← Chapters

ပဟေဠိစာလုံး

Vol. 32 Ch. 443

ပဟေဠိစာလုံး

Vol. 32 Ch. 443

ထိုအချိန်တွင် ယဲ့ကျွင်းလင် ညည်းညူလိုက်သည်။ "သနားစရာပဲ၊ သခင်မလေးမုန့် က အသက်ဆယ့်ရှစ်နှစ်ပဲ ရှိသေးတယ်၊ သူ့ဦးနှောက်မှာ ပြဿနာရှိနေပြီ။"

"ဒါပေမဲ့ သူ ချစ်စရာကောင်းအောင်လုပ်ပြီး စကားပြောတဲ့အခါ အသံလေးက နားထောင်လို့ကောင်းတယ်ထင်တာပဲ။" လီဝူကျယ် ရှက်ကိုးရှက်ကန်းခေါင်းကုတ်လျက် ဆိုသည်။

"ဟဲဟဲ၊ မင်းက အဲ့ဒီလို ပုံစံမျိုးကို ကြိုက်တာကိုး" ဟုန်ချန်ယဲ့က ခပ်လှောင်လှောင်ပြောသည်။

လီဝူကျယ်က မရှက်မကြောက် ဝန်ခံလာ၏။ "ပြဿနာရှိလို့လား? ယောက်ျားတိုင်း အသက်ဆယ့်ရှစ်နှစ်အရွယ်တွေကို ကြိုက်တာပဲ။"

"စကားမစပ်၊ သူ့နောက်ကပါလာတဲ့ အဒေါ်အရွယ်အမျိုးသမီးက စစ်မှန်သောမသေမျိုး တစ်ဦးပဲ။ သခင်မလေးမုန့် က နတ်မိမယ်တိုင်းပြည်မှာ အရေးပါတဲ့ နောက်ခံတစ်ခုရှိနေမယ်ထင်တယ်။" ယဲ့ကျွင်းလင် က သူ့မေးစေ့ကို ပွတ်သပ်ရင်း ပြောလိုက်သည်။

ဒုန်း၊ ဒုန်း၊ ဒုန်း!

တံခါးခေါက်သံ ထပ်မံထွက်ပေါ်လာပြီး ထိုရင်းနှီးသောအသံတစ်ခု ထွက်ပေါ်လာသည်။ "သခင်လေးယဲ့၊ ကျွန်မပါ!"

"ဒီ ကလေးမလေး ဘာထပ်လာလုပ်တာလဲ?" ဟုန်ချန်ယဲ့ မျက်မှောင်ကြုတ်လိုက်ပြီး တံခါးသွားဖွင့်ကာ‌ အေးစက်စက်စကားဆိုသည်။ "သခင်လေးယဲ့က အနှောင့်အယှက်ခံရတာ မကြိုက်ဘူး။"

"ကျွန်မသိပါတယ်။ ဒီ ရတနာသင်္ဘောက မကြာခင် တော်ဝင်မြို့တော်ကို ဆိုက်ရောက်တော့မယ်ဆိုတာ အသိပေးဖို့ လာတာပါ။ ကျွန်မတို့ တော်ဝင်မြို့တော်မှာ ဒီညကျင်းပမယ့် လှေပွဲတော်ကို အားလုံးကို ဖိတ်ကြားချင်ပါတယ်။"

"ကျွန်မရဲ့ စိတ်ရင်းစေတနာကို ပြသဖို့အတွက် လှေပွဲတော်ရဲ့ ကုန်ကျစရိတ်အားလုံး ကျွန်မကျခံပါ့မယ်!"

တုန်ဖန်းမုန့်ယောင်က ရိုးသားစွာ ပြောလိုက်သည်။

တော်ဝင်မြို့တော်ရဲ့ လှေပွဲတော်?

ယဲ့ကျွင်းလင် မျက်နှာအမူအရာ ပြောင်းသွားသည်။ သူ နတ်မိမယ်တိုင်းပြည်ကို လာရောက်ရသည့်အကြောင်းရင်း၏ တစ်စိတ်တစ်ပိုင်းမှာ စိတ်ဝင်စားစရာကောင်းသောကြောင့်ဖြစ်ပြီး တစ်စိတ်တစ်ပိုင်းမှာ အပျော်ရှာရန်ဖြစ်သည်။ ဒေသခံ ဓလေ့ထုံးတမ်းများနှင့် ပွဲတော်ပွဲလမ်းများကို အပြည့်အဝ ခံစားခြင်းသည် အလယ်ပိုင်းဒေသကို ခရီးထွက်လာရခြင်း၏ အကြီးမားဆုံးရည်ရွယ်ချက်သာ ဖြစ်ပေတော့၏။

ဤသို့ဖြင့် တုန်ဖန်းမုန့်ယောင် ကို လမ်းပြအဖြစ်ခန့်အပ်ပြီး တော်ဝင်မြို့တော်တွင် အပန်းဖြေလည်ပတ်ရန် စိတ်ကူးလိုက်သည်။

"သခင်မလေး မုန့်၊ ကျွန်တော် နားလည်မှုလွဲသွားတယ်လို့ ထင်ပါတယ်။" ယဲ့ကျွင်းလင်က ပြုံးပြီး ဖော်ရွေစွာ တုံ့ပြန်လိုက်သည်။ "ဒါဆို ဒီည တော်ဝင်မြို့တော် ရဲ့ လှေပွဲတော်ကို ခေါ်သွားဖို့အတွက် ဝမ်းမြောက်ဝမ်းသာနဲ့ပဲ ဒုက္ခပေးရပါဦးမယ်"

တုန်ဖန်းမုန့်ယောင် မြူးကြွသွားသည်။ ဒီလူနှင့် အဆက်အသွယ်ရှိနေသရွေ့ အရယူဖို့ အခွင့်အရေးရှိနေသေးသည်သာ။

"ဟိဟိ ရပါတယ်ရှင်!"

မိနစ်အနည်းငယ်ကြာပြီးနောက် ရတနာသင်္ဘောသည် တော်ဝင်မြို့တော်သို့ ရောက်ရှိပြီး ဆိပ်ခံတံတား တွင် ဆိုက်ကပ်လိုက်သည်။

ရေတွက်လို့မရနိုင်သော အံ့အားသင့်နေသည့် အကြည့်များအောက်တွင် ယဲ့ကျွင်းလင်တို့အဖွဲ့သည် သင်္ဘောပေါ်မှ ဆင်းပြီး တော်ဝင်မြို့တော်ဆီသို့ ဦးတည်သွားလိုက်ကြသည်။

နေဝင်ချိန်ရောက်သွားပြီဖြစ်ပြီး ကျောက်ပြားဝိုင်းကြီးကဲ့သို့ ကြီးမားဝိုင်းစက်သော လမင်းသည် ကောင်းကင်ထက်တွင် ဆိုင်းငံ့တည်ရှိကာ ကြည်လင်သော ငွေလရောင် ကို ဖြာကျနေစေသည်။

တော်ဝင်မြို့တော်သည် အလှဆင်မီးပုံးများနှင့် ပြည့်နှက်နေပြီး စည်ကားသိုက်မြိုက်လှ၏။

ဇိမ်ခံနန်းဆောင်များ နေရာအနှံ့အပြားတွင်ရှိပြီး လူသံသူသံ ဆူဆူညံညံဖြင့် ပြည့်နှက်နေကော အလွန်ပျော်စရာကောင်းသော ပွဲတော်ချိန်ခါပါပေ။

ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ လမ်းမများပေါ်တွင် အမျိုးသမီးငယ်ငယ်လှလှလေးများ ပြည့်နှက်နေသည်ကို တွေ့ရပေမည်။ မိန်းကလေးငယ်များစွာသည် အရောင်တောက်တောက်နှင့် သစ်လွင်သော ဝတ်စုံများကို ကိုယ်စီဝတ်ဆင်ထားကြပြီး လေအဝေ့တွင် စကတ်စလေးများ လွင့်ပျံနေဟန်မှာ ရှုမငြီးလောက်အောင် ကြည့်ကောင်းလှ၏။

"တော်တော် စည်ကားတာပဲ။"

ပွဲတော်၏အငွေ့အသက်ကို ခံစားရသောအခါ ယဲ့ကျွင်းလင်၏ နှုတ်ခမ်းများတွင် အပြုံးတစ်ခု ပေါ်လာသည်။

သူ့ဘေးတွင် ပုရှောင်ရှီးသည် ရောင်စုံစက္ကူပန်ကာလေးကို ကိုင်ထားပြီး သူမ၏မျက်လုံးများက ရွှန်းလဲ့ကြည်လင်စွာဖြင့် အရောင်တောက်နေသည်။

"ပန်ကာလေး၊ ဖူး~ ဖူး~ ဖူး~~ အရမ်းပျော်စရာကောင်းတာပဲ~~"

ရင့်ကျက်မှုမရှိသော ကြွက်ဖြူမလေးမှာမူ အင်မော်တယ်ဖြစ်နေသည့်ငြား မည်သည့်အပူအပင် အတွေးအတောမှရှိဟန်မတူဘဲ ဝင်းလက်သောအပြုံးဖြင့် စက္ကူပန်ကာလေးကိုသာ ‌ဆော့ကစားနေခဲ့သည်။

ဟုန်ချန်ယဲ့ နှုတ်ခမ်းဖျားများကိုကွေးညွှတ်ကာ တစ်ချက်ဆိုသည်။ "ကလေးဆန်လိုက်တာ"

ယဲ့ကျွင်းလင်က လမ်းဘေးအစားအသောက်ဆိုင်များကို မြင်လိုက်ရသောကြောင့် နှစ်လိုစွာရယ်မောလိုက်သည်။ "သွားရအောင်၊ မြည်းစမ်းကြတာပေါ့!"

တုန်ဖန်းမုန့်ယောင်၏ မျက်လုံးများ တောက်ပသွားပြီး ယဲ့ကျွင်းလင်သည် အစားအသောက်ကို စိတ်ဝင်တစားရှိလှကြောင်း သတိပြုမိလိုက်သည်။ ထို့နောက် အမြန်ဆုံးအမှတ်ဝင်ယူသည်။ "သခင်လေးယဲ့၊ ကျွန်မ လမ်းပြပါရစေ! ဒီအနီးအနားက အကောင်းဆုံး စားသောက်ဆိုင် နေရာအားလုံးကို ကျွန်မသိပါတယ်!"

ထို့နောက် တစ်အုပ်စုလုံး စားဖို့သောက်ဖို့သာ အတွေးရှိကြတော့၏။

သူတို့သည် သိုးသားကင်၊ အမဲသားကင်၊ ဂျုံမှုန့်ကြော်၊ ကြက်ခြေထောက်ကင်၊ ကြက်သွန်မြိတ်ကသ်၊ ခရမ်းသီးကင်၊ တို့ဟူးချဥ်၊ ရိုကျားမိုအသားလိပ်၊ ဖက်ထုပ်ပေါင်း စသည်ဖြင့် အမျိုးစုံအောင် လှည့်ပတ်စားသောက်ခဲ့ကြသည်။

အမျိုးသမီး ဆိုင်ရှင်တိုင်းသည် ယဲ့ကျွင်းလင်ကို မြင်လိုက်ရသည်နှင့် အသက်အရွယ်ကိုပင် ဂရုမစိုက်နိုင်တော့ပဲ မျက်လုံးများ အရောင်တောက်သွားကြသည်သာ။ အစားအသောက်အတွက် ပိုက်ဆံမယူရုံသာမက သဒ္ဓါတရားအပြည့်ဖြင့် များပြားမောက်လျှံသော ပမာဏတစ်ခုအထိ ထည့်ကျွေးတတ်ကြလေသည်။

"ဒါနဲ့ ဒါက လှေပွဲတော် မဟုတ်ဘူးလား? လှေတွေရော ဘယ်မှာလဲ?" လီဝူကျယ်က စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

တုန်ဖန်းမုန့်ယောင်သည် ထိုသူကို သံသယဝင်သော အကြည့်ဖြင့် ကြည့်လိုက်ပြီး စဥ်းစားလိုက်မိသည်။ ဘာလို့ဒီလောက်အူကြောင်ကြောင်နိုင်တဲ့ မေးခွန်းမျိုး မေးရတာလဲ?

လှေပွဲတော်မှာ လှေတွေမရှိရင် လှေပွဲတော်လို့ ဘယ်ခေါ်နိုင်မလဲ?

အခုမရှိရသေးတဲ့ အကြောင်းရင်းကတော့ ပွဲတော်နောက်ဆုံးပိုင်းကို မရောက်သေးလို့ပါပဲ!

ဒါက နတ်မိမယ်တိုင်းပြည်ရဲ့ ပြည်သူတိုင်းသိကြတဲ့ အခြေခံ ဗဟုသုတ မဟုတ်ဘူးလား?

"အဟမ်း၊ အဟမ်း၊ အချိန်မကျသေးလို့ ဖြစ်လိမ့်မယ်။" ယဲ့ကျွင်းလင်က လက်ကိုဝှေ့ယမ်းလိုက်ပြီး လီဝူကျယ်ကို စကားသိပ်မများဖို့ အချက်ပြလိုက်သည်။

"သခင်လေးယဲ့၊ ပဟေဠိဖော်ရတာကို နှစ်သက်လား?" တုန်ဖန်းမုန့်ယောင်သည် ရှေ့တွင်ရှိသော ဈေးလမ်းကြားတစ်ခုကို လက်ညှိုးညွှန်ပြရင်း‌ မေးလာသည်။ ထိုနေရာတွင် ပဟေဠိဖော်ပွဲ တစ်ခုကို ကျင်းပနေပြီး အနိုင်ရသူများကို လက်ဆောင်သေးသေးလေးများ ပေးလေ့ရှိ၏။

"သွားကြည့်ရအောင်။" ယဲ့ကျွင်းလင်သည် လုပ်စရာမရှိ အားယားနေသည့်အတွက် ပျော်ပွဲရွှင်ပွဲမှန်သမျှ လိုက်လုပ်ချင်နေသည်သာ။

တုန်ဖန်းမုန့်ယောင် တိတ်တိတ်လေး ဝမ်းမြောက်သွားသည်။ သူမ၏ အစွမ်းကို ပြသရန် အခွင့်အရေး ရောက်လာပြီ။

သူမသည် ပဟေဠိဖော်ရန် အခွင့်အရေးကို အသုံးပြုပြီး သခင်လေးယဲ့ကို သူမအပေါ် အကောင်းမြင်လာစေဖို့ မျှော်လင့်ထားသည်။ နန်းတော်တွင် သူမသည် "ပဟေဠိ ဘုရင်မ" ဘွဲ့ကို ရရှိထားသည်ပင်။ ပဟေဠိဖော်ခြင်းက သူမအတွက် ကျွမ်းကျင်ရာတစ်ခုသာဖြစ်၏။

ပတ်ဝန်းကျင်မှ အမျိုးသမီးများသည် ယဲ့ကျွင်းလင်ကို မြင်လိုက်သောအခါ အံ့အားသင့်သွားပြီး ရှက်ရွံ့စွာဖြင့် "အရမ်း၊ အရမ်းချောတာပဲ!" ဟု အချင်းချင်းတီးတိုးပြောဆိုနေကြသည်။

အချို့ ရဲရင့်သောမိန်းကလေးများသည် သူ့ကို သိမ်းပိုက်ရယူဖို့ရာ တမင်တကာ ချဥ်းကပ်ရန် ကြိုးစားကြသည်။ သို့သော် ဟုန်ချန်ယဲ့၏ မျက်စောင်းတစ်ချက်ဖြင့် အနောက်ပြန်ဆုတ်သွားရသည်သာ။

တုန်ဖန်းမုန့်ယောင်သည်လည်း ခါးကိုဟန်ပါပါထောက်ကာ ဗာဒံစေ့မျက်လုံးလေးများကို အစွမ်းကုန်ပြူးကျယ်စိုက်ကြည့်နေသည်။ သူမသည် တခြားအမျိုးသမီးအားလုံးကို စကားမပါသည့် အကြည့်တစ်ချက်ဖြင့် သတိပေးနေခြင်းပင်။ ဒီအမျိုးသားကို ဒီမင်းသမီးပိုင်တယ် ဟု။

"သခင်လေး၊ ကြိုးစား ကြည့်မလား?" ဆိုင်ရှင် အမျိုးသမီးသည် နှုတ်ခမ်းထောင့်တွင် မှဲ့တစ်ခုရှိပြီး စိမ်းပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ လှပပြေပြစ်သော ကိုယ်လုံးကိုယ်ပေါက်မှာ ဆွဲဆောင်မှုအပြည့်ဖြင့်။

သူမသည် ဆိုင်ရှေ့သို့လာရပ်သည့် ဆံဖြူလူငယ်ချောလေးကို ကြည့်လိုက်ပြီး အရောင်တောက်နေသောမျက်လုံးများဖြင့် ခါးကိုနွဲ့လျှောက်ကာ ချဥ်းကပ်လာသည်။

"ဆိုင်ရှင်၊ ဆုတွေက ဘာတွေလဲ?" ယဲ့ကျွင်းလင်က စပ်စုစွာ မေးလိုက်သည်။

"အင်း၊ မူလကတော့ ဆုတွေက ထူးဆန်းတဲ့ ပစ္စည်းလေးတွေပါပဲ။ ဒါပေမဲ့ သခင်လေးသာ ပဟေဠိကို မှန်မှန်ဖော်နိုင်ရင် ကျွန်မကိုယ်တိုင်ကို ဆုအဖြစ်ပေးပြီး သခင်လေးအတွက် ကိုယ်ကျိုးစွန့်ပေးပါ့မယ်!" ဆိုင်ရှင်အမျိုးသမီးက ပန်းပွင့်လေးကဲ့သို့ ပြုံးပြသည်။

ယဲ့ကျွင်းလင် : "..."

"အစ်မကြီး၊ ဖောက်သည်ကို နောက်ပြောင်တာတွေ ရပ်လိုက်ပါတော့! ကျွန်မ လူခေါ် ပြီး ဆိုင်ကိုပိတ်ခိုင်းလိုက်ရမလား!" တုန်ဖန်းမုန့်ယောင်က ဒေါသတကြီး ပြောလိုက်သည်။

ဆိုင်ရှင်အမျိုးသမီးသည် လန့်ဖျပ်သွားသည်။ တုန်ဖန်းမုန့်ယောင်၏ ဝတ်စားဆင်ယင်ပုံနှင့် ခံစားမိသော သြဇာအာဏာအရ သူမသည် တော်ဝင်မြို့တော်မှ အဆင့်မြင့်အရာရှိ သို့မဟုတ် မင်းမျိုးမင်းနွယ် တစ်ဦး၏ သမီးဖြစ်ရမည်ဟု ကောက်ချက်ချလိုက်သည်။

မစော်ကားပါဘူး၊ ဒီမမကြောက်တတ်ပါတယ်။

"သခင်မလေး၊ ကျွန်မက သခင်လေးကို နောက်ပြောင်နေရုံသက်သက်ပါ။ စိတ်ထဲမထားပါနဲ့။" ဆိုင်ရှင် အမျိုးသမီးက မျက်နှာပျက်ပျက်ဖြင့် အတင်းအကျပ်ပြုံးပြလာသည်။

"ဟမ့်!"

တုန်ဖန်းမုန့်ယောင်သည် သူမကို ခြိမ်းခြောက်နေရုံသာဖြစ်၏။ ဆိုင်ရှင်အမျိုးသမီး ရိုကျိုးသေဝပ်သွားပါမှ သူမသည် မီးပုံးပေါ်ရှိ ပဟေဠိကို တစ်ချက်မော့ကြည့်လိုက်သည်။ သူမ၏စိတ်က လျင်မြန်စွာ တွေးတောနေပြီး ယုံကြည်မှုရှိရှိဖြင့် ဖြေလိုက်သည်။ "မီးပုံးပေါ်က ပဟေဠိရဲ့ အဖြေက "ဝူ" ဆိုတဲ့ စာလုံးပဲ၊ ဟုတ်တယ်မလား?"

မထင်မှတ်ပဲ ဆိုင်ရှင်အမျိုးသမီးက ခေါင်းခါလိုက်သည်။ "မဟုတ်ပါဘူး။"

"ဟင်?"

"ဒါဆို "ယန်" ဆိုတဲ့ စာလုံးပဲ!"

ဆိုင်ရှင် အမျိုးသမီးက ထပ်မံခေါင်းခါလိုက်ပြီး သတိပေးလိုက်သည်။ "သခင်မလေး၊ အခွင့်အရေး ခြောက်ကြိမ် ကျန်ပါသေးတယ်။"

""ဝမ်" ဆိုတဲ့ စာလုံးလား?"

""ဖုန်း" ဆိုတဲ့ စာလုံးလား?"

""ကောက်" ဆိုတဲ့ စာလုံးလား?"

""ရှန်း" ဆိုတဲ့ စာလုံးလား?"

""ဆောင်း" ဆိုတဲ့ စာလုံးလား?"

""ချင်း" ဆိုတဲ့ စာလုံးလား?"

"ငါ့ကိုရန်လာစနေတာလား!"

ဆိုင်ရှင်အမျိုးသမီးမှ ဆက်တိုက်ခေါင်းခါနေသည်ကို မြင်သောအခါ တုန်ဖန်းမုန့်ယောင် ဒေါသတကြီး ပေါက်ကွဲလေတော့သည်။ လက်ဆစ်များကိုပင် တဖျောက်ဖျောက်ချိုးလိုက်ပြီး ဆိုင်ကိုမှောက်ချရန် အသင့်ဖြစ်နေလေပြီ။

ပဟေဠိဘုရင်မ တစ်ဦးက ဘယ်လိုလုပ်ပြီး ခြောက်ကြိမ်လုံးမမှန်ရတာလဲ?

မမှန်တာက ကိစ္စမရှိဘူး။ အခုတော့ သခင်လေးယဲ့အရှေ့မှာ မျက်နှာပျက်ရပြီ။

တခြား အမျိုးသမီးများသည် တုန်ဖန်းမုန့်ယောင် ဒေါသတကြီးဖြစ်နေသည်ကိုမြင်သော် ကျေနပ်ပြုံးပြုံးလိုက်ကြ၏။

"စိတ်အေးအေးထား၊ စိတ်အေးအေးထားပါ!" အဒေါ်မေက လက်ပြင်နေသည့် မင်းသမီးကို ကပျာကယာပြန်ဆွဲလိုက်ပြီး တိုးတိုးလေး သတိပေးလိုက်သည်။

ဆိုင်ရှင်အမျိုးသမီးသည် လန့်သွားရာမှ ပြန်လည်သတိဝင်လာပြီး တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။ ထို့နောက် ယဲ့ကျွင်းလင်ကိုလှည့်ကြည့်ပြီး ပြုံးချိုနေသောမျက်နှာဖြင့် ဖိတ်ခေါ်လိုက်၏။ "သခင်လေး၊ ကြိုးစား ကြည့်မလား? မမှန်ရင်တောင် ဆုပေးပါ့မယ်!"

မျက်နှာလိုက်နေလိုက်ပုံများ။ ရုပ်ရည်ကသာ အရာရာပါလား..

ယဲ့ကျွင်းလင်ကတော့ သိပ်ဖြေချင်လှပုံမပေါ်။ သူသည် ပဟေဠိများနှင့်ပတ်သက်၍ ဘာမှမသိမကျွမ်းလှပေ။ မီးပုံးပေါ်ရှိ ပဟေဠိကို ကြည့်လိုက်သောအခါ ၎င်းသည် လျှို့ဝှက်ရေးသားထားသော မျိုးရိုးနာမည် တစ်ခုကို ဖော်ထုတ်ရန်ဖြစ်ပြီး အခွင့်အရေး ရှစ်ကြိမ်တိတိရှိသည်။

သို့သော် ဆိုင်ရှင် အမျိုးသမီးက ဆုပေးမည်ဆိုသည့်အတွက် ဟန်အပျက်မခံဘဲ ပေါ့ပေါ့ပါးပါး တစ်ခွန်းခန့်မှန်းလိုက်သည်။

လူတိုင်း၏ အကြည့်အောက်တွင် ယဲ့ကျွင်းလင်သည် စာလုံးတစ်လုံးကို ရွတ်ဆိုလိုက်သည်။ "ကျွန်တော်တော့ ဒီပဟေဠိရဲ့ အဖြေက "ချောင်" ဆိုတဲ့ စာလုံးလို့ ထင်တယ်။"

"ချောင်"?! (Fuckလို့ အဓိပ္ပာယ်ရပါတယ်)

နေရာတစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားသည်။

အမျိုးသမီးများ၏ မျက်နှာများသည် ရှက်ရွံ့ခြင်းဖြင့် နီရဲသွားကြတော့၏။ ဒီလူ အတည်ကြီးပြောနေတာလား?

"အာ..." ယဲ့ကျွင်းလင်က နှာခေါင်းကို ပွတ်သပ်လိုက်ပြီး ပေါ့ပေါ့ဆဆခန့်မှန်းမိလိုက်သည်လားဟု တွေးလိုက်သည်။

သို့သော် နောက်တစ်စက္ကန့်တွင် ဆိုင်ရှင်အမျိုးသမီးက အံ့သြတကြီးပြန်ဖြေလာလေသည်။ "သခင်လေး၊ သခင်လေးက အံ့မခန်းပါပဲ! ပထမဆုံးအကြိမ်မှာပဲ မှန်သွားတယ်! မှန်တယ်။ ဒီ ပဟေဠိ ရဲ့ အဖြေက "ချောင်" ဆိုတဲ့ စာလုံးပဲ!"

ယဲ့ကျွင်းလင် ကြောင်အသွားသည်။

ဒီလိုလည်း မှန်သွားတာပဲလား?

"ချောင်" ဆိုတဲ့ မျိုးရိုးနာမည်က ဘယ်သူ့နာမည်မှာရှိလို့လဲ?

အင်း၊ မဖြစ်နိုင်တာတော့လည်း မဟုတ်ပါဘူး။

အားလုံး၏ အကြည့်အောက်တွင် ဆိုင်ရှင်အမျိုးသမီးသည် မီးပုံးပေါ်ရှိ ပဟေဠိစာသားအား ဖွင့်ပြလိုက်သည်။ အမှန်တကယ်ကို 'ချောင်' ဖြစ်နေခဲ့သည်ပင်!

အမျိုးသမီးများလည်း ပါးစပ်အဟောင်းသားဖြစ်သွားရသည်။

"ဟာ၊ အရမ်းတော်တာပဲ!" လီဝူကျယ်က လက်မ‌ထောင်ပြီး အထင်တကြီးချီးကျူးလာသည်။

ဆရာသခင်က စွမ်းအားကြီးရုံတင်မကဘဲ ဒီလိုနေရာတွေမှာလည်း တော်သေးတယ်လား? ပထမဆုံးအကြိမ်မှာတင် မှန်အောင်ခန့်မှန်းနိုင်တာ တော်ရုံမဟုတ်တဲ့ ပါရမီပဲ။

ဟုန်ချန်ယဲ့လည်း အလွန် အံ့အားသင့်သွားသည်။ ဒီလိုအဖြေက မှန်နေလိမ့်မယ်လို့ သူလည်းထင်မထားခဲ့။

"ဘာ?"

တုန်ဖန်းမုန့်ယောင် ကြက်သေသေသွားသည်။

တမင်တကာ စိန်ခေါ်ခံလိုက်ရတဲ့ ခံစားချက်။

သို့သော် အမှန်တရားက မျက်စိရှေ့တွင် ရှိနေသည်။ ပ‌‌ဟေဠိဘုရင်မရာထူးမှ လျှောကျခဲ့လေပြီ။

ဆိုင်ရှင်အမျိုးသမီးက ပြုံးကာ ဆုတစ်ခုယူပေးလိုက်သည်။ ထို့နောက် ဆုပေးရင်း ချစ်စိတ်ဆန္ဒအပြည့်ပါသည့် သက်ပြင်းတစ်ခုအား လေးလေးပင်ပင်ချလိုက်၏။ "သခင်လေး၊ ဒီ "ချောင်" ဆိုတဲ့စာလုံးကို ဒီအစေအပါးမလေးအပေါ်များ တိုက်ရိုက်သုံးချင်စိတ်မရှိဘူးလားဟင်?"

ယဲ့ကျွင်းလင် : "!!!"

All Chapters