← Chapters

ရုတ်တရက် ရောက်ရှိလာသော ဧည့်သည်

Vol. 34 Ch. 495

ရုတ်တရက် ရောက်ရှိလာသော ဧည့်သည်

Vol. 34 Ch. 495

…

အာရန်၏ စကားကြောင့် မိန်းကလေး၏ မျက်လုံးများသည် ခဏတာ ပြူးကျယ်သွားခဲ့ရသည်။

သူမ၏အမြင်တွင် ဧကရာဇ်သည် အလွန်အတင်းရဲလွန်းနေခဲ့လေသည်။

သူသည် သူ၏ ချစ်သူကို ထုတ်ဖော်ပြသလိုက်သကဲ့သို့ သူမအား တစ်ပြိုင်နက်တည်းမှာပင် စော်ကားသည့်စကာလုံးများကိုလည်း ပြောချလိုက်သေး၏။

“ကျွန်မမှာ ရှင့်ကို ဘာမှထပ်ပြီးရှင်းပြစရာမရှိတော့ဘူး” ဟု မိန်းကလေးသည် ရေခဲတုံးတမျှအေးစက်သောအသံဖြင့် ပြန်ဖြေလိုက်သည်။

အာရန်သည် သူ၏ အပြုအမူမှာ ထိုမိန်းကလေးအား ဒေါသထွက်စေရန် မလုံလောက်ခဲ့သောကြောင့် အတော်လေးစိတ်ပျက်သွားခဲ့မိလေ၏။

“ရှင်တို့ရဲ့ အသိဉာဏ်ကင်းမဲ့မှုတွေနဲ့ အတူ အတူတကွ ပျော်ရွှင်စွာပေါင်းဖက်နိုင်ကြပါစေရှင်”

အာရန်၏ အစောပိုင်းအပြောအဆိုအချို့ကြောင့် သူမသည် အတော်လေး ဒေါသထွက်သွားခဲ့ရသော်လည်း သူမသည် သူ့အား ထပ်မံရင်ဆိုင်ခြင်းမပြုရန် ရွေးချယ်လိုက်သည်။

အာရန်ကို အံ့အားသင့်စေသည်မှာ သူမသည် နောက်ထပ်စကားတစ်ခွန်းမျှပင် ထပ်မံ၍ မပြောတော့ဘဲ သူ့အား ကျောခိုင်း၍ ထွက်ခွာသွားခြင်းပင်။

အာရန်သည် မယုံကြည်နိုင်ဟန်ဖြင့် ထိုနေရာတွင် ငြိမ်သက်စွာ ရပ်လျက်ရှိနေခဲ့၏။

သူ ကျရှုံးသွားခဲ့ပြီလား။

ဤအခြေအနေသည် မုချ ရှုပ်ထွေးလွန်းနေခဲ့သည်။

ရွေးချယ်မှုတစ်ခုကို ပြုလုပ်ထားပြီးဖြစ်သဖြင့် အခြေအနေများသည် သူ့အားစဥ့်စားရန် အချိန်များစွာမပေးခဲ့ပေ။

အာရန်သည် သူမအနေနှင့်သူ့အား ပြန်လည်တုံ့ပြန်ရန် လှုံ့ဆော်မှုတစ်ခုပြုလုပ် နိုင်ခဲ့ပြီဟု တွေးထင်မိခဲ့သော်လည်း အနည်းငယ်သော မနာလိုစိတ်အချို့ကို မီးထိုးပေးလိုက်နိုင်ရုံမှလွဲ၍ အခြား သိသာသည့် ထိရောက်မှုမျိုးရှိမလာခဲ့ချေ။

ယခုအချိန်မှ သူ၏ရွေးချယ်မှုအတွက် နောက်တရရန်မှာ လွန်စွာနောက်ကျသွားခဲ့ပြီဖြစ်၏။

အာရန်သည် ထိုမိန်းမပျို တိတ်ဆိတ်စွာ ထွက်ခွာသွားနေသည်ကိုသာ တွေတွေကြီး စိုက်ကြည့်နေမိခဲ့ပြီး သူ၏မျက်နှာအမူအရာများ မှောင်မိုက်သွားခဲ့ရသည်။

အခြေအနေသည် ဤမျှအထိ ရောက်ရှိလာပြီဖြစ်သောကြောင့် ပိုမိုပြင်းထန်သည့် အဆင့်များသို့ ဆက်လက်သွားရန်မှလွဲ၍ သူ့တွင် အခြား ရွေးစရာမရှိတော့ပေ။

‘အခြားအရာတွေ အကုန်လုံး ကျရှုံးတဲ့အချိန်မှာ တောက်ပတဲ့သံချပ်ကာဝတ်စုံနဲ့ သူရဲကောင်းတစ်‌ယောက်ကတော့ ကူညီဖို့ ရောက်လာမှဖြစ်တော့မယ်’ ဟု အာရန်သည် ထိုမိန်းကလေးအား စိုက်ကြည့်ရင်း ကြံမိကြံရာကြံမိလိုက်တော့သည်။

‘အဲဒါက ငါ့ကို ဗီလိန်တစ်ယောက်လို့ ခံစားရစေပေမယ့် ခံစားချက်ကိုဦးစားပေးနေလို့ မဖြစ်တော့ဘူး၊ သိပ်လဲစဥ့်စားဖို့ အချိန်မရှိတော့ဘူး’

အာရန်သည် လက်ရှိဝိညာဥ်ဘုရင်မ ဖီလိုနာထံသို့ စိတ်ဖြင့် ဆက်သွယ်မှုတစ်ခု ပို့လွှတ်လိုက်ပြီး အမိန့်တစ်ခုပေးလိုက်သည်။

သူ၏အမိန့်ကို ကြားပြီးနောက် ဖီလိုနာသည် သိသိသာသာပင် စိတ်ရှုပ်ထွေးသွားခဲ့ရသည်။

အာရန်သည် ထိုသို့သော အရာတစ်ခုကို အဘယ်ကြောင့် စီစဉ်နေရသည်ကို သူမ နားမလည်နိုင်ခဲ့ပေ။

သို့တိုင် သူမသည် သူ၏အမိန့်ကို နာခံခဲ့သည်။

သူမသည် ထိုမိန်းကလေး မကြာမှီရောက်ရှိလာတော့မည့် နန်းတော် ဝင်ပေါက်ဝတွင် ပြန်လည်ပေါ်လာခဲ့၏။

သူမသည် ဝိညာဉ်အဆီအနှစ်အချို့ကို စုဆောင်းလိုက်ပြီး အချိန်မရွေး ဝိညာဥ်ဂိတ်တံခါးပေါက်တစ်ခုကို ဖွင့်လှစ်နိုင်ရန် ပြင်ဆင်ထားလိုက်သည်။

သူမသည် ထိုမိန်းကလေးကို ပြန်ပေးဆွဲပြီး ဆုံးရှုံးခြင်းတောင်တန်းသို့ ခေါ်ဆောင်သွားရန် စီစဥ်ထားခြင်းဖြစ်လေသည်။

ထိုနေရာသည် အာရန်တစ်ယောက် မိစ္ဆာဂိုဏ်းချုပ် ဖန်းယုအား ကယ်တင်ခဲ့သည့်နေရာပင်ဖြစ်လေ၏။

ထို့ပြင် ဆုံးရှုံးခြင်းတောင်တန်းသည် အပြင်လောက၏ လွှမ်းမိုးသက်ရောက်မှုများအားလုံးဆီမှ ကန့်သတ်ထားသောကြောင့် ထိုအရာကိုလုပ်ဆောင်ရန် အကောင်းဆုံးနေရာတစ်ခုဟု ဆိုနိုင်လေသည်။

“ဘယ်လောက်တောင် ရူးမိုက်တဲ့ အမျိုးသမီးလဲ။ ဘာပဲဖြစ်ဖြစ် ဘာပြသနာမှထပ်မရှာပဲ သူမ ဒီအတိုင်း ထွက်သွားတာကို ကိုယ်တကယ် ဝမ်းသာမိတယ်” ဟု အာရန်က ရှုယင်အား ပြန်ပြောလိုက်သည်။

သူသည် အစောပိုင်းအမျိုးသမီး ထွက်ခွာသွားသည့်အတွက် အမှန်တကယ် ပျော်ရွှင်နေသကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်၏။

ထိုအခြေအနေကို အခွင့်ကောင်းယူ၍ အာရန်တစ်ယောက် ဆက်လက်ပြောလိုက်သည်မှာ “ဟုတ်သားပဲ။ ကိုယ် ယူရီယယ်နဲ့ သွားတွေ့ဖို့ ကိစ္စလေး တစ်ခု ရှိသေးတယ်။ နာရီအနည်းငယ်အတွင်း ကိုယ်ဒီကို ပြန်လာခဲ့မယ်”

ရှုယင်သည် အာရန်၏ အခြားအမျိုးသမီးများ၏ရှေ့တွင် သူ့အပေါ် ပွင့်လင်းစွာပြသခဲ့သော သူ၏သဘောထားကြောင့် ပျော်ရွှင်နေနှင့်ပြီး ဖြစ်လေသည်။ သူမသည် သူ၏စကားများကို အနည်းငယ်မျှပင် သံသယမဝင်ခဲ့ပေ။

အစောပိုင်းအမျိုးသမီးအတွက် သူ့တွင် ခံစားချက်များ ရှိ‌နေမည်မဟုတ်ဟု သူမ ယုံကြည်လိုက်မိသည်။

ရှုယင်သည် အာရန်အား ခေါင်းညိတ်ပြလိုက်ပြီး သူ၏ ပြန်အလာကို စောင့်နေမည်ဖြစ်ကြောင်း ပြောလိုက်သည်။

....

မိန်းမပျိုသည် ကယ်တင်ရှင် သူရဲကောင်း ဇာတ်လမ်းတစ်ပုဒ် ကပြတော့မည့် အာရန်၏ အစီအစဉ်အား လုံးဝမသိထားဘဲ နန်းတော်မှ ထွက်ခွာရန်ပြင်ဆင်လိုက်သည်။

သူမသည် နန်းတော် ဝင်ပေါက်သို့ ရောက်သောအခါမှသာ အမျိုးသမီးတစ်ဦး၏ ခနဲ့တဲ့တဲ့ ရယ်သံတစ်ခုကို ကြားလိုက်ရသောကြောင့် အံ့အားသင့်သွားခဲ့ရသည်။ သူမသည် ထိုအမျိုးသမီးအား မမြင်နိုင်ခဲ့သော်လည်း အရပ်မျက်နှာတိုင်းမှ ထိုရယ်သံကို ကြားနေရဆဲပင်။

“မင်းက ဟိုမိုက်မဲတဲ့ ဧကရာဇ်ရဲ့ မိဖုရားလောင်းဆိုတာ ဖြစ်ရမယ် သူ့မိဖုရားလောင်းကို ငါ သတ်လိုက်ရင် သူဘယ်လောက် နာကျင်ခံစားရမလဲဆိုတာ သိချင်မိရဲ့”

ဖီလိုနာသည် အာရန် ပြောခိုင်းထားသော စကားများကိုပင် ပြန်ပြောလိုက်လေ၏။ ကံကောင်းထောက်မစွာဖြင့် သူမကို မည်သူမှ မမြင်နိုင်ခဲ့ပေ။

သို့မဟုတ်ပါက သူမ ပြောလိုက်သည့် စကားလုံးတစ်လုံးစီတိုင်းတွင် သူမ၏မျက်နှာ ပေါ်၌ ရှုံ့တွန့်သွားသောအမူအရာအချို့ကို မြင်တွေ့ရပေလိမ့်မည်။

ထို့နောက်ဖီလိုနာသည် သူမ၏ လက်ကို မြှောက်လိုက်ကာ နန်းတော်ဝင်ပေါက်ဝတွင် ဝိညာဥ်ဂိတ်တံခါးပေါက်တစ်ခုကို ဖွင့်လှစ်လိုက်သည်။

ထိုစက္ကန့်ပိုင်းအတွင်းမှာပင် အခြားသူများ ဝင်ရောက်မနှောင့်ယှက်နိုင်စေရန် သူမသည် ပတ်ဝန်းကျင်အား အကာအကွယ်လွှာတစ်ခုဖြင့် ပင်ကာဆီးထားလိုက်သေး၏။

သန့်စင်အင်ပါယာ၏ အသန်မာဆုံးအစောင့်များပင် ထိုအကာအကွယ်လွှာ၏ တည်ရှိမှုကို သတိမထားမိကြဘဲ သတိထားမိမည်ဆိုလျှင်ပင် ချိုးဖျက်ပစ်နိုင်စွမ်းရှိကြမည် မဟုတ်ပေ။

သန့်စင်သောပရောဟိတ်မ သို့မဟုတ် အာရန်ကိုယ်တိုင် မဟုတ်သရွေ့ မည်သူမျှ ဤအကာအကွယ်လွှာအတွင်းသို့ ဝင်လာနိုင်မည်မဟုတ်ချေ။

“ဧကရာဇ်ရဲ့ မိဖုရားလောင်းဟုတ်လား ရှင် အဓိပ္ပာယ်မရှိတာတွေ...” ထိုမိန်းကလေးသည် ဘယ်ကမှန်းမသိသည့် စကားသံအချို့ကို ကြားလိုက်ရသဖြင့် အတော်ပင်အံ့အားသင့်သွားခဲ့ရသည်။

သို့သော် သူမ၏စကားကို မဆုံးခင် သူမ၏ နောက်ဘက်ဆီမှ တစ်စုံတစ်ဦး၏ ရောက်ရှိနေမှုကို ခံစားမိလိုက်သည်။

အားကောင်းသော လက်ဝါးရိုက်ချက်တစ်ခုက သူမ၏ကျောပြင်ပေါ်သို့ ကျရောက်သွားခဲ့ကာ သူမအား ဝိညာဥ်ဂိတ်တံခါးပေါက်တစ်ခုဆီသို့ လွင့်စင်သွားစေခဲ့သည်။

‘ဒီလို ရှက်စရာကောင်းတဲ့ စကားတွေ နောက်တစ်ခါ ဘယ်တော့မှ မပြောတော့ဘူး’ ဟု ဖီလိုနာသည် ထိုမိန်းကလေးအား ဝိညာဥ်ဂိတ်တံခါးပေါက်ဆီသို့ တန်းတန်းမတ်မတ် ပျံသန်းသွားသည်ကို ကြည့်ရင်း တွေးမိလိုက်သည်။

ထိုဂိတ်တံခါးပေါက်၏ အခြားတစ်ဖက်ကို ဆုံးရှုံးခြင်းတောင်တန်း ဝင်ပေါက်ဝနှင့် ချိတ်ဆက်ထားခြင်းဖြစ်လေသည်။

အဘယ်ကြောင့်ဆိုသော် သူမသည် ထိုနေရာ၏ အတွင်းဘက်ပိုင်းသို့ ဝိညာဥ်ဂိတ်တံခါးပေါက်တစ်ခု မဖွင့်နိုင်သောကြောင့်ပင်တည်း။

ကံကောင်းထောက်မစွာဖြင့် ဝိညာဥ်ဂိတ်တံခါးပေါက်၏ အချိန်ကိုက်ပေါ်ထွက်လာမှုနှင့် သူမ တွန်းထုတ်လိုက်သောအရှိန်၏ သက်ရောက်မှုတို့ကြောင့် ထိုမိန်းကလေးသည် အတွင်းသို့ တန်းတန်းမတ်မတ် ပျံသန်းရောက်ရှိသွားတော့မည်ဖြစ်လေ၏။

“ဟင်း”

ထိုစဥ်ရုတ်တရက် ဖီလိုနာသည် သူမ၏ အကာအကွယ်လွှာ ချိုးဖျက်ခံလိုက်ရသည်ဟု ခံစားမိလိုက်သဖြင့် သူမ၏ မျက်နှာအမူအရာများ ပြောင်းလဲသွားခဲ့ရသည်။

သူမသည် အာရန် ရောက်ရှိလာပြီဟု အစပိုင်းတွင် တွေးမိခဲ့သော်လည်း အခြားလုံးဝ ကွဲပြားသော တစ်စုံတစ်ဦး၏အော်ရာကို ခံစားမိလိုက်ရသောအခါ သူမ၏မျက်နှာအမူအရာများ မှောင်မိုက်သွားခဲ့လေသည်။

သူမသည် ဝိညာဥ်ဂိတ်တံခါးပေါက်၏ရှေ့တွင် ရုတ်တရက် အမျိုးသားတစ်ဦး ပေါ်လာသည်ကို မြင်လိုက်ရသည်။

ထိုအမျိုးသားသည် သူ၏ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ထိုမိန်းကလေးအား ဂိတ်တံခါးပေါက် အတွင်းဘက်သို့ ဝင်ရောက်သွားမည့်အရေးမှ တားဆီးထားလိုက်လေသည်။

“အဲဒါကြောင့် ငါ မင်းကို တစ်ယောက်တည်း ဘယ်မှ မသွားဖို့ ပြောခဲ့တာ” ဟု ထိုအမျိုးသားသည် ကယ်တင်ခံလိုက်ရသော အမျိုးသမီးငယ်အား ဆူပူလိုက်သည်။

အာရန်သည်လည်း အချိန်ကိုက်ပင် ရောက်ရှိလာခဲ့ပြီး သူ၏အတွေးများ မှာ ရှုပ်ထွေးလျက်ရှိနေ၏။

သူသည် သူရဲကောင်းတစ်ဦးအဖြစ် ရုပ်ရှင်ရိုက်ရန် စီစဉ်ထားခဲ့သော်လည်း ဤလူက အဘယ်နေရာကနေ ရုတ်တရက်ပေါ်လာရသည်ကို သူ နားမလည်ခဲ့ပေ။

ထိုမိန်းကလေးကဲ့သို့ပင် သူ၏ ခွဲခြားသတ်မှတ်ခြင်း အစွမ်းသည် ထိုအမျိုးသားပေါ်တွင်လည်း အလုပ်မဖြစ်သည်အား တွေ့လိုက်ရသည်။

အာရန်တစ်ယောက်သေခြာနေသည့် တစ်ခုတည်းသောအချက်မှာ ယခုရောက်လာသူသည် အန္တရာယ်ရှိသည်ဟုသော အချက်သာ ဖြစ်လေ၏။

ထိုသူဆီမှ အရှင်သခင်များထံမှ ခံစားခဲ့ရသော ခြိမ်းခြောက်မှုမျိုးနှင့် အဆင့်တူညီသော သို့မဟုတ် ပို၍ပင် အားကောင်းသော ခြိမ်းခြောက်မှုတစ်ခုကို ခံစားမိလိုက်သောကြောင့်ပင်တည်း။

ထိုမိန်းကလေးသည် ထိုအမျိုးသား၏ ဖက်တွယ်ထားမှုမှ ရုန်းထွက်လိုက်ပြီး ထိုအမျိုးသားအား ပြန်လည်စိုက်ကြည့်နေလိုက်သည်။

“ရှင် ကျွန်မနောက်ကို တိတ်တိတ်လေး လိုက်လာခဲ့တာလား?”

ထိုအမျိုးသားသည် မည်သို့မျှ ပြန်မဖြေခဲ့ပေ။

သူသည် ထိုမိန်းကလေးအား ပြန်လည် လွှတ်ပေးလိုက်ပြီး ဖီလိုနာတည်ရှိရာနေရာသို့၏ ဦးတည်လိုက်သည်။

ဖီလိုနာသည် အာရန်မှလွဲ၍ မည်သူမျှ သူမ၏ တည်ရှိမှုကို သိရှိနိုင်မဟုတ်ဟု တစ်ထစ်ချယုံကြည်ထားခဲ့ရာ ထိုအမျိုးသားမှ သူမရှိရာနေရာသို့ တန်းတန်းမတ်မတ် စိုက်ကြည့်လိုက်သည်ကို မြင်လိုက်ရသောအခါ လွန်စွာထိတ်လန့်သွားခဲ့ရသည်။

“မင်း သူမကို မတိုက်ခိုက်ခဲ့သင့်ဘူး”

မျက်တောင်တစ်ခတ်စာအတွင်းမှာပင် ထိုအမျိုးသားသည် ဖီလိုနာ၏ရှေ့မှောက်တွင် ပြန်ပေါ်လာခဲ့သည်။

“အခုတော့ ငါ မင်းကို သတ်ရလိမ့်မယ်”

အမည်မသိ စွမ်းအင်အချို့သည် ထိုသူ၏ လက်သီးပတ်ပတ်လည်တွင် စုဝေးလာခဲ့ကြသည်။

“ရှင် ဒီနန်းတော်တစ်ခုလုံးကို ဖောက်ခွဲဖို့ ကြိုးစားနေတာလား”

အဝေးတွင်စောင့်ကြည့်နေသော မိန်းမပျိုက ထိုအမျိုးသား၏ လက်သီးပတ်လည်ရှိ စွမ်းအင်အချို့ကို သတိပြုမိလိုက်သဖြင့် အံ့အားသင့်စွာ မေးလိုက်သည်။

သို့သော် သူမသည် သူ့အား တားဆီးရန် အစီအစဥ်ရှိပုံမရပေ။

အထူးသဖြင့် သူမ ထိုသို့ပြောလိုက်သည်မှာ ဧကရာဇ်အား အဝေးမှ လှမ်း၍ မြင်လိုက်ရသောကြောင့်သာ ဖြစ်လေ၏။

ထိုအမျိုးသားသည် သူမ၏ အမေးကို ပြန်မဖြေခဲ့ပေ။

သူသည် လက်သီးတစ်လုံးကို ဖီလိုနာဆီသို့ တည့်တည့်မက်မက်ပစ်လွှတ်လိုက်လေသည်။

ဖီလိုနာသည် ချက်ချင်းပင် သူမ၏ပတ်ဝန်းကျင်တွင် ဝိညာဉ်အကာအကွယ်တစ်ခုကို ဖန်တီးလိုက်ရသည်။

သို့သော် သူမ၏အကာအကွယ်လွှာသည် ထိုအမျိုးသား၏ လက်သီးပတ်လည်ရှိ အမည်မသိစွမ်းအင်နှင့် ထိတွေ့မိလိုက်သောအခါ အနည်းငယ်မျှပင် မခုခံနိုင်ပဲ ချက်ချင်းပင် ဖျက်ဆီးခံလိုက်ရလေ၏။

ထိုလက်သီးချက်သည် ဖီလိုနာဆီသို့ တည့်တည့်မက်မက် ကျရောက်သွားခဲ့ကာသူမ၏ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ဥပဒေသများပင် ထိုလက်သီးချက်ရှိ စွမ်းအင်အချို့ကြောင့် အနည်းငယ်ပုံပျက်သွားသဖြင့် သူမသည် လျှင်မြန်စွာ တုံ့ပြန်နိုင်စွမ်းပင်မရှိတော့ချေ။

သူမသည် ထိုနေရာတွင်ပင် ရပ်လျပ်ရှိနေခဲ့ကာ မည်သည့် ရွှေ့လျားမှုမျိုးကိုမှ ထပ်မံ၍ မပြုလုပ်နိုင်တော့ပေ။

#Catfoot

All Chapters