အခန်း (၃၉၇-၃၉၉)
Vol. 27 Ch. 397-399
အခန်း ၃၉၇ - ထျန်းမင် သမိုင်းတစ်လျှောက် ပထမဆုံးပုဂ္ဂိုလ် ဖြစ်လာခြင်း...
~မော့မင်က လှောင်ပြောင် ရယ်မောလိုက်သည်။
"ကဲ... အခုတော့ မင်းပြေးလို့ မရတော့ဘူး
မလား။ မင်းရဲ့ နေရာလပ် လျှို့ဝှက်သိုင်း မရှိဘဲ မင်း ဘယ်လို လွတ်မြောက်မလဲ ကြည့်ကြသေးတာပေါ့။"
ပြောပြောဆိုဆို မော့မင်သည် လုရီကို ဖမ်းဆွဲရန် သူ၏လက်ကို တစ်ဖန် ဆန့့်ထုတ်လိုက်ပြန်သည်။
လုရီ၏ မျက်နှာ အမူအရာမှာ အေးစက် ခက်ထန်နေပြီး သူက ပြန်၍ လှောင်ပြောင်လိုက်၏။
"ရေနက် နဂါး မျိုးနွယ်က အဘိုးကြီး... ခင်ဗျား တကယ်ပဲ ကျုပ်မှာ ဒါပဲ တတ်တယ်လို့ ထင်နေတာလား။"
ထိုစကားသံ မဆုံးခင်မှာပင် ..လုရီ၏ ပတ်ပတ်လည်တွင် သွေးရောင် အလင်းတန်းများ ပေါ်ထွက်လာသည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်မျက်နှာပြင်ပေါ်တွင် သွေးရောင်မီးလျှံများ တောက်လောင်လာပြီး လုရီသည် သွေးရောင်ချပ်ဝတ် ဝတ်ဆင်ထားသကဲ့သို့ ဖြစ်သွားသည်။
ယင်းကား လျှို့ဝှက်သိုင်း..သွေးလောင်ကျွမ်းခြင်း
သိုင်းပင် ဖြစ်လေ၏။
လျှို့ဝှက်သိုင်းကို အသုံးပြုလိုက်သည်နှင့်
လုရီ၏ အရှိန်အဝါမှာ တဟုန်ထိုး တက်လာပြီး သူ၏ ကျင့်ကြံမှု အဆင့်သည် မယုံနိုင်လောက်သော အရှိန်ဖြင့် စတင် မြင့်တက်လာတော့သည်။
ဟင်းလင်းပြင်ဥမင်အဆင့် သုံးလွှာ... လေးလွှာ... ငါးလွှာ...။
အဆက်မပြတ် မြင့်တက်လာပြီး ဟင်းလင်းပြင်ဥမင်အဆင့် ဆယ်လွှာ၏ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။
ဟင်းလင်းပြင်ဥမင် နယ်ပယ်မှ စတင်၍ အဆင့်အနည်းငယ် တိုးတက်လာတိုင်း ကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်ရေးစွမ်းအားကို များစွာမြှင့်တင်ပေးနိုင်သည်ကို လူတိုင်း သိကြလေသည်။
သာမန်ကျင့်ကြံသူအတွက်ပင် ထိုသို့ဖြစ်နေလျှင် လုရီကဲ့သို့သော နတ်ဆိုးပါရမီရှင်အတွက် ဆိုဖွယ်ရာ မရှိတော့ပေ။
လုရီ၏တစ်ကိုယ်လုံး သွေးရောင်အလင်းဖြင့် တောက်လောင်နေပြီး ပတ်ဝန်းကျင်ရှိ နေရာလပ်သည် အဆက်မပြတ် လိမ်ယှက်ကာ အက်ကွဲကြောင်းများပင် ပေါ်ထွက်လာသည်။ သူ၏တည်ရှိမှုသက်သက်ကပင် နေရာလပ်ကို
မခံနိုင်အောင် ဖြစ်နေစေသည်။
ထိုအခိုက်အတန့်တွင် လုရီသည် အရာခပ်သိမ်းကို စွမ်းဆောင်နိုင်သကဲ့သို့ ခံစားလိုက်ရသည်။
ဤသည်မှာ သူ၏ စွမ်းအား ရုတ်တရက်တိုးမြင့်လာခြင်းကြောင့် ဖြစ်ပေါ်လာသော အထင်အမြင်မှားခြင်းပင်။
သို့သော်လည်း လုရီ၏အစွမ်းမှာ အမှန်တကယ်ပင် သိသိသာသာ တိုးတက်လာခဲ့သည်။
နောက်တစ်ခဏ၌...။
လုရီ၏ ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲလာသည်။ ကောင်းကင်အခင်းအကျင်းမြေပုံသည် ဝိညာဉ်အလင်းဖြင့် တစ်ဖန်ပြန်၍ တောက်ပလာပြီး သင်္ကေတလေးခု ပုံရိပ်ယောင်တို့သည် ဟိန်းဟောက်ကာ တစ်ဖန်ပြန်၍ ပေါ်ထွက်လာသည်။
သင်္ကေတလေးခု ပုံရိပ်ယောင်၏ အရှိန်အဝါကို ခံစားမိသောအခါ မော့မင်က လှောင်ပြောင်လိုက်သည်။
"ဟမ့်..အသုံးမဝင်တဲ့ သိုင်းကွက်ပဲ။"
လုရီက နှုတ်ခမ်းကို မဆိုစလောက်လေး တွန့်ကွေးလိုက်၏။
"အဲ့ဒီလိုလား။"
သူ၏ဝိညာဉ်စွမ်းအင်များ မြင့်တက်လာပြီး အခင်းအကျင်းပုံစံများကို တစ်ဖန်ပြန်၍ ရေးဆွဲလိုက်သည်။
အခင်းအကျင်းပုံစံများသည် ကောင်းကင်သို့ ပျံတက်သွားပြီး သင်္ကေတလေးခုသိုင်းအခင်းအကျင်းနှင့် တဖြည်းဖြည်း ပေါင်းစပ်ကာ ပိုမို နက်နဲ ရှုပ်ထွေးသော မဟာအခင်းအကျင်းကြီးတစ်ခု အဖြစ်သို့ ပြောင်းလဲသွားလေတော့၏။
ဤအခင်းအကျင်း ပုံစံများ ပေါ်ထွက်လာသည်နှင့် ကောင်းကင်သည် ရုတ်တရက် မှောင်မိုက်သွားပြီး မိုးတိမ်နက်များ စုစည်းကာ ကီလိုမီတာ ထောင်ပေါင်းများစွာကို ဖုံးလွှမ်းသွားပြီး ကမ္ဘာ တစ်ခုလုံးကို အမှောင်ချလိုက်တော့သည်။
အောက်ဘက်တွင် တိုက်ခိုက်နေသော ကျင့်ကြံသူများသည် ကောင်းကင် ရုတ်တရက် မှောင်မိုက်သွားသည်ကို သတိပြုမိကာ အားလုံး အံ့အားသင့်သွားကြသည်။
ထို့နောက်...
မိုးချုန်းသံများ ဟိန်းထွက်လာပြီး ကြောက်မက်ဖွယ် အဖျက် စွမ်းအား တစ်ခုက မိုးတိမ်နက်များအတွင်းမှ တိုးထွက်လာသည်။
ခရမ်းရောင်မိုးကြိုးများ မဟာအခင်းအကျင်းပေါ်သို့ ကျရောက်လာပြီး အခင်းအကျင်းမှ စုပ်ယူကာ ခရမ်းရောင် ဓားရှည်ပေါင်း တစ်သောင်း
ဓားချီအဖြစ်သို့ ပြောင်းလဲသွား၏။
ကိုယ်တိုင် ဖန်တီးထားသော မဟာယာနအဆင့် အခင်းအကျင်း... မိုးကြိုးဆင့်ခေါ် ဓားတစ်သောင်းအခင်းအကျင်းပင်။
မိုးကြိုးအလင်းရောင်များသည် သင်္ကေတလေးခု နတ်သားရဲ ပုံရိပ်ယောင်များပေါ်သို့ပင် ကျရောက်ကာ မိုးကြိုးအလင်းလွှာဖြင့် ဖုံးအုပ်ပေးပြီး သားရဲတို့၏အရှိန်အဝါကို အဆမတန် မြှင့်တင်ပေးကာ မဟာယာနအဆင့် လေးလွှာသို့ တိုက်ရိုက် တက်လှမ်းစေခဲ့သည်။
ထိုမြင်ကွင်းက ကျင့်ကြံသူအားလုံးကို မျက်လုံးပြူးကာ မှင်သက် မိန်းမောသွားစေခဲ့သည်။
အထူးသဖြင့် အခင်းအကျင်းပညာရှင်များဖြစ်သော ထိုက်ရီ မြင့်မြတ်နယ်မြေမှ ကျင့်ကြံသူများမှာ ဤမြင်ကွင်းကို မြင်သောအခါ ပို၍ပင် မေးရိုးများ အောက်သို့ ပြုတ်ကျသွားကြသည်။
"ဒါ... ဒါ မဟာယာနအဆင့် အခင်းအကျင်း နှစ်ခုလား။ မိုးကြိုးကို ဓားအဖြစ်ဆင့်ခေါ်တဲ့ ဒုတိယအခင်းအကျင်းက ဘာကြီးလဲ။ ဒီအဖျက်စွမ်းအားက အင်မတန်..ကြောက်ဖို့ ကောင်းတာပဲ။"
"အဓိကအချက်က အဲ့ဒါမဟုတ်ဘူးလေ! အဓိကက လုရီက မဟာယာနအဆင့် အခင်းအကျင်းနှစ်ခုကို တစ်ခုတည်းအဖြစ် ပေါင်းစပ်လိုက်တာ။ ပုံမှန်အားဖြင့် မဟာယာန အခင်းအကျင်းတွေကို ပေါင်းစပ်ဖို့ဆိုရင် လုံလောက်တဲ့ ကောင်းကင်နဲ့မြေကြီးရတနာတွေနဲ့ အခင်းအကျင်းတာအိုမှာ အလွန် နက်ရှိုင်းတဲ့ နယ်ပယ်တစ်ခု လိုအပ်တယ်။ ဒါပေမဲ့ လုရီ... သူ... သူက လေဟာနယ်ထဲမှာ အခင်းအကျင်းကို ရေးဆွဲပြီး အသာလေး ပေါင်းစပ်လိုက်တာလား။ ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"
"လုရီရဲ့ အခင်းအကျင်းတာအို နယ်ပယ်က ဒီလောက်တောင် ကြောက်ဖို့ကောင်းနေပြီလား။ ငါတို့ရဲ့ ကပ်ဘေးဖြတ်ကျော် ဘိုးဘေးကြီးထက်တောင် မနိမ့်တော့ဘူး မဟုတ်လား။"
"ကပ်ဘေးဖြတ်ကျော် ဘိုးဘေးကြီးတောင်မှ ကြားခံပစ္စည်းမရှိဘဲ လေဟာနယ်ထဲမှာ မဟာယာနအခင်းအကျင်းနှစ်ခုကို ဒီလိုမျိုး စုံလင်စွာ ပေါင်းစပ်နိုင်ပါ့မလား။"
အားလုံးတွင် အဖြေ မရှိပေ။ သို့သော် ထိုအခိုက်အတန့်တွင် ထိုက်ရီ မြင့်မြတ်နယ်မြေမှ ပုဂ္ဂိုလ်ကြီးအားလုံးသည် လုရီကို လေးစားမှု ပြင်းပြသော မျက်လုံးများဖြင့် ကြည့်နေကြသည်။
"လုရီက အခုမှ အသက်တစ်ရာကျော်ပဲ ရှိသေးတာမလား။ ဒီလိုအသက်အရွယ်နဲ့ အခင်းအကျင်းတာအိုမှာ ဒီလိုနယ်ပယ်ကို ရောက်နေပြီဆိုတော့... ဒီလိုပါရမီရှင်မျိုးက ငါတို့
ထိုက်ရီမြင့်မြတ်နယ်မြေနဲ့ပဲ ထိုက်တန်တာ။"
ပင်လယ်မျိုးနွယ်မှ ပုဂ္ဂိုလ်ကြီးများမှာတော့ လုရီပြသလိုက်သော ကြောက်မက်ဖွယ်ကောင်းသော အခင်းအကျင်းတာအိုနယ်ပယ်ကြောင့် တုန်လှုပ်ခြောက်ခြားနေကြသည်။
မိုးကြိုးအလင်းရောင်လွှမ်းခြုံထားသော သင်္ကေတလေးခု နတ်သားရဲပုံရိပ်ယောင်နှင့်
အဖျက်စွမ်းအား သယ်ဆောင်ထားသော မိုးကြိုးဓားများကို မြင်သောအခါ မော့မင်၏ မျက်နှာအမူအရာသည် ပထမဆုံးအကြိမ်အဖြစ် ကြမ်းကြုတ်သွားပြီး လုရီကို မမှိတ်မသုန် ကြည့်လိုက်သည်။
"မင်းရဲ့အစွမ်းက ငါ ထင်ထားတာထက် ပိုသန်မာတယ်... ဒါပေမဲ့ ဒီလောက်နဲ့တော့ မင်းရဲ့သေဆုံးချိန်ကို ပြောင်းလဲနိုင်မှာ မဟုတ်ဘူး။"
သူ ဟိန်းဟောက်လိုက်သည်။
အမှောင်ရိပ် တစ်ခုအလား... အဆုံး မရှိသော သတ်ဖြတ်လိုစိတ်ဖြင့် လုရီထံသို့ တဟုန်ထိုး တိုးဝင်သွားတော့သည်။
အခင်းအကျင်း ပညာရှင်တစ်ဦးကို ရင်ဆိုင်ရာတွင် ကျင့်ကြံသူတိုင်းတွင် တူညီသော အသိတစ်ခုရှိသည်။ အခင်းအကျင်း ပညာရှင်၏ အခင်းအကျင်းသည် အလွန်အားကောင်းသော်လည်း အခင်းအကျင်း ပညာရှင်ကိုယ်တိုင်၏ တိုက်ခိုက်ရေးစွမ်းရည်မှာ
သိပ်မကောင်းလှပေ။ ထို့ကြောင့် 'ဘုရင်ကိုအရင်ဖမ်း' နိုင်လျှင် အခွင့်အရေး ရလာပေလိမ့်မည်။
မော့မင်၏ အမြင်တွင် ဟင်းလင်းပြင်ဥမင်အဆင့်သာရှိသော လုရီသည် အခင်းအကျင်းတစ်ခုလုံး၏ အကြီးမားဆုံး အားနည်းချက်ပင် ဖြစ်ချေသည်။
လုရီသည် မော့မင်၏ ရည်ရွယ်ချက်ကို သိနေပြီးသားဖြစ်၏။ သူ နောက်သို့ ခုန်ပျံလိုက်စဉ် မိုးကြိုးအလင်းရောင်များဖြင့် ထူထပ်စွာလွှမ်းခြုံထားသော ပုံရိပ်ယောင်လေးခုက မော့မင်ထံသို့ ဟိန်းဟောက်ကာ တိုးဝင်သွားတော့သည်။
တစ်ပြိုင်နက်တည်းမှာပင် ကောင်းကင်ရှိ မိုးကြိုးဓားပေါင်းသောင်းချီသည် ခရမ်းရောင်အလင်းတန်းများအဖြစ်သို့ ပြောင်းလဲကာ ကြောက်မက်ဖွယ် ဓားစိတ်ဆန္ဒများ သယ်ဆောင်ရင်း မော့မင်ထံသို့ တိုးဝင်သွားတော့သည်။
မော့မင်သည် အလွန်အမင်း အားကောင်းသော အရှိန်အဝါကို ခံစားမိပြီး သူ၏မျက်လုံးများ အနည်းငယ်ကျဉ်းမြောင်းသွားကာ မျက်နှာအမူအရာမှာ အလွန်အမင်း တည်ကြည်လေးနက်သွားသည်။
သူ ဟိန်းဟောက်လိုက်၏။ သူ၏ ပတ်ပတ်လည်တွင် မှော်ရေအလျဉ်များ တိုးထွက်လာပြီး မိုးကြိုးဓားများကို တားဆီးရန် အလွှာများစွာရှိသော ဒိုင်းကာများအဖြစ် အသက်ဝင်လေ၏။
တစ်ချိန်တည်းမှာပင် ဓားရှည်အခင်းအကျင်းများလည်း လေထဲတွင် စုစည်းကာ ယခင်ကထက် များစွာ စွမ်းအားပြင်းထန်လာသော နတ်သားရဲ ပုံရိပ်ယောင်လေးခုထံသို့ ပစ်လွှတ်လိုက်တော့သည်။
အခန်း ၃၉၈- ထျန်းမင် သမိုင်းတစ်လျှောက် ပထမဆုံးပုဂ္ဂိုလ် ဖြစ်လာခြင်း ...
~ဘုန်း! ဘုန်း! ဘုန်း!
ကောင်းကင်နှင့် မြေကြီးတစ်ခုလုံး ကြောက်မက်ဖွယ်တုန်ခါမှုအရှိန်များဖြင့် ပြည့်နှက်နေ၏။
မိုးကြိုးများ ပြိုးပြိုးပြက်ပြက် လက်နေသည်၊ ကြောက်မက်ဖွယ်ဓားချီများ စီးဆင်းနေသည်၊
မှော်ရေ၏ အမှောင်လှိုင်းများက လှုပ်ခတ်နေပြီး၊ သင်္ကေတလေးခု နတ်သားရဲတို့၏ ဟိန်းဟောက်သံက ကီလိုမီတာထောင်ပေါင်းများစွာကို လွှမ်းခြုံထားလေသည်။
ပေါင်းစည်းခြင်းနယ်ပယ်မှ ပုဂ္ဂိုလ်ကြီးတစ်ဦးပြီးတစ်ဦး နောက်သို့ အဆက်မပြတ် ဆုတ်ခွာနေကြ၏။ တိုက်ပွဲအတွင်း ပါဝင်မိမည်ကိုပင် ကြောက်ရွံ့နေကြသည်။ တုန်ခါမှုအရှိန်မျှဖြင့်ပင် သူတို့သည် ဒဏ်ရာရနိုင်သည့် အန္တရာယ်၏အငွေ့အသက်ကို ခံစားနေရ၏။
အကယ်၍သာ တိုက်ပွဲအတွင်းသို့ ကျရောက်သွားပါက ပြာအဖြစ်သို့ လျော့ကျသွားမည်ကို စိုးရိမ်နေကြသည်။
ဤသို့သော ကြောက်မက်ဖွယ် ဟိန်းဟောက်သံများကြားတွင် မဟာယာနအဆင့် ကျင့်ကြံသူအားလုံးသည် သူတို့၏မျက်လုံးများကို အလယ်ဗဟိုသို့ စူးစိုက်ထားကြသည်။
ထို့နောက် သူတို့မြင်လိုက်ရသည်မှာ အနည်းငယ် ဖရိုဖရဲဖြစ်နေသော မော့မင်က ဝိုင်းရံမှုကို ချိုးဖျက်ကာ ထွက်လာခြင်းပင်။ သူသည် သူ၏အားကောင်းသော ရုပ်ခန္ဓာကို အားကိုးကာ ကျားဖြူ ပုံရိပ်ယောင်၏ တိုက်ခိုက်မှုတစ်ချက်ကို ခံယူရင်း လုရီထံသို့ တစ်ဟုန်ထိုး တိုးဝင်တော့၏။
သူ၏ လက်ထဲတွင် အေးစက် ထက်ရှသော အလင်းတန်းများ ထုတ်လွှတ်နေသည့် အနက်ရောင်ဓားရှည် တစ်လက် ပေါ်ထွက်လာသည်...။ ယင်းမှာ အဆင့်နိမ့် ဝိညာဉ်လက်နက် တစ်ခုပင်။
ဓားရှည်သည် ကောင်းကင်ကို ဖြတ်၍ ခုတ်ပိုင်းလိုက်ရာ ကောင်းကင်နှင့် မြေကြီးကို နှစ်ပိုင်းခွဲလိုက်သကဲ့သို့သော ဓားရောင်တစ်ချက် လက်၏။ နေရာလပ်ကို ဖြတ်တောက်သွားသည့်အလား ဟန့်တားနိုင်စွမ်း မရှိသော အရှိန်အဟုန်ဖြင့် ချက်ချင်းပင် လုရီ၏ရှေ့သို့ ရောက်ရှိလာတော့သည်။
လုရီ၏ မျက်လုံးများ အနည်းငယ်ကျဉ်းမြောင်းသွားပြီး အန္တရာယ်ကို ခံစားလိုက်ရသည်။
သူသည် တစ်စက္ကန့်မျှပင် မစဉ်းစားတော့ဘဲ သူ၏ခေါင်းထက်တွင် မှော်ကြယ်ခေါင်းလောင်း ပေါ်ထွက်လာပြီး ကြယ်ရောင်ခြည် အကာအကွယ်လွှာတစ်ခုကို ဖြန့်ကျက်ချလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏လက်ထဲ၌လည်း ကြယ်ရောင်ခြည်များဖြင့် တလက်လက်တောက်ပနေသော ခမ်းနားထည်ဝါသည့် ဓားရှည်တစ်လက် ပေါ်ထွက်လာ၏။
ထိုဓားရှည်သည် ပြင်းထန်သိပ်သည်းသော ဓားချီများဖြင့် ပြည့်နှက်နေပြီး ကောင်းကင်ရှိ ကြယ်များကဲ့သို့ နက်နဲလှသည်။
အဆင့်မြင့် ဝိညာဉ်လက်နက်..တုန်ခါအလင်းဓား ဖြစ်၏။
လုရီသည် ညာလက်ဖြင့် ..တုန်ခါအလင်းဓားကို လွှဲ မြှောက်လိုက်ရာ အလွန်အမင်း ထက်ရှသော ဓားချီများ သူ၏ ပတ်ပတ်လည်တွင် ဖြစ်တည်လာသည်။
နက်နဲသော ဓားနယ်မြေသည် ရှင်ခြင်းနှင့်သေခြင်း သံသရာ၏ သဘောတရားအဖြစ်သို့ ပြောင်းလဲသွားကာ...ကောင်းကင်ဘုံနှင့် ငရဲဘုံမှ ထွက်ပေါ်လာသော မှိန်ပျပျ ဓားအလင်းတန်းအလား အနက်ရောင်ဓားအလင်းတန်းကို ရင်ဆိုင်လိုက်သည်။
ဟင်းလင်းပြင်ဥမင် ဓားသိုင်း ဖြစ်သော
နွေဦးဝါနှင့် ကောင်းကင်ပြာ ဖြစ်၏။
လုရီ၏ ဘယ်ဖက်လက်သည်လည်း စည်းတံဆိပ်များကို ဖွဲ့စည်းလိုက်ရာ စိမ်းပြာရောင် လျှို့ဝှက်ဆန်းကြယ်တံဆိပ်ကြီးတစ်ခု စုစည်းလာပြီး ကောင်းကင်နှင့်မြေကြီးကို တုန်ခါစေသော လွှမ်းမိုးသည့်အရှိန်အဝါဖြင့် အနက်ရောင်ဓားအလင်းတန်းပေါ်သို့ ပြင်းထန်စွာ ဖိနှိပ်ချလိုက်သည်။
၎င်းက ပေါင်းစည်းခြင်းနယ်ပယ် သိုင်းပညာ- ကောင်းကင်ဖြိုခွဲစည်းတံဆိပ်ပင်။
ကြောက်မက်ဖွယ် တိုက်ကွက်နှစ်ခုသည် ဟင်းလင်းပြင်ကို ကြေမွသွားစေပြီး နေရာလပ်ကိုပင် လမ်းလွဲသွားစေသည်။
အဝေးရှိ မဟာယာနအဆင့် ကျင့်ကြံသူများသည် ယခင်က မကြုံဖူးသော ခြိမ်းခြောက်မှုကို ခံစားလိုက်ရပြီး ရင်ဖိုသွားသည်။
သူတို့ ရှာဖွေတွေ့ရှိလိုက်ရသည်မှာ သူတို့သည်
လုရီ၏ သိုင်းကွက်နှစ်ခုအနက် တစ်ခုကိုပင် မခံနိုင်ခြင်းပင်။
ဤသည်မှာ လုရီက အခင်းအကျင်းမှတဆင့် ထုတ်သုံးသော အစွမ်း မဟုတ်ဘဲ၊ သူ၏ ကိုယ်ပိုင် တိုက်ခိုက်ရေး စွမ်းအားပင် ဖြစ်ချေသည်တကား။
ဤအချက်က ပုဂ္ဂိုလ်ကြီး တစ်ဦးစီ၏ ဦးရေပြားကို ထုံကျင်သွားစေသည်။
"မိတ်ဆွေလေး လုရီရဲ့ ကိုယ်ပိုင်တိုက်ခိုက်ရေးစွမ်းအားကလည်း ဒီလောက်တောင် ကြောက်ဖို့ကောင်းတာပဲလား။" ထိုက်ရီ မြင့်မြတ်နယ်မြေမှ မဟာယာနအဆင့် ကျင့်ကြံသူတစ်ဦးက
ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ပင်လယ်မျိုးနွယ်မှ ပေါင်းစည်းခြင်းနယ်ပယ် ပုဂ္ဂိုလ်ကြီး တစ်ဦးကမူ တုန်လှုပ်သောအသံဖြင့် "ဒီကောင်... မကောင်းဆိုးဝါးပဲ။"ဟု တိုးတိုးလေးပြောလိုက်သည်။
ဓားတစ်လက်နှင့် တံဆိပ်တစ်ခုသည် အနက်ရောင်အလင်းတန်းနှင့် ဆုံတွေ့လိုက်ရာ ရုတ်တရက် ညအခါ၌ နေတစ်စင်း ထပ်မံထွက်ပေါ်လာသကဲ့သို့ ဖြစ်သွား၏။
ဟိန်းညံသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ် အားလှိုင်း အရှိန်များက စက်ဝိုင်းပုံစံဖြင့် အရပ် လေးမျက်နှာသို့ ပျံ့နှံ့သွားရာ အောက်ဘက်ရှိ မြေပြင်ပင်လျှင် တသိမ့်သိမ့်ခါသွားအောင် လှုပ်ယမ်းသွားတော့သည်။
သို့သော်ငြားလည်း လုရီ၏ ကြောက်မက်ဖွယ်ကောင်းသော မှော်တိုက်ကွက်များပင်လျှင် စစ်မှန်သော မဟာယာနအဆင့်ကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်မှုနှင့် ယှဉ်လိုက်သောအခါ အားအနည်းငယ် လိုနေသေးသည်။
အနက်ရောင်ဓားအလင်းတန်းသည် ဓားတစ်လက်နှင့် တံဆိပ်တစ်ခုကို ချေဖျက်လိုက်ပြီးနောက် များစွာမှေးမှိန်သွားသော်လည်း မှော်ကြယ်ခေါင်းလောင်း၏ ကြယ်ရောင်ခြည်ကို ပြင်းထန်စွာ ထိမှန်သည်။
ဒင်!!
ခေါင်းလောင်းသံသည် ကောင်းကင်နှင့်မြေကြီးကို ဟိန်းညံသွားပြီး လုရီသည် မှော်ကြယ်ခေါင်းလောင်းနှင့်အတူ နောက်သို့ ဒယိမ်းဒယိုင်လွင့်စဉ်သွားရတော့သည်။
ကီလိုမီတာ ဆယ်ဂဏန်းအထိ လွင့်စဉ်သွားပြီးမှ နောက်ဆုံးတွင် ရပ်တန့်နိုင်ခဲ့သည်။
လုရီ ရပ်တန့်လိုက်သောအခါ သူ၏မျက်နှာမှာ အနည်းငယ် ဖြူဖျော့နေပြီးနှုတ်ခမ်းထောင့်မှ သွေးတန်းတစ်ခု စီးကျလာသည်။
လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်မှ သွေးကို သုတ်လိုက်သည်။ သူ၏ ကိုယ်တွင်းရှိ အင်မော်တယ်နိယာမကို အသက်မဝင်စေရန်နှင့် သွေးကို ပြန်မစုပ်ယူစေရန် လုရီ အတင်းအကျပ် ထိန်းချုပ်ထားလိုက်သည်။
သူသည် အဝေးမှ မော့မင်ကို အနည်းငယ် အံ့အားသင့်စွာ ကြည့်လိုက်သည်။
ငါ... ဒဏ်ရာရသွားတာလား။
နယ်ပယ်ကြီးနှစ်ခု ဖြတ်ကျော်၍ ရန်သူကို သတ်ခြင်းသည် သူ့အတွက် ပုံမှန်နီးပါး ဖြစ်လာခဲ့ ပေသည်။
ယခုမူ မဟာယာနအဆင့် ကျင့်ကြံသူတစ်ဦးကြောင့် သူ ဒဏ်ရာရခဲ့သည်။ သူက ဟင်းလင်းပြင်ဥမင် နယ်ပယ်ကို ရောက်နေပြီလေ!
တစ်စုံတစ်ရာ ချွတ်ချော်တိမ်းစောင်းနေသည်ဟု သူ မယုံကြည်နိုင်သည့်အလား ခံစားလိုက်ရသည်။ သူသည် မိမိ၏ အစွမ်းကို အထင်ကြီးလွန်းခဲ့မိသည်ပဲ။
မူလက သူသည် သွေးလောင်ကျွမ်းခြင်းသိုင်းကို အသုံးပြုလိုက်ပါက၊ ဤမဟာယာနအဆင့် ကျင့်ကြံသူကို ကိုင်တွယ်ရန် ပြဿနာတစ်ခုမျှ ရှိမည် မဟုတ်ဟု သူ၏စိတ်ထဲ၌ အတပ်သိနီးပါး ယုံကြည်ထားခဲ့သည်။
လုရီ တုန်လှုပ်နေစဉ်တွင် နှစ်ဖက်စလုံးမှ ပုဂ္ဂိုလ်ကြီးများမှာ ပို၍ပင် မှင်သက်သွားကြသည်။
သူတို့၏ ဦးနှောက်များ ထုံကျင်သွားသည်။
"...ဒီလူသားက မသေဘူး?!"
"အကြီးအကဲ မော့မင်ရဲ့ ဓားချက်ကို ခံနိုင်ရည်ရှိတယ်?!"
ပင်လယ်မျိုးနွယ် ပုဂ္ဂိုလ်ကြီးတစ်ဦး၏ မျက်လုံးများမှာ ပြူးထွက်လုမတတ်ပင်။
သူတို့၏ မျက်နှာများ ကွက်ခနဲ ပျက်သွားသည်။
မသေရုံသာမက ပြင်းထန်စွာပင် ဒဏ်ရာမရခဲ့ပေ။ သွေးအနည်းငယ်သာ ထွက်သည်တဲ့လား။
ဤသည်ကို ဒဏ်ရာဟုပင် မသတ်မှတ်နိုင်ပေ။
မည်သို့ ဖြစ်နိုင်ရသနည်း။
"ဒီလူသားက နတ်ဆိုးကောင်လား?? အကြီးအကဲ မော့မင်ရဲ့ ဓားကြီးက ပေါင်းစည်းခြင်းနယ်ပယ်က အစွမ်းထက်ပုဂ္ဂိုလ်တွေကိုတောင် သတ်ခဲ့ဖူးတာလေ..."
ပင်လယ်မျိုးနွယ် ပုဂ္ဂိုလ်ကြီးများ ထုံကျင်သွားကြသည်။
မိမိတို့၏ ဘဝကိုပင် သံသယဝင်သွားကြသည်။
လောကကြီးတွင် ထိုသို့သော တည်ရှိမှုမျိုး တည်ရှိလိမ့်မည်ဟု မည်သည့်အခါကမျှ မတွေးထင်ခဲ့ဖူးချေ!
ထိုက်ရီမြင့်မြတ်နယ်မြေမှ ပုဂ္ဂိုလ်ကြီးများလည်း အလားတူပင် မိန်းမောတွေဝေနေကြသည်။
မူလက လူတိုင်း မျှော်လင့်ချက်ကင်းမဲ့နေကြသည်။
သို့သော်... မျှော်လင့်မထားသည်မှာ... ဒီလောက်ဒဏ်ရာလေးပဲလား?
"ဒီကလေး... သူ တကယ်ပဲ လူသားဟုတ်ရဲ့လား?!"
"...မိတ်ဆွေလေးလုရီက ငါတို့ကို လာနောက်နေတဲ့ အင်မော်တယ် တစ်ပါးများလား.. ဟင်းလင်းပြင်ဥမင်အဆင့်က မဟာယာနအဆင့်ရဲ့ တိုက်ခိုက်မှုကို တားဆီးနိုင်တယ်ဆိုတာ
ငါ့တစ်သက်မှာ
မကြားဖူးဘူး။"
"ကျွန်တော်လည်း မမြင်ဖူးဘူး၊ မိတ်ဆွေလေး
လုရီက ထျန်းမင်ရဲ့ သမိုင်းမှာ ပြိုင်ဘက်ကင်း ပထမဆုံးပုဂ္ဂိုလ် ဖြစ်ရမယ်၊ ဟုတ်တယ်မလား"
ထိုသို့ ပုဂ္ဂိုလ်ကြီးတစ်ဦးက အဆိုပြုလိုက်ရာ၊ များစွာသော ကျင့်ကြံသူများက တုန်လှုပ်စွာဖြင့် အပြန်အလှန် ဆွေးနွေးကြလေတော့သည်။
ထိုစဉ် မော့မင်သည် အဝေးမှ သွေးအနည်းငယ်သာ ထွက်သော လုရီကို ကြည့်ကာ လုံးဝ မူးဝေသွားပြီး၊ မယုံကြည်နိုင်သည့်အလား
မြည်တမ်းလိုက်မိသည်။
"ဘယ်...ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
သူသည် မိုးကြိုး ကျားဖြူ၏ တိုက်ခိုက်မှုကို ခံခဲ့ရပြီး မနည်းလှသော ဒဏ်ရာကို ရရှိခဲ့သည်။
သို့သော် သူက လုရီကို ဓားဖြင့် ခုတ်ပိုင်းလိုက်သောအခါ လုရီသည် သွေးအနည်းငယ်သာ အန်ထွက်ခဲ့သည်တဲ့လား။
မူလက မော့မင်သည် အသက်စွန့် တိုက်ခိုက်ရန် ကြံစည်ခဲ့သော်လည်း ယခုမူ မည်သူ့အသက်ကို အမှန်တကယ် စွန့်ရမည်ကို သူ မသိတော့ချေ။
အခန်း ၃၉၉: မဟာယာနကို ပူးပေါင်း၍ ခုတ်ဖြဲခြင်း ...
~လေထုသည် ခဏတာမျှ တိတ်ဆိတ်သွားပြီးနောက်၊ နတ်သားရဲလေးပါး ပုံရိပ်ယောင်တို့သည် ဟိန်းဟောက်ကာ မော့မင်ထံသို့ တစ်ဖန် ပြေးဝင်တိုက်ခိုက်ကြတော့သည်။
ကြောက်မက်ဖွယ် အရှိန်အဝါကြောင့် မော့မင်၏ မျက်နှာ ကွက်ခနဲ ပျက်သွားပြီး တိုက်ခိုက်မှုများကို ရှောင်တိမ်းရန် တွန်းအားပေးခံလိုက်ရ၏။
မော့မင် ရှောင်တိမ်းနေစဉ် လုရီ၏ ကိုယ်သည် နောက်သို့ဆုတ်လိုက်ပြန်သည်။
မိမိ၏အစွမ်းကို အသိအမှတ်ပြုပြီးနောက် လုရီသည် ရှေ့တိုးတိုက်ခိုက်ရန် အစီအစဉ်မရှိတော့ပေ။
အကြောင်းမူကား၊ မိုးကြိုးဆင့်ခေါ်
ဓားတစ်သောင်း အခင်းအကျင်းနှင့် သင်္ကေတလေးခု သတ်ဖြတ်ခြင်းတပ်ဖြန့်အခင်းအကျင်း နှစ်ခုလုံးသည် မဟာယာနနယ်ပယ် အခင်းအကျင်းများ ဖြစ်ကြပေသည်။
အခင်းအကျင်းတစ်ခုတည်းကပင် မဟာယာနနယ်ပယ်၏ အစွမ်းကို ပိုင်ဆိုင်ထားလေ၏။ အထူးသဖြင့် ကောင်းကင်ဘုံမိုးကြိုး၏ ဖျက်ဆီးခြင်းအနှစ်သာရနှင့် ဓားသိုင်းနယ်ပယ်၏ စူးရှသော ဓားသိုင်းအရှိန်အဝါကို ပေါင်းစပ်ထားသော မိုးကြိုးဆင့်ခေါ် ဓားတစ်သောင်း အခင်းအကျင်းမှာ ပို၍ပင် အားကောင်းလေသည်။
ထို့အပြင် လုရီက အခင်းအကျင်း ပေါင်းစပ်ခြင်းသိုင်းကို သုံး၍ နှစ်ခုကို ပေါင်းစပ်လိုက်ရာ
သဘာဝအတိုင်း ပိုမို ကောင်းမွန်သော အကျိုးသက်ရောက်မှုကို ရရှိပြီး အစွမ်းကို အလွန်အမင်း မြှင့်တင်ပေးလိုက်သည်။ ဤမဟာအခင်းအကျင်းကြီးတစ်ခုတည်းက ပြသသော အစွမ်းကပင် မော့မင်ကို ခက်ခဲသော အခြေအနေသို့ တွန်းပို့နေပြီ ဖြစ်သည်။
လုရီ၏ ဝိညာဉ်စွမ်းအင်များ လှိုင်းထန်သွားပြီး သူ၏ အတွေးများ စီးဆင်းကာ နတ်သားရဲ
လေးပါး ပုံရိပ်ယောင်ကို ထိန်းချုပ်၍ မော့မင်ကို အဆက်မပြတ် တိုက်ခိုက်စေ၏။ တစ်ချိန်တည်းမှာပင် မရေမတွက်နိုင်သော မိုးကြိုးဓားများကို စုစည်းကာ ရွာသွန်းစေသည်။
မိုးကြိုးဓားတစ်စင်း ပျောက်ကွယ်သွားတိုင်း အခင်းအကျင်းအတွင်း၌ မိုးကြိုးအသစ်များ ဖြစ်ပေါ်လာပြီး မိုးကြိုးဓားအသစ်များကို အဆုံးမရှိသော သံသရာလည်ပတ်မှုဖြင့် ပြန်လည်ဖွဲ့စည်းနေသည်။
မော့မင်သည် စိတ်ဆိုးမာန်ဆိုးဖြင့် ဟိန်းဟောက်ကာ နတ်ဘုရားပုံရိပ်ယောင်များ၏ တိုက်ခိုက်မှုကို ခုခံရန် ကြိုးစားနေ၏။ သူ၏ အစွမ်းသည်
လုရီ တွက်ဆထားသည်ထက်ပင် ထက်မြက်ပြီး မဟာယာန ပဥ္စမအလွှာခန့်တွင် ရှိနိုင်ပေသည်။
သို့တိုင် မဟာယာန စတုတ္ထအလွှာရှိ နတ်သားရဲ
ပုံရိပ်ယောင်လေးခုက သူ့ကို မဖိနှိပ်နိုင်ခဲ့ပေ။ မော့မင်ကို လုံးဝ ချုပ်တည်းထားနိုင်သည်မှာ အဆုံးမရှိသော မိုးကြိုးဓားများ၏ အထောက်အပံ့ကြောင့်သာ ဖြစ်သည်။
သို့ဖြစ်သော်ငြားလည်း ဤမြင်ကွင်းသည် အနီးအနားမှ နှစ်ဖက်စလုံး၏ ပေါင်းစည်းခြင်းအဆင့် ပုဂ္ဂိုလ်ကြီးများ၏ နှလုံးသားကို အလွန်အမင်း တုန်လှုပ်သွားစေသည်။
သိထားရမည်မှာ... လုရီ၏ ကျင့်ကြံမှုအခြေခံသည် ဟင်းလင်းပြင်ဥမင်နယ်ပယ်အတွင်း၌သာ ရှိသေးသော်လည်း သူသည် မဟာယာနအဆင့် ကျင့်ကြံသူတစ်ဦးကို ဖိနှိပ်နိုင်ခဲ့သည်ပင်။
ထို့အပြင် မော့မင်သည် မဟာယာနအဆင့် ကျင့်ကြံသူများကြားတွင် အားနည်းသူဟု ယူဆ၍ မရပေ။
လေထဲ၌ လွင့်ပျံနေသော အဖြူရောင်ဝတ်ရုံနှင့် ချောမောခန့်ညားသော လုရီကို မြင်တွေ့ရသောအခါ ပုဂ္ဂိုလ်ကြီးအားလုံး ရင်ထဲ၌ တစ်ချက်လှုပ်ခါသွားကြ၏။
လုရီက ထိုမဟာယာနအဆင့် ပုဂ္ဂိုလ်ကြီးကို ဖိနှိပ်ထားသည်ကို မြင်သောအခါ ထိုက်ရီမြင့်မြတ်နယ်မြေမှ အခြားအစွမ်းထက်ပုဂ္ဂိုလ်များလည်း သတိပြန်ဝင်လာကြသည်။
"အချိန်ကျပြီ! သတ်!"
ဟု အမျိုးသမီးကျင့်ကြံသူ မော့ပင်းယွင်က ကြွေးကြော်လိုက်သည်။
အခင်းအကျင်းပုံစံများက ကောင်းကင်ကို ဖြတ်သန်းသွားပြီး ပင်လယ်မျိုးနွယ်၏ ပေါင်းစည်းခြင်းအဆင့် ပုဂ္ဂိုလ်ကြီးနှစ်ဦးကို ဖိနှိပ်လိုက်သည်။
ထိုအခိုက်အတန့်မှာမှ အခြားကျင့်ကြံသူများလည်း တုံ့ပြန်လာကြသည်။
"မိတ်ဆွေလေးလုရီက မဟာယာနအဆင့် ကျင့်ကြံသူတစ်ယောက်ကို ထိန်းထားပေးနေတာ။ ငါတို့ အကြီးအကဲတွေအနေနဲ့ သူ့ကိုပဲ ဂုဏ်ယူခွင့်ပေးထားလို့ ဘယ်ဖြစ်မလဲ? ဒီပင်လယ်မျိုးနွယ်က တိရစ္ဆာန်တွေကို သုတ်သင်ပစ်!"
ထိုက်ရီမြင့်မြတ်နယ်မြေမှ ကျင့်ကြံသူများသည် တစ်ဦးပြီးတစ်ဦး ဟစ်ကြွေးလိုက်ကြသည်။ သူတို့၏ ကြောက်မက်ဖွယ် ဝိညာဉ်စွမ်းအင်ဖိအားများက သောင်းကျန်းနေပြီး ပင်လယ်မျိုးနွယ် ပုဂ္ဂိုလ်ကြီးများကို ထိတ်လန့်စေသည်။
"ဟားဟားဟား! ဒီနေ့တော့ ရေနက်နဂါးမျိုးနွယ်ကို အကြီးအကျယ် ဆုံးရှုံးစေရမယ်!"
မူလက ပင်လယ်မျိုးနွယ်မှ သုံးဆယ်ကျော်ရှိခဲ့သည်။ လုရီက တစ်ဦးတည်း ဆယ့်တစ်ယောက်ကို သတ်ခဲ့ရာ နှစ်ဆယ်ကျော်သာ ကျန်တော့သည်။ ယခုအခါ ပေါင်းစည်းခြင်းအဆင့် အခင်းအကျင်းများကို ကွပ်ကဲနေသော ပုဂ္ဂိုလ်ကြီးများနှင့် ရင်ဆိုင်ရသောအခါ သူတို့တွင် အားသာချက် အနည်းငယ်သာ ကျန်ရစ်တော့၏။
အသေအပျောက် အများဆုံးအချက်မှာ ယခင်က သူတို့၏ မိတ်ဆွေများကို ကယ်တင်ရန် ကြိုးစားရင်း ပင်လယ်မျိုးနွယ် ပုဂ္ဂိုလ်ကြီးအားလုံးမှာ မနည်းလှသော ဒဏ်ရာများနှင့် ကျင့်ကြံခြင်းရတနာပစ္စည်းများ အများအပြား ဆုံးရှုံးခဲ့ရခြင်းပင်။
ထိုအခိုက်အတန့်၌ ပင်လယ်မျိုးနွယ် ပုဂ္ဂိုလ်ကြီးများစွာ ဟိန်းဟောက်ကာ ရေနက်နဂါးများအဖြစ်သို့ ပြောင်းလဲသွားကြသည်။ တန်းစီနေသော နဂါးများသည် ကောင်းကင်တွင် မားမားမတ်မတ်ရပ်နေကြပြီး လေထဲမှ အနက်ရောင်တောင်တန်းများပမာ ဆက်တိုက်တည်ရှိနေသည်။
ထိုက်ရီမြင့်မြတ်နယ်မြေမှ ပုဂ္ဂိုလ်ကြီးတစ်ဦးက သွေးဆာနေသည့် အမူအရာဖြင့် မာန်မဲလိုက်သည်။
"မင်းတို့ရဲ့ မူလပုံစံကို ပြတော့ရော ဘာဖြစ်လဲ?! ဒီနေ့တော့ ဘာပဲဖြစ်ဖြစ် မင်းတို့ ဒီမှာပဲ သေရမယ်!"
ထိုက်ရီမြင့်မြတ်နယ်မြေမှ ပုဂ္ဂိုလ်ကြီးသည် သူ၏ သွေးအနှစ်တစ်လုပ်ကို ထွေးထုတ်ကာ သတ်ဖြတ်ခြင်းအခင်းအကျင်းသို့ ပူဇော်လိုက်ရာ ၎င်း၏ အစွမ်းမှာ သိသိသာသာ မြင့်တက်သွားသည်။
သတ်ဖြတ်ခြင်းအခင်းအကျင်းသည် ရွှေရောင်အခွေပြားများပမာ။ အခွေပြားတစ်ခုစီက ကြောက်မက်ဖွယ် စူးရှသောအစွန်းများ ထုတ်လွှတ်ကာ ကောင်းကင်ကို ဖြတ်သန်းပြီး ရေနက်နဂါးနက်တစ်ကောင်၏ ကိုယ်ပေါ်သို့ တိုက်ခတ်သွားသည်။
အနက်ရောင်ရွှေနှင့်တူသော နဂါး၏ အကြေးခွံများမှာ ဆက်တိုက် ကွဲအက်သွားပြီး သူ၏ သွေးများမှာ ရေတံခွန်ကဲ့သို့ သွန်ကျလာ လေတော့သည်။
ပင်လယ်မျိုးနွယ်ရော၊ ထိုက်ရီမြင့်မြတ်နယ်မြေမှ
ပုဂ္ဂိုလ်ကြီးအားလုံးပါ အရူးအမူးဖြစ်နေကြသည်။ သူတို့သည် လျှို့ဝှက်သိုင်းများကို သုံးကာ အကျိုးဆက်ကို ဂရုမစိုက်ဘဲ သွေးထွက်သံယို တိုက်ပွဲကို ဆင်နွှဲပြီး သူတို့၏ ပြိုင်ဘက်များကို သုတ်သင်ရန် သံန္နိဋ္ဌာန် ချထားကြ၏။
တစ်ခဏအတွင်း ကောင်းကင်သည် လှုပ်ခတ်သွားပြီး ဟင်းလင်းပြင်မှာ အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေ၏။ နေရာဒေသများ ကွဲအက်သွားပြီး ပုဂ္ဂိုလ်ကြီးများသည် သွေးများဖြင့် ဖုံးလွှမ်းလျက် ထိုဟင်းလင်းပြင်အက်ကွဲကြောင်းများ၏ အစွန်းများတွင် တိုက်ခိုက်နေကြသည်။
မဟာယာနအဆင့်ကိုပင် သေစေနိုင်သော အတွင်းမှ ပရမ်းပတာ ဟင်းလင်းပြင်စီးကြောင်းများက မျိုချသွားမည်ကို သူတို့ပင် မခံဝံ့ကြပေ။
တိုက်ပွဲသည် အချိန်အတန်ကြာ ပြင်းထန်နေပြီးနောက် ရုတ်တရက် မချိမဆံ့ အော်ဟစ်သော အသံနက်ကြီး တစ်ခု ထွက်ပေါ်လာ၏။
လူတိုင်း ခေါင်းလှည့်ကြည့်လိုက်ရာ ကီလိုမီတာပေါင်းများစွာရှည်သော ရေနက်နဂါး
တစ်ကောင်၏ ကိုယ်ပေါ်တွင် သွေးစွန်းနေသည့် အပေါက်အကြီးကြီးတစ်ခုကို မြင်လိုက်ရသည်။ ထိုအပေါက်ကြောင့် သူသည် နှစ်ပိုင်းနီးပါး ပြတ်တောက်နေပြီး သွေးများမှာ ရေတံခွန်ကဲ့သို့ ကျဆင်းနေသည်။
ဖြူဖျော့သော အပြာရောင် တာအိုအလင်းတန်းတစ်ခု တဖြည်းဖြည်း မှေးမှိန်သွားပြီး၊ ထိုနဂါးနက်၏ရှေ့တွင် နတ်သမီးကဲ့သို့သော အငွေ့အသက်နှင့် လှပသော မိန်းမပျိုတစ်ဦး လေထဲတွင် ရပ်နေသည်။
သူမ၏ စိမ်းပြာရောင်ဝတ်စုံမှာ တဖျပ်ဖျပ် လွင့်မျောနေပြီး သူမ၏ ကိုယ်ပေါ်တွင် လတ်ဆတ်သော ပန်းများ၏ ပုံရိပ်ယောင်များဖြင့် ဖုံးလွှမ်းနေသည်မှာ နတ်သမီးတစ်ပါး လူ့လောကသို့ ဆင်းသက်လာသည့်အလားပင်။
သူမ၏ ဦးခေါင်းအထက်ဝယ် ကြောက်မက်ဖွယ် တာအိုအလင်းများ ပွင့်လန်းနေသော ကျောက်စိမ်းကြာပန်းတစ်ပွင့် ဖွဲ့ခွေနေသည်။
နောက်ထပ်အလင်းတန်းဓားချက်များက နဂါးနက်၏ ဦးခေါင်းပေါ်သို့ ကျရောက်သွားသည်။
ဘုန်း....
နဂါးနက်၏ ဦးခေါင်းသည် နေရာတွင်ပင် ပေါက်ကွဲသွား၏။ သူ၏ သက်စောင့်စွမ်းအင် ပျောက်ကွယ်သွားသည်။
ရေနက်နဂါး ပုဂ္ဂိုလ်ကြီး... သေဆုံးလေပြီ။
ယွင်ရှီးသည် သူမ၏ ဟင်းလင်းပြင်ဥမင် ပထမအလွှာအစွမ်းကို သုံး၍ ပေါင်းစည်းခြင်း ပထမအလွှာ ရေနက်နဂါး တစ်ကောင်ကို သတ်ဖြတ်လိုက်ခြင်းပင်။
ဤအဖြစ်က ပုဂ္ဂိုလ်ကြီးအားလုံးကို တစ်ဖန် ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။
"ဒီမိန်းကလေးက... လုရီနဲ့ အတူ ရှိနေတဲ့
တစ်ယောက် မဟုတ်လား။"
"ဟင်းလင်းပြင်ဥမင် ပထမအလွှာ အစွမ်းနဲ့ ပေါင်းစည်းခြင်း ပထမအလွှာ ပုဂ္ဂိုလ်ကြီးတစ်ယောက်ကို ပြောင်းပြန်သတ်ဖြတ်နိုင်တယ်?! ဒီလိုတိုက်ခိုက်ရေးစွမ်းရည်က လုရီလောက်
မစွမ်းဆောင်နိုင်ပေမယ့် လောကမှာ ရှားရှားပါးပါးပဲ! ဒီမိန်းကလေးက ဘယ်သူများလဲ?"
ထိုက်ရီမြင့်မြတ်နယ်မြေမှ ပုဂ္ဂိုလ်ကြီးများသည် မယုံကြည်နိုင်သည့်အလား စိုက်ကြည့်ရင်း
ယွင်ရှီး၏ မည်သူမည်ဝါ ဖြစ်ကြောင်းကို ခေါင်းခဲမတတ် စဉ်းစားနေကြတော့သည်။
ပင်လယ်မျိုးနွယ် ပုဂ္ဂိုလ်ကြီးများအတွက်မူ ပို၍ပင် တုန်လှုပ်စရာကောင်းသည်။
ယခု သူတို့ထဲမှ နောက်တစ်ဦး ကျဆုံးသွားပြန် လေပြီ။ အောင်ပွဲ၏ ချိန်ခွင်လျှာသည် တဖြည်းဖြည်း ယိမ်းယိုင်လာနေသဖြင့် ဤသည်မှာ ပင်လယ်မျိုးနွယ်အတွက် သတင်းကောင်း မဟုတ်သည်မှာ သေချာသည်။
အခင်းအကျင်းအတွင်း ပိတ်မိနေသော
မော့မင်သည် နောက်ထပ် ပင်လယ်မျိုးနွယ် ပုဂ္ဂိုလ်ကြီးတစ်ဦး သေဆုံးသွားသည်ကို မြင်သောအခါ ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ဧရာမ ရေနက်နဂါးကြီးအသွင် ပြောင်းလဲသွာ လိုက်တော့သည်။
ကီလိုမီတာ ဆယ်ဂဏန်းရှည်လျားသော ရေနက်နဂါးကြီး၏ အရှိန်အဝါသည် ပြင်းထန်စွာ လှိုင်းထန်လာပြီး သူ၏ ကိုယ်ပတ်ပတ်လည်ရှိ မှော်ရေစွမ်းအင်များမှာ မြူခိုးများကဲ့သို့ လှည့်ပတ်ကာ မော့မင်ကို ဖုံးလွှမ်းသွားတော့သည်။