← Chapters

အခန်း (၃၇၉-၃၈၁)

Vol. 26 Ch. 379-381

အခန်း (၃၇၉-၃၈၁)

Vol. 26 Ch. 379-381

အခန်း ၃၇၉ - ပင်လယ်မျိုးနွယ် သတ်ဖြတ်ခြင်း အလုပ်အတွက် ဆုလာဘ် ...

~ထိုစဉ် ယွင်ရှီးသည် နီစွေးသော နှုတ်ခမ်းထောင့်စွန်းများကို အနည်းငယ် ကော့ညွှတ်ကာ ရယ်မောဟန်ဖြင့် လုရီထံသို့ လျှို့ဝှက် အသံ ထုတ်လွှတ်၍ ပြောဆိုလိုက်သည်။

"လုရီ..ကိုယ့်ကိုယ်ကိုယ်..အဲ့လို ချီးကျူးတာ

ဘယ်သူများ ရှိဖူးလို့လဲဟယ်။"

ထိုအခါ လုရီက လျှို့ဝှက် အသံ ဆက်သွယ်ကာ ပြန်လည် ခွန်းတုံ့ပြန်လေသည်။

"ဟဲဟဲ..ငါ မှန်တာ ပြောတာပဲ မဟုတ်ဘူးလား။"

တစ်ခဏတာမျှ ယွင်ရှီး တိတ်ဆိတ်သွား၏။

လုရီ ပြောသည်မှာ အမှန်တကယ်ပင် ဖြစ်၍ သူမ ငြင်းဆန်နိုင်ခြင်း မရှိချေ။

ထိုအခိုက်အတန့်တွင် လုရီ၏ စကားကို ကြားလိုက်ရသူတိုင်း အံ့အားသင့်မှုက ပို၍ပင် တိုးလာတော့သည်။

လမ်းတစ်လျှောက်လုံး သူတို့၏ ခရီးမှာ ရပ်တန့်လိုက်၊ ဆက်သွားလိုက်ဖြင့် ဖြစ်နေ၏။

လုရီနှင့် ယွင်ရှီးထက် နှေးကွေးသည်ဟု ဆိုနိုင်သော်လည်း အခြေတည်ဝိညာဉ် ကျင့်ကြံသူများ ဖြစ်ကြသောကြောင့် သိပ်တော့ မနှေးကွေးကြပေ။

လုရီနှင့် ယွင်ရှီးတို့မှာလည်း စောစော သွားလိုစိတ် မရှိကြသောကြောင့် အခြားသူတို့၏ အရှိန်အတိုင်း ဆက်လက်လိုက်ပါသွားကြသည်။

ရက် နှစ်ဆယ်ကျော် ကြာပြီးနောက် နောက်ဆုံးတွင် သူတို့သည် ပင်လယ်မျိုးနွယ် စစ်မြေပြင်၏ အစွန်အဖျားသို့ ရောက်ရှိသွားကြလေသည်။

ပင်လယ်မျိုးနွယ် စစ်မြေပြင်သို့ ရောက်သောအခါ လုရီ မြင်လိုက်ရသည်မှာ သူတို့ ဖြတ်သန်းလာခဲ့သော နေရာများတွင် သက်ရှိဟူ၍ လုံးဝမရှိတော့ခြင်းပင်။ ရှေးဟောင်းမြို့ကြီးများစွာ ပျက်စီး၍ အပျက်အစီးများသာ ကျန်ရစ်ခဲ့ပြီး၊ မြို့ငယ်လေးများစွာလည်း လုံးဝ ပြာပုံဖြစ်သွားခဲ့တော့သည်။

လေထုတစ်ခုလုံးတွင် ဝမ်းနည်းဖွယ် ကောင်းလှသည့် အငွေ့အသက်များနှင့် ဖိစီးမှုတို့ လွှမ်းခြုံနေ၏။

ဝမ်ပေဖုန်းက ထက်ရှ၍ လေးနက်သော အသံဖြင့် မှာကြားလေသည်။

"ငါတို့ အခု ပင်လယ်မျိုးနွယ် စစ်မြေပြင်ထဲ ရောက်နေပြီ။ ဒါကြောင့် လူတိုင်း နည်းနည်းတော့ သတိထားကြရမယ်။"

အခြားကျင့်ကြံသူများလည်း တညီတညာတည်း ခေါင်းညိတ်ကာ သဘောတူကြ၏။

လုရီနှင့် ယွင်ရှီးပင် ယခင်ကထက် ပိုမို တည်ကြည် လေးနက်လာတော့သည်။

"တိမ်ဖြူဂိုဏ်းက ကျင့်ကြံသူတွေ မကြာခဏ ပေါ်လာတတ်တဲ့ ဖေးယွင်ချောင်းကနေ သုံးရက်ခရီးလောက်ပဲ ဝေးတော့တယ်။"

ဝမ်ပေဖုန်းက သတိပေးလေသည်။

"သူတို့နဲ့ မဆုံခင်အထိတော့ သတိထားကြ။ မလိုအပ်တဲ့ ပြဿနာတွေ မဖြစ်အောင်လည်း ကြိုးစားကြရအောင်။"

ဤစကားကို ကြားသောအခါ ကျင့်ကြံသူအားလုံး ခေါင်းညိတ်ကာ နားလည်ကြ၏။

အဖွဲ့သည် ခရီးဆက်ခဲ့ကြရာ မကြာမီ လုရီ၏ ခန့်ညားသော မျက်ခုံး ထူထူများ ပင့်တက်သွားတော့သည်။ ညာဘက်သို့ ကြည့်လိုက်ရာ အားပြင်းသော အရှိန်အဝါ အချို့ကို သူ အာရုံခံမိသည်။ ၎င်းတို့သည် သာမန်ကျင့်ကြံသူတို့၏ အရှိန်အဝါနှင့် ကွဲပြားခြားနားလှရာ ပင်လယ်မျိုးနွယ် ကျင့်ကြံသူများ ဖြစ်ဟန်တူ၏။

ယွင်ရှီးလည်း အာရုံခံမိသဖြင့် ထိုဘက်သို့ လှမ်းကြည့်လိုက်သည်။

ခဏကြာပြီးနောက် ဝမ်ပေဖုန်းနှင့် ကျန် အခြေတည်ဝိညာဉ် ကျင့်ကြံသူများလည်း သတိပြုမိလာကြတော့သည်။

ကျင့်ကြံသူအားလုံး တုန်လှုပ်သွားကြပြီး ထိုတည်ရှိမှုများရှိရာ ဘက်သို့ ကြည့်လိုက်ကြသည်။

"အဲ့ဒီ အရှိန်အဝါက... ပင်လယ်မျိုးနွယ်ဆီကလား။" လူငယ်တစ်ဦးက မေးမြန်းလိုက်သည်။

"ငါတို့ သွားကြည့်သင့်လား။"

လင်မင် အမည်ရှိ ဤလူငယ်သည် အသက် သုံးရာကျော်မျှသာ ရှိသေးသော်လည်း အခြေတည်ဝိညာဉ်နယ်ပယ်သို့ ရောက်နေပြီ ဖြစ်ရာ ဂိုဏ်း၏ အကူအညီ မရှိဘဲပင် အရည်အချင်း ရှိသော ပါရမီရှင် တစ်ဦး ဖြစ်ကြောင်း ထင်ရှားလှ၏။

လင်မင်သာ ဂိုဏ်းတစ်ခုခုသို့ ဝင်ရောက်မည်ဆိုလျှင် သူ၏ အရည်အချင်းသည် တိမ်ဖြူဂိုဏ်းရှိ နန်းကုန်းမိုယွီ၊ ရှယ်ထျန်းမင်နှင့် ဝမ်ထျန်းကျွင်းတို့ကဲ့သို့ ထိပ်တန်း ပါရမီရှင်များနှင့်ပင်

သိပ်မကွာခြားတော့ပေ။

ဤစကားကို ကြားသောအခါ လူတိုင်း ဝမ်ပေဖုန်းကို ကြည့်လိုက်ကြသည်။

ခဏတာ အတွေးနက်နေပြီးနောက် ဝမ်ပေဖုန်း ခွန်းတုံ့ပြန်လေသည်။ "အခြေတည်ဝိညာဉ်လေးယောက်ပဲ ရှိတာမလား... သွားကြည့်ကြတာပေါ့။ ပြဿနာတော့ မရှိလောက်ပါဘူး။ ပြီးမှ ဘာဆက်လုပ်ရမလဲ ဆုံးဖြတ်ကြတာပေါ့။"

ဤစကားကို ကြားသောအခါ လူတိုင်း ခေါင်းညိတ်ကြကုန်၏။

သူတို့ ထိုအရပ်သို့ လေဟုန်ခွင်း၍ ပျံသန်းသွားကြတော့သည်။

မကြာမီပင် အဖွဲ့သည် ထိုအရှိန်အဝါများ၏ မူလနေရာသို့ ရောက်ရှိလာ၏။ ထိုနေရာသည် သစ်တောထူထပ်သော ချိုင့်ဝှမ်းတစ်ခုဖြစ်ပြီး ချိုင့်ဝှမ်းအတွင်း၌ သစ်သားနှင့် မြက်မိုးထားသော ရိုးရှင်းသည့် တဲအိမ်လေးများဖြင့် ဖွဲ့စည်းထားသော ရွာငယ်လေးတစ်ရွာ ရှိနေသည်။

အခြေတည်ဝိညာဉ်နယ်ပယ်ရှိ လူလေးယောက် လေထဲတွင် ဝဲပျံနေကြပြီး၊ ခေါင်းဆောင်ဖြစ်သူ၏ ရှေ့တွင် အသက်ကြီးကြီးလူတစ်ဦး လွင့်မျောနေ၏။

အဆိုပါ အသက်ကြီးကြီးလူ၏ မျက်နှာမှာ ဖြူဖျော့နေပြီး ရုန်းကန်နေရသည်မှာ မရပ်မနားပင်။

ထိုလူလေးယောက်က ကျယ်လောင်စွာ ရယ်မောနေကြသည်။ အသက်ကြီးကြီးလူ၏ တုံ့ပြန်မှုကြောင့် အလွန်ပင် ကျေနပ်နေပုံရ၏။

သူတို့အောက်ဘက်တွင် သာမန်လူသားများစွာသည် ကောင်းကင်မှ ထိုလူလေးယောက်ကို ကြောက်လန့်တကြား မျက်နှာများဖြင့် ကြည့်နေကြသည်။

မလှမ်းမကမ်းတွင် အလောင်းအချို့နှင့် သွေးများ မြေပြင်တွင် ပြန့်ကျဲနေသည်ကို တွေ့ရ၏။

"ဟားဟားဟား၊ ဒီပုရွက်ဆိတ်တွေရဲ့ အော်သံလောက် ကောင်းတာ မရှိတော့ဘူး!" ဦးဆောင်သူ အမျိုးသားက ပျော်ရွှင်စွာ ကြွေးကြော်ပြီး ရုတ်တရက် ဆုပ်နယ်လိုက်ရာ အသက်ကြီးကြီးလူ၏ ကိုယ်ခန္ဓာမှ ကျိုးပဲ့သံများ ထွက်ပေါ်လာပြီး ဝေဒနာကို မအောင့်နိုင်တော့ဘဲ နာကျင်စွာ အော်ဟစ်လိုက်ရ၏။

ဤသည်က အောက်မှ သာမန်လူများထံမှ ဒေါသနှင့် ကြောက်ရွံ့မှုများ ပြည့်နှက်နေသော ငိုကြွေးသံများကို တအာအာဖြင့် ပေါ်ပေါက်လာစေခဲ့သည်။

လုရီတို့ အဖွဲ့ရောက်လာသောအခါ ဤမြင်ကွင်းကို မြင်လိုက်ရပြီး သူတို့၏ မျက်နှာများ ညှိုးငယ်သွားတော့၏။

လင်မင်၏ မျက်နှာတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေပြီး ပင်လယ်မျိုးနွယ်ကျင့်ကြံသူလေးဦးကို စိမ်းစိမ်းကြည့်ကာ ပြောလိုက်သည်။

"ပင်လယ်မျိုးနွယ် သောက်ကျိုးနည်းတွေ! ငါတို့ အရှေ့ နယ်မြေမှာ လာပြီး ရင်ကိုကော့ ခေါင်းကိုမော့ပြီး ငါတို့ လူသားမျိုးနွယ်ကို အနိုင်ကျင့်ရဲတယ်ပေါ့"

ကျန်သူများလည်း အလားတူ ဒေါသထွက်နေကြ၏။

"ခဏ! မဆင်မခြင် မလုပ်နဲ့!" ဝမ်ပေဖုန်းက သူ့ကို ကပျာကယာ လှမ်း၍ တားလိုက်ပြီး တိုးတိုးလေး မှာကြားလေသည်။

"ပင်လယ်မျိုးနွယ်က အမြဲတမ်း အုပ်စုလိုက် သွားလာတတ်တယ်။ အခု အခြေတည်ဝိညာဉ် ကျင့်ကြံသူ လေးယောက်ပဲ ရှိနေတာဆိုတော့ အနီးအနားမှာ တခြားသူတွေ ရှိရမယ်။ နယ်စပ်စစ်မြေပြင်နဲ့ နီးတာကို ထည့်တွက်ရင် ပင်လယ်မျိုးနွယ် အင်အားစုကြီးတစ်ခု အဓိက စစ်ဆင်ရေး လုပ်နေတာ ဖြစ်နိုင်တယ်။"

ဤစကားကို ကြားသောအခါ လင်ယွဲ့နှင့် ကျန်သူတို့၏ မျက်နှာအမူအရာများ အနည်းငယ် ပြောင်းလဲသွား၏။

အသက်ကြီးကြီးလူမှာ အချိန်အတော်ကြာအောင် ညှင်းပန်းခံထားရသဖြင့် အလွန်အားနည်းနေပြီ ဖြစ်သော်လည်း သူ၏ မျက်နှာတွင် ကြောက်ရွံ့မှုမရှိဘဲ ဒေါသနှင့် မုန်းတီးမှုများသာ ရှိနေသည်။

"ကောင်းကင်က ပင်လယ်မျိုးနွယ်ကို ကျိန်စာတိုက်ပါစေ၊ မင်းတို့ ငါတို့ရဲ့ မိသားစုတွေကို ဖျက်ဆီးခဲ့တယ်။ မင်းတို့ ကောင်းကောင်း သေရမှာ မဟုတ်ဘူး!"

"ကောင်းကောင်း သေရမှာ မဟုတ်ဘူးလား။ ရာစုနှစ်တစ်စုလောက်ပဲ အသက်ရှင်နိုင်တဲ့ သာမန်လူတွေက ငါတို့အတွက် လက်တစ်ဖျစ်တည်းပဲ ရှိသေးတာကို၊ မင်းတို့ သေဖို့ကို ကျိန်ဆဲရဲသေးလား။" ပင်လယ်မျိုးနွယ်မှ လူတစ်ဦးက မဲ့ပြုံးတစ်ချက် ပြုံးကာ လှောင်ရယ်လိုက်သည်။

"မင်းတို့ရဲ့ အရှေ့နယ်မြေက နောက်ဆုံးမှာ ငါတို့ ပင်လယ်မျိုးနွယ်ရဲ့ ပိုင်ဆိုင်မှု ဖြစ်လာလိမ့်မယ်! အဲ့ဒီအချိန်ရောက်ရင် မင်းတို့ လူသားမျိုးနွယ်တွေက ငါတို့ မွေးမြူထားတဲ့ တိရစ္ဆာန်တွေ ဖြစ်လာပြီး ငါတို့ရဲ့ အစာပဲ ဖြစ်လာလိမ့်မယ်။"

ပင်လယ်မျိုးနွယ် ကျင့်ကြံသူက ဖိအားကို ထပ်တိုးလိုက်ရာ အသက်ကြီးကြီးလူ၏ အရိုးများ အသံတစ်မျိုး ထပ်ထွက်လာပြီး သူ ဝေဒနာကို

မအောင့်နိုင်တော့ဘဲ မချိမဆံ့ အော်ဟစ်လိုက်ရသည်။

ပင်လယ်မျိုးနွယ် ကျင့်ကြံသူတို့သည် အသက်ကြီးကြီးလူ၏ အသက်လု ရုန်းကန်နေရပုံကို နှစ်ခြိုက်ဖွယ်ရာ ဇာတ်ပွဲတစ်ပွဲ ကြည့်ရှုနေသည့်အလား သရော်ဟန်ဖြင့် ကြည့်၍နေကြ၏။

ပင်လယ်မျိုးနွယ်တို့၏ မာန်မာနထောင်လွှားသော စကားသံများသည် အဝေးမှ ရှုမြင်နေကြသော ကျင့်ကြံသူအပေါင်းတို့၏ ရင်ထဲမှ ဒေါသမီးကို ဟုန်းခနဲ ပို၍တောက်လောင်စေခဲ့လေသည်။

လင်မင်သည် ဝမ်ပေဖုန်းအား လှမ်းကြည့်လိုက်ပြီးနောက် လေသံမာမာဖြင့် ဆိုလိုက်သည်။

"တာအိုရောင်းရင်းဝမ်၊ ကျွန်တော်တို့ ညီအစ်ကိုတွေဒီလောက်များပြားနေပါရက် အခြေတည် ဝိညာဉ်အဆင့် ကျင့်ကြံသူ လေးယောက်ကလေးကို ကြောက်ရွံ့နေရမှာလား။ သူတို့ကို မိုးကြိုးပစ်သလို လျှပ်တပြက်အတွင်း ချေမှုန်းသုတ်သင်ပြီးထွက်ခွာသွားရင် မရဘူးလား"

ဝမ်ပေဖုန်းသည် ခေတ္တမျှ စဉ်းစားပြီးနောက်

သံန္နိဋ္ဌာန်ချထားသည့် လေသံဖြင့် ပြတ်သားစွာ ဆိုလိုက်သည်။

"ကောင်းပြီလေ။ ဒီလူယုတ်မာတွေကို ဦးစွာ သုတ်သင်ရှင်းလင်းပြီးမှ သွားကြစို့။ ငါတို့သည် ကျင့်ကြံသူများ ဖြစ်သည်။ အင်အားကြီးသူက အင်အားနည်းသူကို အနိုင်ကျင့်နေတာကို မြင်ပါရက် မကူရင် တာအိုကျင့်ကြံသူတို့ရဲ့ ဂုဏ်သိက္ခာကို အဘယ်မှာ သွားထားတော့မှာလဲ။"

သူ့စကားဆုံးသော် အားလုံးက တညီတညွတ်တည်း ထောက်ခံကြလေသည်။

ကျင့်ကြံသူအချို့၏အမြင်တွင် သာမန်လူသားတို့၏အသက်သည် လေထဲလွင့်ပါးသွားသော ဖုန်မှုန့်တစ်စမျှပင် တန်ဖိုးမရှိချေ။

သို့သော်ငြားလည်း ပင်လယ်မျိုးနွယ်တို့၏

မိုးမမြင်လေမမြင် ထောင်လွှားလှသော ဟန်ပန်အမူအရာသည်ကား သူတို့၏ ကိုယ်ကျင့်တရားနှင့် တိုက်ခိုက်ရေးစိတ်ဓာတ်ကို ပြောင်ပြောင်တင်းတင်း စော်ကားလိုက်ခြင်းပင် ဖြစ်တော့သည်။

အခန်း ၃၈၀: ပင်လယ်နွယ်များကို သတ်ဖြတ်ခြင်း အလုပ်အတွက် ဆုလာဘ်...

~စင်စစ်သော်ကား လူသားတို့အပေါ် သနားကြင်နာစိတ်ထားကာ မတရားမှုကို တိုက်ဖျက်ရန် ဓားကို ဆွဲထုတ်လိုသည့် ကျင့်ကြံသူများလည်း ရှိစမြဲပင်။

ထိုစဉ် လုရီ၏ မျက်နှာသွင်ပြင်က အေးဆေးတည်ငြိမ်နေသော်လည်း သူ၏ရင်ထဲတွင်မူ ဒေါသလှိုင်းလုံးများက ရိုက်ခတ်လျှက်ရှိ၏။

ထိုသာမန်လူများသည် သူနှင့် သွေးသားတော်စပ်ခြင်း မရှိသော်ငြားလည်း သူမှာ အားနည်းသူတို့အပေါ် အမြဲစာနာစိတ်ရှိသူ ဖြစ်လေသည်။ သူ၏စွမ်းအင်အာရုံမှာ ထိုပင်လယ်နွယ် ကျင့်ကြံသူလေးဦးထံသို့ အစကတည်းက စူးစိုက်ထားပြီးဖြစ်ရာ ဝမ်ပေဖုန်းနှင့် အဖွဲ့က မလှုပ်ရှားလျှင်ပင် သူကိုယ်တိုင် စတင်ရန် အသင့်ရှိနေသည်။

သို့သော် လုရီကို အံ့အားသင့်စေသည်မှာ တည်ငြိမ်သူတစ်ဦးဟု ထင်ရသည့် ဝမ်ပေဖုန်းက အမှန်တကယ်တွင် သွေးဆူတတ်သူတစ်ဦးဖြစ်ပြီး ရှေ့ထွက်တိုက်ခိုက်ရန် ဆန္ဒပြင်းပြနေခြင်းပင်။

လုရီက တိတ်တဆိတ်ရေရွတ်လိုက်သည်မှာ "ဒီပင်လယ်နွယ် ကျင့်ကြံသူလေးယောက်ကို ငါ သတ်ပစ်ရမယ်" ဟူ၍။

[အလုပ်]

* ပင်လယ်နွယ် ကျင့်ကြံသူလေးဦးကို သတ်ပါ။

* ဆုလာဘ်: နှစ်တစ်ထောင် ဝိညာဉ်ခြင်ဆီအစက် တစ်ရာ၊ ရေတာအို ထိုးထွင်းသိမြင်မှု တိုးတက်လာမည်။

* အလုပ်အား လက်ခံမည်လား- (လက်ခံမည်/

လက်မခံပါ)

ဆုလာဘ်များအား ငေးရင်း လုရီ မျက်ခုံးပင့်လိုက်သည်။

နှစ်တစ်ထောင် ဝိညာဉ်ခြင်ဆီသည် လက်ရှိသူ့အတွက် အသုံးမဝင်တော့သော်လည်း တန်ဖိုးရှိသည့် ပစ္စည်းတစ်ခုဖြစ်၏။ သူ့ကို အမှန်တကယ် အံ့အားသင့်စေသည်မှာ ပင်လယ်နွယ်ကျင့်ကြံသူများကို သတ်ဖြတ်ခြင်းဖြင့် သူ၏ ရေသိုင်းတာအို နားလည်မှုကို တိုးတက်စေနိုင်ခြင်းပင် ဖြစ်သည်။ ၎င်းသည် သတင်းကောင်းတစ်ခု ဖြစ်ပါ၏။

စီနီယာအစ်ကို ကျန်းဖန် ပင်လယ်နွယ်စစ်မြေပြင်သို့ ရောက်လာပြီးနောက်ပိုင်း သူ၏ ရေစိတ်ဆန္ဒနယ်ပယ် နားလည်နိုင်စွမ်းမှာ အချိန်တော်တော်ကြာ တိုးတက်မှု ရပ်တန့်နေခဲ့သည်။

လုရီ... ထိုအလုပ်ကို ချက်ချင်း လက်ခံလိုက်သည်။

ထိုအခိုက်အတန့်တွင် ဝမ်ပေဖုန်းနှင့် အခြားကျင့်ကြံသူများလည်း ဆွေးနွေးမှုပြီးဆုံးသွားကာ ပင်လယ်နွယ် ကျင့်ကြံသူလေးဦးကို အစွမ်းကုန်ဝင်ရောက် တိုက်ခိုက်လိုက်ကြတော့သည်။

"သတ်"

ဝမ်ပေဖုန်း ကိုင်စွဲထားသည်မှာ မှန်ပုံသဏ္ဌာန် လက်နက်ဆန်းတစ်ခု ဖြစ်သည်။

ထိုမှန်အတွင်းမှ အလင်းတန်းတစ်ချက် လင်းထွက်လာကာ ဦးဆောင်သူ ပင်လယ်နွယ် ကျင့်ကြံသူထံသို့ ဒုန်းခနဲ စိုက်ဝင်သွား၏။

လင်မင်နှင့် အခြားသူများလည်း ၎င်းတို့၏ အစွမ်းထက် လက်နက်များနှင့် သိုင်းပညာများကို ထုတ်ဖော်ကာ ကျန်ပင်လယ်နွယ်များကို တိုက်ခိုက်ကြသည်။

ထိုပင်လယ်နွယ် ကျင့်ကြံသူလေးဦးစလုံးမှာ အခြေတည်ဝိညာဉ်အဆင့်တွင်သာ ရှိကြသည်။ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ဦးနှင့် အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူများစွာ၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ရင်ဆိုင်လိုက်ရချိန်တွင် သူတို့၏ မျက်နှာများ ချက်ချင်းအရောင်ပြောင်းသွားတော့သည်။

ဦးဆောင်သူ ပင်လယ်နွယ်ကျင့်ကြံသူမှာ ကျယ်လောင်စွာ အော်ဟစ်ရန်သာ အချိန်ရလိုက်ပြီး မည်သည့် ခုခံမှုမျှ မပြုနိုင်မီ ဝမ်ပေဖုန်း၏ အလင်းတန်းကြောင့် ပြာမှုန်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။

နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ဦးက အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦးအား အလုံးစုံအင်အားသုံး၍ ချောင်းမြောင်းတိုက်ခိုက်ခြင်းမှာ ဂုဏ်သိက္ခာပိုင်းအရ သိပ်မသင့်တော်လှသော်လည်း အလွန်ထိရောက်မှု ရှိလှသည်။ ဝမ်ပေးဖုန်းက ဤအတွက် ရှက်ရွံ့ခြင်းမရှိဘဲ ကျန်ရှိနေသေးသည့် ပင်လယ်နွယ်သုံးဦးကို ဆက်လက်တိုက်ခိုက်လေသည်။

ထိုအချိန်တွင် လုရီကမူ အရိပ်ထဲမှနေ၍ အဘိုးအိုကို ကာကွယ်ပေးထား၏။ အကြောင်းမှာ တိုက်ပွဲမှလွင့်စဉ်လာသော ဝိညာဉ်စွမ်းအင်လှိုင်းများ၏ ရိုက်ခတ်မှုပင်လျှင် သာမန်လူတစ်ဦးကို အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားစေနိုင်သောကြောင့် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် သူက ပင်လယ်နွယ်ကျင့်ကြံသူတစ်ဦးအား အခြေတည်ဝိညာဉ်အဆင့် ဓားအလင်းတန်းတစ်ခုကို ပေါ့ပေါ့ဆဆ ပစ်လွှတ်ကာ တိုက်ပွဲတွင် ပါဝင်လိုက်သေးသည်။

"ခွေးမသား လူသားနွယ်ဝင်တွေ!"

ကျန်ရှိနေသေးသော ပင်လယ်နွယ်သုံးဦးက ဒေါသတကြီး ကြွေးကြော်လိုက်ကြသော်လည်း ထွက်ပြေးရန် အချိန်မရလိုက်မီ ပြင်းထန်စွာ ဒဏ်ရာရသွားကြသည်။

"မြန်မြန် သတင်းပို့ကြ၊ လူသားကျင့်ကြံသူတွေ ရောက်နေပြီ!" လက်ပြတ်နေသည့် ပင်လယ်နွယ်တစ်ဦးက အော်ဟစ်လိုက်သည်။

သွေးများ ပေကျံနေသော နောက်တစ်ဦးက အဆောင်လက်ဖွဲ့ စာရွက်တစ်ခုကို အလျင်စလို ထုတ်ယူလိုက်ပြီး ဝိညာဉ်စွမ်းအင်များ ထည့်သွင်းလိုက်သည်နှင့်တပြိုင်နက် ထိုစာရွက်မှာ လေထဲတွင် ပျောက်ကွယ်သွားတော့သည်။

ထိုမြင်ကွင်းကြောင့် ဝမ်ပေဖုန်းနှင့် အခြားကျင့်ကြံသူတို့၏ မျက်နှာများ အနည်းငယ် ပျက်သွားကြသည်။

"ဒါ ဆက်သွယ်ရေး အဆောင်လက်ဖွဲ့ပဲ။ သူတို့ကို အမြန်ရှင်းပြီးတာနဲ့ ငါတို့ချက်ချင်းထွက်သွားကြမယ်!" ဝမ်ပေဖုန်းက အမိန့်ပေးလိုက်သည်။

သူ၏ မှန်လက်နက်မှ အလင်းတန်းများ ဆက်တိုက်ပစ်လွှတ်ကာ ပင်လယ်နွယ်ကျင့်ကြံသူ သုံးဦးကို ဝန်းရံလိုက်ရာ အော်ဟစ်သံအနည်းငယ်သာ ထွက်ပေါ်လာပြီး မကြာမီ အားလုံးသေဆုံးသွားတော့သည်။

"ပစ္စည်းတွေကို စုဆောင်းကြ၊ ဒီနေရာက ထွက်သွားပြီးမှ ခွဲဝေယူကြမယ်!"

ဝမ်ပေဖုန်းသည် ပင်လယ်နွယ် ကျင့်ကြံသူလေးဦး၏ ပစ္စည်းသိုလှောင်လက်စွပ်များကို ကျွမ်းကျင်စွာ ကောက်ယူလိုက်ရာ လုရီမှာ မိမိကိုယ်ကို အတော်ပင် ရှက်ရွံ့သွားမိသည်။

သူသည် တိုက်ပွဲများအတွင်း ပြိုင်ဘက်တို့၏ သိုလှောင်လက်စွပ်များကို အမြဲလိုလို မတော်တဆ ဖျက်ဆီးမိတတ်ပြီး ယခုထိတိုင် လက်စွပ်အနည်းငယ်မျှသာ ကောက်ယူဖူးလေသည်။ စင်စစ် သူသည် အလွန်အကျွံ ဖြုန်းတီးခဲ့ခြင်းပင်။

"သွားကြစို့!" ဝမ်ပေးဖုန်းက ပြောလိုက်သည်။

"ခဏလေးခင်ဗျား!"

လုရီ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားကာ မလှုပ်မယှက် ရပ်နေဆဲဖြစ်သော သာမန်လူများဘက်သို့ လှည့်ကြည့်လိုက်သည်။

ခဏအကြာကမှ ခန့်ညားစွာ လှုပ်ရှားနေသည့် ပင်လယ်နွယ်လေးဦးမှာ မျက်တောင်တစ်ခတ်အတွင်း သေဆုံးသွားသည်ကို မြင်တွေ့လိုက်ရ၍ ထိုလူများမှာ ကြောင်အမ်းနေကြဆဲပင်။

"သူတို့ ဒီမှာ ဆက်နေရင် ပင်လယ်နွယ်တွေ ထပ်ရောက်လာတဲ့အခါ အားလုံးသေကုန်ကြလိမ့်မယ်။ သူတို့ကို ပိုလုံခြုံတဲ့ နေရာတစ်ခုကို ခေါ်သွားတာ မကောင်းဘူးလားခင်ဗျား" ဟု လုရီကအကြံပြုလိုက်သည်။

ဤစကားကို ကြားသောအခါ ဝမ်ပေဖုန်းနှင့် အဖွဲ့ဝင်များ ရပ်တန့်သွားကြပြီး အချို့မှာ မျက်မှောင်ကြုတ်လိုက်ကြသည်။

"သာမန်လူအနည်းငယ်ကို ငါတို့နဲ့ ခေါ်သွားရင် ဘယ်လောက်ကြာကြာ ကာကွယ်ပေးနိုင်မှာမို့လို့လဲ။"

"ပင်လယ်နွယ်တွေ မကြာခင် ရောက်လာတော့မှာ၊ ဒီလူတွေကို ခေါ်သွားရင် ငါတို့ရဲ့အရှိန်ကို နှေးကွေးစေလိမ့်မယ်။"

"တာအိုရောင်းရင်းလီ၊ မင်းရဲ့ စိတ်ထားကောင်းတာကို ငါတို့ နားလည်ပါတယ်။ ဒါပေမဲ့ သူတို့ကို ဒီအတိုင်းပဲ ထားခဲ့လိုက်ပါ။ သူတို့ကို ငါတို့နဲ့ ခေါ်သွားရင် ပင်လယ်နွယ်တွေ ဖမ်းမိတဲ့အခါ ငါတို့အတွက်ရော သူတို့အတွက်ပါ အန္တရာယ်ပိုများတယ်" ဟု ဝမ်ပေဖုန်းက ရှင်းပြသည်။

လုရီက ပြုံးလိုက်ပြီး "စိုးရိမ်မနေကြပါနဲ့ တာအိုရောင်းရင်းတို့။ သူတို့ကို ကျွန်တော် ကိုယ်တိုင် ဂရုစိုက်နိုင်ပါတယ်" ဟု ခွန်းတုံ့ပြန်လိုက်သည်။

ဤစကားကို ကြားသောအခါ ကျင့်ကြံသူအများအပြား အံ့အားသင့်သွားကြသည်။ အချို့မှာ

မကျေမနပ်ဖြစ်နေသော်လည်း လုရီသည် တိမ်ဖြူဂိုဏ်း၏ တပည့်ဖြစ်သည်ကို ထည့်သွင်းစဉ်းစားကာ မည်သည့်စကားမျှ ထပ်မပြောဘဲ နှုတ်ဆိတ်နေလိုက်ကြသည်။

လုရီ စိတ်ထဲတွင် ဆုံးဖြတ်ချက်ချလိုက်သည်မှာ "ဒီသာမန်လူတွေကို ငါကယ်တင်ရမည်" ဟူ၍။

[အလုပ်]

* သာမန်လူများအား ကယ်တင်ပါ။

* ဆုလာဘ်: ပြီးပြည့်စုံအဆင့် ချီသန့့်စင်ဆေးလုံး အလုံးနှစ်ဆယ်။

* အလုပ်အား လက်ခံမည်လား- (လက်ခံမည်/လက်မခံပါ)

လုရီ: "..."

ပြီးပြည့်စုံအဆင့် ချီသန့်စင်ဆေးလုံး ဟုတ်လား။

ဒီလိုဆုလာဘ်မျိုး မရတာ ဘယ်လောက်ကြာပြီလဲ။

သူက အခု ဟင်းလင်းပြင်ဥမင်အဆင့် ရောက်နေပြီဖြစ်ကာ ဒီလိုဆုလာဘ်မျိုးက သူ့အတွက် ဘာအသုံးဝင်တော့မှာလဲ။

လုရီ စကားမပြောနိုင် ဖြစ်သွားသော်လည်း အလုပ်ကို လက်ခံလိုက်သည်။ ဆုလာဘ်မှာ

မပြောပလောက်သော်လည်း သူသည် အလုပ် ကြောင့်သက်သက် ကယ်တင်ခြင်း မဟုတ်ပေ။

မိမိမျက်စိရှေ့တွင် မြင်တွေ့ခဲ့ရပြီး ကူညီနိုင်စွမ်းလည်းရှိသောကြောင့် လုရီသည် အခြားသူများကို ကူညီရန် ဆန္ဒရှိခြင်းသာ ဖြစ်သည်။

ဟုတ်သည်။ သူ့ကိုယ်ပိုင်လုံခြုံရေးကို အန္တရာယ်ဖြစ်စေမည်ဆိုလျှင်မူ သူ ထိုသို့ လုပ်ဆောင်မည် မဟုတ်ပေ။

လုရီ လက်လှမ်းလိုက်ရာ အောက်ဖက်ရှိ သာမန်လူများအားလုံး လေထဲသို့ မြောက်တက်လာကြပြီး သူ့ပတ်လည်တွင် ရွှေရောင်ဝိညာဉ်အလင်းတန်းများက ဝန်းရံကာကွယ်ပေးထားသည်။ ဤပြကွက်သည် ဝမ်ပေဖုန်း အပါအဝင် ကျန်ကျင့်ကြံသူအားလုံး၏ မျက်နှာသွင်ပြင်ကို ပြောင်းလဲသွားစေ၏။

ဤသည်မှာ ဝိညာဉ်စွမ်းအင်ကို အလွန်အမင်း ထိန်းချုပ်နိုင်စွမ်း ရှိကြောင်း ပြသနေခြင်းပင်။

ဝမ်ပေဖုန်းကိုယ်တိုင်ပင် ဤသို့လုပ်ဆောင်ရန် ခက်ခဲလိမ့်မည် ဖြစ်ရာ အားလုံးအံ့အားသင့်သွားကြသည်မှာ သဘာဝကျပါသည်။

သာမန်လူများမှာ ထိတ်လန့်တကြားဖြစ်နေကြရာ လုရီက ပြုံးလျက် နှစ်သိမ့်သည်။

"မစိုးရိမ်ကြပါနဲ့၊ ပင်လယ်နွယ်တွေ မကြာခင် ရောက်လာတော့မှာမို့ ခင်ဗျားတို့ကို ဒီနေရာကနေ ကျွန်တော် ခေါ်သွားပေးပါ့မယ်။ ဒါနဲ့ လူစုံကြရဲ့လား"

ထိုအခါမှ သက်ပြင်းချကာ စိတ်သက်သာရာ ရသွားကြသည့် သာမန်လူများထဲမှ သန်မာထွားကြိုင်းသည့် အမျိုးသားတစ်ဦးက "ဟုတ်ကဲ့ လူစုံပါတယ် အင်မော်တယ်လေး။ အင်မော်တယ်လေးကို ကျေးဇူးတင်ပါတယ်!" ဟု လှိုက်လှဲစွာ ပြောဆိုလာသည်။

လုရီက ပြုံးကာ ငြင်းဆိုလိုက်သည်။

"ကျေးဇူးတင်စရာ မလိုပါဘူး၊ ဒါက အသေးအဖွဲ ကိစ္စလေးပါ"

"သွားကြစို့။" ဝမ်ပေဖုန်းက သာမန်လူများကို တစ်ချက်ကြည့်ပြီးနောက် မည်သည့်စကားမျှ ထပ်

မဆိုဘဲ ခရီးဆက်ရန်သာ ပြောသည်။

အခြားကျင့်ကြံသူများလည်း လုရီအား စူးစမ်းသော အကြည့်များဖြင့် ကြည့်ရှုနေကြပြီး သူ၏ လုပ်ရပ်ကို နားမလည်နိုင် ဖြစ်နေကြဟန်တူသည်။

သာမန်လူတို့သည် အသက်တစ်ရာမျှသာ ရှင်သန်နိုင်ကြပြီး အခြေတည်ဝိညာဉ်အဆင့်သို့ ရောက်ရှိပြီးသည့် ကျင့်ကြံသူများအတွက်မူ ၎င်းတို့သည် မြူမှုန်မျှသာ ဖြစ်သည်။ နှစ်ဦးနှစ်ဖက်သည် အသက်ရှင်သန်မှု အဆင့်အတန်းချင်းပင် မတူညီကြပေ။ သို့ဖြစ်ပါလျက် လုရီက ၎င်းတို့ကို ကယ်တင်ရန် ကြိုးပမ်းလိမ့်မည်ဟု မည်သူကမျှ မမျှော်လင့်ခဲ့ကြပေ။

လုရီကမူ သာမန်လူဘဝမှ လက်ရှိအဆင့်သို့ တစ်ဆင့်ပြီးတစ်ဆင့် ကျင့်ကြံလာခဲ့သူ ဖြစ်သည်။ သူသည် သူလုပ်သင့်သည်ဟု ထင်မြင်သောအရာကို လုပ်ဆောင်ကာ မိမိ၏နှလုံးသားကိုသာ လိုက်နာခြင်းပင်။

အဖွဲ့သားများ အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားကာ အဝေးသို့ ထွက်ခွာသွားကြတော့သည်။ သို့သော် ကီလိုမီတာ ရာချီမျှသာ ထွက်ခွာပြီးသည်နှင့် ၎င်းတို့နောက်မှ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းတစ်ခု လိုက်ပါလာသည်ကို ခံစားမိလိုက်ကြသည်။

ထိုအခါ ဝမ်ပေဖုန်းနှင့် အဖွဲ့ဝင်များ၏ မျက်နှာ

သွင်ပြင်များ သိသိသာသာ အရုပ်ဆိုးသွားတော့သည်။

"ဒီစွမ်းအင်က... ဟင်းလင်းပြင်ဥမင်အဆင့်! ဟင်းလင်းပြင်ဥမင်အဆင့် ပင်လယ်နွယ်ပဲ!"

အခန်း ၃၈၁- အချိန်တာအို ပါဝင်ခြင်း...

~"ဒုက္ခပဲ! ဒီပင်လယ်နွယ် အုပ်စုထဲမှာ ဟင်းလင်းပြင်ဥမင်အဆင့် ကျင့်ကြံသူ ပါလာတယ်တဲ့လား! ပြီးတော့ သူတို့ ဒီလောက်မြန်မြန် ရောက်လာရသလား!" လင်မင်၏ ရင်ထဲတွင် ကြောက်ရွံ့မှုများ လွှမ်းခြုံသွားသည်။

ထိုစဉ်မှာပင် ကြောက်မက်ဖွယ်ရာ စွမ်းအင်နှစ်ခု ထပ်မံ ပေါ်ပေါက်လာပြီး သူတို့၏ စိတ်နှလုံးထဲသို့ ချောက်ကမ်းပါးကဲ့သို့ နက်ရှိုင်းသော ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေသည်။

နှစ်ဦးစလုံး ဟင်းလင်းပြင်ဥမင်အဆင့်မှာပင်။

"နောက်ထပ် နှစ်ယောက်! ဒီလို သေးငယ်တဲ့ နယ်မြေလေးမှာ ဟင်းလင်းပြင်ဥမင်အဆင့် ပင်လယ်နွယ်သုံးဦးတောင် ရှိနေရသလား!"

ဝမ်ပေဖုန်း၏ မျက်နှာမှာ ဖျော့တော့သွားသည်။

လင်ယွဲ့ကလည်း မျက်မှောင်ကြုတ်လျက်သုံးသပ်လိုက်သည်။

"ဒီပင်လယ်နွယ် အုပ်စုမှာ သေချာပေါက် ပူးပေါင်းကြံစည်မှု တစ်ခုခု ရှိနေရမယ်။ မဟုတ်ရင် ဒီလိုနေရာမှာ ဟင်းလင်းပြင်ဥမင် အဆင့် ကျင့်ကြံသူတွေ အများကြီး ရှိနေစရာ အကြောင်းမရှိဘူး"

ထျန်းမင် တစ်ခုလုံးတွင် ဟင်းလင်းပြင်ဥမင်အဆင့် ရောက်ရှိသူများကို အင်အားကြီးသူများအဖြစ် သတ်မှတ်နိုင်ပြီး အရေအတွက်အားဖြင့် များပြားလှခြင်း မရှိပေ။ ပင်လယ်နွယ်များကြားတွင်ပင် ၎င်းတို့သည် ရှားပါးသော တည်ရှိမှု ဖြစ်သည်။ သို့သော် ယခုအခါ ဤဒေသတွင် သုံးဦးတိတိ ပေါ်ပေါက်လာခြင်းမှာ အလွန်ထူးခြားနေသည်။

"ဒါ ငါတို့ ကိုင်တွယ်နိုင်မယ့် ကိစ္စ မဟုတ်တော့ဘူး။ သူတို့ ငါတို့နဲ့ သိပ်မဝေးတော့ဘူး၊ ငါတို့ကိုသာ ရှာတွေ့သွားရင် ငါတို့အားလုံး ပြီးပြီပဲ!"

ဟု အလယ်အလတ်အရွယ် အမျိုးသားတစ်ဦးက ကြောက်ကြောက်လန့်လန့် ပြောလာသည်။

ဟင်းလင်းပြင်ဥမင်အဆင့် ကျင့်ကြံသူတစ်ဦးအတွက် ကီလိုမီတာ ရာချီအကွာအဝေးမှာ အနီးကပ်အကွာအဝေးတစ်ခုသာ ဖြစ်သည်။

သူတို့၏ တည်နေရာကိုသာ အာရုံခံမိပါက ဖမ်းမိရန်မှာ အချိန်တိုအတွင်းသာ ဖြစ်သည်။

ထင်မှတ်မထားစွာပင် အလွန်အမင်း အင်အားကြီးမားသော တည်ရှိမှုတစ်ခုသည် သူတို့ဘက်သို့ လျင်မြန်စွာ ဦးတည်ရွေ့လျားလာတော့သည်။

ဝမ်ပေးဖုန်းနှင့် အဖွဲ့ဝင်များ၏ မျက်နှာများမှ သွေးရောင်များပင် ပျောက်ကွယ်သွားသည်။

"ငါတို့ကို ရှာတွေ့သွားပြီ! ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ!"

"လူစု ခွဲပြီးပြေးကြ! ကိုယ့်လမ်းကိုယ် ရှာကြတော့"

အားလုံး ထိတ်လန့်တုန်လှုပ်သွားကြချိန်တွင် ဝါရင့်သူ ဝမ်ပေးဖုန်းက ပထမဆုံး တုံ့ပြန်လိုက်ကာ အော်ဟစ်လိုက်ခြင်းပါ။

ထိုစဉ် အဝေးမှ ကြီးမားသော အနက်ရောင်ပိုက်ကွန်ကြီးတစ်ခု လျင်မြန်စွာ ပြန့်ကားလာပြီး မယုံကြည်နိုင်လောက်အောင် မြန်ဆန်သော အရှိန်ဖြင့် ကီလိုမီတာ ရာချီပတ်လည်ရှိ ကောင်းကင်နှင့် မြေကြီးကို လှောင်အိမ်ကဲ့သို့ ပိတ်ဆို့ကာ အားလုံးကို ဖမ်းဆီးလိုက်တော့သည်။

"ဒါက ရေနက်နဂါးမျိုးနွယ်စုရဲ့ 'ရေနက်ပိုက်ကွန်' ပဲ! သူတို့ရဲ့ ဟင်းလင်းပြင်ဥမင်အဆင့် ကျင့်ကြံသူတွေ ရောက်လာပြီ!"

"ရေနက်ပိုက်ကွန်ဆိုတာ ထွက်ပြေးလို့မရတဲ့ ထောင်ချောက်လိုပဲ ကောင်းကင်နဲ့မြေကြီးကို ပိတ်ဆို့ပြီး ဝိညာဉ်စွမ်းအင်ကို အာရုံခံနိုင်တယ်လို့ ကြားဖူးတယ်။ ငါတို့ လုံးဝ လွတ်လမ်းမရှိတော့ဘူး!"

ကျင့်ကြံသူအများအပြား စိတ်ဓာတ်ကျသွားကြသည်။

ဝမ်ပေဖုန်းက နားမလည်နိုင်စွာဖြင့် ရေရွတ်လိုက်သည်။

"ဘာလို့ ရေနက်နဂါးမျိုးနွယ်စုက ငါတို့ကို ဒီလောက်မြန်မြန် ရှာတွေ့နိုင်ရတာလဲ။ ဟင်းလင်းပြင် ဥမင်အဆင့် ကျင့်ကြံသူတွေတောင် ကီလိုမီတာ ရာချီအဝေးက ကျင့်ကြံသူတွေကို ဒီလောက်ရှင်းရှင်းလင်းလင်း ခံစားမိဖို့ ခက်ခဲသင့်တာပဲ"

ဝမ်ပေဖုန်းလို ဝါရင့်သူတစ်ဦးပင် နားမလည်နိုင်လျှင် အခြားကျင့်ကြံသူများမှာ ပို၍ပင် မျှော်လင့်ချက်ကင်းမဲ့နေကြသည်။

သူတို့၏ မျက်နှာများမှာ စိတ်ပျက်အားငယ်မှုဖြင့် တောင့်တင်းနေ၏။ ဟင်းလင်းပြင်ဥမင်အဆင့် ကျင့်ကြံသူတစ်ဦးက သူတို့ကို ရှာတွေ့သွားပါက ထွက်ပြေးနိုင်ခြေမှာ သုညပင် ဖြစ်သည်။

ကြောက်မက်ဖွယ် စွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာရာ သာမန်လူများမှာ ထိုဖိအားကိုပင် ခုခံနိုင်စွမ်းမရှိဘဲ သမုဒ္ဒရာကဲ့သို့ ကြောက်မက်ဖွယ်တည်ရှိမှု၏ ဖိအားအောက်တွင် အလိုလို တုန်ယင်နေကြသည်။ သူတို့သည် ကျင့်ကြံခြင်းဆိုင်ရာ ကိစ္စများကို နားမလည်ကြသော်လည်း ပြင်းထန်သော ရန်သူရောက်လာပြီဟု သိကြသည်။

ဤအင်မော်တယ်သခင်များပင်လျှင် ထိုရန်သူများကို ယှဉ်နိုင်ခြင်း မရှိပေ။

သာမန်လူများအားလုံး စိတ်ပျက်အားငယ်စွာဖြင့် ၎င်းတို့၏ ကံကြမ္မာမှာ မိမိတို့လက်ထဲတွင် မရှိတော့ကြောင်း နားလည်လိုက်ကြသည်။

ထိုအခြေအနေတွင် လုရီနှင့် ယွင်ရှီးသာ တည်ငြိမ်နေကြပြီး တီးတိုးစကား ပြောဆိုနေကြသည်။

"လုရီ၊ ဘာလို့ ဟင်းလင်းပြင်ဥမင်အဆင့် ကျင့်ကြံသူသုံးဦးတောင် ဒီမှာ ရှိနေရတာလဲ။"

"ငါလည်း မသေချာဘူး ယွင်ရှီး။ ပင်လယ်နွယ်တွေ တစ်ခုခု ကြံစည်နေတာဖြစ်နိုင်တယ်။ နောက်မှ တစ်ယောက်ယောက်ကို အရှင်ဖမ်းပြီး ဝိညာဉ်ရှာဖွေကြည့်မှပဲ သိရမယ်။"

"နားလည်ပြီ။"

လုရီတို့ တိုင်ပင်နေစဉ် အလင်းတန်းများ လျင်မြန်စွာ ချဉ်းကပ်လာကြသည်။ ဦးဆောင်နေသူ သုံးဦးမှာ အရပ်မြင့်မားပြီး ဆံပင်ဖရိုဖရဲဖြစ်နေသော အမျိုးသားများ ဖြစ်ကြသည်။

သူတို့၏ မျက်လုံးများမှာ ဓားသွားများကဲ့သို့ အေးစက်ပြီး ရက်စက် ကြမ်းကြုတ်သော အရောင်များဖြင့် ပြည့်နှက်နေသည်။ သူတို့၏ ကိုယ်ခန္ဓာများကို နက်နဲသော မှော်ရေစွမ်းအင်များက ဝန်းရံထားပြီး အလွန်သိပ်သည်းလွန်းသဖြင့် ပတ်ဝန်းကျင်ရှိ နေရာလွတ်များကိုပင် ပုံပျက်သွားစေသည်။

သုံးဦးစလုံးမှာ ဟင်းလင်းပြင်ဥမင်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။

သူတို့နောက်တွင်မူ အလားတူ ပြင်းထန်သော စွမ်းအင်များရှိသည့် အခြားပင်လယ်နွယ် ကျင့်ကြံသူ ခြောက်ဦး လိုက်ပါလာသည်။ဟင်းလင်းပြင်ဥမင် အဆင့်ထက်တော့ နိမ့်လေသည်။

နှစ်ဦးမှာ နတ်ဘုရားအသွင်ပြောင်းအဆင့် ဖြစ်ပြီး ကျန်လေးဦးမှာ အခြေတည် ဝိညာဉ်အဆင့်ကျင့်ကြံသူများ ဖြစ်ကြသည်။

ဟင်းလင်းပြင်ဥမင် သုံးယောက်၊ နတ်ဘုရား အသွင်ပြောင်း နှစ်ယောက်၊ အခြေတည် ဝိညာဉ်အဆင့် လေးယောက်ပင်။

ဝမ်ပေဖုန်းနှင့် သူ့လူများမှာ မျက်စိမျက်နှာပျက်ရုံမှလွဲ၍ ဘာမှမတတ်နိုင်တော့ပေ။

မကြာမီပင် ပင်လယ်နွယ်ကျင့်ကြံသူအဖွဲ့သည် သူတို့ရှေ့သို့ ရောက်ရှိလာသည်။ ဦးဆောင်သူတစ်ဦးက လူအုပ်ကို အေးစက်သော အကြည့်များဖြင့် စူးစမ်းကာ ထေ့ငေါ့သည်။

"မင်းတို့ လူသားကျင့်ကြံသူတွေ အတော်သတ္တိရှိတာပဲ၊ ငါတို့ ပင်လယ်နွယ်ရဲ့ လူတွေကို သတ်ရဲတယ်ပေါ့လေ"

"ငါတို့လူတွေကိုသတ်ပြီး ထွက်ပြေးဖို့ ကြံသေးတာလား။ တော်တော် အသက်ရှင်ရတာ ငြီးငွေ့နေကြတာကိုး" ဟု နောက်တစ်ဦးက လှောင်ပြောင်လိုက်သည်။

နောက်ဆုံးတစ်ဦးက တည်ငြိမ်စွာဖြင့် ဆိုသည်။

"တော်ပြီ၊ အရေးကြီးတာ အရင် လုပ်ရမယ်။

သူတို့ကို ရှင်းပြီးမှ သွားကြစို့"

ထိုအခါ ဟင်းလင်းပြင် ဥမင်အဆင့် ကျင့်ကြံသူတစ်ဦးက ခေါင်းငြိမ့်ကာ ရှေ့သို့ တက်လာပြီး သူ့ပတ်လည်တွင် ရေနက်စွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာကာ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။

"စောစောက ငါတို့ သူတို့ကို မကယ်တင်ခဲ့သင့်ဘူး" ဝမ်ပေဖုန်းက ခါးသက်စွာ ပြုံးလျက် ရေရွတ်လိုက်သည်။

လင်မင်မှာမူ နောင်တဖြင့် မျက်နှာတစ်ခုလုံး ရှုံ့မဲ့နေသည်။ ပင်လယ်နွယ်စစ်မြေပြင်၏ အန္တရာယ်များသည် သူတို့ထင်ထားသည်ထက် များစွာ ကြီးမားနေသည်။ အခြေတည်ဝိညာဉ်အဆင့် ပင်လယ်နွယ်အနည်းငယ်ကို သတ်ရုံဖြင့် ဟင်းလင်းပြင်ဥမင်အဆင့် အင်အားကြီးသုံးဦးကို ဆင့်ခေါ်မိမည်ဟု မည်သူက ထင်ထားမည်နည်း။

ယခုမူ နောင်တရခြင်းမှာ အသုံးမဝင်တော့ပေ။

ထိုသူတို့ စိတ်ပျက်အားငယ်နေစဉ် လုရီ၏ စိတ်ထဲတွင် "ဒီပင်လယ်နွယ်တွေကို ငါသတ်ပစ်ရမယ်" ဟု ကိုယ့်ကိုယ်ကိုယ် ကြုံးဝါးလိုက်သည်။

[အလုပ်]

* ပင်လယ်နွယ် ကျင့်ကြံသူများကို သတ်ပါ။

* ဆုလာဘ်: လျှို့ဝှက်စွမ်းရည် “ အသေးစား တွက်ချက်ခြင်း” ၊

"နှစ်တစ်သောင်း ဝိညာဉ်ကျောက်စိမ်းဆယ်ခု၊ ကောင်းကင်နှင့်မြေကြီးရတနာ..ရေနက်ရွှမ်ကျောက်စိမ်း၊ ရေတာအို ထိုးထွင်းသိမြင်မှု တိုးတက်လာမည်။

*အလုပ်အား လက်ခံမည်လား- (လက်ခံမည်၊

မလက်ခံပါ)

လုရီ၏ မျက်ခုံးတန်းများ တွန့်သွားပြီး အလုပ်၏ ဆုလာဘ်များကြောင့် အနည်းငယ်

ကြောင်အသွားမိသည်။ သူ တိတ်ဆိတ်စွာ

အလုပ်ကို လက်ခံလိုက်သည်။

ထို့နောက် ဟင်းလင်းပြင်ဥမင်အဆင့် ရေနက်နဂါးကျင့်ကြံသူ၏ ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲလာသည်နှင့်တပြိုင်နက် လုရီကလည်း အရှေ့သို့ ဖျတ်ခနဲ တက်လှမ်းလိုက်လေသည်။

သူ့ပတ်လည်တွင် ရွှေရောင်ဓားအလင်းတန်းများ ပေါ်ထွက်လာပြီး ဓားဟစ်သံများက ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေတော့သည်။

All Chapters