← Chapters

စွပ်ဖား

Vol. 9 Ch. 125

စွပ်ဖား

Vol. 9 Ch. 125

ယွီဟွေးဖေးက ဒီစကားကြားတော့ တကယ်နောက်လှည့်ပြီးပြေးချင်သွားတယ်။ သောက်ကျိုးနည်း၊ ဘယ်သွားသွားအကြွေးရှင်တွေချည်းပဲ။

ဒါပေမဲ့ ယွီဟွေးဖေးက မျက်နှာပြောင်တိုက်ပြီး အနားကပ်သွားရင်း ကျန်းစန်းရှန်းရှေ့မှာထိုင်ပြီး လျိုရှင်းတို့ လမ်းမှာပိတ်မိနေတဲ့ အခြေအနေကို ပြောပြလိုက်တယ်။

ကျန်းစန်းရှန်းက ကြားတော့ မျက်မှောင်ကြုတ်ပြီး "ဒီအချိန်မှာလမ်းမှာပိတ်မိတယ်လား။ ဒါက ကောင်းတဲ့ကိစ္စမဟုတ်ဘူး"

ယွီဟွေးဖေးက "ဟုတ်တယ်၊ ကျွန်တော်လည်းစိတ်ပူနေတာ။ အခုဒီနှင်းကြီးက အရှိန်ပြင်းတယ်၊ ခဏထပ်ပိတ်မိရင် နှင်းကတစ်ထပ်ပိုထူလာမှာ။ နောက်ပိုင်း၊ ဟိုကားကပြင်ပြီးရင်တောင် မောင်းလို့မရတော့မှာ ကျွန်တော်စိုးရိမ်တာ"

ကျန်းစန်းရှန်းက ဆေးလိပ်ပြောင်းကိုအားရပါးရနှစ်ချက်ရှိုက်ပြီး "စကားက ဒီလိုဆိုပေမယ့် အခုဒီရာသီဥတုကထူးဆန်းတယ်၊ ရွာထဲမှာကားရှိရင်တောင် ဘယ်သူမှအပြင်ထွက်ရဲမှာမဟုတ်ဘူး။ ပထမဆုံးနှင်း... မြေကြီးက တစ်ညလုံး လေအေးတိုက်တာခံထားရပေမယ့် ဒီမြေကြီးကထူတယ်လေ၊ အပူငွေ့ကသေချာပေါက်မကုန်သေးဘူး။ ပထမဆုံးနှင်းပွင့်က သေချာပေါက်အရည်ပျော်မှာ၊ အရည်ပျော်ပြီးတော့ အမြန်ခဲသွားတယ်၊ ဒီမြေကြီးပေါ်မှာရေခဲလွှာတစ်ခုရှိနေပြီ။ နောက်ပိုင်းနှင်းကြီးကျလာတော့ ဒီရေခဲကိုဖုံးသွားတယ်... အခုလမ်းပေါ်တက်ရင် အရမ်းချော်လွယ်တယ်။ တောင်ပေါ်လမ်းက ဘယ်လိုလဲဆိုတာ မင်းလည်းသိတာပဲ၊ ဒီအချိန်မှာ ဘယ်သူက အပြင်ထွက်ရဲမှာလဲ"

အကြောင်းပြချက်ကို ယွီဟွေးဖေးက နားလည်တယ်၊ ဒါပေမဲ့ ပြဿနာက လူတောင်ပေါ်မှာပိတ်မိနေတာ၊ သူသွားကြည့်ရမှာပဲ။ မသွားရင် သူတကယ်တစ်ခုခုဖြစ်မှာစိုးတယ်။

ကျန်းစန်းရှန်းက သက်ပြင်းချပြီး "လူ့အသက်ကအရေးကြီးတယ်။ ဘာပဲဖြစ်ဖြစ် ငါမင်းနဲ့ တစ်ခေါက်လိုက်ခဲ့မယ်၊ ကားရှိတဲ့အိမ်တွေသွားကြည့်မယ်။ ဘယ်သူက ကားထုတ်ပေးချင်လဲပေါ့လေ။ မင်းကိုလူကယ်ဖို့ ခေါ်သွားမယ်"

ယွီဟွေးဖေးက အရမ်းကျေးဇူးတင်သွားတယ်... ကျန်းစန်းရှန်းကလည်း စိတ်မြန်လက်မြန်ပဲ။ သိုးမွေးအင်္ကျီကိုတန်းဝတ်ပြီး ယွီဟွေးဖေးကိုခေါ်ပြီးထွက်သွားရော။

အပြင်ရောက်တော့ နှင်းကပိုကြီးလာသလိုပဲ။ လေကလည်းပိုပြင်းထန်လာတယ်။ သူလာတုန်းက မျက်လုံးဖွင့်နိုင်သေးတယ်၊ ပြန်သွားတော့ လုံးဝမျက်လုံးမဖွင့်နိုင်တော့ဘူး။ ဟိုနှင်းပွင့်တွေက အုတ်ခဲငယ်လေးတွေလို သူ့မျက်နှာကိုလာရိုက်နေသလိုပဲ။

ကျန်းစန်းရှန်းက ခေါင်းငုံ့ပြီး အရေးအကြောင်းတွေ အသားမာတွေပြည့်နေတဲ့ လက်မည်းကြီးနဲ့ ယွီဟွေးဖေးရဲ့ လက်မောင်းကိုတစ်ချက်ဆွဲပြီး "ငါ့နောက်လိုက်ခဲ့" ဆိုရင်း ဆွဲခေါ်သွားတယ်။

ယွီဟွေးဖေးက ခေါင်းညိတ်ပြီး ကျန်းစန်းရှန်းနောက်လိုက်ကာ ရပ်ကွက်ရုံးကနေအမြန်ထွက်သွားတယ်။ ဒါပေမဲ့ ပထမတော့ လူတွေက ကားမထုတ်ပေးချင်ကြဘူး။ ဘာပဲဖြစ်ဖြစ် အခုအရမ်းအန္တရာယ်များတယ်လေ။

နောက်ပိုင်းမှာ ကားထုတ်ပေးချင်တဲ့သူ ရှိလာပေမဲ့ ကားကလုံးဝမောင်းထွက်လို့မရဘူး။

နှင်းကြီးက ဒူးလောက်ထူနေပြီ။

အရင်က ထော်လာဂျီရှာချင်သေးတယ်၊ ဒါပေမဲ့ ဒီရာသီဥတုနဲ့ တစ်ခေါက်သွား တစ်ခေါက်ပြန်က နှစ်နာရီ သုံးနာရီကြာသလို အဲ့ဒါကလည်း ကားထက်ပိုနှေးသေးတယ်။ ပြီးတော့ နှင်းကြီးကြောင့် ပိုနှေးရဦးမှာ။

ခန့်မှန်းရတာတော့ ပြန်လာတဲ့အချိန်မှာ ထော်လာဂျီက မြှုပ်မခံရရင်တောင် မောင်းလို့မရလောက်တော့ဘူး။

နှင်းကြီးထဲမှာရပ်ပြီး ယွီဟွေးဖေးက စိတ်မရှည်စွာနဲ့ မေးလေကော။

"ရွာသူကြီး... တခြားနည်းလမ်းမရှိတော့ဘူးလား"

"အခုခေတ်နည်းပညာပစ္စည်းတွေက တကယ်ကိုအားမကိုးရဘူး" ရွာသူကြီးက မျက်နှာအိုကြီးက လိမ္မော်ခွံလိုတွန့်ကြေသွားပြီး ပြန်ဖြေရှာပါရဲ့။

ယွီဟွေးဖေးမျက်လုံးတွေတောက်ပြောင်သွားပြီး "နည်းလမ်းရှိသေးတယ်မလား"

"နည်းလမ်းရှိတယ်၊ ဒါပေမဲ့ မသုံးဖြစ်တော့တာ နှစ်အရမ်းကြာနေပြီ။ အဲ့ဒီပစ္စည်းတွေရှိသေးလား မသိဘူး။ ပြီးတော့ ရှိရင်တောင် သင့်တော်တဲ့ခွေး မရှိလောက်တော့ဘူး..."

ယွီဟွေးဖေးက ချက်ချင်းဘဲ ရွာသူကြီးရဲ့ဆိုလိုရင်းကို နားလည်သွားရော။ "ခင်ဗျားပြောတာ စွပ်ဖားလား"

ရွာသူကြီးကခေါင်းညိတ်ရင်း "ဟုတ်တယ်၊ ဒါပေမဲ့ ရွာထဲမှာ စွပ်ဖားခွေးမရှိတော့ဘူး..."

ဒီနေရာမှာပြောရင်း ရွာသူကြီးက ရုတ်တရက်ပေါင်တစ်ချက်ရိုက်ပြီး "မဟုတ်ဘူး... တချို့ကောင်ရှိသေးတယ်"

"ဝါကြီးလား"

"အရင်တောင်ထဲမှာ အမဲလိုက်တုန်းကဆိုရင် စွန်းအိုက ဝါကြီးနဲ့ခွေး၁၃ကောင်ကို စွပ်ဖားဆွဲပြီး တောင်ထဲက မုဆိုးတဲရောက်မှ ခွေးတွေကိုလွှတ်ပြီး အမဲလိုက်တာ။ ပြီးတော့ သူက ဆယ်မိုင်ရှစ်ရွာရဲ့ စွပ်ဖားဘုရင်ပဲ။ သွား... သူ့ကိုသွားရှာကြည့်စို့။ သူ့ရဲ့ အဲ့ဒီစွပ်ဖားပစ္စည်းတွေ ရှိသေးလားမသိဘူး"

မကြာခင်မှာ ယွီဟွေးဖေးက ရွာသူကြီးနဲ့အတူ စွန်းအဘိုးကြီးအိမ်ရောက်သွားတယ်။ အောက်ထပ်မှာ စပါးတွေဘာတွေနဲ့မြှုပ်နေတဲ့ စွပ်ဖားကိုကြည့်ပြီး အပေါ်ကသစ်သားကို ပွတ်သပ်ချိန် သူအားနည်းနည်းများသွားရင် ဒီစွပ်ဖားကို ချိုးမိမှာစိုးနေရသေး။

"ဒါ... ဖြစ်ပါ့မလား"

ယွီဟွေးဖေးရဲ့ အမေးစကားကို ရွာသူကြီးနဲ့ စွန်းအဘိုးကြီးက တစ်ပြိုင်နက်တည်းခေါင်းခါပြီး "အသေခံဖို့တော့ဖြစ်တယ်" ပြိုင်တူဖြေလေရဲ့။

ယွီဟွေးဖေးကလည်း ဒီလိုပဲထင်တယ်။ ဒါပေမဲ့ သူက စွပ်ဖားကိုဆွဲထုတ်ပြီး ခြံထဲမှာစမ်းကြည့်တော့ ထင်ထားတာထက် ပိုခိုင်ခံ့သားပဲ။ စွန်းအဘိုးကြီးက အိမ်ထဲကနေခွေးဆွဲကြိုးတချို့ယူလာပေးတယ်။

"ဒါကအရင်ကသုံးတဲ့ဟာတွေပဲ။ အခုတော့ မသုံးတာ နှစ်တွေကြာပြီ။ အမြဲထိန်းသိမ်းထားပေမယ့် အရည်အသွေးကိုတော့ ငါအာမမခံနိုင်ဘူး။ ပုံမှန်အခြေအနေမှာ တစ်ခေါက်ပြေးရင် ပြဿနာမရှိဘူးလို့ပဲ ပြောနိုင်မယ်"

ဒီစကားကြားတော့ ယွီဟွေးဖေးကစိတ်အေးသွားတယ်၊ ဘာပဲဖြစ်ဖြစ် စွန်းအဘိုးကြီးက ဒီအပိုင်းမှာ ဆရာကြီးလေ။ ဒီလောက်နှစ်အတွေ့အကြုံနဲ့ ပြောတဲ့စကားက သေချာပေါက်စိတ်ချရတယ်။

ဒါပေမဲ့ ပြဿနာကထပ်ပေါ်လာပြန်ပြီ။

စွန်းအဘိုးကြီးက "စွပ်ဖားရှိပြီ၊ မင်းတို့မှာခွေးရှိလား။ ငါပြောတာသာမန်ခွေးမဟုတ်ဘူး၊ စွပ်ဖားဆွဲတဲ့ ခွေး"

ဒီစကားကြားတော့ ယွီဟွေးဖေးက ညည်းညည်းညူညူနဲ့ "မရှိဘူး"

ရွာသူကြီးကျန်းစန်းရှန်းလည်း "ဖိုးကြီးစွန်း စွပ်ဖားတောင်ထုတ်ပေးပြီးပြီပဲ။ ခွေးကိုလည်း ထည့်ပေးလိုက်ပါလား"

"သွားစမ်း... ဘာကိုခွေးကိုထည့်ပေးရမှာလဲ။ ဒါက သက်မဲ့ပစ္စည်း။ ပျက်ရင်ပျက်သွားမှာ၊ ပျက်ရင်လည်း အမှတ်တရအဖြစ်ထားလို့ရတယ်။ ဒါပေမဲ့ ခွေးကတူလား။ အဲ့ဒါက ငါ့အသက်ပဲ။ ပြီးတော့ ဝါကြီးတို့က အသက်ကြီးနေပြီ။ ဘယ်ကအားရှိလို့ တစ်ခေါက်ပြေးနိုင်မှာလဲ" ပုံမှန်စိတ်ကောင်းရှိတဲ့ စွန်းအဘိုးကြီးက ချက်ချင်းဒေါသထွက်လာပြီး အော်ပါလေရော။

ခွေးအကြောင်းပြောတော့ ယွီဟွေးဖေးက ဟိုခွေးကိုတွေးမိတယ်။

"ကျွန်တော်တို့အိမ်မှာ တစ်ကောင်ရှိတယ်၊ အရမ်းကြမ်းတဲ့အမျိုးအစား"

စွန်းအဘိုးကြီးကခေါင်းခါပြီး "စလီခွေးက ကြမ်းရုံနဲ့မရဘူး။ အဓိကက သူကစွပ်ဖား ဘယ်လိုဆွဲရလဲဆိုတာ နားလည်ရမယ်။ ပြီးတော့... သူကသခင်နဲ့ စိတ်ချင်းဆက်သွယ်နိုင်ရမယ်။ ကြိုးတစ်ချက်ဆွဲ စကားတစ်ခွန်းနဲ့ ဘယ်လိုသွားရမလဲဆိုတာ သိရမယ်။ သာမန်ခွေးက မဖြစ်ဘူး... ပြီးတော့ သာမန်ခွေးက ခံနိုင်ရည်လည်းမလောက်ဘူး။ တကယ်ပြောရရင် စွပ်ဖားဆွဲတာ၊ ငါတို့ တရုတ်ကျေးလက်ခွေးက အသင့်တော်ဆုံးမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ခံနိုင်ရည်က နည်းနည်းညံ့တယ်။ နာခံမှုလည်းညံ့တယ်... ဝါကြီးတို့က ငါငယ်ငယ်ကတည်းက စိတ်ရှည်ရှည်နဲ့ လေ့ကျင့်ပေးထားတာ။ သူတို့ကိုလေ့ကျင့်တာက တခြားခွေးတွေ လေ့ကျင့်တာထက် အများကြီးခက်တယ်"

ယွီဟွေးဖေးကတော့ ဒါကိုမစိုးရိမ်ဘူး၊ ခွေးနဲ့ဆက်သွယ်ရတာ အခက်ဆုံးက ခွေးကို ကိုယ့်ရဲ့ဆိုလိုရင်း နားလည်အောင်လုပ်ဖို့ပဲ။ ဒါပေမဲ့ ရှောင်ထျန်းချန်က ဒီအပိုင်းမှာ လုံးဝပြဿနာမရှိဘူး။

"ပြဿနာမရှိလောက်ဘူး၊ ကျွန်တော်တို့အိမ်မှာရှိတဲ့ ခွေးကအရမ်းဉာဏ်ကောင်းတဲ့အပြင် နာခံတတ်တယ်"

နာခံတတ်တယ်ဆိုတဲ့ စကားနှစ်လုံးပြောတော့ ယွီဟွေးဖေးတောင် နည်းနည်းယုံကြည်မှုမရှိတော့ဘူး...။ ဟိုကောင်က ဘာအကျင့်ရှိလဲ သူကောင်းကောင်းသိတယ်။ တစ်နေ့ တစ်နေ့ ခွေးခေါင်းထဲမှာ ဘာတွေတွေးနေလဲ ဘယ်သူသိမှာလဲ။

ဒီအချိန်မှာ ယွီဟွေးဖေးရဲ့ ဖုန်းကတစ်ချက်တုန်သွားတော့ အမြန်ဖုန်းထုတ်ကြည့်လိုက်ချိန် မျက်နှာက ချက်ချင်းပြောင်းသွားတယ်။ ရွာသူကြီးကျန်းစန်းရှန်းနဲ့စွန်းအဘိုးကြီးက ယွီဟွေးဖေးရဲ့ထူးဆန်းတဲ့အရိပ်အခြေကိုမြင်ပြီး မေးပါလေရော။

"ဘာဖြစ်လို့လဲ"

"ဝံပုလွေ... သူတို့ဝံပုလွေအုပ်နဲ့ တွေ့နေတယ်"

"သောက်ကျိုးနည်း... ငါသိသားပဲ။ ဒီဝံပုလွေကောင်တွေ တောင်ထဲမှာ ဒီလောက်ကြာကြာပိတ်မိနေတာ သေချာပေါက် တောင်ပေါ်က ထွက်လာမှာပဲ။ ဒါပေမဲ့ ဟိုဘက်ကို ပြေးသွားမယ်လို့ မထင်ထားဘူး"

ကျန်းစန်းရှန်းကလည်း "အရင်က ရွာအပြင်ဘက်မှာ ဝံပုလွေအရိပ်တွေ လှည့်နေတာမြင်ဖူးတယ်။ ဒါပေမဲ့ ငါတို့ရွာက ကာကွယ်ရေးကောင်းတော့ သူတို့မလာရဲဘူး။ အဲ့တော့ ဒါက ရှေ့ကိုပတ်ပြီး အမဲလိုက်သွားတာနေမှာ"

"ဝံပုလွေအုပ်က ကောက်ကျစ်တယ်။ ဟိုကားပျက်က သူတို့ကိုဘယ်လောက်ကြာကြာတားနိုင်မလဲ မသေချာဘူး။ ဒီဟာ ကျွန်တော်ငှားလိုက်ပြီနော အဘိုးကြီးစွန်း" လို့ပြောပြီး ယွီဟွေးဖေးက စွပ်ဖားကိုအားရပါးရဆွဲတော့

ကျန်းစန်းရှန်းနဲ့ စွန်းအဘိုးကြီးကလည်း စိတ်ပူသွားကြတယ်။ ဒါပေမဲ့ နှင်းကအရမ်းကြီးတော့ အားလုံးကအမြန်မသွားနိုင်ဘူး။

ဒီအချိန်မှာ ဝါကြီးက ခွေးအိမ်ကနေပြေးထွက်လာပြီး ကိုယ်တိုင်ကြိုးတစ်ချောင်းကိုကိုက်၊ တစ်ချက်လွှဲတစ်ချက်လှည့်ပြီး ကိုယ့်ကိုယ်ကိုကြိုးတပ်ပြီး ရှေ့ကိုဆွဲတယ်။

ကျန်တဲ့ခွေးတွေကမြင်တော့ လိုက်ပြေးထွက်လာကြပေမဲ့ သူတို့ကဝါကြီးလို ကျွမ်းကျင်မှုရှိတော့ ကြိုးကိုကိုက်ပြီးရှေ့ကိုဆွဲရုံပဲ။ အရှိန်ကချက်ချင်းမြန်လာတယ်။

"ဟိုကောင်... စွပ်ဖားပေါ်တက်"

ယွီဟွေးဖေးက စွန်းအဘိုးကြီးရဲ့ ပြောသံကြားတော့ စကားမများဘဲ တန်းတက်သလို ကျန်းစန်းရှန်းကလည်း လိုက်တက်လာတယ်။

စွန်းအဘိုးကြီးကတော့ကြိုးကိုကိုင်ပြီး အမိန့်စပေးတော့တာပဲ။

"ဒုတိယ"

ခွေးတစ်ကောင်ပြေးလာပြီး ရှေ့ခြေနဲ့ခေါင်းတစ်ချက်လှည့်ပြီးကြိုးတပ်လိုက်တယ်။

"တတိယ၊ စတုတ္ထ၊ ပဉ္စမ..."

စွန်းအဘိုးကြီးတစ်ချက်တစ်ချက်အော်လိုက်တာနဲ့ ခွေးတစ်ကောင်တစ်ကောင်ပြေးတက်လာကြရင်း အရင်ခွေးကို အတုခိုးပြီး အားလုံးကအမြန်ဆုံးနှုန်းနဲ့ ကြိုးတပ်လိုက်ကြတယ်။ ပြီးတော့ စွန်းအဘိုးကြီးကအဝေးကိုလက်ညှိုးထိုးပြီး "သင်္ချိုင်းကုန်းကိုသွား"

ဝါကြီးတစ်ချက်ဟောင်ပြီး တန်းရှေ့ကိုပြေးသလို တခြားခွေးတွေကလည်း လိုက်ပြေးတာပေါ့။ စွပ်ဖားက စွန်းအဘိုးကြီးဘေးက ဖြတ်သွားတဲ့အချိန်မှာ သူတစ်ပတ်လှည့်ပြီး လက်နှစ်ဖက်ဆန့်ထုတ်ကာ စွပ်ဖားကိုဖမ်းပြီး စလီနောက်နင်းပြီးလိုက်လာတယ်။

မကြာခင်မှာ တည်းခိုခန်းတံခါးဝ ရောက်လာကြပြီ။ ယွီဟွေးဖေးက စလီပေါ်ကဆင်းပြီး တန်းခြံထဲပြေးဝင်ကာအော်ရော။

"ရှောင်ထျန်းချန်... ရှောင်ထျန်းချန်... ရှောင်ထျန်းချန်"

ယွီဟွေးဖေးရဲ့ စိတ်ပူနေတဲ့အော်သံကြားတော့ ချွေ့ကျွယ်က ပထမဆုံးပြေးထွက်လာပြီး "ငါ့ညီလေးယွီ... ဘာဖြစ်လို့လဲ"

"ရှောင်ထျန်းချန်ရော"

"ဟိုသေနာခွေးက ငါတို့နေ့တိုင်းသက်သတ်လွတ်စားတာ မခံနိုင်တော့ဘူးတဲ့။ ပြီးတော့ လျိုရှင်းလာမှာ၊ သူတို့က သူ့အတွက် စားစရာကောင်းကောင်း ပြင်ဆင်ပေးချင်လို့ဆိုပြီး သရဲဖြူ၊ သရဲနက်၊ နွားခေါင်း၊ မြင်းခေါင်းနဲ့ မျက်ပြူးကြီးကိုခေါ်ပြီး နောက်တောင်ကိုအမဲလိုက်သွားတယ်။ နှင်းပိတ်ထားတော့ တိရစ္ဆာန်အများကြီးက အမြန်မပြေးနိုင်ဘူးလေ။ မျက်ပြူးကြီးက တောရိုင်းတိရစ္ဆာန်ကို တောင့်တောင့်ကြီးဖြစ်အောင်လုပ်၊ သူတို့က လက်လှုပ်ပြီး တစ်ကောင်ဖမ်းရင် တစ်ကောင်ရတယ်တဲ့"

ဒီစကားကို ယွီဟွေးဖေးကကြားတော့ ချက်ချင်းဆဲဆိုချင်သွားတယ်။ ဒီအချိန်မှာသွားရသလား။ ဒါပေမဲ့ ရှောင်ထျန်းချန်ပြောတာ မှန်တယ်ဆိုတာ ယွီဟွေးဖေးလည်း သိတယ်။ အခုအားလုံးက တန်ခိုးမရှိတော့ဘူး၊ သာမန်လူထက် ခန္ဓာကိုယ်ပိုကောင်းတဲ့ လူကြမ်းတွေသက်သက်ပဲ။ သူတို့ပုံမှန်အမဲလိုက်ချင်ရင်လည်း တော်တော်ပင်ပန်းတယ်။ ဒါပေမဲ့ နှင်းမုန်တိုင်းကြီးနဲ့လေပြင်းအောက်မှာ အားလုံးအမဲလိုက်ရတာ ပိုလွယ်သွားတယ်။

ယွီဟွေးဖေးငယ်ငယ်ကလည်း ခွေးခေါ်ပြီး လေပြင်းမုန်တိုင်းနှင်းကျတဲ့နေ့မှာ တောကြက်လိုက်ဖူးတယ်၊ လေပြင်းက တောကြက်ကိုမပျံနိုင်အောင်လုပ်၊ နှင်းကြီးက တောကြက်တောင်ပံကိုလေးလံစေတယ်။ ခဏလိုက်ရင် တောကြက်အားကုန်သွားရော။ အဲ့ဒီအချိန်မှာလက်လှုပ်ရင် အလွယ်ဆုံးပဲ။ ဒါပေမဲ့ အခုအခြေအနေမတူတော့ဘူး၊ သူကလူကယ်ဖို့အရေးကြီးနေတာ။

ယွီဟွေးဖေးကအခြေအနေကို ချွေ့ကျွယ်ကိုပြောပြတော့ သူကမျက်မှောင်ကြုတ်ပြီး "ဒါ... ပြဿနာပဲ"

ဒီအချိန်မှာ ကျန်းစန်းရှန်းဝင်လာရင်း တိုက်တွန်းတယ်။ "ညီလေးယွီ... မင်းခွေးရော"

ယွီဟွေးဖေးကငိုသံနဲ့ "ပြေးသွားပြီ..."

သူက ကိုယ့်အိမ်ကခွေးကိုယ်တိုင် အမဲလိုက်သွားတယ်လို့ မပြောကောင်းဘူး၊ ပြေးသွားတယ်၊ ရှာမတွေ့တော့ဘူးလို့ပဲပြောရတယ်။

ဒီစကားကြားတော့ ကျန်းစန်းရှန်းက "ဒါဆိုဘယ်လိုလုပ်မလဲ"

အဲ့အချိန်မှာ စွန်းအဘိုးကြီးလည်းဝင်လာပြီး တူတူပဲမေးတယ်။ မတတ်နိုင်ဘူး၊ လေကြီးနှင်းကြီးနဲ့ အားလုံးကဘေးမှာရှိနေရင် တောင်အော်ရတယ်၊ နည်းနည်းဝေးရင် လုံးဝမကြားရဘူး။

ယွီဟွေးဖေးကထပ်ရှင်းပြပြီးတော့ အားလုံးတိတ်ဆိတ်သွားကြရော။

"ထားလိုက်တော့... ခွေးမရှိရင် ကျွန်တော်လမ်းလျှောက်သွားမယ်။ ဟိုမှာရှိတဲ့လူက ကျွန်တော့်အတွက် အရမ်းအရေးကြီးတာမပြောနဲ့၊ သာမန်လူဖြစ်ရင်တောင် အသက်မကယ်ဘဲမနေနိုင်ဘူးလေ"

ဒီစကားကြားတော့ စွန်းအဘိုးကြီးကတစ်ချက်တုန်သွားတယ်။ ကျန်းစန်းရှန်းကမြင်တော့ ခြေတစ်ချက်ဆောင့်ပြီး "ငါမင်းနဲ့သွားမယ်၊ ငါအသက်ကြီးနေပေမယ့် အလင်းရောင်ပေးနိုင်သေးတယ်"

စွန်းအဘိုးကြီးကမြင်တော့ မနေနိုင်ဘဲဆဲဆိုရော "ကျန်းစန်းပေါင်... မင်းငါ့ကိုပြဇာတ်မကပြနဲ့၊ မင်းအဘကို ဒုက္ခခံပြနေတာလား။ မင်းသွားလည်း ဘာအသုံးဝင်မှာလဲ။ မင်းစွပ်ဖားမောင်းတတ်လို့လား"

ကျန်းစန်းရှန်း မျက်နှာနီသွားပေမဲ့ လည်ပင်းတောင့်တောင့်နဲ့ "ဒါပေမဲ့ အနည်းဆုံးငါသွားတယ်လေ"

စွန်းအဘိုးကြီးက "သွားစမ်း၊ ဖယ်၊ ငါသွားမယ်"

ယွီဟွေးဖေးလည်း အဘိုးကြီးနှစ်ယောက် ဒီလိုဖြစ်နေတာမြင်တော့ အရမ်းစိတ်လှုပ်ရှားသွားပေမဲ့...

"နှစ်ယောက်လုံးမသွားကြပါနဲ့၊ ကျွန်တော် ဝါကြီးတို့ကိုခေါ်သွားမယ်... ဒါပေမဲ့ ကျွန်တော့်ကိုလက်နက်နည်းနည်းပေးပါ။ ဟိုဘက်မှာဝံပုလွေအုပ်ရှိတယ်..."

"မင်းအရင်သွားနှင့် ငါသူတို့ကိုရှာလိုက်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကို အမြန်ဆုံးထွက်သွားခိုင်းပြီး မင်းနောက်လိုက်ခိုင်းမယ်" လို့ ချွေ့ကျွယ်ပြောတော့ ယွီဟွေးဖေးကခေါင်းညိတ်လိုက်တယ်။

ချွေ့ကျွယ်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က မဆိုးပေမယ့် သူတစ်ယောက်တည်းလိုက်သွားတာက သူတောင်ထဲမှာ နွားခေါင်းတို့ကိုရှာတာလောက် မကောင်းဘူးလေ။ နွားခေါင်း၊ မြင်းခေါင်းက ခန္ဓာကိုယ်အားကိုးနဲ့ ဖြစ်လာတဲ့မြေအောက်ဘုရင်ရဲ့ လက်ပါးစေနတ်မင်းတွေ။ ဒါကြောင့် ခန္ဓာကိုယ်သန်မာတယ်။ သရဲနက်ဖြူတို့လည်း မြေအောက်ဘုရင်ရဲ့ လက်ပါးစေနတ်မင်း၊ အရှိန်မှာလည်း တစ်မျိုးပဲ။

ရှောင်ထျန်းချန်ကိုတော့ ပြောစရာမလိုဘူး။ ဒီကောင်က တစ်ကောင်တည်းနဲ့ တောဝက်အုပ်ငယ်ကို တိုက်ခိုက်နိုင်တယ်။ သေချာပေါက်ကြမ်းတမ်းတဲ့ တိုက်ခိုက်ရေးစွမ်းရည်ပဲ။ ဒါကြောင့် သူတို့ကိုခေါ်လာတာက ပြဿနာဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းပဲ။

စွန်းအဘိုးကြီးက "ညီလေးယွီ၊ ငါမသွားရင် မင်းစွပ်ဖားမောင်းတတ်လို့လား"

ယွီဟွေးဖေးကရယ်ပြီး "အဘိုးကြီးမေ့သွားပြီလား၊ ကျွန်တော်အရင်က ဝါကြီးဆွဲတဲ့ စွပ်ဖားစီးဖူးတယ်လေ။ ဒီစွပ်ဖားမဟုတ်ပေမယ့် ဖြစ်လောက်မှာပါ... ပြီးတော့ ခင်ဗျားကျွန်တော့်ကိုမယုံရင် ဝါကြီးကိုတော့ယုံရမှာပေါ့"

"ပြဿနာက မင်းတစ်ယောက်တည်းသွားရင် ဖြစ်ပါ့မလား။ ဟိုမှာဝံပုလွေအုပ်ရှိတယ်လေ"

စွန်းအဘိုးကြီးက စိုးရိမ်နေသေးတယ်၊ သူဝံပုလွေအုပ်မြင်ဖူးတယ်လေ။ ဝံပုလွေအုပ်က ဘယ်လောက်ကြောက်စရာကောင်းတာကို သိတယ်။

ယွီဟွေးဖေးက ရင်ဘတ်ထဲကနေ ဓားမြှောင်တစ်ချောင်း ထုတ်လိုက်တယ်။ အရင်တစ်ခါဝယ်ထားတဲ့ အမဲလိုက်ဓားပဲ။

စွန်းအဘိုးကြီးကမြင်တော့ ခေါင်းခါပြီး "ဓားကကောင်းတယ်၊ ဒါပေမဲ့ ဝံပုလွေအုပ်ကိုတိုက်ခိုက်ဖို့က မဖြစ်နိုင်ဘူး"

ဒီအချိန်မှာ ချွေ့ကျွယ်က အိမ်ထဲကနေ နှစ်လုံးပြူးသေနတ်တစ်လက်ယူလာပြီး "ဒါသုံးလို့ရမလား"

ယွီဟွေးဖေးကကြောင်သွားပြီး "ဒါ... ဘယ်ကရောက်လာတာလဲ"

"မင်းထွက်သွားပြီးတော့ ဖိန်ကောပို့လာတာ။ ငါတို့ ဒီရွာအစွန်မှာနေတာဆိုတော့ တောင်ပေါ်က တောရိုင်းတိရစ္ဆာန်တွေထွက်လာရင် ငါတို့ကပထမဆုံးတားဆီးရမှာ၊ အန္တရာယ်အရှိဆုံးမို့ ငါတို့ကို ကာကွယ်ဖို့သုံးခိုင်းတာ"

ယွီဟွေးဖေးကကြားတော့ စိတ်ထဲမှာအရမ်းကျေးဇူးတင်သွားတယ်။ ဖိန်ကောရော၊ ကော်ပုထုံရော၊ ဒီကောင်တွေ အရင်က သူ့အရိုက်ခံရဖူးပေမယ့် စိတ်ချင်းဆက်သွယ်ပြီးနောက်မှာ တကယ်ကိုနေရာတိုင်းမှာ သူ့အတွက်စဉ်းစားပေးကြတယ်။

သူဒီတစ်ခါ ကော်ပုထုံနဲ့ဖိန်ကောကို အတိုးကြီးနဲ့ အကြွေးတင်သွားပြီ၊ လူ့သံယောဇဉ်အတိုးကြီး၊ ပြန်ဆပ်ရခက်တဲ့အမျိုးအစားပေါ့။

ကျန်းစန်းရှန်းကနှစ်လုံးပြူးသေနတ်ကိုမြင်တော့ မနေနိုင်ဘဲ "ဒီသေနာကောင်တွေ၊ ဒီလိုပစ္စည်းတွေတောင် ဝှက်ထားသေးတယ်လား။ ညီလေးယွီ... ငါမင်းကိုပြောမယ်၊ ဒါကိုသိမ်းရမယ်"

စွန်းအဘိုးကြီးက သူ့ကိုတစ်ချက်တွန်းထုတ်ပြီး "သွားစမ်းပါကွာ... သိမ်းရင်လည်း ပြန်လာမှသိမ်း"

"ညီလေးယွီ... သေနတ်ကပြင်းပေမယ့် ဟိုဝံပုလွေကောင်တွေက လွယ်တဲ့ကောင်တွေမဟုတ်ဘူး၊ ကောက်ကျစ်တယ်။ အဓိကက သူတို့တောင်ထဲမှာဆာလောင်နေလို့ စွန့်စားပြီးထွက်လာတာ... ဒီသေနတ်က သူတို့ကိုခြောက်လှန့်နိုင်မှာ မဟုတ်ဘူး၊ အရေးကြီးတဲ့အချိန်မှာပြေးတာက အကောင်းဆုံးပဲ သိလား။ ပြီးတော့ ကျည်ဆံမများဘူး။ အခွင့်အရေးရှာပြီးဝံပုလွေဘုရင်ကိုပစ်၊ ထိရင် အသက်ရှင်နိုင်ခြေပိုများတယ်"

ယွီဟွေးဖေး သေသေချာချာမှတ်ထားပြီးတော့ စွန်းအဘိုးကြီးက ဝါကြီးဘေးကိုပြေးသွားတယ်။ "ဝါကြီး... ဟိုကောင်က မင်းသူငယ်ချင်း။ ဒီတစ်ခါထွက်သွားရင် မင်းနဲ့ ဆယ့်သုံးကောင်ကိုပဲ အားကိုးရတော့မှာ။ မင်းအရင်က ငါ့ကိုပြန်ခေါ်လာနိုင်တဲ့အတိုင်း သူတို့ကိုလည်း သေချာပေါက်ပြန်ခေါ်လာနိုင်မှာပါ။ ကြိုးစားထား"

ဝါကြီးကဝုတ်ဝုတ်နဲ့နှစ်ချက်ဟောင်တယ်။ အသက်ကြီးနေပေမယ့် သူက ကိုယ့်ရဲ့သဘောထားကိုပြနေတာ စိတ်ဓာတ်တက်ကြွပြီး အရင်ကလိုပဲ။

"ညီလေး... သွားတော့"

စွန်းအဘိုးကြီးက ဝါကြီးခေါင်းကို တစ်ချက်ပုတ်ချိန် ဝါကြီး ဝုတ်ဝုတ်နဲ့ နှစ်ချက်ဟောင်တယ်။ နောက်တစ်ခဏမှာ ခွေးဆယ့်သုံးကောင်ကအော်ဟစ်ပြီး စွပ်ဖားကိုဆွဲပြီး ရှို့လင်ရွာကနေ အားကုန်တစ်ရှိန်ထိုး ပြေးထွက်သွားကြတော့တာပဲ။

ခွေးဟောင်သံဝေးသွားတာနဲ့အမျှ လူအများကြီးက ပြတင်းပေါက်မှာကပ်ပြီး ဒီမြင်ကွင်းကို မြင်လိုက်ကြတယ်။ အရင်က ယွီဟွေးဖေး ကားငှားတယ်။ လူတိုင်းက အခြေအနေရဲ့ ပြင်းထန်မှုကိုသိတယ်။ ဒါပေမဲ့ နှင်းကအရမ်းကြီးတော့ သူတို့ကားတွေ လုံးဝမောင်းထွက်ရဲဘူး၊ သွားရင် ပြန်မလာနိုင်မှာစိုးတယ်။

အခုယွီဟွေးဖေးတစ်ယောက်တည်း ခွေးဆယ့်လေးကောင်နဲ့ ပြေးထွက်သွားတာမြင်တော့ တစ်ယောက်ချင်းစီရဲ့စိတ်ထဲမှာလည်း ခံစားချက်မျိုးစုံနဲ့ပေါ့။

လူတချို့က သက်ပြင်းချတယ်၊

လူတချို့က ဆုတောင်းတယ်၊

လူတချို့က ကိုယ့်ကိုယ်ကို ပါးတစ်ချက်ရိုက်ပြီး စိတ်ညစ်ညစ်နဲ့အရက်သောက်နေကြတယ်။

လူတချို့က လက်နက်ကိုင်ပြီး ထွက်ချင်ပေမယ့် ဒီလိုနှင်းကြီးကျတဲ့နေ့မှာ လူ့အားနဲ့လုံးဝထွက်သွားလို့မရဘူး။

နောက်ဆုံးမှာတော့ သက်ပြင်းချရုံပဲ...။

ကျန်းစန်းရှန်းနဲ့စွန်းအဘိုးကြီးကရွာထိပ်မှာရပ်ပြီး ယွီဟွေးဖေး တဖြည်းဖြည်းဝေးသွားတာကို ကြည့်နေကြလေရဲ့။

ကျန်းစန်းရှန်း "သူက အရင်မင်းလိုပဲ"

စွန်းအဘိုးကြီး "ငါ့အရင်ကလောက် မချောဘူး"

"ဒါပေမဲ့ မင်းအရင်ကထက် ကံကောင်းတယ်"

"သေချာပေါက် သူက ငါတို့ရှို့လင်သားပဲ"

ကျန်းစန်းရှန်းက ပြုံးပြီး "မင်းအရင်က ဒီလိုမပြောဘူးလေ"

စွန်းအဘိုးကြီးလည်း ဂုဏ်ယူစွာနဲ့ "ဒီနေ့ကစပြီး ဟုတ်သွားပြီ"

All Chapters