← Chapters

လိပ်ကြီးရဲ့ ကန့်သတ်ချက်

Vol. 4 Ch. 58

လိပ်ကြီးရဲ့ ကန့်သတ်ချက်

Vol. 4 Ch. 58

လျူယောင့်ရဲ့ဘယ်ဘက်လက်တွင် ပုစွန် ကြီးတစ်ကောင် ညာဘက်လက်တွင် ဘဲဥပုံပင်လယ်ခရုကြီးတစ်ကောင် ကိုင်ထားသည်။

“ဘာတွေဖြစ်နေတာလဲ! ! ! “

“သုံးလေးမိနစ်အတွင်း ပင်လယ်စာ ​နှစ် ကောင် ဖမ်းလာတယ် "

လူတိုင်း ခဏတာ ဆွံ့အနေခဲ့ပြီးနောက် ဝမ်းသာအားရ ဖြစ်သွားကြကာ ဟူဂျွန်းရှီ က အလျင်အမြန် ပုံးတစ်ပုံး ယူလာပြီး တင်းဝိန်က ပိုက်အိတ်တစ်အိတ် ယူလာသည်။

လျူယောင် ပစ္စည်းများကို ပုံးထဲထည့်ကာ ပိုက်အိတ်ကို ကိုင်ပြီး “အောက်မှာ အရမ်းလှတယ်၊ငါးကြီးကြီးတွေလည်း ရှိတယ်။ငါ ထပ်ရှာလိုက်ဦးမယ်။ ငါ့ ကို စိတ် မပူပါနဲ့။ငါ လေးငါးမိနစ်လောက် အသက်အောင့်နိုင်တယ်၊ ပြဿနာမရှိ ပါဘူး” ဟု ပြောလိုက်သည်။

လေးငါးမိ နစ် ထက် ပိုသည်။လူတိုင်း စိုးရိမ်မှာ ဆိုးတာကြောင့် လျူယောင် ထိုထက် ကြာကြာ ပို ငုတ်နိုင်သည်။

လူတိုင်းကို လက်ပြနှုတ်ဆက်ပြီးနောက် လျူယောင် ပင်လယ်အောက်ကို နောက်တစ်ကြိမ်ထပ်မံရေငုပ်သွားသည်။

လျူယောင် အဆင်ပြေကြောင်း မြင်တဲ့အ ခါ တင်းဝိန်က အောက်ဆီဂျင်ဘူး ကို တပ် ဆင် ပြီး အရာအားလုံး အဆင်သင့် ဖြစ် မှ ရေထဲ ဆင်းသွားသည်။

“အစ်ကိုယောင် ပြောတာ မှန်တယ်၊ ရေအောက်ရှုခင်းက လှတာပဲ” လို့

တင်းဝိန် စိတ်ထဲတွင် ထိုသို့တွေးလိုက်မိ သည်။ သူ နောက်ဆုံး ဒီနေရာကို ရေငုပ်ခဲ့ တာက ပြီးခဲ့တဲ့ နွေရာသီကဖြစ်ပြီး ဒီတစ် ခါ ပထမဆုံးအကြိမ် လာတာဖြစ်သည်။

“ဟေ့ ဟိုမှာအစ်ကိုယောင်ပဲ “

လျူယောင် ကို တွေ့ပြီးနောက် တင်းဝိန် အနား ကို ချက်ချင်း ကူးခတ်သွားပြီး လျူ ယောင်ရဲ့ ပိုက်အိတ်ထဲမှ ပစ္စည်းများကို မြင်တဲ့အခါ ထပ်မံအံ့သြသွားသည်။

“ဘယ်လောက်ကြာသေးလို့လဲ “အကို ယောင်က ထပ်ရပြန်ပြီ။ ပိုက်အိတ်ထဲတွင် အနည်းဆုံး တစ်ပိဿာခွဲ အလေးချိန်ရှိတဲ့ ဂဏန်းတစ်ကောင်၊ ပင်လယ်သခွား တစ်ကောင်နှင့် လက်သီးထက်ကြီးသော ခရုတစ်ကောင် ရှိနေသည်။

“အစ်ကိုယောင် က အရမ်းကံကောင်းတယ်”

တင်းဝိန် လေးစားစွာနဲ့ ကိုယ်ကိုမြေထိ အောင် ငုံ့ကာ ကူးခတ်ပြီးနောက် လျူ ယောင် အား လက်မထောင်ပြခဲ့သည်။

ဒီတစ်ခါတော့ လျူယောင် ရေအောက်တွင် ခြောက်မိနှစ် ခုနစ်မိနစ်ခန့် နေပြီးမှ ပြန် တက်လာသည်။ သူက အောက်ဆီဂျင် ဘူး မယူဆောင်ဘဲ အသက်အောင့်နိုင်ခြင်း ကြောင့် လူတိုင်း ထပ်မံအံ့သြခဲ့ကြ သည်။

လျူယောင်သည် အကြိမ်ပေါင်းများစွာ သွားလာခဲ့ပြီး ပုစွန်ကြီး၊ ဘဲဥပုံပင်လယ်ခရုကြီး၊ ဂဏန်းကြီး၊ ပင်လယ်သခွား စသည်တို့ ကို ဖမ်းလာခဲ့သည်။

လူတိုင်း အံ့အားသင့်စရာမှာ လျူယောင်သည် ခုနစ်ရှစ်ပိဿာလေးသော ငါးဒုတ်ကြီးကိုပင် ဖမ်းယူလာခဲ့သည်။

“အံ့မခန်းပဲ၊ တကယ်ကို အံ့မခန်းပဲ”

တင်းဝိန် က အစားအသောက်သမား တစ်ဦးဖြစ်သည်။ဒီလောက် များပြား

ကောင်းမွန်တဲ့အရာများကို မြင်ပြီး သူ့ကိုယ်သူ မည်သို့ ထိန်းနိုင်မည်နည်း။ တင်းဝိန် သူ့ရဲ့ အိမ်မှုကိစ္စကျွမ်းကျင်မှုများ ကို ထုတ်ပြကာ လူတိုင်းအတွက် ပင်လယ် စာ စားပွဲတစ်ခုကို ချက်ပြုတ်ပေးခဲ့သည်။

လူတိုင်းက ဒီပင်လယ်စာစားပွဲအတွက် ချီးမွမ်းခြင်းများ ပြည့်နှက်နေသည်။

မိနစ်လေးငါးဆယ်ခန့် ရွက်လွှင့်ပြီးနောက် ဟူဂျွန်းရှီက ရှေ့ကို မျက်စိရှင်စွာ ညွှန်ပြ ကာ “အစ်ကို​ယောင် မြင်လား ဟိုမှာကြီးမားတဲ့ ရွက်လှေကြီီး။”

ထိုရွက်လှေက လျူယောင်ရဲ့ရွက်လှေ ထက် ပိုကြီးသည်။ရွက်လွှင့်ခြင်းမရှိဘဲ ပင်လယ်ပေါ်တွင် ရပ်နားနေသည်။

အကွာအဝေး ပိုနီးလာတာနဲ့အမျှ လျူယောင် ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

အထူးသဖြင့် ဝတ်ရုံရှည် ခေါင်းပေါင်းပဝါ နဲ့လူငယ်ရဲ့ ပုံရိပ်ဖြစ်သည်။ထိုသူက A နိုင်ငံ က မင်းသားမဟုတ်လား။သူတို့က လည်း ရွက်လှေဖြင့် ပင်လယ်တွင် ပျော်ရွှင် ရန် ထွက်ခဲ့ကြသည်။သူတို့ရဲ့ရွက်လှေပေါ် တွင် လူများစွာပါရှိ​ ပြီးဟွာဟိုင်းမြို့အရာရှိ များသာမက မင်းသား ရဲ့ အခြွေအရံများ၊ နှင့် ဟွာဟိုင်းမြို့တွင် နာမည်ကြီးသူများ ပတ်သတ်တဲ့ လူအချို့လည်း ပါဝင်သည်။

"ကြည့်၊ သူတို့ ဘာလုပ်နေတာလဲ။"

ရွက်လှေရဲ့ ကုန်းပတ်ပေါ်တွင် လူအတော် များများရှိပြီးမင်းသားနှင့် မင်းသမီးအပါ အဝင် လူဆယ်ဦးခန့် အနည်းဆုံး ရှိပြီး လက်ရန်းကို မှီကာ အောက်ဘက်ပင်လယ် ကို ငုံ့ကြည့်နေကြသည်။

တင်းဝိန်က ပြုံးစစဖြင့်

“သူတို့ ပင်လယ်ထဲကို တစ်ခုခု ပြုတ်ကျ သွားတာ ဖြစ်နိုင်မလား။ လူအများကြီးက လက်ရန်းကို မှီပြီး အောက်ကရေကို ငုံ့ ကြည့်နေကြတယ်” ဟု ပြောလိုက်သည်။

ဟူဂျွန်းရှီလည်း

“တစ်ခုခု ပြုတ်ကျသွားတာနဲ့ တူတယ်” ဟု ထောက်ခံသည်။

လျူယောင်က

“တကယ်လို့ ပင်လယ်ထဲမှာ တစ်ခုခု တကယ်ပျောက်သွားရင် ပြန်ရှာဖို့ဆိုတာ ကောင်းကင်ကို တက်တာထက်တောင် ခက်ခဲနိုင်တယ်” ဟု ပြောလိုက်သည်။

အလောတကြီး မရှိခြင်းရဲ့ မူကို လိုက်နာ ပြီး လျူယောင်ရဲ့ရွက်လှေက အနီးမကပ် ဘဲ မီတာ ၂၀၀ ကျော်အကွာအဝေးကို ထိန်းသိမ်းပြီး ဖြတ်သွားသည်။

ဟွားဟိုင်မြိုကို ပြန်ရောက်တဲ့အခါ ညနေ ဆယ်နာရီရှိပြီဖြစ်သည်။လူတိုင်း အတူတူ ညစာစားပြီးတဲ့နောက် လမ်းခွဲခဲ့ကြသည်။

လျူယောင်က လီချန်လဲ့ကို အိမ်ကို ပို့ဆောင်ပြီးနောက် ဗီလာကို ပြန်လာခဲ့ သည်။

ဧည့်ခန်းမှ ဆိုဖာပေါ်တွင် ထိုင်ပြီး လီချန်လဲ့ နဲ့ အချိန်အတော်ကြာ ဖုန်းပြောခဲ့ ကြသည်။

ထို့နောက် လျူယောင် အိမ်မွေးတိရစ္ဆာန် ချပ်ပြား ကို ဖွင့်လိုက်သည်။” လိပ်ကြီး သူ့ကို ရက်ပေါင်းများစွာ ဆက်သွယ် မလာတာကြောင်​့ အခြေအနေကရော ဘယ်လို ရှိနေ​ြပီလဲ “

သူ့ရဲ့ ကြီးထွားနှုန်းအရ အလေးချိန် ၁၀ တန်ကျော်နေလောက်ပြီ လို့ထင်မိသည်။

အိမ်မွေးတိရစ္ဆာန်ချပ်ပြားပေါ်တွင် အခြေအနေကို ရှင်းရှင်းလင်းလင်း ပြသထားသည်။

* အမည်- မျိုးပြောင်းလိပ်

* ခွန်အား- ၆၀၀

* ဖွဲ့စည်းပုံ- ၆၀၀

* သွက်လက်မှု- ၆၀၀

* အလေးချိန်- ၁၀ တန်

* ပျမ်းမျှရေကူးနှုန်း- ၁၀၀ နော့

* စွမ်းရည်များ- အဆင့် ၁ လိပ်ခွံနည်း၊ အဆင့် ၁ လိပ်အသက်ရူနည်း၊ အဆင့် ၁ စူပါအာရုံခံနိုင်စွမ်း

ချပ်ပြားပေါ်တွင် ဒီလိုအခြေအနေကို မြင်တဲ့အခါ လျူယောင် အနည်းငယ် တွေဝေသွားသည်။

ဒါကြောင် သူ လိပ်ကြီးကို ဆက်သွယ်လိုက်

ပြီး

"လိပ်ကြီး မင်း ဘာလုပ်နေတာလဲ"

"သခင် ဒီရက်ပိုင်း ကျွန်တော် ပျော်ရွှင်စွာ နေခဲ့ရတယ်။ ဗိုက်ပြည့် တဲ့အခါ လျှောက်သွားတယ်။ အဝေးဆုံးရောက်ခဲ့ တဲ့နေရာက ဟွာဟိုင်းမြိ​ု​့ ကနေ မိုင်ရာ ပေါင်း များစွာ ဝေးတယ်"

" ပြီးတော့ လှိုင်းစီးပြီး ပင်လယ်ထဲက အမြင်ကန်းနေတဲ့ အကောင်ကြီးတွေကို ခြိမ်းခြောက်တာအပြင် သခင်အတွက် နစ်မြုပ်နေတဲ့ သင်္ဘောကို ရှာဖွေဖို့ မမေ့ပါဘူး။ ကံမကောင်းတာကတော့ ဘာမှ မတွေ့သေးဘူး "လို့ ရှည်လျားစွာ ရှင်းပြခဲ့သည်။

လျူယောင် က

“မင်း ဘယ်လိုခံစားရလဲ။ မသက်မသာ ဖြစ်တာတို့ ဘာတို့ မရှိဘူးလား” ဟု မေးလိုက်သည်။

“မရှိပါဘူး၊ ကျွန်တော် အဆင်ပြေတယ် ခွန်အားလည်းအပြည့်ရှိတယ်၊ တက်ကြွ နေတယ်” ဟု လိပ်ကြီး ပြန်ဖြေခဲ့သည်။

လိပ်ကြီးနဲ့ ခဏကြာအောင် စကားပြောပြီး ပုံမှန်ဖြစ်ကြောင်း အတည်ပြုပြီးနောက် လျူယောင် စိတ်သက်သာရာရသွားသည်။

ဒါပေမဲ့ လိပ်ကြီးရဲ့ဂုဏ်သတ္တိများအားလုံး ၆၀၀ ဖြစ်နေပြီး အလေးချိန် ၁၀ တန် တိတိ ဖြစ်နေရတဲ့အကြောင်းရင်းကို သူ နားမလည်နိုင်ခဲ့ပေ။ ခဏတာအလေးအ နက် စဉ်းစားပြီးနောက် လျူယောင် ဖြစ်နိုင်ခြေတစ်ခုကို တွေးမိသည်။

“ဒါက လိပ်ဘုရင်၏ ကန့်သတ်ချက် ဖြစ်လောက်သည်။ “

သူက ၁၀ တန်အထိသာ ကြီးထွားနိုင်ပြီး ထို့ထက်ပိုပြီး ကြီးထွားလို့မရပေ။ အမြင့်ဆုံးဂုဏ်သတ္တိမှာ ၆၀၀ ဖြစ်ပြီး ဒီ့ထက်ပိုပြီး မမြင့်နိုင်ပေ။သူ့ရဲ့ ရေကူးနှုန်းကလည်း ၁၀၀ နော့သာ ရောက်ရှိနိုင်သည်။ဒီလို ဖြစ်ခဲ့ရင်

ဝမ်းနည်းစရာပင် ဖြစ်သည်။

တကယ်လို့ ၁၀ တန်အထိပဲ ကြီးထွားနိုင် မယ်ဆိုရင်တော့ လျူယောင် နည်းနည်း စိတ်ပျက်မိသည်။

နောက်တစ်နေ့ မနက်စောစော နိုးလာတဲ့ အခါ လျူယောင်ပထမဆုံးလုပ်တာက အိမ်မွေးတိရစ္ဆာန်ချပ်ပြားကို ကြည့်ခြင်းပဲ ဖြစ်သည်။

“တကယ်ပဲ ၁၀ တန်အရွယ်အစားအထိပဲ ကြီးထွားမှာလား”

“၁၀ တန်က သူ့ရဲ့ ကန့်သတ်ချက်လား “

အိမ်မွေးတိရစ္ဆာန်ချပ်ပြားကို ထပ်မံဖွင့် ကြည့်တဲ့အခါ လျူယောင် လိပ်ကြီးရဲ့ အခြေအနေက လုံးဝမပြောင်း လဲကြောင်း တွေ့ရှိခဲ့ရသည်။ ဂုဏ်သတ္တိသုံးခုစလုံးမှာ ၆၀၀ ပဲရှိနေပြီး လုံးဝတိုးမလာသေးပေ။

အလေးချိန်ကလည်း ၁၀ တန်သာရှိနေပြီး လုံးဝတိုးလာသေးပေ။

ယခင်ကဆို တစ်ညတာကုန်ပြီးနောက် လိပ်ကြီးရဲ့အလေးချိန်များစွာ တက်လာ ကာ ဂုဏ်သတ္တိများလည်း တိုးတက် ခဲ့ သည်။အခုတော့ လုံးဝ လှုပ်ရှားမှု့မရှိပေ။

လျူယောင်သက်ပြင်းချလိုက်သည်။

ဒါက လိပ်ကြီးရဲ ကန့်သတ်ချက် ဖြစ်နိုင် လောက်သည်။

All Chapters