← Chapters

အပိုင်း(၉၃)

Vol. 7 Ch. 93

အပိုင်း(၉၃)

Vol. 7 Ch. 93

ရှစ်အိမ်တော်၏ အိမ်စေကြီးသည် လက်ရှိစေ့စပ်ပွဲတွင် အဓိကနေရာမှ စီမံဆောင်ရွက်သူတစ်ယောက် ဖြစ်၏။ ကျန်းကျင်းမိသားစု၏ စေ့စပ်ပွဲအခမ်းအနား ဖြစ်သော်လည်း လူအင်အား၊ ပစ္စည်းအင်အား၊ အရာအားလုံးကို ရှစ်မိသားစုက ပံ့ပိုးထားခြင်းဖြစ်သည်။ အိမ်စေကြီးရှစ်သည် နောက်ဖေး မီးဖိုချောင်ထဲတွင် အလုပ်များလျက် ရှိနေ၏။ သို့ပေမည့် သူသည် ရှမ့်လန် တစ်ယောက် ကံဆိုးခြင်းကို မည်သို့မှ မကြည့်ဘဲ မနေနိုင်ချေ။

မူလအားဖြင့် ဧည့်သည်များကို ထွက်၍ကြိုဆိုသည့် အလုပ်သည် သူနှင့် သက်ဆိုင်သည့်အလုပ်မျိုး မဟုတ်ချေ။ သို့သော်ငြား သူသည် အပြင်ဘက်ဆီသို့ ထွက်လာခဲ့ပြီးနောက် ဧည့်သည်များ ကြိုဆိုသည့်နေရာတွင် တဝဲလည်လည် လုပ်နေကာ မျက်လုံထောင့်တွင် ရှမ့်လန်ကို အစဉ်အမြဲ ကြည့်ရှုနေခဲ့၏။ သူသည် ရှမ့်လန်နှင့် မည်သည့် ရန်ငြိုးမှမရှိချေ။ သူ၏သခင်ကြီး အရှက်ခွဲခံရခြင်းကြောင့် သူသည် ရှမ့်လန်ကို သတ်ဖြတ်ချင် နေခြင်းပင် ဖြစ်၏။

အဓိကအားဖြင့် ရှမ့်လန်သည် ကျိန်းသေပေါက် အရူးတစ်ယောက်ဖြစ်ပြီး သုံးစားမရသည့် ပုံပန်းသွင်ပြင်မျိုးနှင့် ရှစ်မိသားစုဆီကို ဝင်လာခဲ့၏။ ရှစ်မိသားစုတွင် အိပ်ခဲ့၏၊ စားခဲ့၏။ ထိုအချိန် အတောအတွင်း သူသည် ရှမ့်လန်ကို အကြိမ်ပေါင်းများစွာ နှိပ်စက်ပြီး ဒုက္ခပေးခဲ့၏။ ယခု သူ့ထက် မြင့်တက်သွားခဲ့သည် ရှမ့်လန်ကို မြင်ရသည့် အချိန်မှာတော့ သူသည် မည်သို့မှ မခံစားနိုင်ချေ။ မနာလိုဝန်တိုကြီးစွာဖြင့် ဒုက္ခပေးရန် ကြံစည်နေခြင်းပင်။

ဘယ်လောက်ကောင်းတဲ့ အဝတ်အစားတွေကို ဝတ်ထားဝတ်ထား .. ရှမ့်လန်.. မင်းက ဘဝသက်သက်လုံး တခြားသောသူတွေရဲ့ နင်းချေခြင်းကို ခံရမယ့်လူပဲ။ ရုတ်တရက် ချမ်းသာသွားရုံလောက်နဲ့ ဘာဖြစ်လာမှာလဲ သူ့၏ နှလုံးသားထဲတွင် ရှိနေသည့် အမုန်းတရားများသည် ပိုမိုကာ တိုးပွားလာခဲ့၏။ မနာလိုမှု၊ ဝန်တိုမှုများသည် ထိုအမုန်းတရားများကို ပိုမိုကာ တိုးတက်လာစေခဲ့သည်။

လက်ရှိအခြေအနေမှာတော့ အိမ်စေကြီးရှစ်သည် ရှမ့်လန် တစ်ယောက် ဒုက္ခရောက်နေသည့် အခြေအနေကို ကြည့်ရှုရင်း အလွန်ပျော်ရွှင်နေမိ၏။ သူသည် အားရပါးရ အော်ဟစ်လိုက်ချင်၏။

‘ကျုပ်လုပ်ခဲ့တာ ကျုပ်လုပ်ခဲ့တာပဲ’

သို့ပေမည့် ရှမ့်လန်သည် ဤကဲ့သို့သော အစီအစဉ်တစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်ခဲ့၏ ။ ပြည့်တန်ဆာမသည် သူ့၏ နာမည်ကို အော်ဟစ်နေပြီဖြစ်၏။ ချက်ချင်းပဲ အိမ်စေကြီးရှစ်၏ မျက်နှာသွင်ပြင်က ပြောင်းလဲသွားခဲ့၏။ ပြီးနောက် ဒေါသတကြီး အော်ဟစ်လိုက်သည်။ “ဒီခွေးမ ဘယ်ကရောက်လာတာလဲ။ ပေါက်ပန်းလေးဆယ်တွေ။ မင်းဘာမင်း ရှမ့်လန်နဲ့ ပြဿနာဖြစ်ခဲ့တာ။ ငါနဲ့ ဘာဆိုင်လို့လဲ။ ရှစ်မိသားစုရဲ့ ဂုဏ်သိက္ခာကြီးမားတဲ့ အိမ်စေကြီးတစ်ယောက်အနေနဲ့ ငါ မင်းလိုအမှိုက်မျိုးနဲ့ ဘယ်လိုလုပ်ဆက်ဆံရမှာလဲ”

“ထွီ”

ပြည့်တန်ဆာသည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ “ခွေးကောင်.... လွန်ခဲ့တဲ့ နှစ်သုံးဆယ်တည်းက ရှင်နဲ့ကျွန်မက တူညီတဲ့ရွာထဲမှာ အတူတူနေထိုင်ခဲ့တာလေ။ ငယ်ငယ်တုန်းက ရှင် ကျွန်မ သေးပေါက်တာတောင် လာပြီး ချောင်းကြည့်ခဲ့တာကို မမေ့နဲ့အုံး”

ရှမ့်လန်သည် လက်ကို အသာဝှေ့ယမ်းလိုက်၏။ အလွန်ကောင်းမွန်သည့် စိတ်ဝင်စားစရာ ဇာတ်လမ်းတစ်ခုကို သူကနားထောင်ချင်သည်။

သူတောင်းစားနှင့် ကလေကချေ အားလုံးတို့သည် သဘောမတွေ့ဘူးဆိုလျှင်တောင်မှ ရောက်ရာနေ၌ ရပ်တန့်လိုက်ရ၏။ သူတို့သည် ပြည့်တန်ဆာမကို လေထဲတွင် ဆွဲမြှောက်ထားပြီး တစ်ယောက်ချင်းစီတိုင်းက မတော်သည့် နေရာများကို လိုက်ကာကိုင်ကြည့်လျက် ရှိနေ၏။

အိမ်စေကြီးရှစ်က အေးစက်စက်ဖြင့် ပြောလိုက်သည်။ “ဒီနေ့က ကျုပ်တို့မိသားစုမှာ ပျော်ရွှင်စရာကိစ္စရပ် တစ်ခုရှိတယ်။ မင်းလို အဆင့်နိမ့် မိန်းမတစ်ယောက်နဲ့ ရှုပ်ရှုပ်ထွေးထွေး မလုပ်ချင်ဘူး။ သွားစမ်း”

ပြီးနောက် အိမ်စေကြီးရှစ်သည် အသာလှည့်ကာ ထွက်ခွာသွားခဲ့၏။

ပြည့်တန်ဆာသည် ကြောက်လန့်တကြားဖြင့် ထကာအော်ဟစ်လိုက်သည်။ “ခွေးကောင်... ရှင်သွားလို့မရဘူး။ ရှင်သွားလို့မရဘူး။ ရှင်က ရှမ့်လန်ကို ဒုက္ခပေးဖို့အတွက် ကျွန်မကို ငှားခဲ့တဲ့ လူတစ်ယောက်လေ။ ရှင် ကျွန်မကို ရွှေဒင်္ဂါး ဆယ့်ငါးပြား ပေးမယ်ဆို။ ကျွန်မ အကောင်းဆုံး လုပ်ခဲ့ပြီးပြီ။ ကျွန်မကို ပေးရမှာပဲ။ အခုပေး .. ပေးတော့”

“သခင်လေးရှမ့်လန် ကျွန်မကို ဒီလိုမျိုး လုပ်ဖို့အတွက် သူတို့ အတင်းတွန်းအားပေးခဲ့တာပါ။ ဒါတွေအားလုံး အဲဒီခွေးကောင်ကြောင့်ပဲ။ လွန်ခဲ့တဲ့ နှစ်သုံးဆယ်တုန်းက ရွာထဲမှာ ကျွန်မ ရေချိုးတိုင်း သူလာချောင်းတယ်။ ကျွန်မ အိမ်သာတက်တိုင်း သူလာချောင်းတယ်။ မြို့ကိုရောက်ပြီးတဲ့နောက်မှာ သူက ဆိုင်တစ်ဆိုင်ရဲ့ အလုပ်သင်တစ်ယောက် ဖြစ်ခဲ့တယ်။ ရက်အနည်းငယ်အတွင်းမှာပဲ သူ ကျွန်မဆီလာပြီးတော့ ကျွန်မနဲ့အတူ ငါးကြိမ်တောင် အိပ်ခဲ့သေးတယ်။ အခုမှ အမှိုက်ဆိုပြီး ဆဲဆိုနေတာ”

အားလုံးသောသူတို့သည် မည်သို့မှမနေနိုင်ဘဲ အိမ်စေကြီးရှစ်ကို လှမ်းကာ ကြည့်ရှုလိုက်ကြ၏။

ဤအရာသည် ငယ်ရွယ်စဉ်က ကိစ္စရပ်များသာဖြစ်၏။ ယခင်တုန်းက ဤပြည့်တန်ဆာသည် အိမ်စေကြီးရှစ်တို့၏ ရွာထဲတွင်တော့ လှပလွန်းသည့် ပန်းတစ်ပွင့်ဖြစ်ခဲ့ဖူးသည်။

ရှမ့်လန်သည် ပြည့်တန်ဆာကို လှမ်းကာပြောဆိုလိုက်၏။ “ဒီတော့ ခင်ဗျားပြောချင်တာက ကျုပ် ခင်ဗျားနဲ့ မအိပ်ခဲ့ဘူးပေါ့”

“မအိပ်ပါဘူး။ မအိပ်ပါဘူး”

ပြည့်တန်ဆာက ပြောလိုက်သည်။ “ကျွန်မ အရင်တုန်းက သခင်လေးရှမ့်ကို မြင်တောင်မမြင်ဖူးပါဘူး။ ဒါပေမဲ့ ရှင့်ကို ဒီလိုမျိုး စွပ်စွဲပြောဆိုရမယ်ဆိုပြီးတော့ အိမ်စေကြီးရှစ်က လာပြီးငှားရမ်းခဲ့လို့ပါ။ သူက ကျွန်မကို ပိုက်ဆံတွေအများကြီး ပေးခဲ့တယ်။ ကျွန်မဆီမှာ ကာလသားရောဂါရှိတယ်။ ရှင့်ကို ကူးစက်အောင်လုပ်နိုင်ရင် ပိုက်ဆံတွေပိုရမယ်လို့တောင် ကမ်းလှမ်းခဲ့သေးတယ်။ ဒါပေမဲ့ ကျွန်မ သဘောမတူခဲ့ဘူး”

“ချီးထဲမှ... ဒါတကယ့် မိစ္ဆာကောင်ပဲ”

ကာလသားရောဂါသည် ကာလသားရောဂါ တစ်ခုသာလျှင်ဖြစ်၏။ သို့ပေမည့် ဤလောကကြီးထဲတွင်တော့ ကုသ၍ မရနိုင်သည်အထိ ဆိုးဝါးသည့်ရောဂါပင် ဖြစ်၏။ ရှမ့်လန်သည် အဆင့်နိမ့် ပြည့်တန်ဆာတစ်ယောက်နှင့် အိပ်ခဲ့သည်ဟုပြောဆိုသည်ဆိုပါက လူပေါင်းများစွာသည် သူ့ကို အထင်သေးပေလိမ့်မည်။ သို့သော်ငြား ရက်အနည်းငယ်ကြာတွင် ထိုအရာအားလုံးသည် ပျောက်ကွယ်သွားမှာ ဖြစ်၏။ သို့ပေမည့် သူ့၌ ကာလသားရောဂါ ရှိနေသည်ဟုသာ ပြောဆိုပါက သူ၏ ဂုဏ်သိက္ခာ တစ်ခုလုံးသည် အလုံးစုံ ပျက်စီးသွားပေလိမ့်မည်။ မည်သည့်နေရာကိုပဲသွားသွား အားလုံးသောသူတို့သည် ရွံရှာသလို လက်ညှိုးထိုးကာဖြင့် ပြစ်တင်ကဲ့ရဲ့ကြမှာ သေချာ၏။

“လာစမ်း... ဒီခွေးမကို နှင်ထုတ်လိုက်ကြစမ်း” အိမ်စေကြီးရှစ်က အော်ဟစ်လိုက်၏။ ပြီးနောက် ခြံဝန်းထဲမှ ထွက်ခွာသွားရန် ပြင်ဆင်လိုက်သည်။

“ရပ်အုံး” ရှမ့်လန်က အော်ဟစ်လိုက်၏။

အိမ်စေကြီးရှစ်က နှာခေါင်းရှုံလိုက်သည်။ “သခင်လေးရှမ့် ခင်ဗျားက မြို့စားကြီးရဲ့သမက်တော် ဖြစ်နေပြီ ဆိုပေမဲ့ ရှစ်မိသားစုမှာရှိတဲ့လူကို လာပြီး အမိန့်ပေးဖို့ အခွင့်အရေး မရှိဘူး။ ခင်ဗျားရဲ့ အခု လုပ်ရပ်ကို ကြည့်ရမယ်ဆိုရင် ရွှမ်ဝူအိမ်တော်က တခြားမိသားစုရဲ့ ကိစ္စကို လိုက်ပြီးလွှမ်းမိုးချင်နေတယ်လို့ လူတွေ ထင်ကြလိမ့်မယ်”

အိမ်စေကြီးသည် စကားအပြောအဆိုနှင့် ပတ်သက်သည့် နေရာတွင် တကယ်တော်၏။ သူသည် စီးပွားရေး ကိစ္စများကို ပြုလုပ်ရသည့် အိမ်စေကြီးတစ်ယောက်သာဖြစ်၏။ သို့ပေမည့် သူသည် နိုင်ငံရေး စကားလုံးများနှင့် ထည့်သွင်းကာဖြင့် တိုက်ခိုက်ရန် အဆင့်သင့် သင်ယူထားခဲ့သည်။ ရွှမ်ဝူအိမ်တော်သည် သူတို့အား လာရောက်ကာ နင်းချေရန် ကြိုးစားနေလေသလား။

ပြီးနောက် အိမ်စေကြီးရှစ်သည် အသာလှည့်ကာ ထွက်ခွာသွားခဲ့၏။

မင်း ရှမ့်လန်... မြို့စားကြီးရဲ့သမက်တော် ဖြစ်တော့ရော ဘာအသုံးဝင်လို့လဲ။ ငါ့ကို ဘာမှလုပ်လို့ မရနိုင်ဘူး။ ငါ့ရဲ့ခန္ဓာကိုယ်မှာ ရှိနေတဲ့ ဆံပင်မွေး တစ်မွေးကိုတောင် ထိခိုက်နာကျင်အောင် လုပ်လို့ရမှာ မဟုတ်ဘူး။

ရှမ့်လန်က ထပ်မံကာ ပြောလိုက်သည်။ “ရပ်စမ်း”

အိမ်စေကြီးရှစ်သည် အသာလှည့်ကာဖြင့် အသာပြောလိုက်၏။ “သခင်လေးရှမ့် ဒီခွေးမ ပေါက်ပန်းလေးဆယ် ပြောနေတာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျုပ်မှာ တစ်ခုခု အပြစ်ရှိခဲ့တယ်ဆိုရင်တောင်မှ မြို့စားအိမ်တော်နဲ့ ဘာမှ သက်ဆိုင်မှုမရှိဘူး။ မြို့တော်ဝန်အိမ်ရာနဲ့ အုပ်ချုပ်ရေးပိုင်းကလူတွေက ကျုပ်ကိုကြည့်ပြီး ဆုံးမပါလိမ့်မယ်။ အရိုးသားဆုံးပြောရမယ်ဆိုရင် ခင်ဗျား ရှမ့်သမက်တော်က ကျုပ်နဲ့ဘာမှမဆိုင်ဘူး။ ဒီတော့ နှုတ်ဆက်ပါတယ်”

အိမ်စေကြီးရှစ် ပြောဆိုသည်မှာ အမှန်ပင်ဖြစ်၏။ မြို့စား၏အိမ်တော်သည် အိမ်စေကြီးရှစ်ကို အပြစ်ပေးရန်အတွက် အခွင့်အရေး မရှိချေ။ ဤကိစ္စအားလုံးကို အုပ်ချုပ်ရေးပိုင်းက ကိုင်တွယ်ရမှာဖြစ်၏။ သို့ပေမည့် လျှိုဝူယမ်နှင့် ရှစ်မိသားစုသည် တူညီသည့်လှေပေါ်တွင် စီးနင်းနေသည့်လူများပင်။

အားလုံးသောသူတို့သည် ရှမ့်လန်ကို လှမ်းကာကြည့်ရှုလိုက်၏။ ရှမ့်လန်သည် အိမ်စေကြီးရှစ်ကိုတောင် ကောင်းကောင်းမွန်မွန် ဖိနှိပ်နိုင်စွမ်းမရှိပါက ယနေ့ညတိုက်ပွဲအတွက် အရည်အသွေးမပြည့်မီဟု သတ်မှတ်ရမှာ ဖြစ်၏။ ဘာမှသုံးမဝင်သည့်လူမျိုးပင်။

အိမ်စေကြီးရှေ့သည် တစ်ဖက်လူ သူ့ကို မည်သို့မှမလုပ်နိုင်သည်ကို သိရှိပြီးသည့်နောက် ပိုမိုကာ ဂုဏ်ယူဝံ့ကြွားလာခဲ့၏။ သူသည် သူ၏ သရုပ်ဆောင်မှုကို ပိုမိုဝံ့ကြွားစွာ ပြုလုပ်ချင်စိတ်ဖြစ်လာ၏။ ထို့ကြောင့် လမ်းလျှောက်သည့်နေရာတွင် မြန်မြန်ဆန်ဆန်လျှောက်သွားခြင်းမဟုတ်ဘဲ ဖြည်းညင်းစွာဖြင့် လျှောက်ဝင် သွားခဲ့သည်။

အားလုံးသော သူတို့အား သူ့အား ရှမ့်လန်သည် ဘာတစ်ခုမှ ပြုလုပ်နိုင်စွမ်း မရှိသည့်လူတစ်ယောက်ဟု သိစေချင်သောကြောင့်ပင်။

ဘာလုပ်နိုင်သနည်း။ သူ့ကိုဘာလုပ်နိုင်သည်နည်း။ အိမ်စေကြီးရှစ်သည် သစ္စာရှိလူတစ်ယောက်ဖြစ်ပြီး ရှမ့်လန်၏ မျက်နှာကို ပိတ်ရိုက်နိုင်ရန်အတွက် သူ၏ သခင်ကြီးအတွက် ကောင်းကောင်းမွန်မွန် အလုပ် ကြိုးစားခဲ့၏။

မြို့စားအိမ်တော်သည် ဥပဒေရပ်များနှင့်ပတ်သက်၍ ဝင်ရောက်ခြယ်လှယ်ရန် အခွင့်အရေး လုံးဝမရှိချေ။ ကျန်းကျင်းနှင့် ရှစ်ချင်းချင်းတို့သည် ထွက်မလာသေးချေ။ ၎င်းတို့သည် ခြံဝင်းအတွင်းဘက်၌ ပုန်းအောင်းလျက်ရှိနေပြီး ပွဲကိုကြည့်ရှုနေသည်။

ရှမ့်လန်သည် သက်ပြင်းချကာ ပြောလိုက်၏။ “မိန်းမ.... ဒီနေရာမှာ လူဆိုးတွေ အများကြီးရှိတယ်။ ဒီည ငါတို့ကို ဒုက္ခပေးလိမ့်မယ်နဲ့တူတယ်။ ကြောက်စရာကြီး။ လာအိမ်ပြန်ကြရအောင်”

မူလန်က ပြောလိုက်သည်။ “အင်း...အိမ်ပြန်ကြစို့”

ပြီးနောက် ရှမ့်လန်သည် မူလန်၏ လက်ကို အသာဆွဲကာ ထွက်ခွာသွားရန် ပြင်လိုက်၏။

ကျန်းကျင်းသည် ရုတ်တရက် စိုးရိမ်သွားမိ၏။ ဤအရာမှာ အစလေးပင်ရှိသေး၏။ ပထမဦးဆုံး ဒုက္ခပေးသည့် အရာသာရှိသေး၏။ သို့ပေမည့် ရှမ့်လန်သည် ထွက်ခွာသွားရန် ပြင်ဆင်နေပြီဖြစ်၏။ သူတို့ ပြင်ဆင်ထားသည့် အရာများသည် များပြားလွန်းလှချေ၏။ ထိုအရာများကို ထုတ်မသုံးရသေးချေ။

လက်ရှိ ရှမ့်လန်သာ ထွက်ခွာသွားသည်ဆိုပါက ရှမ့်လန်သည် ဘာမှသုံးစားမရသည့် လူတစ်ယောက်ဟူသော ဂုဏ်သိက္ခာကိုသာ ပိုင်ဆိုင်မှာဖြစ်၏။ ဘာတစ်ခုမှ ထူးထွေပြီး ထိခိုက်နာကျင်လိမ့်မည် မဟုတ်ချေ။ ရွှမ်ဝူအိမ်တော်အတွက် သူတို့ပြင်ဆင်ထားခဲ့သည့် အရာအားလုံးသည် ကြီးကျယ်ခမ်းနားသည့် အရာမျိုးဖြစ်ပြီး အလုံးစုံ အားအင်စိုက်ထုတ်ကာ ပြင်ဆင်ထားခဲ့ခြင်းဖြစ်၏။ ထိုအရာအားလုံးသည် အသုံးမဝင်ဘဲ ဖြစ်ပေတော့မည်။

ကျန်းကျင်းသည် ရုတ်တရက် ထွက်လာပြီး ရယ်ကာမောကာဖြင့် နှုတ်ဆက်လိုက်၏။ “မိန်းကလေးကျင်း... စားပွဲက စတောင် မစရသေးဘူး။ ဘယ်လိုဖြစ်ပြီးတော့ စောစောစီးစီး ထွက်သွားရမှာလဲ”

ရှမ့်လန်ကပြောလိုက်သည်။ “တစ်စုံတစ်ယောက်က ကျုပ်ကို ဒုက္ခပေးချင်နေတယ်လေ။ လူဆိုးတွေ၊ လူဆိုးတွေ”

ကျန်းကျင်းက ပြောလိုက်၏။ “ဒါဆိုလည်း ဘယ်လိုလုပ်ပေးရင် ထွက်မသွားမှာလဲ။ ကျုပ်က အားနာလို့ပါ”

“အဲဒီလူဆိုးရဲ့ ခြေထောက်ကို ချိုးပေးပါလား။ ဒါဆိုရင် ကျုပ် ထွက်မသွားတော့ဘူး” ရှမ့်လန်က ပြောလိုက်၏ ။ သူသည် အိမ်စေကြီးရှစ်ဆီသို့ လက်ညှိုးညွှန်လိုက်သည်။

“အိမ်မက်ထဲမှာပဲရမယ်” အိမ်စေကြီးရှစ်၏ နှာခေါင်းကို ရှုံ့လိုက်၏။ သူသည် ရှစ်မိသားစု၏ တကယ့် သစ္စာရှိအိမ်စေကြီးဖြစ်၏။ သခင်လေး ကျန်းကျင်းသည် အဘယ်သို့သူ၏ ခြေထောက်ကို ရိုက်ချိုးမည်နည်း။

သို့ပေမည့် ကျန်းကျင်း တွန့်ဆုတ်နေသည်ကို မြင်ရသည့်အချိန်မှာတော့ သူသည် အနည်းငယ် စိုးရွံ့သွားမိ၏။

အမှုထမ်းတစ်ယောက်သည် အသာလှမ်းလာကာဖြင့် တီးတိုးပြောဆိုလိုက်သည်။ “ဒီမှာဘာလုပ်နေတာလဲ။ မြန်မြန်သွားလေ”

အိမ်စေကြီးရှစ်သည် ခန္ဓာကိုယ်ကို ကွေးညွတ်ကာဖြင့် ထွက်ခွာသွားရန် ပြင်ဆင်လိုက်၏။ ရှမ့်လန်သည် ပိုမိုကာ မြန်ဆန်၏ ။ သူသည် ရထားလုံးပေါ်သို့ အသာတတ်ကာဖြင့် အိမ်သို့ပြန်ရန် ပြင်ဆင်နေပြီဖြစ်လေ၏။

ကျန်းကျင်း၏ အမူအရာက ပြောင်းလဲသွားခဲ့၏။ ရှမ့်လန် ထွက်ခွာသွား၍ မဖြစ်ချေ။ ရွှမ်ဝူအိမ်တော်ကို တိုက်ခိုက်ရန် သူတို့ ပြင်ဆင်ထားမှုများသည် သဲထဲရေသွန် ဖြစ်သွားပေလိမ့်မည်။ ထိုသို့ဆိုပါက သူ၏ အဖေသည် တကယ်ပင် စိတ်ပျက်မှာ သေချာ၏။ ရှမ့်လန် နှင့် ရွှမ်ဝူအိမ်တော်တစ်ခုလုံးကို ကြီးကြီးမားမား ထိခိုက် နာကျင်အောင် ပြုလုပ်နိုင်ဖို့ဆိုလျှင် သူသည် တချို့သောအရာများကို ပေးအပ်ရပေမည်။

ရှစ်မိသားစု၏ အိမ်စေကြီးလောက်ကို ထည့်သွင်းကာ စဉ်းစားနေလိမ့်မည် မဟုတ်ချေ။ ကျန်းကျင်း၏ အမူအရာက ပြောင်းလဲသွားခဲ့၏။ သူက အေးစက်စက် ပြောလိုက်သည်။ “အိမ်စေကြီးရှစ်.... ရွှမ်ဝူအိမ်တော်ရဲ့ သမက်တော်ရှမ့်လန်ကို ဒုက္ခပေးဖို့အတွက် ခင်ဗျားကို ဘယ်သူက သတ္တိပေးထားတာလဲ။ ခင်ဗျား သေချင်နေတာပဲ။ အမှုထမ်းတွေ... သူ့ကို ဆွဲခေါ်သွားလိုက်စမ်း”

ချက်ချင်းပဲ စစ်သည်နှစ်ယောက်သည် ရှေ့ဆီသို့လှမ်းတက်ပြီး အိမ်စေကြီးရှစ်ကို ဖမ်းဆုပ်လိုက်၏။ ရှစ်ကွမ်းယွမ်၏ အမူအရာက ပြောင်းလဲသွား၏။ သူသည် ရှေ့ကိုလှမ်းတက်ကာ ပြောလိုက်၏။ “သမက်တော်”

ကျန်းကျင်းသည် လက်ကို အသာဝှေ့ယမ်းကာဖြင့် အေးအေးစက်စက်ပြောလိုက်သည်။ “ဒီနေ့က ကျုပ်ရဲ့ စေ့စပ်ပွဲမင်္ဂလာလေ။ ဘယ်လိုဖြစ်ပြီးတော့ အစေခံတစ်ယောက်က ပုဂ္ဂိုလ်ရေးအငြိုးနဲ့ ဒီလိုကိစ္စမျိုးကို လုပ်ရဲရတာလဲ။ ကျုပ် သူ့ကို အပြစ်မပေးဘူးဆိုရင် မိသားစုရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ကျုပ် ဘယ်လို ထိန်းသိမ်းရတော့မလဲ။ အခုလာတဲ့ ဧည့်သည်တွေကို ကျုပ် ဘယ်လိုရှင်းပြရတော့မလဲ။ အနာဂတ်မင်္ဂလာပွဲကို ဘယ်သူ လာရဲတော့မှာလဲ။ ဒီအိမ်စေကြီးကို မြေပေါ်ဆောင့်လှဲလိုက်။ ခြေထောက်ကို ရိုက်ချိုးစမ်း”

အိမ်စေကြီးရှစ်သည် ချက်ချင်းပဲ မြေပေါ်သို့ ဖိနှိပ်ခြင်းကို ခံလိုက်ရ၏။ သူ၏ ဂုဏ်ယူဝံ့ကြွားနေသည့် ဟန်ပန်မျိုးသည် ချက်ချင်းပဲ ပျောက်ကွယ်သွားခဲ့၏။ “သခင်လေး ကျန်းကျင်း.... ကျုပ် ခင်ဗျားအတွက် အလုပ် လုပ်ပေးခဲ့တယ်လေ။ ဘယ်လိုဖြစ်ပြီး ကျုပ်ခြေထောက်ကို ရိုက်ချိုးချင်နေရတာလဲ။ ဘယ်လိုသခင်မျိုးက ကိုယ်မွေးထားတဲ့ခွေးကို သတ်ပြီးစားလို့လဲ”

စစ်သည်တစ်ယောက်သည် သစ်သားပြားကြီးကို ယူဆောင်လာခဲ့ပြီးသည့်နောက် ရိုက်ချရန် ပြင်ဆင်လိုက်သည်။

“နေအုံး” ရှမ့်လန်က တားမြစ်လိုက်သည်။

ကျန်းကျင်းက မေးမြန်းလိုက်၏။ “ရှမ့်လန်... ဘာလုပ်ချင်လို့လဲ”

ရှမ့်လန်က ပြောလိုက်သည်။ “ခင်ဗျားတို့အားအင်တွေကို အားသုံးစရာ မလိုပါဘူး။ ဘာလို့လဲဆိုတော့ ကျုပ်ကိုယ်တိုင် ရိုက်ချိုးပေးမှာမလို့ပဲ”

ပြီးနောက် သူကပြောလိုက်၏။ “အင်း... ဟိုပြည့်တန်ဆာမကိုလည်း ခေါ်ခဲ့။ သူက အိမ်စေကြီးရှစ်နဲ့ အတူတူပဲ။ ပြီးတော့ သူတို့က တူညီတဲ့ရွာကနေ လာကြတာ မဟုတ်လား”

ပြည့်တန်ဆာမသည် သူတောင်းစားများနှင့် ကလေကချေများ၏ လက်ထဲမှာ ကယ်တင်ခြင်းကို ခံခဲ့ရ၏။ သူမသည် အိမ်စေကြီးရှစ်၏ ဘေးနားတွင် မှောက်လျက် ရှိနေသည်။

“အင်း မြို့တော်ဝန် လျှိုဝူယမ်... ရွှဲ့ပြည်နယ်ရဲ့ဥပဒေအရဆိုရင် တော်ဝင်မျိုးနွယ်တွေကို ဂုဏ်သိက္ခာ ကျဆင်းအောင် ပြုလုပ်တဲ့ အဆင့်နိမ့် ပြည့်တန်ဆာတစ်ယောက်က ဘယ်လိုပြစ်ဒဏ်မျိုးကို ကျသင့်လဲ” ရှမ့်လန်က မေးမြန်းလိုက်၏။

လျှိုဝူယမ်သည် သိရှိသည်ဆိုလျှင်တောင်မှ မည်သည့်စကားကိုမှ မဆိုချင်ပေ။ သို့ပေမည့် ပြောကို ပြောလိုက်ရသည်။ “အင်း... အပြစ်ရှိသူကို အပြစ်ပေးရမှာပေါ့”

ရွှဲ့ပြည်နယ်၏ ဥပဒေများသည် မြို့သူမြို့သားများကို ကာကွယ်ရန်အတွက်ပင် ဖြစ်၏။ ရှမ့်လန်သည် ပြည့်တန်ဆာ၏ အရှေ့တွင် အသာဆောင့်ကြောင့်ထိုင်ချကာ ပြောလိုက်၏။ “ကျုပ်က မိန်းမတွေနဲ့ ပတ်သက်ပြီး အနည်းနဲ့အများ သည်းခံတတ်တဲ့လူတစ်ယောက်ပါပဲ။ ဒီတော့ သူတောင်းစားတွေ လက်ထဲမှာ ခင်ဗျား ဆိုးဆိုးဝါးဝါး စုတ်ပြတ်သတ်ပြီး သေသွားမှာကို မကြည့်နိုင်ဘူး”

ရှမ့်လန်သည် ကျင်းဝေကို အမိန့်ပေးလိုက်၏။ “သူ့ကိုရိုက်၊ သေထဲထိတော့ မရိုက်နဲ့အုံး။ ခြေကျိုး လက်ကျိုးလောက်ဆို တော်ပြီ”

“ကောင်းပါပြီ”

ကျင်းဝေက ပြောလိုက်သည်။ ပြီးနောက် ရှမ့်လန်သည် လက်ထဲရှိ သစ်သားချောင်းကို အသာမြှောက်ကာဖြင့် ကျန်ကျင်း၊ ရှစ်ချင်းချင်း၊ လျှိုဝူယမ်တို့ကို ပြောလိုက်၏။ “သူ့ကို ရိုက်မယ်ဆိုရင် ဥပဒေချိုးဖောက်တာ မဟုတ်ဘူးမလား”

ကျန်းကျင်း၏ မျက်နှာပေါ်ရှိ ကြွက်သားများက တုန်ယင်သွားသည်။ “ကျုပ်သာ သူ့ကို ရိုက်လိုက်ရင် ....”

ဘေးတစ်ဖက်တွင် ရှိနေသည့် လူပေါင်းများစွာတို့၏ မျက်နှာများသည် ရှုံ့မဲ့သွားကြ၏။

ချီးထဲမှ... ရိုက်စရာရှိတာ ရိုက်စမ်း။ ဘာတွေ ပေါက်ပန်းလေးဆယ် ပြောနေတာလဲ။

ရှမ့်လန်သည် အုတ်နီခဲနှစ်ခုကို ကောက်ယူလိုက်ပြန်၏။ ပြီးနောက် အိမ်စေကြီးရှစ်၏ ပေါင်ကို ငြိမ်သွားအောင်လို့ အသာ ညှပ်လိုက်သည်။ “ကောင်းပြီ။ မလှုပ်နဲ့နော်”

ပြီးနောက် ရှမ့်လန်သည် ရုတ်တရက် အားကုန်ထုတ်ပြီး သစ်သားချောင်းကြီးဖြင့် ရိုက်ချလိုက်၏။

ဖြောင်း

အိမ်စေကြီးရှစ်၏ ပေါင်နှစ်ခုသည် သွင်သွင်ကျိုးသွားလေသည်။

All Chapters