← Chapters

ဒီနေ့ကစပြီး ခဗျားက ကျွန်တော့်အကိုပဲ

Vol. 4 Ch. 55

ဒီနေ့ကစပြီး ခဗျားက ကျွန်တော့်အကိုပဲ

Vol. 4 Ch. 55

တင်းဝိန် က စုဆောင်းခြင်းကို လွန်စွာနှစ်သက်သူ ဖြစ်ပြီး ဒါက သူ့ရဲ့ အကြီးမားဆုံး ဝါသနာဖြစ်သည်။

သူက ရှေးဟောင်းနာရီ အနည်းငယ် စုဆောင်းထားတဲ့အပြင် ကမ္ပည်းစာများနှင့် ပန်းချီကားများ၊ ကြေးဝါပစ္စည်းများ၊ ကြွေထည်များ၊ ဒင်္ဂါးပြားများ စသည်တို့ကိုလည်း လေ့လာလိုက်စားသည်။

သူစုဆောင်းထားတဲ့ ကြွေထည်များထဲတွင် ချင်းမင်းဆက်မှ မိသားစုနှင်းဆီ ပန်းကန်ပြား အနည်းငယ်လည်း ပါဝင်သည်။

“အိုး ဘုရားရေ”

တင်းဝိန် အံ့သြစွာ အော်လိုက်ပြီး ချက်ချင်း ထရပ်ကာ မိသားစုနှင်းဆီ ပန်းကန်ပြား နှစ်ချပ်ရှိရာကို ခြေလှမ်းအနည်းငယ် လျှောက်သွားလိုက်သည်။သူ့မျက်နှာပေါ်တွင် အံ့အားသင့်တဲ့ အမူအရာ ပေါ်နေသည်။

“ယောင် အစ်ကို၊ ခင်ဗျား အရမ်းရူးတာပဲဗျာ။ ချင်မင်းဆက် မိသားစုနှင်းဆီ ပန်းကန်ပြားတွေကို ရုံးခန်းအလှဆင်ပစ္စည်းအဖြစ် အသုံးပြုထားတာ လုံးဝမိုက်တယ်၊ အရမ်းမိုက်တာပဲ”အများကြီး ချီးကျူးပြီးနောက် တင်းဝိန် က ဒီမိသားစုနှင်းဆီ ပန်းကန်ပြားနှစ်ချပ်ကို ပျော်ရွှင်စွာ ကြည့်ရူ့လိုက်ရာ သူ ပိုပို ပြီးကြိုက်လာသည်။သူက စုဆောင်း ရတာကို စိတ်အားထက်သန်ပြီး ကျွမ်းကျင် သူအဆင့်တော့ မရောက်သေးပေမယ့် မျက်စိကောင်းကောင်းတော့ ရှိသည်။

“ယောင် အစ်ကို၊ ကျွန်တော် ယူကြည့်လို့ ရမလား ”တင်းဝိန် ကတော့ အလွန်ကို သတိထားတတ်သူပါ။ပေါ့ပေါ့ဆဆနေတတ် ပေမဲ့ တစ်ခါတစ်ရံ ရှေးဟောင်းပစ္စည်း တန်ဖိုးဖြတ် စည်းကမ်းတွေကို သိသည်။

ပုံမှန်အားဖြင့် လက်ထဲကို ရမ်းသမ်းယူပြီး တန်ဖိုးဖြတ်လေ့မရှိပါ။လျူယောင် သဘောတူပြီး နောက်ပြောင် လိုက်သည်။

“ရတယ် ဒါပေမယ့် ကျိုးသွားရင်တော့ ခင်ဗျားက ဈေးနှုန်းအတိုင်း လျော်ရ လိမ့်မယ် နော် ” တင်းဝိန် ပြုံးလိုက်ပြီး အိတ်ကပ်ထဲက လက်အိတ်ဖြူတစ်စုံကို ထုတ်ယူကာ ဝတ်လိုက်သည်။ ထို့နောက် မိသားစုနှင်းဆီ ကြွေပန်းကန်ပြားကို သေချာစွာ ကောက်ယူကြည့်ရှု့လိုက်သည်။

အလွန်အလေးအနက်ထားကြည့်ရှု့ချင်းပင်။မိနစ်အနည်းငယ်ကြာ ကြည့်ရှုပြီးနောက် သူကြွေပန်းကန်ပြားကို ချလိုက်ပြီး

“တကယ်ကို လှပလိုက်တာ၊ ရှားပါးလှတဲ့ လက်ရာမြောက်ပစ္စည်းပဲ။

“ချင်းမင်းဆက် ကန်ရှီ ခေတ်က ပြုလုပ်ခဲ့သည် “ဆိုတဲ့ စာသားကို မြင်တော့ မျက်လုံးတွေ လင်းလက်သွားပြီး

“ယောင်အစ်ကို၊ ဒါက တရားဝင် အစိုးရပိုင် မြေအိုးဖိုက ထွက်တာပဲ။ အရမ်းစိတ်လှုပ် ရှားဖို့ ကောင်းတယ်။ ဒီနေ့ ကျွန်တော် အရမ်းကံကောင်းလိုက်တာ၊ တရားဝင် အစိုးရပိုင် မြေအိုးဖိုက ပစ္စည်းကိုတောင် တွေ့လိုက်ရတယ်”

ကမ္ဘာပေါ်မှာ ကန်ရှီ မင်းသားစုနှင်းဆီ က အများကြီးမရှိပေ။

အစိုးရပိုင် မြေအိုးဖို မိသားစု တွေက ပိုတောင် ရှားပါးသေးတယ်။ တင်းဝိန် လည်း ရှေးဟောင်းကြွေထည်ပစ္စည်းအချို့ စုဆောင်းဖူးတယ်။ ချင်မင်းဆက် မိသားစု

ပန်းကန်ပြား နှစ်ချပ်သုံးချပ်လည်း ပါဝင် သည်။ဒါပေမယ့် အမှတ်အသား မရှိဘူး။ ရို​းရိုးမြေအိုးဖိုကနေ ထွက်တာဖြစ် ပြီး အစိုးရပိုင် မြေအိုးဖိုက ထွက်တဲ့ပစ္စည်း တစ်ခုမှ မရှိ​ေပ။ တင်းဝိန် ရဲ့ အံ့အား သင့်မှုကို မြင်တော့ လျူယောင် ပျော်ရွှင်စွာ ရယ်လိုက်ပြီး သူ့ရဲ့ တုံ့ပြန်မှုအပေါ် အလွန်ကျေနပ်ရသည်။

မိနစ်အနည်းငယ်ကြာ ကြည့်ပြီးနောက် တင်းဝိန် က

“ယောင် အစ်ကို၊ ဒီ မိသားစုနှင်းဆီ နှစ်ချပ် ကို ကျွန်တော်ကို ရောင်းပေးလို့ ရမလား” ဟု မေးလိုက်သည်။လျူယောင် က တည့် တိုးပဲ ပြောလိုက်သည်။

“အိုခေလေ ပြဿနာမရှိပါဘူး။ စျေးနှုန်း သင့်တော်ရင်ရပြီ ”

“ယောင်အစ်ကို၊ ခင်ဗျား အရမ်းသစ္စာရှိ တာပဲ။ ဒီနေ့ကစပြီး ခင်ဗျားက ကျွန်တော့်အစ်ကိုကြီးပဲ “

"ကျွန်တော် ခင်ဗျားနောက်က လိုက်မယ်” လို့ ပြောလိုက်သည်။

" ဒါ အမှန်လား အမှားလား "

လျူယောင် အံ့အားသင့်သွားပြီး အချိန်အတော်ကြာမှ သတိပြန်ဝင်လာပြီး “မိသားစု ပန်းကန် နှစ်ချပ်နဲ့၊ ဒါက ခင်ဗျားကို ဝယ်သလို ဖြစ်နေပြီ “

တင်းဝိန် က ထပ်ပြောပြန်သည်။

“ဟုတ်တယ်၊ ဘယ်အချိန်မဆို စကား တစ်ခွန်းပဲ ပြော၊ ကျွန်တော် မီးထဲ ရေထဲ ဝင်ရဲတယ်”

လျူယောင် က “ မင်း မီးထဲ ရေထဲ ဝင်စရာ မလိုပါဘူး။ငါတို့ တကယ် ရင်းနှီးပြီး သူငယ်ချင်းတွေသာ ဖြစ်ကြတာပေါ့ "နောင်ဆို အဆက်အသွယ် လုပ်ပြီး ပိုပြီး ဆုံဖြစ်ကြတာပေါ့” လို့ ပြောလိုက်တယ် "

တင်းဝိန် ခေါင်းကို အမြန်ညိတ်လိုက်သည်။

ပြီးတော့ သူက ဒီ မိသားစုနှင်းဆီ နှစ်ချပ်ကို ထုတ်ယူလိုက်ကာ ပိုပြီး သဘောကျလာသည်။

လျူယောင်က ပညာရှင်အဖွဲ့အစည်းတစ်ခု ရဲ့ ဆုံးဖြတ်ချက်နဲ့မှ အရောင်းအဝယ် လုပ်ရင် ပိုကောင်းမယ် ထင်တယ် "

တင်းဝိန် က လက်နှစ်ဖက်မြှောက်ပြီး ထောက်ခံလိုက်သည်။

“ဒါက အမျှတဆုံး နည်းလမ်းပဲ ညီအစ်ကိုတွေလည်း စာရင်းရှင်းရှင်း လင်းလင်း လုပ်ရမယ် “

ဒါ့အပြင် သူ တစ်ခု မပြောမိဘူး။

သူ ပိုက်ဆံစုဖို့ ရက်အနည်းငယ် လိုအပ်တယ် အတိအကျပြောရရင် သူ့အဖေဆီကနေ ပိုက်ဆံရမှ ဒါကို ဝယ် နိုင် မှာပါ။တင်းဝိန်က နွေရာသီ ကျောင်းပိတ် ရက်ပြီးရင် ဒုတိယနှစ် ဒါမှမဟုတ် တတိယနှစ် ကျောင်းသားလေး ပဲ ရှိတာကြောင် သူ့မှာ ဘာဝင်ငွေမှ မရှိပေ။

ပစ္စည်းအများကြီး စုဆောင်းနိုင်တာက သူ့အဖေရဲ့ ပံ့ပိုးမှုကြောင့်သာ ဖြစ်သည်။

မိသားစုနှင်းဆီ နှစ်ချပ်ကို မချင့်မရဲနဲ့ မူရင်းနေရာကို ပြန်ထားလိုက်ပြီး သူ့အတွက် သိမ်းထားပေးဖို့ နဲ့တခြားသူ တွေကို မရောင်းချဖို့ အကြိမ်ကြိမ် မှာကြားလိုက်သည်။

လျူယောင် က စိတ်ရင်းစေတနာနဲ့ သဘောတူလိုက်သည်။

လျူယောင် နဲ့ ထပ်ပြီး စကားပြောဖို့ ပြင်နေတုန်း တင်းဝိန် ရဲ့ မျက်လုံးတွေ ရုတ်တရက် ဆွဲဆောင်ခံလိုက်ရပြန်သည်။ သူ ရုံးခန်းထဲက မှန်ဗီဒိုဆီကို အလျင်အမြန် လျှောက်သွားပြီး မှန်အပြင် ကနေ ဗီဒိုထဲက ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးတွေကို ကြည့်လိုက်သည်။

“ဟာ ယောင် အစ်ကို မတရားဘူးဗျာ၊ ခင်ဗျားမှာ နိုင်ငံခြား ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးတွေ ဒီလောက်များများ ဘယ်လိုလုပ် ရထားတာလဲ”

တင်းဝိန် က ဒင်္ဂါးတွေလည်း စုဆောင်းပြီး အတော်များများလည်း ရှိတယ်။ ဒါပေမယ့် အများစုက တရုတ်က ထုတ်တဲ့ဟာတွေပဲ ဖြစ်သည်။

သူစုထားတဲ့ နိုင်ငံခြား ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးတွေကတော့ အရမ်းနည်းပြီး ရာချီတဲ့ ဒင်္ဂါးတွေကို တစ်ပြိုင်နက်တည်း တွေ့လိုက်ရတာကြောင့် ဖြစ်သည်။

ဒါကြောင့် သူ့တုံ့ပြန်မှုက ပြင်းထန်နေတာ အံ့သြစရာ မရှိပေ။

ဒါကို မြင်တော့ လျူယောင် က ပျော်ရွှင်စွာ ထပ်ရယ်လိုက်သည်။ တင်းဝိန် ရဲ့ ရုတ်တရက် အံ့အားသင့်မှုက တကယ်ပဲ လူကို ကောင်းမွန်တဲ့ စိတ်ခံစားမှု့ ကို ဖြစ်ပေါ်စေသည်။

နောင်ဆို ဒီလိုသူငယ်ချင်းမျိုး ရှိတာ ကောင်းတာပဲ အနည်းဆုံး စိတ်ဓာတ်ကျနေတဲ့အခါ သူ့ရဲ့ စိတ်ခံစားချက်ကို ပြုပြင်ပေးနိုင်သည်။

"ကျွန်တော်က အရမ်းအံ့သြသွားတာ၊ အရမ်းပျော်သွားတာ” လို့ ခိုင်မာစွာ ပြောလိုက်သည်။

“အကို့မှာ နိုင်ငံခြား ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးတွေ အများကြီး စုဆောင်းထားတာကို ကျွန်တော် အံ့သြမိတာ အမှန်ပဲ။ ဒီကိစ္စအတွက် အကို့ကို အပြစ်တင်လို့မရပါဘူး။အကိုက အရမ်းအစွမ်းထက်တယ်လို့ မြင်လို့ရတာပေါ့ “

“အစ်ကို၊ ကျွန်တော် မှန်ကိုဖွင့်ပြီး ကြည့်လို့ ရမလား”

လျူယောင် က “ရတာပေါ့” လို့ ပြောလိုက်သည်။

ခွင့်ပြုချက်ရပြီးနောက် တင်းဝိန် က ဗီဒိုရဲ့ မှန်တံခါးကို ဖွင့်လိုက်ပြီး ရွှေဒင်္ဂါးတစ်ပြား ကို ကောက်ယူကာ ကြည့်လိုက်သည်။

ခဏကြာ ကြည့်ပြီးနောက် နောက်တစ်ပြား ကို ထပ်ကောက်ယူလိုက်သည်။သူ အနည်း ဆုံး ဆယ်မိနစ်လောက် အဲနေရာမှာ ရှိနေခဲ့သည်။

သူ့လက်ထဲက ရွှေဒင်္ဂါးတွေကို ချလိုက်တော့ သူ မချင့်မရဲနဲ့ မနာလိုတဲ့ အမူအရာ ပေါ်လာသည်။ ဒီရွှေဒင်္ဂါး၊ ငွေဒင်္ဂါးတွေ သူ့ပိုင်ဆိုင်မှု ဖြစ်ရင် ကောင်းမယ်လို့ ဆန္ဒရှိနေသည်။

“အစ်ကို၊ ကျွန်တော် ဓာတ်ပုံရိုက်လို့ ရမလား။ ဒီရွှေဒင်္ဂါး၊ ငွေဒင်္ဂါးတွေကို ဘယ်နိုင်ငံတွေက ထုတ်တာလဲ၊ ဘယ်လောက်တန်ဖိုးရှိလဲဆိုတာ ကြည့်ဖို့ ကျွန်တော် ကူညီရှာပေးမယ်”

လျူယောင် ခေါင်းညိတ်ပြပြီး

“ရတာပေါ့၊ ကြိုက်သလို ရိုက်လို့ရတယ်။ ဓာတ်ပုံရိုက်ပြီးရင် ငါ့အတွက် စီစဉ်ပေးလိုက်ပေါ့။”

တင်းဝိန် ပျော်ရွှင်စွာဖြင့် သူ့မိုဘိုင်းဖုန်းကို ထုတ်ယူကာ တစ်ပုံချင်း ဓာတ်ပုံရိုက်တော့သည်။

ရွှေဒင်္ဂါး၊ ငွေဒင်္ဂါး တစ်ပြားစီရဲ့ ရှေ့ရောနောက်ပါ ဓာတ်ပုံရိုက်ပြီး ဒင်္ဂါးတစ်ရာကျော်ကို ဓာတ်ပုံရိုက်ဖို့ ဆယ်မိနစ်ကျော် ကြာခဲ့သည်။

ဓာတ်ပုံရိုက်ပြီးနောက် ရွှေဒင်္ဂါးနဲ့ ငွေဒင်္ဂါးတွေကို မူရင်းနေရာကို ပြန်ထားလိုက်ပြီး ဗီဒိုတွေကို ပိတ်လိုက်သည်။

တင်းဝိန် က “အစ်ကို၊ ကျွန်တော် နဲ့အတူတူ ထမင်းသွားစားရအောင်၊ ကျွန်တော် ဧည့်ခံမယ်” လို့ ပြောလိုက်သည်။

လျူယောင် နည်းနည်း စိတ်မသက်မသာ ဖြစ်သွားသည်။ “ဒါပေမယ့် ငါ ရည်းစားနဲ့ ချိန်းထားပြီးပြီ။ ဒီနေ့ နေ့လယ်စာ အတူတူစားဖို့ ချိန်းထားတာ”

တင်းဝိန် က သူ့လက်ကို ဝှေ့ယမ်းပြီး

“လွယ်ပါတယ်။ ကျွန်တော့် မရီးကိုပါ ခေါ်လိုက်လေ။ ကျွန်တော်တို့ သုံးယောက် အတူတူ စားကြတာပေါ့။ ကျွန်တော် ပင်လယ်စာကောင်းတဲ့ စားသောက်ဆိုင် တစ်ဆိုင် ကို သိတယ်။ အခုပဲ အဲဒီကို သွားရအောင်” လို့ ပြောလိုက်သည်။

ဒါပေါ့။ခဏ တုံ့ဆိုင်းပြီးနောက် လျူ ယောင်လည်း သဘောတူလိုက်သည်။

“အိုကေ၊ ဒါဆို မင်း အရင်သွား ငါ့ ရီးစားကို ခေါ်ပြီး နောက်က လိုက်လာခဲ့မယ် "

“အိုကေ၊ သဘောတူပြီ။”

မူလက လီချန်လဲ့ သူ့ဘာသာ တက္ကစီဖြင့် လာချင်ပေမဲ့ လျူယောင် ကတော့ သွား​ေခါ်ရန် ဆုံးဖြတ်ခဲ့သည်။

လီချန်းလဲ့ကို ေခါ်ပြီးနောက် တင်းဝိန် ပြောတဲ့ စားသောက်ဆိုင်ကို ရောက်တော့ နေ့လယ် ၁၂ နာရီခွဲလောက် ရှိနေသည်။

ကားရပ်ပြီးနောက် လျူယောင် က

“ချန်းဟူ မင်းလည်း ဒီမှာပဲ လာစား ” လို့ ပြောလိုက်သည်။ချန်းဟူ နည်းနည်း စိတ်လှုပ်ရှားသွားသည်။ သူက ယာဉ်မောင်းနဲ့ သက်တော်စောင့်တစ်ဦးသာ ဖြစ်သည်။

မူလက သူဋေး စားသောက်ဆိုင်ထဲဝင် တာကို စောင့်ပြီး သူက အနီးအနားမှာ ဗိုက်ဖြည့်ရန် တစ်ခုခု စားမလို့ စီစဉ်ထားတာ။တစ်ချက်ကြည့်လိုက်တာနဲ့ ဒီစားသောက်ဆိုင်ရဲ့ အဆင့်အတန်းက မနိမ့်ဘူးဆိုတာ သိသာသည်။

ဒီလိုအဆင့်မြင့်တဲ့နေရာမှာ သူဌေးက သူ့ကို ခေါ်ပြီး ထမင်းစားခိုင်းတော့ ချန်းဟူ နည်းနည်း စိတ်လှုပ်ရှားသွားပြီး ရင်ထဲမှာ နွေးထွေးမှု့ကို ခံစားလိုက်ရသည်။

တင်းဝိန်က ရောက်ရှိနေပြီ ဖြစ်သည်။

All Chapters