← Chapters

ကြွေထည်ပစ္စည်း နှစ်မျိုး

Vol. 4 Ch. 50

ကြွေထည်ပစ္စည်း နှစ်မျိုး

Vol. 4 Ch. 50

“သင်္ဘောထဲတွင် ဘာတွေရှိသလဲ”

“ ဒီသင်္ဘောထဲတွင်တန်ဖိုးရှိတာ ဘာတွေရှိမလဲ “

လျုယောင် ဒီနေ့ ကုမ္ပဏီကို အလျင်စလို မသွားဘဲ ထိုခေတ်မီစစ်သင်္ဘောထဲတွင် ဘာတွေရှာတွေ့နိုင်မလဲဆိုတာ ကြည့်ချင်ခဲ့သည်။ နောက်ထပ် ရွှေငွေကြေးများ ရနိုင်ရင် တော့အကောင်းဆုံးပဲ ဖြစ်မည်။

လိပ်ကြီးက မမောမပန်း အလုပ်လုပ်ပြီး လျုယောင်နဲ့ အဆက်အသွယ် မပြတ်ခဲ့ပေ။

လိပ်ကြီး ပြောပြချက်အရ ဒီအရာမှာ ဘိန်းစစ်ပွဲအပြီး နှစ်ပေါင်းတစ်ရာကျော်က နိုင်ငံခြားစစ်သင်္ဘောတစ်စင်း ဖြစ်ေလာက် မယ်လို့ သူ ထင်မိသည်။

လိပ်ကြီး အခန်းတစ်ခန်းကို ရှာဖွေခဲ့ပေမဲ့ ​ပစ္စည်းအနည်းငယ်သာ တွေ့ရှိခဲ့တာကြောင့် လျုယောင် အလျင်စလို မလုပ်ခိုင်းခဲ့​ေပ။

ဒီအခန်းဟာ စစ်သင်္ဘောရဲ့ ထိန်းချုပ်ခန်း ဖြစ်ပြီး သံချေးတက်နေတဲ့ လက်နက်အချို့နှင့် သေနတ်တိုတစ်လက်သာ တွေ့ရှိခဲ့သည်။

ဒီကျောက်ခတ်မီးခတ်သေနတ်က တစ်ပေခန့်ရှည်လျားပြီး ပင်လယ်ရေ တိုက်စားခံထားရသဖြင့် လျုယောင် က လိပ်ကြီး အား ဘေးကို ပစ်ချခိုင်းခဲ့သည်။

ထိုအချိန်တွင် လျုယောင် စိတ်ထဲတွင် သူနဲ့ လိပ်ကြီး အမြင်ချင်း ဖလှယ်နိုင်ရင် အလွန်ကောင်းလိမ့်မယ်လို့ တွေးလိုက် မိသည်။ဒါပေမဲ့ကံမကောင်းစွာနဲ့ အဲ့တာကို အကောင်အထည်ဖော်လို့ မရ​ေပ။ နှစ်ဦး ကြား ဆက်သွယ်မှုအပေါ်တွင်သာ မှီခိုခဲ့ ရသည်။

နံနက်ကိုးနာရီခန့်တွင် လီချန်လဲ့ က မက်ဆေ့ချ်ပို့လာသည်။

“ အကိုယောင် ဘာလုပ်နေလဲ ကျွန်မ ဒီနေ့ ရုပ်ရှင်သွားကြည့်ချင်တယ်”

အမှတ် ၂ အထက်တန်းကျောင်းက မဖွင့်သေးတာကြောင့် သူမတွင် အချိန် များစွာ ရှိနေသဖြင့် လျုယောင် အား နေ့တိုင်း မြင်ချင်နေသည်။လျုယောင် က ဒီလို လှပပြီး တွယ်တာတဲ့ ရည်းစားတစ်ဦး ရှိတာကို အလွန်ပျော်ရွှင်ခဲ့သည်။

ရုပ်ရှင်ကြည့်ရမှာက

ပျော်စရာကောင်းလိမ့်မည်။

လျုယောင် လိပ်ကြီး အား ထိုနေရာတွင် ဆက်လက်ရှာဖွေရန် အမိန့်ပေးခဲ့ပြီး ပျော်ရွှင်စွာ ထွက်လာခဲ့သည်။

“လဲလဲ အိမ်မှာစောင့်နေပါ ကိုယ် ချက်ချင်း လာခဲ့မယ် ”လို့ စာပြန်ပို့လိုက်သည်။

“ကောင်းပြီ၊ ကျွန်မ ရှင့်ကို စောင့်နေပါ့မယ် "

လျု ယောင် လီချန်လဲ့ ငှားရမ်းထားတဲ့ အိမ်ကို အမြန်ရောက်ရှိလာပြီး ဧည့်ခန်းမှ ဆိုဖာတွင် ထိုင်လိုက်သည်။

“လဲ့လဲ့ရဲ့ အခန်းဖော်က ပြန်မရောက်သေးဘူးလား”

“သူမက ကျောင်းမဖွင့်မချင်း ပြန်ရောက်မှာမဟုတ်ပါဘူး " ဟု ​လီချန်လဲ့ က ပြန်​ဖြေလိုက်သည်။

လီချန်လဲ့က ရေသန့်ဘူးတစ်ဘူးဖြင့် ရောက်လာပြီး လျူယောင့် ဘေးတွင် ဝင်ထိုင်လိုက်သည်။လျူယောင် က

ရေသန့်ဘူးကိုယူကာ တစ်ငုံသောက်ပြီး လသာဆောင်ကို မတော်တဆ လှမ်းကြည့်နေရာမှရပ်တန့်သွားသည်။အကြည့် ဖယ်ရှားရန်ပင် မတတ်နိုင်သလောက် ဖြစ်သွားသည်။

အသစ်လျှော်ထားတဲ့ အဝတ်အစားများဖြစ်ပြီး အချို့မှာ အတွင်းခံများ ဖြစ်ပြီး အထူးသဖြင့် ဇာပိုးအတွင်းခံအဝတ်အစားလေး ဖြစ်သည်။

လျုယောင် လီချန်းလဲ့ရဲ့ ဝိုင်းစက်တဲ့ တင်ပါးကို လှမ်းကြည့်ပြီး စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။

လီချန်လဲ့က လျူယောင့် ပုံစံ ကို သတိထားမိလိုက်ပြီး မျက်နှာ အနည်းငယ် နီရဲသွားသည်။

“​ယောင်အကို ရှင် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အရာတစ်ခုခုကို တွေးနေတာလား ”

“မဟုတ်ဘူး မဟုတ်ဘူး” ဟု လျုယောင် အလျက်အမြန် ငြင်းလိုက်သည်။

လီချန်လဲ့ က မယုံကြည်ပဲ “ရှင် တွေးခဲ့မှာ သေချာပါတယ်ကျွန်မ ခန့်မှန်းနိုင်တယ်။”

“လဲ့လဲ့ က အရမ်းလှတော့ ကိုယ် မတွေးမိရင်သာ ပုံမှန်မဟုတ်မှာ ။”

လီချန်လဲ့ ရုတ်တရက် အနည်းငယ် ပိုကပ်လာပြီး လျုယောင်ရဲ့ နားနားကို ကပ်ပြီး အသက်ရှူထုတ်လိုက်သည်။

“ဒါဆို ရှင်တကယ်ပဲ ကျွန်မကို ကြိုက်တာလား၊ ဒါမှမဟုတ် ကျွန်မ ခန္ဓာကိုယ်ကို လိုချင်တာလား”

“ဟူး ငါ သည်းမခံနိုင်တော့ဘူး”

မမျှော်လင့်ဘဲ လီချန်လဲ့ တွင် ထိုသို့သော နတ်ဆိုးဘက်ခြမ်း ရှိနေတဲ့အခါ လျူယောင် စိတ်ပျံ့လွင့်သွားလုနီးပါး ဖြစ်ခဲ့သည်။

“ ကိုယ် တကယ်ပဲ မင်းကို ကြိုက်တယ်၊ ဒါပေမယ့် မင်းရဲ့ ခန္ဓာကိုယ်ကိုလည်း လိုချင်တယ်။ ဘယ်တော့များမှ ကိုယ်တို့...”

လီချန်လဲ့ ထရပ်ကာ လျုယောင်ရဲ့ ခါးကို လိမ်ဆွဲပြီး “ရှင်က အရမ်းဆိုးတယ်၊ ရှင်ကလူဆိုးကြီး ”

နှစ်ဦးလုံး ဆိုဖာပေါ်တွင် တိုက်ခိုက်နေကြသည်။

“အရမ်းပျော်စရာကောင်းတာပဲ “

“ယောင်အကို၊ ရှင်ကျွန်မ ခန္ဓာကိုယ်ကို လိုချင်ရင် ကျွန်မတို့ လက်ထပ်ပြီးတဲ့ အထိ စောင့်ရမယ်။ အခု ကျွန်မနဲ့ ရုပ်ရှင်သွားကြည့်ရ အောင်။”

…………

ပင်လယ်အောက်ခြေ မီတာ ခုနစ်ရာ၊ ရှစ်ရာအနက်တွင်တော့ လိပ်ကြီး က စစ်သင်္ဘောထဲမှ အခန်းပေါင်းများစွာကို ရှာ​ေဖွခဲ့သည်။

“ဟေး၊ ဒီလူမှာ တစ်ခုခု ရှိပုံရတယ်။”

ဒါက အလောင်းတစ်ခုဖြစ်ပြီး အရိုးများသာ ကျန်တော့တဲ့အထိ ဆွေးမြေ့နေသည်။

ပုပ်ဆွေးလုနီးပါး ဖြစ်နေပေမဲ့ အဝတ်အစားများမှာမူ အခြားသူများနှင့် သိသိသာသာ ကွဲပြားနေသည်၊သေနတ်တစ်လက် ရှိနေတာကြောင့်အရာရှိတစ်ဦး ဖြစ်ပုံရသည်။

လိပ်ကြီးက ရွှေနှင့် ငွေလို ပစ္စည်းများနှင့်သာ ရင်းနှီးခဲ့သည်။သတ္တုများကိုမူ သူ စိမ်းသက် နေသည်။ ဒီသေနတ်ကို ရှာဖွေတွေ့ရှိပြီးနောက် သူ့ရဲ့မျက်လုံးများ အနည်းငယ် တောက်ပလာသည်။

ဒီကျောက်ခတ်မီးခတ်သေနတ်ရဲ့ အချို့အစိတ်အပိုင်းများက အဝါရောင်နဲ့ လိမ္မော်ရောင်ဖြစ်ပြီး အဲ့ဒါတွေက ရွှေဖြစ်နေတာကြောင့် ဖြစ်သည်။

ထိုအရာမှာ တကယ့်ကို ရွှေစစ်စစ် မီးခတ်သေနတ်တစ်လက် ဖြစ်သည်။

လိပ်ကြီးက အဲ့တာကို ပါးစပ်တွင်ကိုက်ပြီး ဆက်လက် ရှာဖွေလိုက်သည်။

“နေဝင်ချိန်”

လျုယောင် အိမ်ပြန်ရောက်ပြီးနောက် လိပ် ကြီးနဲ့ စတင်ဆက်သွယ်လိုက်ပြီး

“ဒီ‌နေ့တစ်နေ့တာ ရှာဖွေတာ ဘာတွေတွေ့လဲ”

လိပ်ကြီး က ပျော်ရွှင်စွာနဲ့

– “အခန်းတစ်ဝက်ကို ရှာဖွေပြီးပါပြီ၊ စုစုပေါင်း ကြွေထည်နှစ်ခု၊ ရွှေဖြင့်ပြုလုပ်ထားသည့် သေနတ်တစ်လက်နဲ့ ရွှေနှင့်ငွေဒင်္ဂါးအချိုကို တွေခဲ့တယ် သခင်ရေ”

လိပ်ကြီးပြောတာကို နားထောင်ပြီးနောက် လျုယောင် စိတ်ထဲတွင် တွေးလိုက်တာက " နောက်ထပ် မရှာရသေးတဲ့​အခန်းတွေမှာ ပစ္စည်းတွေ ကျန်ရှိနိုင်လောက်တယ် "

လျုယောင် ဆက်ပြောလိုက်ပြီး

“ပင်ပန်းရင် အနားယူအုံး၊ မနက်ဖြန်မှ ကျန်တာဆက်လုပ်ပါ။”

လိပ်ကြီးက

“သခင်၊ ကျွန်တော် လုံးဝမပင်ပန်းပါဘူး။ ကျွန်တော် ဒီသင်္ဘောကို ရှာဖွေပြီးမှ အနားယူပါ့မယ်”

“မပင်ပန်းရင်လည်း သ​ေဘာပါကွာ”ဟု ပြောလိုက်သည်။

လျု​ယောင် ဖုန်းနဲ့ ဂိမ်းခဏကစားကာ လီချန်လဲ့နဲ့ WeChat တွင် အကြာကြီး စကားပြောပြီးနောက် အိပ်ရာဝင်ရန် နောက်ကျနေပြီ ဖြစ်သည်။

လိပ်ကြီးကတော့ စစ်သင်္ဘောရဲ့ကျန်အခန်းများကို ရှာဖွေလျက်ရှိသည်။

ရွှေနှင့်ငွေဒင်္ဂါးအချို့ကို တွေ့ရှိခဲ့သည်။

ထိုအချိန်က အနောက်တိုင်း မှူးမတ်များ နှင့်ချမ်းသာသူများက သူတို့ရဲ့အိတ်ကပ်ထဲတွင် ရွှေ ဒါမှမဟုတ် ​ေငွဒင်္ဂါးအနည်းငယ် ရှိနေခြင်းမှာ မဆန်းတော့​ေပ။

“သခင်၊ အနားယူပါ ဒီနေရာကို ကျွန်တော့်ပဲ ထားခဲ့ပါ”

“လိပ်ကြီး မင်းအတွက် ခက်ခဲနေမှာ စိုးတယ်"

“သခင်၊ ကျွန်တော် ဘာမှခက်ခဲစရာမရှိပါဘူး။ ဒီစစ်သင်္ဘောကို ရှာဖွေပြီးရင် တန်ဖိုးရှိတဲ့ ပစ္စည်းအားလုံးကို ပင်လယ်နားက ဂိုဒေါင်ထဲ ထည့်ထားပါ့မယ်။ မနက်ဖြန် သခင် ကိုယ်တိုင် သွားကြည့်နိုင်တယ် ”ဟု လိပ်ကြီးက တက်ကြွစွာ ပြန်ပြောလိုက်သည်။

“ကောင်းပြီ၊ ငါ မနက်ဖြန်မှ ဂိုဒေါင်ကို လာခဲ့မယ် "

လိပ်ကြီး နဲ့ ဆက်သွယ်ပြီးနောက် လျုယောင်အိပ်ပျော်သွားသည်။

မနက်မိုးလင်း ကိုးနာရီခန့်တွင် လျုယောင်ပင်လယ်ကမ်းစပ် ဂိုဒေါင်ကို ရောက်ရှိလာခဲ့သည်။

လိပ်ကြီး က စစ်သင်္ဘောကို ရှာဖွေပြီးနောက် တန်ဖိုးရှိတဲ့ ပစ္စည်းအားလုံးကို ဂိုဒေါင်ထဲတွင် ထည့်ထားပြီးဖြစ်သည်။

လျုယောင်ဟာ လိပ်ကြီးက ဘာတန်ဖိုး ရှိတာတွေများ ထားထားမလဲ ဆိုတာ အမြန် ကြည့်ချင်လာခဲ့သည်။

"အထူးသ​ဖြင့် ကြွေထည်ပစ္စည်း နှစ်မျိုးက တန်ဖိုးဘယ်လောက် ရှိလဲဆိုတာကိုပင် "

All Chapters