← Chapters

ပရောဟိတ်မအတွက်လက်ဆောင်

Vol. 34 Ch. 488

ပရောဟိတ်မအတွက်လက်ဆောင်

Vol. 34 Ch. 488

သာမန် မြောက်ဘက်တိုက်မှ နစ်ခရိုမန်ဆာတစ်ဦးသည် ကောင်းချီးနယ်မြေ ကဲ့သို့ အတားအဆီးမျိုးကို ဖြတ်သန်းလာနိုင်လိမ့်မည် မဟုတ်ချေ။

သို့ဆိုလျှင် ထိုနစ်ခရိုမန်ဆာသည် ဤနေရာသို့ မည်သို့ရောက်ရှိလာနိုင်ခဲ့သနည်း။

ဤနေရာတွင် သူမမှလွဲ၍ ဂိတ်တံခါးပေါက်တစ်ခု ဖန်တီးနိုင်သည့် တစ်ဦးတည်းသောသူမှာ ယခုဖြစ်ရပ်အတွင်း ကယ်တင်ရှင်တစ်ဦးအဖြစ် အများကသတ်မှတ်လာကြသည့် သန့်စင်ဧကရာဇ်တစ်ဦးတည်းသာလျှင် ဖြစ်နေ၏။

သူသည် မိစ္ဆာဂိုဏ်းမှ သံတမန်များနှင့် ရင်းနှီးရုံသာမက နဂါးများထံမှလည်း တစ်နည်းနည်းဖြင့် အကူအညီ ရရှိနိုင်ခဲ့ဟန်တူသည်။

သူမသည် ထိုအချက်ကို တွေးလိုက်မိသောအခါ အရာအားလုံးကို ဆက်စပ်၍ နားလည်လာခဲ့သည်။

သန့်စင်ဧကရာဇ်သည် နောက်ဆုံးတွင် သူ၏လက်ထဲမှ လျှို့ဝှက်ချက်များကို ဖော်ထုတ်ပြသလာခဲ့ပြီ ဖြစ်၏။

“ဒါက စစ်ကြေညာတာလား ဒေမီယန်ဗယ်လာရီယန်။”

သူမသည် သာမန်လူများကို ကျောခိုင်းလိုက်ပြီး သွေးများ စွန်းထင်းလျက်ရှိနေသော ဘုရားကျောင်းသို့ ပြန်သွားလိုက်သည်။

တိုက်ကြီးတစ်ခုလုံးတွင် နတ်ဘုရားမအပေါ် ယုံကြည်မှုရှိသည့် လူသန်းပေါင်းများစွာ ရှိနေသေးလေသည်။

ယုံကြည်သူ အနည်းငယ်လောက် ဆုံးရှုံးသွားခြင်းက အရာရာကို သိသိသာသာ ပြောင်းလဲနိုင်မည်မဟုတ်ချေ။

အချိန်ကိုက်ဖြစ်ပျက်သွားခဲ့သောအရာများဖြစ်နေသော်လည်း ၎င်းက သူမကို အရေးကြီးသော သင်ခန်းစာတစ်ခု ပေးခဲ့ခြင်းလည်းဖြစ်လေသည်။

သူမအတွက် ဤသည်မှာ အစမျှသာ ရှိသေးလေသည်။

ဧကရာဇ်က သူ၏ ပထမဆုံးခြေလှမ်းကို လှမ်းလိုက်ပြီဖြစ်သဖြင့် သူမအနေနှင့်လည်း ထိုက်တန်သော တုံ့ပြန်မှုတစ်ခုကို ပြန်ပေးရန်သာကျန်တော့၏။

သူမ၏ ကောင်းချီးအဆီအနှစ်များသည် ရုတ်တရက် ဆူနာမီလှိုင်းလုံးတစ်ခုကဲ့သို့ မြင့်တက်လာခဲ့ကာ ဘုရားကျောင်းတစ်ခုလုံးကို ဝန်းရံသွားခဲ့သည်။ သွေးများစွန်းထင်းနေသည့် လမ်းမများနှင့် ခန်းမများအားလုံးကို ပြန်လည်သန့်စင်ပစ်လိုက်လေသည်။

အလောင်းများကိုပင် ထိုကောင်းချီးစွမ်းအင်များဖြင့်ပင် ဖျက်ဆီးပစ်ခဲ့သည်။

နေရာတစ်ခုလုံးသည် ကောင်းချီးအော်ရာများဖြင့် ဖုံးလွှမ်းသွားခဲ့ကာ ၎င်းသည် အလွန် သက်ရောက်မှု အားကောင်းလှသဖြင့် ဘုရားကျောင်းပတ်လည်တွင်ပင် အားကောင်းသောလေမုန်တိုင်းတစ်ခု ဖန်တီးမိသလိုဖြစ်သွားခဲ့ကာ သာမန်လူများနှင့် တော်ဝင်အစောင့်များကိုပင် နောက်သို့ တွန်းပို့သလိုဖြစ်သွားခဲ့၏။

ဘုရားကျောင်း၏တံခါးများသည် အလိုလို ပြန်ပိတ်သွားခဲ့ကြသည်။

ဖျက်ဆီးခံခဲ့ရသော အခန်းများသည် အလိုအလျောက် ပြန်လည်ပြုပြင်လိုက်ကြသည်။

သူမ၏ ထူးခြားသော ကောင်းချီးစွမ်းရည်ဖြင့် ဟင်းလင်းပြင် ဂိတ်တံခါးပေါက်ပုံစံခွက်များကိုပင် ပြုပြင်ပြီး အခြားမြို့များနှင့် ပြန်လည်ချိတ်ဆက်လိုက်သည်။

“သူတို့ရဲ့ပါးစပ်တွေကို ထာဝရပိတ်လိုက်ရမလား။”

ကာဒီနယ်ရဟန်းအမတ်များသည် သန့်စင်ပရောဟိတ်မနောက်သို့ လိုက်ပါနေပြီး သူမအကြောင်း မကောင်းပြောဆိုခဲ့သည့် လူများအားလုံးကို သတ်ပစ်သင့်မသင့် မေးမြန်းနေခဲ့ကြသည်။

“သူတို့က သာမန်နယ်ရုပ်တွေပဲ။ တကယ့်ကြိုးကိုင်သူက တခြားတစ်ယောက်ပဲ။” သန့်စင်ပရောဟိတ်မသည် ထိုသို့ပြောရင်း ပြန်လည်ပြုံးပြလိုက်သည်။

“ဒါပေမဲ့ သင်တို့ စိုးရိမ်နေစရာမလိုပါဘူး။ ကန့်လန့်ကာနောက်ကွယ်က လူတွေကို အခုတော့ ပျော်ရွှင်နေပါစေဦး။ သူတို့တွေ ခုလုပ်ရပ်ကြောင့် မကြာခင် အဆတစ်ထောင်လောက် ပြန်ပြီးပေးဆပ်ရတော့မှာပါ။”

ထို့‌နောက်သန့်စင်ပရောဟိတ်မသည် မထိမခိုက်ကျန်ရှိနေခဲ့သည့် တစ်ခုတည်းသောနေရာဖြစ်သည့် ဘုရားကျောင်းအခန်းတစ်ခန်းအတွင်းသို့ ပြန်သွားတော့မည်ဖြစ်သဖြင့် သူမနောက်သို့ လိုက်ပါခြင်းမှ ရပ်တန့်ရန် ကာဒီနယ်ရဟန်းအမတ်များအား လက်ဟန်ဖြင့်တားလိုက်သည်။

သူမထွက်သွားခါနီးတွင် အမိန့်တစ်ခုပေးရန်ကိုမူ မမေ့ခဲ့ချေ။

“တခြားဌာနခွဲတွေကို ဆက်သွယ်ပြီး ဒီသတင်းတွေ တခြားမြို့တွေမှာ မပျံ့နှံ့အောင် သေချာလုပ်ခိုင်းထား။ ဧကရာဇ်ရဲ့ ကြီးမြတ်မှုကို တခြားမြို့တွေမှာ ဖြန့်ကြက်ဖို့ ကြိုးစားတဲ့သူတွေကိုတော့ လွတ်မြောက်ခွင့်ပေးလိုက်ကြ။”

“တချို့ဂိုဏ်းအုပ်ဘုန်းတော်ကြီးတွေနဲ့ ကျန်ဘုန်းတော်ကြီးတွေကို ဘုရားကျောင်းရဲ့ အဓိကဌာနခွဲကို လွှတ်လိုက်ကြ။ နောက်ဆုံးအနေနဲ့၊ ဒီဖြစ်ရပ်အကြောင်းကို လုံးဝ အရေးမပါဘူးလို့ ထင်ရတဲ့ အချက်အလက်တွေအပါအဝင် သတင်းအချက်အလက်တွေ အားလုံးကို စုဆောင်းထားခိုင်းလိုက် ကျွန်မ ပြည့်စုံတဲ့အစီရင်ခံစာတစ်ခု လိုချင်တယ်။”

သူမသည် ကာဒီနယ်ရဟန်းအမတ်များအား ညွှန်ကြားချက်များပေးပြီးနောက် အဝေးသို့ထွက်ခွာ ပျောက်ကွယ်သွားခဲ့သည်။

“အရှင်မရဲ့ အမိန့်အတိုင်းဆောင်ရွက်လိုက်ပါ့မယ်”

ကာဒီနယ်ရဟန်းအမတ်များက ပြန်လည်အရိုအသေပေး၍ ပြောလိုက်သော်လည်း သန့်စင်ပရောဟိတ်မမှာမူ ထိုနေရာမှ ပျောက်ကွယ်သွားခဲ့ပြီးဖြစ်လေသည်။

ထိုနေရာရှိ ကာဒီနယ်ရဟန်းအမတ်များအားလုံးသည် အချင်းချင်း သုံးဖွဲ့ခွဲလိုက်ကြသည်။

ပထမအဖွဲ့မှာ တခြားဌာနခွဲများကို ဆက်သွယ်ရန် တာဝန်ယူလိုက်ကြသည်။

ဒုတိယအဖွဲ့မှာမူ သတင်းအချက်အလက်များ စုဆောင်းရန် တာဝန်ယူလိုက်သည်။

တတိယနှင့် နောက်ဆုံးအဖွဲ့မှာတော့ သန့်စင်ပရောဟိတ်မအကြောင်း အတင်းအဖျင်းပြောဆိုသည့် လူများအားလုံးကို ပျောက်ကွယ်သွားစေရန် တာဝန်ရှိလေသည်။

သန့်စင်ပရောဟိတ်မက ၎င်းတို့အား ဤသို့ပြုလုပ်ရန် တိုက်ရိုက် မညွှန်ကြားခဲ့သော်လည်း ၎င်းတို့သည် ထိုလူများကို အသက်ရှင်သန်ခွင့် မပေးနိုင်ချေ။ ကံကောင်းစွာဖြင့် သတ်ဖြတ်ရမည့် လူအရေအတွက်သည် သိပ်တော့မများခဲ့ပေ။

အဖွဲ့သုံးဖွဲ့စလုံးသည် ၎င်းတို့၏ကိုယ်ပိုင်တာဝန်များကိုထမ်း‌ဆောင်ရန် အသီးသီး ကွဲထွက်သွားကြလေသည်။

...

သန့်စင်ပရောဟိတ်မသည် အာရန်တစ်ယောက် မဝင်ရောက်နိုင်ခဲ့သည့် အခန်းတစ်ခုရှေ့သို့ ရောက်ရှိလာခဲ့သည်။

ထိုအခန်းတွင် အာရန်ကိုယ်တိုင်ပင် မချိုးဖျက်နိုင်သည့် အစွမ်းထက်သော ကန့်သတ်ချက်များရှိနေဟန်ရလေ၏။

သူမသည် တံခါးကိုဖွင့်ရန် သူမ၏လက်ကို ဆန့်ထုတ်လိုက်သည်။

သို့သော်လည်း တံခါးဝကို ထိမိခါနီးအချိန်တွင် သူမသည် သူမလက်ကို ရုပ်လိုက်မိသည်။

တံခါးမဘေးရှိ နံရံတွင် ကပ်ထားသော စက္ကူရွက်လေးတစ်ခုကို သူမ သတိပြုမိခဲ့သောကြောင့်ပင်တည်း။

ဒါက လှောင်ပြောင်သည့်စာတစ်စောင်လား။

သို့မဟုတ် ဤနေရာကို တိုက်ခိုက်ခဲ့သည့်လူက ထားခဲ့သော စာလား။

သူမ အတွေးများလိုက်မိသည်။

ထို့နောက် ပရောဟိတ်မသည် ခေါက်ထားသော စက္ကူအပိုင်းအစကို နံရံမှ ဆွဲဖြုတ်လိုက်သည်။

သူမသည် ထိုစာကို ဖွင့်ဖတ်ရန် ကျိုးစားလိုက်သည်။

“ဟမ် ဒါက...”

သူမသည် စာကို လုံးဝဖွင့်လိုက်သည့်အခိုက်တွင် သူမ၏အမူအရာများ ပိုမိုမှောင်မိုက်သွားခဲ့သည်။

ထိုစာရွက်တွင် မည်သည့်စာသားမျှ မပါဝင်ခဲ့ချေ။

ယင်းအစား ထိုစက္ကူသည် အစီအရင်တစ်ခုဖြင့် ဖန်တီးထားသည့် အဆောင်လက်ဖွဲ့တစ်ခုပင် ဖြစ်နေလေ၏။

သန့်စင်ပရောဟိတ်မသည် မည်သို့မျှ မတုံ့ပြန်နိုင်မီမှာပင် အဆောင်လက်ဖွဲ့သည် သူမ၏မျက်နှာရှေ့တွင်ပင် ပေါက်ကွဲသွားခဲ့သည်။

ဤကဲ့သို့ အရာမျိုးဖြင့် သူမ ကိုထိခိုက်စေမည်မဟုတ်ကြောင်း အာရန်တစ်ယောက် သိနေခဲ့သော်လည်း သက်သက်ပင် ထိုသို့ ဒုတိယအကြိမ်မြောက် ပေါက်ကွဲအောင် ကြိုးစားခဲ့ခြင်း ဖြစ်လေ၏။

...

အာရန်သည် လသာဆောင်ပြတင်းပေါက်ရှေ့တွင် ရပ်နေခဲ့ပြီး မြို့တော်ကြီးအား ငေးကြည့်နေမိခဲ့သည်။

“ဒီရှုခင်းတွေက ဘယ်တော့မှ ငြီးငွေ့စရာမကောင်းဘူး။”

တော်ဝင်နန်းတော်ကဲ့သို့ ခမ်းနားထည်ဝါသော ဘုရားကျောင်းဘက်သို့ သူ၏အကြည့် များ ရောက်ရှိသွားသောအခါ သူ၏ နှုတ်ခမ်းတွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။

အဆောင်လက်ဖွဲ့ အသက်ဝင်လာသည်နှင့် တပြိုင်နက် သူသည် ၎င်းအား ခံစားမိနိုင်ခဲ့၏။

သူ၏ လက်ဆောင်က ပစ်မှတ်ကို ထိမှန်သွားသည့်အတွက် သူ့အနေနှင့် အနည်းငယ် ကျေနပ်မိလိုက်သည်။

“မင်းကိုဘယ်သူလုပ်မှန်း သိပြီးသားဖြစ်မှာပါ။ ဒါဆို မင်း ရူးသွပ်ပြီး တော်ဝင်နန်းတော်ကို တိုက်ရိက်ဝင်တိုက်ခိုက်မလား။ ဒါမှမဟုတ် ပိုပြီး ငြိမ်သက်သွားမလား..။ ဘယ်အရာကိုပဲ ရွေးချယ်ပါစေ အချစ်ရေ မင်းအနှေးနဲ့အမြန် င့ါလက်ထဲကို ရောက်လာ‌တော့မှာပါ။”

အာရန်သည် ပရောဟိတ်မတစ်ယောက် တော်ဝင်နန်းတော်ကို တိုက်ခိုက်တော့မည့် အဆိုးဆုံးအခြေအနေအတွက် ပြင်ဆင်ထားနှင့်ပြီးသားဖြစ်လေသည်။

သူမသည် ဤအချိန်တွင် ဤမျှ မိုက်မဲသည့်အရာမျိုးကို လုပ်မည်မဟုတ်ကြောင်း တွေးမိလိုက်သော်လည်း အာရန်သည် ပြင်ဆင်မှုတိုင်းကို စနစ်တကျ ပြုလုပ်ထားခဲ့ပြီးဖြစ်၏။

သူသည် အဆောင်လက်ဖွဲ့ အသက်ဝင်ပြီးနောက် ငါးမိနစ်ကြာ စောင့်ဆိုင်းနေခဲ့သော်လည်း သန့်စင်ပရောဟိတ်မသည် ဘုရားကျောင်းမှ တစ်လက်မမျှပင် မထွက်ခွာခဲ့ပေ။

“ဒါဆို မင်းက ဒုတိယရွေးချယ်မှုကို ရွေးခဲ့တာပေါ့။ တကယ်ကို အမျှော်အမြင်ရှိတဲ့ ဆုံးဖြတ်ချက်ပဲ။”

အာရန်သည် နောက်သို့ပြန်လှည့်လိုက်ပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။

...

သန့်စင်ပရောဟိတ်မသည် သူမ၏မျက်နှာပေါ်ရှိ ပူလောင်သောခံစားချက်တစ်ခုကို ခံစားမိလိုက်သည်။

သို့သော်လည်း သူမ၏မျက်နှာသည် စက္ကန့်ပိုင်းအတွင်း ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။

စပ်ဖျဉ်းဖျဉ်းခံစားချက်တစ်ခုကို ခံစားနေရချိန်တွင်ပင် သူမသည် မည်သည့်‌‌ဒေါသတရားကိုမျှ မဖော်ပြခဲ့ပေ။

သူမ၏ မျက်ဝန်းများတွင်မူ အချိန်တန်လာသောအခါ အရာအားလုံးကို ဝါးမြိုသွားနိုင်သည့် မုန်တိုင်းတစ်ခုမတိုင်မီ တိတ်ဆိတ်ခြင်းများကို မြှုပ်နှံသယ်ဆောင်ထားသကဲ့သို့ပင်။

သူမသည် အခန်းတံခါးကိုဖွင့်ပြီး ဘုရားကျောင်း၏ ဗဟိုချက် အတွင်းပိုင်းသို့ ဝင်ရောက်လိုက်၏။

ထို့နောက် တံခါးသည် အလိုအလျောက် ပြန်ပိတ်သွားခဲ့လေသည်။

ဘုရားကျောင်းအတွင်း၌ သူမသည် နတ်ဘုရားမ၏ ဧရာမရုပ်တုကြီးအား စိုက်ကြည့်နေခဲ့မိပြီး ၎င်းအနီးသို့ ပိုမိုနီးကပ်စွာ ခြေလှမ်းလိုက်သည်။

#Catfoot

All Chapters