အခန်း (၃၉၁-၃၉၃)
Vol. 27 Ch. 391-393
အခန်း ၃၉၁-အခင်းအကျင်းကို ချိုးဖျက်ခြင်း ...
~စောစောကပင် အောင်နိုင်သူအပြုံးတို့ ဝေဆာနေခဲ့သော ပင်လယ်မျိုးနွယ် ပုဂ္ဂိုလ်ကြီးများ၏ မျက်နှာထက်၌ ယခုမူ အလိုမကျခြင်း၏ အရိပ်အယောင်တို့က ချက်ချင်း နေရာယူသွားလေ၏။ သူတို့၏ မျက်မှောင်များမှာမူ တင်းတင်းကြုတ်မိလျက်သား ဖြစ်ကုန်ကြတော့သည်။
"ဒါက ငါတို့ရထားတဲ့ သတင်းအချက်အလက်နဲ့ ကွဲလွဲနေပါလား။ မြို့တော်ကာကွယ်ရေး အခင်းအကျင်းက ငါတို့ထင်ထားတာထက် အများကြီး ပိုပြီးမာကျောနေတယ်"
မဟာယာန ကျင့်ကြံသူတစ်ဦးက မျက်မှောင်ကြုတ်ရင်း အလိုမကျစွာ ရေရွတ်လိုက်သည်။
"ဒါကတော့ ကြိုတွက်ထားရမှာပဲလေ၊ အရှေ့နယ်မြေက ကျင့်ကြံသူတွေက အရူးတွေမှမဟုတ်တာ။ ငါတို့လူတွေကလည်း အတွင်းပိုင်းသတင်းကို ဒီထက် ပိုမစုံစမ်းနိုင်ခဲ့ဘူး။ ဒီတော့ ကွဲလွဲချက်တချို့ ရှိနေတာက ရှောင်လွှဲလို့ မရတဲ့ အမှန်တရားပဲ"
အခြား မဟာယာန ကျင့်ကြံသူ တစ်ဦးကမူ အေးဆေးတည်ငြိမ်စွာပင် မှတ်ချက်ပြုလိုက်၏။
"အခင်းအကျင်းဖျက်ဆိီးခြင်း ကတော့ကရော ဒီအခင်းအကျင်းကြီးကို ချိုးဖျက်နိုင်ပါ့မလား။"
အမျိုးသမီး မဟာယာန ကျင့်ကြံသူတစ်ဦးက မျက်ခုံးနှစ်ဖက်ကို မြှင့်တင်ရင်း စိုးရိမ်စွာ မေးခွန်းထုတ်လာ၏။
"အချိန်ဖြုန်းနေလို့ မရဘူး။ အရှေ့အလင်းမြို့တော်ကို အမြန်ဆုံး မသိမ်းပိုက်နိုင်ဘူးဆိုရင် ယာယီ ဆုတ်ခွာရဖို့ပဲ ရှိတော့တယ်"
ခေါင်းဆောင်ဖြစ်ဟန် တူသော ပင်လယ်မျိုးနွယ် ကျင့်ကြံသူက ရေခဲတမျှ အေးစက်သော လေသံဖြင့် ခွန်းတုံ့ပြန်သည်။
"အခင်းအကျင်းက ထင်ထားတာထက် သန်မာနေတာမှန်ပေမဲ့ ပြဿနာတော့ မရှိလောက်ပါဘူး။ ဒါပေမဲ့… အခင်းအကျင်းဖျက်ဆိီးခြင်း ကတော့ရဲ့ စွမ်းအင်အသုံးအဖြုန်းကတော့ တော်တော်လေး ပြင်းထန်သွားလိမ့်မယ်"
"ဒီအခြေအနေမှာတော့ ငါတို့မှာ ရွေးချယ်စရာ
မရှိတော့ဘူး… ဆက်လုပ်!"
ထိုသို့ ပင်လယ်မျိုးနွယ်မှ မဟာယာန ပုဂ္ဂိုလ်ကြီးတစ်ဦးက မျက်လုံးများကျဉ်းမြောင်းသွားရင်း လေသံခက်ထန်စွာ အမိန့်ချလိုက်၏။
...
ခေါင်းဆောင် ပင်လယ်မျိုးနွယ် ပုဂ္ဂိုလ်ကြီးက ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး သူ၏လက်နှစ်ဖက်ဖြင့် ရှုပ်ထွေးသော တံဆိပ်ပုံစံတစ်ခုကို ဖန်တီးလိုက်၏။
ထိုအခါ အခင်းအကျင်းဖျက်ဆိီးခြင်း ကတော့၏ ကိုယ်ထည်မှ သေမင်းတမန်၏အလင်းတန်းသဖွယ် အမှောင်စွမ်းအင်တစ်ခုက ပေါက်ကွဲထွက်လာသည်။ သိပ်သည်းလှသော အခင်းအကျင်း ပုံစံများကလည်း ငွေရောင်အလင်းတန်းများအဖြစ် တဖျပ်ဖျပ် တောက်လောင်လာလေသည်။
စောစောကမှ ပြန်လည်တည်ငြိမ်လာခဲ့သော အခင်းအကျင်းကြီး၏ စွမ်းအင်ပုံစံများမှာ တစ်ဖန်ပြန်၍ မီးတောက်ငယ်တစ်ခု လေအဝှေ့တွင် မှေးမှိန်သွားသည့်အလား တဖြည်းဖြည်း ပျောက်ကွယ်သွားရပြန်၏။
ထိုမြင်ကွင်းကို မြင်လိုက်ရသော လင်ယွမ်ဖုန်း၏ မျက်မှောင်များမှာ တင်းကျပ်စွာ ကြုတ်မိသွားပြီး လေးနက်သောလေသံဖြင့် အလေးအနက် မှာကြားလိုက်သည်။
"အခြေအနေက မဟန်တော့ဘူး၊ မိတ်ဆွေလေးလုရီ။ မင်း ဖန်တီးထားတဲ့ အခင်းအကျင်းမျက်လုံးနဲ့တောင် ဒီအခြေအနေကို ကြာရှည်ထိန်းထားနိုင်ဖို့ မလွယ်လောက်တော့ဘူး နော်"
ထိုအခါ လုရီက ခေါင်းအသာညိတ်ပြ၏။
"မှန်ပါတယ်၊ အခင်းအကျင်း ဖျက်ဆီးခြင်းကတော့ဆိုတာက အစကတည်းက အခင်းအကျင်းကြီးတွေကို ချေဖျက်ဖို့ အစွမ်းထက်တဲ့ ပစ္စည်းဆိုတော့ ဒီလိုဖြစ်လာမယ်ဆိုတာ ကြိုတွက်ထားပြီးသားပါ။ ဒါပေမယ့်…"
လုရီက အခင်းအကျင်း ဖျက်ဆီးခြင်းကတော့ကို စူးစိုက်ကြည့်လိုက်သည်။ သူ၏အမြင်အာရုံဖြင့် ထိုအမှောင်စွမ်းအင်ကို ထွင်းဖောက်မြင်နိုင်ပြီး မျက်နှာပြင်ပေါ်တွင် ပေါ်ပေါက်လာသော ပင့်ကူအိမ်သဖွယ် အက်ကြောင်းများကိုပင် ထင်ထင်ရှားရှား သတိပြုမိလိုက်၏။
သူ၏ မျက်လုံးများက ဓားသွား တစ်စင်းကဲ့သို့ ကျဉ်းမြောင်းသွားပြီး သူ၏ ထက်ရှသော အတွေးများကို ဖွင့်ဟ ခွဲခြမ်းပြလိုက်သည်။
"ကြည့်ရတာ ဒီလျှို့ဝှက်ရတနာမှာလည်း သူ့ရဲ့ကန့်သတ်ချက်ရှိပုံပဲ။ ဒီရတနာသာ ဒီအခင်းအကျင်းကြီးကို ချိုးဖျက်နိုင်ခဲ့ရင်တောင် သူ့ကိုယ်သူလည်း လုံးဝပျက်စီးသွားလောက်ပြီ။ ဒါက ကျွန်တော်တို့အတွက်တော့ သတင်းကောင်းတစ်ခုလို့ ပြောလို့ရတယ်"
လင်ယွမ်ဖုန်းကလည်း ထိုအချက်ကို သတိပြုမိဟန်ဖြင့် ခေါင်းအသာညိတ်ပြကာ အကြံကို တင်ပြ၏။
"ဒါဆို ခဏနေရင် ကျုပ်ဘက်က အခင်းအကျင်းကြီးတစ်ခုနဲ့ မဟာယာန ပင်လယ်မျိုးနွယ် လေးယောက်ကို ထိန်းထားလိုက်မယ်။ ကျန်တဲ့ကောင်တွေကတော့ မိတ်ဆွေလေးလုရီ..မင်းနဲ့ မင်းရဲ့ အဖော်တွေအပေါ်မှာပဲ မူတည်တော့တယ်"
သူ့စကားအား လုရီနှင့် ပေါင်းစည်းခြင်းနယ်ပယ် ပုဂ္ဂိုလ်ကြီးများအားလုံးသည် တင်းမာသောမျက်နှာထားများဖြင့် ခေါင်းညိတ်လိုက်ကြ၏။
ဤနေရာတွင် ပေါင်းစည်းခြင်းနယ်ပယ် ပုဂ္ဂိုလ်ကြီးများမှာ ဆယ့်နှစ်ယောက်သာ ရှိပြီး ရန်သူ့ဘက်တွင်မူ သုံးဆယ်ကျော် ရှိနေ၏။ အရေအတွက်ကွာဟချက်မှာ သုံးဆအထိ ရှိနေပြီး တောင်ကြီးတစ်လုံးနှင့် ကျောက်ခဲတစ်လုံးပမာ ကြီးမားလှပေသည်။
ဤအချက်ကပင် ပေါင်းစည်းခြင်းနယ်ပယ် ပုဂ္ဂိုလ်ကြီးတိုင်း၏ မျက်နှာများကို သံပူခပ်ခံလိုက်ရသလို ညိုးငယ်သွားစေတော့သည်။
"ပင်လယ်မျိုးနွယ်တွေက ဒီလောက်တောင် ကြောက်စရာ ကောင်းတဲ့ အင်အားနဲ့ ရောက်လာလိမ့်မယ်လို့ ထင်မထားခဲ့ဘူး" အကြီးအကဲ
တစ်ဦးက လေးလံသော လေသံဖြင့် ညည်းညူလိုက်သည်။
"အချိန်ကျလာရင် ငါတို့ဘက်ကလည်း အခင်းအကျင်းကြီး တစ်ခုဖွဲ့ပြီး သူတို့ထဲက အင်အားတူတဲ့ ကောင်တွေကို အချိန်ဆွဲထားရမှာပဲ" အခြား ပေါင်းစည်းခြင်း နယ်ပယ် ပုဂ္ဂိုလ်ကြီးတစ်ဦးက မာန်တင်းကာ ဆိုသည်။
ကျန်သော ပေါင်းစည်းခြင်းနယ်ပယ် ပုဂ္ဂိုလ်ကြီးများအားလုံးကလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။
ကံကောင်းသည်မှာ ဤနေရာသည် ထိုက်ရီ မြင့်မြတ်နယ်မြေမှ ကျင့်ကြံသူများ စောင့်ကြပ်နေသော ရှေးဟောင်းမြို့တော် ဖြစ်နေခြင်းပင်တည်း။ အခင်းအကျင်း ပညာရှင် တစ်ဦးသည် ဤသို့သော တိုက်ပွဲ မြေပြင်တွင် မိမိ၏ ကိုယ်ပိုင်အခင်းအကျင်းများကို တည်ဆောက်နိုင်ပြီး ပိုမိုအားကောင်းသော စွမ်းအားကို ထုတ်ပြနိုင်ပေရာ၊ အဆင့်တူ ပြိုင်ဘက်အချို့ကို အချိန်ဆွဲထားနိုင်ပေလိမ့်မည်။
အကယ်၍သာ ဤနေရာတွင် အခင်းအကျင်း ပညာရှင် မဟုတ်ဘဲ အခြား ကျင့်ကြံသူများသာဆိုလျှင် အခြေအနေမှာ ယခုထက် များစွာ ပိုဆိုးရွားသွားနိုင်၏။
လူတိုင်း မိမိတို့၏ အစီအစဉ်များကို ဆွေးနွေးနေကြစဉ်၊ နောက်တန်းမှ ကျင့်ကြံသူများ၏ မျက်နှာများမှာ ဖြူဖျော့နေပြီး တီးတိုးစကားဆိုနေကြသည်။
အခင်းအကျင်းကြီးမှာ ကျိုးပေါက်တော့မည်ဖြစ်ရာ ကျင့်ကြံသူအများအပြားသည် ဆုတ်ခွာရန် စတင်စဉ်းစားလာကြပြီး သူတို့၏ မျက်နှာများထက်တွင် ထိတ်လန့်မှုတို့က အထင်းသားပေါ်နေတော့သည်။
ပင်လယ်မျိုးနွယ် ကျင့်ကြံသူဦးရေမှာ သူတို့ထက် အဆမတန်များပြားလှရာ၊ သာမန်ကျင့်ကြံသူများအတွက်ပင် ခုခံရန် ပိုမိုခက်ခဲလိမ့်မည်မှာ သေချာနေသည်။
အချို့ကျင့်ကြံသူများမှာမူ လွတ်မြောက်ရာလမ်းကြောင်းကိုပင် စတင်ရှာဖွေနေကြလေပြီ။
ထိုမြင်ကွင်းကို မြင်သော် လင်ယွမ်ဖုန်း၏ မျက်မှောင်များ ကြုတ်သွားပြီး လေသံအေးစက်စွာဖြင့် ဟိန်းဟောက်လိုက်သည်။
"အရှေ့အလင်းမြို့တော်ကို အဝိုင်းခံရပြီးပြီ။ အသက်ရှင်ချင်ရင် တိုက်ပွဲကို သေသေချာချာဝင်တိုက်ကြ။ တိုက်ပွဲမစခင် ထွက်ပြေးတဲ့ကောင်တွေ၊ ရန်သူ မရောက်ခင် ကြောက်ရွံ့နေတဲ့ကောင်တွေကို စစ်ဥပဒေအရ အပြစ်ပေးမယ်!"
ထိုစကားကို ကြားသော် ကျင့်ကြံသူအများအပြား၏ မျက်နှာများ အနည်းငယ်ပြောင်းလဲသွားကြ၏။
အရှေ့နယ်မြေ မဟာမိတ်တပ်မတော်၏ စစ်ဥပဒေမှာ ပေါ့သေးသေး မဟုတ်သည်ကို သူတို့ ကောင်းကောင်းသိသောကြောင့်တည်း။
ဘုန်း!!!
ထိုအခိုက်မှာပင် မိုးကြိုးတစ်စင်း ပစ်ချလိုက်သည့်အလား ပေါက်ကွဲသံကြီး တစ်ခု ထွက်ပေါ်လာသည်။
တပြိုင်နက်တည်း၌ ကာကွယ်ရေး အခင်းအကျင်း၏ အလင်းလွှာကြီးသည် ပန်းကန် ခွက်ယောက်တစ်ခု ကြေမွသွားသည့်အလား အပိုင်းပိုင်း ပျက်စီးသွားလေတော့၏။
ကောင်းကင်ထက်မှ ဆန်းကြယ်မြင်ကွင်းသည်လည်း ကြည်လင်သွားတော့သည်။ အခင်းအကျင်း ဖျက်ဆီးခြင်းကတော့ထံမှ မျက်စိကျိန်းလောက်သော အမှောင်အလင်းတန်းများ ထုတ်လွှတ်နေပြီး အတွင်း၌ ငွေရောင်အလင်းတန်းများက ဝေ့ဝဲနေ၏။
ထိုအခိုက်အတန့်တွင် အခင်းအကျင်း ဖျက်ဆီးခြင်းကတော့ပေါ်၌ အက်ကြောင်းမြောက်မြားစွာ ပေါ်ထွက်လာသည်။ ဤမျှအားကောင်းသော အခင်းအကျင်းကြီးကို ဖျက်ဆီးရသည့်အတွက် အခင်းအကျင်း ဖျက်ဆီးခြင်းကတော့ကဲ့သို့ လျှို့ဝှက်ရတနာပင်လျှင် အလွန်အမင်း ပျက်စီးသွားပြီး လုံးဝကြေမွသွားလုနီးပါး ဖြစ်ခဲ့ရသည်။
အခင်းအကျင်းကြီး ကျိုးပေါက်သွားသည်နှင့် ပင်လယ်မျိုးနွယ်တို့၏ သွေးဆာနေသော သတ်ဖြတ်လိုစိတ်များသည့် တာတမံကျိုးကျလာသော သွေးပင်လယ်ကြီးအလား အရှေ့အလင်းမြို့တော်မှ ကျင့်ကြံသူများထံသို့ အရှိန်ပြင်းစွာ တိုးဝင်လာကြတော့သည်။
ခေါင်းဆောင်ဖြစ်သူ ရေနက်နဂါးကြီးက ကောင်းကင်ယံကိုပင် တုန်ခါသွားစေမည့် ရက်စက် ကြမ်းကြုတ်သော အမိန့်သံ တစ်ချက်ကို ကြုံးဝါးလိုက်၏။
"ငါ့လူတွေ ..သတ်"
ပင်လယ်မျိုးနွယ် ကျင့်ကြံသူအလုံးအရင်းမှာ အရှေ့အလင်းမြို့တော်မှ ကျင့်ကြံသူများထံသို့ တဟုန်ထိုး ပြေးဝင် တိုက်ခိုက်ကြတော့သည်။
အင်အားအကြီးဆုံး ဖြစ်သော မဟာယာနနှင့် ပေါင်းစည်းခြင်းနယ်ပယ် ကျင့်ကြံသူများမှာမူ တစ်ဦးနှင့်တစ်ဦး ကြိုတင် ချိန်းဆိုထားခြင်း မရှိဘဲ ကောင်းကင်သို့ ပျံတက်သွားကြပြီး အမြင့်ဆုံးနေရာသို့ တက်လှမ်းသွားကြသည်။
ပုဂ္ဂိုလ်ကြီးများကြားမှ တိုက်ပွဲ၏ အဖျက်စွမ်းအားမှာ အလွန်ပြင်းထန်လှ၏။ အောက်ဘက်တိုက်ပွဲ မြေပြင်တွင် ပင်လယ်မျိုးနွယ်နှင့် အရှေ့နယ်မြေ မဟာမိတ်တပ်မတော်မှ ကျင့်ကြံသူများ အများအပြားရှိနေရာ၊ နှစ်ဖက်စလုံး ထိုနေရာတွင် တိုက်ခိုက်လိုခြင်း မရှိကြပေ။
သူတို့၏ တိုက်ခိုက်မှုမှ ထွက်ပေါ်လာသော နောက်ဆက်တွဲ အရှိန်အဝါမျှဖြင့်ပင် နှစ်ဖက်စလုံးတွင် အစုလိုက်၊ အပြုံလိုက် သေဆုံးမှုများ ဖြစ်ပွားသွားနိုင်သောကြောင့်တည်း။
လင်ယွမ်ဖုန်းနှင့် ထိုက်ရီ မြင့်မြတ်နယ်မြေမှ ပေါင်းစည်းခြင်းနယ်ပယ် ပုဂ္ဂိုလ်ကြီးအချို့ အပေါ်သို့ ပျံတက်သွားကြစဉ် လုရီက ဝင်ရောက်ပြောဆိုလိုက်သည်။
"ကျွန်တော်လည်း တက်သွားမယ်"
ပင်လယ်မျိုးနွယ်မှ မဟာယာနနှင့် ပေါင်းစည်းခြင်းနယ်ပယ် ကျင့်ကြံသူဦးရေမှာ အဆမတန်များပြားနေရာ၊ လင်ယွမ်ဖုန်းနှင့် အခြား ပေါင်းစည်းခြင်းနယ်ပယ် ပုဂ္ဂိုလ်ကြီးများချည်းဖြင့် ထိန်းထားနိုင်မည်မှာ မသေချာတော့ပေ။
လုရီအနေဖြင့် တိုက်ပွဲတွင် ဝင်ပါရပေတော့မည်။
ယွင်ရှီး၏ မျက်နှာမှာမူ ခိုင်မာပြတ်သားနေပြီး သူမက ဆုံးဖြတ်ချက်ချလိုက်သည်။
"နင်နဲ့အတူတူ ငါလိုက်မယ်!"
ယွင်ရှီး၏ ပြတ်သားသော မျက်နှာအမူအရာကို မြင်သော် လုရီက တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ခေါင်းအသာညိတ်ပြကာ တိုက်တွန်းလိုက်သည်။
"ကောင်းပြီလေ၊ ဒါပေမယ့် မင်း ဂရုစိုက် နော်!"
သူတို့နှစ်ဦးသည်လည်း အမြင့်သို့ ပျံတက်သွားကြပြီး အလင်းတန်းများအဖြစ် ပြောင်းလဲကာ ကောင်းကင်ယံသို့ တဟုန်ထိုးတက်သွားကြတော့သည်။
လုရီက ပုဂ္ဂိုလ်ကြီးများ၏ တိုက်ပွဲတွင် ဝင်ပါခြင်းမှာ အံ့ဩစရာမရှိသော်လည်း၊ ယွင်ရှီး၏ လုပ်ရပ်မှာမူ ထိုက်ရီ မြင့်မြတ်နယ်မြေမှ ကျင့်ကြံသူများနှင့် ဝမ်ပေဖုန်းကဲ့သို့သော သူများကို အံ့အားသင့်သွားစေသည်။
"အို...အဲ့ဒီမိန်းကလေးက ဘယ်သူလဲ? ပုဂ္ဂိုလ်ကြီးတွေရဲ့ တိုက်ပွဲမြေပြင်ထဲကို ဝင်ရဲတဲ့အထိ သတ္တိရှိလှချည်လား?!"
"လုရီကတော့ ထားပါတော့၊ ...အဲ့ဒီမိန်းကလေး ဝင်သွားတယ်ဆိုတော့? လုရီက သူ့ကို မတားဘူး! ...အဲ့ဒီမိန်းကလေးရဲ့အစွမ်းကလည်း အဲ့ဒီလောက်တောင် ကြောက်စရာကောင်းနေလို့လား?"
လူတိုင်းမှာ နားမလည်နိုင်အောင် ဖြစ်နေကြသော်လည်း ပင်လယ်မျိုးနွယ် ကျင့်ကြံသူများက တိုက်ခိုက်လာပြီဖြစ်သောကြောင့် သူတို့ အာရုံလွှဲနေ၍မဖြစ်တော့ပေ။
ထိုက်ရီ မြင့်မြတ်နယ်မြေမှ ကျင့်ကြံသူများက ပြင်းထန်သောစိတ်ဓာတ်ဖြင့် ရှေ့ဆုံးမှ ဦးဆောင်ကာ ကြွေးကြော်လိုက်သည်။
"သူတို့ကို တားထားကြ! အရှေ့အလင်းမြို့တော်က အရေးကြီးတယ်၊ ဒီနေရာကို ပင်လယ်မျိုးနွယ် တိရစ္ဆာန်တွေလက်ထဲကို အဆုံးရှုံးခံလို့မဖြစ်ဘူး!!"
အခန်း ၃၉၂- အခင်းအကျင်းကို ချိုးဖျက်ခြင်း...
~ထိုက်ရီ မြင့်မြတ်နယ်မြေမှ ကျင့်ကြံသူများ၏ ကိုယ်ပေါ်တွင် အခင်းအကျင်းပုံစံများ တဖျပ်ဖျပ်လက်သွားပြီး၊ အလင်းတန်းများအဖြစ် ပြောင်းလဲကာ အခင်းအကျင်းကြီးများအဖြစ် ပေါင်းစည်းသွားလျက် ပင်လယ်မျိုးနွယ် ကျင့်ကြံသူများ၏ တိုက်ခိုက်မှုကို ခုခံလိုက်ကြသည်။
အရှေ့အလင်းမြို့တော်မှ အခြား ကျင့်ကြံသူများကလည်း အဆက်မပြတ် ဟိန်းဟောက်ကြပြီး၊ သူတို့၏ ကျင့်ကြံခြင်းရတနာများနှင့် သိုင်းပညာများကို ထုတ်ဖော်ကာ ပင်လယ်မျိုးနွယ် ကျင့်ကြံသူများထံသို့ ဗုံးကြဲတိုက်ခိုက်ကြတော့သည်။
ပင်လယ်မျိုးနွယ် ကျင့်ကြံသူများကလည်း ပြန်လည်ဟိန်းဟောက်ကြပြီး သူတို့၏ သိုင်းပညာများနှင့် တိုက်ပွဲရတနာများကို ပစ်လွှတ်ကာ အရှေ့အလင်းမြို့တော်မှ ကျင့်ကြံသူများနှင့် ရင်ဆိုင်တိုက်ခိုက်ကြသည်။
အရှေ့အလင်းမြို့တော် ပတ်ပတ်လည်တွင် ကောင်းကင်တစ်ခုလုံးမှာ မျက်စိကျိန်းလောက်သော ဝိညာဉ်အလင်းတန်းများဖြင့် ပြည့်နှက်နေပြီး နေမင်းထက်ပင် ပိုမိုတောက်ပနေတော့သည်။
အာကာသကိုပင် အစင်းကြောင်းများထင်စေသည့် ဝိညာဉ်စွမ်းအင် လှိုင်းလုံးကြီးများကြောင့် အရှေ့အလင်းမြို့တော်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါနေ၏။ ငလျင်ကြီးတစ်ခု လှုပ်ခတ်သွားသည့်အလား မြေပြင်ထက်တွင် အက်ကြောင်းကြီးများက ပင့်ကူအိမ်သဖွယ် ယှက်ဖြာသွားတော့သည်။
မြို့ထဲမှ အင်အားနည်းသော ကျင့်ကြံသူများနှင့် သာမန်လူများ၏ မျက်နှာများမှာမူ သဘာဝဘေးအန္တရာယ်ကြီးတစ်ခု ကျရောက်လာသည့်အလား ထိတ်လန့်တုန်လှုပ်နေကြပြီး တားဆီးရန်မှာမူ စွမ်းအားမဲ့နေကြရှာသည်။
...
ဤသို့သော ဖိအားပေးသည့်အရှိန်အဝါအောက်တွင် သူတို့မှာ ဖွဲတစ်စအလား အားနည်းလှပြီး မြေပြင်ပေါ်သို့ ပြိုလဲကျကာ ဆုတောင်းနေရုံမှတစ်ပါး အခြားမရှိတော့ပေ။
ပင်လယ်မျိုးနွယ် ကျင့်ကြံသူများနှင့် အရှေ့အလင်းမြို့တော်မှ ကျင့်ကြံသူများ တိုက်ခိုက်နေကြစဉ်၊ ကောင်းကင်အထက်၌ အခြားတိုက်ပွဲမြေပြင်တစ်ခု ပေါ်ပေါက်လာခဲ့သည်။
ပုဂ္ဂိုလ်ကြီးအဆင့်ရှိသူများသာ ဤတိုက်ပွဲတွင် ပါဝင်ခွင့်ရှိပြီး၊ ကြောက်မက်ဖွယ် ဝိညာဉ်စွမ်းအင် တုန်ခါမှုများက နေရာလပ်ကိုပင် စုတ်ဖြဲပစ်ကာ နေရာတိုင်းတွင် မည်းနက်သော အက်ကြောင်းများက ပြည့်နှက်နေသည်။ ဟင်းလင်းပြင်သည် ကြေမွသွားသော မှန်တစ်ချပ်အလား ကြွပ်ဆတ်နေတော့သည်။
လုရီနှင့် ယွင်ရှီးတို့ ရောက်ရှိလာချိန်တွင် နှစ်ဖက်မှ ကျင့်ကြံသူများမှာ ပြင်းထန်စွာ တိုက်ခိုက်နေကြပြီဖြစ်သည်။
ကောင်းကင်အထက်ပိုင်း၊ လေဟာနယ်နီးပါးနေရာတွင် လင်ယွမ်ဖုန်းက အခင်းအကျင်းကြီးအချို့ကို ဖန်တီးကာ ပင်လယ်မျိုးနွယ်မှ မဟာယာန ပုဂ္ဂိုလ်ကြီးလေးဦးကို ထောင်ချောက်ဆင်ထားသည်။ ကြောက်မက်ဖွယ် ဝိညာဉ်စွမ်းအင်ဖိအားမှာ နတ်ဘုရားတစ်ပါး၏ အရှိန်အဝါအလား၊ နေရာလပ်ကို အဆက်မပြတ် ချိုင့်ဝင်စေပြီး ကြေမွစေကာ ကြောက်မက်ဖွယ် မြင်ကွင်းတစ်ခုအဖြစ် ဖန်တီးထားလေသည်။
ပေါင်းစည်းခြင်းနယ်ပယ်မှ ပုဂ္ဂိုလ်များကြားမှ တိုက်ပွဲမှာလည်း အလွန်ပြင်းထန်လှ၏။ ဝိညာဉ်စွမ်းအင် တိုက်ခိုက်မှုတိုင်းသည် ကီလိုမီတာ ရာပေါင်းများစွာ ကျယ်ပြန့်သော တုန်ခါမှုလှိုင်းတစ်ခုကို သယ်ဆောင်လာပြီး ပတ်ဝန်းကျင်ကို တိုက်ခတ်သွားသည်။
ထိုသို့သော နောက်ဆက်တွဲအရှိန်အဝါမှာ မြေပြင်ပေါ်တွင်သာဆိုလျှင် တောင်များကို ပြားသွားစေပြီး မြေကြီးကို လှန်ပစ်နိုင်လောက်ပြီး၊ ကောင်းကင်ထက်၌လည်း နေရာလပ်ကို စက္ကူတစ်ရွက်အလား လိမ်ကျစ်၊ ကြေမွသွားစေကာ အဆက်မပြတ် အက်ကြောင်းထင်လာစေသည်။
ထိုက်ယီ မြင့်မြတ်နယ်မြေမှ ပုဂ္ဂိုလ်ကြီးများက အဆက်မပြတ် ဟိန်းဟောက်ကြပြီး၊ သူတို့၏
အဆင့်မြင့် အခင်းအကျင်းတာအိုပညာကို ထုတ်သုံးကြသည်။ ကြိုတင်ပြင်ဆင်ထားသော အခင်းအကျင်းပြားများကို ထုတ်ယူကာ ပင်လယ်မျိုးနွယ် ပုဂ္ဂိုလ်ကြီးများ၏ တိုက်ခိုက်မှုကို ခုခံရန် အခင်းအကျင်းကြီးများ ဖန်တီးကြသည်။
သို့သော်လည်း ပင်လယ်မျိုးနွယ် ပုဂ္ဂိုလ်ကြီးများ၏ အရေအတွက်မှာ အလွန် များပြားလှပြီး၊ ထိုက်ယီ မြင့်မြတ်နယ်မြေမှ ကျင့်ကြံသူများထက် သုံးဆနီးပါး ရှိနေရာ၊ ထိုက်ယီ ပုဂ္ဂိုလ်ကြီးများမှာ အနည်းငယ် မနိုင်မနင်း ဖြစ်ကာ ခုခံသည့်အနေအထားသို့ ရောက်ရှိနေကြသည်။
"ဟားဟားဟား!! ထိုက်ရီ မြင့်မြတ်နယ်မြေကကောင်တွေ၊ ဒီနေ့က မင်းတို့ သေနေ့ပဲ!"
ရေနက်နဂါး ပုဂ္ဂိုလ်ကြီးတစ်ဦးက သွေးဆာသောရယ်မောသံဖြင့် ကြုံးဝါးရင်း၊ သိပ်သည်းသော မှော်ရေစီးကြောင်းများကို ထုတ်လွှတ်ကာ အခင်းအကျင်းကြီးကို ဗုံးကြဲတိုက်ခိုက်လိုက်သည်။
အခင်းအကျင်းအတွင်းမှ အကြီးအကဲတစ်ဦးမှာမူ အခင်းအကျင်းအတွင်းမှ ကမ္ဘာတစ်ခု၏ အရှင်သခင်အလား၊ ပေါ့ပေါ့ပါးပါး လက်ဖြန့်လိုက်၏။
ရွှေရောင်အလင်းမျှင်များကို သူ၏လက်ထဲသို့ ဖမ်းယူပြီး ရွှေရောင်အလင်းလုံးများအဖြစ် ပေါင်းစည်းကာ ရေနက်နဂါး ပုဂ္ဂိုလ်ကြီးထံသို့ ပစ်လွှတ်လိုက်သည်။
သူက မခံချင်စိတ်ဖြင့် ခွန်းတုံ့ပြန်လိုက်သည်။
"အိပ်မက်မက်မနေနဲ့! အရှေ့နယ်မြေ မဟာမိတ်တပ်မတော်က စစ်ကူတွေရောက်လာတဲ့အထိ စောင့်လိုက်စမ်းပါ။ အဲ့ဒီနေ့က မင်းတို့ရဲ့သေနေ့ပဲ ဖြစ်လာလိမ့်မယ်!"
ဤသည်မှာ တိုက်ပွဲမြေပြင်၏ အစွန်းအဖျားတစ်နေရာမျှသာ ဖြစ်သည်။ ကီလိုမီတာ ထောင်ပေါင်းများစွာအတွင်း၌ နေရာတိုင်းတွင် ပုဂ္ဂိုလ်ကြီးများ တိုက်ခိုက်နေကြသော ပုံရိပ်များ၊ သူတို့၏ ဟိန်းဟောက်သံများ၊ အော်ဟစ်သံများနှင့် တိုက်ခိုက်သံများက ကမ္ဘာနှင့်ကောင်းကင်ကို ပဲ့တင်ထပ်နေတော့သည်။
လုရီက ယွင်ရှီးဘက်သို့ လှည့်ကြည့်ရင်း မှာကြားလိုက်သည်။
"ယွင်ရှီး၊ သင့်တော်တဲ့ပြိုင်ဘက်တစ်ယောက်ကို ရှာလိုက်။ ဂရုစိုက်ပါ"
"လုရီ..ငါ့အတွက် စိတ်မပူနဲ့။ နင်သာ ဂရုစိုက်!"ဟု
ယွင်ရှီးက ခေါင်းညိတ်ပြကာ တုံ့ပြန်သည်။
လုရီက ပြုံးလိုက်ပြီး "အင်း" ဟု အတည်ပြုလိုက်သည်။
ယွင်ရှီးသည် အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲကာ ပေါင်းစည်းခြင်း နယ်ပယ် ပုဂ္ဂိုလ်ကြီးတစ်ဦးထံသို့ တဟုန်ထိုး ပြေးဝင်သွားသည်။
ဤ ပေါင်းစည်းခြင်းနယ်ပယ် ပုဂ္ဂိုလ်ကြီးမှာ ပုဂ္ဂိုလ်ကြီးများကြားတွင် ကျင့်ကြံမှုအဆင့် အတော်နိမ့်ကျပြီး ပေါင်းစည်းခြင်း ပထမအလွှာ၌သာ ရှိရာ၊ ယွင်ရှီးက သူ့ကို ပြိုင်ဘက်အဖြစ် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။
ဤပုဂ္ဂိုလ်ကြီးမှာ အခြားပိုမို အစွမ်းထက်သော သတ္တဝါနှစ်ဦးနှင့် ပူးပေါင်းကာ လှပပြီး ရဲရင့်သော အမျိုးသမီးတစ်ဦးကို ဝိုင်းဝန်းတိုက်ခိုက်နေသည်။
ထိုအမျိုးသမီးမှာ အားကောင်းသော်လည်း၊ ပုဂ္ဂိုလ်ကြီးသုံးဦး၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် အဆက်မပြတ် ဆုတ်ခွာနေရသည်။
ထိုအခိုက်အတန့်တွင် စိမ်းလန်းသောကြာပန်းကြီးတစ်ပွင့် ကောင်းကင်ထက်၌ ဖြစ်ပေါ်လာပြီး၊ အလင်းစွမ်းအင်တိုင်များက မခန့်မှန်းနိုင်သော စွမ်းအားများဖြင့် ပေါင်းစည်းခြင်း ပထမအလွှာ ပင်လယ်မျိုးနွယ် ပုဂ္ဂိုလ်ကြီးထံသို့ တိုးဝင်သွားသည်။
ပင်လယ်မျိုးနွယ် ကျင့်ကြံသူသုံးဦးနှင့် တည်ကြည်သော အမျိုးသမီးတို့အားလုံး၏ မျက်နှာအမူအရာများ အနည်းငယ်ပြောင်းလဲသွားပြီး လှမ်းကြည့်လိုက်ကြသည်။
သူတို့ မြင်လိုက်ရသည်မှာ သူမ၏ ဦးခေါင်းထက်တွင် စိမ်းလန်းသော ကြာပန်းတစ်ပွင့်ဖြင့်၊ ပန်းပင်လယ်များဖြင့် ဝန်းရံထားသော ယွင်ရှီးပင်တည်း။
သူမ၏ အရှိန်အဝါမှာ လောကီနှင့်မဆိုင်ဘဲ သန့်စင်လွန်းလှရာ၊ ပန်းများကြားတွင် နတ်သမီးတစ်ပါး ဆင်းသက်လာသည့်အလားပင်။
ပင်လယ်မျိုးနွယ် ပုဂ္ဂိုလ်ကြီးမှာ စိမ်းလန်းသောအလင်းတန်းများက သူ့ကိုဝန်းရံလာသည်နှင့် ကြီးမားသော ခြိမ်းခြောက်မှုကို ခံစားလိုက်ရသည်။ သူက ဟိန်းဟောက်လိုက်ပြီး မည်းနက်သော မှော်ရေများကို ထုတ်လွှတ်ကာ စိမ်းလန်းသောအလင်းတန်းနှင့် တိုက်ခိုက်လိုက်သည်။
ဘုန်း! ဘုန်း! ဘုန်း! ဘုန်း!!!
ပေါက်ကွဲသံများအောက်တွင် နောက်ဆက်တွဲအရှိန်အဝါများက ဖျက်ဆီးသောင်းကျန်းကာ၊ နေရာလပ်မှာ တွန့်ကြေသွားရ၏။ ပင်လယ်မျိုးနွယ် ပုဂ္ဂိုလ်ကြီးမှာ အဆက်မပြတ် ဆုတ်ခွာသွားရင်း ယွင်ရှီးကို သတိကြီးစွာဖြင့် စောင့်ကြည့်နေတော့သည်။
အခြား ပင်လယ်မျိုးနွယ် ကျင့်ကြံသူနှစ်ဦး၏ မျက်နှာအမူအရာများလည်း ပြောင်းလဲသွားပြီး အလွန်တုန်လှုပ်သွားကြသည်။
"ဟင်းလင်းပြင်ဥမင် ပထမအလွှာပဲရှိတဲ့ လူသား ကောင်မလေး တစ်ယောက်က؟! သူ့စွမ်းအားက ဘယ်လိုလုပ် ဒီလောက်တောင် ကြောက်ဖို့ကောင်းနေရတာလဲ?!”
ဟင်းလင်းပြင်ဥမင်နယ်ပယ်နှင့် ပေါင်းစည်းခြင်းနယ်ပယ်မှာ လုံးဝကွဲပြားခြားနားသော အဆင့်များဖြစ်ကြသည်။ ထျန်းမင်၏ ထိပ်တန်းပါရမီရှင်တစ်ဦးပင်လျှင် ဟင်းလင်းပြင်ဥမင် ပထမအလွှာဖြင့် ပေါင်းစည်းခြင်းနယ်ပယ် ပုဂ္ဂိုလ်ကြီးတစ်ဦးနှင့် ယှဉ်နိုင်မည် မဟုတ်ပေ။
သို့သော် ယွင်ရှီးကမူ ပေါင်းစည်းခြင်း ပထမအလွှာ ပုဂ္ဂိုလ်ကြီးကို တိုက်ခိုက်မှုတစ်ချက်တည်းဖြင့် နောက်သို့ဆုတ်သွားစေခဲ့သည်။
ဤစွမ်းအားက ပင်လယ်မျိုးနွယ် ကျင့်ကြံသူသုံးဦးကို လုံးဝတုန်လှုပ်သွားစေသည်။
ပင်လယ်မျိုးနွယ် ပုဂ္ဂိုလ်ကြီးသုံးဦးသာမက၊
ထိုက်ရီ မြင့်မြတ်နယ်မြေမှ အမျိုးသမီးပင်လျှင် အံ့ဩမှင်သက်သွားရသည်။
သူမက ယွင်ရှီးကို ကြည့်ရင်း မယုံကြည်နိုင်ခြင်းနှင့် မျှော်လင့်ချက်တို့ လွှမ်းခြုံနေသော လေသံဖြင့် မေးမြန်းလိုက်သည်။
"ညီမလေး၊ မင်းက... လုရီဘေးနားက အမျိုးသမီးလား?"
ယွင်ရှီးက ခေါင်းညိတ်ပြပြီး သူမ၏ ပြိုင်ဘက်ကို ကြည့်ကာ အတည်ပြုလိုက်သည်။
"အင်း၊ စီနီယာ၊ ကျွန်မ စီနီယာ့ကို ကူညီဖို့ လာတာပါ"
ထိုစကားကို ကြားသော် ထိုအမျိုးသမီးက ကျယ်လောင်စွာ ရယ်မောကာ ရဲရင့်သော ကြွေးကြော်သံ တစ်ခုကို ပြုလိုက်သည်။
"ဟားဟားဟား၊ ကောင်းတယ်! ထျန်းမင်မှာ မင်းလိုမျိုး ပါရမီရှင် တစ်ယောက် ရှိနေလိမ့်မယ်လို့ ငါ ထင်တောင် မထင်ထားခဲ့ဘူး! ဒီနေ့ မင်းနဲ့ငါပေါင်းပြီး ဒီပင်လယ်မျိုးနွယ် တိရစ္ဆာန်သုံးကောင်ကို ဒီနေရာမှာ အပြတ်ရှင်းကြရအောင်!"
ယွင်ရှီးက ခေါင်းညိတ်ပြကာ နာခံလိုက်၏။
“ဟုတ်ကဲ့"
ပင်လယ်မျိုးနွယ် ကျင့်ကြံသူ သုံးဦးမှာမူ ထိုစကားကို ကြားသော် ဒေါသထွက်လွန်း၍ ရယ်လိုက်မိကြသည်။
တစ်ဦးက အထင်သေးစွာ ခွန်းတုံ့ပြန်သည်။
"မင်းတို့က ငါတို့ကို သတ်နိုင်မယ်ထင်နေတာလား?! အိပ်မက်မက်နေလိုက်!"
"မော့ပင်းယွင်၊ မင်းငါ့ကို နောက်ဆုံးတစ်ခေါက်က ပေးခဲ့တဲ့ဒဏ်ရာ၊ ဒီနေ့ ငါအပြည့်အဝ ပြန်ပေးဆပ်မယ်!" နောက်တစ်ဦးက အမျိုးသမီးအား အငြိုးဖြင့် ကြိမ်းဝါးလိုက်သည်။
တတိယတစ်ဦးကမူ သွေးဆာသော လေသံဖြင့် ယွင်ရှီးအား စားမလို၊ဝါးမလိုကြည့်ကာ ခြိမ်းခြောက်လိုက်သည်။
"ကောင်မလေး… အရှေ့နယ်မြေမှာ နင့်လိုမျိုး မိစ္ဆာ တစ်ကောင် ရှိနေလိမ့်မယ်လို့ ငါထင်တောင်မထင်ထားခဲ့ဘူး။ နင့်လိုမျိုး ချစ်စရာကောင်းတဲ့ လူသားမိစ္ဆာမလေးတွေရဲ့အသားကိုမှ ငါက အကြိုက်ဆုံးကွ!"
ထိုသုံးဦးသား၏ အရှိန်အဝါများ လည်ပတ်လာသည်နှင့်တပြိုင်နက်၊ မှော်ရေများက တဟုန်ထိုး ထွက်ပေါ်လာကာ ရေစိတ်ဆန္ဒ နယ်ပယ်တစ်ခု ပေါ်ထွက်လာပြီး မခန့်မှန်းနိုင်သော ဖိအားဖြင့် အဆုံးမဲ့ ဟင်းလင်းပြင်ကို ပြိုကျသွားစေလုနီးပါး ဖြစ်နေတော့သည်။
ယွင်ရှီးမှာမူ ပေါင်းစည်းခြင်း နယ်ပယ် ပုဂ္ဂိုလ်ကြီးသုံးဦး၏ ရေစိတ်ဆန္ဒ နယ်ပယ်ကို တည်ငြိမ်သော မျက်နှာထားဖြင့် ရင်ဆိုင်လိုက်သည်။
ဤရေစိတ်ဆန္ဒ နယ်ပယ်မှာ လုရီ၏ ရေနယ်မြေနှင့်ယှဉ်လျှင် အများကြီး နိမ့်ကျလှ၏။ ယခု သူမကိုယ်တိုင်ပင်လျှင် ရေစိတ်ဆန္ဒ နယ်မြေကို အနည်းငယ် နားလည် သဘောပေါက်နေပြီဖြစ်သည်။
သူမက ရှေ့သို့ တစ်လှမ်း တိုးလိုက်ရာ၊ ဦးခေါင်းထက်မှ စိမ်းလန်းသော ကြာပန်းက လည်ပတ်ယိမ်းနွဲ့သွားသည်။
သူမက လက်ကွက် တစ်ခုကို ဖော်လိုက်ပြီး မန္တန် ထုတ်ဖော်လိုက်သည်။
"ကြာပန်းစိမ်း တာအိုအလင်းတန်း!"
ဤသည်မှာ အစိမ်းရောင် ကြာပန်း ပေါင်းစည်းခြင်း အဆင့် သိုင်း၏ လျှို့ဝှက်နည်းစနစ်များထဲမှ တစ်ခုပင်တည်း။
သဘာဝနယ်မြေ၏ အင်မော်တယ်ခန္ဓာကို အမှန်တကယ် ပိုင်ဆိုင်ထားသော ယွင်ရှီးမှာ လုရီက သူမအား အစိမ်းရောင် ကြာပန်း ပေါင်းစည်းခြင်း အဆင့်သိုင်းအား သင်ပေးပြီး မကြာမီမှာပင် ထိုသိုင်းကို နားလည်သဘောပေါက်သွားပြီး လျှို့ဝှက်နည်းစနစ်ကိုပင် ကျွမ်းကျင်သွားခဲ့ခြင်းပါ။
ရှေးဦးကာလကို ထွင်းဖောက်၍ ကမ္ဘာဦးအလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာသည့်နှယ်
။ ထိုစိမ်းစိမ်းတောက်နေသော တာအိုအလင်းတန်းသည် အရာအားလုံးကို ဖျက်ဆီးသန့်စင်ပစ်နိုင်သည့် ကောင်းကင်တာအို စီရင်ချက်တစ်ခုပမာ ပေါင်းစည်းခြင်း ပထမအလွှာ ပင်လယ်မျိုးနွယ် ပုဂ္ဂိုလ်ကြီးထံသို့ ပစ်လွှတ်လိုက်တော့သည်။
အခန်း ၃၉၃ - ပေါင်းစည်းခြင်းနယ်ပယ်မှ ပုဂ္ဂိုလ်ကြီးအား လွှမ်းမိုးခြင်း...
~“လူသား မျိုးနွယ်၊ မင်းက ငါ့ကို အနိုင်ယူ
နိုင်မယ် ထင်နေတာလား။ စိတ်ကူးယဉ်မနေနဲ့။”
ရေနက်နဂါး ပုဂ္ဂိုလ်ကြီးက ဟိန်းဟောက်ကြုံးဝါးရင်း သူ၏ လက်များဖြင့် တံဆိပ်ခတ်သည့် သိုင်းကွက်များကို ပုံဖော်လိုက်ရာ မှော်ရေစီးကြောင်းများ တိုးထွက်လာပြီး အဆက်မပြတ် ဟိန်းဟောက်နေတော့သည်။
“အနက်ရောင် ရေ ရွှမ်ယင် မြားတံ!”
ရေနက်နဂါးပုဂ္ဂိုလ်ကြီးက ကြွေးကြော်လိုက်ရင်း နက်မှောင်သော မှော်ရေကို ထွေးထုတ်လိုက်ရာ မှော်ရေက မြားရှည် တစ်စင်း ဖွဲ့တည်သည်။
၎င်းက အနက်ရောင် အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲပြီး စိမ်းပြာရောင် အလင်းတန်းဆီသို့ တိုးဝင်သွားသည်။
ဝုန်းးး....
စိမ်းပြာရောင်နှင့် အနက်ရောင်အလင်းတန်းတို့ တိုက်ခတ်မိရာ အလယ်ဗဟို နေရာသည် ချက်ချင်းပင် ဖောင်းကြွလာလာ၏။ နေမင်းလို
စူးစူးရဲရဲ လင်းနေသော အပြာနှင့်အနက်ရောင် စက်လုံးများအဖြစ် ပြောင်းလဲသွားသည်။
ထို့နောက် စွမ်းအင် စက်လုံးသည် ပဲ့ကြွေသွားပြီး အပြင်သို့ တိုးထွက်လာသော တုန်ခါမှုလှိုင်းအသွင် ပြောင်းလဲသွားရာ ပတ်ဝန်းကျင်မှ ပေါင်းစည်းခြင်းနယ်ပယ်မှ ပုဂ္ဂိုလ် ကြီးများကို ခြေလှမ်းအနည်းငယ် ဆုတ်သွားစေသည်။
ဝှစ်...
မှိန်ဖျော့သွားသော စိမ်းပြာရောင်အလင်းတန်းတစ်ခုသည် ပေါက်ကွဲမှု ဧရိယာမှ ထိုးထွက်လာပြီး အနက်ရောင် ရေနဂါးပုဂ္ဂိုလ်ကြီးထံသို့ ဆက်လက် တိုးဝင်သွားသည်။
အနက်ရောင် ရေနဂါး ပုဂ္ဂိုလ်ကြီး၏
မျက်လုံးများ ကျုံ့သွားပြီး သူက ဧရာမ အဝါရောင်ခေါင်းလောင်းကြီးတစ်ခုဖြင့် သူ့ကိုယ်သူ ကသောကမျော ကာကွယ်လိုက်သည်။ ၎င်းသည် သူ၏ ခေါင်းထက်တွင် ဝဲပျံနေပြီး အဝါရောင်အလင်းတန်းများ သွန်ချကာ သူ့ကို အတွင်း၌ လွှမ်းခြုံထားလိုက်သည်။
စိမ်းပြာရောင် အလင်းတန်းသည် အဝါရောင်အလင်းတန်းအောက်သို့ ကျရောက်သွားပြီး ဒင်ခနဲ ခေါင်းလောင်းသံတစ်ချက် ဟိန်းညံ၏။
တဆက်တည်း၌ အနက်ရောင် ရေနဂါးပုဂ္ဂိုလ်ကြီး၏ မျက်နှာသည် ဖြူဖျော့သွားကာ ကီလိုမီတာပေါင်းများစွာ အကွာအဝေးသို့ တိုက်ရိုက် လွင့်စင်သွားတော့သည်။
ဤသည်က အခြား ပေါင်းစည်းခြင်း နယ်ပယ်မှ ပုဂ္ဂိုလ်ကြီး နှစ်ဦးကို အံ့အားသင့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားစေတော့သည်။
“ဒီလူသားမျိုးနွယ် ကောင်မလေးက အရမ်းအားကောင်းတာပဲ။ ယင်းလော့ယွဲ့ရဲ့ အနက်ရောင် ရေ ရွှမ်ယင် မြားတံတောင်မှ သူ့ရဲ့ လျှို့ဝှက် သိုင်းကို မခံနိုင်ဘူး။”
“ဒီလို နယ်ပယ်အဆင့်နဲ့ ဒီလို စွမ်းအားမျိုး ပိုင်ဆိုင်ထားတယ်… ငါတို့ သူ့ကို သုတ်သင်ပစ်ရမယ်၊ မဟုတ်ရင် သူက အနာဂတ်မှာ ငါတို့ ပင်လယ်မျိုးနွယ်အတွက် ကြောက်စရာကောင်းတဲ့ ရန်သူကြီး ဖြစ်လာလိမ့်မယ်။”
ပေါင်းစည်းခြင်းနယ်ပယ်မှ ပုဂ္ဂိုလ်ကြီး နှစ်ဦး၏ မျက်လုံးများ မှေးကျဉ်းသွားပြီး သူတို့၏ အကြည့်များတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။
ထိုအခိုက်အတန့်၌ ထိုက်ရီ မြင့်မြတ်နယ်မြေမှ မော့ပင်းယွင်က လှောင်ပြောင်သရော်လိုက်သည်။
“နင်တို့နှစ်ယောက်ရဲ့ မျက်လုံးထဲမှာ ဒီက
မော့ပင်းယွင်ကို လေလို၊ တိမ်လို မှတ်နေသလား။”
မော့ပင်းယွင်က ပြောပြောဆိုဆိုနှင့် သူမ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ အခင်းအကျင်း ပုံစံများ လည်ပတ်သွားပြီး ထိုနှစ်ဦးကို အကာအရံတစ်ခုဖြင့် လွှမ်းခြုံလိုက်သည်။
ယွင်ရှီးက ထိုပေါင်းစည်းခြင်း နယ်ပယ်မှ ပုဂ္ဂိုလ်ကြီးကို ဖိနှိပ်ထားသည်ကို မြင်သော် မော့ပင်းယွင်သည် မယုံနိုင်လောက်အောင် တုန်လှုပ်သွားသော်လည်း သူမက ချက်ချင်း တုံ့ပြန်လိုက်ပြီး ကျန်ရှိသော ပင်လယ်မျိုးနွယ် ပေါင်းစည်းခြင်းနယ်ပယ်မှ ပုဂ္ဂိုလ်ကြီး နှစ်ဦးကို တားဆီးကာ ယွင်ရှီးအတွက် အချိန်ဆွဲပေးလိုက်သည်။
အကယ်၍ ယွင်ရှီးက ထိုပေါင်းစည်းခြင်းနယ်ပယ်မှ ပုဂ္ဂိုလ်ကြီးကို သတ်နိုင်ခဲ့လျှင် သူမတို့နှစ်ဦး၏ စွမ်းအားကို ပေါင်းစပ်လိုက်ပါက ကျန်ရှိသော ပင်လယ်မျိုးနွယ် ပေါင်းစည်းခြင်းနယ်ပယ်မှ ပုဂ္ဂိုလ်ကြီး နှစ်ဦးကို သတ်ဖြတ်ရန်မှာ မဖြစ်နိုင်ဟု မဆိုသာချေ။
သိသာထင်ရှားစွာပင် ပင်လယ်မျိုးနွယ်မှ အင်အားကြီး ပုဂ္ဂိုလ်ကြီးများကလည်း ဤအကျိုးအကြောင်းကို နားလည်ကြရာ သူတို့၏ မျက်နှာ အမူအရာများမှာ ရေခဲတမျှ အေးစက်သွားပြီး မှော်ရေစီးကြောင်းများ လည်ပတ်ကာ ဝိညာဉ်စွမ်းအင်များ သူတို့၏ ပတ်ပတ်လည်တွင် တိုးထွက်လာသည်။
“မော့ပင်းယွင်၊ မင်း သေချင်နေတာပဲ။”
“ငါ့လမ်းက ဖယ်စမ်း။”
နှစ်ဦးသားသည် တစ်ခုပြီးတစ်ခုသော သိုင်းပညာများကို ထုတ်လွှတ်ပြီး ကျင့်ကြံမှု ရတနာများစွာကို အသုံးပြုကာ မဟာအခင်းအကျင်းကို ချိုးဖျက်ပြီး ယွင်ရှီးကို ဦးစွာ လိုက်ဖမ်းရန် ကြိုးစားကြသည်။
သူတို့အတွက် ကံဆိုးသည်မှာ မော့ပင်းယွင်သည် ပေါင်းစည်းခြင်းနယ်ပယ်မှ အခင်းအကျင်းတာအို ကျင့်ကြံသူတစ်ဦး ဖြစ်သည့်အလျောက် မလွဲမသွေပင် အလွန်အားကောင်းသော အခင်းအကျင်းပုံစံများကို ပိုင်ဆိုင်ထားရာ ပေါင်းစည်းခြင်းနယ်ပယ်မှ ပညာရှင်ကြီး သုံးဦး၏ တိုက်ခိုက်မှုကို ခံနိုင်ရန် ခက်ခဲသော်လည်း နှစ်ဦး၏ တိုက်ခိုက်မှုကိုမူ လွယ်ကူစွာ ထိန်းထားနိုင်လေသည်။
တိုက်ပွဲမြေပြင်သည် ရှေ့တန်း စစ်မျက်နှာ နှစ်ခုအဖြစ် ကွဲထွက်သွားပြီး ယွင်ရှီးကလည်း သူမ၏ အင်မော်တယ် ခန္ဓာကိုယ်၏ ကြောက်မက်ဖွယ်စွမ်းအားကို ပြသကာ မကြာခဏဆိုသလို အလွန်အားကောင်းသော လျှို့ဝှက်နည်းစနစ်များကို ထုတ်လွှတ်၏။ သူမ၏ လက်ထဲတွင် လုရီ ဖန်တီးပေးထားသော ဝိညာဉ်လက်နက် ဖြစ်သည့် ထူးခြားသော စွမ်းအားရှိ ကျောက်စိမ်းကြာပန်းတစ်ပွင့် ပေါ်လာသည်။
သူမက ပေါင်းစည်းခြင်းနယ်ပယ်မှ ပုဂ္ဂိုလ်ကြီးကို တိုက်ရိုက် ဖိနှိပ်လိုက်ရာ ထိုသူမှာ အဆက်မပြတ် ဆုတ်ခွာရင်း ယွင်ရှီး၏ တိုက်ခိုက်မှုကို အသည်းအသန် ခုခံနေရတော့သည်။
လုရီက အဝေးမှ စောင့်ကြည့်ရင်း ယွင်ရှီး၏ အားကောင်းသော တိုက်စစ်ကို မြင်သော် စိတ်သက်သာရာရသွားပြီး သူမ အန္တရာယ်မရှိသည်ကို သိလိုက်သည်။
သူက ပတ်ပတ်လည်ကို ဝေ့ကြည့်လိုက်ရာ သူ၏ မျက်လုံးများတွင် ရေခဲတမျှ အေးစက်သော သတ်ဖြတ်လိုစိတ်တစ်စ ပေါ်ထွက်လာသည်။
မည်သို့ပင်ဖြစ်စေ လုရီကိုယ်တိုင်သည် လူသားမျိုးနွယ် ကျင့်ကြံသူ ဖြစ်သလို အရှေ့ နယ်မြေမှ ကျင့်ကြံသူတစ်ဦးလည်း ဖြစ်သည်။
ပင်လယ်မျိုးနွယ်က အရှေ့နယ်မြေ၏ နယ်နိမိတ်များကို ဤသို့ ဗြောင်ကျကျ ကျူးကျော်ကာ သတ္တဝါများကို ဒုက္ခပေးပြီး သူ၏ ချင်းကျိုးတွင်လည်း အမျိုးမျိုးသော ကြေကွဲဖွယ်ရာများ ဖြစ်ပွားခဲ့သည်။ အတော်အတန်ကြာကတည်းက ဒေါသထွက်နေခဲ့ရသည်။ ဝမ်းနည်းစရာမှာ သူ၏ စွမ်းအားသည် ပင်လယ်မျိုးနွယ်၏ ဆူပူမှုကို ငြိမ်သက်စေရန် မလုံလောက်ခဲ့ပေ။ သူလုပ်နိုင်သည်မှာ ဘေးကင်းစွာ ကျင့်ကြံရန်သာ ဖြစ်သည်။
ယခု ပင်လယ်မျိုးနွယ် တိုက်ပွဲမြေပြင်သို့ ရောက်လာသောအခါ လုရီသည် သဘာဝအတိုင်း လူသားမျိုးနွယ်နှင့် အရှေ့နယ်မြေအတွက် အကျိုးပြုလိုစိတ်များ တဖွားဖွားပေါ်ပေါက်လာတော့သည်။
သူ၏စိတ်ထဲတွင် သတ်ဖြတ်လိုစိတ်တို့က မီးတောက်တစ်ခုအဖြစ် ပြောင်းလဲသွားချေပြီ။ သူ၏ ခြေတစ်လှမ်းသည် ကမ္ဘာမြေကို တုန်ခါစေပြီး၊ သူ၏ လက်တစ်ချက်သည် ကောင်းကင်ကို လှုပ်ခတ်စေတော့သည်။
ကောင်းကင်အခင်းအကျင်းမြေပုံသည် နဂါးတစ်ကောင်အလား ဟိန်းဟောက်ကာ ကောင်းကင်သို့ တက်သွားပြီး ကောင်းကင်ကို ဖုံးလွှမ်းသွားသော လွှမ်းမိုးနိုင်သည့် မဟာအခင်းအကျင်းကို ဖွဲ့စည်းလိုက်သည်။
သူ၏ ဝိညာဉ်စွမ်းအင်များ အရှိန်အဟုန်ဖြင့် တိုးထွက်လာပြီး အခင်းအကျင်း ပုံစံများ အဆက်မပြတ် တောက်ပနေစဉ် မိုးခြိမ်းသံကဲ့သို့သော ဟိန်းဟောက်သံများ ထွက်ပေါ်လာသည်။
အခင်းအကျင်း ပုံစံများအောက်တွင် ပုံရိပ်ယောင်လေးခု ဖွဲ့စည်း ဖြစ်ပေါ်လာသည်။
ကျားဖြူသည် ကောင်းကင်သို့ ဟိန်းဟောက်ရင်း အစွမ်းထက်သော သတ်ဖြတ်စွမ်းအားကို ထုတ်လွှတ်နေသည်။
ဖီးနစ်ငှက်သည် ၎င်း၏ အတောင်ပံများကို ဖြန့်ကျက်ကာ တေးသီကျူးရင့်နေပြီး နက်ပြာရောင် ထွက်ခွာခြင်းမီးတောက်များဖြင့် ဝန်းရံထားသည်။
လိပ်နက်သည် ကောင်းကင်ကို နင်းချေပြီး သူ၏ ခန္ဓာကိုယ်ကို ဧရာမ မြေကြီးစွမ်းအားဖြင့် လွှမ်းခြုံထားသည်။
မိုးပြာနဂါးသည် ကောင်းကင်တွင် ဆိုင်းငံ့ထားသော တောင်တန်းတစ်ခုကဲ့သို့ ကွေးညွတ်နေပြီး သူ၏ ခန္ဓာကိုယ်ကို ထူထဲသော ရေငွေ့များဖြင့် ရစ်ပတ်ထားသည်။
ဤသို့ ဤပုံ...
နတ်သားရဲ လေးကောင်၏ ပုံရိပ်ယောင်များ ကြီးကျယ် ခမ်းနားစွာ ပေါ်ထွက်လာပြီး
မဟာယာန နယ်ပယ်၏ ဖိအားကို ထုတ်လွှတ်လိုက်သည်။
သင်္ကေတ လေးခု သတ်ဖြတ်ခြင်း အခင်းအကျင်း.....။
ယင်းက သင်္ကေတ လေးခု သတ်ဖြတ်ခြင်း အခင်းအကျင်း။
အကယ်၍ သတ်ဖြတ်ခြင်း အခင်းအကျင်း တစ်ခုတည်းသာ ဖွဲ့စည်းခဲ့ပါက ၎င်းပေါင်းစည်းဖြစ်ပေါ်လာသော ပုံရိပ်ယောင်သည် ပေါင်းစည်းခြင်းနယ်ပယ်၏ စွမ်းအားကိုသာ ပိုင်ဆိုင်လိမ့်မည်။
သို့သော် သင်္ကေတ လေးခု သတ်ဖြတ်ခြင်း အခင်းအကျင်း အတူတကွ ပေါင်းစည်းလိုက်သောအခါ ၎င်း ဖွဲ့စည်း ဖြစ်ပေါ်လာသော ပုံရိပ်ယောင်များအားလုံးသည် မဟာယာန ပထမအလွှာ၏ ကြောက်မက်ဖွယ် စွမ်းအားကို ပိုင်ဆိုင်သွားသည်။
ဤသည်မှာ မဟာယာန နယ်ပယ်၏ ပြိုင်ဘက်ကင်း သတ်ဖြတ်ခြင်း အခင်းအကျင်းပင်တည်း။
နတ်သားရဲလေးကောင်၏ ပုံရိပ်ယောင်များ ပေါ်ထွက်လာသည်နှင့် ကြောက်မက်ဖွယ် ဝိညာဉ်ဖိအားကြောင့် အင်အားကြီး ပုဂ္ဂိုလ်ကြီးအားလုံး မျက်လုံးများပြူးကျယ်ကာ တုန်လှုပ်သွားကြသည်။
“ဒါ… ဒါက သင်္ကေတ လေးခု သတ်ဖြတ်ခြင်း အခင်းအကျင်းလား။ မဟာယာနနယ်ပယ် သတ်ဖြတ်ခြင်း အခင်းအကျင်းပဲ။ ဘယ်အကြီးအကဲက ငါတို့ကို လာကူညီတာလဲ။”
“မဟုတ်ဘူး… အဲ့ဒါ ကောင်းကင်အခင်းအကျင်းမြေပုံပဲ။ လုရီရဲ့ ဝိညာဉ်လက်နက်ပဲ။ ကောင်းကင်ဘုံရေ၊ အဲ့ဒါ တကယ် လုရီလား။”
“အို… လုရီက ကောင်းကင်အခင်းအကျင်းမြေပုံနဲ့ မဟာယာန သတ်ဖြတ်ခြင်း အခင်းအကျင်းကြီးကို တကယ် တည်ဆောက်နိုင်တယ် ဟုတ်လား။”
ထိုက်ရီ မြင့်မြတ်နယ်မြေမှ ပေါင်းစည်းခြင်းနယ်ပယ်မှ ပုဂ္ဂိုလ်ကြီးတစ်ဦးချင်းစီမှာ အံ့အားသင့်သွားကြပြီးနောက် သူတို့၏ မျက်နှာများတွင် မျှော်လင့်ချက်ရောင်ခြည်များဖြင့် ဝင်းပလာကာ ဝမ်းသာအားရ ဖြစ်သွားကြသည်။
“ဟားဟားဟား။ ကောင်းလိုက်တာ။ သင်္ကေတ လေးခု သတ်ဖြတ်ခြင်း အခင်းအကျင်းနဲ့ဆိုရင် ငါတို့ ဒီပင်လယ်မျိုးနွယ်တွေကို အမြစ်ပြတ်ချေမှုန်းနိုင်ပြီ။”
“လုရီရဲ့ နည်းလမ်းတွေက ကမ္ဘာကို တုန်လှုပ်စေနိုင်တာပဲ။ ဒီနေ့ ငါတို့ ပင်လယ်မျိုးနွယ်ရဲ့ အင်အားကြီး ပုဂ္ဂိုလ်ကြီးတစ်သုတ်ကို ချေမှုန်းဖို့ အခွင့်အရေးရပြီ။”
ကျင့်ကြံသူများမှာ အတိုင်းမသိ ဝမ်းသာသွားကြသည်။
ပင်လယ်မျိုးနွယ်မှ ကျင့်ကြံသူများ၏ မျက်နှာများပေါ်တွင်တော့ မယုံကြည်နိုင်ခြင်းနှင့်အတူ သေမင်းတမန်ကို တွေ့လိုက်ရသည့်အလား ထိတ်လန့်မှုတို့က နေရာယူသွားတော့သည်။
သူတို့သည် မဟာယာန ဝိညာဉ်ဖိအားကို ထုတ်လွှတ်နေသော နတ်သားရဲလေးကောင်၏ ပုံရိပ်ယောင်များကို ကြည့်ရင်း သူတို့၏သွေးများပင် ခဲသွားသလို ခံစားလိုက်ရ၏။
ဤမဟာအခင်းအကျင်းကြီးကို တည်ဆောက်သော ကျင့်ကြံသူမှာ ဟင်းလင်းပြင်ဥမင် နယ်ပယ်၌သာ ရှိသေးသည်ကို သတိပြုမိသောအခါမှာတော့ သူတို့မှာ အောက်မေးရိုးများ ပြုတ်ကျသွားကြသည်။
“ဒီလူသားမျိုးနွယ်က ဘယ်သူလဲ။ ဒီလိုနည်းလမ်းတွေ ပိုင်ဆိုင်ထားရအောင်။”
“ဟင်းလင်းပြင်ဥမင် နယ်ပယ်မှာပဲ ရှိသေးတယ်၊ ဒါပေမဲ့ မဟာယာနနယ်ပယ် သတ်ဖြတ်ခြင်း အခင်းအကျင်းကို တည်ဆောက်နိုင်တယ် ဟုတ်လား။ လူသားမျိုးနွယ်မှာ ဒီလို မိစ္ဆာတစ်ကောင် ဘယ်တုန်းက ပေါ်ထွက်လာတာလဲ။”
“နေဦး… ငါကြားဖူးတာ အရှေ့နယ်မြေမှာ အရင်က ထူးခြားတဲ့ ပါရမီရှင် တစ်ယောက် ရှိတယ်တဲ့၊ သူက နတ်ဘုရား အသွင်ပြောင်းအဆင့်နဲ့တောင် ပေါင်းစည်းခြင်းနယ်ပယ် ကျင့်ကြံသူကို တိုက်နိုင်တယ်တဲ့၊ သူ့ရဲ့ အခင်းအကျင်းတာအို ကျွမ်းကျင်မှုက ကမ္ဘာကို တုန်လှုပ်စေနိုင်တယ်ဆို။ သူက ဒီတိုက်ပွဲမြေပြင်ကို ရောက်မလာသေးဘူးလား။ ဒါ… ဒါ..သူများလား။”