← Chapters

အခန်း (၃၇၆-၃၇၈)

Vol. 26 Ch. 376-378

အခန်း (၃၇၆-၃၇၈)

Vol. 26 Ch. 376-378

အခန်း ၃၇၆ - ပင်လယ်မျိုးနွယ် ကျူးကျော်မှု၏ အရင်းအမြစ် ...

~ထို့ကြောင့် ထိုကဲ့သို့သော တည်ရှိမှုတို့ကို ဟင်းလင်းပြင် အင်မော်တယ်ဟု ခေါ်ဝေါ်ကြလေသည်။

မည်သို့ပင် ဆိုသော်ငြား.. ဟင်းလင်းပြင်

အင်မော်တယ်ပင် ဖြစ်လင့်ကစား အင်မော်တယ် အစစ်ပင် ဖြစ်သောကြောင့် ကပ်ဘေးဖြတ်ကျော် ကျင့်ကြံသူများထက် အဆမတန် သာလွန်ကာ၊ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားတို့ကို ပိုင်ဆိုင်ထားပေ၏။

ယေဘုယျအားဖြင့် ထိုသို့သော တည်ရှိမှုမျိုးသည် တွေ့ရခဲလှ၏။

အဘယ်ကြောင့်ဆိုသော် အင်မော်တယ်

ကပ်ဘေးဖြတ်ကျော်ခြင်းသည် မည်မျှပင် ကြောက်မက်ဖွယ် ကောင်းပါသနည်း။ ထိုကောင်းကင်ကပ်ဘေးကို ရင်ဆိုင်ရသည့်အခါ အောင်မြင်ခြင်း သို့မဟုတ် ရှုံးနိမ့်ခြင်းဟူ၍ ဘေးဖြတ်ကျော်ခြင်းသည် မည်မျှပင် ကြောက်မက်ဖွယ် ကောင်းပါသနည်း။

ထိုကောင်းကင်ကပ်ဘေးကို ရင်ဆိုင်ရသည့်အခါ အောင်မြင်ခြင်း သို့မဟုတ် ရှုံးနိမ့်ခြင်းဟူ၍

နှစ်မျိုးသာ ရှိသည်။

အောင်မြင်ပါက အင်မော်တယ်အဖြစ် တက်လှမ်းရမည်ဖြစ်ပြီး၊ ရှုံးနိမ့်ပါက ပြာဖြစ်သွားကာ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သည့် စွမ်းအားများ မီးခိုးကဲ့သို့ ပျောက်ကွယ်ရခြင်းသာ ဖြစ်သည်။

သမိုင်းတလျှောက်တွင်ပင် ကပ်ဘေးကို ကျော်လွှားရာ၌ ကျရှုံးပြီးနောက် အသက်ရှင် ကျန်ရစ်သူ အလွန်နည်းပါးလှ၏။

ရွှမ်ဟွမ်နဂါးမြွေ မျိုးနွယ်စုသည် ဟင်းလင်းပြင်အင်မော်တယ် သုံးဦးကို မွေးထုတ်လာလိမ့်မည်ဟု မည်သူမျှ မထင်ခဲ့မိကြပေ။

ထိုမျှမက၊ တစ်ချိန်တည်းမှာပင် သုံးဦးလုံး ပေါ်ထွက်လာခြင်း ဖြစ်လေ၏။

ဤအဖြစ်အပျက်က ပင်လယ်မျိုးနွယ်တစ်ခုလုံးကို သိမ့်သိမ့်ခါသွားအောင် လှုပ်ယမ်းလိုက်လေသည်။

အဘယ်ကြောင့်ဆိုသော် ထိုဟင်းလင်းပြင်

အင်မော်တယ် သုံးဦးသည် မူလက ရွှမ်ဟွမ်နဂါးမြွေမျိုးနွယ်စုမှ ကပ်ဘေးဖြတ်ကျော် ကျင့်ကြံသူများ ဖြစ်ကြပြီး၊ အင်မော်တယ်အဖြစ် တက်လှမ်းရန် မျှော်လင့်ချက် လုံးဝမရှိတော့ဘဲ အင်မော်တယ် ကပ်ဘေးဖြတ်ကျော်ခြင်းအောက်တွင် သေဆုံးရတော့မည်ဟု သေချာနေခဲ့ကြသူများ ဖြစ်သောကြောင့်ပင်။

ယခုမူ ကပ်ဘေးဖြတ်ကျော် ကျင့်ကြံသူ သုံးဦးသည် ဟင်းလင်းပြင် အင်မော်တယ်အဖြစ် ပြောင်းလဲသွားပြီ ဖြစ်ရာ၊ မည်သူမျှ မသိသော လျှို့ဝှက်ဆန်းကြယ်သည့် အကြောင်းရင်းအချို့ ရှိနေရမည်ပင်။

အချို့ကမူ ထိုဟင်းလင်းပြင်အင်မော်တယ် သုံးဦး ပေါ်ပေါက်လာခြင်းမှာ ရွှမ်ဟွမ်နဂါးမြွေ

မျိုးနွယ်သည် အလွန်ရှားပါးသော အင်မော်တယ်ရတနာအချို့ကို ရရှိခဲ့သောကြောင့်ဟု ကောလာဟလ ဖြန့်ကြ၏။

အချို့ကမူ အခြားကမ္ဘာမှ အစွမ်းထက်သော

အင်မော်တယ်တစ်ပါးသည် ပင်လယ်မျိုးနွယ်တို့၏ နယ်မြေသို့ ရောက်ရှိလာကာ ဤကပ်ဘေးဖြတ်ကျော် ကျင့်ကြံသူများကို ဟင်းလင်းပြင်အင်မော်တယ်အဖြစ် ပြောင်းလဲပေးခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုကြလေသည်။

ထိုနည်းတူ အချို့ကမူ ရွှမ်ဟွမ် နဂါးမြွေမျိုးနွယ်သည် ဟင်းလင်းပြင်အတွင်း ထူးဆန်းသော စွမ်းအားတစ်ခုကို ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး၊ ထိုစွမ်းအားက အင်မော်တယ် မဖြစ်စေနိုင်သော်လည်း အင်မော်တယ် ကပ်ဘေးဖြတ်ကျော်ခြင်းမှ အသက်ကို ထိန်းသိမ်းနိုင်သည်ဟု တီးတိုးရေရွတ်ကြလေ၏။

အမျိုးမျိုးသော ထင်ကြေးများက မြူထုသဖွယ် လွှမ်းခြုံလာသည်။

သို့သော် ပင်လယ်မျိုးနွယ် ကျင့်ကြံသူများ မည်သို့ပင် ထင်ကြေးပေးစေကာမူ အမှန်တကယ် ဖြစ်ပျက်သည်ကား ရွှမ်ဟွမ်နဂါးမြွေမျိုးနွယ်သည် ကြောက်မက်ဖွယ်ကောင်းသော ဟင်းလင်းပြင်အင်မော်တယ် သုံးဦးကို ရရှိခဲ့ခြင်းပင်။

ထိုဟင်းလင်းပြင်အင်မော်တယ် သုံးဦး၏ တည်ရှိမှုကြောင့် ရွှမ်ဟွမ်နဂါးမြွေမျိုးနွယ်၏ အာဏာနှင့် အလွန်နီးကပ်စွာ တည်ရှိသော ရေနက်နဂါးမျိုးနွယ်သည် သဘာဝအတိုင်း ပထမဆုံး ထိခိုက်ခံစားခဲ့ရ၏။

ဟင်းလင်းပြင်အင်မော်တယ် အစွမ်းထက်သူ၏ စွမ်းအားသည် ကပ်ဘေးဖြတ်ကျော် ကျင့်ကြံသူတစ်ဦးမျှ ခံနိုင်ရည် ရှိသည့် အရာ မဟုတ်ချေ။

ရွှမ်ဟွမ်နဂါးမြွေမျိုးနွယ်သည် ဟင်းလင်းပြင်အင်မော်တယ်တစ်ဦးကို ရေနက်နဂါးမျိုးနွယ်၏ နယ်မြေသို့ စေလွှတ်ရန်သာ လိုအပ်သည်။

လက်ဝါးချက် တစ်ချက် ရိုက်ထုတ်လိုက်ရုံမျှဖြင့်

ကပ်ဘေးဖြတ်ကျော် ကျင့်ကြံသူ တစ်ဦးသည် ပြာမှုန့်အဖြစ်သို့ ပြောင်းလဲသွားရတော့၏။

ဤသည်က ရေနက်နဂါးမျိုးနွယ်ကို လုံးဝ စကားမဲ့စေပြီး၊ ကြောက်ရွံ့တုန်လှုပ်ခြင်း ဝေဒနာကို

မအောင့်နိုင်တော့ဘဲ တစ်ကိုယ်လုံး ကြက်သေသေသွားရတော့သည်။

သို့သော် ပင်လယ်မျိုးနွယ်၏ အုပ်စိုးသော

မျိုးနွယ်များထဲမှ တစ်ခုဖြစ်သည့် ရေနက်မြွေနဂါးမျိုးနွယ်သည် သဘာဝအတိုင်း မျိုးနွယ်တော်ကာကွယ်ရေး အင်မော်တယ်လက်နက်တစ်ခုကို ပိုင်ဆိုင်ထားပြီး ၎င်း၏ ပေါက်ကွဲအားဖြင့်

ရွှမ်ဟွမ်နဂါးမြွေမျိုးနွယ်၏ ဟင်းလင်းပြင်

အင်မော်တယ်ကို ပွတ်ကာသီကာလေးသာ ခုခံနိုင်ခဲ့လေသည်။

သို့တစေ ရွှမ်ဟွမ်နဂါးမြွေမျိုးနွယ် ကိုယ်တိုင်က လွှမ်းမိုးကြီးစိုးသော အင်အားစုတစ်ခုဖြစ်ပြီး

မျိုးနွယ်တော်ကာကွယ်ရေး အင်မော်တယ်လက်နက်ကို ပိုင်ဆိုင်ထားရုံသာမက ဟင်းလင်းပြင် အင်မော်တယ် သုံးဦးပါ ရှိနေသေးသည်။

ထိုမျှသော စွမ်းအားဖြင့် ရေနက်မြွေနဂါးမျိုးနွယ်သည် နောက်သို့ ချာခနဲ လှည့်ထွက်ကာ ပြန်လည်ခုခံနိုင်ခြင်း မရှိတော့ဘဲ နောက်ဆုံးတွင် အညံ့ခံကာ ရွှမ်ဟွမ်နဂါးမြွေမျိုးနွယ်၏ လက်အောက်ခံ အင်အားစု ဖြစ်သွားရလေသည်။

ထိုမျှနှင့် မကျေနပ်သေးဘဲ ရွှမ်ဟွမ်နဂါးမြွေမျိုးနွယ်သည် အတင်းအကြပ် ဆက်လက် နယ်ချဲ့ခဲ့ပြီး ပင်လယ်မျိုးနွယ် နယ်မြေများစွာကို သိမ်းပိုက်ခဲ့၏။ အထူးသဖြင့် အရှေ့ နယ်မြေ ပင်လယ်ပြင်တွင် နယ်မြေအားလုံးနီးပါးသည်

ရွှမ်ဟွမ်နဂါးမြွေမျိုးနွယ်၏ လွှမ်းမိုးမှုအောက်သို့ ရောက်ရှိသွားတော့သည်။

ထို့နောက် ရွှမ်ဟွမ်နဂါးမြွေမျိုးနွယ်သည် နက်ရှိုင်းသော ပင်လယ်ပြင်ဒေသများသို့ပင်

ထိုးဖောက်ဝင်ရောက်ရန် စတင်ကြိုးစားလာတော့၏။

သို့တစေ ပင်လယ်မျိုးနွယ်တစ်ခုလုံးကို ကြီးစိုးခြယ်လှယ်ရန် ကြိုးစားနေဆဲ ဖြစ်သော်လည်း

ရွှမ်ဟွမ်နဂါးမြွေမျိုးနွယ်သည် ရေနက်မြွေနဂါးမျိုးနွယ်ကို ဦးဆောင်ကာ ပင်လယ်မျိုးနွယ်အင်အားစုအမျိုးမျိုးဖြင့် အရှေ့နယ်မြေကို ကျူးကျော်ရန် အမိန့်ပေးခဲ့ပြန်သည်။

ဟင်းလင်းပြင်အင်မော်တယ် သုံးဦးကို ရရှိပြီးနောက် ရွှမ်ဟွမ်နဂါးမြွေမျိုးနွယ်၏ ရည်မှန်းချက်သည် တဟုန်ထိုး တိုးတက်လာသည်ဟု ဆိုရပေမည်။

အဘယ်ကြောင့်ဆိုသော် ဟင်းလင်းပြင်

အင်မော်တယ်များသည် အလွန်အားကောင်းလှပြီး ကပ်ဘေးဖြတ်ကျော် ကျင့်ကြံသူများပင် သူတို့နှင့် ယှဉ်နိုင်ခြင်းမရှိသောကြောင့်ပင်။ ထိုသို့သော စွမ်းအားသည် သဘာဝအတိုင်း ကြီးမားသော ရည်မှန်းချက်များကို မွေးထုတ်ပေးခဲ့သည်။

သူတို့သည် ပင်လယ်မျိုးနွယ်တစ်ခုလုံးကို ကြီးစိုးရန်သာမက ကုန်းတွင်းပိုင်းကိုပါ သူတို့၏ ထိန်းချုပ်မှုအောက်သို့ သွင်းယူရန် လောဘသားကောင်ပမာ ကြံစည်နေကြလေသည်။

အကယ်၍ ရွှမ်ဟွမ်နဂါးမြွေမျိုးနွယ်သည်

ထျန်းမင်တစ်ခုလုံးကို ကြီးစိုးနိုင်ခဲ့မည် ဆိုလျှင် သူတို့သည် အရင်းအမြစ်များစွာကို ရရှိမည် ဖြစ်ပြီး ၎င်း၏ အကျိုးကျေးဇူးများမှာ စိတ်ကူး၍ပင် မရနိုင်ချေ။

ရွှမ်ဟွမ်နဂါးမြွေမျိုးနွယ်သည် ပင်လယ်မျိုးနွယ်ကို ကြီးစိုးနိုင်အောင် လုပ်ဆောင်နေစဉ် ရေနက်နဂါးမျိုးနွယ်သည် ပင်လယ်မျိုးနွယ်ကျင့်ကြံသူများကို ဦးဆောင်ကာ ကုန်းတွင်းပိုင်းသို့ တိုက်ခိုက်မှုများ စတင်ပြုလုပ်ခဲ့သည်။

ရွှမ်ဟွမ်နဂါးမြွေမျိုးနွယ်၏ အင်အားကြီးမားမှုကြောင့် အရှေ့ နယ်မြေ ကျင့်ကြံသူများနှင့် ငြိမ်းချမ်းရေး ညှိနှိုင်းရန် သူတို့မှာ ရည်ရွယ်ချက် လုံးဝ မရှိဘဲ အရှေ့နယ်မြေကို သူတို့၏ လက်အောက်သို့ သွင်းယူရန်သာ မျှော်လင့်ခဲ့ကြသည်။

ဤအကြောင်းကြောင့် နှစ်ဖက်စလုံးသည် မည်သူမျှ မြေတစ်လက်မမျှ မပေးဆုတ်ဘဲ ယနေ့အထိ သည်းကြီးမည်းကြီးတိုက်ခိုက် နေကြဆဲပင်။

ကံကောင်းစွာပင် ရွှမ်ဟွမ်နဂါးမြွေမျိုးနွယ်သည် ဟင်းလင်းပြင် အင်မော်တယ် သုံးဦးကို ပိုင်ဆိုင်ထားသော်လည်း ပင်လယ်မျိုးနွယ် တစ်ခုလုံးကို ကြီးစိုးအောင် လုပ်ဆောင်ခြင်းသည် ရိုးရှင်းသော အလုပ် မဟုတ်သေးဘဲ သူတို့မှာ အာရုံစိုက်မှုကို ခွဲထုတ်ရန် မတတ်နိုင်သေးပေ။

ထို့ပြင် အရှေ့နယ်မြေ မဟာမိတ်တပ်ဖွဲ့သည်လည်း အားနည်းခြင်း မရှိဘဲ အင်မော်တယ်ဂိုဏ်းမြင့်မြတ် နယ်မြေများစွာကို ပိုင်ဆိုင်ထားလေသည်။

ပင်လယ်မျိုးနွယ်၏ အရှေ့နယ်မြေ ကျူးကျော်မှုသည် ဆယ်စုနှစ်များစွာ ကြာမြင့်နေလေပြီ။

ထိုအခါ အရှေ့နယ်မြေ မဟာမိတ်တပ်ဖွဲ့သည် ပင်လယ်မျိုးနွယ်ကို ခုခံသည့် အင်အားစုများတွင် ကျင့်ကြံသူများကို ကျယ်ကျယ်ပြန့်ပြန့် စုဆောင်းလာခဲ့သည်။ အချို့မှာ ဂိုဏ်းများ၏ စစ်မှုထမ်းရန် ပစ်မှတ်များ ဖြစ်ကြပြီး အချို့မှာ စစ်ရေးအောင်မြင်မှုများအတွက် ဆုလာဘ်များကို

မျှော်ကိုးသော တကိုယ်တော် ကျင့်ကြံသူများ ဖြစ်ကြ၏။

အရှေ့ နယ်မြေ မဟာမိတ်တပ်ဖွဲ့သည် လျင်မြန်စွာ ချဲ့ထွင်ခဲ့ပြီး ပင်လယ်မျိုးနွယ်နှင့် ထိတွေ့တိုက်ခိုက်ခဲ့ကြသည်။ စစ်မြေပြင်ကို အရှေ့ဘက်နှင့် နီးစပ်သော ဒေသများသို့ပင် အနည်းငယ် တွန်းပို့နိုင်ခဲ့လေသည်။

သို့သော် စစ်မြေပြင်တွင် တိုက်ပွဲများမှာ အလွန်ပင် ပြင်းထန်ဆဲပင်။

ပင်လယ်မျိုးနွယ်သည် ရွှမ်ဟွမ်နဂါးမြွေ

မျိုးနွယ်၏ ဖိနှိပ်မှုကို ခံနေရသော ပင်လယ်မျိုးနွယ်ကျင့်ကြံသူများထံမှ အားဖြည့်မှုများကို ဆက်လက် ရရှိနေဆဲ ဖြစ်ရာ သူတို့၏ အင်အားသည် အရှေ့နယ်မြေ မဟာမိတ်တပ်ဖွဲ့ထက် သိပ်မနိမ့်ချေ။

လုရီနှင့် ယွင်ရှီးတို့ အရှေ့ဘက်သို့ ခရီးနှင်ခဲ့ကြရာ ပင်လယ်မျိုးနွယ် စစ်မြေပြင်နှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ နယ်မြေသည် ပိုမို တိတ်ဆိတ်ဆိတ်ငြိမ်လာတော့သည်။

လုရီနှင့် ယွင်ရှီတို့သည် ဂိုဏ်းနယ်မြေများစွာကို ဖြတ်သန်းခဲ့ကြရာ အားလုံးနီးပါးသည် တိတ်ဆိတ်ခြောက်သွေ့နေ၏။ အချို့နေရာများတွင် ပြင်းထန်သော တိုက်ပွဲများ၏ အမှတ်အသားများ ရှိနေသေးပြီး သွေးများနှင့် အလောင်းများ မြေပြင်တွင် ပြန့်ကျဲနေသည်။ တစ်ချိန်က ခမ်းနားထည်ဝါခဲ့သော နန်းတော်များသည်လည်း ပြိုပျက်နေသော အစွန်းများနှင့် ကျိုးပဲ့နေသော နံရံများသာ ရှိတော့သည်။

"ဒီနေရာကို ပင်လယ်မျိုးနွယ်တွေ ကျူးကျော်ခဲ့တာ မဟုတ်သေးဘူး မလား။ စစ်မြေပြင်ကနေလည်း အတော်လေး ဝေးသေးတယ်။ ဒါဆို ဘာလို့ ဒီလောက် ပြင်းထန်တဲ့ တိုက်ပွဲအမှတ်အသားတွေ ရှိနေရတာလဲ။" ယွင်ရှီသည် ပျက်စီးနေသော ရှုခင်းကို ကြည့်ရင်း ရှုပ်ထွေးသော အမူအရာဖြင့် မေးမြန်းလေသည်။

သူမစကားအား လုရီက ခေါင်းခါပြကာ ကောက်ချက်ချလေသည်။

"ပရမ်းပတာတွေ ဖြစ်လာပြီဆိုရင် အမြဲတမ်းပဲ ဖရိုဖရဲဖြစ်မှုကနေ အခွင့်အရေးယူဖို့ ရည်ရွယ်တဲ့ ကျင့်ကြံသူတွေ ရှိနေမှာပဲ။ ကိုယ့်အမျိုးအနွယ်ကိုတောင် မခွဲခြားဘဲ ဓားပြတွေ ဖြစ်ကုန်ကြတာပေါ့။ ဒီဂိုဏ်းကို ပင်လယ်မျိုးနွယ် စစ်မြေပြင်ကနေ ဆုတ်ခွာလာတဲ့ အင်အားစုအချို့က ပစ်မှတ်ထားခဲ့တယ် ထင်ပါရဲ့ "

ယွင်ရှီးသည် ဉာဏ်ကောင်းသူပီပီ မျက်လုံး

တစ်ချက်မှိတ်ကာ အနည်းငယ် ခေါင်းညိတ်လိုက်၍ သူမ နားလည်ကြောင်း ပြသလေသည်။

ဤပျက်စီးသွားသော ဂိုဏ်းနယ်မြေများသည် ရှင်းလင်းစွာ လုယက်ခံထားရပြီး အရင်းအမြစ်များ လုံးဝမရှိသလောက် ဖြစ်ကာ သက်ရှိသတ္တဝါများကိုလည်း အနည်းငယ်သာ တွေ့ရတော့သည်။

ဂိုဏ်းနယ်မြေများအပြင် မြို့ကြီးများနှင့် သာမန်ရွာငယ်လေးများလည်း ရှိသေး၏။

အခန်း ၃၇၇ - ပင်လယ်မျိုးနွယ် ကျူးကျော်မှု၏ အရင်းအမြစ်...

~ကပ်ဘေးကြီး ဆိုက်ရောက်လာသည့်အခါ အစွမ်းထက် ကျင့်ကြံသူများသည် အသက်ဘေးမှ ထွက်ပြေး ရှောင်တိမ်းနိုင်သေးသော်လည်း၊ သာမန်လူသားများအတွက်မူ ကျားသစ်၊ ခြင်္သေ့တို့ ပြည့်နှက်နေသည့် ဤကျယ်ပြောသော နယ်မြေကြီးသည် သူတို့၏ မြို့ရွာ ဘေးကင်းရာမှ ထွက်ခွာလိုက်သည်နှင့် သေမင်း၏ လက်ထဲသို့ ကျရောက်ရာ သေတွင်းတစ်ခုသာ ဖြစ်တော့သည်။ သူတို့မှာ ကံကြမ္မာ၏ ဆုံးဖြတ်ချက်ကို ခံယူကြရုံမှအပ အခြား ရွေးချယ်စရာ လုံးဝ

မရှိချေ။

မြို့ရွာများအတွင်းမှ ကျင့်ကြံသူတို့၏ မျက်နှာများတွင် စိုးရိမ်သောကရိပ်တို့ ထင်ဟပ်နေ၏။ အချို့ဆိုလျှင် အခြေအနေကို မည်သို့မျှ မတုံ့ပြန်နိုင်လောက်အောင်ပင် ထုံကျင်နေကြပြီဖြစ်သော်လည်း သူတို့သည် သူတို့၏ လယ်ယာလုပ်ငန်းများကို ဆက်လက် လုပ်ကိုင်မြဲပင်။

အကြီးအကဲအချို့နှင့် စကားပြောဆိုပြီးနောက် လုရီ နားလည်လိုက်သည်မှာ အင်မော်တယ်အချို့ ဖြတ်သန်းသွားစဉ် ပင်လယ်မျိုးနွယ်တို့၏ ကျူးကျော်မှုကို မှာကြားသွားခဲ့ခြင်းပင်။

ဝမ်းနည်းဖွယ် ကောင်းလှသည်မှာ သူတို့သည် ကျရောက်လာတော့မည့် ဘေးဆိုးကို တိတ်တဆိတ် ငိုင်၍ စောင့်ဆိုင်းနေကြရုံမှအပ အခြား မတတ်နိုင်ခြင်းပင်။

ယင်းသည်ကား သာမန် သေမျိုးတို့၏ ကံကြမ္မာတည်း။

ရှေးဟောင်းမြို့ကြီးသည် အနည်းငယ် တိတ်ဆိတ်ခြောက်သွေ့နေပြီ ဖြစ်သော်လည်း မြို့ငယ်လေးများထက်မူ များစွာ သာလွန်၏။ ကျင့်ကြံသူများစွာသည် ထိုမြို့တွင် ခိုနားနေကြလေသည်။

ထိုကျင့်ကြံသူအချို့မှာ ဒေသခံများ ဖြစ်ကြပြီး သူတို့၏ အားအင်မှာ ချီသန့်စင်ခြင်း နယ်ပယ် သို့မဟုတ် အခြေခံအုတ်မြစ် တည်ထောင်ခြင်းနယ်ပယ်မျှသာ ရှိကြသည်။ ထိုမျှသော စွမ်းအားဖြင့် ကြမ်းတမ်းသော တောင်တန်းကြီးများနှင့် တောနက်ကြီးများကို ဖြတ်သန်းသွားလာခြင်းသည် အထူးသဖြင့် ဤကဲ့သို့ အန္တရာယ်များသည့် ကာလတွင် အလွန်ပင် ဘေးအန္တရာယ်များလှ၏။

သာမန်လူများနည်းတူ ထိုကျင့်ကြံသူများသည်လည်း သူတို့ မွေးဖွားကြီးပြင်းရာ မြေပေါ်တွင် နေထိုင်ရင်း ကံကြမ္မာ၏ ဆုံးဖြတ်ချက်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းကြရုံမှတစ်ပါး အခြား ရွေးချယ်စရာ မရှိချေ။

အခြားကျင့်ကြံသူအချို့မှာမူ မသေးငယ်သည့် အားအင်များ ပိုင်ဆိုင်ကြ၏။ အချို့ဆိုလျှင် အခြေတည်ဝိညာဉ်နယ်ပယ်နှင့် နတ်ဘုရားအသွင်ပြောင်းနယ်ပယ်အထိပင် ရောက်ရှိနေကြလေသည်။

လုရီနှင့် ယွင်ရှီးတို့သည် စားသောက်ဆိုင်တစ်ခုတွင် တိတ်ဆိတ်စွာ ထိုင်လျက် ကျင့်ကြံသူများ၏ စကားဝိုင်းများကို နားထောင်နေကြသည်။

တော်ရုံတန်ရုံ အားအင်ရှိသော ကျင့်ကြံသူအချို့ ဝင်ရောက်ပြောဆိုနေကြ၏။ သူတို့၏ အားအင်များမှာ အခြေတည်ဝိညာဉ်နယ်ပယ်အတွင်းသာ ရှိကြပြီး ဦးဆောင်သူ အကြီးအကဲမှာမူ နတ်ဘုရားအသွင်ပြောင်းအဆင့် စွမ်းအားကို ပိုင်ဆိုင်ထားလေသည်။

"အခုတော့ ကျွန်တော်တို့ အရှေ့နယ်မြေ မဟာမိတ်တပ်ဖွဲ့က အသာစီးရနေပုံပဲ။ ပင်လယ်မျိုးနွယ်တွေကို ပင်လယ်ထဲ ပြန်မောင်းထုတ်နိုင်ဖို့ အခွင့်အရေး ကောင်းကောင်းရှိတယ်! အခုသွားမယ်ဆိုရင် အန္တရာယ်လည်း နည်းမယ်၊ တိုက်ပွဲဆုတွေနဲ့ ပစ္စည်းအမျိုးမျိုးလည်း ရနိုင်တယ်။" ဟု နတ်ဘုရားအသွင်ပြောင်း အကြီးအကဲက ယုံကြည်မှုရှိသော အပြုံးဖြင့် အခြေအနေကို ထိန်းချုပ်ကာ တိုက်တွန်းလေသည်။

"ဝမ်အစ်ကိုကြီးက တကယ်ကို ဉာဏ်ပညာရှိတာပဲ! နတ်ဘုရားအသွင်ပြောင်းနယ်ပယ်အထိ ကျင့်ကြံနိုင်တာ မဆန်းပါဘူး!" အခြေတည်ဝိညာဉ်နယ်ပယ်ရှိ အလယ်အလတ်အရွယ် အမျိုးသားတစ်ဦးက မျက်နှာတွင် အပြုံးများ ဝေဆာစွာဖြင့် အကြီးအကဲကို မြှောက်ပင့် ပြောဆိုလိုက်သည်။

"ဟားဟားဟား၊ ကျုပ်တို့လို တကိုယ်တော်ကျင့်ကြံသူတွေက များပြားလှတဲ့ အရင်းအမြစ်တွေရှိတဲ့ မဟာဂိုဏ်းကြီးတွေက ကျင့်ကြံသူတွေနဲ့တော့ ယှဉ်လို့မရပါဘူး။ တိုးတက်ချင်ရင်တော့ ဦးနှောက်ကို အမြဲသုံးရမယ်။ ဘေးကင်းစွာ ကျင့်ကြံပြီး အဆင့်တက်ဖို့အတွက် ဘေးကင်းမှုက အရင်လာရမယ်။"

နတ်ဘုရားအသွင်ပြောင်း အကြီးအကဲက တည်ငြိမ်ယုံကြည်မှု ရှိသော လေသံဖြင့် သူ၏ ဘဝ သင်ခန်းစာကို ရှင်းပြသည်။

အခြေတည်ဝိညာဉ် နယ်ပယ် ကျင့်ကြံသူများစွာ ခေါင်းညိတ်ကာ သဘောတူကြ၏။

"ဟုတ်ပါတယ်၊ ငြိမ်းချမ်းစွာ ကျင့်ကြံပြီး အရင်းအမြစ်တွေ ရဖို့ အခွင့်အလမ်းရှာမယ်ဆိုရင်... ကျွန်တော်တို့အတွက်တောင် အင်မော်တယ်လမ်းရဲ့ ထိပ်ဆုံးကို ရောက်ဖို့ အခွင့်အရေးရှိနိုင်တာပဲ။" အနည်းငယ် ငယ်ရွယ်သော ကျင့်ကြံသူတစ်ဦးက ခေါင်းတငြိမ့်ငြိမ့်ဖြင့် ထပ်မံဖြည့်စွက်လေသည်။

"ဒါ့အပြင် ကျုပ်တို့ တကိုယ်တော်ကျင့်ကြံသူတွေဟာ စုစည်းနေရမယ်။ တစ်ယောက်နဲ့တစ်ယောက် ပံ့ပိုးကူညီမှ ပိုမိုဘေးကင်းမှာပါ။"

ထိုစကားများကို ကြားရသောအခါ လုရီသည် အတွင်းစိတ်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာ၏။

ဤကျင့်ကြံသူများအားလုံးသည် တောက်ပသော အနာဂတ်များ ပိုင်ဆိုင်ကြလိမ့်မည်။ သူတို့သည် ဘေးကင်းမှုကို အရာအားလုံးထက် ဦးစားပေးကြ၏။ ထွက်ပြေးပညာတွင် ကျွမ်းကျင်သူများဖြစ်ပြီး ပိုမိုအားကောင်းသော ကျင့်ကြံသူများကို ရင်ဆိုင်ရသည့်အခါ မည်သို့ ထွက်ပြေးရမည်ကို ဆွေးနွေးကြသည်။

လုရီသည် သူတို့ကို အထင်ကြီးမိသည်။ သူတို့သည် သူ၏ဂိုဏ်းမှ ဂိုဏ်းချုပ်ကြီး ဝူချင်းဖုန်းနှင့်ပင် တူညီသည်ဟု ခံစားရ၏။

ချင်းကျိုးတွင် ကြီးမားသော မတည်ငြိမ်မှုများ ဖြစ်ပွားခဲ့စဉ်က သူ၏ ဂိုဏ်းခေါင်းဆောင်သည် သူ့ကိုယ်ပိုင် အလွန်နက်ရှိုင်းသော ထွက်ပြေးပညာကို အားကိုးကာ သွေးဝိညာဉ်ဂိုဏ်းနှင့် ကောင်းကင်မြွေဂိုဏ်းတို့မှ နတ်ဘုရားအသွင်ပြောင်းကျင့်ကြံသူများကို ခွေးတစ်ကောင်ကို လမ်းလျှောက်ခိုင်းသကဲ့သို့ ပျော်ရွှင်စွာ လိုက်လံစေခဲ့သည် မဟုတ်ပါလား။

ထိုအခါ သူ့ဘေးမှ ယွင်ရှီးသည် စကားဝိုင်းကို နားထောင်ရင်း မျက်နှာတွင် ပျော်ရွှင်သော အရိပ်အယောင်တစ်ခု ထင်ဟပ်နေ၏။

"နောက် ဘယ်ကိုသွားကြမလဲ။ နတ်ဓားဂိုဏ်းက ဓားနတ်သမီးရှိတဲ့ နေရာကို သွားကြမလား။ ဓားနတ်သမီး ကျန်းရူယွီဟာ ဟင်းလင်းပြင်ဥမင်ကျင့်ကြံသူသာ ဖြစ်ပေမယ့် ပေါင်းစည်းခြင်းနယ်ပယ်က အစွမ်းထက်သူတစ်ယောက်ကို သတ်ခဲ့တယ်လို့ ကြားရတယ်။ အဲ့ဒီမှာဆို ပိုဘေးကင်းမယ် မဟုတ်လား။"

ထိုသို့ ငယ်ရွယ်သော ကျင့်ကြံသူတစ်ဦးက မျက်လုံးများတွင် အထင်ကြီးလေးစားမှု ထင်ဟပ်စွာဖြင့် မေးမြန်းလိုက်သည်။

"အ! ငတုံး! အဲ့ဒီကို ဘယ်လိုလုပ် သွားနိုင်မလဲ!"

နတ်ဘုရားအသွင်ပြောင်းအကြီးအကဲက စိတ်ပျက်အားငယ်စွာဖြင့် စားပွဲကို ရိုက်လိုက်သည်။

"အဲ့ဒီ ဓားနတ်သမီးက တကယ်ပဲ ရှားပါးတဲ့ မိစ္ဆာပါရမီရှင်ပဲ။ ချင်းကျိုးက ဒဏ္ဍာရီလာ မိစ္ဆာကြီးထက် နည်းနည်းလေးမှ မနိမ့်ဘူး။ ဒါပေမဲ့ အဲ့ဒီလို ဉာဏ်ကြီးရှင်တစ်ယောက်ကို ပင်လယ်မျိုးနွယ်တွေက ပစ်မှတ်ထားမှာ သေချာတယ်။ ပင်လယ်မျိုးနွယ်တွေက မဟာယာနအဆင့် တစ်ယောက်ကို သူ့ကို ဖယ်ရှားဖို့ စေလွှတ်မယ်ဆိုရင် သူ လွတ်ကောင်း လွတ်နိုင်လိမ့်မယ်။ ဒါပေမဲ့ ကျုပ်တို့ကော။ သူ့နောက်ကို လိုက်မယ်ဆိုရင် သေဖို့ အခွင့်အရေး မနည်းဘူးကွ!"

သူ၏ စကားများက လူတိုင်းကို ပါးစပ်အာခြောက်စေပြီး အခန်းတစ်ခုလုံး ခဏတာ တိတ်ဆိတ်သွား၏။

"ဝမ်အစ်ကိုကြီး ပြောတာက တကယ်ကို အဓိပ္ပာယ်ရှိတယ်! ကျွန်မလည်း ဒီလိုပဲ ယုံကြည်တယ်။" ရိုးရိုးအေးအေး မျက်နှာပေါက်ရှိသော အလယ်အလတ်အရွယ် အမျိုးသမီးတစ်ဦးက ခေါင်းအနည်းငယ်ညိတ်ကာ ခွန်းတုံ့ပြန်လေသည်။

"ဟုတ်ပါတယ်။ ဒီလို ခန့်ခန့်ညားညားနဲ့ မိစ္ဆာဆန်တဲ့ ပုံပန်းသဏ္ဌာန်ရှိတဲ့သူဆိုရင် ပင်လယ်မျိုးနွယ်ရဲ့ မျက်ခွံထဲက ဆူးတစ်ချောင်းလိုပဲ ဖြစ်နေမှာ သေချာတယ်။ လျစ်လျူရှုထားလို့ မရဘူး။ သူ့နောက်လိုက်ရင် ငါတို့ အသက်ရှည်ချင်မှ ရှည်မယ်။" နောက်ထပ် အလယ်အလတ်အရွယ် အမျိုးသားတစ်ဦးကလည်း ခေါင်းညိတ်ကာ သဘောတူညီလိုက်သည်။

ငယ်ရွယ်သော ကျင့်ကြံသူသည် မငြိမ်မသက်ဖြစ်နေသော်လည်း ခဏတာ စဉ်းစားပြီးနောက် သက်ပြင်းချကာ ဝန်ခံလာသည်။

"ဝမ်အစ်ကိုကြီး ပြောတာ မှန်ပါတယ်။ ဘဝက အရေးအကြီးဆုံးပဲလေ။"

"ဒါဆို ဝမ်အစ်ကိုကြီး၊ ကျွန်တော်တို့ ဘယ်ကိုသွားသင့်တယ်လို့ ထင်ပါသလဲ။" နောက်ထပ် အလယ်အလတ်အရွယ် အမျိုးသားတစ်ဦးက မေးမြန်းလိုက်သည်။

ယုံကြည်မှုရှိသော အပြုံးဖြင့် နတ်ဘုရားအသွင်ပြောင်းအကြီးအကဲက ပြောလာသည်။

"စိတ်မပူပါနဲ့၊ ကျုပ်မှာ စဉ်းစားထားပြီးသား လူတစ်ယောက် ရှိပါတယ်လေ။"

"အိုး? ကျေးဇူးပြုပြီး အသေးစိတ်ပြောပြပါ၊

ဝမ်အစ်ကိုကြီး!"

ကျင့်ကြံသူများစွာသည် နတ်ဘုရားအသွင်ပြောင်းအကြီးအကဲကို စူးစမ်းသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။

သူတို့သာမက လုရီနှင့် ယွင်ရှီးတို့ပင် စူးစမ်းလိုစိတ် ဖြစ်ပေါ်လာ၏။

ထိုအခါ အကြီးအကဲက အနည်းငယ်ပြုံးကာ

ထုတ်ဖော်လာသည်က..

"နန်းကုန်းမိုယွီ ဦးဆောင်တဲ့ တိမ်ဖြူဂိုဏ်းအဖွဲ့နဲ့ ပူးပေါင်းကြရအောင်!"

"နန်းကုန်းမိုယွီ...အဲ့ဒါ ဘယ်သူလဲ။"

အခြေတည်ဝိညာဉ် ကျင့်ကြံသူများစွာ မျက်လုံးများ ပြူးကျယ်စွာဖြင့် ကြည့်လိုက်ကြသည်။

လုရီနှင့် ယွင်ရှီးတို့ မျက်နှာချင်းဆိုင် ကြည့်လိုက်ကြရာ နှစ်ဦးစလုံး၏ မျက်နှာတွင် ထူးဆန်းသော အမူအရာများ ထင်ဟပ်နေ၏။

...ဒါ ဘာတွေလဲ။ အစ်ကိုကြီးနန်းကုန်းမိုယွီနဲ့ ပူးပေါင်းရမှာလား။...

လုရီ၏ အတွေးထဲမှပင် မယုံကြည်နိုင်စွာ ခံစားလိုက်ရ၏။

နတ်ဘုရားအသွင်ပြောင်းအကြီးအကဲက မျက်နှာထက်ဝယ် အပြုံးတစ်ပွင့်နှင့်အတူ

ပြောဆိုလာသည်။

"တိမ်ဖြူဂိုဏ်းအကြောင်းကိုတော့ သိကြတယ် မဟုတ်လား။ ချင်းကျိုးက မိစ္ဆာပါရမီရှင် ရှိတဲ့ ဂိုဏ်းလေ။"

"သိတာပေါ့၊ သိတာပေါ့။" သူတို့ ခွန်းတုံ့ပြန်ကြ၏။

ထိုအခါ နတ်ဘုရားအသွင်ပြောင်းအကြီးအကဲက ပျော်ရွှင်စွာဖြင့် မျက်လုံးများ မှိတ်တုတ်မှိတ်တုတ် လုပ်ရင်း ပြောဆိုလေသည်။

"ဒီနန်းကုန်းမိုယွီက အဲ့ဒီပါရမီရှင် နေတဲ့ ဂိုဏ်းက တပည့် တစ်ယောက်ပဲ။ ကျုပ် စုံစမ်းကြည့်တော့ ဂိုဏ်းက ကျင့်ကြံသူ အချို့ဟာ တော်တော်ဉာဏ်ကောင်းကြတယ်။ မြေပြင် အနေအထားကို အသုံးပြုပြီး ပင်လယ်မျိုးနွယ် ကျင့်ကြံသူတွေကို အများကြီး ချုံခိုတိုက်ခိုက် သတ်ဖြတ်ခဲ့ကြတယ်။ သတ်ဖြတ်ခဲ့တဲ့သူတွေထဲမှာ အထူးသဖြင့် အားအင် ကြီးမားတဲ့ ပင်လယ်မျိုးနွယ် ကျင့်ကြံသူတွေ မပါဘူး ဆိုပေမယ့် ဒီချဉ်းကပ်ပုံက ခံနိုင်ရည် ရှိပြီး ဘေးကင်းတယ်။ ဒါက တစ်ချက်ပေါ့။ နောက်တစ်ချက်က ဒီကျင့်ကြံသူတွေဟာ

တိမ်ဖြူဂိုဏ်းက တပည့်တွေ။ အဲ့ဒီပါရမီရှင်ရဲ့ အရည်အချင်းတွေကို ထည့်သွင်းစဉ်းစားရင် သူဟာ အင်မော်တယ် ဖြစ်ဖို့ အခွင့်အရေးများတယ်။ ဒါဆို တိမ်ဖြူဂိုဏ်းက အင်မော်တယ်ဂိုဏ်းတစ်ခု ဖြစ်လာလိမ့်မယ်။ အခုကတည်းက သူတို့နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်ထားတာဟာ ကျုပ်တို့အတွက်လည်း အကျိုးရှိပါတယ်။"

လုရီသည် အံ့အားသင့်သွားသည်။

...ဒီအဘိုးကြီးက တစ်မျိုးပဲ။ ဒီလောက်အထိ တွေးတောစဉ်းစားနိုင်တာလား။...

ယွင်ရှီသည် ထူးဆန်းသော အမူအရာဖြင့် လုရီကို တစ်ချက် ကြည့်ကာ "ဒီတာအိုရောင်းရင်း တော်တော် ပါးရည်နပ်ရည် ရှိတာပဲ မဟုတ်လား။" ဟု လျှို့ဝှက်အသံ ပို့လွှတ်၍ ပြောကြားလိုက်သည်။

"ဒါက တကိုယ်တော် ကျင့်ကြံသူတွေ အသက်ရှင်ဖို့ လိုအပ်တဲ့ ဉာဏ်ပညာများ ဖြစ်မလားနော်။"

တအံ့တသြဖြင့် လုရီက ထိုသို့

လျှို့ဝှက်အသံ ပို့လွှတ်၍ ပြန်ပြောလိုက်သည်။

ယွင်ရှီက အနည်းငယ် ပြုံးလိုက်သည်။

ထိုအတောအတွင်း အခြေတည်ဝိညာဉ်ကျင့်ကြံသူများ မျက်နှာချင်းဆိုင် ကြည့်လိုက်ကြပြီး ဝမ်းသာအားရ ကြွေးကြော်လိုက်ကြသည်။

"ဝမ်အစ်ကိုကြီးကတော့ တကယ်ပဲ! ထူးချွန်တယ်။ အဲ့ဒီပါရမိီီရှင်နဲ့ အဆက်အသွယ် ရှိတာ တကယ်ပဲ ကျွန်တော်တို့အတွက် ကောင်းတယ်။"

"ဝမ်အစ်ကိုကြီးလို ဇယားကျကျ တွေးတောတတ်တာကို ကျွန်တော်တို့ တကယ် အထင်ကြီးပါတယ်။"

ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်ပြောဆိုကြသည်။

"ဒါဆိုရင် ဒီအစီအစဉ်နဲ့ပဲ သွားကြတာပေါ့!" နတ်ဘုရားအသွင်ပြောင်းအကြီးအကဲက အပြုံးဖြင့် အမိန့်ပေးလိုက်သည်။

ထိုစဉ် လုရီ ချောင်းတစ်ချက်ဟန့်ကာ အနည်းငယ်ပြုံးရင်း တောင်းဆိုလိုက်သည်။

"လူကြီးမင်းတို့၊ ကျွန်တော်တို့လည်း ပင်လယ်မျိုးနွယ် စစ်မြေပြင်ကို သွားဖို့ စီစဉ်ထားပါတယ်။ အစ်ကိုကြီးတို့ စကားပြောတာ ကြားရတာနဲ့

တိမ်ဖြူဂိုဏ်းအဖွဲ့နဲ့ ပူးပေါင်းချင်ပါတယ်။ ကျွန်တော်တို့ နှစ်ယောက်ကို ခေါ်သွားပေးလို့

ရမလား။"

အခန်း ၃၇၈ - ပင်လယ်မျိုးနွယ် သတ်ဖြတ်ခြင်း အလုပ်အတွက် ဆုလာဘ်...

~လုရီ ရုတ်တရက် စကားစလိုက်သဖြင့် နတ်ဘုရားအသွင်ပြောင်းအကြီးအကဲနှင့် အခြေတည်ဝိညာဉ်ကျင့်ကြံသူများ အားလုံး ကြည့်လာကြ၏။ ထိုအခါ သူတို့၏ မျက်လုံးများတွင် လုရီနှင့် ယွင်ရှီးတို့ကို သတိထားသော အရိပ်အယောင်များ ထင်ဟပ်နေသည်။

လုရီနှင့် ယွင်ရှီတို့သည် ဘေးကင်းသည်ဟု ထင်ရပြီး နှစ်ဦးစလုံး အခြေတည်ဝိညာဉ်နယ်ပယ် ကျင့်ကြံခြင်း အခြေခံများသာ ပြသထားရာ ထူးခြားလွန်းသည့် အရာတစ်ခုမျှ မရှိချေ။

ထိုအခါ ဝမ်အမည်ရှိ နတ်ဘုရားအသွင်ပြောင်းအကြီးအကဲသည် လုရီနှင့် ယွင်ရှီတို့ကို စူးစမ်းကြည့်ရှုပြီးနောက် အပြုံးဖြင့် ငြင်းဆန်လိုက်သည်။

"ကျုပ်တို့ ခဏအကြာမှ ထွက်ခွာမှာဆိုတော့ အခုတော့ ခင်ဗျားတို့ကို ခေါ်သွားဖို့ မဖြစ်နိုင်သေးဘူးထင်ပါတယ်။"

အခြား အခြေတည်ဝိညာဉ်ကျင့်ကြံသူများလည်း ခေါင်းညိတ်ကာ သဘောတူကြ၏။

"တာအိုရောင်းရင်း နှစ်ဦးကို တောင်းပန်ပါတယ်။"

"ဟုတ်ပါတယ်။ ကျုပ်တို့မှာ တခြားကိစ္စတွေလည်း ရှိသေးတယ်။"

လုရီ စိတ်ပျက်အားငယ်သွားသည်။

ဒီလူတွေက ဘာလို့ ဒီလောက်တောင် အလွန်အကျွံ သတိထားရတာလဲ။

ထိုအခါ သူ အပြုံးဖြင့် ဝန်ခံလိုက်သည်။

"တကယ်တော့ စီနီယာ၊ ကျွန်တော်လည်း

တိမ်ဖြူဂိုဏ်းကပါပဲ။ အတွင်းဂိုဏ်း တပည့်ပါ။ လွန်ခဲ့တဲ့ နှစ်တွေက လူစုဆောင်းတုန်းက ကျွန်တော်က တံခါးပိတ် ကျင့်ကြံနေလို့ စီနီယာအစ်ကိုကြီးတို့၊ စီနီယာအစ်မကြီးတို့နဲ့ မပူးပေါင်းလိုက်ရဘူး။ အခု ကျင့်ကြံမှုမှာ အခက်အခဲတွေ့နေလို့ ပင်လယ်မျိုးနွယ် စစ်မြေပြင်ကို အတွေ့အကြုံရှာဖို့ လာခဲ့တာပါ။ ကျွန်တော်တို့ အစ်ကိုကြီး၊ အစ်မကြီးတွေကို လိုက်ရှာဖို့ စီစဉ်ထားတာပါ။ ဒါပေမယ့် ခင်ဗျားတို့ စကားဝိုင်းကို ကြားရတော့ အတူတူ လိုက်သွားဖို့

စဉ်းစားလိုက်တာပါ။"လိုက်တာပါ။"

ထိုစကားကို ကြားသောအခါ ကျင့်ကြံသူအဖွဲ့

တစ်ဖွဲ့လုံး အံ့အားသင့်သွားကြသည်။

နတ်ဘုရားအသွင်ပြောင်းအကြီးအကဲ၏ မျက်နှာတွင် ထူးဆန်းသောအမူအရာ ထင်ဟပ်နေပြီး လုရီကို ကြည့်ကာ မေးတော့သည်။

"မင်းက တိမ်ဖြူဂိုဏ်းက တပည့်လား။"

"ဟုတ်ပါတယ်။ ဒါ ကျွန်တော့် အတွင်းဂိုဏ်းတပည့်တံဆိပ်ပဲ။ မယုံရင် ကြည့်နိုင်ပါတယ်။"

လုရီက ပြောပြောဆိုဆိုနှင့် သူ၏ တံဆိပ်ကို ထုတ်ပြလိုက်လေသည်။

ဒါက ပုံမှန်အားဖြင့် တိမ်ဖြူဂိုဏ်း၏ အတွင်းဂိုဏ်းတပည့်ဖြစ်ကြောင်း ဖော်ပြသည့် သင်္ကေတတစ်ခုဖြစ်ပြီး ဂိုဏ်းမှတ်တမ်းများကို သိမ်းဆည်းထားသည့် ရတနာတစ်ခုလည်း ဖြစ်သည်။

သို့သော် လုရီ နာမည်ကြီးလာပြီးနောက် တိမ်ဖြူဂိုဏ်း၏ အရင်းအမြစ်များကို သူ အလွယ်တကူ အသုံးပြုနိုင်ခဲ့ပြီး ဂိုဏ်းအတွင်းမှာလည်း သူ့ကို

မသိသူမရှိတော့ပေ။ ထို့ကြောင့် သူ၏ တံဆိပ်သည် အသုံးမဝင်ဘဲ ထောင့်တစ်နေရာတွင် ဖုန်တင်နေခဲ့ရသည်။

ကံကောင်းစွာဖြင့် သူ မစွန့်ပစ်ခဲ့မိခဲ့ပေ။

လုရီ၏ အတွင်းဂိုဏ်း တပည့်တံဆိပ်ကို မြင်သောအခါ နတ်ဘုရားအသွင်ပြောင်း အကြီးအကဲနှင့် အခြေတည်ဝိညာဉ် ကျင့်ကြံသူအချို့ စစ်ဆေးကြည့်ရှုကြသည်။

နတ်ဘုရားအသွင်ပြောင်းအကြီးအကဲ၏ မျက်နှာတွင် အံ့အားသင့်ဟန် ထင်ဟပ်နေသည်။

"တိမ်ဖြူဂိုဏ်းရဲ့ အတွင်းဂိုဏ်းတပည့်တံဆိပ်တွေကို ကျုပ် မြင်ဖူးပါတယ်။ ဒါ အစစ်အမှန်ပဲ။"

ထိုအခါ နတ်ဘုရားအသွင်ပြောင်းအကြီးအကဲသည် နွေးထွေးသောအပြုံးကို ပြသလိုက်သည်။

"ဒါဆို မင်းက တိမ်ဖြူဂိုဏ်းကပဲ။ ဟုတ်ပါတယ်။ ကျုပ်တို့ နန်းကုန်းမိုယွီနဲ့ တခြား တာအိုရောင်းရင်းတွေကို တွေ့ဖို့ ရည်ရွယ်ထားတာပါ။ နောက်မှ ထွက်ဖို့ စီစဉ်ထားတာပါ။ ဒါပေမယ့် အခု တာအိုရောင်းရင်းနှစ်ဦး ရှိနေပြီဆိုတော့ အရေးမကြီးတဲ့ ကိစ္စတွေကို နောက်ဆုတ်ပြီး ကြိုတင်ထွက်ခွာလို့ ရပြီ။"

"ဝမ်တာအိုရောင်းရင်း ပြောတာ မှန်ပါတယ်။ ကျွန်တော်တို့ စောစော ထွက်နိုင်တယ်။"

ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်ပြောဆိုကြရာ သူတို့၏ မျက်နှာများတွင် အပြုံးများ ဝေဆာနေသည်။

လုရီ အတော်လေး ထူးဆန်းသွားပြန်သည်။

ဒီလူတွေရဲ့ မျက်နှာတွေက တော်တော် မြန်မြန်ပြောင်းတတ်တာပဲ။

သို့သော် သူက သိပ်ဂရုမစိုက်ပါ။

ပြင်ပလောကတွင် အလွန်အကျွံ သတိထားခြင်းကသာ အသက်ကို ဆွဲဆန့်စေနိုင်သည် မဟုတ်လား။

သူတို့၏ ယခင်က သတိကြီးစွာထားတတ်မှုကို ထည့်သွင်းစဉ်းစားပါက ဤမျှ သတိထားခြင်းသည် ပုံမှန်ပင်။

လုရီလည်း အပြုံးဖြင့် ခွန်းတုံ့ပြန်သည်။

"ဒါဆိုရင်တော့ မကြာခင် ထွက်လို့ ရပါပြီ။ ကျွန်တော့် စီနီယာအစ်ကိုကြီး၊ အစ်မကြီးတွေကို

မတွေ့တာ ကြာပြီမို့ လွမ်းနေပါပြီ။"

"ပြဿနာ မရှိပါဘူး!" နတ်ဘုရားအသွင်ပြောင်းအကြီးအကဲက အပြုံးဖြင့် ကြွေးကြော်လိုက်သည်။ "သူတို့ ဘယ်နေရာမှာ ရှိတယ်ဆိုတာ ကျုပ် သိတယ်။ ချက်ချင်း ထွက်ခွာကြတာပေါ့! ဪ၊ ဒါနဲ့ မင်းရဲ့ နာမည်ကို သိပါရစေဦး၊

တာအိုရောင်းရင်း။"

လုရီ ပြုံးလိုက်သည်။

"ကျွန်တော့်နာမည်က လီယွင်ပါ။"

"ဒါဆို တာအိုရောင်းရင်း လီယွင်ပါလား! ခင်ဗျားကို အစောကတည်းက လေးစားနေတာပါ!"

ကျင့်ကြံသူများ တစ်ဦးစီက အလွန်ယဉ်ကျေးကြသည်။

အစားအသောက်ပြီးစီးသည်နှင့် အဖွဲ့လိုက် ထိုင်ခုံမှ ထကာ ရှေးဟောင်းမြို့တော်မှ ထွက်ခွာပြီး တိမ်ဖြူဂိုဏ်းတပည့်များ ရှိရာသို့ ဦးတည်သွားကြတော့သည်။

လမ်းတစ်လျှောက်လုံး စကားပြောကြ၏။ ဦးဆောင်သူ နတ်ဘုရားအသွင်ပြောင်းကျင့်ကြံသူ၏ နာမည်မှာ ဝမ်ပေဖုန်းဖြစ်ပြီး သူတို့အားလုံး လင်းပြည်နယ်မှ လာကြသူများ ဖြစ်သည်။ လင်းပြည်နယ်သည် ချင်းကျိုးအနီးရှိ အဓိကပြည်နယ်ကြီးများထဲမှ တစ်ခု ဖြစ်၏။

အခြား အခြေတည်ဝိညာဉ်ကျင့်ကြံသူများမှာ အရှေ့နယ်မြေရှိ အခြားသော အဓိကပြည်နယ်ကြီးများမှ ဖြစ်ကြပြီး နှစ်ပေါင်းများစွာအတွင်း တွေ့ဆုံမှုများမှတစ်ဆင့် တာအိုရောင်းရင်းများ ဖြစ်လာကြခြင်းပင်။

နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူတစ်ဦးနှင့် တကိုယ်တော် ကျင့်ကြံသူ တစ်ဦးဖြစ်သည့်

ဝမ်ပေဖုန်းသည် အတော်လေး ပါးရည်နပ်ရည်ရှိပြီး ဆက်ဆံရေး ကွန်ရက် ကျယ်ပြန့်လှသည်။

လင်းပြည်နယ်နှင့် အနီးနားရှိ အဓိကပြည်နယ်အချို့ကို မကြာခဏ သွားလာလှုပ်ရှားတတ်ပြီး ချင်းကျိုးတွင်လည်း အချိန်အတော်ကြာ နေထိုင်ခဲ့ဖူးသည်။

ထိုအခါ ဝမ်ပေဖုန်းသည် ချင်းကျိုးတွင် ယခင်က ဖြစ်ပွားခဲ့သော ကြီးမားသည့် စစ်ပွဲအကြောင်းကို သဘာဝအတိုင်း သိရှိထားပြီး ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ရင်းနှီး၏။ ထို့ကြောင့်လည်း တိမ်ဖြူဂိုဏ်းနှင့် လုရီအပေါ်တွင် ထိုမျှ ပြင်းထန်သော စွဲမှတ်မှု ရှိနေခြင်းပင်။

အနားယူနေစဉ်အတွင်း ဝမ်ပေဖုန်းက ရှင်းပြလေသည်။

"ချင်းကျိုး အင်မော်တယ်မျိုးစေ့လို့ သူ့ကို အရှေ့တောအုပ် အပျက်အစီးမှာ နာမည်နည်းနည်းရကတည်းက ကြားဖူးတာ။ သူ့ရဲ့ တိုးတက်မှုကို

အမြဲ စောင့်ကြည့်နေခဲ့တယ်လို့ ပြောလို့ ရတာပေါ့။ ဒါတောင်မှ သူ ဒီလောက် မြန်မြန် သန်မာလာလိမ့်မယ်လို့ ကျုပ် ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။"

"ဝမ်တာအိုရောင်းရင်း၊ အဲ့ဒီတုန်းကတည်းက

လုရီကို စောင့်ကြည့်ခဲ့တာလား။ သူ အစပိုင်းတုန်းက ဒီလောက် အားမကောင်းဘူး မဟုတ်လား။" ရိုးရိုးအေးအေး မျက်နှာပေါက်ရှိသော အလယ်အလတ်အရွယ် အမျိုးသမီးက မေးမြန်းလိုက်သည်။

သူမ၏နာမည်မှာ လင်ယွဲ့ ဖြစ်ပြီး ချင်းကျိုးနှင့် အလှမ်းဝေးသော အခြားပြည်နယ်ကြီးတစ်ခုမှ လာခြင်းပင်။

ထိုအခါ ဝမ်ပေဖုန်းသည် အတိတ်ကို ပြန်လည်သတိရဟန်ဖြင့် ပြန်ဖြေသည်။ "ဟုတ်ပါတယ်။ အင်မော်တယ်မျိုးစေ့က အဲ့ဒီတုန်းက အခြေခံ အုတ်မြစ်တည်ဆောက်ခြင်း နယ်ပယ်ပဲ ရှိဦးမယ် ထင်တယ်။ သိပ်အားမကောင်းဘူး။ သူ့အကြောင်းကို ကြားရတာကတော့ သူ အရှေ့တောအုပ် အပျက်အစီးမှာ တကိုယ်တော်ကျင့်ကြံသူအချို့ကို ကယ်တင်ခဲ့လို့ပဲ။ အဲ့ဒီထဲမှာ ကျုပ် မိတ်ဆွေကောင်းတစ်ယောက်ရဲ့ မျိုးဆက်လည်း ပါတယ် လေ။ ဒါကြောင့် ကြားသိခဲ့ရတာပေါ့။ အစပိုင်းတော့ သိပ်ဂရုမစိုက်ခဲ့ဘူး။ ဒါပေမဲ့ နှစ်အနည်းငယ်အတွင်းမှာပဲ အင်မော်တယ်မျိုးစေ့က အံ့အားသင့်စရာကောင်းလောက်အောင် ရွှေအူတိုင်နယ်ပယ်ကို အဆင့်ချိုးဖြတ်သွားပြီး အဲ့ဒီကနေ တဟုန်ထိုး တိုးတက်လာခဲ့တာ။ အခုဆို အရမ်းနာမည်ကြီးနေပြီ။ အခု ရာစုနှစ်နည်းနည်းပဲ ကြာသေးတာ၊ လွန်ခဲ့တဲ့ နှစ်နှစ်က ကောင်းကင်ကပ်ဘေးကို ကျော်လွှားခဲ့တယ်လို့ ကြားရတယ်။ အခုဆိုရင် ဟင်းလင်းပြင်ဥမင်အဆင့် ရောက်နေ လောက်ပါပြီ"

ထိုကြေညာချက်ကြောင့် ကျန်လူများ အံ့အားသင့်ကာ တစ်ကိုယ်လုံး တုန်ရီသွားကြသည်။

"ရာစုနှစ်တစ်ခုအတွင်း အခြေခံ အုတ်မြစ်တည်ဆောက်ခြင်း နယ်ပယ်ကနေ ဟင်းလင်းပြင်ဥမင်နယ်ပယ်အထိ ရောက်သွားတာလား"

"ဒါကြောင့်ပဲ အင်မော်တယ်တွေတောင် သူ့ကို ချီးကျူးတာ မဆန်းပါဘူး။"

ထိုအခါ ..

"ဒါနဲ့ တာအိုရောင်းရင်း လီ၊ မင်းက တိမ်ဖြူဂိုဏ်းက မဟုတ်ဘူးလား။ လုရီနဲ့ တွေ့ဖူးလား။ ကောလာဟလတွေ ပြောသလို သူ အဲ့လောက် အစွမ်းထက်လား။" ဟု လှပသော အရွယ်ရောက်ပြီး အမျိုးသမီးတစ်ဦးက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလာလေသည်။

အခြားသူများလည်း လုရီထံ အကြည့်များစုပြုံရောက်ရှိလာကြ၏။

ထိုအခါ လုရီ သေချာစွာ ချောင်းတစ်ချက် ဟန့်ကာ မှင်သေသေ ပြောဆိုလိုက်လေ၏။

"လုအစ်ကိုကြီးကတော့ တကယ်ပဲ ထူးကဲတဲ့ စွမ်းအင်နဲ့ အရည်အချင်း မြင့်မားပါတယ်။ သူက အရမ်းလည်း ချောမောခန့်ညားပြီး ကောင်းကင်ဘုံကနေ ဆင်းသက်လာတဲ့ အင်မော်တယ်တစ်ပါးလိုပါပဲ။"

All Chapters