← Chapters

အခန်း (၃၈၈-၃၉၀)

Vol. 26 Ch. 388-390

အခန်း (၃၈၈-၃၉၀)

Vol. 26 Ch. 388-390

အခန်း ၃၈၈- ပြိုင်ဘက်ကင်း ပေါင်းစပ်အခင်းအကျင်းသိုင်းနည်းစနစ်..

~"ဒါဆို မင်းက ဒီအခင်းအကျင်းရဲ့ စွမ်းအားကို နှစ်ဆတိုးချင်နေတာလား??"

သုံးဦးသား ထုံကျင်သွားကြပြီး ခဏမျှ ဘာစကားမှမပြောနိုင်အောင် ဖြစ်သွားကြသည်။

သုံးဦးသား၏ ထူးဆန်းသော မျက်နှာအမူအရာများကို မြင်သောအခါ လုရီက အနည်းငယ်

နားမလည်ဖြစ်သွားသည်။

"စီနီယာတို့၊ ဘာဖြစ်လို့လဲခင်ဗျာ။"

လင်ယွမ်ဖုန်းက သတိပြန်ဝင်လာပြီး ခေါင်းခါလိုက်သည်။

"ဘာမှမဖြစ်ပါဘူး။"

ထို့နောက် သူက အလေးအနက် အသိအမှတ်ပြုလိုက်သည်။

"မိတ်ဆွေလေးလုရီ၊ မင်းရဲ့စွမ်းရည်က တကယ်ကို အံ့မခန်းပဲ။ ဒီတစ်ခေါက် အရှေ့အလင်းမြို့ကို ကာကွယ်နိုင်ခဲ့ရင်၊ ဒါက မင်းရဲ့ ကြီးမားတဲ့ ပံ့ပိုးမှုကြောင့် အများကြီးပါလိမ့်မယ်!"

လုရီက ပြုံးလိုက်၏။

"အရှေ့နယ်မြေက ကျင့်ကြံသူတစ်ယောက်အနေနဲ့၊ ကျွန်တော်လည်း ပင်လယ်မျိုးနွယ်က ဒီဒေသတွေမှာ ထင်တိုင်းကြဲနေတာကို မလိုလားပါဘူး။"

...

လုရီက အစောပိုင်းက သာမန်လူများကို ပြန်တွေးမိသည်။ ထိုအချိန်ကပင် အလောင်း

အတော်များများ ရှိနေခဲ့ပြီး၊ အားလုံးမှာ ပင်လယ်မျိုးနွယ် ကျင့်ကြံသူများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။

ပင်လယ်မျိုးနွယ် ကျူးကျော်မှုကြောင့် သူ တွေ့မြင်ခဲ့ရသော ကြေကွဲဖွယ်မြင်ကွင်းများပင် မရေမတွက်နိုင်အောင် ရှိခဲ့၏။ ဤဆယ်စုနှစ်များအတွင်း၊ ထိုသို့သော ဖြစ်ရပ်ပေါင်း မရေမတွက်နိုင်အောင် ရှိခဲ့ရမည်မှာ သေချာသည်။

လုရီ၏ နှလုံးသားလည်း အနည်းငယ် အေးစက်လာပြီး သူက ရယ်ကျဲကျဲဖြင့် ခွန်းတုံ့ပြန်သည်။

"ကျွန်တော်က အင်အား မကြီးတာပဲ နှမြောစရာကောင်းတယ်၊ မဟုတ်ရင်၊ ကျွန်တော် တကယ်ပဲ ပင်လယ်မျိုးနွယ်ကို ပင်လယ်ထဲ ပြန်မောင်းထုတ်ချင်တယ်။"

လုရီ၏ စကားကို ကြားသောအခါ၊ လင်ယွမ်ဖုန်းနှင့် ပေါင်းစည်းခြင်းနယ်ပယ် ပုဂ္ဂိုလ်ကြီးနှစ်ဦးက သူ့ကို ပို၍ပင် နွေးထွေးသော အမူအရာများဖြင့် ကြည့်လိုက်ကြသည်။

လင်ယွမ်ဖုန်းက ရယ်မောလိုက်သည်။

"ဟားဟားဟား၊ မင်းက ကလေးပဲ ရှိသေးတယ်။ ငါတို့လို အရိုးအိုတွေက မသေသေးဘူး၊ ရှေ့မှာတော့ ငါတို့ ရပ်တည်ပေးမှာပေါ့။ မင်းတို့ လူငယ်တွေက နှစ်အနည်းငယ် ကြာရင် သဘာဝအတိုင်း အင်အား အလုံအလောက် ရှိလာမှာပါ။"

လုရီလည်း ပြုံးလိုက်သည်။

ထို့နောက် လင်ယွမ်ဖုန်းက အားလုံးကို အသိပေးလိုက်၏။

"ကောင်းပြီ၊ အခု မြို့တော်ကာကွယ်ရေးအခင်းအကျင်းက အခြေအနေကောင်းနေပြီဆိုတော့၊ ငါလည်း အနည်းငယ် စိတ်အေးသွားပြီ။ ငါ တခြားခံတပ်တွေက အင်အားကြီးသူတွေနဲ့ ငါ့သူငယ်ချင်းဟောင်းတချို့ကို သွားဆက်သွယ်လိုက်ဦးမယ်၊ သူတို့ အမြန်ဆုံး လာကူညီနိုင်ဖို့ မျှော်လင့်ရတာပဲ'

လုရီက ခေါင်းညိတ်လိုက်သည်။

ထို့နောက် လင်ယွမ်ဖုန်းနှင့် လုရီ လျှို့ဝှက်အခန်းမှ ထွက်ခွာခဲ့ကြသည်။ လင်ယွမ်ဖုန်းက လုရီကို နှုတ်ဆက်ပြီး ထိုက်ရီမြင့်မြတ်နယ်မြေမှ တပည့်တစ်ဦးကို လုရီအား ယွမ်ရှီးနှင့် အခြားသူများရှိရာသို့ ပို့ဆောင်ပေးရန် စေခိုင်းလိုက်တော့သည်။

ဝမ်ပေဖုန်းနှင့် အခြားသူများကို ခြံဝင်းတစ်ခုတွင် နေထိုင်ရန် စီစဉ်ပေးထားသည်။ ထိုက်ရီမြင့်မြတ်နယ်မြေမှ တပည့်များက ယွင်ရှီး၏ တိကျသော နောက်ကြောင်းကို မသိသော်လည်း၊ သူမနှင့်

လုရီ၏ ဆက်ဆံရေးမှာ သာမန်မဟုတ်သည်ကို သိသောကြောင့် သူမအတွက် သီးခြားခြံဝင်းတစ်ခု စီစဉ်ပေးခဲ့လေသည်။

ခြံဝင်းသို့ ရောက်ပြီးနောက်၊ ခြံဝင်းအတွင်းရှိ ကျောက်တုံးခုံတန်းတစ်ခုပေါ်တွင် ထိုင်၍ သူ့ကို စောင့်နေသည့့် ယွင်ရှီးကို လုရီ တွေ့လိုက်ရသည်။

လုရီ ပြန်လာသည်ကို မြင်သောအခါ ယွင်ရှီး မတ်တပ်ရပ်ပြီး လျှောက်လာကာ စိုးရိမ်တကြီး မေးလိုက်သည်။

"လုရီ၊ ဘယ်လိုလဲ အခြေအနေ?"

လုရီက ပြုံးလိုက်သည်။

"မြို့တော်ကာကွယ်ရေးအခင်းအကျင်းမှာ ပြဿနာမရှိဘူး၊ ငါ နည်းနည်းတောင် အားဖြည့်ပေးခဲ့သေးတယ်။"

ယွင်ရှီးက အသာအယာ ခေါင်းညိတ်ပြီး အကြံပြုသည်။

"ဒါဆိုရင်တော့ ကောင်းတာပေါ့၊ ဒါပေမဲ့ ပင်လယ်မျိုးနွယ် ကျွမ်းကျင်သူတွေက မြို့တော်ကာကွယ်ရေးအခင်းအကျင်းရှိတာကို သိလျက်နဲ့ တိုက်ခိုက်ရဲတယ်ဆိုရင်တော့၊ ငါထင်တယ် ဒါက မလုံခြုံသေးဘူး။"

လုရီကလည်း ခေါင်းညိတ်ပြီး၊ သူ့မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားကာ ခွန်းတုံ့ပြန်သည်။

"ဒါလည်းဟုတ်တယ်၊ စီနီယာလင်ယွမ်ဖုန်းက အားဖြည့်တပ်တွေကို အကြောင်းကြားဖို့ သွားနှင့်ပြီ၊ သူတို့ အမြန်ရောက်လာနိုင်ဖို့ မျှော်လင့်ရတာပဲ။"

ယွမ်ရှီးက ညင်သာစွာ ခေါင်းညိတ်လိုက်၏။

"အင်း။"

လုရီက ယွမ်ရှီးကို ကြည့်ပြီးနောက် နွေးထွေးစွာ ပြုံးပြလိုက်သည်။

"ငါတို့ ရက်ပေါင်းများစွာ ကောင်းကောင်းမနားခဲ့ရဘူး၊ အခု နောက်ဆုံးတော့ နားခိုစရာ နေရာရပြီ၊ ကောင်းကောင်းအနားယူကြရအောင်။"

လုရီ၏ မျက်နှာပေါ်ရှိ ရင်းနှီးနေသော နောက်ပြောင်တတ်သည့် အပြုံးကို မြင်သောအခါ၊

ယွင်ရှီး တောင့်တင်းသွားပြီး၊ သူမ၏ လှပသော မျက်နှာလေး ရှက်သွေးဖြာသွားကာ ငြင်းဆန်လိုက်သည်။

"မဖြစ်နိုင်ဘူး! တိုက်ပွဲကြီးက စတော့မှာ၊ နင်က ငါ့ကို တိုက်ခိုက်ဖို့ အားနည်းသွားအောင် လုပ်လိမ့်မယ် – ဒါက အရမ်းအန္တရာယ်များတယ်!"

လုရီက လေးနက်သော မျက်နှာထားဖြင့် ပြန်လည်ချော့မော့သည်။

"တကယ်ပါပဲ ယွင်ရှီး၊ မင်းက ငါ့ကို ဘယ်လိုလူမျိုးလို့ ထင်နေတာလဲ။ ငါတို့ အပြင်မှာရောက်နေရင်၊ ငါ.., အမြဲတမ်း ငါ့အတိုင်းအတာကို သိတာပေါ့၊ မင်းကို အားအင်မရှိအောင် မထားခဲ့ပါဘူး။"

လုရီက ယွင်ရှီးကို ပွေ့ချီပြီး အခန်းထဲသို့ လျှောက်သွားတော့သည်။

အခန်းအတွင်းတွင်၊ လုရီက မဟာအခင်းအကျင်းတစ်ခုကို ပြင်ဆင်ပြီးမှ ယွင်ရှီးနှင့် နှစ်ကိုယ်တူကျင့်ကြံခြင်းကို စတင်ခဲ့သည်။ လုရီက အမှန်တကယ်ပင် သူ့အတိုင်းအတာကို သူသိ၏။

သူတို့သည် အန္တရာယ်များသော ပင်လယ်မျိုးနွယ်စစ်မြေပြင်တွင် ရှိနေပြီး၊ ကြောက်မက်ဖွယ် ရန်သူ တစ်ဦးလည်း ရောက်ရှိလာတော့မည်ဖြစ်ရာ၊ သူက ယွင်ရှီးကို သတိလစ်သွားစေမည့် မိုက်မဲသော အလုပ်မျိုးကို လုပ်မည် မဟုတ်ပေ။

နှစ်ကိုယ်တူ ကျင့်ကြံပြီး ခဏအကြာတွင်၊

ယွင်ရှီး၏ ပါးပြင်များ ရှက်သွေးဖြာနေပြီး၊ သူမ၏ အနက်ရောင်ဆံပင်များက ပိုးသားကဲ့သို့ နူးညံ့ချောမွေ့ကာ၊ ကုတင်ပေါ်တွင် ပျင်းရိစွာ လဲလျောင်းနေလေသည်။

လုရီက ယွင်ရှီးကို ပွေ့ဖက်ရင်း၊ ဤရက်များအတွင်း သူရရှိခဲ့သော အလုပ်များ၏ ဆုလာဘ်များကို စစ်ဆေးကြည့်ရှုနေသည်။

ပင်လယ်မျိုးနွယ်စစ်မြေပြင်ရှိ အမျိုးမျိုးသော အလုပ်များကြောင့်၊ သဘာဝအတိုင်း အသေးစားအလုပ်များစွာ ရှိခဲ့ပြီး၊ အရက်ရောဆုံး ဆုလာဘ်များမှာ လေးခုသာ ရှိလေသည်။

[အလုပ်]

* ပင်လယ်မျိုးနွယ် ကျင့်ကြံသူလေးဦးကို သတ်ဖြတ်ခြင်း (ပြီးမြောက်)

* ပင်လယ်မျိုးနွယ် ကျင့်ကြံသူများကို သတ်ဖြတ်ခြင်း (ပြီးမြောက်)

* အရှေ့အလင်းမြို့အား ပင်လယ်မျိုးနွယ်၏ တိုက်ခိုက်မှုအကြောင်း သတင်းပို့သတိပေးခြင်း (ပြီးမြောက်)

* အရှေ့အလင်းမြို့ ကာကွယ်ရေးအခင်းအကျင်းကို အားဖြည့်ခြင်း (ပြီးမြောက်)

ပထမ အလုပ် ဖြစ်သည့် ပင်လယ်မျိုးနွယ် ကျင့်ကြံသူလေးဦးကို သတ်ဖြတ်ခြင်းမှာ ထိုတောင်ကြားတွင် ဖြစ်ပွားခဲ့ပြီး၊ ထိုနေရာတွင် သူ အခြေတည်ဝိညာဉ် နယ်ပယ်မှ ပင်လယ်မျိုးနွယ် ကျင့်ကြံသူလေးဦးကို သတ်ဖြတ်ခဲ့သည်။ လုရီက ဓားတစ်ချက်သာ ထုတ်သုံးခဲ့သော်လည်း၊ သူပါဝင်သမျှ ကာလပတ်လုံး အလုပ်ပြီးမြောက်မည်ကို သူ တွေ့ရှိခဲ့သည်။

အလုပ်၏ ပစ်မှတ်မှာ အခြေတည်ဝိညာဉ် ကျင့်ကြံသူလေးဦးသာ ဖြစ်သောကြောင့်၊ ဆုလာဘ်မှာ ထူးထူးခြားခြားကောင်းမွန်ခြင်းမရှိပေ။ ၎င်းမှာ နှစ်တစ်ထောင် ဝိညာဉ်ခြင်ဆီ အစက်တစ်ရာနှင့် ရေတာအို နားလည်မှု တိုးတက်ခြင်းတို့ ဖြစ်သည်။

လုရီက နှစ်တစ်ထောင် ဝိညာဉ်ခြင်ဆီကို သိမ်းဆည်းလိုက်ပြီး ရေတာအို နားလည်မှု တိုးတက်ခြင်းကိုမူ မရယူသေးပေ။

ဒုတိယ အလုပ် ဖြစ်သည့် ပင်လယ်မျိုးနွယ် ကျင့်ကြံသူများကို သတ်ဖြတ်ခြင်းတွင်၊ လိုက်လံဖမ်းဆီးသူများဖြစ်သော ပင်လယ်မျိုးနွယ် အင်အားကြီးများကို သတ်ဖြတ်ခြင်းပါဝင်ပြီး၊ ထိုအထဲတွင် ဟင်းလင်းပြင်ဥမင်နယ်ပယ်မှ ပင်လယ်မျိုးနွယ် ကျင့်ကြံသူသုံးဦး ပါဝင်သည်။ အလုပ်၏ ဆုလာဘ်မှာ အတော်လေး ရက်ရောသည်။

၎င်းတွင် "အသေးစားတွက်ချက်ခြင်းသိုင်း" လျှို့ဝှက်နည်းစနစ်၊ နှစ်တစ်သောင်း ဝိညာဉ်ကျောက်စိမ်း ဆယ်တုံး၊ ကောင်းကင်နှင့်မြေကြီးရတနာ ရေနက်ရွှမ်ကျောက်စိမ်းနှင့် ရေတာအိုနားလည်မှု တိုးတက်ခြင်းတို့ ပါဝင်သည်။

လုရီက "အသေးစားတွက်ချက်ခြင်းသိုင်း" လျှို့ဝှက်နည်းစနစ်ကို စစ်ဆေးကြည့်ပြီးနောက်၊ သူ့မျက်လုံးများ အံ့အားသင့်မှုဖြင့် ပြူးကျယ်တောက်ပသွားသည်။

ဤလျှို့ဝှက်နည်းစနစ်သည် ချီစီးဆင်းမှုနှင့် ကောင်းကင်ကံကြမ္မာကို တွက်ချက်ခြင်းနှင့် အနည်းငယ် ဆင်တူသည်။ ၎င်းက လုရီအား ပစ်မှတ်ထားသော သူ၏ တည်နေရာ၊ သူတို့၏ အခြေအနေ စသည်ဖြင့် ရိုးရှင်းသော အရာအချို့ကို တွက်ချက်နိုင်စေ၏။

ဟုတ်ပါတယ်၊ အကယ်၍ ပစ်မှတ်က အင်အားကြီးမားပါက၊ တွက်ချက်မှုမှာ အများဆုံးအားဖြင့် ကျရှုံးနိုင်ပြီး၊ ပစ်မှတ်က အားမကြီးလျှင်ပင်၊ အကွာအဝေးမှာ လုံးဝတိကျမည် မဟုတ်ပေ။ ၎င်းက ယေဘုယျဧရိယာတစ်ခုကိုသာ ညွှန်ပြနိုင်ပါသည်။

ဤသည်မှာပင် အလွန် အစွမ်းထက်နေပြီဖြစ်သည်၊ အကြောင်းမှာ ၎င်းသည် ကောင်းကင်ယန္တရားနှင့် သက်ဆိုင်သော လျှို့ဝှက်နည်းစနစ်တစ်ခု ဖြစ်သောကြောင့်တည်း။

လုရီ အသေးစားတွက်ချက်ခြင်းသိုင်းနှင့် တွေ့ဆုံလိုက်ရသည့် အခိုက်အတန့်တွင်၊ သူက ရှာမတွေ့နိုင်သော မြူခိုးကျွန်းကို တွေးမိလိုက်သည်။

စီနီယာ အစ်ကိုကျန့်ဖန်နှင့် အခြားသူများ ပြောသည့်အတိုင်း ဆိုလျှင်၊ မြူခိုးကျွန်းသည် အမြဲတမ်းရွေ့လျားနေပြီး တိကျသော နေရာ မရှိဟူ၍....။

မူလက လုရီမှာ မြူခိုးကျွန်းကို ရှာတွေ့ရန် ယုံကြည်မှုများစွာ မရှိခဲ့သော်လည်း၊ ယခု အသေးစား တွက်ချက်ခြင်း သိုင်း လက်ထဲတွင် ရှိနေပြီဖြစ်သောကြောင့်၊ ယခုအခါ ယုံကြည်မှု အပြည့်

ရှိနေတော့သည်။

အခန်း ၃၈၉- ပြိုင်ဘက်ကင်း ပေါင်းစပ်အခင်းအကျင်း သိုင်းနည်းစနစ်...

~သူ တကယ်ပဲ မြူခိုးကျွန်းကို ရှာတွေ့နိုင်လောက်သည်။

ထိုကျွန်းသည် အင်မော်တယ်များနှင့် ဆက်စပ်နေသော ကျွန်းတစ်ကျွန်း ဖြစ်ပြီး၊ အလုပ်၏ ဆုလာဘ်များမှာလည်း အလွန် ရက်ရောလှ၏။

သို့သော်၊ မြူခိုးကျွန်း၏ တည်နေရာကို တွက်ချက်နိုင်ရန်၊ သူသည် သူ၏ အသေးစားတွက်ချက်ခြင်းသိုင်းကို အလွန်မြင့်မားသောအဆင့်၊ ဖြစ်နိုင်လျှင် အဆုံးစွန်အဆင့်အထိ ကျင့်ကြံမှသာ အခွင့်အရေး ရရှိနိုင်ပေမည်။

လုရီသည် အသေးစားတွက်ချက်ခြင်းသိုင်းကို သူ၏ ကျင့်ကြံမှု အစဉ်လိုက်တွင် ရှေ့ဆုံး၌ ထားလိုက်ပြီး၊ ၎င်းကို အသေးစားဟင်းလင်းပြင်သိုင်းနှင့် တန်းတူအဆင့် သတ်မှတ်လိုက်တော့သည်။

အသေးစား တွက်ချက်ခြင်း သိုင်းနှင့်အတူ၊ ဤအလုပ်သည် အလွန်ကြီးမားသော အောင်မြင်မှုတစ်ခုဖြစ်ပြီး၊ ထို့အပြင် နှစ်တစ်သောင်းဝိညာဉ်ကျောက်စိမ်း ဆယ်တုံးလည်း ပါဝင်ရာ၊ ကောင်းမွန်သော ပစ္စည်းများပင် ဖြစ်လေသည်။

ရေနက်ရွှမ်ကျောက်စိမ်းသည် ပေါင်းစည်းခြင်းနယ်ပယ်အဆင့်ရှိ ကောင်းကင်နှင့်မြေကြီးရတနာတစ်ခုဖြစ်ပြီး၊ ၎င်းသည်လည်း အထင်ကြီးစရာကောင်းလှ၏။

...

လုရီသည် သူ ရရှိခဲ့သော ရေတာအို နားလည်မှုကို ချက်ချင်း အသုံးမပြုသေးဘဲ၊ နောက်မှ ရယူရန် စီစဉ်ထားလိုက်သည်။

အရှေ့အလင်းမြို့အား ပင်လယ်မျိုးနွယ်၏ တိုက်ခိုက်မှုအကြောင်း သတိပေးသည့် အလုပ်မှာ လုရီ အရှေ့အလင်းမြို့သို့ သွားရာလမ်းတွင် မိမိဘာသာ သတ်မှတ်ခဲ့သော အလုပ်တစ်ခုဖြစ်လေသည်။

[အလုပ်]

အရှေ့အလင်းမြို့အား ပင်လယ်မျိုးနွယ်၏ တိုက်ခိုက်မှုအကြောင်း အကြောင်းကြားပါ (ပြီးမြောက်)

ဆုလာဘ်: နှစ်တစ်သန်းဝိညာဉ် ကျောက်စိမ်း

တစ်တုံး၊ ရေတာအိုဉာဏ်အလင်း ရရှိခြင်း တစ်ကြိမ်၊ သတ်မှတ်ထားသော စွမ်းရည်အဆင့် +၂

ဆုလာဘ်ကို ရယူပါ: လက်ခံမည်လား/ငြင်းမည်လား။

ဤအလုပ်သည် အရှေ့အလင်းမြို့ တစ်ခုလုံးနှင့် သက်ဆိုင်ပြီး ပင်လယ်မျိုးနွယ်၏ မဟာယာနပုဂ္ဂိုလ်ကြီးများလည်း ပါဝင်သောကြောင့် ဖြစ်မည်၊ သတင်းပို့ရုံသက်သက်ဖြစ်သော အလုပ်တစ်ခုကပင် ထူးကဲ ရက်ရောသော ဆုလာဘ်များကို ပေးအပ်ခဲ့သည်။

ထို့အပြင် ဉာဏ်အလင်းရရှိခြင်း တစ်ကြိမ်ပင် ပါဝင်သေး၏။

၎င်းသည် ရေတာအိုနှင့်သာ သက်ဆိုင်သော်လည်း၊ မယုံနိုင်လောက်အောင်ပင် အဖိုးတန်လေသည်။

သင်သိသင့်သည်မှာ၊ လုရီ ယခုအချိန်အထိ ရရှိခဲ့သော ဉာဏ်အလင်းရရှိခြင်း အကြိမ်အများစုမှာ သူ၏ဆရာထံမှ ဖြစ်သည်။တစ်ကြိမ်မှာ ဓားတာအိုအစည်းအဝေးအတွင်း ဓားတာအိုဉာဏ်အလင်းရရှိခြင်းဖြစ်ကာ၊ အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေနှင့် သက်ဆိုင်သော အလုပ်

တစ်ခုမှ ဖြစ်သည်။

ထိုသို့သော ဉာဏ်အလင်း ရရှိခြင်း အကြိမ်များကို ရရှိရန် မည်မျှ ခက်ခဲသည်ကို စိတ်ကူးကြည့်နိုင်ပေသည်။

ထို့အတူ နှစ်တစ်သန်းဝိညာဉ် ကျောက်စိမ်းသည်လည်း တန်ဖိုးတူညီစွာ အဖိုးတန်လှသည်။

သတ်မှတ်ထားသော စွမ်းရည် အဆင့်ကို မြှင့်တင်နိုင်သည့် အခွင့်အရေး တစ်ကြိမ်လည်း ရှိသေးသည်။

ဤအလုပ်သည် လွယ်ကူသော်လည်း ဆုလာဘ်များမှာ မြင့်မားသည်ဟု ဆိုနိုင်ပြီး၊ ဤထက်ပို၍ စိတ်လှုပ်ရှားစရာ မရှိနိုင်တော့ပေ။

နောက်ဆုံးအလုပ်မှာ အရှေ့အလင်းမြို့၏ မြို့တော်ကာကွယ်ရေးအခင်းအကျင်းကို အားဖြည့်ခြင်း ဖြစ်သည်။

ဆုလာဘ်မှာလည်း ရက်ရောလှပြီး၊ အခင်းအကျင်းတာအိုနယ်ပယ် နားလည်မှု တိုးတက်ခြင်းနှင့် မဟာယာနနယ်ပယ် ကာကွယ်ရေးအခင်းအကျင်းဖြစ်သော အဝါရောင်ကောင်းကင် မြေဓာတ်အခင်းအကျင်းအခင်းအကျင်းတို့ ပါဝင်သည်။

လုရီသည် ပထမဦးစွာ အဝါရောင်ကောင်းကင် မြေဓာတ်အခင်းအကျင်းကို ကြည့်ရှုလေ့လာရာ၊ ဤအခင်းအကျင်းသည် သတ်ဖြတ်ခြင်းအခင်းအကျင်းမဟုတ်ဘဲ ကာကွယ်ရေးအခင်းအကျင်းအမျိုးအစားတွင် ပါဝင်သည်ကို တွေ့ရှိလိုက်ရသည်။

၎င်း၏ အခင်းအကျင်းပုံစံများမှတစ်ဆင့်၊ ၎င်းသည် မြေကြီး၏စွမ်းအားကို မိမိအသုံးအတွက် စုပ်ယူနိုင်သည်။ အဝါရောင်ကောင်းကင် မြေဓာတ် နယ်မြေနှင့် အဝါရောင်ကောင်းကင် မြေဓာတ် ဒိုင်းကို ဖန်တီးကာ၊ သာမန် မဟာယာနကျင့်ကြံသူများ၏ တိုက်ခိုက်မှုများကိုပင် ကြံ့ကြံ့ခံနိုင်စွမ်း ရှိသည်။

ထို့အပြင် စွမ်းအားအရင်းအမြစ်မှာ မြေကြီး၏ စွမ်းအားကို စုပ်ယူခြင်း ဖြစ်သောကြောင့်၊ ၎င်းသည် အလွန်အမင်း ခံနိုင်ရည်ရှိ၏။ ဒိုင်းကို အကြွင်းမဲ့စွမ်းအားဖြင့်

မချိုးဖျက်နိုင်သမျှ ကာလပတ်လုံး၊ မြေကြီး၏ စွမ်းအားက ဆက်လက်အားဖြည့်နေမည်ဖြစ်ရာ၊ ဖျက်ဆီးရန် မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။

ဤအခင်းအကျင်းသည် မည်မျှ အစွမ်းထက်သည်ကို သင် စိတ်ကူးကြည့်နိုင်ပေသည်။

ဤဆုလာဘ်များကို ရယူပြီးနောက်၊ လုရီသည် နားလည်မှုအမျိုးအစား ဆုလာဘ်များကို စတင်လက်ခံရယူတော့သည်။

အလုပ်နှစ်ခုစလုံးက ရေတာအိုနားလည်မှုကို ပေးအပ်ပြီး၊ လုရီကလည်း ရေတာအိုဉာဏ်အလင်းရရှိခြင်း အခွင့်အရေးတစ်ကြိမ် ရရှိထားရာ၊ ယခုအချိန်တွင် အသုံးပြုခြင်းက အကောင်းဆုံးဖြစ်သည်မှာ သဘာဝကျလေသည်။

တွန့်ဆိုင်းမနေဘဲ၊ လုရီသည် ချက်ချင်းပင် ရေတာအိုဉာဏ်အလင်းရရှိခြင်း အခွင့်အရေးကို အသုံးပြုလိုက်သည်။ ထို့နောက် ရေတာအိုနားလည်မှု ဆုလာဘ်များကို စတင်လက်ခံရယူလိုက်တော့သည်။

ရုတ်တရက် လုရီ၏ဦးနှောက်ထဲရှိ အသိစိတ်ပင်လယ်အတွင်း၌ ရောင်စုံမြူခိုးများ လှိုင်းထန်လာသည်။ တာအိုကိုယ်ပွားက တာအိုတေးသံများကို စတင်ဖမ်းယူကာ၊ ရေစိတ်ဆန္ဒနယ်ပယ်နှင့် သက်ဆိုင်သော အမျိုးမျိုးသော လျှို့ဝှက်ဆန်းကြယ်သည့် တာအိုပုံစံများ သူ၏စိတ်ထဲတွင် ပေါ်ထွက်လာလေ၏။

သူ့ ခန္ဓာကိုယ်မျက်နှာပြင်ပေါ်တွင် ရေငွေ့များ စုဖွဲ့လာသည်။

ဆန်းကြယ်မြင်ကွင်းများ တဖြည်းဖြည်း ပေါ်ထွက်လာသည်။

ကြည်လင်သောမြစ်များ။

ငြိမ်သက်သောကန်များ။

ထိုးထောင်နေသော ဒေါသထွက်နေသည့် လှိုင်းတံပိုးများ။

ဖူးပွင့်နေသော ကြာပန်းများနှင့် ဟိန်းဟောက်နေသော ရေနဂါးများ။

ရေတာအို၏ ဆန်းကြယ်မြင်ကွင်းများသည်

လုရီ၏ ပတ်ပတ်လည်တွင် လုံးဝဥဿုံ စုဖွဲ့သွားတော့သည်။

မူလက လုရီ၏ ရင်ခွင်ထဲတွင် မှီတွယ်ရင်း၊

လုရီ၏ သန်မာသော နှလုံးခုန်သံကို တိတ်ဆိတ်စွာ နားထောင်ကာ ရင်းနှီးမှုကို ခံစားနေသော ယွင်ရှီးသည်၊ သူမ၏ ပတ်ပတ်လည်တွင် ကြောက်မက်ဖွယ်ကောင်းသော ဆန်းကြယ်မြင်ကွင်းအမျိုးမျိုး ပေါ်ထွက်လာသည်ကို မြင်သောအခါ တုန်လှုပ်သွားပြီး အံ့အားသင့်သော အမူအရာကို ပြသလိုက်သည်။

ဒါက… ရေတာအို?!

ရေစိတ်ဆန္ဒနယ်ပယ်လား? မဟုတ်ဘူး၊

ဒါ ရေနယ်မြေပဲ?!

ယွမ်ရှီးသည် မယုံနိုင်လောက်အောင် တုန်လှုပ်သွား၏။ ဤသည်မှာ လုရီက ရေတာအိုကို ကျွမ်းကျင်ရုံသာမက၊ ၎င်းကို နယ်ပယ်အဆင့်အထိပင် နားလည်သဘောပေါက်ထားသည်ကို သူမ ပထမဆုံးအကြိမ် တွေ့မြင်ရခြင်း ဖြစ်သည်။

သင်သိသင့်သည်မှာ၊ လုရီ၏ အဓိကကျင့်ကြံမှုမှာ ဓားတာအိုဖြစ်သည်၊ သူက ရေတာအိုတွင်လည်း မည်သို့ ဤမျှ ကြောက်မက်ဖွယ်ကောင်းနိုင်ပါသနည်း။

ယွင်ရှီးကို အံ့အားသင့်ဆုံးဖြစ်စေသည့်အရာမှာ လုရီ၏ ရေနယ်ပယ်သည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် လျင်မြန်သောနှုန်းဖြင့် တိုးတက်နေခြင်းပင် ဖြစ်သည်။ မူလက ရေနယ်ပယ်၏ တစ်ဆယ် ရာခိုင်နှုန်း အောက်တွင်သာ ရှိခဲ့ရာမှ၊ ၎င်းသည် လျင်မြန်စွာ တစ်ဆယ် ရာခိုင်နှုန်းကို ကျော်လွန်သွားပြီး ဆက်လက် တိုးတက်နေလေသည်။

ဤအဖြစ်က ယွင်ရှီးကို မှင်သက်မိသွားစေ၏။

သူမသည် အင်မော်တယ် ခန္ဓာကိုယ် ပိုင်ရှင်

တစ်ဦး ဖြစ်သော်လည်း၊ ဤသို့သော မြင်ကွင်းကို သူမ ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်း ဖြစ်သည်။

သူမအတွက် ယုံကြည်ရန်ပင် ခက်ခဲနေတော့သည်။

ရေတာအို၏ လျှို့ဝှက် ဆန်းကြယ်သော တာအိုပုံစံများသည် ဆန်းကြယ်မြင်ကွင်းများအတွင်း၌ လင်းလက်နေပြီး၊ ယွင်ရှီးပင်လျှင် ရေတာအို၏ နက်နဲမှုအချို့ကို မထင်မှတ်ဘဲ ခံစားမိကာ၊ နောက်ဆုံးတွင် သူမကိုယ်တိုင်ပင် ရေစိတ်ဆန္ဒနယ်ပယ်ကို နားလည်သဘောပေါက်သွားလေသည်။

ဤအဖြစ်က ယွင်ရှီးကို အလွန်အမင်း တုန်လှုပ်သွားစေ၏။ လုရီ၏ တစ်ကြိမ်တည်းသော နားလည်မှုမှပင်၊ သူမက မမျှော်လင့်ဘဲ ရေစိတ်ဆန္ဒနယ်ပယ်ကို ထိုးထွင်းသိမြင်သွားခဲ့သည်။

၎င်းသည် တစ်ယောက်သောသူ တာအိုကို ရရှိသောအခါ၊ သူ့ပတ်ဝန်းကျင်ရှိလူတိုင်း သူနှင့်အတူ တက်လှမ်းသွားသကဲ့သို့ပင် ဖြစ်နေတော့သည်။

ကံကောင်းစွာဖြင့်၊ လုရီသည် သူတို့၏ နှစ်ကိုယ်တူကျင့်ကြံခြင်းအတွက် သီးသန့်ဖြစ်စေရန် အလွန်အစွမ်းထက်သော အခင်းအကျင်းတစ်ခုကို အသုံးပြုခဲ့သောကြောင့်၊ သူ၏ ရေတာအိုနားလည်မှုမှ ထွက်ပေါ်လာသော ဆန်းကြယ်မြင်ကွင်းများသည် အပြင်ဘက်သို့ မပျံ့နှံ့ခဲ့ပေ။

သို့နှင့် အချိန် ..ကုန်လွန်လာသည်။

တစ်ရက်အကြာတွင် လုရီ၏ ဉာဏ်အလင်းရရှိခြင်း အခွင့်အရေး ကုန်ဆုံးသွား၏။

သူ ဖြည်းညင်းစွာ မျက်လုံးများကို ဖွင့်လိုက်ရာ၊ သူ၏ မျက်လုံးများက နက်ရှိုင်းသော အပြာရောင်အလင်းတန်းများ ထုတ်လွှတ်ပြီး၊ အတွင်း၌ လျှို့ဝှက်ဆန်းကြယ်သော ရေတာအိုပုံစံများ လင်းလက်နေလေသည်။

အလင်းရောင်နှင့် တာအိုပုံစံများ မှေးမှိန်သွားသောအခါ၊ လုရီ၏ မျက်လုံးများ သူ၏ မူလနက်မှောင်သောအရောင်သို့ ပြန်လည်ရောက်ရှိသွားသည်။

၎င်းသည် အမှန်တကယ်ပင် ရေတာအို၏ ဉာဏ်အလင်းရရှိခြင်း အခွင့်အရေးဖြစ်ပြီး၊ အလုပ်မှရသော နားလည်မှုဆုလာဘ်နှင့် ပေါင်းလိုက်သောအခါ၊ တစ်ရက်တည်းဖြင့် လုရီသည် သူ၏ ရေတာအိုကို နယ်ပယ်အဆင့် နှစ်ဆယ် ရာခိုင်နှုန်း အထိ မြှင့်တင်နိုင်ခဲ့သည်။

ဤသို့သော လျင်မြန်သည့် တိုးတက်မှုမှာ အလွန်အမင်းပင် ချဲ့ကားလွန်းပြီး၊ မကြာသေးမီက ယွင်ရှီးနှင့် နှစ်ကိုယ်တူ ကျင့်ကြံခြင်းနှင့် သိုင်းပညာ ဖလှယ်ခြင်းများထက်ပင် ပို၍သာလွန်လေသည်။

ဉာဏ်အလင်းရရှိခြင်းသည် ထာဝရ

အင်မော်တယ် ဆန်သည်ဟု ဆိုရပေမည်။

ထိုအခိုက်အတန့်တွင်၊ လုရီ သူ့အပေါ်သို့ ကျရောက်နေသော အကြည့်တစ်ခုကို သတိပြုမိလိုက်သည်။ သူ အောက်သို့ငုံ့ကြည့်လိုက်ရာ

ယွင်ရှီးက သူ၏ ရင်ခွင်ထဲတွင် မှီတွယ်ရင်း သူ့ကို မော့ကြည့်နေသည်ကို တွေ့လိုက်ရသည်။

လုရီက ပြုံးပြလိုက်သည်။

"မင်း ကောင်းကောင်း အနားယူပြီးပြီလား?"

ယွင်ရှီးက အသာအယာ ခေါင်းညိတ်သည်။

"အင်း၊ ဒီတစ်ခါတော့ သိပ်မပင်ပန်းဘူး။ အကြိမ်တိုင်းသာ ဒီလိုဖြစ်ရင် ကောင်းမှာပဲ။"

ထိုအခါ လုရီက တောက်ပသော အပြုံးတစ်ခုကို ပြုံးပြလိုက်၏။

"ဒါတော့ မဖြစ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ ဒီလိုဆိုရင် ငါ လုံးဝ အားမရလို့ပဲ။ ငါတို့သာ ဂိုဏ်းမှာ ပြန်ရောက်နေရင်၊ ငါ ဒီလိုနဲ့ အဆုံးသတ်လိုက်မှာ မဟုတ်ဘူး။"

လုရီက ယွမ်ရှီး၏ ခန္ဓာကိုယ် ခဏမျှ တောင့်တင်းသွားသည်ကို ခံစားလိုက်ရသည်။

ထို့နောက် သူမက အရှုံးပေးဟန် ပြကာ၊ လုရီကို အံ့ဩနေသော အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက်၊ အံ့အားသင့်ဖွယ် စကားတစ်ခွန်းကို ဆိုလိုက်သည်။

"နင် ရေနယ်ပယ်ကိုပါ ကျွမ်းကျင်လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး၊ လုရီ။"

လုရီက ပြုံးလိုက်သည်။

"အင်း၊ ဒါက အရင်က မတော်တဆ ရလာတဲ့ အခွင့်အရေးတစ်ခုပါ။ ပြီးတော့ ငါ့ရဲ့ တိမ်ဖြူဂိုဏ်းက အစ်ကိုကျန့်ဖန်ကလည်း ရေစိတ်ဆန္ဒနယ်ပယ်ကို ကျွမ်းကျင်တော့၊ ငါတို့ သိုင်းပညာဖလှယ်တုန်းက ထိုးထွင်းဉာဏ်တချို့ မျှဝေပေးခဲ့လို့ ငါလည်း နားလည်မှုတချို့ ရခဲ့တာပါ။"

ယွင်ရှီးက လုရီ၏ ရင်ခွင်ထဲတွင် မှီတွယ်ရင်း တိတ်ဆိတ်စွာ နားထောင်နေသည်။ သူမ၏ နှုတ်ခမ်းများက ဂုဏ်ယူသော အပြုံးတစ်ခုဖြင့် ကွေးတက်သွား၏။

"ငါ့ရဲ့ တာအိုလက်တွဲဖော်က တကယ့်ပါရမီရှင်ပဲ။"

ထိုအခါမှာ လုရီက အလွန်ဂုဏ်ယူစွာဖြင့် ခွန်းတုံ့ပြန်သည်။

"ဟုတ်တယ်လေ၊ ငါဘယ်သူလဲဆိုတာ မင်း

မသိသင့်ဘူးလား?"

ထိုစဉ်မှာပင်...

ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ပေါက်ကွဲလာ၏။

ပြင်းထန်သော သတ်ဖြတ်လိုစိတ် မြင့်တက်၏

၎င်းက အဝေးမှ ပျံ့နှံ့လာသည်။

လုရီနှင့် ယွင်ရှီး တုန်လှုပ်သွားသည်။

သူတို့၏ မျက်နှာများ တင်းမာသွား၏။

"ပင်လယ်မျိုးနွယ်"

"သူတို့ ရောက်လာပြီ!"

အခန်း ၃၉၀-အခင်းအကျင်းကို ချိုးဖျက်ခြင်း ...

~နှစ်ဦးသား လျင်မြန်စွာ အဝတ်အစားများ ဝတ်ဆင်လိုက်သည်။

အလင်းတန်းများအဖြစ်သို့ ပြောင်းလဲကာ အခန်းထဲမှ ပျောက်ကွယ်သွားကြတော့သည်။

အခန်းသည် သူတို့၏ နှစ်ကိုယ်တူကျင့်ကြံခြင်းကြောင့် ရှုပ်ပွနေသော်လည်း၊ ကျင့်ကြံသူများအနေဖြင့် သန့်စင်ခြင်း စွမ်းရည် တစ်ချက်သာ လိုအပ်၏။ အခန်းသည် မူလသပ်ရပ်သည့်အတိုင်း ချက်ချင်းပြန်ဖြစ်သွားရာ၊ အလွန်အဆင်ပြေလှပေသည်။

လုရီနှင့် ယွမ်ရှီး ကောင်းကင်သို့ တက်သွားသောအခါ ဝမ်ပေဖုန်းနှင့် အခြားသူများလည်း ပျံတက်လာသည်ကို တွေ့မြင်ရသည်။ သူတို့၏ ပတ်ပတ်လည်တွင်လည်း ကျင့်ကြံသူများ ပိုမိုများပြားစွာ တက်လာကြ၏။

လင်ယွမ်ဖုန်း၏ မျက်နှာက လေးနက်နေသည်။ သူက ပျံသန်းလာရင်း ကြွေးကြော်လိုက်သည်။

"မိတ်ဆွေလေးလုရီ!"

လင်ယွမ်ဖုန်း၏ ဘေးတွင် ထိုက်ရီမြင့်မြတ်နယ်မြေမှ ကျင့်ကြံသူအတော်များများ ရှိနေလေသည်။ ရှေ့ဆုံးမှ လူအနည်းငယ်၏ အရှိန်အဝါများမှာ နက်ရှိုင်းပြီး အစွမ်းထက်လှရာ၊ အားလုံးမှာ ပေါင်းစည်းခြင်းနယ်ပယ်မှ ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြ၏။

...

သူတို့၏ နောက်တွင်လည်း ဟင်းလင်းပြင်ဥမင်နယ်ပယ်မှ အင်အားကြီးသူအများအပြား ရှိနေသေးသည်။

လုရီက ခေါင်းညိတ်ပြီး မေးလိုက်သည်။

"စီနီယာလင်၊ အခြေအနေ ဘယ်လိုလဲဗျ။ အားဖြည့်တပ်တွေ ရောက်ပြီလား?"

လင်ယွမ်ဖုန်းက ခေါင်းခါလိုက်သည်။

"ပင်လယ်မျိုးနွယ်က ဒီလောက်မြန်မြန်ရောက်လာမယ်လို့ ငါတို့ မထင်ထားခဲ့ဘူး။ အားဖြည့်တပ်တွေ ဒီကိုရောက်ဖို့ နောက်တစ်ရက်လောက် လိုသေးတယ်။"

ဤသတင်းကြောင့် လုရီနှင့် ယွမ်ရှီးနှစ်ဦးစလုံး၏ စိတ်များ လေးလံသွားကြသည်။

လုရီက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"ဒါဆို စီနီယာ ပြောချင်တာက ဒီအချိန်အတောအတွင်းမှာ အရှေ့အလင်းမြို့ကို

ကာကွယ်ဖို့ ငါတို့ပဲ ရှိတယ်ဆိုတဲ့ သဘောလား?"

လင်ယွမ်ဖုန်းက အသာအယာ ခေါင်းညိတ်သည်။

"လောလောဆယ်တော့ ငါတို့ ဒီလိုပဲ လုပ်နိုင်တော့မယ်။ မြို့ရိုးပေါ် တက်ပြီး အခြေအနေ သွားကြည့်ကြရအောင်။"

လုရီက ခေါင်းညိတ်ပြီး လင်ယွင်ဖုန်းနှင့် အခြားသူများနောက်သို့ မြို့ရိုးဆီသို့ လိုက်ပါသွားတော့သည်။

မြို့ရိုးများပေါ်တွင် ကျင့်ကြံသူအမြောက်အမြား ရပ်နေကြပြီး၊ ကောင်းကင်မှ အစောင့်ကျနေသူများမှာ ပို၍ပင် များပြားလှသည်။

မြို့တော်ကာကွယ်ရေး အခင်းအကျင်းသည် အဆက်မပြတ် လည်ပတ်နေပြီး၊ ထူထပ်သော အခင်းအကျင်းပုံစံများက ကောင်းကင်ကို ပြည့်နှက်နေစေသည်။

အခင်းအကျင်းပုံစံများ လှိုင်းထန်လာသည်နှင့်အမျှ၊ ၎င်းတို့သည် နက်ရှိုင်းပြီး ကြောက်မက်ဖွယ် ဖိအားတစ်ခုကို သယ်ဆောင်လာသည်။ ကောင်းကင်တွင် မုန်တိုင်းများ စုစည်းလာပြီး၊ အရှေ့အလင်းမြို့တစ်ခုလုံးကို ဝန်းရံထားသော လေဓားသွား ပရဝုဏ်တစ်ခုကို ဖွဲ့စည်းလိုက်သည်။

မြို့အပြင်ဘက် ကောင်းကင်တွင်၊ မရေမတွက်နိုင်သော ကျင့်ကြံသူများ လေထဲတွင် ရပ်နေကြသည်။ သူတို့၏ အရေအတွက်မှာ များပြားလွန်း၍ ကောင်းကင်၏ တစ်စိတ်တစ်ပိုင်းကိုပင် ဖုံးကွယ်ထားလေသည်။

သူတို့ကို ဦးဆောင်နေသူများမှာ နက်ရှိုင်းပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများပိုင်ဆိုင်သည့် မဟာယာနကျင့်ကြံသူလေးဦးဖြစ်ပြီး အမျိုးသားသုံးဦးနှင့် လှပသော အမျိုးသမီးတစ်ဦးတို့ ဖြစ်ကြ၏။

ဤမဟာယာနကျင့်ကြံသူလေးဦး၏ နောက်တွင် အနည်းဆုံး ပေါင်းစည်းခြင်းနယ်ပယ်မှ ပုဂ္ဂိုလ်ကြီး ဒါဇင်ပေါင်းများစွာ ရပ်နေကြပြီး၊ ထို့နောက်တွင် ဟင်းလင်းပြင်ဥမင်နယ်ပယ်နှင့် ထိုအောက်အဆင့်ရှိ ပုဂ္ဂိုလ်များလည်း ပါဝင်သည်။

ဤကျင့်ကြံသူအားလုံး၏ ကိုယ်သည် ဝိညာဉ်အလင်းရောင်များ ရစ်သိုင်းထားသည်။

လူသားမျိုးနွယ်နှင့် ကွဲပြားသော အရှိန်အဝါကို ထုတ်လွှတ်နေကြရာ၊ အားလုံးမှာ ပင်လယ်

မျိုးနွယ်မှ ဖြစ်ကြသည်။

ပင်လယ်မျိုးနွယ်အများစုသည် လူ့ပုံစံသို့ ပြောင်းလဲထားကြပြီး၊ အားနည်းသူအချို့မှာမူ သူတို့၏ ပင်လယ်မျိုးနွယ်ပုံစံများကို ဆက်လက်ထိန်းသိမ်းထားကြရာ၊ အချို့မှာ ငါးမန်းခေါင်းများနှင့်ဖြစ်ပြီး အချို့မှာ ဧရာမလက်မောင်းကြီးများဖြင့် ဖြစ်သည်။

ဤပင်လယ်မျိုးနွယ်အများစု၏ အရှိန်အဝါများမှာ အားမကောင်းလှပေ—ရွှေအူတိုင်နယ်ပယ် သို့မဟုတ် ထိုထက်ပင် အားနည်းသော အဆင့်တွင်သာ ရှိကြသည်။

ပင်လယ်မျိုးနွယ်ကျင့်ကြံသူအားလုံး၏ အရှိန်အဝါများ လှိုင်းထန်လာသည်။ ဝိညာဉ်စွမ်းအင် စီးဆင်းမှုသည် မုန်တိုင်းတစ်ခုအဖြစ်သို့ နီးပါးဖြစ်ပေါ်ကာ၊ အရှေ့အလင်းမြို့အပြင်ဘက် ကောင်းကင်ယံကို တိုက်ခတ်သွားပြီး၊ ကောင်းကင်ပင် မှောင်မိုက်သွားစေတော့သည်။

အဝေးရှိ တောအုပ်များမှာ အဆက်မပြတ် ယိမ်းနွဲ့နေလေသည်။

ဤမျှများပြားသော ပင်လယ်မျိုးနွယ်အုပ်စုကြီးကို မြင်သောအခါ၊ အရှေ့အလင်းမြို့အတွင်းရှိ ကျင့်ကြံသူအားလုံး၏ မျက်နှာများ အလွန်အမင်း လေးနက်သွားကြသည်။

လင်ယွမ်ဖုန်းက လေထဲတွင် ပျံဝဲရင်း၊ လေသံအေးစက်စွာဖြင့် မာန်ပါပါ ကြွေးကြော်လိုက်သည်။

"ပင်လယ်မျိုးနွယ်ကောင်တွေ ဒီလောက်အလုံးအရင်းနဲ့ ငါတို့ အရှေ့အလင်းမြို့ကို ရောက်လာတာ၊ တော်တော် သတ္တိရှိနေပါလား။ ဒါပေမဲ့၊ ဒီလောက် လှုပ်လှုပ်ရှားရှားလုပ်နေမှတော့၊ မကြာခင် အရှေ့နယ်မြေက အင်အားကြီးတွေ သတိပြုမိပြီး ဒီကို ချီတက်လာကြတော့မှာပဲ။ အဲ့ဒီအခါကျရင် မင်းတို့အားလုံး ဒီနေရာမှာ အလောင်းတောင် ပြန်ကောက်စရာ မရှိအောင် သေကျေသွားမှာကိုရော ထည့်မတွက်ထားဘူးလား"

ဦးဆောင်နေသော လူလတ်ပိုင်းအရွယ်အမျိုးသားက မထီမဲ့မြင် မဲ့ပြုံးပြုံးကာ လှောင်ရယ်လိုက်သည်။

"ဟမ့်..အရှေ့နယ်မြေ မဟာမိတ်တပ်မတော် မင်းတို့ကို လာကူညီဖို့ အချိန်လိုဦးမှာပဲ။ သူတို့မရောက်ခင်၊ ငါတို့က အရှေ့အလင်းမြို့ကို ပြာပုံဘဝရောက်အောင် ဖန်တီးပေးမလို့ပဲ!"

ထိုစကားကို ကြားသောအခါ၊ လင်ယွမ်ဖုန်း၏ မျက်နှာ မှောင်မိုက်သွားသည်။ သူက ပြန်လည်ချေပသည်။

"ဟား... မင်းတို့လိုကောင်တွေက ဒီမြို့ရဲ့ အကာအကွယ်အခင်းအကျင်းကိုတောင် ကျော်နိုင်မှာမဟုတ်ဘူး!"

ထိုအခါ လူလတ်ပိုင်းအမျိုးသားက မထီတရီ ပြုံးလိုက်၏။

"မင်းတို့ရဲ့ မြို့တော်ကာကွယ်ရေးအခင်းအကျင်းက အားကောင်းတာကို ငါတို့ သဘာဝအတိုင်း သိပါတယ်။ ဒါပေမဲ့ လုံလောက်တဲ့ ပြင်ဆင်မှု မရှိဘဲ ငါတို့ လာခဲ့မယ် ထင်နေလား။"

စကားဆုံးသည်နှင့်၊ လူလတ်ပိုင်းအမျိုးသားက သူ၏လက်ကို လှန်လိုက်ရာ၊ သူ၏လက်ဖဝါးထဲတွင် ကတော့ပုံသဏ္ဌာန် ကျင့်ကြံခြင်းရတနာတစ်ခု ပေါ်လာပြီး၊ ၎င်းပေါ်တွင် ထူထပ်ပြီး လျှို့ဝှက်ဆန်းကြယ်သော မှော်စာလုံးများ ထွင်းထုထားကာ၊ ထူးဆန်းသော စီးဆင်းနေသည့် အလင်းကို ထုတ်လွှတ်နေသည်။

လူလတ်ပိုင်းအမျိုးသားက မဲ့ပြုံးပြုံးကာ ကြိမ်းဝါးလိုက်သည်။

"ဒီ အခင်းအကျင်းဖျက်ဆီးခြင်း ရတနာက

လောကမှာရှိတဲ့ အခင်းအကျင်းအားလုံးကို ချိုးဖျက်နိုင်တယ်။ ဒီနေ့၊ မင်းတို့ရဲ့ အခင်းအကျင်းဟာ ဒီကတော့အောက်မှာ အစိတ်စိတ်အမွှာမွှာ ကြေမွသွားစေရမယ်!"

ထိုစကားကို ကြားသောအခါ၊ လုရီ၊ လင်ယွမ်ဖုန်းနှင့် အခြားကျင့်ကြံသူအားလုံး၏ မျက်နှာအမူအရာများ အနည်းငယ် ပြောင်းလဲသွားကြသည်။

"ဒါ အခင်းအကျင်းဖျက်ဆီးခြင်းကတော့?! မကောင်းတော့ဘူး!"

"ကောလာဟလတွေအရတော့ အခင်းအကျင်းဖျက်ဆီးခြင်းကတော့ဟာ ရှေးခေတ်က လျှို့ဝှက်ရတနာတစ်ပါးဖြစ်ပြီး၊ မဟာအခင်းအကျင်းမှန်သမျှကို တစ်နေရာတည်းကနေ ချိုးဖျက်နိုင်တယ်လို့ ဆိုကြတယ်။ ဒါကို ဖန်တီးဖို့ အလွန် ခက်ခဲပြီး အသုံးပြုနိုင်တဲ့ အကြိမ်အရေအတွက်ကလည်း အလွန် ကန့်သတ်ချက် ရှိတယ်။ ရေနက်နဂါးမျိုးနွယ်က ဒီလိုလက်နက်မျိုးကို ပိုင်ဆိုင်ထားလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ?!"

ထိုက်ရီမြင့်မြတ်နယ်မြေမှ ကျင့်ကြံသူအများအပြားသည် အခင်းအကျင်းကျင့်ကြံသူများကို တန်ပြန်တိုက်ခိုက်ရန် ရည်ရွယ်သည့် ဤလက်နက်ကို ရှေးဟောင်းကျမ်းများတွင် မြင်ဖူးကြပြီး၊ သူတို့၏ မျက်နှာများ အရောင်ပြောင်းသွားကြတော့သည်။

ကျင့်ကြံသူများ၏ မျက်နှာအမူအရာပြောင်းလဲသွားသည်ကို မြင်သောအခါ၊ ပင်လယ်မျိုးနွယ်ကျင့်ကြံသူအုပ်စုက ကျယ်လောင်စွာ ရယ်မောကြသည်။

လူလတ်ပိုင်းအမျိုးသားက သူ၏ ဝိညာဉ်စွမ်းအင်ကို ထည့်သွင်း၍

အခင်းအကျင်းဖျက်ဆီးခြင်း ကတော့ကို ရှေ့သို့ ပစ်လွှတ်လိုက်သည်။

ကတော့မှ အမှောင်အလင်းတို့ ထုတ်လွှတ်လိုက်၍ အနက်ရောင်အလင်းတန်းတစ်ခုအသွင် ကောင်းကင်ကို ထိုးခွဲသွား၏။

အခင်းအကျင်းပုံစံများကို ပြင်းထန်စွာ ဝင်ဆောင့်သည်။

ဘုန်း!!!

ပြင်းထန်သော မြည်ဟည်းသံကြီး ပေါက်ကွဲထွက်လာတော့သည်။

အခင်းအကျင်းဖျက်ဆီးခြင်းကတော့သည် သူ၏ မရေတွက်နိုင်သော လျှို့ဝှက်ဆန်းကြယ်သည့်

မှော်စာလုံးများဖြင့် မဟာအခင်းအကျင်းကို အလွန်ထက်ရှသော အရှိန်အဝါဖြင့် တုန်ခါစေလိုက်သည်။

ကောင်းကင်ရှိ အခင်းအကျင်းပုံစံများ အဆက်မပြတ် လင်းလက်တောက်ပလာသည်။

၎င်းတို့သည် ထူးဆန်းသော စွမ်းအားတစ်ခုခု၏ ကျူးကျော်ခြင်းကို ခံလိုက်ရသကဲ့သို့ ဖြစ်နေသည်။

အခင်းအကျင်းပုံစံများ ရှုပ်ထွေးသွားသည်။

မဟာအခင်းအကျင်း၏ စွမ်းအားမှာလည်း ယုတ်လျော့သွားပုံရလေသည်။

ဤအဖြစ်က လင်ယွမ်ဖုန်း၏ မျက်နှာအမူအရာကို သိသိသာသာ ပြောင်းလဲသွားစေတော့သည်။

သူ အမိန့်ပေးလိုက်သည်။ "ဒါ တကယ်ပဲ အခင်းအကျင်းဖျက်ဆီးခြင်းကတော့ပဲ! ပင်လယ်မျိုးနွယ်က ဒီလို လျှို့ဝှက်ရတနာမျိုးကို ထုတ်သုံးနိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး! ဒီနှုန်းအတိုင်းဆိုရင်၊ မြို့တော်ကာကွယ်ရေးအခင်းအကျင်းက ကြာကြာခံမှာမဟုတ်ဘူး။ ကျင့်ကြံသူအားလုံး၊ တိုက်ပွဲအတွက် ပြင်ဆင်ကြ!"

လင်ယွမ်ဖုန်း၏ စကားသံသည် ရှေးဟောင်းမြို့တော်တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး၊ မြို့အတွင်းရှိ ကျင့်ကြံသူအားလုံး ထိတ်လန့်သောအမူအရာများ ပြသကြကာ၊ သာမန်လူများမှာ ပို၍ပင် ကြောက်ရွံ့နေကြတော့သည်။

ကောင်းကင်ရှိ အရှေ့အလင်းမြို့ ကျင့်ကြံသူများ၏ မျက်နှာအမူအရာများ ခက်ထန်သွားပြီး၊ သူတို့သည် အခင်းအကျင်းဖျက်ဆီးခြင်းကတော့၏ ဦးတည်ရာကို စူးစိုက်ကြည့်နေကြသည်။

မကြာမီပင်၊ အခင်းအကျင်းပုံစံများ ပေါက်ကွဲထွက်သွားသည်။

မဟာအခင်းအကျင်းအတွင်းရှိ လေဓားသွားများသည် တစ်ခဏမျှ ရှုပ်ထွေးသွားပြီးနောက် လေပြေအဖြစ်သို့ ပြယ်လွင့်သွားလေ၏။

ပင်လယ်မျိုးနွယ် ပုဂ္ဂိုလ်ကြီးအားလုံး မျက်နှာထက်ဝယ် အေးစက်သော အပြုံးများ ဖြစ်တည်လာကြသည်။

"ဟွန့်! အခင်းအကျင်းဖျက်ဆီးခြင်းကတော့ရဲ့ အစွမ်းက တကယ်ပဲ ကောင်းလှတယ်။"

"ဒီလိုဆိုရင်၊ အဲ့ဒီမြို့တော်ကာကွယ်ရေးအခင်းအကျင်းက ကြာကြာခံနိုင်မှာ မဟုတ်တော့ဘူး။"

သို့သော် မကြာမီပင်၊ မူလက ကြေမွသွားသော အခင်းအကျင်းပုံစံများ ပြန်လည်စုဖွဲ့လာကြပြန်သည်။

ထို့နောက်၊ ကောင်းကင်တွင် မဂ်လာသားရဲပုံရိပ်ယောင်များ ပေါ်ထွက်လာသည်။

ကျားဖြူ...

မိုးပြာနဂါး...

အနီရောင်ဖီးနစ်...

လိပ်မည်း...

မဂ်လာ သားရဲ လေးပါးတို့သည် ကြောက်မက်ဖွယ် အဆက်မပြတ် ဟိန်းဟောက်လာကြကာ၊ ခရမ်းရောင် မိုးကြိုး အလင်းတန်းများ ပေါ်လိုက်ပျောက်လိုက် လင်းလက်နေလေတော့သည်။

All Chapters