← Chapters

စကားကြီးစကားကျယ်ပြောခြင်း

Vol. 34 Ch. 494

စကားကြီးစကားကျယ်ပြောခြင်း

Vol. 34 Ch. 494

…

မိန်းကလေးသည် အခန်းထဲမှ ထွက်ခွာသွားသော အာရန်ကို စိုက်ကြည့်နေခဲ့မိသည်။ သူက လွယ်ကူစွာ သဘောတူလိုက်သည်ကို မြင်လိုက်ရသောအခါ သူမတွင် စိတ်ပျက်ဒေါသထွက်မှုများ ပေါ်ပေါက်လာခဲ့ရသည်။

သူမကဲ့သို့သော မိန်းကလေးတစ်ဦးမှ သူ့အား စွန့်ခွာသွားချိန်တွင်ပင် သူသည် အဘယ်ကြောင့် ဤမျှ သက်တောင့်သက်သာ ဖြစ်နေနိုင်ရသနည်း။

ဧကရာဇ်၏ လျစ်လျူရှုသော အမူအရာကို သူမ နားမလည်နိုင်ခဲ့ပေ။

သို့သော်လည်း ဧကရာဇ်တစ်ယောက် တံခါးဝတွင် ရပ်တန့်သွားသည်ကို မြင်သောအခါမှသာ သူမ၏ ဒေါသများ ပြန်လည်ငြိမ်သက်သွားခဲ့ရသည်။ သူမ၏ အကြည့်သည် တစ်ဖန် ပြန်လည် အေးစက်သွားခဲ့၏။

ဧကရာဇ်သည် အစောပိုင်းက ဘာမှမဖြစ်သည့်ပုံဖြင့် ဟန်ဆောင်နေခြင်းသာ ဖြစ်ကြောင်း သူမ ယုံကြည်သွားခဲ့သည်။

သူသည် သူမအား ထွက်မသွားရန် အသနားခံတော့မည်မှာ သေချာနေလေသည်။

ထိုသို့မဟုတ်ပါက အခန်းမှ ထွက်ခွာရန် အဘယ်ကြောင့် သူသည် ဤကဲသို့ တုံ့ဆိုင်းနေခဲ့မည်နည်း။

သူမအတွက် သူ၏အပြုအမူ အားလုံးမှာ စတင်၍ အဓိပ္ပာယ်ရှိလာခဲ့သည်။

ယခင်က သူ၏ ပေါ့ပေါ့တန်တန် အမူအရာသည် ဟန်ဆောင်မှုတစ်ခုသာဖြစ်ခဲ့ပြီး သူမက သူ့အား ထွက်သွားခြင်းမှ တားဆီးလေမလားဟု တွေးမိသောကြောင့် ဖြစ်တန်ရာ၏။

ယခု သူမသည် ထိုသို့ မပြုမူခဲ့သောကြောင့် ဧကရာဇ်သည် သူ၏ စစ်မှန်သော ခံစားချက်များနှင့်အတူ သူ၏မာနများကို ခဝါချကာ သူ၏ သူမအပေါ် အသည်းအသန်ဖြစ်နေမှုများကို ထုတ်ဖော်ပြသတော့မည်ဖြစ်လေသည်။

သူမသည် သူမ၏လက်နှစ်ဖက်ကို ပြန်လည် ပိုက်ထားလိုက်ပြီး ဧကရာဇ်တစ်ယောက် အသနားခံလာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့၏။

သူ့၏ ကြေမွလွယ်သော နှလုံးသားကို နင်းချေမည့် စကားလုံးအချို့ကို သုံးနှုန်းပြီး‌နောက် အစောပိုင်းက သူပြုမူသကဲ့သို့ပင် သူမအနေဖြင့် အပြင်သို့လျှောက်ထွက်သွားရန် ပြင်ဆင်ထားလိုက်သည်။

သူမ မျှော်လင့်ထားသည့်အတိုင်းပင် အာရန်သည် နောက်ပြန် လှည့်လာခဲ့ပြီး သူမအား ထပ်မံ၍ စိုက်ကြည့်လိုက်သည်။

သို့သော် သူသည် သူမရှေ့တွင် ဒူးတော့မထောက်သေးပေ။

သူသည် သူမအား အသနားခံတော့မည့်ပုံပင် ရှိမနေခဲ့ချေ။

ယင်းအစား သူ၏မျက်နှာအမူအရာများမှာ အတော်အတန်ပင် တည်ငြိမ်နေခဲ့၏။

အမှန်ဆိုပါက သူသည် အနည်းငယ်ပင် ပိုမိုစိတ်သက်သာရာ ရသွားသည့်ပုံ ပေါ်နေခဲ့သည်။

“ရိုးရိုးသားသား ပြောရရင် မင်း ဒီကို လာပြီး စေ့စပ်ပွဲကို ဖျက်လိုက်တာကို ငါကိုယ်တော် တကယ်ကိုပျော်ရွှင်မိတယ်။ ငါကိုယ်တိုင်လည်း အစောကတည်းက ဒီလိုမျိုး ပြုမူချင်နေခဲ့တာ၊ ဒါပေမယ့် အချိန်မရခဲ့ဘူး” ဟု အာရန်က ပြန်ပြောလိုက်ရာ သူမ၏ မျက်နှာအမူအရာများ ချင်ချင်း ပြောင်းလဲသွားခဲ့သည်။

“ရှင် ဘာပြောလိုက်တာလဲ ဒါက ရှင်တို့ ယောက်ျားတွေရဲ့ အတ္တကို ကာကွယ်ဖို့အတွက် သေးနုပ်တဲ့ ကြိုးစားမှုတစ်ခုတဲ့လား”

မိန်းကလေးသည် မျက်လုံးများ ပြန်လည် ကျဉ်းမြောင်းသွားပြီး သူမ၏ နှုတ်ခမ်းများသည် ဒေါသထွက်စွာဖြင့် တုန်ယင်နေ၏။

ဤလူက သူမနှင့် စေ့စပ်ပွဲကို ဖျက်လိုနေခဲ့သည်တဲ့လား။

ဘယ်လောက်တောင် ရဲရင့်လိုက်သည့်အပြုအမူနည်း။

သူက အဘယ်ကြောင့် ထိုသို့ တွေးနိုင်ရသနည်း။

သူက ကိုယ့်ကိုကိုယ်ကို ဘာများ ထင်နေတာလဲ...။

“ငါ့အတ္တကို ကာကွယ်ဖို့ မလိုအပ်ပါဘူး။ မင်းကိုစိတ်ထိခိုက်စေမှာစိုးလို့သာ ငါ အရင်က မပြောမိခဲ့တာပါ။ ဒါပေမယ့် ငါ ထွက်သွားခါနီးနှ မင်းအပေါ်ကို ပိုပြီး ရိုးသားသင့်တယ်ဆိုတာ တွေးမိခဲ့တယ်”

အာရန်၏ မျက်လုံးများတွင် အနည်းငယ်မျှသော နောင်တပင် ရှိနေဟန်မရပေ။

“ငါကိုယ်တော်မှာ ချစ်ရတဲ့ အမျိုးသမီးတစ်ယောက် ရှိနေတယ်။ မင်းကို မခံစားရစေပဲ စေ့စပ်ပွဲကို ဖျက်သိမ်းနိုင်ဖို့ နည်းလမ်းတွေကို ငါ အချိန်တိုင်း တွေနေခဲ့မိတာ။ ဒီလို သူ့ဘာသာသူ အဆင်ပြေသွားလိမ့်မယ်လို့ တကယ်ကိုမထင်မိခဲ့ဘူး”

“ခုမင်းကိုယ်တိုင်လာပြောလာတာမိုး ငါကိုယ်တော် တကယ်ကို ဝမ်းသာရပါတယ်။” အာရန်သည် တစ်ချက်ပြုံးပြလိုက်ပြီး သူ့အတွက် အရာရာကို ပိုမိုလွယ်ကူအောင် ပြုလုပ်ပေးနေသော ထိုမိန်းကလေးအပေါ် ကျေးဇူးတင်နေပုံရ၏။

“ရှင်က နောက်မိန်းမတစ်ယောက်အတွက်နဲ့ ကျွန်မကို စွန့်ပစ်ချင်နေခဲ့တာလား” မိန်းကလေးသည် အစောပိုင်းက သူမကိုယ်တိုင် သူ့အား စွန့်ခွာရန် ရောက်လာခဲ့ခြင်း ဖြစ်သည့် အကြောင်းကိုပင် မေ့လျော့သွားခဲ့ပြီး အာရန်အား မယုံကြည်နိုင်စွာ စိုက်ကြည့်နေလိုက်သည်။

“ရှုယင်ရေ မင်း ကိုယ့်ကိုယ်ကို ဘာလို့လာမတွေ့သေးတာလဲ” ဟု အာရန်က လှမ်းခေါ်လိုက်ရာ သူ၏စကားများက စင်္ကြံလမ်းတစ်လျှောက်တွင် ပဲ့တင်ထပ်သွားခဲ့၏။

ရှုယင်သည် အရိပ်ထဲမှ ထွက်လာခဲ့ကာ အာရန်နှင့်သူ၏ သက်ဆိုင်မှုကို ဖော်ပြလိုက်သည်။

သူမ၏ မျက်နှာတွင် အနည်းငယ် နီမြန်းလျက်ရှိနေခဲ့ပြီး အာရန်မှ သူမအား ယခုကဲ့သို့ လူမိသွားလိမ့်မည်ဟု တကယ်ကို မျှော်လင့်မထားခဲ့ပေ။

သူမကို နောက်မှ လိုက်မလာရန် အာရန်တစ်ယောက်မှာထားခဲ့သော်လည်း သူမသည် ထိုဧကရာဇ်၏ မိဖုရားလောင်းဆိုသူအမျိုးသမီးနှင့် ဘာဆက်ဖြစ်မည်ကို သိလိုသဖြင့် သူ့နောက်မှ တိတ်တိတ်လေး လိုက်လာရန် ဆုံးဖြတ်လိုက်သည်။

အာရန်သည် သူမအား မြန်မြန်ဆန်ဆန်ပင် မြင်တွေ့ခဲ့ရုံသာမက ယခုကဲ့သို့ မိတ်ဆက်ပေးလိုက်မည်ဟု သူမအနေနှင့်တကယ့်ကိုပင် မမျှော်လင့်ထားခဲ့ပေ။

ရှုယင်သာမက အာရန်သည် ဇီယာနှင့် သူ၏ကိုယ်ပွားတို့၏ တည်ရှိမှုများကိုလည်း သတိပြုမိနှင့်ပြီးသားဖြစ်လေ၏။

ထိုနှစ်ဦးမှာလည်း သူနှင့် သိပ်မဝေးသော အရပ်တွင် ပုန်းအောင်းလျက် ရှိနေခဲ့သည်။

သို့သော် အာရန်သည် ၎င်းတို့၏ တည်ရှိမှုများကို ဖော်ထုတ်ခြင်း မပြုခဲ့ပေ။

“သူမက ငါ့ရဲ့ မိဖုရားဖြစ်လာမယ့်သူပဲ” ဟု အာရန်က လက်လှမ်းပေးလိုက်ကာ ရှုယင်၏လက်ကလေးကို ညင်သာစွာ ဆုပ်ကိုင်ထားလိုက်၏။

ထိုစဥ်အာရန်သည် သူမအား ရုတ်တရက် ဆွဲယူလိုက်ပြီး သူမ၏နောက်ကျောဘက်ရှိ ခါးသွယ်သွယ်လေးအား ပွေ့ဖက်ထားလိုက်သည်။

ရှုယင်သည် သူမ၏မျက်နှာတွင် ပါးလွှာသည့် ပုဝါပါးလေးကို ဝတ်ဆင်ထားဆဲဖြစ်သော်လည်း ထိုအရာက သူမ၏အလှကိုမူ ဖုံးကွယ်ရန် မလုံလောက်ခဲ့ပေ။

ထိုမိန်းကလေးသည် ရှုယင်အား အပေါ်အောက် စုံဆန်၍ ကြည့်လိုက်မိပြီးနောက် သူမ၏ ရင်သပ်ရှုမောဖွယ်ရာ အလှတရားကြောင့် သူမကိုယ်တိုင်ပင် မှင်သက်သွားခဲ့မိသည်။

ထိုမိန်းကလေးသည် အာရန်အား ချစ်မြတ်နိုးခြင်းမရှိသော်လည်း သူမ၏နှလုံးသားအတွင်း ထူးဆန်းစွာ နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။

၎င်းသည် သူမ၏ မာနကြောင့်ပေလားတော့ မသိနိုင်ပေ။

သူမသည် သန့်စင်ဧကရာဇ်အား အထင်သေးနေခဲ့သော်လည်း အမှန်တကယ်မှာမူ သူမသည် သူ၏ မျက်လုံးထဲတွင်ပင် မရှိခဲ့ဘူးတဲ့လား...။

သူသည် သူမကိုပင် သူ့နှင့်ထိုက်တန်သည်ဟု မထင်မှတ်တော့ဘူးလား။

သူ့တွင် အခြား ချစ်သူအမျိုးသမီးတစ်ဦး ရှာတွေ့နှင့်ပြီးသား ဖြစ်နေခဲ့သည်တဲ့လား...။

သူမသည် စေ့စပ်ပွဲကို ဖျက်ရန် အတွက် ထိုသန့်စင်ဧကရာဇ်ကိုပင် သတ်ရနိုင်သည်ဟု တွေးထင်ခဲ့သော်လည်း ဤလူက သူမကို အရင်စွန့်လွှတ်ထားနှင့်ပြီးသားဖြစ်နေခဲ့ကာ သူသည် သူမနှင့်ထိုက်တန်သည်ဟုပင် ထင်မှတ်ထားခဲ့ပုံမရပေ။

ထိုမိန်းကလေးသည် စိတ်ပျက်မှုကို ဖုံးကွယ်ရန် ကြိုးစားရင်း လှောင်ပြောင်ရယ်မောလိုက်သည်။

“ဟိဟိ ကောင်းပါတယ်။ ရှင်တို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် ထိုက်တန်ပါတယ်။ ရှင်တို့နှစ်ယောက်စလုံးက ရေတွင်းပျက်အောက်ခြေက ဖားသူငယ်တွေပဲလေ၊ ဒါကြောင့် သင့်တော်တဲ့စုံတွဲလို့ခေါ်ဆိုနိုင်ပါတယ်”

အာရန်သည် ရှုယင်အား အနီးကပ် ပွေ့ဖက်ထားစဉ် သူမ၏ မျက်နှာဖုံးလေးအား လေထဲတွင် လွင့်ထွက်သွားစေရန် သူ၏နဂါးလျှာအစွမ်းကို လိမ္မာပါးနပ်စွာ အသုံးပြုလိုက်ပြီး သူမ၏မျက်နှာကို လှစ်ဟဖော်ပြလိုက်၏။

ထိုခဏတာအတွင်းမှာပင် ရှုယင်၏ လှပနိုင်လွန်းသောမျက်နှာလေးကြောင့် ထိုမိန်းကလေးပင် ပါးစပ်အဟောင်းသား မှင်သက်မိသွားခဲ့ပြန်သည်။

သူမ လက်ခံချင်သည်ဖြစ်စေ လက်မခံချင်သည်ဖြစ်စေ ရှုယင်သည် သူမထက် များစွာ ပိုမိုလှပသည်ဆိုသောအချက်မှာ ငြင်း၍ မရနိုင်ပေ။

အာရန်သည် တကယ်ပင် ထိုမျှ သာလွန်နေသလော။

သူမကဲ့သို့ လှပသော အမျိုးသမီးတစ်ဦးက အဘယ်ကြောင့် သူနှင့်အတူ ရှိနေနိုင်ရသနည်း။

၎င်းသည် မိန်းမတစ်ဦး၏ ပင်ကိုယ် အသိစိတ်ပင် ဖြစ်လေသည်။

တစ်စုံတစ်ဦးက သူမတို့ပိုင်ဆိုင်ရမည့် အရာများကို လိုချင်လာသောအခါ ၎င်းသည် သူမတို့၏ မျက်လုံးများအတွင်း ပိုမို၍ တန်ဖိုးရှိလာတတ်ကြသည်။

“ဒီလောက် လှတဲ့ မိန်းကလေးတစ်ယောက်နဲ့ ငါ့ဘဝရဲ့ကျန်သက်တမ်းတစ်လျှောက်ကို ကုန်ဆုံးရမယ်ဆိုရင် ရေတွင်းပျက်ထဲက ဖားသူငယ်ဖြစ်ရတာကို ငါပျော်ပျော်ကြီးကျေနပ်ပါတယ်” ဟု အာရန်က ပြန်ပြောလိုက်ပြီး ဧည့်သည်မိန်းကလေး၏ ရှေ့တွင်ပင် ရှုယင်၏ လည်တိုင်အား အနမ်းတစ်ပွင့် ချွေလိုက်၏။

“နောက်ပြီးတော့ ဒီက ဖားသူငယ်မိန်းကလေးလောက်တောင် မလှပဲနဲ့ စကားကြီးစကားကျယ်တွေတော့ မပြောသင့်ဘူး ထင်တယ်” ဟု အာရန်က ထပ်မံ၍ဆိုလိုက်၏။

သူသည် သူမအား အစတကည်းက မလိုချင်ခဲ့ကြောင်း အချက်ကို ဖော်ဆောင်နိုင်ပြီး ဖြစ်သည့်အပြင် သူမ ဖားသူငယ်ဟုခေါ်ဆိုသောအမျိုးသမီးသည် မည်မျှ ထူးခြားကြောင်း သူမ၏ နှလုံးသားအတွင်းလက်ခံသွားအောင် ပြသနိုင်ရန် ပြပွဲတစ်ခုအတွင်းသို့ ဆွဲခေါ်လိုက်နိုင်ပြီဖြစ်လေသည်။

သူမသည် သူမကိုယ်သူမ အလွန်အရေးပါသည်ဟု ပြောဆိုနေပါက သူမ၏ ယုံကြည်မှုကို ပေးစွမ်းရန် နောက်ကွယ်မှ အင်အားစုတစ်ခု သို့မဟုတ် ထူးခြားသည့် ရတနာပစ္စည်းများ ရှိနေသည်ဟု ဆိုလိုပေသည်။

အာရန်သည် သူမ၏ မိမိကိုယ်ကို ယုံကြည်မှုများကို ဤနေရာတွင်ပင် ချေမှုန်းပစ်လိုနေခဲ့ပြီး သူသည် သူမနှင့် ကွဲပြားသောအဆင့်တစ်ခုတွင် ရှိနေနှင့်ကြောင်းစ, ထုတ်ဖော်လိုက်မိပါက မည်သည့်အရာများဖြစ်လာနိုင်မည်နည်း။

အာရန်သည် သူရည်ရွယ်ထားသည့်အတိုင်း အလုပ်ဖြစ်မဖြစ်ကိုမူမည် မသိနိုင်သေးပေ။

သို့သော် ၎င်းသည် သူ လုပ်နိုင်သည့် အရာများအတွင်း အကောင်းဆုံးအရာပင်။

အဘယ်ကြောင့်ဆိုသော် သူမကို နောင်တရလာစေရန် အခွင့်အရေးရရှိရန် သူမကို အနည်းဆုံး ဒီနေ့ တစ်ရက်ခန့် အချိန်ယူ၍ တားဆီးထားရမည် ဖြစ်သောကြောင့်ပင်တည်း။

ထို့နောက် တိုက်ပွဲတစ်ခု ဖြစ်လာစေရန် တစ်ခုခု စီစဉ်ပေးရမည်ဖြစ်ကာ ထိုအကြောင်းပြချက်ဖြင့်ပင် သူမ၏ နှလုံးသားတွင်း နောင်တရစေမည့် အခွင့်အရေးရရန် အနည်းဆုံး တစ်ရက်လောက်တော့ အချိန်ယူရမည် ဖြစ်ပေ၏။

#Catfoot

All Chapters