆုတ်ခွာသွားခဲ့ပြီး မိစ္ဆာဂိုဏ်းမှ မဟာအကြီးအကဲနှစ်ဦးဘေးတွင် ဆင်းသက်လိုက်သည်။
အာရန်သည် သူအစောပိုင်း ဝတ်ဆင်ထားခဲ့သည့်အတိုင်း ပုံစံတူဝတ်စုံကို ဝတ်ဆင်ထားသည့် အလောင်းတစ်ခုအား စနစ်သိုလှောင်ခန်းအတွင်းမှ ထုတ်ယူလိုက်သည်။
သို့သော်လည်း သူသည် ထိုအလောင်းကို ဂရုမစိုက်ခဲ့ပေ။
၎င်းသည် လူအများ မြင်တွေ့ရန်လိုအပ်သည့် နောက်ဆုံးမြင်ကွင်းကို ဖန်တီးရန်အတွက်သာ ဖြစ်လေ၏။
ကောင်းကင်ရှိ အလင်းရောင်သည် တဖြည်းဖြည်းပြန်လည် မှေးမှိန်လာခဲ့ပြီး လူများသည် အစောပိုင်း နစ်ခရိုမန်ဆာဖြစ်မည်ဟုခန့်မှန်းရသူတစ်ဦး ကောင်းကင်မှ အောက်သို့ ပြုတ်ကျလာနေသည်ကို မြင်တွေ့လိုက်ကြရသည်။
အာရန်သည် သူ၏လက်ကို မြှောက်လိုက်ပြီး ကောင်းချီးစွမ်းအင်များဖြင့် ဖန်တီးထားသည့် လှံတံတစ်ချောင်းကို ဆင့်ခေါ်လိုက်သည်။
သူသည် ထိုလှံကို ပစ်လွှတ်လိုက်ရာ ပြုတ်ကျနေသော အလောင်း၏ ရင်ဘတ်ကို ဖောက်ထွင်းဝင်ရောက်သွားခဲ့သည်။
ထိုနစ်ခရိုမန်ဆာ၏ ခန္ဓာကိုယ် မြေပြင်ပေါ်သို့ မရောက်မီမှာပင် ကောင်းချီးစွမ်းအင်များမှ သူ၏ အဝတ်အစားများအပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးအား ဖျက်ဆီးပစ်လိုက်လေသည်။
ထိုနေရာရှိ လူတိုင်းသည် ထိုနစ်ခရိုမန်ဆာ၏ ခန္ဓာကိုယ်မှာ အနည်းငယ်မျှပင် အစအန မကျန်တော့အောင် ဖျက်ဆီးခံလိုက်ရသည်ကိုသာ ငေးကြည့်နေမိခဲ့ကြသည်။
ထိုအချိန်မှာပင် ယူရီယယ်နှင့် တိုက်ခိုက်နေခဲ့ကြသည့် အာရန်၏ သွေးကိုယ်ပွားများသည်လည်း ပြန်လည်ပျောက်ကွယ်သွားခဲ့ပြီး တဖြည်းဖြည်းအငွေ့ပျံ ပျောက်ကွယ်သွားခဲ့ကြကာ အနည်းငယ်မျှသော ခြေရာလက်ရာပင် မကျန်ရစ်ခဲ့ပေ။
အာရန်၏သွေးများ ကျန်ရှိနေသည့် နေရာတိုင်းတွင်လည်း နဂါးလျှာအစွမ်းကြောင့် သွေးများ လုံးဝပျောက်ကွယ်သွားခဲ့ကြသည်။
ထိုအချိန်တွင် ကမ္ဘာကြီးတစ်ခုလုံး လုံးဝတိတ်ဆိတ်သွားသကဲ့သို့ပင် ဖြစ်သွားခဲ့ရသည်။
ပုံရိပ်တစ်ခုသည် အနောက်ဘက်သို့ ဝင်စပြုနေသည့် နေမင်းကြီးနှင့်အတူ ကောင်းကင်ယံ၌ ဝင့်ကြွားစွာ ပျံသန်းလျက်ရှိနေခဲ့ရာ သူ့အား စစ်မှန်သော နတ်ဘုရားတစ်ပါးကဲ့သို့ ပေါ်လွင်နေစေခဲ့၏။
နေမင်းကြီးသည် ခေတ်တစ်ခေတ်၏ ကျဆုံးခြင်းနှင့်အတူ ခေတ်သစ်တစ်ခု ပြန်လည်ပေါ်ထွန်းလာခြင်းအား ဖော်ညွှန်းနေသကဲ့သို့ပင် ဖြစ်နေခဲ့သည်။
၎င်းသည် ဘုရားကျောင်းအစား သန့်စင်ဧကရာဇ်အား ရေညွှန်းနေသည့်ဟန်ပင်။
ဘုရားကျောင်း၏ လွှမ်းမိုးခြင်းကို ခံထားရသော သက်ဝင်ယုံကြည်သူများသည် ၎င်းတို့၏ ယုံကြည်မှုများ စတင်ယိမ်းယိုင်လာလာခဲ့ကြသည်။
ယခုအချိန်တွင် သန့်စင်ဧကရာဇ်နှင့် သူ၏ညီတော် ယူရီယယ်တို့သာ မရှိခဲ့ပါက မြို့တော်တစ်ခုလုံးသည် ယနေ့ ကျဆုံးသွားတော့မည့်အလား ကြုံတွေ့ခဲ့ရခြင်းဖြစ်လေ၏။
၎င်းတို့ အလိုအပ်ဆုံးဖြစ်နေချိန်တွင် ၎င်းတို့အား ကယ်တင်ရန် ဝင်ရောက်လာခဲ့သူမှာ တော်ဝင်မျိုးနွယ်ဝင်နှစ်ဦးပင်ဖြစ်သည်မဟုတ်ပါလား...။
ပြည်သူအများစုသည် ယခု ခံစားနေရသော သန့်စင်ဧကရာဇ်အပေါ် လေးစားမှုမျိုးကို ဘယ်တုံးကမျှ မခံစားဖူးခဲ့ကြချေ။
တော်ဝင်မျိုးနွယ်၏ ဂုဏ်သိက္ခာသည် ပိုမိုအားကောင်းလာသည်နှင့်အမျှ သူ၏ သန့်စင်သောကောင်းချီးအော်ရာများသည် စက္ကန့်တိုင်းစီတွင် ပိုမို၍ ထူထပ်လာနေသည်အား အာရန်တစ်ယောက် ခံစားမိနိုင်ခဲ့၏။
သူ၏ ကောင်းချီးစွမ်းအင်များ ပိုမိုအားကောင်းလာသည့်အတွက် အာရန်တစ်ယောက်အလွန် ပျော်ရွှင်နေခဲ့မိသည်။
တစ်စုံတစ်ဦးသည် ပိုမိုမြင့်မားသောအဆင့်တစ်ခုကို တက်လှမ်းနိုင်လေလေ နောက်ထပ်အဆင့်များထပ်မံ၍ တက်လှမ်းရန် ပိုမို၍ ခက်ခဲလေဖြစ်သောကြောင့် ဤအဆင့်၌ သူ၏ခွန်အား အနည်းငယ် တိုးပွားလာခြင်းသည်ပင် အလွန်အရေးပါနေလေ၏။
သို့သော်လည်း သူ၏ကိုယ်ပိုင်ခွန်အားတိုးတက်လာခြင်းထက် ဘုရားကျောင်းအပေါ် ပြည်သူများ၏ ယုံကြည်မှုများလျော့ကျလာခြင်းက အာရန်အား ပိုမို၍ ကျေနပ်စေခဲ့သည်။
တဖြည်းဖြည်း ဤသတင်းသည် အခြားမြို့များသို့တိုင် ပျံ့နှံ့သွားမည်ဖြစ်ပြီး အချိန်တစ်ခုအတောအတွင်း ဤအနောက်ဘက်တိုက်ကြီးတစ်ခုလုံးထိတိုင် ပျံ့နှံသွားတော့မည်သာဖြစ်လေ၏။
လူအများအပြားသည် ၎င်းကို ယုံကြည်ကြလိမ့််ဦးမည်မဟုတ်ကြောင်း သူ သေချာသိနေခဲ့သည်။
သို့သော်လည်း ၎င်းသည် ဘုရားကျောင်းအား ပြည်သူများ၏ ယုံကြည်မှုကို အနည်းငယ်မျှ အားနည်းစေမည်ဆိုလျှင်ပင် ဤသည်မှာ သန့်စင်ပရောဟိတ်မအတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်နေဆဲပင်။
“ဒီမှာ ဘာတွေဖြစ်ပျက်သွားလဲဆိုတာ သူ သိတဲ့အခါ သူ့မျက်နှာ ဘယ်လိုဖြစ်ပျက်သွားမလဲ ငါ မြင်နိုင်ခဲ့ရင် အတော်ကောင်းမှာပဲ။”
အာရန်သည် သူ၏ အပြုံးကို အနည်းငယ်မျှပင် မဖော်ထုတ်မိစေရန် အစွမ်းကုန် ကြိုးစားလိုက်ရသည်။
သူသည် အလေးအနက်ရှိနေသော အသွင်ကို ဆက်လက်ထိန်းသိမ်းထားခဲ့ပြီး ယူရီယယ်၏ ရှေ့တွင် ဆင်းသက်လိုက်သည်။
အာရန်သည် ယူရီယယ်၏ ပခုံးပေါ်တွင် သူ၏လက်တစ်ဖက်ကို တင်လိုက်ပြီး “ညီတော် မင်းအဆင်ပြေရဲ့လား” ဟု မေးလိုက်သည်။
“အစ်ကိုတော် ဘယ်တုန်းကများ ဒီလောက်တောင် အားကောင်းလာခဲ့ရတာလဲ။” ယူရီယယ်သည် သန့်စင်ဧကရာဇ် ၏ အစောပိုင်း နောက်ဆုံးတိုက်ခိုက်မှု၏ ခွန်အားကြောင့် အံ့ဩနေဆဲဖြစ်သဖြင့် ထိုသို့ မေးလိုက်မိသည်။
သူသာ ထိုတိုက်ခိုက်မှုအတွင်း နစ်ခရိုမန်ဆာ၏ နေရာတွင်သာ ရှိနေခဲ့ပါက ထိုတိုက်ခိုက်မှုမှ လွတ်မြောက်နိုင်ပ့ါမလားဟု တွေးမိလိုက်သည်။
ပထမတွင် သူသည် အစ်ကိုယ်တော်၏ သတ္တိပြန်လည်ရရှိလာခြင်းကြောင့် ဂုဏ်ယူနေခဲ့မိလေသည်။
သို့သော်လည်း တဖြည်းဖြည်းဖြင့် သူ၏အစ်ကိုတော်သည် ဘုရားကျောင်းအား ဆန့်ကျင်ရန် သတ္တိရှိနေရုံသာမက သူ့ထက်ပို၍ ပိုမိုအားကောင်းကြောင်း တွေမြင်လာခဲ့ရသည်။
“မင်းက ကိုယ့်အစ်ကိုကို ကိုယ်ပြန်ပြီး အထင်သေးနေတာလား ကောင်စုတ်လေး။” အာရန်သည် ယူရီယယ်၏ ဦးခေါင်းရှိ ဆံပင်အချို့အား ဖွဖွလေး ကစားရင်းပြောလိုက်သည်။
#Catfoot