← Chapters

ဖုံးကွယ်ထားသော ဖြစ်တည်မှု

Vol. 34 Ch. 489

ဖုံးကွယ်ထားသော ဖြစ်တည်မှု

Vol. 34 Ch. 489

…

သန့်စင်ပရောဟိတ်မသည် ခန်းမတစ်ခု၏ အလယ်ဗဟိုတွင် ဝင့်ကြွားစွာ ရပ်လျက်တည်ရှိနေသော ရုပ်တုတစ်ခု၏ရှေ့တွင် ရပ်လိုက်၏။

အခန်းတစ်ဝိုက်ရှိ တဖျပ်ဖျပ်လင်းလက်နေသော ဖယောင်းတိုင်မီးများက ထိုကျောက်ရုပ်ထုကို မော့ကြည့်လိုက်သောအခါ သူမ၏မျက်နှာပေါ်တွင် နူးညံ့သောအလင်းရောင်များ ထင်ဟပ်နေစေခဲ့သည်။

ထိုရုပ်တုသည် အနောက်တိုက်ရှိ လူများအား သန့်စင်ပရောဟိတ်မမှတစ်ဆင့် ကောင်းချီးစွမ်းအင်များကို ပေးအပ်ခဲ့သည့် မွန်မြတ်သောအထက်ကမ္ဘာမှ သက်ရှိတစ်ပါးအား ကိုယ်စားပြုနေလေ၏။

ဤရုပ်တုကို ရှာဖွေတွေ့ရှိခဲ့သောကြောင့်သာ သူမသည် ဤရက်စက်ကြမ်းကြုတ်သောကမ္ဘာ၌ ဤမျှအထိ အဆင့်မြင့်တက်လာနိုင်ခဲ့ခြင်းလည်း ဖြစ်လေသည်။

ဓားဧကရာဇ်၏ ပစ်ပယ်ထားခြင်းကိုပင်ခံခဲ့ရသည့် အရေးမပါသောသူတစ်ဦးဘဝမှ တိုက်ကြီးတစ်ခုလုံးကို အုပ်စိုးနိုင်သည့် သန့်စင်ပရောဟိတ်မတစ်ဦး ဖြစ်လာခြင်းသည် ထိုသန့်စင်ပုဂ္ဂိုလ်နှင့် ဆက်သွယ်နိုင်စေခဲ့သော ဤရုပ်တုကြောင့်ပင်တည်း။

ဘုရားကျောင်းတစ်ခုလုံးတွင် သူမသည် ဤရုပ်တုအား မြင်တွေ့ခွင့်ရခဲ့သည့် တစ်ဦးတည်းသောသူပင် ဖြစ်လေသည်။

ဤရုပ်တုရှိ လျှို့ဝှက်ချက်များ၊ ၎င်း၏ စစ်မှန်သော ရည်ရွယ်ချက်နှင့် ၎င်းအတွင်းရှိ နက်နဲသိပ်သည်းလွန်းသည့်အကြောင်းအရာများကို သူမတစ်ဦးတည်းသာ သိရှိထားခြင်းဖြစ်၏။

“တစ်စုံတစ်ယောက်က အရှင်မရဲ့ဘုရားကျောင်းကို ဖျက်ဆီးခဲ့တာတောင် ဘာလို့ မတားမြစ်ခဲ့တာလဲ။”

သန့်စင်ပရောဟိတ်မသည် တိတ်ဆိတ်နေသော ခန်းမအလယ်တွင် ပဲ့တင်ထပ်သွားအောင်ထိ သူမ၏အသံကို မြှင့်တင်၍ မေးလိုက်သည်။

သူမ၏စကားလုံးများတွင် အပြစ်တင်မှုနှင့် မယုံကြည်နိုင်မှု ရောယှက်နေဟန်ရ၏။ ဤသန့်စင်ဘုရား‌ကျောင်း နယ်မြေသည် အဘယ့်ကြောင့် ဖျက်ဆီးခံခဲ့ရသနည်း။

ရှိမနေသင့်သောသွေးများဖြင့် နံရံများအား အနီရောင်ခြယ်သခြင်းခံခဲ့ရသည်အား သူမ အမှတ်ရမိလိုက်သည်။

သို့တိုင် ဤဘုရားကျောင်း၏ အဓိကနတ်ဘုရားမမှာမူ ထိုအရာအားလုံးကို လျစ်လျူရှုထားသကဲ့သို့ပင် တိတ်ဆိတ်နေခဲ့သည်တဲ့လား...။

သူမ၏မေးခွန်းများမေးပြီးသည့်နောက်တွင် အခန်းတစ်ခုလုံးသည် တဖန်ပြန်၍ တိတ်ဆိတ်သွားခဲ့ရပြန်သည်။

အခန်းတစ်ခုလုံးသည် သန့်စင်ပရောဟိတ်မ ပိုင်ဆိုင်ထားထက် အဆပေါင်း မရေမတွက်နိုင်အောင် ပိုမိုအားကောင်းသော သန့်စင်ကောင်းချီးအော်ရာများဖြင့် ပြည့်နှက်နေခဲ့ပြီး ၎င်းသည် သန့်စင်နတ်ဘုရားမ ပိုင်ဆိုင်သည့် ခွန်အား၏ ပမာဏ အနည်းငယ်မျှသာရှိသေးလေသည်။

ထို့နောက် သန့်စင်ပရောဟိတ်မ၏ရှေ့တွင် စကားလုံးအချို့ ပေါ်ထွက်လာခဲ့သည်။

၎င်းစကားလုံးလေးများသည် ဤကမ္ဘာ၏ အဆီအနှစ်များမှ သီးသန့်ဖန်တီးထားခြင်း ဖြစ်ဟန်ရသည်။

နတ်ဘုရားမသည် ဤနေရာသို့ လူကိုယ်တိုင် မဆင်းသက်လာနိုင်သောကြောင့် ဤသည်မှာ သူမအနေနှင့် တုံ့ပြန်မှု ပေးနိုင်သည့် တစ်ခုတည်းသောနည်းလမ်းပင် ဖြစ်လေ၏။

“ငါ ဘာမှ မတတ်နိုင်ခဲ့ဘူး။”

စကားလုံးအချို့သည် သူမ၏ရှေ့တွင် ပေါ်လာခဲ့သည်။

“ဘာမှ မတတ်နိုင်ခဲ့ဘူးဆိုတာ ဘာကိုဆိုလိုတာလဲ။”

သန့်စင်ပရောဟိတ်မ မေးခွန်းအချို့ထပ်မံမေးလိုက်မိကာ တိတ်ဆိတ်နေမှုအား ထပ်မံဖြိုခွင်းလိုက်ပြန်သည်။

သူမ၏မျက်လုံးများသည် ရုပ်တုပေါ်တွင် စွဲမြဲစွာ ရပ်တန့်နေခဲ့ပြီး ၎င်းက နောက်တစ်ကြိမ် တုံ့ပြန်လာမည့် စကားလုံးအချို့ကို စောင့်ဆိုင်းနေသည့်အလားပင်။

“အရှင်မရဲ့ ကိုယ်ပိုင်နယ်မြေမှာ ဝင်ရောက်စွက်ဖက်တာကို ဘယ်သူကများ တားဆီးနိုင်မှာမို့လဲ။”

ဤကမ္ဘာတွင် သန့်စင်နတ်ဘုရားကို ရပ်တန့်နိုင်သည့် မည်သည့်အရာမျှ ရှိမနေခဲ့ပေ။

ကမ္ဘာ၏ ဥပဒေများက သူမ၏ ဝင်ရောက်စွက်ဖက်ခြင်းကို ကန့်သတ်ထားသော်လည်း၊ သူမ၏ ဘုရားကျောင်းဖြစ်သော ဤဗဟိုနယ်မြေအတွင်း၌မူ ကွဲပြားလေသည်။

အနောက်တိုင်းတိုက်ကြီးတစ်ခုလုံးသည် သူမ၏နယ်မြေဖြစ်သော်လည်း ၎င်းသည် သူမ၏ ကောင်းချီးစွမ်းအင်များမှတစ်ဆင့် အကန့်အသတ်ရှိသော အကူအညီများကိုသာ ပေးနိုင်သည့် ပြင်ပနယ်မြေသာ ဖြစ်လေ၏။

သူမ၏ အစစ်အမှန် ခွန်အားကိုမူ ပိုမိုသေးငယ်သည့် သူမ၏ ဤဘုရားကျောင်း ဗဟိုနယ်မြေအတွင်း၌သာ သက်ရောက်စေနိုင်စွမ်းရှိသည်။

၎င်းကဆိုလိုသည်မှာ သူမသာ ဘုရားကျောင်းအတွင်း၌ ရှိနေသရွေ့ အတိုင်းအတာတစ်ခုအထိ ကိစ္စရပ်များကို ဝင်ရောက်စွက်ဖက်နိုင်စွမ်းရှိနေခဲ့သည်။

ထို့ကြောင့် သန့်စင်ပရောဟိတ်မသည် ကာဒီနယ်ရဟန်းအမတ်များအားလုံးကို ခေါ်ဆောင်သွားပြီး ဤနေရာအား ဂိုဏ်းအုပ်ဘုန်းတော်ကြီးအချို့ဖြင့်သာ ယုံကြည်စိတ်ချစွာဖြင့် ထားခဲ့မိခြင်းလည်းဖြစ်လေ၏။

သို့တိုင် ဤကဲ့သို့သော အရာတစ်ခု ဖြစ်ပျက်သွားခဲ့ရလေပြီ။

အဘယ်ကြောင့် ထိုသို့ ဖြစ်ခွင့်ပေးလိုက်သည့်ကို သန့်စင်ပရောဟိတ်မ တစ်ယောက်ပို၍ပင် နားမလည်နိုင်ဖြစ်ခဲ့ရသည်။

“ဘာလို့ တိတ်ဆိတ်သွားရတာလဲ။ ဘာလို့ ဝင်ရောက်မစွက်ဖက်နိုင်ရတာလဲဆိုတာ ပြောပြပါ။”

သန့်စင်ပရောဟိတ်မသည် စိတ်အားထက်သန်စွာဖြင့် မေးလိုက်သည်။

“ဒီကမ္ဘာရဲ့ စည်းမျဉ်းဥပဒေသတွေကြောင့် ကိုယ်တိုင်မဆင်းသက်နိုင်ခဲ့ရင်တောင် သွယ်ဝိုက်တဲ့နည်းလမ်းတွေနဲ့ ဝင်ရောက်စွက်ဖက်နိုင်သေးတယ်မဟုတ်လား။ ဒီနေရာက အရှင်မရဲ့ ဗဟိုမူလနယ်မြေအတွင်းမှာ ဖြစ်နေတဲ့အတွက် အရှင်မအနေနဲ့ အလွယ်တကူ ကာကွယ်ပေးနိုင်ခဲ့ရမှာလေ။”

သန့်စင်ပရောဟိတ်မ၏ရှေ့တွင် စကားလုံးများ ထပ်မံပေါ်ပေါက်လာခဲ့ကာ ထိုစာလုံးများကိုမြင်လိုက်ရသောအခါ သူမပင်လျှင် ခေတ္တခဏ ဆွံ့အ သွားခဲ့မိလေ၏။

“အဲ့ဒီအချိန်မှာ ငါ့ရဲ့နယ်မြေက ပိုပြီး သေးငယ်သွားခဲ့တယ်။ ဒီခန်းမအတွင်းထိ ကန့်သတ်ခံလိုက်ရတယ်။ အမည်မသိတစ်စုံတစ်ဦးရဲ့ ဝင်ရောက်စွက်ဖက်မှုကြောင့်ပေ့ါ။”

စကားလုံးများက သူမ၏ရှေ့တွင် ထပ်မံ၍ပေါ်လာခဲ့ပြန်သည်။

“ဘာ အရှင်မရဲ့နယ်မြေက အဲ့ဒီအချိန်မှာ ကျုံ့ဝင်သွားခဲ့တယ်ဟုတ်လား ဒါဆို အရှင်မရဲ့ နယ်မြေက ဒီခန်းမအထိ ကန့်သတ်ခံခဲ့ရတယ်ပေါ့။” သန့်စင်ပရောဟိတ်မသည် အံ့အားသင့်စွာဖြင့် မျက်မှောင်ကြုတ်မိလိုက်သည်။

၎င်းသည် သန့်စင်နတ်ဘုရားမက သူမကိုကိုယ်တိုင် ပြောနေခြင်းသာ မဟုတ်ခဲ့လျှင် ၎င်းအား လုံးဝ လိမ်ညာမှုတစ်ခုဟုပင် သူမ တွေးခဲ့မိပေလိမ့်မည်။

“အရှင်မရဲ့ မူလနယ်မြေက ဘယ်လိုများ ကန့်သတ်ခံလိုက်ရတာလဲ။ ဘယ်လိုစွမ်းအားမျိုးကများ အဲ့ဒီလိုမျိုး လုပ်ဆောင်နိုင်တာလဲ။”

ပရောဟိတ်မ၏အမူအရာများ ပိုမိုမှောင်မိုက်လာရင်း တီးတိုးရေရွတ်လိုက်မိ၏။

ယခုအချိန်အထိ သူမသည် မည်သည့်အရာကို ထိပါးမိမှန်းမသိသေးသည့် သန့်စင်ဧကရာဇ်၏ ကလေးဆန်သော လုပ်ရပ်များသာ ဖြစ်မည်ဟု ပေ့ါပေ့ါတန်တန်ပင် တွေးထားခဲ့သည်။

သို့သော်လည်း ထိုအဖြေတစ်ခုက သူမကိုပင် များစွာ မှင်တက်ဆွံ့အသွားစေခဲ့၏။

“မသေချာဘူး။ ကျူးကျော်သူ ဒီအခန်းဝကို ရောက်လာတဲ့အချိန်မှာ သူ့ကို သတ်နိုင်တော့မယ်လို့ ငါ မျှော်လင့်ထားခဲ့တာ။ ဒါပေမဲ့ သူက ဒီအထဲကို ဝင်မလာခဲ့ဘူး။”

လေထဲတွင် စကားလုံးအသစ်များ ထပ်မံပေါ်လာခဲ့ပြီး စကားလုံးဟောင်းများ ပျောက်ကွယ်သွားခဲ့သည်။

သန့်စင်ပရောဟိတ်မသည် ထိုစာသားများအားမြင်လိုက်ရသောအခါ ပိုမို၍ နက်ရှိုင်းစွာ မျက်မှောင်ကြုတ်မိလိုက်သည်။

သူမသည် တံခါးပေါ်တွင် အကာအကွယ်အချို့ ချန်ထားခဲ့သော်လည်း ထိုကျူးကျော်သူသည်သာ အမှန်တကယ် ဝင်ရောက်လာချင်ခဲ့ပါက အတင်းအကျပ် ဝင်ရောက်၍ လာနိုင်လေသည်။

ဒါဆို သူ ဘာလို့ ဝင်မလာခဲ့ရတာလဲ။

အတွင်းမှာ ဘာရှိတယ်ဆိုတာ သူ သိနေခဲ့တာလား။ သန့်စင် နတ်ဘုရားမရဲ့ တည်ရှိနေခြင်းကို သူ သိခဲ့တာလား။

“အဲ့ဒီကျူးကျော်သူကိုလည်း အရှင်မလို ဖြစ်တည်မှုတစ်ခုက နောက်ကွယ်ကနေ ပံ့ပိုးပေးထားတာမျိုးကော ဖြစ်နေနိုင်မလား။”

အဆိုးဆုံးအခြေအနေကို တွေးမိလိုက်သဖြင့် သန့်စင်ပရောဟိတ်မသည် တိုးတိုးလေး ထပ်မေးလိုက်မိသည်။

သန့်စင်နတ်ဘုရားမတစ်ပါး၏ နယ်နိမိတ်ကိုပင် ကန့်သတ်နိုင်သည်အထိ အစွမ်းထက်သည်ဆိုသဖြင့် ဖြစ်နိုင်ခြေ နှစ်ခုသာ ရှိလေသည်။

တစ်ခုမှာ အခြားတစ်ဖက်၌ သန့်စင် နတ်ဘုရားမကဲ့သို့ပင် နက်နဲဆန်းကြယ်သူတစ်ဦး နောက်ကွယ်တွင် ရှိနေခဲ့ခြင်းဖြစ်မည်ဖြစ်ကာ ဒုတိယတစ်ခုမှာ ၎င်းတို့သည် မည်သည့် ဝင်ရောက်စွက်ဖက်မှုကိုမဆို ကန့်သတ်နိုင်သည့် ထူးဆန်းသည့် ဟင်းလင်းပြင်ဆိုင်ရာ ဥပဒေသများ ပါဝင်နေသည့် အဆောင်ရတနာတစ်မျိုးမျိုးကို အသုံးပြုခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

ထိုကဲ့သို့သော အဆောင်ရတနာများအကြောင်းကို သူမ တစ်ခါမျှ မကြားဖူးခဲ့ချေ။

ထိုသို့သောအရာတစ်ခု ရှိနေခဲ့မည်ဆိုလျှင်ပင် ၎င်းသည် တိုတောင်းသောအချိန်အတွင်း နတ်ဘုရားမ၏ မူလဗဟိုနယ်မြေကို ကန့်သတ်ထားနိုင်ခဲ့သဖြင့် နတ်ဘုရားအဆင့် အထူး အဆောင်ရတနာတစ်ခုသာ ဖြစ်ရပေလိမ့်မည်။

နေရာတစ်ခုလုံးသည် ထပ်မံ၍ လုံးဝတိတ်ဆိတ်သွားခဲ့ပြန်လေသည်။

သန့်စင်ပရောဟိတ်မသည် အချိန်အတော်ကြာတိုင်အောင် မည်သည့်တုံ့ပြန်မှုမျှ မပြုနိုင်တော့ပေ။

သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ သူမသည် တိတ်ဆိတ်စွာပင် အဖြေတစ်ခုကို စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်လေ၏။

ဤအချက်၌ သန့်စင်နတ်ဘုရားမကိုယ်တိုင်ပင် သူမကဲ့သို့ပင် ဤအရာနှင့်ပတ်သက်၍ စိုးရိမ်နေကြောင်း ရိပ်မိခဲ့လေသည်။

၎င်းကိစ္စသည် အလျင်စလိုပြုလုပ်၍ ရနိုင်တော့မည်မဟုတ်ချေ။

“မင်းရဲ့ကမ္ဘာမှာ ဒီအဆင့်အထိ ဝင်ရောက်စွက်ဖက်နိုင်လောက်အောင် အားကောင်းတဲ့ ဖြစ်တည်မှုဆိုလို့ တစ်ခုတည်းသာ ရှိနေတယ်။ ဒါပေမဲ့ ဒီကိစ္စမှာတော့ အဲ့ဒီအရာက ဝင်ရောက်စွက်ဖက်ခြင်း မရှိခဲ့ဘူး။”

“ဘယ်အရာကို ပြောနေတာလဲ။ ဘယ်သူကများ အရှင်မရဲ့မူလနယ်မြေကို ဝင်ရောက်စွက်ဖက်နိုင်လောက်အောင် စွမ်းအားကြီးရတာလဲ။ အဲ့ဒီ ဖြစ်တည်မှုကကော သန့်စင်ဧကရာဇ်ဘက်ကနေ ရပ်တည်နေရင် ကျွန်မတို့ရဲ့အစီအစဉ်တွေ ပြိုကွဲသွားနိုင်ချေရှိလား။”

“မင်း စိုးရိမ်စရာမလိုဘူး။ ငါအစောက ပြောခဲ့သလိုပဲ၊ အဲ့ဒီအရာက ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူး။ ငါပြောနေတာ သေခြင်းရှင်ခြင်းမြစ်ရဲ့ ပိုင်ရှင်ကိုပြောနေတာ။”

“သူက သူ့မြစ်ကို ဘယ်တော့မှ စွန့်ခွာမှာမဟုတ်ဘူး။ တစ်စုံတစ်ယောက်က သူ့ကို တွေ့ဆုံဖို့ မြစ်ထဲကိုဝင်လာရင်တောင်၊ သူတို့က အဲ့ဒီမြစ်ရဲ့ စွမ်းအားတွေကြောင့် စုတ်ပြတ်သတ်သွားရလိမ့်မယ်။ အဲ့ဒါကြောင့် ခုကိစ္စ သူနဲ့ဘယ်လိုမှ မသက်ဆိုင်နိုင်ဘူး…”

#Catfoot

All Chapters