← Chapters

အခန်း (၃၉၄-၃၉၆)

Vol. 27 Ch. 394-396

အခန်း (၃၉၄-၃၉၆)

Vol. 27 Ch. 394-396

အခန်း ၃၉၄- ပေါင်းစည်းခြင်းနယ်ပယ်မှ ပုဂ္ဂိုလ်ကြီးအား ကြိတ်ချေခြင်း ...

~"သူ့အကြောင်း ကြားဖူးပါတယ်။ လူသားမျိုးနွယ်ရဲ့ နတ်ဆိုးလို့နာမည်ကြီးတဲ့ လုရီဆိုတာ... သူပဲလား။"

ပေါင်းစည်းခြင်းနယ်ပယ်မှ ပုဂ္ဂိုလ်ကြီးတစ်စု ထိတ်လန့်တကြား ရေရွတ်ရင်း အဝေးမှ လုရီကို သတိကြီးစွာဖြင့် စူးစိုက်ကြည့်နေကြ၏။

မဟာယာနအဆင့် အခင်းအကျင်း၏ တန်ခိုးအရှိန်အဝါက အလွန်အမင်း အားကောင်းလွန်းလှပေသည်။ အဆင့်မြင့် မဟာယာန ပင်လယ်မျိုးနွယ် ပုဂ္ဂိုလ်ကြီးများမှလွဲ၍ ဤစွမ်းအားကို မည်သူမျှ တောင့်ခံနိုင်စွမ်း မရှိသလောက်ပင်။

တစ်ခဏအတွင်း ပင်လယ်မျိုးနွယ် ပေါင်းစည်းခြင်းနယ်ပယ်မှ ပုဂ္ဂိုလ်ကြီးအားလုံး၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှုတို့ ကိန်းအောင်းသွားပြီး၊ သူတို့၏အာရုံအားလုံး လုရီထံသို့သာ စုစည်းသွားတော့သည်။

ထိုက်ရီမြင့်မြတ်နယ်မြေမှ ပုဂ္ဂိုလ်ကြီးများကို ဝိုင်းရံပိတ်ဆို့ထားသည့် အရှိန်ပင် အနည်းငယ် လျော့ကျသွားခဲ့လေ၏။

ဤသည်ကပင် ကြီးမားသော ဖိအားအောက်တွင်ရှိနေသည့် ထိုက်ရီ မြင့်မြတ်နယ်မြေမှ ကျင့်ကြံသူများအတွက် အသက်ရှူချောင်စေခဲ့သည်။

လုရီ၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေဆဲ။ သူ တိုးတိုးလေး ရေရွတ်လိုက်သည်။

"အရှေ့နယ်မြေ မြို့တော်ကို တိုက်ခိုက်နေတဲ့ ပင်လယ်မျိုးနွယ်ကျင့်ကြံသူတွေကို ငါ သတ်ပစ်ရမယ်။"

...

[အလုပ်]

အရှေ့နယ်မြေ မြို့တော်ကို ဝိုင်းရံထားသော ပင်လယ်မျိုးနွယ်ကျင့်ကြံသူများကို ချေမှုန်းပါ။ သတ်ဖြတ်နိုင်သည့် အရေအတွက်ပေါ်မူတည်၍ ဆုလာဘ်ကို ချီးမြှင့်မည်။

လက်ခံမည်: လက်ခံမည်လား/ငြင်းမည်လား။

လုရီသည် အလုပ်ကို အသံတိတ် လက်ခံလိုက်သည်။

သူ့စိတ်အစဉ်တွင် အသိဉာဏ်တစ်ချက် လင်းဖြာသွားသည်နှင့် ဟိန်းဟောက်သံ လေးခုထွက်ပေါ်လာပြီး၊ နတ်သားရဲ လေးကောင်သည် ပင်လယ်မျိုးနွယ် ပေါင်းစည်းခြင်းနယ်ပယ်မှ ပုဂ္ဂိုလ်ကြီးလေးဦးထံသို့ အရှိန်ပြင်းစွာ တိုးဝင်သွားတော့သည်။

ကျားဖြူနတ်သားရဲ၏ ပစ်မှတ်မှာ လှံရှည်တစ်လက်ကို ကိုင်စွဲထားသည့် ရဲရင့်သော ယောက်ျားတစ်ဦး ဖြစ်၏။ သူ၏ ခန္ဓာကိုယ်မှာ ထောင်ထောင်မောင်းမောင်း၊ အရှိန်အဝါမှာ ပေါင်းစည်းခြင်း နယ်ပယ်အဆင့် ရှစ်သို့ ရောက်နေပြီ ဖြစ်၍ အတိုင်းအဆမရှိ ကြောက်မက်ဖွယ်ကောင်းလှသည်။

ကျားဖြူပုံရိပ်ယောင် တိုးဝင်လာသည်ကို မြင်သောအခါ ထိုစစ်သည်တော်၏ မျက်လုံးများ ကျဉ်းမြောင်းသွား၏။ ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး သူ၏ခန္ဓာကိုယ်မှ အလင်းတန်းများ တောက်ပလာသည်။ နောက်တစ်ခဏတွင် သူ၏ မူလခန္ဓာကိုယ်အဖြစ် အသွင်ပြောင်းသွားခဲ့သည်... ။

ကီလိုမီတာပေါင်းများစွာရှည်လျားသော ရေနက်နဂါးတစ်ကောင် ကောင်းကင်တွင် ပျံဝဲနေပြီး ကြောက်မက်ဖွယ် စွမ်းအားကို ထုတ်လွှတ်နေတော့သည်။

သူ အမျက် ဒေါသ ခြောင်းခြောင်း ထွက်၍ ဟိန်းဟောက်သည်။

ဒီရေအလား အနက်ရောင်မှော်ရေအလျဉ်ကို ထွေးထုတ်လိုက်၏။

ထို့နောက် တန်ခိုးပြည့်လက်နက်များ မိုးသီးမိုးပေါက်များလို ပစ်လွှတ်လိုက်သည်။

ပေါင်းစည်းခြင်းနယ်ပယ်မှ ပုဂ္ဂိုလ်ကြီး တစ်ပါးအနေဖြင့် သူ၏ လက်နက်များမှာ အားနည်းသည် မဟုတ်ပေ။ အနည်းဆုံးမှာ အစွမ်းထက်ပစ္စည်းများဖြစ်ပြီး၊ အဆင့်မြင့် လက်နက်များပင် ပါဝင်နေ၏။

ထိုတစ်ခဏတွင်...

အနက်ရောင်မှော်ရေအလျဉ်နှင့် လက်နက်များ လေပြင်းကြား၌ တိုးဝှေ့ထွက်ပေါ်လာသည်။

ဝိညာဉ်စွမ်းအင်လှိုင်းများက ကောင်းကင်ကို တုန်ခါစေသည်။

အက်ကြောင်းများ... ကီလိုမီတာဆယ်ဂဏန်းအထိ ပျံ့နှံ့သွား၏။

သို့သော်ငြားလည်း ကျားဖြူပုံရိပ်ယောင်၏ တန်ခိုးအရှိန်အဝါကတော့ အရာအားလုံးကို လွှမ်းမိုးထား၏။ ဟိန်းဟောက်သံတစ်ချက်နှင့်အတူ ဖြူလွှသော နေလုံးကြီးတစ်လုံးအလား သူ၏ခန္ဓာကိုယ်တစ်ခုလုံး ဖြူလွှသောဝိညာဉ်အလင်းတန်းများဖြင့် ဖုံးလွှမ်းသွားသည်။

...

ကျားဖြူကြီး ဖြတ်သန်းသွားရာလမ်းတစ်လျှောက်...လက်နက်တို့သည် အစိတ်စိတ်အမွှာမွှာ ကြေမွသွား၏။

အနက်ရောင်မှော်ရေတို့သည် တစစီ ပြန့်ကျဲသွားတော့သည်။

ဟန့်တားနိုင်စွမ်းမရှိသော ကျားဖြူ ပုံရိပ်ယောင်သည် ရေနက်နဂါး ပုဂ္ဂိုလ်ကြီးထံသို့ ရောက်ရှိသွားချေပြီ။

လက်ဝါးတစ်ချက် ပင့်ရိုက်လိုက်သည်။

ထက်ရှလွန်းသည့် လက်သည်းဖြူအလင်းတန်းများ ကောင်းကင်ယံကို လျှပ်ပြေးသွားသည်။

ရေနက်နဂါး၏ ခန္ဓာကိုယ်ကို ရုတ်ချည်းပင် ထွင်းဖောက်ပိုင်းဖြတ်သွားခဲ့တော့သည်။

ရေနက်နဂါးသည် နေရာမှာပင် တောင့်တင်းသွားသည်။

နောက်တစ်ခဏ၌

သံမည်းကဲ့သို့ မာကျောသော သူ၏အကြေးခွံများ ကွဲအက်သွားသည်။

...ရေတံခွန်ကဲ့သို့ သွေးများ ပန်းထွက်လာသည်။

ထို့နောက် ပေါင်းစည်းခြင်းနယ်ပယ်မှ ရေနက်နဂါး၏ ခန္ဓာကိုယ်သည် အပိုင်းအစ တစ်ဒါဇင်ကျော်အဖြစ် ပြတ်တောက်ကာ ကောင်းကင်မှ တရကြမ်း ထိုးကျလာတော့သည်။

အောက်ဘက်တွင်တော့ ပင်လယ်မျိုးနွယ်နှင့် အရှေ့နယ်မြေ မြို့တော်မှ ကျင့်ကြံသူတို့၏ စစ်မြေပြင် ဖြစ်လေသည်။

ပင်လယ်မျိုးနွယ်၏ အရေအတွက်က အဆမတန် များပြားသော်လည်း၊ အရှေ့နယ်မြေတပ်ဖွဲ့များကြားမှ အခင်းအကျင်း ပညာရှင်များက အသည်းအသန် ခုခံနေကြသည်။ သို့တိုင် တစ်ဖြည်းဖြည်း အရေးနိမ့်နေဆဲပင်။

စစ်မြေပြင်တစ်ခုလုံး သွေးချောင်းစီးနေသည်။ နေရာတိုင်းတွင် ပြတ်တောက်နေသော ခြေလက်များနှင့် ခန္ဓာကိုယ်များ...။ သားသတ်ရုံတစ်ခုနှင့်ပင် တူလှသည်။

ထိုစဉ်...

ရေနက်နဂါးကြီး၏ ဧရာမ အလောင်းကြီး ကောင်းကင်မှ ထိုးကျလာသည်။

တောင်တန်းတစ်ခုကို ကြိတ်ချေဖျက်ဆီးသွားပြီး မြေပြင်တစ်ခုလုံး ငလျင်လှုပ်သကဲ့သို့ တုန်ခါသွား၏။

ဤမြင်ကွင်းကို မျက်မြင် တွေ့လိုက်ရသော ကျင့်ကြံသူတိုင်း မျက်လုံးပြူးကာ ကြက်သေသေသွားပြီး၊ စစ်မြေပြင် တစ်ခုလုံး တစ်ခဏတာ တိတ်ဆိတ်သွားလေ၏။

"ဒါ... ဒါ ရေနက်နဂါး ပုဂ္ဂိုလ်ကြီးရဲ့ အလောင်းလား။ ပုဂ္ဂိုလ်ကြီးတစ်ပါး ဒီလောက်မြန်မြန် အသတ်ခံလိုက်ရတာလား။" လင်မင်က မယုံနိုင်စွာ အော်ဟစ်လိုက်သည်။

ကျန်ကျင့်ကြံသူများလည်း အလွန်အမင်း တုန်လှုပ်နေကြတော့သည်။

ထို့နောက်မှာတော့ အရှေ့နယ်မြေ မြို့တော်မှ ကျင့်ကြံသူအားလုံး၏ မျက်နှာပေါ်တွင် အရိုင်းဆန်သော ပျော်ရွှင်မှုများ ပေါ်ပေါက်လာသည်။

"ဟားဟားဟား! ပင်လယ်မျိုးနွယ် ပုဂ္ဂိုလ်ကြီးတွေက ဘာမှမဟုတ်ဘူးပဲ! ဒီလောက်တိုတောင်းတဲ့အချိန်အတွင်း ပုဂ္ဂိုလ်ကြီးတစ်ပါး အသတ်ခံရပြီဆိုတော့၊ သူတို့အားလုံးမကြာခင် သေဆုံးတော့မှာပဲ! ငါတို့ အရှေ့နယ်မြေ မြို့တော်ကို သေချာပေါက် ကာကွယ်နိုင်တော့မယ်"

"အရှေ့နယ်မြေ မဟာမိတ်တပ်တော် အောင်မြင်ပါစေ! အရှေ့နယ်မြေ အောင်မြင်ပါစေ!"

အရှေ့နယ်မြေ မြို့တော်မှ ကျင့်ကြံသူတစ်ဦးပြီးတစ်ဦး ဟစ်ကြွေးကြုံးဝါးလိုက်ရာ သူတို့၏စိတ်ဓာတ်အင်အားမှာ သက်တန့်ကဲ့သို့ တက်ကြွလာလေသည်။

မိမိတို့ဘက်မှ ပုဂ္ဂိုလ်ကြီးတစ်ပါး ဤမျှလျင်မြန်စွာ ကျဆုံးသွားသည်ကိုမြင်သော ပင်လယ်မျိုးနွယ်ကျင့်ကြံသူများမှာတော့ ထိတ်လန့်တကြားဖြစ်ကာ စိတ်ဓာတ်ကျဆင်းသွားကြသည်။

ထိုအခါ... ကောင်းကင်ယံ၌ ကြောက်မက်ဖွယ်ဟိန်းဟောက်သံများနှင့်အတူ နာကျင်စွာမြည်တမ်းသံများ ထပ်မံထွက်ပေါ်လာပြန်သည်။

မကြာမီမှာပင်...

ဧရာမအလောင်းများ ကောင်းကင်မှ ထပ်မံထိုးကျလာပြန်သည်။

မီးလောင်ကျွမ်းထားသည့် အလောင်း...။ အသားကင်နီးပါးဖြစ်နေပြီး ထူးဆန်းသောရနံ့တစ်ခု ထွက်နေသည်။

ကြိတ်ချေခံထားရသည့် အလောင်း...။

အရိုးများကြေမွ၊ ကြွက်သားများစုတ်ပြဲကာ ပုပ်ပွနေသော အသားတစ်နှင့်တူနေသည်။

ထိုးဖောက်ခံထားရသည့် အလောင်း...။ ကြောက်မက်ဖွယ်စွမ်းအားဖြင့် ထိုးဖောက်ခံထားရသဖြင့် ဧရာမသွေးပေါက်ကြီးများဖြင့် ပြည့်နှက်နေပြီး သွေးစီးများက တစိမ့်စိမ့် ယိုစီးကျနေသည်။

စုစုပေါင်း ...အလောင်း သုံးလောင်း...။

အားလုံးမှာ အဆင့်မြင့် ပေါင်းစည်းခြင်းနယ်ပယ်မှ ပုဂ္ဂိုလ်ကြီးများသာ ဖြစ်ကြသည်။

သေဆုံးသွားသည့်တိုင် သူတို့၏ ခန္ဓာကိုယ်များမှ ထွက်ပေါ်နေသော အေးစက်စက် အရှိန်အဝါက ဟင်းလင်းပြင်ဥမင် အဆင့် ကျင့်ကြံသူများကိုပင် ကြောက်ရွံ့စေနိုင်သည်။

စစ်မြေပြင်သည် တစ်ဖန် ပြန်၍ တိတ်ဆိတ်သွားသည်။

လူတိုင်း၏ မျက်လုံးများ ပြူးကျယ်နေသည်။

ဤမျှ တိုတောင်းသော အချိန်အတွင်း ပင်လယ်မျိုးနွယ် ပုဂ္ဂိုလ်ကြီး လေးဦး ကျဆုံးသွားခြင်းက နှစ်ဖက်စလုံးကို အကြီးအကျယ် တုန်လှုပ်စေခဲ့သည်။

ထို့နောက်... အရှေ့နယ်မြေမှ ကျင့်ကြံသူများ၏ နှလုံးသားထဲတွင် အရိုင်းဆန်သော ပျော်ရွှင်မှုများ လျှံတက်လာပြီး၊ ပင်လယ်မျိုးနွယ်ကျင့်ကြံသူများမှာတော့ ရိုးတွင်းခြင်ဆီထိ အေးစက်သွားကြလေတော့သည်။

အခန်း ၃၉၅- ပေါင်းစည်းခြင်းအဆင့် ပုဂ္ဂိုလ်ကြီးများအား ချေမှုန်းခြင်း။

~နတ်သားရဲလေးပါး ပုံရိပ်ယောင်တို့၏ တန်ခိုးအာဏာသည် သွေးပျက်ထိတ်လန့်ဖွယ်ရာ ကောင်းလှ၏။ တစ်ကောင်လျှင် တစ်ချက်နှုန်းဖြင့် ပေါင်းစည်းခြင်းအဆင့် အဋ္ဌမအလွှာအထက်မှ မဟာယာနအဆင့်နီးပါး ပုဂ္ဂိုလ်ကြီးလေးဦးအား လျှပ်တပြက်အတွင်း သတ်ဖြတ်ချေမှုန်း ပစ်လိုက်လေသည်။

ထိုကဲ့သို့သော အစွမ်းသတ္တိကြောင့် ပင်လယ်မျိုးနွယ် ကျင့်ကြံသူအားလုံး၏ ကျောရိုးထဲအထိ ချမ်းစိမ့်တက်သွား စေတော့၏။

သင်္ကေတလေးခု သတ်ဖြတ်ခြင်း တပ်ဖြန့်အခင်းအကျင်း၏ အစွမ်းကို မည်သူတစ်ဦး တစ်ယောက်မျှ ထိပ်တိုက်ရင်ဆိုင် နိုင်စွမ်းမရှိ သလောက်ပင်။

ထိုက်ရီမြင့်မြတ်နယ်မြေမှ ကျင့်ကြံသူများပင်လျှင် ခေတ္တမျှ မှင်သက်ကာ တိတ်ဆိတ်သွားကြသည်။

ဟင်းလင်းပြင်ဥမင်နယ်ပယ်မှ လုရီသည် သူ၏ ကိုယ်ပိုင်အစွမ်းဖြင့် ပေါင်းစည်းခြင်းအဆင့် ပုဂ္ဂိုလ်ကြီးလေးဦးကို မျက်စိတစ်မှိတ်အတွင်း အလွယ်တကူ သတ်ဖြတ်ခဲ့သည်ကို ကိုယ်တိုင်မြင်တွေ့ နေရသော်ငြား မယုံကြည်နိုင်အောင် ခံစားနေရတော့သည်။

လုရီ၏ မျက်နှာအမူအရာမှာမူ ကျောက်ဆစ်ရုပ်ပမာ တည်ငြိမ်နေဆဲ။ သူ၏ အတွေးများ တစ်ချက်လှုပ်ခတ်သွားသည်နှင့် နတ်သားရဲ ပုံရိပ်ယောင်လေးခုသည် တစ်ဖန် ဟိန်းဟောက်ကာ ပင်လယ်မျိုးနွယ်၏ ပေါင်းစည်းခြင်းအဆင့် ပုဂ္ဂိုလ်ကြီးများထံသို့ မိုးကြိုးပစ်ချသည့်အလား အားပြင်းစွာ ပြေးဝင်သွားတော့သည်။

"မဖြစ်တော့ဘူး။"

"သူ့ကို အတင်း မခုခံနဲ့။ အကုန်ရှောင်ကြ။"

ပင်လယ်မျိုးနွယ်၏ ပေါင်းစည်းခြင်းအဆင့် ပုဂ္ဂိုလ်ကြီးများသည် သွေးပျက်စွာဖြင့် တစ်ယောက်ပြီးတစ်ယောက် ကြွေးကြော်ရင်း နောက်သို့ ဆုတ်ခွာကာ အသက်လု ရှောင်တိမ်းရန် ကြိုးစားကုန်ကြ၏။

သို့ဖြစ်သော်ငြားလည်း မဟာယာန နယ်ပယ်မှ နတ်သားရဲ ပုံရိပ်ယောင်တို့သည် အဘယ်မျှ ကြောက်မက်ဖွယ် ကောင်းလိုက်ပါသလဲ ။

၎င်းတို့သည် ပေါင်းစည်းခြင်း နယ်ပယ်မှ ကျင့်ကြံသူများကို လုံးဝဥဿုံ ချေမှုန်းနိုင်စွမ်း ရှိသည်။ ပုံရိပ်ယောင်တို့၏ အရှိန်အဝါက ပစ်မှတ်များကို သံလိုက်ကဲ့သို့ ဆွဲငင်ပိတ်လိုက်ပြီး ဟင်းလင်းပြင်ကို တံဆိပ်ခတ်လိုက်၏။

မျက်စိတစ်မှိတ်အတွင်း ပင်လယ်မျိုးနွယ် ပုဂ္ဂိုလ်ကြီးလေးဦးရှေ့သို့ ရောက်ရှိကာ သွေးပျက်ဖွယ် တိုက်ခိုက်မှုကို တစ်ဖန် စတင်လိုက်လေသည်။

"အားလုံးပဲ၊ စုပြီး ခုခံကြစို့။"

ပင်လယ်မျိုးနွယ် ပေါင်းစည်းခြင်းအဆင့် ပုဂ္ဂိုလ်ကြီးတစ်ဦးက အသက်နှင့်လဲ၍ ဟိန်းဟောက်လိုက်ရာ၊ အရပ်လေးမျက်နှာမှ အခြားပုဂ္ဂိုလ်ကြီး ခုနစ်ဦး၊ ရှစ်ဦးခန့်က နတ်သားရဲ ပုံရိပ်ယောင်များ၏ မိုးကြိုးပစ်သတ်သည့်အလား ထိုးစစ်ကို တန်ပြန်ရန် အစွမ်းရှိသမျှ ထုတ်သုံးလိုက်ကြသည်။

သို့သော်၊ မဟာယာနအဆင့် တိုက်ခိုက်မှုတစ်ခု၏ အစွမ်းသည် ကြောက်ခမန်းလိလိ အားကောင်းလှရာ ပေါင်းစည်းခြင်းအဆင့် ပုဂ္ဂိုလ်ကြီး ခုနစ်ဦး၊ ရှစ်ဦးတို့၏ အစွမ်းကုန်ပေါင်းစည်း တိုက်ခိုက်မှုပင်လျှင် ပုရွက်ဆိတ်တစ်အုံက ဆင်ကြီးတစ်ကောင်ကို ခြေရာချင်းလိမ်အောင် ကြိုးစားသကဲ့သို့ အရာမထင်ခဲ့ချေ။

ခွမ်း။ ခလွမ်။

သူတို့၏ ကျင့်ကြံခြင်း ရတနာပစ္စည်းများ အမှုန်အမွှားအဖြစ် ကြေမွ၊ ပျက်စီးကုန်၏။ အမျိုးမျိုးသော သိုင်းပညာများ လေထဲတွင်ပင် ပျောက်ကွယ်သွားသည်။

ပေါင်းစည်းခြင်းအဆင့် ပုဂ္ဂိုလ်ကြီးများအားလုံး သွေးများ ပွက်ခနဲ အန်ကျကာ လွင့်စင်သွားကြသည်။ အစွမ်း နည်းပါးသူ အချို့၏ ခန္ဓာကိုယ်များမှာမူ အက်ကွဲကာ ထိခိုက်မှုဒဏ်ကြောင့်

တစ်စစီ လွင့်စဉ်မတတ် ဖြစ်သွားတော့သည်။

သို့တိုင် ပေါင်းစည်းခြင်းအဆင့် ပုဂ္ဂိုလ်ကြီးများ၏ စုပေါင်းကြိုးပမ်းမှုသည် အချည်းနှီးတော့ မဖြစ်ခဲ့။ နတ်သားရဲလေးပါး ပုံရိပ်ယောင်၏ တိုက်ခိုက်မှုအရှိန်ကို မနည်းတားဆီးနိုင်ခဲ့ပြီး ပြင်းထန်သော ဒဏ်ရာများသာရရှိကာ အသက်တော့ မသေဆုံးခဲ့ပေ။

ထိုအခိုက်အတန့်၌ ထိုက်ရီမြင့်မြတ်နယ်မြေမှ ပုဂ္ဂိုလ်ကြီးများလည်း သတိပြန်ဝင်လာကြသည်။

အကြီးအကဲတစ်ဦးက ဟားတိုက်ရယ်မောလျက် လှောင်ပြောင်လိုက်၏။

"ဟမ့်...ငါတို့ကို အလှဆင်ထားတဲ့ အရုပ်တွေများ မှတ်နေသလားကွ။"

"မိတ်ဆွေလေးလုရီ ကောင်းကောင်းလုပ်ပြခဲ့တယ်။" စာပေသမား ပုံစံ ဝတ်ရုံဖြူနှင့် ကျင့်ကြံသူတစ်ဦးက မျက်လုံးထဲတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ တောက်လောင်လျက် ပြတ်သားစွာ ကြွေးကြော်လိုက်သည်။

"ငါတို့က တချို့ကို တားထားမယ်၊ မင်းက သူတို့ကို တစ်ကောင်ချင်းစီ သတ်ပစ်။ ဒီပင်လယ်မျိုးနွယ် ကောင်တွေ အကုန်လုံးကို ချေမှုန်းပစ်ကြစို့။ တစ်ယောက်မှ အရှင်မပြန် စေနဲ့။"

ထိုအခါ ထိုက်ရီမြင့်မြတ်နယ်မြေ၏ အခြားပုဂ္ဂိုလ်ကြီးများလည်း တစ်ယောက်ပြီးတစ်ယောက် လှုပ်ရှားလာကြပြီး မဟာအခင်းအကျင်းကြီးကို လည်ပတ်စေကာ ပင်လယ်မျိုးနွယ်မှ ပေါင်းစည်းခြင်းနယ်ပယ် ကျင့်ကြံသူအုပ်စုတစ်စုကို ပိတ်ဆို့၍ ပူးပေါင်းခြင်းမှ တားဆီးရန် ကြိုးစားလိုက်သည်။

မြင့်မြတ်နယ်မြေမှ ပုဂ္ဂိုလ်ကြီးများ၏ နည်းဗျူဟာများမှာ သဘာဝအတိုင်း အားကောင်းလှ၏။ ပင်လယ်မျိုးနွယ် ပုဂ္ဂိုလ်ကြီးများအားလုံး၏ အာရုံကို ချက်ချင်းဆွဲဆောင်နိုင်ခဲ့ပြီး ထိုအချိန်တွင် သူတို့၏ မျက်နှာများမှာ သွေးစုပ်ဖြန်းထားသကဲ့သို့ ဖြူဖျော့သွားတော့သည်။

လုရီက နှုတ်ခမ်းထောင့်တွင် အေးစက်သောအပြုံး တစ်ချက်ကို ချိတ်ဆွဲလျက် ခွန်းတုံ့ပြန်လိုက်သည်။ "အကြီးအကဲအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။ သူတို့က အရှေ့နယ်မြေ ရှေးဟောင်းမြို့တော်ကို ဝိုင်းရံဖို့ ကြံစည်ခဲ့တော့ ဒီအတိုင်း ပြန်လွှတ်လို့ မဖြစ်ပါဘူး။ ဒီနေ့တော့ ဒီပင်လယ်မျိုးနွယ် ပုဂ္ဂိုလ်ကြီးတွေအားလုံးကို ဒီနေရာမှာပဲ အသေခံခိုင်း လိုက်ကြတာပေါ့။"

...ငါ့မှာ ကြီးမားတဲ့ အလုပ်တစ်ခု ရှိနေသေးတယ်။ ဒီကောင်တွေကို သတ်နိုင်ရင် ရမယ့်ဆုလာဘ်တွေက မယုံနိုင်လောက်အောင် ရက်ရောလိမ့်မယ်။ ...

လုရီ၏ အတွင်းစိတ်က သူ့ကို တိုက်တွန်းနှိုးဆော်နေ၏။

သူ့ စကားကို ကြားသောအခါ ထိုက်ရီမြင့်မြတ်နယ်မြေမှ ကျင့်ကြံသူများက ဟက်ဟက်ပက်ပက် ရယ်မောလိုက်ကြသည်။

"ကောင်းပါပြီ။"

"သတ်ကြဟေး"

ပင်လယ်မျိုးနွယ် ကျင့်ကြံသူအများအပြားမှာ အခင်းအကျင်းအတွင်း ပိတ်မိသွားပြီး အစွမ်းကုန် ခုခံနေရသည်။ ပင်လယ်မျိုးနွယ်မှ ပေါင်းစည်းခြင်းအဆင့် ပုဂ္ဂိုလ်ကြီး ခုနစ်ဦးသာလျှင် အဖမ်းမခံရဘဲ လုရီ့အတွက် အသေခံရန် ချန်ထားခဲ့သလို ဖြစ်သွား၏။

လုရီက အနည်းငယ်မျှ အားမနာတော့။ သူ၏စိတ်အစဉ်အတိုင်း ပြင်းထန်သော အမူအရာဖြင့် အမိန့်ပေးလိုက်ရာ နတ်သားရဲလေးပါး ပုံရိပ်ယောင်တို့က ဟိန်းဟောက်ပြီး ဟင်းလင်းပြင်ကိုပင် ထွင်းဖောက်နိုင်သည့် အလွန်ကြောက်မက်ဖွယ် တိုက်ခိုက်မှုများကို ထုတ်လွှတ်လိုက်တော့သည်။

ကျားဖြူသည် ဖြူဖွေးသော လက်သည်းရောင်ခြည်ကို ဖြန့်ကျက်၏။

လိပ်နက်သည် တန်ချိန်သန်းပေါင်းများစွာလေးသော တောင်များကို ဆင့်ခေါ်သည်။

ဖီးနစ်ငှက်သည် ကြောက်မက်ဖွယ် အပြာရောင်မီးတောက်များကို မှုတ်ထုတ်လေ၏။

မိုးပြာရောင်နဂါးသည် ကောင်းကင်အပြည့် ရေမြှားများကို ပစ်လွှတ်လိုက်သည်။

တိုက်ခိုက်မှုများက ထူထပ်၊ သိပ်သည်းလွန်းသည်။ ကောင်းကင်နှင့် ပတ်ဝန်းကျင်ဟင်းလင်းပြင်ကို တုန်ခါစေပြီး ပင်လယ်မျိုးနွယ် ပုဂ္ဂိုလ်ကြီးခုနစ်ဦးကို လွှမ်းခြုံသွားတော့၏။

"အား"

ပင်လယ်မျိုးနွယ် ပုဂ္ဂိုလ်ကြီးခုနစ်ဦးမှာ

သေမတတ် ဖြူဖျော့သွားပြီး သူတို့၏ မျက်လုံးများတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။

သူတို့သည် အဆက်မပြတ် ဟိန်းဟောက်ကာ တစ်ဦးချင်းစီက ရေနက်နဂါးကြီးများအဖြစ်

သူတို့၏ မူလခန္ဓာကိုယ်အသွင် ပြောင်းလိုက်ကြ၏။

ရေနက်နဂါးကြီးများ၏ အနက်ရောင်အကြေးခွံများမှာ သံမဏိနှင့်တူပြီး ကီလိုမီတာပေါင်းများစွာ ရှည်လျားသော ကိုယ်ထည်များမှာ လိမ်ယှက်နေသော တောင်တန်းများပမာ။ ကိုယ်ပေါ်တွင် နက်ရှိုင်းသော ရေစွမ်းအင်များ ရစ်ခွေနေသည်မှာ နတ်ဘုရားများအလားပင်။

နတ်ဘုရားအလား ရေနက်နဂါးများသည် အဆက်မပြတ် ဟိန်းဟောက်ကာ နည်းလမ်းပေါင်းစုံသုံး၍ တိုက်ခိုက်မှုအမျိုးမျိုးကို ခုခံကြ၏။

သို့သော်၊ အချည်းနှီးသာ။

အားလုံးမှာ အချည်းနှီးသာ ဖြစ်ခဲ့သည်။

တိုက်ခိုက်မှုတိုင်း ချေဖျက်ခံရ၏။ ရတနာပစ္စည်းတိုင်း ကြေမွသွားသည်။ နတ်သားရဲ ပုံရိပ်ယောင်၏ ထိုးစစ်မှာ ကောင်းကင်နှင့်မြေကြီး

ပြိုကျသကဲ့သို့ အလွန် အားကောင်းပြီး ပင်လယ်မျိုးနွယ် ပုဂ္ဂိုလ်ကြီးခုနစ်ဦးကို ကြိတ်ချေ သတ်ဖြတ်ပစ်တော့မည့် အလားပင်။

ဒုန်း။

မိုးခြိမ်းသံကဲ့သို့သော ဆူညံသံသည် ကောင်းကင်နှင့်မြေကြီးအကြား ပဲ့တင်ထပ်သွားသည်။

မကြာမီပင် ပေါင်းစည်းခြင်းအဆင့် တတိယအလွှာမှ ပုဂ္ဂိုလ်ကြီးတစ်ဦးမှာ ပထမဆုံး ကျရှုံးသွားတော့၏။

တန်ချိန်သန်းပေါင်းများစွာ လေးသော တောင်ကြီးအောက်တွင် အသားများ ကြေမွ၊ အရိုးများ ကျိုးကြေပြီး၊ သက်စောင့်စွမ်းအင် ပျက်သုဉ်းသွားသည်။ သူ၏ အခြေတည်ဝိညာဉ်ပင်လျှင် မလွတ်မြောက်နိုင်ဘဲ အပိုင်းပိုင်းအစစအဖြစ် ကြေမွသွားရသည်။

စုတ်ပြတ်သတ်နေသော အလောင်းသည် ကောင်းကင်မှ ဘုန်းခနဲ ပြုတ်ကျလာတော့၏။

ပထမဆုံးတစ်ဦး ကျဆုံးသည်နှင့် ကျန်ရှိသူများမှာ မျှော်လင့်ချက်ကင်းမဲ့သွားကြသည်။

"ဟင့်အင်း၊ ဒီလိုမဖြစ်ရဘူး။"

အချို့မှာ ကျားဖြူ လက်သည်း အလင်းတန်းကြောင့် အပိုင်းပိုင်း ပြတ်သွားသည်။

အချို့မှာ မီးတောက်များ၏ ဝါးမြိုခြင်းကို ခံရသည်။

အချို့မှာ တောင်ကြီးအောက်တွင် ကြေမွသွား၏။

အချို့မှာ ရေမြှားများဖြင့် ဆန်ခါပေါက်ဖြစ်သွားသည်။

တစ်ယောက်။ နှစ်ယောက်။ သုံးယောက်။

ပင်လယ်မျိုးနွယ် ပုဂ္ဂိုလ်ကြီးခုနစ်ဦးအနက်၊ တစ်ဦးတစ်ယောက်မျှ အရှင်မကျန်။ အားလုံး ချေမှုန်းခံလိုက်ရတော့၏။

ဤမြင်ကွင်းကို မြင်ပြီး အသက်ရှင်ကျန်ရစ်သော ပင်လယ်မျိုးနွယ် ပုဂ္ဂိုလ်ကြီးများသည် ကျောချမ်းသွားကြသည်။ သူတို့သည် နတ်သားရဲလေးပါး ပုံရိပ်ယောင်ကို သေမင်းကိုမြင်တွေ့ရသည့်အလား ကြောက်ရွံ့သော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။

ထိုအခိုက်တွင် ကောင်းကင်အထက်ဆီမှ အလွန်အမင်း ဒေါသထွက်နေသော ဟိန်းဟောက်သံကြီး ထွက်ပေါ်လာသည်။

"လူသားပမွှားတွေ။ မင်းတို့မှာ သေရဲတဲ့သတ္တိတွေ ရှိနေပါလား။"

နောက်တစ်ခဏတွင် အမှောင်အလင်းတန်းတစ်ခု ကောင်းကင်မှ ကျဆင်းလာပြီး အရပ်မြင့်မား၍ တောင့်တင်းသော ဆံပင်အနက်ရောင်နှင့် လူတစ်ဦးအဖြစ် ပြောင်းလဲသွားသည်။

ထိုဆံပင်အနက်ရောင်နှင့် လူ၏ ဆံပင်များ လွင့်ပျံနေပြီး သူ၏ဒေါသမှာ ကောင်းကင်သို့ ထိမတတ်ပင်။ အလွန်ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်များဖြင့် လုရီ့ကို စူးစိုက်ကြည့်နေတော့သည်။

အစောပိုင်းကပင် ထိုမဟာယာန ပုဂ္ဂိုလ်ကြီးလေးဦးသည် လုရီကို သတိပြုမိပြီးဖြစ်သည်။ လုရီက သင်္ကေတလေးခု သတ်ဖြတ်ခြင်း တပ်ဖြန့်အခင်းအကျင်းကို စုစည်းလိုက်ချိန်တွင် သူတို့ ပြဿနာဖြစ်တော့မည်ကို ခံစားမိခဲ့သည်။

သို့သော် လင်ယွမ်ဖုန်းက အကျိုးဆက်ကိုပင် ဂရုမစိုက်ဘဲ မဟာအခင်းအကျင်းကြီးကို ချက်ချင်းအသက်သွင်းကာ သူတို့ကို ခဏတာမျှ ပိတ်ဆို့ထားလိုက်ခြင်းသာ။

ဤခဏတာလေးအတွင်းမှာပင် ပင်လယ်မျိုးနွယ်သည် ပေါင်းစည်းခြင်းအဆင့် ပုဂ္ဂိုလ်ကြီး ဆယ့်တစ်ဦးကို ဆုံးရှုံးလိုက်ရခြင်း ဖြစ်၏။

ပင်လယ်မျိုးနွယ်၏ အဓိကမျိုးစိတ်ဖြစ်သော ရေနက်နဂါးမျိုးနွယ်အတွက်ပင် ဤဆုံးရှုံးမှုသည် သူတို့၏ အသည်းနှလုံးကို ဓားဖြင့်မွှမ်းလိုက်သကဲ့သို့ နာကျင်စေသည်။

ဤအရာအားလုံးကို ဟင်းလင်းပြင်ဥမင်အဆင့် လူငယ်လေးတစ်ဦးတည်းက လုပ်ဆောင်ခဲ့ခြင်းဖြစ်ရာ ပင်လယ်မျိုးနွယ် မဟာယာန ပုဂ္ဂိုလ်ကြီးများ၏ ဒေါသမီးမှာ ကောင်းကင်ကိုပင် လောင်ကျွမ်းလုမတတ် ဖြစ်နေတော့သည်။

သူ၏ ရေခဲတမျှအေးစက်သော ဒေါင်လိုက်မျက်လုံးများသည် လုရီကို သားကောင်ကိုမြင်သော သားရဲတစ်ကောင်ကဲ့သို့ စိုက်ကြည့်နေသည်။ ကျိုးကြေကျလာသော ရေခဲစများကဲ့သို့ အေးစက်သော အသံဖြင့် ကြိမ်းဝါးလိုက်၏။

"လူသားပမွှား၊ ဟင်းလင်းပြင်ဥမင် နယ်ပယ်လေးက ဒီလိုကြောက်စရာကောင်းတဲ့ နည်းစနစ်ကို ပိုင်ဆိုင်ထားလိမ့်မယ်လို့ ငါ လုံးဝမထင်ထားခဲ့ဘူး။ အရှေ့နယ်မြေက ကျင့်ကြံသူတွေကို တကယ်ပဲ အထင်သေးခဲ့မိတာပဲ။ ဒါပေမဲ့၊ မင်းမှာ ဘယ်လောက်ပဲ ကြီးကျယ်တဲ့ အရည်အချင်းတွေ ရှိနေပါစေ၊ ဒီနေ့တော့ မင်းသေခြင်းတရားကနေ မလွတ်မြောက်နိုင်ဘူး။"

ထိုမဟာယာန ပုဂ္ဂိုလ်ကြီးထံမှ သတ်ဖြတ်လိုစိတ်ကို ခံစားမိသောအခါ လုရီ၏ နှလုံးသားမှာလည်း လေးနက်သွားသည်။

သို့သော် သူ၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေဆဲ။ သူက ညင်သာစွာ ပြုံးလိုက်ပြီးအေးဆေးစွာ တုံ့ပြန်လိုက်သည်။

"ဘယ်သူ ရှင်ပြီး ဘယ်သူ သေမလဲဆိုတာ ပြောဖို့စောလွန်းသေးတာပေါ့။"

အခန်း ၃၉၆- ထျန်းမင် သမိုင်းတစ်လျှောက် ပထမဆုံးပုဂ္ဂိုလ် ဖြစ်လာခြင်း...

~မဟာယာနအဆင့် ရေနက်နဂါးနက်မျိုးနွယ် ကျင့်ကြံသူ မော့မင်က ဒေါသတကြီးဖြင့် လှောင်ရယ်လိုက်သည်။

"ဟားဟားဟား! ဟင်းလင်းပြင်ဥမင်အဆင့် ပုရွက်ဆိတ်တစ်ကောင်က ငါ့ကို သတ်နိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား?! မင်းကိုယ့်မင်း အင်မတန် အစွမ်းရှိတယ်လို့ ထင်နေတာလား?!"

သူ့ပတ်ပတ်လည်တွင် နက်ရှိုင်းသော ရေစွမ်းအင်စီးကြောင်းများက အတိုင်းအဆမရှိ ထူထပ်စွာ လှည့်ပတ်နေပြီး ပတ်ဝန်းကျင်ဟင်းလင်းပြင်ကိုပင် လိမ်ဖည်သွားစေသည်။

မော့မင်၏ ရှည်လျားနက်မှောင်သော ဆံပင်များမှာ အရိုင်းဆန်စွာ လွင့်ပျံနေပြီး သူက အေးစက်စွာ ကြွေးကြော်လိုက်သည်။

"ငါ၊ မော့မင်၊ အရှေ့ပင်လယ်ဒေသမှာ နှစ်ထောင်ပေါင်းများစွာ ကျင်လည်ခဲ့တာ၊ ကျုပ်ကို သတ်နိုင်တယ်လို့ ကြွေးကြော်ရဲတဲ့သူ တစ်ယောက်မှ မရှိခဲ့ဖူးဘူး။ မင်းက ပထမဆုံးပဲ၊ ပြီးတော့ နောက်ဆုံးလည်း ဖြစ်စေရမယ်!"

လုရီက စကားပြန်မပြောတော့ပေ။ သူ၏ အတွေးတစ်ချက်ဖြင့် နတ်သားရဲလေးပါး ပုံရိပ်ယောင်တို့က ဟိန်းဟောက်ကာ မော့မင်ထံသို့ ပြေးဝင်တိုက်ခိုက်ကြတော့သည်။

မော့မင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

"မဟာယာန ပထမအလွှာရဲ့ ပုံရိပ်ယောင်လေးတွေပါပဲ၊ ငါ့ကို တားဖို့ မလုံလောက်ဘူး!"

သူက ဟိန်းဟောက်လိုက်၏။ နောက်တစ်ခဏတွင် သူ၏ ပတ်လည်၌ ဝိညာဉ်စွမ်းအင်များ တိုးထွက်လာကာ မှော်ရေစွမ်းအင်များမှာ သက်ရှိအလား ကြောက်မက်ဖွယ် ဓားရှည်များအဖြစ်သို့ ပြောင်းလဲသွားသည်။

ထောင်ပေါင်းများစွာသော ဓားများ ထူထပ်သိပ်သည်းစွာ ဖြစ်တည်၏။ တစ်ချောင်းချင်းစီမှာ အလွန်လေးလံပြီး တိုက်စားနိုင်သည့် အရှိန်အဝါများဖြင့် ပြည့်နှက်နေသည်။

၎င်းတို့သည် ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး နတ်သားရဲ ပုံရိပ်ယောင်လေးခုထံသို့ ခုတ်ပိုင်းလိုက်တော့သည်။

ဘုန်း! ဘုန်း! ဘုန်း! ဘုန်း!

မြေပြင်ကို တုန်ခါစေသော အသံကြီးများ ပဲ့တင်ထပ်သွားပြီး ကြောက်မက်ဖွယ် တိုက်ခိုက်မှုအသစ်တစ်ခု ဖြစ်ပွားကာ၊ ဝမ်းနည်းကြေကွဲဖွယ် ဟစ်အော်သံနှင့်အတူ နတ်သားရဲလေးပါး ပုံရိပ်ယောင်တို့သည် အမှုန်အမွှားအဖြစ် ပျောက်ကွယ်သွားတော့သည်။

သင်္ကေတလေးခု သတ်ဖြတ်ခြင်းအခင်းအကျင်းမှာ ကျိုးပေါက်သွားလေပြီ။

..ဒီပင်လယ်မျိုးနွယ်ရဲ့ အစွမ်းက ငါထင်ထားတာထက် အများကြီးသာတယ်။ သူက မဟာယာန တတိယ ဒါမှမဟုတ် စတုတ္ထအလွှာ... ဖြစ်နိုင်ရင် အဲ့ထက်တောင် မြင့်ဦးမယ်။ ..

လုရီ၏ မျက်ဆံများ အနည်းငယ်ကျုံ့သွားပြီး အတွင်းစိတ်မှ အလေးအနက် သုံးသပ်လိုက်သည်။

.. ဒီလိုအစွမ်းကို ရင်ဆိုင်ရတာက တောင်ကြီးတစ်လုံးကို ပခုံးနဲ့ ထမ်းထားရသလိုပဲ။...

ထိုအခိုက်အတန့်၌...

"အကြီးအကဲ မော့မင်ဟာ ပြိုင်ဘက်ကင်းပါပဲ!"

"သတ်ပစ်ပါ‌ဗျာ! သူ့ကို အရှင်မထားနဲ့!"

ပင်လယ်မျိုးနွယ်မှ ပုဂ္ဂိုလ်ကြီးများက ဝမ်းမြောက် ရွှင်လန်းစွာ ဟစ်ကြွေးကြသည်။

"မကောင်းတော့ဘူး! မိတ်ဆွေလေး လုရီ... မင်းသေလို့ မဖြစ်ဘူး!" ထိုက်ရီမြင့်မြတ် နယ်မြေမှ အကြီးအကဲများကမူ စိုးရိမ်သောကများဖြင့် တုန်လှုပ်စွာ တီးတိုး ရေရွတ်ကုန်ကြသည်။

သင်္ကေတလေးခု သတ်ဖြတ်ခြင်း တပ်ဖြန့်အခင်းအကျင်းကို ချိုးဖျက်ပြီးနောက်

မော့မင်သည် လုရီအား ရေခဲတမျှ အေးစက်သော မျက်နှာထားဖြင့် ကြည့်ကာ လှောင်ပြောင်လိုက်သည်။

"ကဲ၊ မင်းအလှည့်ပဲ။ မင်းက ငါတို့ရဲ့ အစွမ်းထက် ပုဂ္ဂိုလ်ကြီး ဆယ့်တစ်ယောက်ကို သတ်ခဲ့တယ်၊ ငါ မင်းကို အလွယ်တကူတော့ သေခွင့်ပေးမှာမဟုတ်ဘူး။ ငါ မင်းရဲ့ ဝိညာဉ်ကို ထာဝရ ညှဉ်းဆဲပြီး ဒီလောကကြီးထဲ ရောက်လာတာကို နောင်တရစေမယ်"

ပြောပြောဆိုဆို သူက လက်လှမ်းကာ လုရီ့ကို ဖမ်းဆွဲလိုက်တော့သည်။

လုရီ့ပတ်လည်ရှိ နေရာလပ်သည် ချက်ချင်း တားမြစ်ခံလိုက်ရပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ဖိနှိပ်ခံလိုက်ရသလို ခံစားလိုက်ရသည်။ ထို့နောက် ထိန်းချုပ်မရဘဲ မော့မင် ဆီသို့ ပျံသန်းသွားတော့သည်။

ဒါလား၊ မဟာယာနအဆင့်ရဲ့ ဖိအား... တကယ့်ကို ကြောက်စရာကောင်းတာပဲ။

လုရီ အနည်းငယ် ထိတ်လန့်သွား၏။

ထိုက်ရီ မြင့်မြတ်နယ်မြေမှ ပုဂ္ဂိုလ်ကြီးများ မျက်နှာ ပျက်ယွင်းသွားကြ

သို့သော်...

ထိုက်ရီ မြင့်မြတ်နယ်မြေမှ ပုဂ္ဂိုလ်ကြီးများ လှုပ်ရှားရန် ပြင်လိုက်စဉ်မှာပင် လုရီ ပတ်လည်ရှိ နေရာလပ်သည် ရုတ်တရက် ကြေမွသွားပြီး သူ၏ ကိုယ်သည် ကီလိုမီတာပေါင်းများစွာအကွာသို့ ချက်ချင်းရောက်ရှိသွားသည်။

"ဘာ؟!"

မော့မင်၏ မျက်ဆံများ အနည်းငယ်ကျုံ့သွားသည်။

"ငါက နေရာလပ်ကို တံဆိပ်ခတ်ထားတာလေ။ မင်းရဲ့ အားနည်းတဲ့ ကျင့်ကြံမှုအခြေခံနဲ့ ဘယ်လိုလုပ် ထိုးဖောက်သွားနိုင်ရတာလဲ?!"

ရုတ်တရက် မော့မင်က တစ်စုံတစ်ခုကို သတိရသွားပြီး သူ၏ မျက်လုံးများတွင် လောဘဇောများ တောက်လောင်လာသည်။

သူက ဟားတိုက်ရယ်မောလျက် ကြွေးကြော်လိုက်သည်။

"နေရာလပ်နဲ့ ပတ်သက်တဲ့ လျှို့ဝှက်သိုင်းတစ်ခုလား?! ဟားဟား! ဒီနေ့ ဒီလို ဆုလာဘ်မျိုးရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး! ဒါဟာ ငါ မော့မင်ကို ကံကြမ္မာက ဖန်တီးပေးတဲ့ အခွင့်အရေးပဲ ဖြစ်ရမယ်!"

ထိုစကားကို ကြားသောအခါ နှစ်ဖက်စလုံးမှ ပုဂ္ဂိုလ်ကြီးများအားလုံး ထိတ်လန့်အံ့အားသင့်သွားပြီး လုရီ့ကို မယုံကြည်နိုင်သော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။

နေရာလပ် လျှို့ဝှက်သိုင်းတဲ့လား!

နေရာလပ် နယ်ပယ်ကို ထိန်းချုပ်နိုင်သည့် လျှို့ဝှက်ပညာရပ်များသည် ကျင့်ကြံခြင်းလောကတွင် အင်မတန်မှ ရှားပါးပြီး အဖိုးထိုက်တန်လှသည်။ တန်ခိုးအကြီးဆုံးဟု သတ်မှတ်ထားသော အင်မော်တယ်ဂိုဏ်း၊ မြင့်မြတ် နယ်မြေများ၌ပင် ထိုသို့သော ပညာရပ်မျိုး လက်တစ်ဆုပ်စာမျှသာ ရှိလေသည်။

သို့သော်... မထင်မှတ်ဘဲ လုရီထံတွင် ထိုပညာရပ်တစ်ခု ရှိနေခဲ့၏။

ဤသည်မှာ မည်သူတစ်ဦးတစ်ယောက်ကမှ ကြိုတင်မျှော်လင့် မထားခဲ့သော အဖြစ်အပျက်ပင်။

လုရီ၌ နေရာလပ်ဆိုင်ရာ လျှို့ဝှက်ပညာရပ်တစ်ခု ပိုင်ဆိုင်ထားမှန်း သိလိုက်ရသည့်အခါ

မော့မင်၏ မျက်နှာထားမှာ ပို၍ပင် တည်ကြည်

လေးနက်သွားတော့သည်။

မော့မင်၏ မျက်နှာထားမှာ ပို၍ လေးနက်လာသည်။ ထိုသို့သော ပုဂ္ဂိုလ်ကို ကြီးထွားခွင့် ပေး၍ မဖြစ်...။ လုံးဝ မဖြစ်။

နေရာလပ်ပညာရပ်ကို ပိုင်ဆိုင်ထားခြင်းသည် အသက်ရှင်လွတ်မြောက်နိုင်စွမ်းကို အဆပေါင်းများစွာ မြှင့်တင်ပေးနိုင်သည်ကို သူကောင်းစွာနားလည်သည်။ ထို့ကြောင့်

မော့မင်သည် လုရီအား လွတ်မြောက်သွားရန် အခွင့်အရေး ပေးချင်စိတ် တစ်စက်မျှ မရှိပေ။

သူသည် ရွှေပြားပေါ်တွင် သွေးနီရောင်ဖြင့် ရေးထိုးထားသော အဆောင် လက်ဖွဲ့တစ်ခုကို ထုတ်ကာ လေထဲသို့ ပစ်လွှတ်လိုက်သည်။

နေရာလပ် တစ်ခုလုံးသည် ရုတ်တရက် ခဲပျစ်သွားသည့်အလား တောင့်တင်းသွား၏။ ထိုနယ်နိမိတ်အတွင်းရှိ အရာအားလုံးသည် ပြင်ပလောကနှင့် လုံးဝ အဆက်အသွယ် ပြတ်တောက်သွားပြီး အပြီးတိုင် ချိပ်ပိတ်၊ တံဆိပ်ခတ်ခြင်း ခံလိုက်ရလေတော့သည်။

All Chapters