← Chapters

အပိုင်း (၉၂)

Vol. 7 Ch. 92

အပိုင်း (၉၂)

Vol. 7 Ch. 92

ညသို့ ရောက်ရှိလာခဲ့၏။ မြင်းစီးတပ်ဖွဲ့ အဖွဲ့တစ်ခုသည် ရှမ့်လန် နှင့် ကျင်းမူလန်တို့၏ ရထားလုံးကို လိုက်ပါ စောင့်ရှောက် ပို့ဆောင်ကြ၏။ မကြာခင်မှာပဲ သူတို့သည် ကျန်းကျင်း၏အိမ်ဆီသို့ ရောက်ရှိလာခဲ့၏။

“မိန်းမ အရမ်းကြီး စိုးရိမ်မနေနဲ့” ရှမ့်လန်က သတိပေးလိုက်သည်။

မူလန်က ပြန်လည်ကာ ပြောဆိုလိုက်၏။ “စိတ်ချပါ”

ရှမ့်လန်က ပြောလိုက်သည်။ “အင်း... ကျုပ်က အရမ်းချောမောတယ်ဆိုတာကို သိတယ်။ ဒီတော့ မင်းအတွက် ဖိအား အနည်းငယ် ဖြစ်စေမှာပေါ့။ ဒါပေမဲ့ စိတ်မပူနဲ့။ အသွင်အပြင်အမူအရာကို အခြေခံပြီး ပြောရမယ်ဆိုရင် မင်းက ငါနဲ့ထိုက်တန်တဲ့ လူတစ်ယောက်ပဲ။ ဒီတော့ ကိုယ့်ကိုယ်ကိုယ် ရှက်ရွံ့သိမ်ငယ်နေစရာ မလိုဘူး။ မင်းက စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် နံပါတ်တစ် အလှဆုံအဖြစ် တွေးထားရုံပဲ”

မူလန်သည် ချက်ချင်းပဲ မျက်နှာကို ဘေးတစ်ဖက်ဆီသို့ လှည့်လိုက်မိ၏။

“မှတ်ထား။ မင်းက ရွှမ်ဝူမြို့ရဲ့နံပါတ်တစ် အလှပဂေးပဲ။ နုကျင်းစီရင်စုတစ်ခုလုံးမှာလည်း နံပါတ်တစ်၊ ထျန်းလန်စီရင်စု တစ်ခုလုံးမှာလည်း နံပါတ်တစ်ပဲ” ရှမ့်လန်သည် လေးနက်တည်ကြည်စွာ ပြောလိုက်သည်။

မူလန်က ပြောလိုက်၏။ “ကောင်းပါပြီ။ စိတ်မပူပါနဲ့ ယောက်ျား ... ကျိန်းသေပေါက် ကျွန်မ ရှင့်ကို ထောက်ပံ့ပေးမယ်။ ရှင်မျက်နှာ မပျက်စေရပါဘူး”

“ကောင်းပြီ”

ရှမ့်လန်က ပြောလိုက်သည်။ “ဒီတော့ ဒီမှာရှိတဲ့ယောက်ျားအားလုံးက ငါ့ကိုမနာလိုဖြစ်ပြီးတော့ သွေးအန်စေရမယ်။ ဘေးတစ်ဖက်မှာ အရမ်းလှပြီး တော်ဝင်ဆန်တဲ့ မိန်းမတစ်ယောက် ရှိနေတာ ဘယ်လောက် ကောင်းလဲ။ ငါ သူနဲ့ မအိပ်ရသေးဘူးဆိုတာတော့ တခြားသူတွေ မသိဘူးပေါ့”

မူလန်သည် မည်သို့မှ သည်းမခံနိုင်တော့ချေ။ ထို့ကြောင့် သူမ၏ ကျောက်စိမ်းကဲ့သို့ သွယ်လျသော လက်လေးသည် ရှမ့်လန်၏ခါးဆီသို့ ရောက်ရှိလာခဲ့၏။ သူမသည် သူ့ယောက်ျားကို မရိုက်နှက်ချေ။ သို့ပေမည့် မဆိတ်ဘူးဟုတော့ အဓိပ္ပာယ် မသက်ရောက်ချေ။

ရှမ့်လန်သည် ခန္ဓာကိုယ်ကို မလှုပ်ရဲချေ။ ကျောကိုမတ်မတ်ထားလျက် ရှိနေ၏။ အသက်ကို ပြင်းပြင်းရှူပြီးနောက် ချက်ချင်းပဲ သူသည် သူမိန်းမ၏ ဆိတ်ဆွဲမှုကို ယောက်ျားတစ်ယောက်၏ သတ္တိအပြည့်ဖြင့် ခံယူလိုက်သည်။

“ငါ့အတွက် စိတ်ချပ မိန်းမ။ ကျိန်းသေပေါက် ဒီမှာရှိတဲ့ယောက်ျားအားလုံးကို ဖိနှိပ်ပစ်မယ်။ မိန်းကလေးတွေ အကုန်လုံးကလည်း မင်းကို မနာလိုဝန်တိုစိတ်နဲ့ မျက်စိသူငယ်အိမ်တွေ ပြူးထွက်သွားစေရမယ်” ရှမ့်လန်သည် သူ၏ရင်ဘတ်ကို တဘုန်းဘုန်းနှင့် ပုတ်လိုက်၏။

မူလန်သည် မည်သည့်စကားကိုမှ ဆက်ကာမပြောဆိုတော့ချေ။ သူမ၏ဘဝတွင် နှိုင်းယှဉ်ခံရမှုကို အမုန်းဆုံး တစ်ယောက်ဖြစ်၏။ သူမသည် တခြားသောသူများနှင့် ဘယ်တော့မှ မနှိုင်းယှဉ်ချေ။ သို့ပေမည့် တခြား နည်းလမ်းလည်း မရှိချေ။ နှိုင်းယှဉ်ရသည်ကို စွဲလမ်းနေသော ယောက်ျားတစ်ယောက်နှင့် လက်ထပ် ထားသောကြောင့်ပင် “တကယ် သောက်တလွဲ ယောက်ျားပဲ”

တခြားသောဘက်ခြမ်းတွင် ရှိနေသည့် ရှမ့်လန်မှာတော့ ခံစားချက်အပြည့်နှင့် သက်ပြင်းချလိုက်မိ၏။ “ဟင်း... ဘဝက နှိုင်းယှဉ်ခံရမှုတွေနဲ့ ပြည့်နှက်နေတာပေါ့။ ကိုယ်က ရေထဲကို ရောက်နေတယ်ဆိုရင်တောင်မှ တခြားသော ပိုးကောင်တွေထက် ပိုပြီးတော့ မြန်ဆန်လား၊ အားကောင်းလားဆိုတာနဲ့ နှိုင်းယှဉ်ခံရတယ်။ လူသားတစ်ယောက် ဖြစ်ဖို့ အခွင့်အရေးရောက်လာပြီဆိုမှတော့ ကျိန်းသေပေါက် ဖားလောင်းလေးတစ်ကောင်လို နေနေလို့တော့ ဘယ်ဖြစ်ပါ့မလဲ။ ဝံ့ကြွားစွာနဲ့ နေထိုင်ရမှာပေါ့။

မွေးဖွားလာတည်းက လူသားတွေဆိုတာ နှိုင်းယှဉ်မှုတွေနဲ့ အစပြုခဲ့တာလေ။ တခြားကလေးတွေထက် ပိုပြီးတော့ ဉာဏ်ကောင်းတယ်။ ပြီးတော့ချစ်ဖို့ကောင်းတယ်။ ဒီအရာမျိုးကို နှိုင်းယှဉ်ခဲ့ကြတယ်။ အရွယ်ရောက်လာတဲ့ အခါမှာတော့ ပိုပြီးချောမောလာတယ်။ ပိုပြီးတော့ ထူးချွန်လာတယ်။ ဒီလောက်နဲ့ အဆုံးသတ်ပြီလား။ မဟုတ်သေးဘူး။ အရွယ်ရောက်ပြီဆိုရင်တော့ ပိုက်ဆံ ဘယ်လောက်ရှာနိုင်တယ်။ မိန်းမက ဘယ်လောက်လှပတယ်။ ခန္ဓာကိုယ် ဘယ်လိုလှတယ်။ ကလေးတွေက တခြားကလေးတွေနဲ့ မတူဘဲ ဉာဏ်ကောင်းကြတယ်။ ဒီလိုမျိုး နှိုင်းယှဉ်ပြန်တယ်။

အသက်အရွယ်ကြီးတဲ့အချိန်မှာတော့ ကိုယ့်ရဲ့ကလေးတွေက ကိုယ့်ကိုပြန်ပြီး လုပ်ကျွေးရဲ့လား။ သားသမီးကျင့်ဝတ်တွေနဲ့ရော ကိုက်ညီရဲ့လား။ ဒီအရာတွေနဲ့ နှိုင်းယှဉ်ခံကြပြန်တယ်။ လူတစ်ယောက်ရဲ့ သက်တမ်းက နှိုင်းယှဉ်ခံရမှုတွေနဲ့ ပြည့်နှက်နေတာလေ။ ကိုယ်မွေးဖွားလာစဉ်တည်းကနေ ကိုယ့်ရဲ့မြေးအထိပါ အဆုံးမဲ့ နှိုင်းယှဉ်ခံရမှုတွေနဲ့ ပြည့်နက်နေတယ်။ ဒီအရာတွေနဲ့ပတ်သက်ပြီး သင့်တော်တဲ့ စိတ်ဓာတ် ခံယူမှုမရှိဘူးဆိုရင် အသက်ရှင်ချင်စိတ်တောင်ရှိမှာ မဟုတ်ဘူး”

မူလန်သည် ရှမ့်လန်ကို လှမ်းကာကြည့်ရှုလိုက်၏။ သူမ၏ယောက်ျားသည် ထိုကဲ့သို့ပင် လောကကြီးနှင့် ပတ်သက်သည့် နိယာမများကို အလုံးစုံ ထွင်းဖောက်မြင်နိုင်သူ တစ်ယောက်ကဲ့သို့ပင် ဝံ့ကြွားလွန်းသည့် စကားလုံးများကို ပြောဆိုတတ်၏။ သူမသည် မည်သို့မှ မနေနိုင်တော့ချေ။ ကြင်နာစွာဖြင့် ပြောဆိုလိုက်မိ၏။ “ယောက်ျား.... စိတ်ချမ်းသာနေတယ်ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် ပျော်ရွှင်ပါလိမ့်မယ်”

ရှမ့်လန်သည် ခေါင်းကိုအသာလှည့်ကာ ပြောလိုက်၏။ “အခု ငါအရမ်း ပျော်ရွှင်နေတယ်လေ။ ဘာလို့လဲဆိုတော့ တခြားသောသူတွေနဲ့ ပြိုင်ဆိုင်တဲ့နေရာမှာ တစ်ခါမှ မရှုံးခဲ့ဘူးလို့ပဲ။ အမြဲတမ်း အနိုင်ယူနိုင်တယ်။ ဘယ်သူတွေနဲ့ပဲ ယှဉ်ယှဉ် ကိစ္စမရှိဘူး။ ငါအမြဲတမ်း နိုင်တယ်။ ငါက ပြိုင်ဆိုင်ရခြင်းကို ချစ်ခင်နှစ်သက်တယ်။ ဟား ဟား ဟား ဟား ဟား ဟား”

မူလန်သည် ခေါင်းကိုအသာလှည့်ကာဖြင့် သူမ၏ယောက်ျားကို လျစ်လျူရှုလိုက်တော့၏။ အပြင်ဘက်တွင် ရှိနေသည့် ကျင်းဝေသည်လည်း မည်သို့မှမနေနိုင်ပဲ ပြောလိုက်မိ၏။ “သမက်တော် သိုင်းပညာ ယှဉ်ပြိုင်ရင်ရော အနိုင်ရနိုင်လား”

“အင်း....ကျိန်းသေပေါက် အနိုင်ရတာပေါ့”

ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ်မိန်းမက အရမ်းတော်တယ်လေ။ ကျုပ်တို့က လင်မယား မဟုတ်လား။ မိန်းမရဲ့ သိုင်းပညာဆိုတာ ကျုပ်ရဲ့သိုင်းပညာပဲ”

ရုတ်တရက် မြင်းလှည်းမောင်းလျက် ရှိနေသည့် ကျင်းဝေသည် အသက်မရှူနိုင်သလိုပင် ခံစားလိုက်မိ၏။ တကယ့်ကို ပေါက်ပန်းလေးဆယ်များ ပြောဆိုနိုင်သည့် သမက်တော်ပါတကား။ ကိုယ်မလုပ်နိုင်သည့်အရာ ပေါ်လာသည့်အချိန်မှာတော့ မိန်းမဆီမှ အစွမ်းအစကို ဆွဲယူခဲ့၏။

မည်သို့ပင်ဆိုစေကာမူ မူလန်နှင့် ကျင်းဝေတို့သည် လက်ရှိအခြေအနေတွင် ယုံကြည်မှုများနှင့် ပြည့်နက်လျက်ရှိ၏။ ဤကဲ့သို့တော့ သမက်တော် တစ်ယောက်ရှိသည်မို့ ယနေ့ညတိုက်ပွဲတွင် ကျိန်းသေပေါက် အားလုံးသော သူများကို ဖိနှိပ်နိုင်မှာ သေချာသည်။

လက်ရှိအခြေအနေတွင် ရှမ့်လန်သည်လည်း တိုက်ခိုက်ရန် စိတ်ဆန္ဒများနှင့် ပြည့်နက်လျက် ရှိနေ၏။ သူသည် ကျားခံတွင်းထဲသို့ ဝင်ရောက်ရမည် ဆိုလျှင်တောင်မှ နည်းနည်းလေးမှ ကြောက်လန့်စိတ် မရှိချေ။ ထိုအစား မျှော်လင့်တကြီး ခံစားချက်များနှင့်သာ ပြည့်နှက်လို့နေ၏။ သူသည် ရေကန်ထဲတွင် လှည့်လည် ကူးခတ်လျက် ရှိနေသည့် ငါးမန်းကြီးတစ်ကောင်ကဲ့သို့ပင် ခံစားနေမိ၏။ အရာအားလုံးကို ကိုက်ဝါးကာ မျိုချနိုင်စွမ်းကို ပိုင်ဆိုင်၏။

“အင်း... တိုက်ပွဲတည်နေရာကိုရောက်ဖို့ သုံးမိနစ် …. နှစ်မိနစ် …. တစ်မိနစ်”

ရှမ့်လန်၏ ရထားလုံးက ရပ်တန့်သွားခဲ့၏။ သူတို့သည် ကျန်းမိသားစု၏ စေ့စပ်ပွဲကျင်းပရာ အိမ်တော်ဆီသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။ သူတို့သည် တိုက်ပွဲဆီသို့ ရောက်ရှိလာခဲ့ပြီဟုလည်း ညွှန်းဆိုရမည်။

...............

ရှမ့်လန်သည် ထိုနေရာကိုရောက်သည့် နောက်ဆုံးသော လူတစ်ယောက် ဖြစ်လုနီးပါးပင်။ အဘယ်ကြောင့်ဆိုသော် ရှေ့တွင် လူပေါင်းများစွာတို့ ကြိုတင်ကာ ရောက်ရှိနေကြသောကြောင့်ပင်။

လက်ရှိအချိန်တွင် ခြံဝန်းတစ်ခုလုံးသည် ဧည့်သည်များနှင့် ပြည့်နက်လျက် ရှိနေ၏။ နုကျင်းခရိုင်၊ ရန်ဝူခရိုင် အတွင်းမှ ချမ်းသာပြီး အားကောင်းလွန်းသည့် မိသားစုများမှ လူများတို့သည် ဤနေရာသို့ ရောက်ရှိနေကြ၏။ မြို့တော်ဝန် လျှိုဝူယမ်ပင်လျှင် လူအုပ်ကြားထဲတွင် ပျောက်ကွယ်လုနီးပါးပင်။

“ရွှမ်ဝူအိမ်တော်က မိန်းကလေးကျင်းမူလန်နဲ့ သမက်တော်ရှမ့်လန်တို့ ရောက်ရှိလာပါတယ်” ရထားလုံး ဂိတ်တံခါးဆီသို့ ရောက်ရောက်ချင်းမှာပဲ တစ်စုံတစ်ယောက်သည် ချက်ချင်း ထအော်လိုက်၏။

ရှမ့်လန်သည် ချက်ချင်းပဲ သတိအပြည့်နှင့် ဖြစ်သွားမိ၏။ ထိုအရာနောက်တွင် ကျိန်းသေပေါက် အချက်ပြသည့် အဓိပ္ပာယ်များ ပါဝင်လျက်ရှိနေသည်ကို သူကသိရှိ၏။ အဘယ်ကြောင့်ဆိုသော် နာမည်များကို အော်ဟစ်သည့် နေရာတွင် သူ၏နာမည် ရှမ့်လန်ကိုပါ သေသေချာချာ အော်ဟစ်ခဲ့သောကြောင့်ပင်။ ထိုအရာသည် သာမန် မဟုတ်ချေ။

အကြောင်းအရာအရဆိုလျှင် ကျန်းကျင်းနှင့် ရှစ်ချင်းချင်းတို့သည် ရှမ့်လန်အပေါ်အား နွေးထွေးပျူငှာစွာ ဆက်ဆံပြီး အားလုံးရှေ့တွင် ဂုဏ်သိက္ခာတစ်ခုလုံးကို နင်းချေရန် စဉ်းစားထားကြသည်။

ထို့ကြောင့် နာမည်များ ခေါ်ဆိုသည့်နေရာတွင် ကျင်းမူလန်၊ ရှမ့်လန်ဟု မခေါ်ဘဲ သမက်တော်ရှမ့်လန် ဟူသည့် စကားလုံးကို ခေါ်ဆိုခိုင်းခဲ့ခြင်းပင်။ သို့ပေမည့် ရှမ့်လန်၏ နှလုံးသားသည် သံမဏိကဲ့သို့ မာကျောနေပြီ ဖြစ်၏။ ထို့ကြောင့် မည်သည့်ခံစားချက်မှ မရှိချေ။

ကျင်းမူလန် နှင့် သမက်တော် ရှမ့်လန်ဆိုသည့် နာမည် ထွက်ပေါ်လာချိန်မှဦဗဝဦံ ခြံဝန်းတစ်ခုလုံးတွင် ရှိနေသည့် လူပေါင်းများစွာတို့၏ စကားဿံများက ရပ်တန့်သွားခဲ့ကြ၏။ အားလုံးသောသူတို့သည် ရှမ့်လန်နှင့် ကျေးမူလန် တို့ဆီသို့ လှမ်းကာကြည့်ရှုလိုက်၏။

ဟုတ်ပေ၏။ ရှမ့်လန်သည် ချောမောလွန်းသောကြောင့် မဟုတ်ချေ။ အလွန်ကျော်ကြားလွန်းသောကြောင့် ဖြစ်၏။ စေ့စပ်ပွဲကို တက်ရောက်ကြသည့် လူများအားလုံးတို့သည် ရွှမ်ဝူအိမ်တော်၏ အခြေအနေတစ်ခုလုံးကို ကောင်းကောင်းသိရှိသည်။

ရှမ့်လန်သည် မူလန်၏လက်ကို အသာဆွဲကာဖြင့် ရထားလုံးထဲမှ အပြင်ဘက်သို့ လျှောက်ထွက်လိုက်၏။ သူသည် အားလုံးသောသူတို့၏ အာရုံစူးစိုက်ရာ အလယ်ဗဟိုသို့ ရောက်ရှိသွားကြောင်း ခံစားလိုက်မိ၏။ လက်ရှိအခြေအနေတွင် ရန်သူများသည် အရှိန်အဟုန်ကောင်းကောင်းနှင့် ပြင်ဆင်ထားမှာ သေချာ၏။

............

ထိုအချိန်မှာပဲ အမျိုးသမီးတစ်ယောက်သည် တိုက်ရိုက်ဆိုသလိုပဲ သူတို့ရှေ့သို့ ရောက်ရှိလာပြီး ရှမ့်လန်ကို တားဆီးလိုက်၏။ ဤအမျိုးသမီးသည် အပေါစားဆန်ပြီး ပုံပျက်ပန်းပျက်မျိုးဖြစ်၏။ ဝတ်ဆင်ထားသည့် အဝတ်အစားများကို ကြည့်ရှုလိုက်သည်နှင့် သူမသည် မည်သို့သောလူမျိုးဖြစ်ကြောင်း ကောင်းကောင်း သိရှိနိုင်သည်။

သူမသည် နှစ်သုံးဆယ်ကျော်ကြာ သက်တမ်းရှိ ပြည့်တန်ဆာတစ်ယောက်ပင် ဖြစ်၏။ အဆင့်နိမ့်လွန်းလှသည့် ပြည့်တန်ဆာတစ်ယောက်လည်း ဖြစ်၏။ တစ်ညအတွက် ဈေးနှုန်းသည် အကြွေစေ့ တစ်ဝက်လောက် တန်ဖိုးသာလျှင် ရှိ၏။

“သခင်လေး.. ကျွန်မ ရှင့်ကိုရှာတွေ့ပြီ”

ပြည့်တန်ဆာသည် ရှမ့်လန်ကို အံ့အားတသင့်ဖြင့် ကြည့်ရှုလိုက်၏။ ပြီးနောက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “လွန်ခဲ့တဲ့ရက် လန်ရှန်မြို့ကိုလာတုန်းက ရှင့်နဲ့ကျွန်မက အတူတူ ချစ်ကျွမ်းဝင်ခဲ့တယ်လေ။ ဒါကို ကျွန်မ တစ်ဘဝလုံး မေ့မှာမဟုတ်ဘူး”

ဤစကားစုသည် လန်ရှန်မြို့ထဲတွင် ရှမ့်လန်တစ်ယောက် ပြည့်တန်ဆာနှင့် သွားရောက်ပျော်ပါးခဲ့ပြီး ထိုပြည့်တန်ဆာ ကလည်း အလွန်အဆင့်နိမ့်ကျသည့် ပြည့်တန်ဆာဖြစ်ကြောင်း အားလုံးသောသူတို့ သိအောင် ပြောဆိုနေခြင်းပင် ဖြစ်၏။

ရှမ့်လန်သည် တည်နေရာတွင် မတ်မတ်ရပ်လျက်ရှိနေပြီး သူမ၏သရုပ်ဆောင်မှုကို သေသေချာချာ ကြည့်ရှုနေသည်။

ပြည့်တန်ဆာက ပြောဆိုလိုက်၏။ “ရှမ့်လန်... ကျွန်မက ရှင့်ရဲ့မိန်းမထက် အိပ်ရာထဲမှာ ပိုပြီးကောင်းတယ်လို့ ရှင်ပြောခဲ့တယ်နော်။ ရှင့်ရဲ့မိန်းမကတော့ အိပ်ရာထဲရောက်ရင် ငါးသေကြီးတစ်ကောင်လိုပဲ တုန့်ပြန်မှု တစ်ခုမှ မရှိဘူးဆို။ ကျွန်မနဲ့နေတဲ့အချိန်မှာ ရှင်တကယ်ကို ပျော်ရွှင်ခဲ့ရတယ် မဟုတ်လား”

ရှမ့်လန်၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့၏။ မူလန်၏ လှပသည့်မျက်လုံးထက်တွင်လည်း ဒေါသ အရိပ်အယောင် အနည်းငယ် ပေါ်ပေါက်လာခဲ့သည်။

ပြည့်တန်ဆာက ဆက်ပြောလိုက်၏။ “ရှမ့်လန်... ရှင်ကျွန်မကို ရွှမ်ဝူမြို့ကို ခေါ်လာပြီး ရှင့်ရဲ့ကိုယ်လုပ်တော်အဖြစ် နေရာပေးမယ်လို့ ကတိပေးခဲ့တယ်နော်”

ပြောပြီးနောက် ထိုပြည့်တန်ဆာသည် လန်ဟူ၍ ရေးထိုးထားသည့် လက်ကိုင်ပုဝါတစ်ခုကို ထုတ်ယူကာ ပေးလိုက်သည်။

မှန်ပေသည်။ ဤအရာသည် ရှမ့်လန် ငယ်ငယ်တည်းက ကိုင်ဆောင်ထားခဲ့သည့် လက်ကိုင်ပုဝါပင် ဖြစ်၏။ သူ၏အဖေသည် ထိုအရာကို ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်ထားခဲ့ခြင်း ဖြစ်၏။ သို့ပေမည့် ထိုအရာသည် ရှစ်မိသားစု၏ လက်ထဲသို့ ရောက်ရှိသွားခဲ့သည်မှာ ကြာမြင့်ပြီဖြစ်၏။

“ရှမ့်လန်... ကျွန်မ ရက်ပေါင်းများစွာ စောင့်ခဲ့တယ်။ ရှင် ကျွန်မကို ဘာလို့လာမခေါ်ရတာလဲ” ပြည့်တန်ဆာသည် အပြစ်တင် စောဒကတက်လျက်ရှိသည်။

ရှမ့်လန်က မျက်မှောင်ကုတ်လိုက်၏။

“ရှမ့်လန်... ရှင်က တကယ့်ကို အကြင်နာတရား ကင်းမဲ့တဲ့လူတစ်ယောက်ပဲ”

ပြည့်တန်ဆာသည် အော်ငိုလုမတတ်ပင် ပြောဆိုလျက်ရှိနေသည်။ “ရှင် အဲဒီ ကျင်းမူကုန်းနဲ့အတူ ကျွန်မကို နှစ်ယောက်ပေါင်း ပျော်ပါးခဲ့သေးတယ်လေ။ ကျွန်မ သုံးရက်တိတိ မထနိုင်ခဲ့ဘူး”

တကယ်ပင် ပိုမိုကာ ရွံစရာ စကားလုံးများကို ပြောဆိုလာခဲ့၏။ ဤနေရာ၌ရှိနေသည့် လူများအားလုံးသည် ထိုအရာမှာ သရုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိသည် ဆိုလျှင်တောင်မှ ကြည့်ရင်း အော့နှလုံးနာမိ၏။

“ရှမ့်လန်..... ရှင်က ရုပ်ရည်ချောမောပြီး ဉာဏ်ကောင်းတယ်ဆိုပေမဲ့ အဲဒီညအတွက် ပေးစရာ ပိုက်ဆံတော့ မပေးသွားသေးဘူး။ ပြည့်တန်ဆာအိမ်ကိုလာတယ်ဆိုရင် ပိုက်ဆံပေးရမှာပေါ့။ အဲညက ရှင် ကျွန်မဆီက ခေါက်ဆွဲတစ်ပွဲတောင် စားသွားသေးတယ်။ ပြီးတော့ ကျွန်မကိုလည်း ခုနှစ်ကြိမ်လောက် လိင်ဆက်ဆံခဲ့တယ်။ ရှင် ပိုက်ဆံမပေးသွားဘူး။ ဒါဖြစ်သင့်ရဲ့လား။ ပြီးတော့ အဲတုန်းက ကျွန်မ ရာသီလာနေတာ”

ပိုမို၍ အဓိပ္ပာယ် ကင်းမဲ့လာခဲ့၏။ ထို့အပြင် အော့အန်ချင်စရာ ကောင်းသည့် သရုပ်ဆောင်မှုမျိုးနှင့် ဟန်လုပ်နေခြင်း ဖြစ်၏။ ရှမ့်လန်အား တကယ့်ကို ယုတ်ညံ့ပြီး အဆင့်အတန်း နိမ့်ပါးလွန်းသည့် လူတစ်ယောက် ဟု လူပေါင်းများစွာတို့ ထင်မှတ်မှားလောက်အောင် ပြောဆိုစွပ်စွဲနေခြင်းပင် ဖြစ်သည်။

သူမအနေနှင့် ရာသီလာနေသည့်အချိန်တွင်ပင် ရှမ့်လန်သည် လက်လွတ်မပေးခဲ့ချေ။ ရွံစရာ သားရဲ တစ်ကောင်ကဲ့သို့ပင် အားလုံးသောသူတို့က သတ်မှတ်နိုင်မည့် အခြေအနေမျိုးပင်။

ရှစ်ကွမ်းယွမ် ရှမ့်လန်ကို ပေးအပ်သည့် ပထမဦးဆုံး နှုတ်ဆက်လက်ဆောင်သည် ကြောက်မက်ဖွယ်ကောင်းလွန်းလှ၏။ မည်သည့် အောက်ခြေစည်းမျဉ်းမှ မရှိဘဲ အရှက်တရား ကင်းမဲ့လွန်းလှ၏။ ဤလှုပ်ရှားမှုသည် ရှက်ရွံ့မှုနှင့်အတူ ရွံစရာကောင်းသည့် ခံစားချက်များကို ပေးစွမ်း၏။ ဤအရာသည် ခွေးချေးပုံကို တက်နင်းမိခြင်းနှင့်တူ၏။ မည်သို့မှဖယ်ရှား၍ မရနိုင်သည့်အရာမျိုးကဲ့သို့ပင် နံဟောင်နေလေ၏။ ဖြေရှင်း၍ မရနိုင်လုနီးပါးပင်။

ရှမ့်လန်တစ်ယောက် မည်သည့်ကိစ္စရပ်များကို ဖြေရှင်းနိုင်သည်ဆိုဆို လက်ရှိအခြေအနေတွင် ဘေးကျပ်နံကျပ် အခြေအနေမျိုးကို ကျရောက်နေ၏။ ရှစ်ကွမ်းယွမ်သည် ကောင်းမွန်သည့် ဆေးတစ်ခုကို ပေးအပ်ခဲ့ခြင်းပင် ဖြစ်၏။

ယခင်တုန်းက ရှမ့်လန်သည် ရှစ်ကွမ်းယွမ်နှင့် ရှစ်ချင်းချင်း တို့၏ ဂုဏ်သိက္ခာ ကျဆင်းရန်အတွက် စာအုပ်တစ်အုပ်ကို ရေးသားခဲ့၏။ ထိုထဲတွင်လည်း ကောင်းမွန်လွန်းသည့် ကဗျာများကို ထည့်သွင်းကာ ရေးသားခဲ့သေး၏။

လက်ရှိ သူ၏လက်ဆောင်ကို ရှမ့်လန်တစ်ယောက် မည်ကဲ့သို့ ဖြေရှင်းမည်ဖြစ်ကြောင်းကို ကြည့်ရှုနေမိ၏။ အားလုံးသော သူတို့သည်လည်း ထိုအရာကို မျှော်လင့်နေမိ၏။ သို့ပေမည့် မဖြေရှင်းနိုင်လုနီးပါးပင်။

ရှမ့်လန်သည် ကျင်းဝေကို အနည်းငယ် ညွှန်ကြားလိုက်၏။

“ကောင်းပါပြီ” ကျင်းဝေသည် ချက်ချင်းပဲ လှည့်ကာ ထွက်ခွာသွားခဲ့သည်။

ရှမ့်လန်တစ်ယောက် ဘာမှမလုပ်သည်ကို မြင်ရသည့်အချိန်မှာတော့ ပြည့်တန်ဆာသည် ပိုမိုကာ ရဲတင်းလာသည်။ ပိုက်ဆံသည် သူမ၏အိတ်ကပ်ထဲကို ရောက်မှာသေချာ၏။ ပိုမိုကောင်းမွန်သည့် ဟန်အမူအရာမျိုးဖြင့် အော်ကြီးဟစ်ကျယ် သရုပ်ဆောင်နိုင်မည်ဆိုပါက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် သူမသည် ရှမ့်လန်ဆီသို့ ပြေးဝင်သွားခဲ့ပြီး ရှမ့်လန်၏ပေါင်ကို ဖက်လိုက်၏။ “ယောက်ျား... ရှင်ကျွန်မကို ဘယ်အချိန် ခေါ်သွားမှာလဲ။ အဲညအတွက် ပိုက်ဆံကို ဘယ်အချိန်ပေးမှာလဲ”

ရှမ့်လန်သည် ဒေါသမထွက်ချေ။ ထိုအစား ကြင်နာသည့်အသံဖြင့် မေးမြန်းလိုက်သည်။ “အစ်မကြီး... အဲညတုန်းက ကျုပ်ခင်ဗျားအပေါ် အကြွေးတင်ခဲ့တာလား။ ဘယ်လောက်လဲ”

အားလုံးသောသူတို့သည် ထိုစကားကို ကြားရသည့်အချိန်မှာတော့ အံ့အားသင့်သွား၏။ ရှမ့်လန် မည်ကဲ့သို့ လှည့်ကွက်များကို ပြုလုပ်မည်နည်း။ ထိုကဲ့သို့ စကားလုံးကို ပြောဆိုခြင်းဆိုသည်မှာ မိမိမျက်နှာပေါ်သို့ မစင်ပုံးကို သွန်ချခြင်းနှင့် တူညီနေသည် မဟုတ်ပါလား။

ပြည့်တန်ဆာက ပြောလိုက်၏။ “ရှင်နဲ့ ကျင်းမူကုန်းက ကျွန်မကို ဆယ့်သုံးကြိမ်တိတိ လုပ်ခဲ့တာလေ။ ဒီတော့ စုစုပေါင်း ငွေဒင်္ဂါး ငါးပြားပေးရမယ်”

“ငွေဒင်္ဂါး ငါးပြားလား။ ကောင်းပါပြီ”

ရှမ့်လန်သည် ကြင်နာလွန်းသည့်လေသံဖြင့် ပြောဆိုလိုက်သည်။ “ကျုပ် ခင်ဗျားကို ရွှေဒင်္ဂါး ဆယ်ပြား ပေးလိုက်မယ်။ အဆင်ပြေပြီလား”

ပြီးနောက်သူသည် ရွှေဒင်္ဂါး ဆယ်ပြားကို ထုတ်ယူကာဖြင့် ပြည့်တန်ဆာကို ပေးလိုက်၏။

ပြည့်တန်ဆာသည် အလွန်ပျော်ရွှင်သွားပြီး ပိုက်ဆံကို လှမ်းယူလိုက်၏။ ချက်ချင်းပဲ သူမ၏ နှလုံးသားထဲတွင် အထင်အမြင်သေးမှုများနှင့် ပြည့်နှက်သွားခဲ့သည်။

သောက်သုံးမကျတဲ့ကောင်။

တကယ်ပင် အသုံးမဝင်လှချေ။ သူမ နည်းနည်းလေးသာ လှည့်စားရသေး၏။ ပိုက်ဆံ ထုတ်ကာ ပေးနေရသည့် အခြေအနေမျိုးသို့ ရောက်ရှိသွားခဲ့၏။

သို့ပေမည့် သူမသည် ဤပိုက်ဆံလောက်ကို စိတ်ဝင်စားရမည်လား။ အိမ်မက်သာ မက်ထားလေ။ အဘယ်ကြောင့်ဆိုသော် သူမသည် ရှစ်မိသားစုဆီမှ ပိုက်ဆံပေါင်း မြောက်များစွာကို ရမှာဖြစ်သောကြောင့်ပင်။

ရှမ့်လန်က ပြောလိုက်သည်။ “အစ်မကြီး... ဖောက်သည်တွေက ခင်ဗျားကို ဘယ်လောက် ပေးလေ့ပေးထရှိလဲ”

ပြည့်တန်ဆာက ပြောလိုက်၏။ “အင်း.. အကြွေစေ့ တစ်ဝက်လောက်ပါပဲ။ ဒါပေမဲ့ ရှင်နဲ့ ကျင်းမူကုန်းက လူနှစ်ယောက်လေ။ ပြီးတော့ ကျွန်မ ရာသီလာနေတဲ့အချိန်မှာတောင်မှ ရှင်တို့က နည်းလမ်းပေါင်းစုံနဲ့ လုပ်ခဲ့တာ ဆိုတော့ ပိုက်ဆံပိုပေးရမယ်”

ရှမ့်လန်က ပြောလိုက်သည်။ “အင်း... ဒါဆိုရင် ကျုပ် ခင်ဗျားကို ရွှေဒင်္ဂါး ဆယ်ပြားပေးပြီးပြီ။ ဒါ ငွေဒင်္ဂါး နှစ်ရာလောက်နဲ့ ကိုက်ညီတဲ့အရာပဲ မဟုတ်လား။ ခင်ဗျားကို ကျုပ်ပေးရမယ့် ငွေဒင်္ဂါးငါးပြားကို နှုတ်လိုက်မယ်ဆိုရင် စုစုပေါင်း တစ်ရာကိုးဆယ့်ငါးပြား ကျန်အုံးမယ်။ ဒီတော့ ခင်ဗျားအနေနဲ့ ဖောက်သည် သုံးရာ့ကိုးဆယ်ကို လက်ခံလို့ရသေးတယ်”

ရှမ့်လန်၏အသံသည် တဖြည်းဖြည်း အေးစက်လာခဲ့၏။ သူ၏မျက်လုံးများ၌ အေးစက်မှုများ ဖြစ်တည်လာခဲ့၏။

“ကျင်းဝေ... သူ့ကိုခေါ်သွားတော့” ရှမ့်လန်က အမိန့်ပေးလိုက်သည်။

ချက်ချင်းပဲ မြို့စားအိမ်တော်မှ မြင်းသည်တော်များသည် သူတောင်းစားနှင့် ကလေကချေပေါင်း နှစ်ဆယ်ကျော်ကို ခေါ်ဆောင်လာခဲ့၏။ ပွဲလမ်းသဘင် ပြုလုပ်သည့်အချိန်တိုင်းတွင် သူတောင်းစားနှင့် ကလေကချေ ဆိုသည်မှာ ရှာဖွေရန် ခက်ခဲသည့်အရာမျိုး မဟုတ်ချေ။ အစားအသောက်များ ပိုနေပါက ၎င်းတို့သည် ထိုအစားအသောက်များကို ရရှိကြသည် မဟုတ်ပါလား။ ထို့ကြောင့် ပွဲလမ်းသဘင် ရှိသည်နှင့် သူတောင်းစားများသည် အနားတွင် တဝဲဝဲ တလည်လည် ရှိနေတတ်၏။

ထို့ကြောင့် ရှမ့်လန်သည် ထိုသူတို့ကို သွားရောက်ကာ ခေါ်ခိုင်းခဲ့ခြင်းဖြစ်၏။ အစားအသောက်များအတွက် မဟုတ်ချေ။ သူ၏ တန်ဖိုးကြီးမားသည့်မိန်းမကို စော်ကားပြောဆိုခဲ့သည့်အတွက် ဤပြည့်တန်ဆာကို သူတောင်းစားများနှင့် အိပ်ခိုင်းရန်ဖြစ်သည်။

သူတောင်းစားများ၏ ပုံပန်းသွင်ပြင်နှင့် အနံ့အသက်သည် ဆိုးရွားလွန်း၏။ ၎င်းတို့သည် လအတန်ကြာသည် အထိ ရေချိုးတတ်ကြသူများ မဟုတ်ချေ။ ထို့ကြောင့် ရွံစရာပင်။ သူတောင်းစားများသည် ရောက်လာပြီးနောက် နတ်သမီးကဲ့သို့ လှပလွန်းသည့် ကျင်းမူလန်ကို မကြည့်ရဲချေ။ ထိုအစား တောက်ပသည့် မျက်လုံးများနှင့် စားတော့ ဝါးတော့မတတ် ပြည့်တန်ဆာကို လှမ်းကာ ကြည့်ရှုလိုက်၏။

ရှမ့်လန်သည် ပြည့်တန်ဆာနှင့် ကလေကချေများကို လှမ်းကာကြည့်ရှုရင်း မေးလိုက်သည်။ “ခင်ဗျားတို့ ဒီမိန်းမကို ကြိုက်လား”

သူတောင်းစားနှင့် ကလေကချေများသည် မျက်လုံးများ လင်းလက်သွားခဲ့ကြ၏။ လက်ရှိ သူတို့သည် ဤသို့ မိန်းမမျိုးကိုမဆိုနှင့် ယခုထက်ဆိုးရွားသည့် မိန်းမမျိုးဆိုလျှင်ပင် ကျိန်းသေပေါက် လက်ခံနိုင်၏။

“ကျုပ်တို့ကြိုက်တယ်။ ကျုပ်တို့ကြိုက်တယ်။ ဒီလိုမိန်းမမျိုးကို ကျုပ်တို့အိမ်မက်ထဲတောင် ထည့်ပြီး မမက်ရဲခဲ့ဘူး”

ရှမ့်လန်က ပြောလိုက်သည်။ “အင်း... ဒီနေ့ ကျုပ်က ခင်ဗျားတို့အတွက် ဧည့်ခံပါမယ်။ ခင်ဗျားတို့ တစ်ယောက်ချင်း စီတိုင်းက သူနဲ့ ဆယ်ကြိမ်တိတိ ဆော့ကစားလို့ရတယ်”

ချက်ချင်းပဲ သူတောင်းစား နှစ်ဆယ်ကျော်တို့သည် အလျင်အမြန်ဖြင့် ပြည့်တန်ဆာဆီသို့ ပြေးဝင်သွားခဲ့ကြ၏။ ပြီးနောက် သူမ၏ခန္ဓာကိုယ်ကို ဆွဲမကာ အပြင်ဘက်သို့ အလျှင်အမြန် ပြေးထွက်ကြ၏။

ပြည့်တန်ဆာသည် ကြောက်လန့်တကြားဖြင့် အော်ဟစ်လိုက်မိ၏။ ဤအရာသည် သူမကို သေစေနိုင်၏။ သူတောင်းစား နှစ်ဆယ်ကျော်နှင့် ကလေကချေများသည် သူမကို တကယ်ပင် သတ်ဖြတ်နိုင်စွမ်း ရှိနေ၏။ သူမသည် သေဆုံးလုမတတ်ကြောက်ရွံနေလေသည်။

“ကယ်ကြပါအုံး။ ကယ်ပါအုံး” ပြည့်တန်ဆာသည် ဆိုးရွားစွာ အော်ဟစ်လျက်ရှိနေ၏။ သို့ပေမည့် ရွှမ်ဝူမြို့စားအိမ်တော်မှ စစ်သည်တော်များသည် လူသားနံရံကဲ့သို့ ဖန်တီးကာဖြင့် အားလုံးသောသူတို့ကို တားဆီးထားပြီး သူမကို မည်သူမှ မကယ်တင်နိုင်ခဲ့ချေ။

ရှမ့်လန်က ပြောလိုက်၏။ “ကျုပ် ပိုက်ဆံပေးပြီးပြီလေ။ ခင်ဗျားလည်း ဧည့်သည် လက်ခံပြီးပြီ။ ဒါကောင်းမွန်တဲ့ စီးပွားရေးကိစ္စပဲ မဟုတ်လား”

ပြည့်တန်ဆာသည် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သည်အထိ ကြောက်လန့်နေမိ၏။ သူမသည် သေးများပင် ထွက်ကျလာသည်။ “အိမ်စေကြီးရှစ်.. ကျွန်မကို ကယ်ပါအုံး။ ကျွန်မ သခင်လေးရှမ့်လန်ကို အခုလို ပြောဆိုရတာ ရှင့်ကြောင့် မဟုတ်လား။ ကျွန်မကို ကယ်ပါအုံး”

All Chapters