← Chapters

တောင်းဆိုချက်နိမ့်ပါးခြင်း

Vol. 9 Ch. 122

တောင်းဆိုချက်နိမ့်ပါးခြင်း

Vol. 9 Ch. 122

"ငန်းဥပဲစားမှာနော်...။ ငန်းအသားတော့ မစားဘူးမလား"

"မင်းသေခါနီးအဘိုးကြီးက ကြည့်ရတာ ဒီနှစ်ကောင်ကို သနားနေတုန်းပဲလား။ မင်းက သူတို့ကိုစားဖို့ စိတ်ကူးတောင်မရှိဘူးမလား"

ဦးလေးတန်ရဲ့စကားကြောင့် ဦးလေးစွန်းက ကြည့်ပြီး ရယ်ကာဆဲဆိုတော့ သူက ပြုံးလိုက်လေ‌ရော။

တကယ်တော့ အားလုံးကနားလည်ပါတယ်။ ဦးလေးတန်က အစောကြီးကတည်းက မုဆိုးဖိုဖြစ်သွားပြီး ကလေးတွေက အပြင်မှာအလုပ်လုပ်နေကြတော့ အိမ်မှာသူတစ်ယောက်တည်း။ သူက တိရစ္ဆာန်မွေးရတာ သိပ်မကြိုက်ဘူး၊ ဒီငန်းနှစ်ကောင်က မတော်တဆရလာတာ။ တကယ်တော့သူက မလိုချင်ဘူး၊ ဒါပေမဲ့ အသက်ကြီးလာတော့ အထီးကျန်တယ်လေ။ ဒီငန်းနှစ်ကောင်ကလည်း အရမ်းထူးဆန်းသား။ နေ့တိုင်းရွာထဲမှာ ဗိုလ်ကျစိုးမိုးပြီး လျှောက်သွားနေတာက သူ့အတွက် ပျော်စရာတွေအများကြီး တိုးစေတယ်။

အခုဒီနှစ်ကောင်က အဘိုးကြီးကိုပျော်အောင်လုပ်ပေးရုံတင်မကဘူး၊ အိမ်ရဲ့လုံခြုံရေးကိုပါ တာဝန်ယူနေတော့ ကြာကြာနေတော့ သံယောဇဉ်ဖြစ်လာတယ်၊ ဘယ်လိုလုပ်လွယ်လွယ်နဲ့ သတ်ရက်မှာလဲ။

ဒါပေမဲ့ အသက်ကြီးလာတော့ သူလည်းငန်းမွေးဖို့ အင်အားမရှိတော့ဘူး၊ ဒါကြောင့် လက်လွှဲပေးဖို့စိတ်ကူးပေါက်လာတာ၊ ဒါပေမဲ့ တခြားသူတွေက ငန်းနှစ်ကောင်ကိုသတ်ပစ်မှာစိုးလို့ ရောင်းရမလားမရောင်းရဘူးလားဆိုတာကို အမြဲတုံ့ဆိုင်းနေတာ။

မကြာခင် နှင်းမုန်တိုင်းကြီးကျတော့မယ်။ နှင်းမုန်တိုင်းကြီးကျလာရင် မိုင်ထောင်ချီ ရေခဲပြင်ဖြစ်သွားတော့ ဒီငန်းနှစ်ကောင်က တစ်ယောက်ယောက် မွေးမှဖြစ်တော့မယ်၊ မဟုတ်ရင် သေချာပေါက်ငတ်သေမှာ။

ဒါက သူ့အတွက်ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်၊ သူမခံနိုင်တော့ဘူး...

ဒီလိုတွေးမိတော့ ဦးလေးတန်က "သံယောဇဉ်မပြတ်ပေမယ့် ရောင်းလိုက်တာပဲကောင်းပါတယ်။ ဒါပေမဲ့ မင်းမသတ်ရဘူး၊ မင်းမသတ်သရွေ့တော့ ဒီပိုက်ဆံကိုငါမယူတော့ဘူး"

"ခင်ဗျားစိတ်ချပါ... သေချာပေါက်မသတ်ပါဘူး၊ ဒါပေမဲ့ ဒီပိုက်ဆံကတော့ ပေးရမှာပေါ့"

"ငါ့ကိုအရင်မပေးနဲ့ ဆက်မှတ်ထားလိုက်မယ်။ ဘာပဲဖြစ်ဖြစ် မင်းအဘိုးက ငါ့ကိုတင်နေတာ အကြွေးမနည်းဘူး..."

သူက ပိုက်ဆံထုတ်မလို့လုပ်တုန်း ဦးလေးတန်က စာအုပ်ငယ်လေးတစ်အုပ်ထုတ်လိုက်တော့ ယွီဟွေးဖေးခမျာ စာအုပ်ငယ်လေးကိုကြည့်ပြီး ချွေးတွေတဒီးဒီးကျလာရော။

သောက်ကျိုးနည်းလေရောလား... တွေ့သမျှလူတိုင်းက ကိုယ့်အကြွေးရှင်တွေချည်းပဲဟ။ ဒီဘဝ... တော်တော်လေး ချဉ်ပြီး စပ်နေတာဟရိုး။

စကားပြောနေတုန်း ခွေးဟောင်သံထွက်လာရော။ ယွီဟွေးဖေးက ခေါင်းလှည့်ကြည့်လိုက်တော့ ခွေးဝါကြီးတစ်ကောင်က ခွေးကြီးတစ်အုပ်နဲ့အတူ တဟုန်ထိုးပြေးလာတာပဲ။

အမလေး... အနည်းဆုံး ခွေးအကောင် နှစ်ဆယ် သုံးဆယ်လောက်ရှိမယ်။ ဒါက တစ်ရွာလုံးကခွေးအများစုကို စုစည်းလာတာပဲဟ။

ကိုယ့်အဖေပြန်လာတာမြင်တော့ ဟိုခွေးပေါက်စလေးက နို့စို့သံနဲ့အော်ပြီး ပြေးသွားကော။ တိုင်တန်းလို့လား ဒါမှမဟုတ် ဝါကြီးက ဉာဏ်ကောင်းပြီး ကိုယ့်ခွေးပေါက်စလေး တင်ပါးနီနေတာနဲ့ လည်ပင်းမှာအမွှေးမရှိတော့တာကို မြင်သွားလို့လားမသိဘူး၊ ခွေးတစ်ချက်ဟောင်လိုက်တာနဲ့ ခွေးတစ်အုပ်လုံးက အော်ဟစ်ပြီး ဟိုငန်းကြီးနှစ်ကောင်ကို သတ်တော့မလိုပဲ။

ငန်းဖြူကြီးနှစ်ကောင်ကလည်း ကလိမ်ကကျစ်နိုင်တယ်၊ အခြေအနေမကောင်းတာမြင်တော့ ချက်ချင်းနောက်လှည့်ပြီး တောင်ပံဖြန့်ကာ အိမ်ကိုပြေးတော့တာပဲ။

ဦးလေးတန်က နောက်လှည့်ပြီး တစ်ဖက်တစ်ချက်နဲ့ နှစ်ကောင်လုံးကိုဖမ်းပြီး ယွီဟွေးဖေးဆီထိုးပေးလိုက်တယ်။

"ရော့... အင့်။ ယူသွားတော့"

ဟိုဘက်မှာ ဦးလေးစွန်းက ခြေတစ်ချက်ဆောင့်ပြီး "တော်တန်တိတ်" တစ်ချက်အမိန့်ပေးလိုက်တာနဲ့ ဝါကြီးက ချက်ချင်း တစ်ချက်ဟောင်ပြီး ညီငယ်ခွေးတစ်အုပ်နဲ့အတူ ငြိမ်သွားရောပဲ။ ရှေ့မတိုးရဲတော့ဘူး။

ဒါက တရုတ်ကျေးလက်ခွေးပဲ၊ အသက်ပေးရမယ့်ကိစ္စမဟုတ်သရွေ့တော့ သူတို့က အရမ်းနာခံတတ်တယ်လေ။ အဓိကက သူတို့က တကယ်သစ္စာရှိတာ...။ ကိုယ်ပိုင်တွက်ချက်မှုလေးတွေရှိနိုင်ပေမယ့် တကယ်လို့သခင်က အသက်အန္တရာယ်ရှိရင်တော့ သူတို့က သခင်ရှေ့မှာ အရင်သေမှာပဲ။

ယွီဟွေးဖေးကိုမြင်တော့ ဝါကြီးက အမြီးနန့်ပြီး လာတယ်။ ငန်းဖြူကြီးနှစ်ကောင်က ကြောက်လွန်းလို့ တုန်နေပြီး ခေါင်းတွေကို ယွီဟွေးဖေးရဲ့ဂျိုင်းအောက်ကို ထိုးထည့်နေကြလေရဲ့။

ယွီဟွေးဖေးလည်း ပါးစပ်အဟောင်းသားနဲ့ ရယ်ကာဆဲဆိုတယ်။ "မင်းတို့ခုနက သူ့သားကိုအနိုင်ကျင့်တုန်းက ဗိုလ်ကျတဲ့ပုံစံတွေရော။ သောက်ကျိုးနည်း... အခုမှ ကြောက်တတ်နေတယ်လား"

သူကတော့ ဝါကြီးကိုမကြောက်ပါဘူး။ ယွီဟွေးဖေးက အပြင်လူဖြစ်ပေမယ့် အားလုံးနဲ့ရင်းနှီးတယ်လေ။ ဒါပေမဲ့ ဒီရွာထဲကကလေးတွေနဲ့တော့ သိပ်မရင်းနှီးဘူး။ သူက နှစ်တိုင်းနွေရာသီ၊ ဆောင်းရာသီကျောင်းပိတ်ရက်လောက်ပဲ လာနေတာ။ ဒီအချိန်မှာ ယွီဟွေးဖေးက ရွာကလေးတွေကြားထဲကို လုံးဝမဝင်နိုင်တော့ ကြက်တိုက်၊ ခွေးကျောင်း၊ ကြောင်ကစားရုံပဲ။

ဒီဝါကြီးကလည်း လမ်းထိပ်ကဗိုလ်၊ ရှို့လင်ခွေးလောကရဲ့ခေါင်းဆောင်၊ ယွီဟွေးဖေးက သုံးလဆက်တိုက်မနားမနေ အစာကျွေးပြီး မိတ်ဖွဲ့ပြီးနောက်မှာတော့ နောက်ဆုံးမှာ ဒီခွေးက သူ့ကို သခင်ငယ်လေးအဖြစ် အသိအမှတ်ပြုလိုက်တယ်။

လူတစ်ယောက်နဲ့ခွေးတစ်ကောင်ရဲ့ဆက်ဆံရေးက အရမ်းကောင်းတယ်၊ ဝါကြီးက ယွီဟွေးဖေးရဲ့ဘောင်းဘီမှာတော့ သူက ပျော်ရွှင်စွာနဲ့ ဝါကြီးရဲ့ခေါင်းကိုပွတ်ပြီး "ဝါကြီး... အခုတော့ ဝါအိုကြီးလို့ခေါ်ရတော့မှာလား"

ဝါကြီးက မျက်လုံးတစ်ချက်ပင့်ပြီး ဝုတ်ဝုတ်နဲ့နှစ်ချက်ဟောင်တယ်၊ ပြီးတော့ နေရာမှာတင် အမြန်သုံးပတ်ပြေးပြရော။ ငါက သန်တုန်းမြန်တုန်းလို့ ပြောနေသလိုလုပ်နေတော့ ယွီဟွေးဖေးက ရယ်လိုက်မိလေရဲ့။

ဦးလေးစွန်းနဲ့ ဦးလေးတန်ကို နှုတ်ဆက်ပြီးတော့ ယွီဟွေးဖေးက ငန်းနှစ်ကောင်၊ ကြက်သုံးကောင်၊ ဘဲနှစ်ကောင်နဲ့ ဆီ၊ ဆား၊ ရှာလကာရည်အိတ်တစ်အိတ်နဲ့အတူ အိမ်ပြန်လာခဲ့တယ်။

ဒါပေမဲ့ ထွက်လာတုန်းကတစ်ယောက်တည်း၊ ပြန်လာတော့ ခွေးဝါကြီးတစ်ကောင်ပါလာပြီ။

ဝါကြီးက ယွီဟွေးဖေးရဲ့ဆန်၊ ဆီ၊ ဆားအိတ်ကို ပါးစပ်မှာကိုက်ပြီး နောက်ကလိုက်လာတာပဲ။ ဒီအပေါ်မှာ ယွီဟွေးဖေးစိတ်က တော်တော်လေးနွေးထွေးသွားတယ်။ ခွေးက အကောင်းဆုံးမိတ်ဆွေဆိုတာ တကယ်ပဲကိုး။ ဒါပေမဲ့ အိမ်ထဲကခွေးနက်ကိုတွေးမိတော့ ချက်ချင်းဒီစကားကို ပြင်လိုက်ရော။

"ခွေးတစ်ချို့ကသာ အကောင်းဆုံးမိတ်ဆွေပဲ"

အိမ်ရှေ့ရောက်ခါနီးမှာ ယွီဟွေးဖေးက ကော်ပုထုံနဲ့ အရပ်ရှည်ရှည်မိန်းမတစ်ယောက် တံခါးဝမှာရပ်နေတာကို တွေ့လိုက်ရတယ်။ ဟိုမိန်းမက လက်တစ်ဖက်မှာကြိုးတစ်ချောင်းကိုင်ပြီး ဝက်ဖြူကြီးတစ်ကောင်ကို ဆွဲထားလေရဲ့။

ဟိုဝက်ဖြူကြီးက လက်တစ်ဖက်နဲ့ဆွဲထားတာဆိုပေမယ့် လုံးဝမလှုပ်ရဲဘူး။ ကော်ပုထုံကတော့ ခေါင်းမော့ပြီး ကြက်ဖကြီးလို ဂုဏ်ယူနေတယ်။

ယွီဟွေးဖေးက အနားကပ်သွားရင်း အံသြတကြီးနဲ့ "ကော်ပုထုံ... ဒါက ဘာဖြစ်တာတုန်း"

ကော်ပုထုံကလည်း ယွီဟွေးဖေးကိုမြင်တော့ ဟားတိုက်ရယ်ပြီး "သူဌေးယွီ... ပြန်လာပြီလား။ ခင်ဗျားကိုမိတ်ဆက်ပေးမယ်၊ ဒါက ငါ့မိန်းမ စွန်းတာရှန်း"

ယွီဟွေးဖေးက ဒီစကားကြားတော့ ရယ်ချင်စိတ်ပေါက်သွားတယ်။ ဒီနာမည်က စွန်းရှမ်းရှန့်နဲ့ တစ်လုံးပဲကွာတာကိုး။ ဒါပေမဲ့ မိန်းမက အရပ်မြင့်ပြီး လက်တစ်ဖက်နဲ့ ဝက်ဆွဲနိုင်တဲ့အရှိန်အဝါကိုကြည့်ရင် တိုက်ခိုက်ရေးစွမ်းရည်က စွန်းရှမ်းရှန့်ထက်မနိမ့်လောက်ဘူး။

"မမ မင်္ဂလာပါ"

စွန်းတာရှန်းက ယွီဟွေးဖေးကို ခေါင်းညိတ်ပြပြီး ပြုံးကာ "နှင်းမုန်တိုင်းကြီးကျတော့မှာ နင်တို့က ဘာမှမမွေးထားဘူးလို့ ကော်ပုထုံပြောတယ်လေ။ ဆောင်းတွင်းမှာ ဒုက္ခရောက်မှာစိုးလို့တဲ့။ ငါ့ကိုဒီဝက်တစ်ကောင်ကို နင့်ဆီပို့ခိုင်းလိုက်တာ..."

ယွီဟွေးဖေးက ဒီစကားကြားတော့ အမြန်ခေါင်းခါပြီး "မလုပ်ပါနဲ့ မလုပ်ပါနဲ့... ဒါကမလုပ်သင့်ပါဘူးဗျာ"

ကော်ပုထုံက ယွီဟွေးဖေးရဲ့ပခုံးကိုပုတ်ပြီး "ဘာပြောနေတာလဲ။ စိမ်းကားနေတာလား... သူဌေးယွီ၊ ငါပေးရင် မင်းယူလိုက်"

"ဒါ... အကြောင်းမရှိဘဲ လက်ဆောင်မယူကောင်းဘူး"

"ဘာကိုအကြောင်းမရှိဘဲ လက်ဆောင်မယူကောင်းတာလဲ။ ခင်ဗျားရဲ့ကျေးဇူးက ကြီးလှပါတယ်" ပြောပြီးတော့ ကော်ပုထုံက ခြေဖျားထောက်ပြီး ယွီဟွေးဖေးရဲ့ပခုံးကိုဖက်ကာ ဘေးကိုလျှောက်သွားပြီး အသံတိုးတိုးနဲ့ မှာနေပါလေရော။

"ငါက မင်းကိုတကယ်ကျေးဇူးတင်တာ။ မင်းကိုပြောပြမယ်... မင်္ဂလာဆောင်ပြီးဒီလောက်နှစ်တွေ၊ ငါအရင်က ခွေးတစ်ကောင်လိုပဲ၊ အပြင်မှာတော့ ခွေးရူးလို လူတိုင်းရှောင်တယ်။ အိမ်မှာတော့ ခွေးမြေး၊ နေ့တိုင်း မင်းမမရဲ့ပါးရိုက်တာခံရတယ်၊ ဘယ်လောက်ထိလဲဆိုရင် သူနောက်ကလိုက်လို့ ထွက်ပြေးရင်း အပင်ပေါ်တတ်တာ ငါတို့ရွာလမ်းက သစ်ပင်မှာအကိုင်းဘယ်နှစ်ခုရှိလဲတောင် ရေတွက်နိုင်နေပြီ။ ဒါပေမဲ့ မင်းနဲ့သိပြီးနောက်မှာ နောက်ဆုံးတော့ ဘဝဆိုတာကိုနားလည်သွားပြီလေ။ အရင်တစ်ခါ မင်းကိုကူညီပြီးနောက်မှာ ငါက ခွေးမြေးကနေ အိမ်ထောင်ဦးစီးဖြစ်သွားပြီ။ မင်းမမကိုမြင်လား၊ အခုငါ့အပေါ်အရမ်းကောင်းတယ်လေ။ ငါ့ကိုရိုက်တုန်းကဆို တုတ်တောင်မသုံးတော့ဘူး"

ယွီဟွေးဖေးက ဒီနေရာမှာကြားတော့ ရယ်ချင်သွားတယ်။ ဒီကော်ပုထုံရဲ့ တောင်းဆိုချက်က တော်တော်နိမ့်တာပဲ။

All Chapters