← Chapters

ဒီ နာရီ ဘယ်လောက်တန်လဲ သိရဲ့လား

Vol. 4 Ch. 53

ဒီ နာရီ ဘယ်လောက်တန်လဲ သိရဲ့လား

Vol. 4 Ch. 53

လျူယောင် စိတ်ပြန်ညိမ်ဖို့ အချိန်အတော်ကြာ ယူလိုက်ရသည်။

ရဲတွေကို သေနတ်ဘူးဆယ်ရာမှာ ကူညီပေးရင်း နစ်မြုပ်နေတဲ့ သင်္ဘောတစ်စီးကို တွေ့ရတဲ့အပြင် ယွမ်သန်း ၂၀ ကျော်တန်တဲ့ ရှေးဟောင်းနာရီတစ်လုံး ကိုပါ ရလိမ့်မယ်လို့ လျူ​ယောင် မထင်ထားပေ။

လျူယောင် စိတ်ကောင်းဝင်နေတာကို မြင်တော့ တန်ဖိုးဖြတ်သူက

“မစ္စတာလျူ၊ ဒီနာရီကို ဖွင့်ပြီး အတွင်းထဲက ပစ္စည်းတွေကို ကြည့်လို့ ရမလား” လို့ မေးလိုက်သည်။

လျူယောင် နည်းနည်း တုံ့ဆိုင်းသွားသည်။

ဒီလိုတန်ဖိုးကြီးတဲ့ ရှေးဟောင်းနာရီကို ဖွင့်တဲ့ဖြစ်စဉ်မှာ နည်းနည်းလေးမှ အတိမ်းအစောင်းမခံနိုင်ပဲ မတော်တဆဖြစ်ခဲ့ရင် သူ အများကြီးဆုံးရူံး မှာ စိုးရိမ်မိသည်။

အကဲဖြတ်ဆရာကြီးက လျူယောင့် ရဲ့ စိုးရိမ်စိတ်ကို မြင်ပုံရပြီး

“မစိုးရိမ်ပါနဲ့ခင်ဗျာ။ ကျွန်တော်က အရမ်းပညာရှင်ဆန်ပါတယ်။ နာရီအဖုံးကိုပဲ ဖွင့်ကြည့်မှာပါ။ အတွင်းထဲက အစိတ်အပိုင်းတွေကို လုံးဝမရွှေ့ပါဘူး” လို့ အာမခံလိုက်သည်။

နောက်ဆုံးမှာတော့ လျူယောင် ခေါင်းညိတ်လိုက်သည်။

ခွင့်ပြုချက်ရရှိပြီးနောက် လူအိုကြီးက အထူးကိရိယာဖြင့် နာရီအဖုံးကို သေချာဖွင့်လိုက်ပြီး အတွင်းဘက်ရှိ အစိတ်အပိုင်းများအခြေအနေကို မြင်လိုက်ရသည်။

​ေမျှာ်လင့်ထားတဲ့အတိုင်း သူက ကတိတည်ပြီး အတွင်းပိုင်း အစိတ်အပိုင်းတွေကို မထိဘဲ သေချာကြည့်ရှုရုံသာ ကြည့်ရှုခဲ့ပြီး စစ်ဆေးနေစဉ်အတွင်း ပရော်ဖက်ရှင်နယ် မှန်ဘီလူးကို အသုံးပြုခဲ့သည်။

မှန်ဘီလူးနဲ့ အချိန်အတော်ကြာ ကြည့်ရှုပြီးနောက် လူအိုကြီးက

“နှစ်ပေါင်းတစ်ရာကျော်ကြာသွားပြီ၊ အတွင်းပိုင်းအစိတ်အပိုင်းတွေက ဒီလိုအခြေအနေမျိုးမှာ ရှိနေသေးတာ တကယ်ရှားပါးတာပဲ” လို့ အံ့အားသင့်စွာ ပြောလိုက်သည်။

ဒီနာရီမှာ လေလုံမှု တစ်ခုရှိတယ်။ ပင်လယ်ရေထဲမှာ နှစ်ပေါင်းတစ်ရာကျော် နှစ်မြှုပ်ထားပေမယ့် ပင်လယ်ရေက နာရီထဲကို ဝင်ရောက်ခဲ့တာလည်း ရှိတယ်။ ဒါပေမယ့် သူ့ရဲ့ လေလုံမှုကြောင့် နာရီထဲမှာ တည်ငြိမ်တဲ့ ပတ်ဝန်းကျင်တစ်ခု ဖြစ်ပေါ်လာတယ်။

အစိတ်အပိုင်းတွေရဲ့ သံချေးတက်တာက မပြင်းထန်ဘူး။အခြေအနေက နှိုင်းယှဉ်ရင် ကောင်းပါတယ်။ ဒါပေမယ့် သံချေး အနည်းငယ်တော့ ရှိတယ်။ အရမ်းကြီး ပျက်စီးနေတဲ့ အမျိုးအစား မဟုတ်ဘူး “ လို့ အကဲဖြတ်ဆရာကြီးက သေချာရှင်းပြခဲ့သည်။

လျူယောင်က

“ကျွန်တော် စမ်းကြည့်တာ မရွေဘူးဗျ။ "

လူအို​ကြီး က

“ဒါက ပြဿနာကြီးကြီးမားမား မဟုတ်ဘူး။ ပညာရှင်တစ်ယောက်က နည်းနည်းပါးပါး ပြုပြင်ပေးလိုက်ရင် ပုံမှန်အတိုင်း ပြန်လည် အလုပ် လုပ်နိုင်မှာပါ” လို့ ရှင်း​ပြခဲ့သည်။

သူတို့နှစ်ဦး ရှေးဟောင်းနာရီအကြောင်း စကားပြောနေတုန်း သူတို့အနီးကို လူငယ်တစ်ဦး ချဉ်းကပ်လာသည်။

အသက်နှစ်ဆယ်ကျော်အရွယ်ရှိပြီး လျူယောင့်ထက်နှစ်နှစ် သုံးနှစ် ခန့်ငယ်ပုံရသည်။

တစ်မိနစ် နှစ်မိနစ်ခန့် ကြည့်ပြီးနောက် သူ မနေနိုင်တော့ဘဲ

“အစ်ကို ခင်ဗျားနာရီက မဆိုးဘူးဗျာ။ ကျွန်တော့်ကို ရောင်းပါလား” လို့ တိုက်ရိုက်ပြောလိုက်သည်။

ဒီနာရီက ယွမ်သန်း ၂၀ ကျော်တန်တဲ့ နာရီဖြစ်ပြီး ကမ္ဘာပေါ်မှာ ဒီလိုနာရီတွေ အများကြီး မရှိပါဘူး။လူ အချို့က ဒီလိုအရာမျိုးဆို အရမ်းဝယ်ချင်ကြသည်။

လျူ​ယောင်အံ့အားသင့်သွားရုံသာမက နာရီ တန်ဖိုးဖြတ်သူ ဆရာကြီးကပါ ထိုလူငယ်ကို အံ့သြစွာ ကြည့်လိုက်ပြီး

“ဒီနာရီကို ဝယ်ချင်တာလား။ ဘယ်လိုနာရီမျိုးလဲဆိုတာ သိရဲ့လား” လို့ သတိပေးလိုက်သည်။

လူငယ်က နှိမ့်ချစွာဖြင့်

“ဆရာ၊ ဒီနာရီက လှတယ် ရှေးဟောင်း နာရီဖြစ်လောက်မယ် ဒီနာရီရဲ့ အခြေအနေကို ပြောပြပေးပါဦး” လို့ မေးလိုက်သည်။

ဆရာကြီးက

“ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကျော်က Patek ရဲ့ အကန့်အသတ် ထုတ်လုပ် ထားပြီး ၁၈ ကာရက် ရွှေနဲ့ ပြုလုပ်ထားတာပါ။ကမ္ဘာပေါ်မှာအများကြီး မရှိဘူးလို့ ကျွန်တော်ထင်မိတယ််။ ဒီလိုနာရီမျိုးက တန်ဖိုးအများကြီး ရှိတယ်”

လို့ သေချာရှင်းပြလိုက်သည်။

“ဆရာ၊ ဘယ်လောက်တန်လဲ”

ထိုလူငယ် ဒီမေးခွန်းကိုမေးလိုက်တာကို မြင်တော့ လျူယောင်လည်း ရယ်မိ သွားသည်။ဒီနာရီ ဘယ်လောက်တန်လဲ ဆိုတာ ခင်ဗျား တိတိကျကျသိနေပြီး ဝယ်ချင်နေတာ တကယ်ထူးဆန်းတာပဲ။

လူအိုကြီးက

“ကျွန်တော် ကိုယ်တိုင် ခန့်မှန်းတာကတော့ တန်ဖိုးက အနည်းဆုံး ယွမ်သန်း ၂၀ ဒါမှမဟုတ် အဲ့ဒီထက် ပိုတယ်” လို့ ပြောလိုက်သည်။

လူအများစုက သန်း ၂၀ လို့ ကြားတဲ့အခါ ပုံမှန်တုံ့ပြန်မှုကတော့ အံ့အားသင့် သွားတာပဲ။ ဒါပေမယ့် ဒီလူငယ်ကတော့ အံ့အားမသင့်ဘဲ ပျော်ရွှင်နေသည်။

“ကောင်းပြီ၊ နောက်ဆုံးတော့ သင့်တင့်တဲ့ ရှေးဟောင်းနာရီတစ်လုံးကို တွေ့ပြီ။ ကျွန်တော် ဝယ်ကို ဝယ်ရမယ်” လို့ လူငယ်က တကယ်ကို ပျော်ရွှင်စွာ အော်လိုက်သည်။

လျူ​ယောင်က ထို လူငယ်ကို ထပ်မကြည့်မိဘဲ မနေနိုင်တော့​ပေ ။

“ဒီလူက ဘယ်သူလဲဟ သန်း ၂၀ ဆိုတာ သူ့အတွက် မိုးရေစက်လေးလိုပဲ ဖြစ်နေ တယ် ဒုတိယမျိုးဆက် တစ်ယောက် ယောက် များလား “

“မဟုတ်ဘူး ဒုတိယမျိုးဆက် ဖြစ်ရင်တောင် သန်း ၂၀ လိုမျိုး ကိန်းဂဏန်းနဲ့ ရင်ဆိုင်ရတဲ့အခါ နည်းနည်းပါးပါး ဖိအားတော့ ခံစားရမှာပဲ။ သူ့လို လွယ်လွယ်ကူကူတော့ မဟုတ်ဘူး။

ဒီလူက ဘယ်သူလဲ “

လျူယောင် နည်းနည်း စိတ်ဝင်စားသွား

သည်။

လူငယ်လေးက ပျော်ရွှင်နေပြီး သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။ “ဟိုင်း သူငယ်ချင်း၊ ကျွန်တော့်နာမည်က တင်းဝိန် ပါ! စုဆောင်းရတာကို ကြိုက်တယ်! တချို့ပစ္စည်းတွေကိုလည်း စုဆောင်းတယ်။ ရှေးဟောင်းနာရီတွေ လည်း ပါဝင်ပါတယ်။ ဒါပေမယ့် ဒီလိုအဆင့်အထိတော့ မစုဆောင်းရ သေးဘူး။ ကျွန်တော့်ကို နာရီတစ်လုံး ရောင်းပေးပါလား ”

လျူ​​ယောင်ကရောင်းဖို့ ရည်ရွယ်ထား တာကြောင့် ဒဲ့ထိုးပဲ ပြောလိုက်သည်။

“ကျွန်တော့်နာမည် လျူ​ယောင်ပါ။ ခင်ဗျားကို ရောင်းတာတော့ အိုကေပါတယ်။ ဒါပေမယ့် သန်း ၃၀ နဲ့ပဲ ရောင်းမယ်။”ဆရာကြီးက ခန့်မှန်းစျေးနှုန်းက သန်း ၂၀ ကျော်တယ်လို့ ပြောထားတာမို့ လျူယောင် က သန်း ၃၀ တောင်းကြည့်လိုက်သည်။ ဒါမှ သူကိုယ်တိုင် အရှုံးမပေါ်မှာ။

သန်း ၃၀ တောင်းစျေးကို မြင်တော့ တင်းဝိန်က ချက်ချင်းပဲ

“​ ယောင်အကို ခင်ဗျားရဲ့စျေးက အရမ်းများတယ်။ ဒီဆရာက ခန့်မှန်းစျေးက သန်း ၂၀ လို့ ပြောတယ်။ ကျွန်တော် ၂၁ သန်း ​ေပးရင်ရော ဘယ်လိုလဲ” ဟု တောင်းဆိုလိုက်သည်။

နှစ်ဦးသား စျေးဆစ်ကြရင်း နောက်ဆုံးတော့ သန်း ၂၆ နဲ့ သဘောတူလိုက်ကြသည်။

တင်းဝိန် က

“အိုကေ၊ ၂၆ သန်းပါ့။ ဒါပေမယ့် ကျွန်တော့်ကို တစ်ရက်လောက် စောင့်ပေးပါဦး။ ကျွန်တော် ပိုက်ဆံနည်းနည်း စုရဦးမယ်။ မနက်ဖြန်ကျရင် တစ်ဖက်က ငွေချေ၊ တစ်ဖက်က ပစ္စည်းပို့၊ ဘယ်လိုလဲ” လို့ ပြောလိုက်သည်။

လျူ​ယောင် က အလျင်မလိုပေ“ဟုတ်ကဲ့၊ မနက်ဖြန် ကျွန်တော်တို့ကုမ္ပဏီကို လာလို့ရတယ်။ ငွေသားချက်လက်မှတ် ယူခဲ့ပါ”

“အိုကေ၊ အဆင်​ ပြေပါတယ် "

နှစ်ဦးသား အဆက်အသွယ် အချက်အလက်များ ဖလှယ်လိုက်ပြီး WeChat သူငယ်ချင်းများအဖြစ် အချင်းချင်း ထည့်သွင်းလိုက်ပြီးနောက် တင်းဝိန် ပျော်ရွှင်စွာ ထွက်ခွာသွားသည်။

ထိုလူ ထွက်သွားတာကို ကြည့်ရင်း လျူယောင် ပျော်ရွှင်စွာ ပြုံးလိုက်မိသည်။

ဒီလူက တကယ်စိတ်ဝင်စားစရာကောင်းတဲ့ လူတစ်ယောက်ပဲ။

နာရီကို အိတ်ထဲ ထည့်လိုက်ပြီးနောက် လျူ​ယောင်က နာမည်ကြီးနာရီ ကောင်တာတွေကို တစ်ချက်ကြည့်လိုက်ပြီး လီချန်လဲ့ရဲ့ ဆွဲကာ “လာ၊ ကိုယ်နဲ့ အတူနာရီသွားဝယ် ရအောင် " လို့ ​ပျော်ရွှင်စွာပြောလိုက် သည်။

လျူ​ယောင် မှာတော့ကိုယ်ပိုင်နာရီကောင်းကောင်းတစ်လုံး မရှိသေးပေ။

လီချန်လေနှင့် ချန်းဟူတို့ရဲ့ အဖော်ပြုမှုကို ခံယူပြီး နာမည်ကြီးနာရီကောင်တာများ တစ်ခုပြီးတစ်ခု လှည့်ပတ်ကြည့်ရှုကြ သည်။ခဏတာ စျေးဝယ်ပြီး နောက် လျူယောင် စုံတွဲနာရီတစ်စုံကို သဘောကျသွားသည်။စျေးနှုန်းမှာ ၈၆၈,၀၀၀ ဖြစ်သည်။

“လဲ့လဲ့၊ ဒီနာရီလေးတွေ ဘယ်လိုလဲ။ မင်းက ဒီအမျိုးသမီးနာရီလေး ဝတ်လိုက်ပေါ့”

လီချန်လဲ့ က ချက်ချင်း ခေါင်းခါ လိုက်သည်။

“အကိုယောင် ဒါက အရမ်းစျေးကြီးတယ်။ ကျွန်မ မယူရဲဘူး”

လျူ​ယောင် က

“မင်းက ကိုယ့်ရည်းစား ပဲ။ကိုယ် မင်းကို ပစ္စည်း ပေးတာ ပုံမှန်ပါပဲ”လို့ ပြောလိုက် သည်။

လီချန်းလဲ့က “ယွမ်ရာဂဏန်းတန်ဖိုးရှိရင်တော့ ရှင်ဝယ်ပေးရင် ကျွန်မ ပျော်တယ်။ ဒါပေမယ့် ဒါက မတူဘူး။ သိန်းဂဏန်းတန်ဖိုးရှိတာကို ကျွန်မ မယူရဲဘူး” လို့ ပြောလိုက်သည်။

လျူယောင် ဘယ်လိုပင် ဆွဲဆောင်ပါစေ လီချန်လဲ့က ငြင်းဆန်နေသည်။

ချက်ချင်းပင် လျူ​ယောင် သူမကို ကြည်နူးစွာကြည့််လိုက်သည်။

တခြားမိန်းကလေးတွေနဲ့ မတူတာကြောင့်ဖြစ်သည်။ တခြားမိန်းခလေးတွေ က သူတို့ရီးစား စျေးကြီးကြီးပေးလေ ပို သဘောကျလေ ဖြစ်သည်။

“ သူမ ကတော့ တခြားစီပင် "

All Chapters