← Chapters

အပိုင်း (၈၇)

Vol. 7 Ch. 87

အပိုင်း (၈၇)

Vol. 7 Ch. 87

ရှမ့်လန်သည် မျက်လုံးများကိုမှိတ်ထားရင်း တဖြောင်းဖြောင်းနှင့် ပါးပိတ်ရိုက်နေသည့် အသံကို နားဆင် ခံစားနေမိသည်။ “အားရစရာကောင်းလိုက်တာ၊ တကယ်ကို အားရစရာကောင်းလိုက်တာ”

အားအရဆုံးအရာမှာ မိမိကိုယ်တိုင် ရိုက်စရာမလိုဘဲ ရန်သူအား ကိုယ့်အတွက် တိုက်ရိုက် ရိုက်ပေးခိုင်းခြင်းပင်။ ဤသို့ အားရစရာကောင်းသည့် ကိစ္စမျိုးသည် စွဲလမ်းတတ်သည်။ နောက်ပိုင်းတွင် ရိုက်စရာမျက်နှာ မရှိတော့လျှင် မည်သို့လုပ်မည်နည်း။

နှစ်ချက်ပဲရိုက်ဖို့ သဘောတူခဲ့သော်လည်း မြို့စားလေး ကျူးလန်ထင်က ဆယ့်ငါးချက်တိတိ ရိုက်ပြီးမှ ရပ်တန့်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် ရှမ့်လန်ကိုရိုက်နေသည်ဟု သဘောထားကာ သားဖြစ်သူကို ရိုက်နေသောကြောင့်ပင်။ ရိုက်ချက်တစ်ခုချင်းစီတိုင်းသည် ရှမ့်လန်၏မျက်နှာပေါ်သို့ ကျရောက်နေသည်ဟု စိတ်ကူး ပုံဖော်မိချိန်မှာတော့ ပို၍ပို၍ပင် အားထည့်ရိုက်မိလေသည်။ သူ၏သား ကျူးဝမ်ဟွာ၏ နှာခေါင်းနှင့် ပါးစပ်မှ သွေးများထွက်ကျလာပြီး မျက်နှာသည် ဝက်ခေါင်းတစ်လုံးကဲ့သို့ ဖူးယောင်သွားသည်အထိပင်။

အနီးအနားမှ မြို့တော်ဝန် လီဖန်သည် ဤအဖြစ်အပျက်ကိုကြည့်ရင်း ပြုံးစိစိဖြစ်နေသော်လည်း စိတ်ထဲတွင်တော့ နာကျင်မှုကို ခံစားနေရသည်။ ကျူးဝမ်ဟွာသည် ငယ်စဉ်ကတည်းက ဤကဲ့သို့သော အရှက်ရမှုမျိုးကို တစ်ခါမှ မခံစားခဲ့ရဖူးပေ။ လူပုံအလယ်တွင် ဖခင်၏ ရိုက်နှက်မှုကို ခံနေရသည်။ တကယ့်ကို အရှက်ရစရာပင်။

ထို့အပြင် ကျူးဝမ်ဟွာသည် ငယ်စဉ်ကတည်းက ထူးချွန်သူဖြစ်ပြီး မာနကြီးကာ ထောင်လွှားသည့် စရိုက်ကို ပိုင်ဆိုင်သည်။ ဤကဲ့သို့စော်ကားခံရနေချိန်မှာတော့ စိတ်အတွင်းရှိ နာကြည်းခံပြင်းမှုသည် ဦးခေါင်းထိပ်သို့ ဆောင့်တက်သွားလုနီးပါးပင်။

မြို့စားလေးကျူးလန်ထင်က ခပ်ပေါ့ပေါ့ ပြောလိုက်သည်။ “ရှမ့်သခင်လေး... ခင်ဗျားကျေနပ်ပြီလား”

ရှမ့်လန်က ပြောလိုက်၏။ “ဒုတိယ တောင်းဆိုချက်က သူ့စာအုပ် လက်ကျန်အားလုံးကို ယူလာပြီး ကျူးဝမ်ဟွာ ကိုယ်တိုင် မီးရှို့ဖို့ပဲ”

“အရင်က မင်း... ကျူးဝမ်ဟွာက ငါ့စာအုပ်ကို မီးရှို့ချင်ခဲ့တာ မဟုတ်လား။ အခု မင်းကိုယ်တိုင် မင်းစာအုပ်ကို မီးရှို့လိုက်လေ။ သူများစာအုပ်ကို မီးရှို့ရတာက အားရစရာကောင်းတယ်မလား။ ကိုယ့်စာအုပ်ကိုယ် မီးရှို့ရတာက ပိုပြီးတော့တောင် အားရစရာ ကောင်းနိုင်သေးတယ်။ ဟုတ်တယ်ဟုတ်”

“မဟုတ်ဘူး...” ကျူးဝမ်ဟွာသည် ရုတ်တရက် အော်ဟစ်လိုက်သည်။ စာအုပ်ရေးခြင်းသည် ဂုဏ်သတင်း ကျော်စောရန်၊ ကျန်းချွင်းဟွာ၏ အာရုံစိုက်မှုကို ရရှိရန်ဖြစ်သော်လည်း ထိုစာအုပ်သည် သူ၏ ဉာဏ်ပညာ၊ ချွေး၊ သွေး၊ ဦးနှောက်အဆီအနှစ်တို့ဖြင့် ကြိုးစားပမ်းစား ရေးသားထားသော စာအုပ်ဖြစ်သည်။

သို့သော်ကြား ကျူးလန်ထင်က အမိန့်ပေးလိုက်၏။ “သွားပြီး အဲဒီစာအုပ်တွေကို သယ်ခဲ့ကြ”

“ကောင်းပါပြီ”

……………

နာရီအနည်းငယ်ကြာပြီးနောက် ကျူးဝမ်ဟွာ ရေးသားထားသော စာအုပ် ဒုတိယတွဲ၊ လက်ကျန် စာအုပ်ပေါင်း လေးထောင်ကျော်ကို အကုန်သယ်ဆောင်လာခဲ့သည်။ မြင်းလှည်း အစီးပေါင်းများစွာပင်။ ထိုစာအုပ် ထောင်ပေါင်းများစွာကို လှည်းပေါ်မှချကာ လေဟာပြင်အလယ်တွင် စုပုံလိုက်ချိန်မှာတော့ တောင်ကုန်းငယ် တစ်ခုကဲ့သို့ပင်။

ပထမတွဲ ရောင်းအားကောင်းသောကြောင့် ဒုတိယအတွဲဖြင့် စံချိန်ချိုးရန် ပြင်ဆင်ထားခဲ့သည်။ ကျူးဝမ်ဟွာနှင့် ကျန်းချန်နန်တို့သည် သေသေချာချာ တိုင်ပင်ပြီးနောက် စုစုပေါင်း စာအုပ်အုပ်ရေ ခြောက်ထောင်ကို ရိုက်နှိပ်ခဲ့သည်။ ယနေ့တွင် စာအုပ် ငါးရာခန့် ရောင်းထွက်ခဲ့ပြီး ငါးထောင်ကျော် ကျန်ရှိနေသေးသည်။

ရှမ့်လန်က ပြောလိုက်သ၏ “ကျူးဝမ်ဟွာ... စပြီးရှို့တော့လေ။ ငါ မင်းအတွက် မီးညှိပေးရအုံးမလား”

ကျူးဝမ်ဟွာသည် အမှန်တကယ်ပင် ဓားကိုဆွဲထုတ်ကာ ရှမ့်လန်၏ခေါင်းကို အားကုန် ခုတ်ချလိုက်ချင်သည်။ ထိုသို့သာဆိုလျှင် အာသာပြေသွားပြီး တစ်လောကလုံးလည်း ငြိမ်းချမ်းသာယာ သွားပေလိမ့်မည်။ သို့ပေမည့် သူ မဝံ့ရဲခဲ့ပေ။

အနီးအနားမှ နောက်လိုက်တစ်ဦးက မီးတုတ်တစ်ချောင်းကို မီးညှိ၍ ကျူးဝမ်ဟွာ၏လက်ထဲသို့ ထည့်ပေးရင်း ပြောလိုက်သည်။ “သခင်လေး ... ခင်ဗျားနဲ့ သခင်မလေး ကျန်းချွင်းဟွာရဲ့ မင်္ဂလာပွဲက အကြမ်းဖျင်း ဆုံးဖြတ်ပြီးသားပဲ။ ဒီလို အပေါစားအရာတွေကို ဂရုစိုက်နေစရာမလိုပါဘူး။”

“ဒါ... ဒါက အပေါစားအရာ မဟုတ်ဘူး။” ကျူးဝမ်ဟွာသည် နှလုံးသားထဲမှ အော်ဟစ်နေ၏။

ကျူးလန်ထင်က ဒေါသတကြီး ပြောလိုက်သည်။ “မင်းရှို့မလား၊ ငါရှို့ရမလား”

ကျူးဝမ်ဟွာသည် အံကို တင်းတင်းကြိတ်ရင်းမှ သွေးများပင် ထွက်လာသည်။ ဟုတ်ပေသည်။ သူ သွားကြိတ်စရာ မလိုဘဲလည်း သွေးထွက်နေခဲ့သည်။ သူ့အဖေက ရိုက်ထားသောကြောင့်ပင်။ မီးတုတ်ကိုကိုင်ဆောင်ရင်း သူသည် စာအုပ်ပုံရှေ့သို့ သွားလိုက်၏။

ရှမ့်လန်က လက်ယပ်ခေါ်လိုက်သည်။ “တန်းရှန်.... ဆီလောင်းပေးလိုက်စမ်း။”

စာအုပ်ဆိုင်ပိုင်ရှင်တန်းရှန်သည် အနည်းငယ် တုံ့ဆိုင်းသွားသည်။ လူတစ်ယောက်အနေဖြင့် အခြေခံ ကိုယ်ကျင့်တရား တစ်ခုခုတော့ ရှိသင့်သည်ဟု တွေးမိသည်။

ကျူးဝမ်ဟွာက ဒီလောက်သနားစရာကောင်းနေပြီ။ ခင်ဗျား ဆက်ပြီးဒုက္ခပေးအုံးမှာလား”

သို့သော်ငြား ဒုတိယအကြိမ်မြောက် ရှမ့်လန်၏ အကြည့်ကို တန်းရှန်သည် ချက်ချင်းပင် ဆီပုံးတစ်ပုံးကို မယူကာ ကျူးဝမ်ဟွာ၏ စာအုပ် ငါးထောင်ကျော်ပေါ်သို့ လောင်းချလိုက်သည်။ ဘာကြောင့်မှန်းမသိ ရှမ့်လန်၏ရှေ့၌ တန်းရှန်သည် အသက်ပင်မရှူဝံ့ဘဲ သတိကြီးစွာနေရသည်။ မည်ကဲ့သို့သော အရှိန်အဝါ ဖြစ်သနည်း သူမသိပေ။

“သခင်လေးကျူးကို စိတ်မကောင်းဖြစ်အောင် လုပ်မိပါပြီ။” တန်းရှန်သည် ဆီလောင်းနေရင်းမှ တောင်းပန်စကား ဆိုလိုက်၏။

ကျူးဝမ်ဟွာ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် တဆတ်ဆတ်တုန်နေသည်။ သူသည် မျက်နှာပေါ်မှ နာကျင်မှုကိုပင် မခံစားနိုင်တော့ပေ။ အကြောင်းမှာ နှလုံးသားထဲမှနာကျင်မှုသည် မျက်နှာပေါ်မှနာကျင်မှုထက် အဆပေါင်းများစွာ သာလွန်နေသောကြောင့်ပင်။

“အ... အား...”

ရုတ်တရက် သူသည် ပြင်းထန်စွာ အော်ဟစ်လိုက်ပြီး မီးတုတ်ကို စာအုပ်ပုံထဲသို့ ပစ်ထည့်လိုက်သည်။ သူ၏ လက်များသည် တုန်ယင်လို့နေသည်။

ဖောင်း...

ဆီလောင်းထားသော စာအုပ်များသည် ချက်ချင်းဆိုသလိုပဲ မီးလျှံများတောက်လောင်ကာ ကောင်းကင်သို့ ထိုးတက်သွားသော မီးပုံကြီးအဖြစ်သို့ ပြောင်းလဲသွား၏။

ကျန်းချန်နန်၏ နှလုံးသားထဲတွင် သွေးများယိုစီးကျနေသည်။ “ဒါ... ဒါတွေက ပိုက်ဆံတွေပဲ။

ငါဘာလို့ အစကတည်းက ကျူးဝမ်ဟွာရဲ့စကားကို နားထောင်ခဲ့မိပါလိမ့်လို့ နောင်တရမိတယ်။ မဟုတ်ရင် မာယာမျဉ်းပြိုင်စာအုပ် က ငါ့စာအုပ်ဆိုင်မှာ ရှိနေမှာပဲ။ အဲလိုသာဆိုရင် ပိုက်ဆံ ဘယ်လောက်တောင် ရလိုက်မလဲ။

“ငါမကျေနပ်ဘူး...” ကျူးဝမ်ဟွာသည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူသည် မျက်စိရှေ့မှ တောက်လောင်နေသော မီးပုံကြီးကို ကြည့်နေသည်။ သူ၏မျက်နှာတစ်ခုလုံး ရှုံ့မဲ့နေပြီး တစ်ကိုယ်လုံးလည်း တဆတ်ဆတ် တုန်နေသည်။

သူဘာတွေ ဆုံးရှုံးသွားခဲ့သနည်းကို သူသိသည်။ မရေမတွက်နိုင်သော စာဖတ်ပရိသတ်များ၊ ကျောင်းတော်သား တစ်သိုက်နှင့် လန်ရှန်မြို့၏လူငယ်ခေါင်းဆောင်ဟူသော အဆင့်အတန်း၊ အသိအမှတ်ပြုမှုကို ဆုံးရှုံးခဲ့ရသည်။ ထို့အပြင် ဂုဏ်သိက္ခာကိုလည်း ဆုံးရှုံးခဲ့ရသည်။ သူသည် ရှမ့်လန်၏ ဖျက်ဆီးနင်းချေခြင်းကို ခံခဲ့ရသည့် သနားစရာ သတ္တဝါတစ်ကောင်အဖြစ် လူတိုင်းက မှတ်မိနေကြပေတော့မည်။

လူတစ်ယောက်သည် အလွန်အမင်းနာကျင်သွားသည့်အခါ နာကျင်မှုကို မခံစားနိုင်တော့ပေ။ ထုံကျင်မှုနှင့်အတူ မနှိုင်းယှဉ်နိုင်သော ဝမ်းနည်းနာကြည်းမှုတို့သာ ခံစားရတော့သည်။

ကျူးဝမ်ဟွာသည် နှလုံးသားထဲတွင် တိတ်တဆိတ် သစ္စာဆိုလိုက်၏။ သူ၏နှလုံးသားထဲတွင် အရူးအမူး အော်ဟစ်နေသည်မှာ ‘ဒီနေ့ကစပြီး ငါနဲ့ မင်း .... ရှမ့်လန်က သေမှအဆုံးသတ်မယ့် ရန်ငြိုးတွေ ပိုင်ဆိုင်ခဲ့ပြီ။ အခွင့်အရေးနည်းနည်းလေးသာ ရှိပါစေ။ ငါ မင်းကို အလောင်းတောင် အကောင်းမကျန်အောင် သတ်ပစ်မယ်။ သတစ်စစီဆုတ်ဖြဲပြီး ဒီနေ့ကိစ္စအတွက် လက်စားချေမယ်’

ရှမ့်လန်က သက်ပြင်းချလိုက်၏။ “အသံမပါရင် ဘယ်ဇာတ်လမ်းမှ ကြည့်မကောင်းဘူး။ သခင်လေးကျူး.. နာနာကျင်ကျင်နဲ့ အော်လိုက်ပါအုံး”

နောက်ဆုံးမှာတော့ ကျူးဝမ်ဟွာသည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “ရှမ့်လန်... ငါနဲ့မင်း အတူ ယှဉ်တွဲနေလို့မရဘူး။ သေမှအဆုံးသတ်မယ့် ရန်သူတွေပဲ”

“ဒါမှ မှန်သွားတာပေါ့။ အော်လိုက်တော့မှ ဖိနှိပ်ထားတာတွေ လျော့သွားမှာပေါ့။ ဒါပေမဲ့ ဒီစကားကို ဘာလို့ နည်းနည်းရင်းနှီးတယ်လို့ ခံစားနေမိတာလဲ။ မကြာသေးခင်က တစ်စုံတစ်ယောက် အော်ဟစ်ခဲ့ဖူးသကဲ့သို့ပဲ။ အဲလူ ဘယ်သူပါလိမ့်။ ဘယ်ရောက်သွားပြီလဲ” ရှမ့်လန်သည် ခေါင်းကိုကုတ်ကာဖြင့် စဉ်းစားသော်လည်း အဖြေမရခဲ့ချေ။

ရှမ့်လန်သည် ခေါင်းကိုကုတ်ရင်းမှ ပြောလိုက်၏။ “သွားမယ်၊ အိမ်ပြန်မယ်”

ရုတ်တရက် မြို့စားလေးကျူးလန်ထင်က ဆိုသည်။ “ရှမ့်သခင်လေး... မှောင်မိုက်တဲ့နေ့တွေမှာ လမ်းက ချောတတ်တယ်။ သတိထားသွားပါ”

ရှမ့်လန်က ပြောလိုက်၏။ “လူတိုင်းကြားတယ်နော်။ အကယ်၍ ကျုပ်လမ်းမှာ မတော်တဆတစ်ခုခုဖြစ်ခဲ့ရင် အဲဒါ မြို့စားလေး ကျူးလန်ထင် လုပ်တာပဲ”

“ချီးတဲ့မှ... ကျုပ်က ရိုးရိုးသတိပေးတာပါ။”

ရှမ့်လန်သည် ရွှမ်ဝူမြို့စားအိမ်တော်သို့ ဘေးမသီရန်မခ ပြန်ရောက်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ဇနီး ကျင်းမူလန်သည် မြင်းတပ်ကိုဦးဆောင်၍ သူ့အား ကိုယ်တိုင်ကိုယ်ကျ အိမ်သို့ခေါ်ဆောင်သွားသောကြောင့်ပင်။ ထို့အပြင် ဘာ့ကြောင့်မှန်းမသိ ကျူးလန်ထင်သည်လည်း လူတစ်ဒါဇင်ကျော်ကို စေလွှတ်၍ သူ့အား ရွှမ်ဝူမြို့အထိ တိတ်တဆိတ် ကာကွယ်စောင့်ရှောက်စေခဲ့သည်။ ဤလူသည် တကယ်ပင် ကောင်းမွန်လှချေသည။

နောက်တစ်နေ့...

လန်ရှန်းမြို့တွင် ‘မာယာမျဉ်းပြိုင်’ စာအုပ်သည် ယခင်အတိုင်း ရောင်းအားကောင်း နေဆဲဖြစ်သည်။ အကြောင်းမှာ အရေအတွက် ကန့်သတ်ပြီး ရောင်းချသောကြောင့်ပင်။

မနေ့ညက အရေးကြီးကိစ္စ တစ်ခုခု ဖြစ်ခဲ့သည်။

ကျူးဝမ်ဟွာသည် ဖခင်၏ ပါးရိုက်ခြင်းကိုခံခဲ့ရပြီး သူ၏စာအုပ်အားလုံးကို ကိုယ်တိုင်မီးရှို့ခဲ့ရသည်။ ရှမ့်လန်၏ ဂုဏ်သတင်းသည် ချက်ချင်းပင် လန်ရှန်တစ်မြို့လုံးသို့ ပျံ့နှံ့သွားသည်။ ထို့ကြောင့် ယခင်က ကျူးဝမ်ဟွာ၏ စာအုပ်ကို ဝယ်ယူခဲ့ကြသောအမျိုးသမီးများသည် သည်းမခံနိုင်တော့ဘဲ သူတို့၏ အစေခံမလေးများကို စေလွှတ်၍ ရှမ့်လန်၏ ‘မာယာမျဉ်းပြိုင်’ စာအုပ်ကို အလုံးအရင်းဖြင့် ဝယ်ယူကြတော့သည်။

“ဟွန့်.. ကျွန်မတို့ရဲ့ ကျူးဝမ်ဟွာကို ဒီအခြေအနေအထိ ဖိအားပေးရဲတယ်ပေါ့လေ။ ရှင် ရှမ့်လန် ရေးထားတာ ဘယ်လိုလဲဆိုတာ ကျွန်မကြည့်ချင်သေးတယ်။ ကြည့်ပြီးရင် ရှင့်ကို ဆဲဆိုကြိမ်းမောင်းမယ်။”

နောက်ဆုံးတွင် သူတို့သည် ကမ္ဘာသစ်၏ တံခါးမကြီးကို ဖွင့်လိုက်ရသကဲ့သို့ ဖြစ်သွားကြသည်။

နှစ်ရက်ကြာပြီးနောက်...

တန်းရှန်၏ အခြွေအရံ ဒါဇင်ပေါင်းများစွာသည် ‘မာယာမျဉ်းပြိုင်’ စာအုပ် သုံးထောင်ကျော်ကို ယူကာ ရှမ့်လန်၏ အဓိကပိုက်နက်ဖြစ်သော ရွှမ်ဝူမြို့သို့ ရောက်ရှိလာခဲ့သည်။ “နောက်ဆုံးတော့ ရောက်လာခဲ့ပြီ”

ဤစာပေဗုံးသည် ရွှမ်ဝူမြို့တွင် ပေါက်ကွဲခဲ့ပြီဖြစ်၏။ နောက်ဆုံးတွင်တော့ ရှစ်ကွမ်းယွမ်နှင့် ရှစ်ချင်းချင်းတို့၏ ဂုဏ်သတင်းသည် ဆိုးရွာစွာ ပျက်စီးရပေမည်။

ဤမီးသည် ရှစ်ချင်းချင်းထံသို့ နောက်ဆုံး၌ ရောက်ရှိသွားခဲ့၏။ လွန်ခဲ့သော နှစ်ရက်အတွင်း ဤစာအုပ်နှင့် ပတ်သက်သော ကောလဟလများသည် တိုးတိုးလေး ပျံ့နှံ့နေရင်းမှ တဖြည်းဖြည်း ပိုမို အားကောင်းလာခဲ့သည်။ကောလဟလအမျိုးမျိုးသည် နေရာတိုင်းသို့ ပျံ့နှံ့သွားသည်။

“ကြားပြီးပြီလား။ ပါရမီရှင်ကြီး ကျူးဝမ်ဟွာက အရှက်ရပြီး သူ့စာအုပ်အားလုံးကို မီးရှို့ပစ်ခဲ့တယ်တဲ့။”

“လန်ရှန်မြို့က ပြည့်တန်ဆာဆောင်သုံးခုမှာ နေ့တိုင်းဧည့်သည်တွေနဲ့ ပြည့်နေတယ်တဲ့။ နာမည်အကြီးဆုံး ပြည့်တန်ဆာမလေး တချို့ဆိုရင် ဒီသုံးရက်အတွင်း ဘောင်းဘီတောင် ပြန်မဝတ်နိုင်ကြဘူးလို့ ကြားတယ်”

ဤအရာအားလုံးသည် ရှမ့်လန်နှင့် ကျင်းမူကုန်း တို့၏ ‘မာယာမျဉ်းပြိုင်’ ကြောင့်ပင်။ သဘာဝကျစွာပင် ဤကောလဟလများသည် ရှမ့်လန် ငွေပေးပြီး လူငှားကာ ဖြန့်ခိုင်းထားခြင်းဖြစ်သည်။ သို့ပေမည့် လန်ရှန်မြို့မှလာသူများသည် ဤအရာများမှာ အမှန်တရားဖြစ်ပြီး အနည်းငယ်မျှပင် မမှားယွင်းကြောင်း မိုးကောင်းကင်နှင့် တိုင်တည်ရဲကြသည်။

ဤနှစ်ရက်အတွင်း ရွှမ်ဝူမြို့တစ်မြို့လုံးသည် ‘မာယာမျဉ်းပြိုင်’ စာအုပ်ကြောင့် ဆူညံ ပွက်လောရိုက်နေသည်။ ရွှမ်ဝူမြို့တစ်မြို့လုံးသည် ဤစာအုပ်ထွက်ရှိလာမည့်အချိန်ကို စောင့်မျှော်နေကြသည်။ နောက်ဆုံးတွင် မြို့ထဲ၌ တန်းရှန်သည် စာအုပ်ဆိုင်တစ်ဒါဇင်ကျော် ဖွင့်လှစ်လိုက်သည်။ အားလုံးသောသူတို့သည် စာအုပ်ကို အလုအယက် ဝယ်ယူကြတော့၏။

ရောင်းအားသည် လန်ရှန်မြို့ကိုပင် ကျော်လွန်သွားလုနီးပါးပင်။ ထိုလူများသည် စာအုပ်ကိုလုယက်နေကြသည်မှာ အဒေါ်ကြီးများက အလကားရသော ကြက်ဥကို လုယက်နေကြသည်နှင့်ပင် တူနေသည်။ ထို့အပြင် အလယ်တွင် စာအုပ်ပွဲစားများစွာလည်း ဝင်ရောက်လှုပ်ရှားနေပြီး စာအုပ်ဒါဇင်ပေါင်းများစွာကို ကြားမှ ဝယ်ယူကြသည်။

နာရီအနည်းငယ်အတွင်း တန်းရှန်ပြင်ဆင်ထားသော စာအုပ် သုံးထောင်ကျော်သည် ပြောင်သလင်းခါသွားသည်။ ငွေရေတွက်သည့်အချိန်တွင် သူသည် လက်ကြွက်တက်လုမတတ်ပင် ဖြစ်နေ၏။

ရှစ်ချင်းချင်းသည် သူမ၏ တစ်ဘဝစာအတွက် အရေးကြီးသောကိစ္စနှင့် အလုပ်များနေသည်။ စေ့စပ်ပွဲသာ ဖြစ်သော်လည်း အခမ်းအနား၏ အဆင့်အတန်းသည် လက်ထပ်ပွဲထက်ပင် အရေးကြီးနေသည်။ အကြောင်းမှာ ဤစေ့စပ်ပွဲသည် နိုင်ငံရေးပြဇာတ်တစ်ခု ဖြစ်သောကြောင့်ပင်။ အုပ်ချုပ်ရေးမှူး ကျန်းချုံးသည် ဒါရိုက်တာဖြစ်ပြီး ကျန်းကျင်းနှင့် ရှစ်ချင်းချင်းတို့သည် သရုပ်ဆောင်များဖြစ်သည်။ အဓိကဇာတ်လမ်းမှာ ရွှမ်ဝူမြို့စားအိမ်တော်ကို အရပ်ရှစ်မျက်နှာကနေ ဝိုင်းဝန်းတိုက်ခိုက်ဖို့ နိဒါန်းပျိုးလိုက်ခြင်းပင်။

ဤကိစ္စသည် အလွန်အရေးကြီးသောကြောင့် ရှစ်ချင်းချင်းသည် အနည်းငယ်မျှပင် လျစ်လျူမရှုဝံ့ဘဲ အာရုံစိုက် ထားသည်။ ထို့ကြောင့် ရှမ့်လန်၏ စာအုပ်ဘက်ကို ရှစ်ချင်းချင်းသည် အမှန်တကယ် ဂရုမပြုမိခဲ့ပေ။

မူလက မြို့စားလေးကျူးလန်ထင်သည် စာအုပ်တစ်အုပ်ကို ပေးပို့၍ ရှမ့်လန်၏စာအုပ်သည် ရှစ်မျိုးနွယ်ကို သွယ်ဝိုက်စော်ကားထားကြောင်း ကျန်းကျင်းနှင့် ရှစ်ချင်းချင်းတို့အား ပြသချင်ခဲ့သည်။ သို့ပေမည့် သူသည် ငတုံးတစ်ယောက်မဟုတ်ပေ။ သူသည်သာ ထိုသို့လုပ်ခဲ့ပါက ရှစ်မျိုးနွယ်နှင့် ကျန်းကျင်းတို့သည် သူ့ကို ကျေးဇူးတင်မည်မဟုတ်ဘဲ သူ့အပေါ်၌သာ ဒေါသပုံချပေလိမ့်မည်။ သဘာဝအတိုင်း ဖြစ်ခွင့်ပေးလိုက်သည်က ပို၍ ကောင်းပေဦးမည်။

“စေ့စပ်ပွဲကို ကျင်းမူလန်နဲ့ ရှမ့်လန်တို့ လာကြမှာလား” ရှစ်ကွမ်းယွမ်က မေးလိုက်သည်။

ရှစ်ချင်းချင်းက ပြောလိုက်၏။ “မလာလည်း ကိစ္စမရှိဘူး။ ဘုရင်ခံအိမ်တော်က သံတမန် လွှတ်လိမ့်မယ်။ နန်းတွင်း ရက်ကန်းရုံက နင်သခင်ကြီးလည်း လာလိမ့်မယ်။ ကျင်းဟိုင်မြို့စံအိမ်လည်း လာလိမ့်မည်။ တကယ့် ထိတ်ထိတ်ကြဲတွေကြီးပဲ။ ရှမ့်လန်က မိန်းမရဲ့ မျိုးရိုးနာမည်ယူထားရတဲ့ သားမက်လေးတစ်ယောက်ပဲ၊ ဘာမှ ထူးခြားတာမဟုတ်ဘူး”

ရှစ်ကွမ်းယွမ်က ပြောလိုက်သည်။ “ကျင်းဟိုင်မြို့စား ထန်မျိုးနွယ်ကလည်း မူဝါဒသစ်ဘက်ကို ပြောင်းသွား တာလား”

ရှစ်ချင်းချင်းက ပြောလိုက်၏။ “အဲဒီလိုတော့ မဟုတ်ဘူး။ ဒါပေမဲ့ ထန်မျိုးနွယ်နဲ့ မူဝါဒသစ်တို့ ပူးပေါင်းပြီး ရွှမ်ဝူမြို့စားအိမ်တော်ကို အရင်ဆုံး ဒုက္ခပေးနိုင်တယ်”

ရှစ်ကွမ်းယွမ်က ပြောလိုက်သည်။ “ကြည့်ကောင်းမှာပဲ”

ရှစ်ချင်းချင်းက ပြောလိုက်၏။ “ကျင်းချန်ကျွန်းပြိုင်ဆိုင်မှုက ရွှမ်ဝူမြို့စားအိမ်တော် လုံးဝပျက်သုဉ်း သွားမယ့် တံပိုးခရာကို မှုတ်လိုက်တာပဲ”

ရှစ်ကွမ်းယွမ်က ပြောလိုက်သည်။ “သခင်ကြီးကျန်းချုံးက မြို့စားနှစ်ဦးကို တစ်ချက်တည်းနဲ့ အပြီးသတ် ဖျက်ဆီးလိုက်မယ်ဆိုရင်တော့ သေချာပေါက် ကောင်းကင်ထက်ကို ပျံတက်သွားလိမ့်မယ်။ ဘုရင်ခံအိမ်တော်ရဲ့ ပင်တိုင်အတွင်းဝန်ရာထူးကို ရယူမှာမဟုတ်တော့ဘဲ မြို့တော်ထဲဝင်ပြီး တရားသူကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင်လိမ့်မယ်”

ရှစ်ချင်းချင်းသည် ခဏတာတုံ့ဆိုင်းပြီးနောက် ပြောလိုက်၏။ “ယန်ကျိုးကိုသွားပြီး ပြည်နယ်အုပ်ချုပ်ရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ခွင့်ရနိုင်တယ်”

ရှစ်ကွမ်းယွမ်သည် အံ့အားသင့်သွားသည်။ ဤသည်မှာ တကယ်ပင် ကောင်းကင်သို့ ပျံတက်သွားခြင်းပင်။ ရွှဲ့တိုင်းပြည်တွင် ပြည်နယ်ကြီးသုံးခုနှင့် အထူးအုပ်ချုပ်ရေး ပြည်နယ်တစ်ခုရှိသည်။ ဤအထူး အုပ်ချုပ်ရေးပြည်နယ် သည် ဧရိယာနှင့် လူဦးရေအရ ပြည်နယ်ကြီးတစ်ခုနှင့် မနှိုင်းယှဉ်နိုင်သော်လည်း အထူးအရေးပါသောကြောင့် ၎င်း၏ အဆင့်အတန်းသည် သာမန်ခရိုင်ထက် များစွာမြင့်မားပြီး ပြည်နယ်နှင့်နှိုင်းယှဉ်လျှင် အဆင့်တစ်ဝက်သာ နိမ့်သည်။ အမြင့်ဆုံးအရာရှိချုပ် ရာထူးသည် ပြည်နယ် အုပ်ချုပ်ရေးမှူးပင် ဖြစ်သည်။

ရှစ်ကွမ်းယွမ်က ပြောလိုက်သည်။ “ရွှမ်ဝူမြို့စားအိမ်တော်ရဲ့ သင်္ဘောက နစ်မြုပ်တော့မယ်။ ရှမ့်လန်လို အလိုက်ကန်းဆိုးမသိဘဲ အနှောင့်အယှက်ပေးနေတဲ့ကောင်ကြောင့် ဒုက္ခရောက်ခဲ့သေးတယ်။ ထျန်းဟန်က တကယ် မတရားသေသွားခဲ့ရတာပဲ”

ရှစ်ချင်းချင်းက ပြောလိုက်၏။ “ကျင်းမျိုးနွယ် ပျက်သုဉ်းမယ့်နေ့က ရှမ့်လန် သေဆုံးမယ့်နေ့ပဲ။ ထျန်းဟန်က အလိုက်ကန်းဆိုးမသိတဲ့ ဒီကောင်ကို ပြိုင်ဘက်အဖြစ် သတ်မှတ်ခဲ့မိလို့ မှားသွားတာပဲ။ တစ်ဖက်လူရဲ့ အကွက်ထဲဝင်ပြီး သေဆုံးခဲ့ရတယ်။ ရှမ့်လန်လို ယင်ကောင်မျိုးကို ရိုက်သတ်ဖို့ကြိုးစားရင် သေမှာ မဟုတ်ဘူး။ ဒါပေမဲ့ မှီခိုနေတဲ့ နေရာသာမရှိတော့ရင် သူ့အလိုလို သေသွားလိမ့်မယ်”

ရှစ်မျိုးနွယ်သည် ဤအချိန်တွင် အုပ်ချုပ်ရေးမှူး ကျန်းချုံးနှင့် ပူးပေါင်း၍ ရွှမ်ဝူမြို့စားအိမ်တော်ကို တိုက်ခိုက်ရန် အလုံးစုံ စိတ်နှလုံး မြှုပ်နှံထားသည်။ ရှမ့်လန်လို မိန်းမမျိုးရိုးနာမည်ယူထားသည့် သားမက်တော်တစ်ယောက် သည် သူမနှင့် ကျန်းကျင်းတို့ ဇနီးမောင်နှံ၏ ရန်သူအဖြစ် သတ်မှတ်ခံရရန် မထိုက်တန်ပေ။

ထိုအချိန်မှာပဲ အောက်ထပ်ဆီမှ ရှုပ်ထွေးသော ခြေသံများနှင့်အတူ အလျှင်စလိုနိုင်လွန်းသော တံခါးခေါက်သံများ ထွက်ပေါ်လာသည်။ “သခင်ကြီး၊ သခင်မလေး၊ အရေးကြီးတဲ့ကိစ္စ ဖြစ်ကုန်ပါပြီ။ သတင်းဆိုးပဲ”

All Chapters