အခန်း (၄၀၃-၄၀၅)
Vol. 27 Ch. 403-405
အခန်း ၄၀၃- လင်ယွမ်ဖုန်း၏ နှလုံးသား တဆစ်ဆစ်နာကျင်သွားခြင်း...
~လုရီနှင့် ယွဲ့ပုမျန်တို့ ချဉ်းကပ်လာသည်ကို မြင်သောအခါ၊ လင်ယွမ်ဖုန်းသည် သူတို့၏ တည်ရှိမှုကို ချက်ချင်းသိရှိသွားပြီး သူ၏ မျက်နှာပေါ်တွင် ပြုံးရိပ်တို့ သီးဝေလျက် ကြည့်လိုက်သည်။
"မိတ်ဆွေလေးလုရီနဲ့ ယွဲ့အဘိုးကြီး၊ လာခဲ့ကြ! ဒီမဟာယာနအဆင့် သုံးကောင်ကို အတူတူ သတ်ကြစို့!" ဟု သူက ကြွေးကြော်လိုက်သည်။
ထိုအခါမှ လုရီသည် လင်ယွမ်ဖုန်း၏ မျက်နှာမှာ ဖြူဖျော့နေပြီး ယခင်ကထက် များစွာအားနည်းနေသည်ကို သတိပြုမိလိုက်သည်။ သူ၏ အနှစ်သွေးအများအပြားကို အသုံးပြုထားသည့်အလား။
အော်... ဒါကြောင့်ကိုး။
လုရီ၏ စိတ်ထဲတွင် တစ်ချက်လှုပ်ရှားသွားပြီး အကြောင်းရင်းကို သဘောပေါက်လိုက်သည်။
... အကြီးအကဲလင်ယွမ်ဖုန်းက မဟာယာနအဆင့် သုံးဦးကို ထိန်းထားနိုင်ခဲ့တာ သူ့ရဲ့မူလအနှစ်သွေးကိုတောင် မနှမြောဘဲ အသက်လုတိုက်ခိုက်ခဲ့လို့ ဖြစ်ရမယ်။...
လင်ယွမ်ဖုန်း၏ စကားကြောင့် အခင်းအကျင်းအတွင်းမှ အခြား မဟာယာနအဆင့် ပုဂ္ဂိုလ်ကြီးများလည်း လှည့်ကြည့်လာကြသည်။ အရှေ့ပိုင်းနယ်မြေမှ မဟာယာန အဆင့် ပုဂ္ဂိုလ်ကြီးနှစ်ဦး၏ မျက်လုံးများမှာ အရောင်တောက်လာပြီး ဝမ်းမြောက်စွာ ပြုံးလိုက်ကြသည်။
ပင်လယ်မျိုးနွယ်မှ အစွမ်းထက် ပုဂ္ဂိုလ်လသုံးဦး၏ မျက်နှာများမှာမူ အလွန်အမင်း အကျည်းတန် သွားတော့သည်။ံ
လုရီနှင့် ယွဲ့ပုမျန်တို့ ဤနေရာသို့ ရောက်ရှိလာခြင်းက အောက်ဘက်မှ မော့မင်သည် သေဆုံးသွားပြီဖြစ်ကြောင်း ဆိုလိုနေသည် လေ။
ယခုအခါ သူတို့ သုံးဦးသည် မဟာအခင်းအကျင်းအတွင်း ပိတ်မိနေပြီး ထွက်ပြေးနိုင်ခြင်း မရှိတော့ရာ အခြေအနေမှာ အလွန်အမင်း အန္တရာယ် ရှိနေပြီ ဖြစ်သည်။
ရေနက်နဂါးပုဂ္ဂိုလ်ကြီးသုံးဦးသည် သူတို့၏ မူလပုံစံအဖြစ်သို့ ပြောင်းလဲထားပြီး သူတို့၏ ပရိယာယ်များအားလုံးနီးပါးကို သုံးစွဲထားပြီးဖြစ်သည်။ သို့သော် လင်ယွမ်ဖုန်းနှင့် အခြားသူများက သူတို့ကို ဤနေရာ၌ ထားရှိရန် သန္နိဋ္ဌာန်ချထားပြီး အစွမ်းကုန် တိုက်ခိုက်နေကြသည်။ယ
ယခုအခါ လုရီနှင့် ယွဲ့ပုမျန်တို့ ရောက်ရှိလာသဖြင့် အခြေအနေမှာ အဆိုးရွားဆုံးအဖြစ်သို့ ရောက်ရှိသွားလေပြီ။
လုရီနှင့် ယွဲ့ပုမျန်တို့သည် ပျံသန်းလာပြီး မဟာအခင်းအကျင်းအတွင်းသို့ ဝင်ရောက်လိုက်သည်။
ယွဲ့ပုမျန်၏ မျက်နှာထားမှာ ပါးလွှာသော ရေခဲပြင်တစ်ခု ကပ်ထားသည့်ပမာ အေးစက်မာကျောနေ၏။ သူသည် စကားတစ်ခွန်းမျှ မဆိုဘဲ သူ၏ ဓားရှည်ဖြင့် ရေနက်နဂါး သုံးကောင်ထံသို့ လက်သီးတစ်လုံး ပစ်ထုတ်သည့်အလား တဟုန်ထိုးဝင်သွားသည်။
ထိုစဉ် လုရီသည် လင်ယွမ်ဖုန်း၏ ဘေးသို့ ရောက်ရှိလာသည်။ လင်ယွမ်ဖုန်း၏ လက်များက အခင်းအကျင်းပုံစံများကို ဖွဲ့စည်းလိုက်ရာ မဟာအခင်းအကျင်းအတွင်း၌ ရွှေရောင်မီးလျှံများ လှိုင်းထန်လာပြီး မီးလုံးများအဖြစ်သို့ ပြောင်းလဲကာ ရေနက် နဂါးသုံးကောင်ထံသို့ ပစ်လွှတ်လိုက်သည်။
ထို့နောက် သူက လုရီဘက်သို့ လှည့်ကာ ပြုံးရယ်လျက် ချီးကျူးလိုက်သည်။
"မိတ်ဆွေလေးလုရီ၊ မင်းရဲ့အစွမ်းက ငါ့မျှော်လင့်ချက်ကို အများကြီး ကျော်လွန်သွားပြီ။ မင်းသာ ဟိုမဟာယာနအဆင့် ရေနက်နဂါးကို ထိန်းမထားခဲ့ရင် အရှေ့အလင်းမြို့ ပျက်စီးသွားလောက်ပါပြီကွာ။"
ထိုအခါ လုရီက အသာအယာ ပြုံးလိုက်သည်။
"အကြီးအကဲ ဒီလို မပြောနိုင်ပါဘူးဗျာ၊ ကျွန်တော်လည်း အရှေ့နယ်မြေရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်နေတာပဲဟာ၊ အရှေ့နယ်မြေရဲ့ ဝိညာဉ်တွေအတွက် အားထုတ်ရမှာပေါ့!"
ထိုအခါ လင်ယွမ်ဖုန်းက ခေါင်းတဆတ်ဆတ်ညိတ်လိုက်သည်။
"ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်! ဒီလိုဆိုရင်တော့ ဒီရေနက်နဂါးသုံးကောင်ကို အတူတူ ဖိနှိပ်ကြစို့!"
လုရီက ခေါင်းညိတ်လိုက်ပြီး အခင်းအကျင်းပုံစံများကို နောက်တစ်ကြိမ် ရေးဆွဲလိုက်ပြန်သည်။ သိပ်သည်းများပြားသော အခင်းအကျင်းပုံစံများက ကောင်းကင်သို့ တဟုန်ထိုးတက်သွားပြီး မိုးကြိုးဆင့်ခေါ် ဓားတစ်သောင်း အခင်းအကျင်း အသက်ဝင်လာသည်။
အပြင်ဘက်အာကာသတွင်ပင် မိုးသားတိမ်လိပ်မည်းကြီးများ စုဖွဲ့လာပြီး မိုးကြိုးများက ကောင်းကင်မှ ကျဆင်းလာကာ မဟာအခင်းအကျင်းပေါ်သို့ ထိမှန်ပြီး ကြောက်မက်ဖွယ် အဖျက် မိုးကြိုးအလင်းအဖြစ်သို့ ပြောင်းလဲသွားသည်။
မဟာယာနနယ်ပယ် အခင်းအကျင်းပညာရှင်
တစ်ဦးဖြစ်သော လင်ယွမ်ဖုန်းသည် ထိုသို့သော မဟာအခင်းအကျင်းကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်၍ ထုံကျင်သွားသည်။
"...ဒါ ဘယ်လို မဟာအခင်းအကျင်းမျိုးလဲ? ကျုပ် တစ်ခါမှ မမြင်ဖူးဘူး။..."
ထိုအခါ လုရီက ခပ်ပြုံးပြုံး ဖြေကြားလိုက်သည်။
"နယ်ပယ်တက်တိုင်း ကျွန်တော်ကြုံတွေ့ရတဲ့ ကောင်းကင်ဘုံကပ်ဘေးက နည်းနည်းထူးဆန်းတော့ ထိုးထွင်းဉာဏ်တစ်ချို့ ရခဲ့ပါတယ်။ ဒါ့အပြင် ကျွန်တော့်ရဲ့ ဓားသိုင်းတာအို နယ်မြေကလည်း မဆိုးတော့ ဟင်းလင်းပြင်ဥမင်နယ်ပယ်ကို နောက်ဆုံးတက်တုန်းက မိုးကြိုးကပ်ဘေးကြားထဲမှာပဲ ဒီမဟာအခင်းအကျင်းကို မတော်တဆ သဘောပေါက်သွားတာပါဗျာ..."
လင်ယွမ်ဖုန်း: "??????"
ထိုစကားကို ကြားသောအခါ သူ၏စိတ်ထဲတွင် မေးခွန်းများဖြင့် ပြည့်နှက်သွားပြီး လုရီကို
မယုံကြည်နိုင်သည့်အလား စိုက်ကြည့်ကာ၊
"... မင်းပြောတာက ဒီမဟာယာနအခင်းအကျင်းကို မင်းကိုယ်တိုင် သဘောပေါက်ခဲ့တယ်လို့လား?"
လုရီက ခေါင်းညိတ်လိုက်သည်။ "ဟုတ်ကဲ့။"
ထိုအဖြေအား ကြားလိုက်ရသောအခါ
လင်ယွမ်ဖုန်းသည် သူ၏ နှလုံးသားကို သိပ်သည်းသော ဓားအစုအဝေး တစ်ခုဖြင့် ထိုးစိုက်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။
...ဒါ ဘယ်လို တရားမျှတမှုမျိုးလဲ?! ...
သူ၏ နှစ် တစ်သောင်းနီးပါး ကျင့်ကြံမှုသက်တမ်းတွင် သူသည် မဟာယာနအခင်းအကျင်းတစ်ခုကို ထုတ်ဖော်နိုင်ရန် နှစ်ပေါင်းနှစ်ထောင်တိုင်တိုင် မြှုပ်နှံခဲ့ရသည်။
လုရီကရော?! နှစ်တစ်ရာကျော်လေးသာ ကျင့်ကြံမှုရှိသေးပြီး မဟာယာနအခင်းအကျင်းတစ်ခုကို ထုတ်ဖော်နိုင်ခဲ့ပြီတဲ့လား??
လင်ယွမ်ဖုန်းခမျာ သူ၏ ကျင့်ကြံခြင်းနှလုံးသား ပြိုကျလုမတတ် ခံစားလိုက်ရသည်။
လူတွေကြားထဲမှာ ဒီလောက်ကြီးမားတဲ့ ကွာဟချက်မျိုး ဘယ်လိုလုပ်ရှိနိုင်မှာလဲ?!
လင်ယွမ်ဖုန်း၏ မျက်နှာအမူအရာမှာ ထုံကျင်သွားပြီး သူ၏ နှလုံးသားမှာ ပို၍ပင် ထုံကျင်နေသည်။
လုရီသည် လင်ယွမ်ဖုန်း၏ မျက်နှာအမူအရာ တောင့်တင်းသွားသည်ကို မြင်သောအခါ၊ သူ တုန်လှုပ်ပြီး အနည်းငယ် စိုးရိမ်သွားသည်။
... အကြီးအကဲလင်က မဟာယာန သုံးယောက်ကို ထိန်းထားရတဲ့အတွက် အင်အား ကုန်ခမ်းသွားတာလား...
လုရီက အလျင်အမြန် မေးလိုက်သည်။
"အကြီးအကဲ၊ ဒဏ်ရာရထားတာလားဗျ..."
လင်ယွမ်ဖုန်းက မှိန်ဖျော့စွာ ခေါင်းညိတ်ပြီး သက်ပြင်းချလိုက်သည်။
"ဟုတ်တယ်..."
လုရီ၏ မျက်နှာအနည်းငယ် ပြောင်းလဲသွားကာ ပူပန်နေသည်။
"ပြဿနာ မရှိဘူးလား? အရင်ဆုံး ကုသမလားဗျ.
ကျွန်တော် ဒီမှာ ခဏလောက် ထိန်းထားနိုင်ပါသေးတယ်။"
လင်းယွင်ဖုန်း၏ မျက်နှာအမူအရာမှာ ထုံကျင်နေပြီး ခေါင်းခါလိုက်သည်။
"ကျုပ် ရထားတဲ့ ဒဏ်ရာက နှလုံးသားဒဏ်ရာ... ကုရာနတ္ထိ ဆေးမရှိဘူး။"
လုရီ တုန်လှုပ်သွားပြီး စိတ်ထဲ၌ ထူးဆန်းသွား၏။
နှလုံးသားဒဏ်ရာ...
အကြီးအကဲလင်ယွမ်ဖုန်းအတွက် အရေးကြီးတဲ့တစ်စုံတစ်ယောက် တိုက်ပွဲကွင်းမှာ သေဆုံးသွားလို့များလား?
ဤသို့ တွေးမိသောအခါ လုရီသည် အနည်းငယ် စာနာမိသွားသော်လည်း အကြီးအကဲ
လင်ယွမ်ဖုန်း၏ ဝမ်းနည်းမှုကို ပိုမိုနက်ရှိုင်းစေမည်စိုး၍ မည်သို့ ဆက်လက်ပြောဆိုရမှန်း မသိသဖြင့် စကားရပ်တန့်သွားသည်။
လုရီ၏ မျက်လုံးများထဲမှ စာနာသောအကြည့်ကို မြင်သောအခါ၊ လင်ယွမ်ဖုန်းမှာ ပို၍ပင် မေးခွန်းများဖြင့် ပြည့်နှက်သွားသည်။
... ဒီကောင်စုတ်လေး ဘာတွေလျှောက်တွေးနေတာလဲ?!...
သူသည် စိတ်ကို ပြန်လည်စုစည်းရန် အသက်ပြင်းပြင်းရှူလိုက်ပြီး မှာကြားလိုက်သည်။
"ကျုပ် ဘာမှမဖြစ်ပါဘူး၊ ကျုပ်တို့ရှေ့က ရန်သူတွေက အရေးအကြီးဆုံးပဲ!"
လုရီလည်း ခေါင်းညိတ်လိုက်ပြီး သူ၏ မျက်နှာကို ချက်ချင်းတည်လိုက်သည်။ သူ၏ လက်များက နက်နဲသော အခင်းအကျင်းပုံစံများကို ရေးဆွဲကာ မဟာအခင်းအကျင်းနှစ်ခုကို တစ်ခုတည်းအဖြစ် ပေါင်းစပ်လိုက်သည်။
ရုတ်တရက် မူလအခင်းအကျင်းအတွင်းမှ ရွှေရောင်မီးလျှံများသည် ပို၍ပင် ပူပြင်းလာပြီး ခရမ်းရောင်မိုးကြိုးအလင်းတန်းများပင် လျှပ်တပြက်လက်ကာ ထူးဆန်းသော မိုးကြိုးမီးလျှံများအဖြစ်သို့ ပြောင်းလဲသွားသည်။
မြင်ကွင်းကြောင့် လင်ယွမ်ဖုန်း တုန်လှုပ်သွားပြီး လုရီကို ထူးဆန်းသော မျက်နှာအမူအရာဖြင့် ကြည့်ကာ မေးလိုက်သည်။
"မိတ်ဆွေလေးလုရီ၊ ဒါက အခင်းအကျင်းပေါင်းစပ်ခြင်းသိုင်းလား?"
လုရီက အနည်းငယ် ခေါင်းညိတ်လိုက်သည်။
"ဟုတ်ပါတယ်၊ ဘာဖြစ်လို့လဲဗျ..."
ထိုအခိုက်အတန့်မှာ လင်ယွမ်ဖုန်း၏ နှုတ်ခမ်းများ အံ့ဩမှုဖြင့် ဟသွားသည်။
အခင်းအကျင်း ပေါင်းစပ်ခြင်းသိုင်းက
မဟာယာန အခင်းအကျင်း နှစ်ခုကို လုံးဝပေါင်းစပ်နိုင်လိမ့်မည်ဟု သူ မည်သည့်အခါကမျှ စိတ်ကူးမယဉ်မိခဲ့ပေ။
အခင်းအကျင်းကျင်း ပညာရှင်တစ်ဦးအနေဖြင့် သူ၏ ကိုယ်ပိုင်မဟာအခင်းအကျင်း၏ အစွမ်း မည်မျှတိုးတက်လာသည်ကို သူ ကောင်းစွာ
သိသည်။
ယခုအခါ နှစ်ဆနီးပါး အားကောင်းသွားခြင်း ဖြစ်တော့သည်။
အခန်း ၄၀၄- လင်ယွမ်ဖုန်း၏ နှလုံးသား တဆစ်ဆစ်နာကျင်သွားခြင်း ...
~"ဒီအခင်းအကျင်းပေါင်းစပ်ခြင်းသိုင်းက တကယ်ပဲ မယုံနိုင်လောက်တဲ့ လျှို့ဝှက်သိုင်းတစ်ခုပဲ!"
ဟု လင်းယွင်ဖုန်းပင် ချီးကျူးလိုက်ရသည်။
လုရီက ပြုံးလိုက်သည်။
"အကြီးအကဲက ကျွန်တော့်ကို မြှောက်လွန်းနေပါပြီ။ ဒီလိုအခင်းအကျင်းမျိုးနဲ့ဆိုရင် ဒီမဟာယာန ရေနက်နဂါး သုံးကောင်ကို ဖိနှိပ်နိုင်လောက်ပြီမလား?"
လင်းယွင်ဖုန်းက ခေါင်းညိတ်လိုက်ပြီး သူ၏ မျက်နှာ အမူအရာမှာ အေးစက်သွားကာ ကြွေးကြော်လိုက်သည်။
"ရွှေနေမင်းစီးကြောင်းမီးလျှံအခင်းအကျင်းက ဒီလိုအစွမ်းမျိုးရှိတာတော့ သဘာဝအတိုင်း နိုင်ရမှာပေါ့!"
ပြောပြောဆိုဆို သူ၏လက်ထဲမှ အခင်းအကျင်းပုံစံတစ်ခုကို ချေမွလိုက်ရာ၊ ရွှေရောင်မီးလျှံများက စုစည်းပြီး ရွှေရောင်မီးလုံး သုံးလုံးအဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုမီးလုံးများပေါ်တွင် ခရမ်းရောင်မိုးကြိုး အလင်းများ လျှပ်တပြက်လက်နေပြီး ယခင်ကထက် များစွာ သာလွန်သော အဖျက် စွမ်းအားများ ပါဝင်နေသည်။
အခင်းအကျင်း အတွင်းမှ ကျင့်ကြံသူအားလုံး ဤအဖြစ်ကို သတိပြုမိကြသည်။ ကောင်းကင်နဂါးမြင့်မြတ်နယ်မြေမှ မဟာယာနကျင့်ကြံသူတစ်ဦး၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။
"အလိုလေး၊ လင်အဘိုးကြီးရဲ့ အခင်းအကျင်း ဘာဖြစ်သွားတာလဲ?! ဘယ်လိုလုပ် ဒီလောက်တောင် အားကောင်းလာရတာလဲ?"
ထိုအခိုက်အတန့်၌ ရေနက်နဂါးသုံးကောင်၏ မျက်နှာထားများမှာ အလွန်အမင်း မည်းမှောင် သွားပြီး ကြီးမားသော ခြိမ်းခြောက်မှုကို ခံစားလိုက်ရသည်။
"ဟိတ်ယား..."
"တားကြစမ်း!!"
ရေနက်နဂါး သုံးကောင်သည် ခရမ်းရောင်ရွှေအလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားသော မီးလုံးများ သူတို့ထံသို့ ပစ်လွှတ်လာသည်ကို ကြည့်ရင်း ဒေါသတကြီး ဟိန်းဟောက်ကာ မှော်ရေစွမ်းအင်များ လှိုင်းထန်လာသည်။
ဘုန်း...
မိုးကြိုးမီးလုံးများနှင့် မှော်ရေစွမ်းအင်တို့ တိုက်ခိုက်မိရာ ပေါက်ကွဲသံများ အဆက်မပြတ်ထွက်ပေါ်လာပြီး တုန်ခါမှုများက ကီလိုမီတာထောင်ပေါင်းများစွာအထိ ပျံ့နှံ့သွားသည်။
မကြာမီ နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာသည်။
တုန်ခါမှုများ ပျောက်ကွယ်သွားသောအခါ ရေနက်နဂါး သုံးကောင်အနက် တစ်ကောင်မှာ မီးသွေးခဲအဖြစ်သို့ တိုက်ရိုက်ပြောင်းလဲသွားပြီး လုံးဝ ပျက်သုဉ်းသွားသည်။ အခြားနှစ်ကောင်မှာလည်း သွေးများဖြင့် ဖုံးလွှမ်းကာ ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး သူတို့၏ အသားအချို့မှာပင် ကင်ထားသကဲ့သို့ ထူးဆန်းသော ရနံ့တစ်ခု ထွက်ပေါ်နေသည်။
လုရီသည် ထိုထူးဆန်းသော ရနံ့ကို အစောပိုင်းကတည်းက ရရှိခဲ့ပြီး ရေနက်နဂါးယ နှစ်ကောင်ကို ကြည့်ကာ သူ၏စိတ်ထဲတွင် အကြံတစ်ခု ဖြစ်ပေါ်လာသည်။
ရေနက်နဂါးအသားက တော်တော် အရည်အသွေးမြင့်ပုံပဲ။ အသားကင်အတွက် ဝိညာဉ်အစားအစာ ချက်ပြုတ်နည်းအမျိုးမျိုးကိုလငါသိတယ်။ ရေနက်နဂါးအသားသာဆိုရင် ထုတ်လုပ်လိုက်တဲ့ ဝိညာဉ်အစားအစာရဲ့ အရည်အသွေးက သေချာပေါက် သာလွန်မှာပဲ။
ဤသို့ တွေးမိသောအခါ လုရီသည် တံတွေးတစ်လုပ်ကို အငမ်းမရ မျိုချလိုက်မိသည်။
လင်ယွမ်ဖုန်း၏ တိုက်ခိုက်မှု တစ်ချက်က ရေနက်နဂါးသုံးကောင်ကို တစ်ကောင်သေ၊ နှစ်ကောင်ပြင်းထန်စွာ ဒဏ်ရာရသွားစေသည်ကို မြင်သောအခါ အရှေ့နယ်မြေမှ မဟာယာန သုံးဦးကို အနည်းငယ် တုန်လှုပ်သွားစေသည်။
"သတ်!"
ထိုအခိုက်အတန့်၌ ရေနက်နဂါး တစ်ကောင်က အဆောင် လက်ဖွဲ့တစ်ခုကို ထုတ်ယူလိုက်ပြီး ဝိညာဉ်စွမ်းအင်များ လှိုင်းထန်လာသည်နှင့်အမျှ ဟင်းလင်းပြင်စွမ်းအားများ လည်ပတ်လာသည်။
လုရီ၏ မျက်နှာပြောင်းလဲသွားသည်။
"မကောင်းတော့ဘူး! သူ့ကို တားကြ!"
လင်ယွမ်ဖုန်းနှင့် အခြားသူများလည်း ဤအဖြစ်ကို သတိပြုမိပြီး သူတို့၏ မျက်နှာအမူအရာများ ပြောင်းလဲသွားသည်။
"ဒါက ဟင်းလင်းပြင်ရွှေ့ပြောင်းအဆောင် လက်ဖွဲ့"
"သူ့ကို အမြန်တားကြ"
လေးဦးသား တစ်ပြိုင်နက် လှုပ်ရှားကာ ဟင်းလင်းပြင်ကို ပိတ်ဆို့လိုက်သည်။ သို့သော် ဤအဆောင် လက်ဖွဲ့မှာ အလွန်အဆင့်မြင့်လှသည်။
ဟင်းလင်းပြင် ပိတ်ဆို့ခံထားရသော်လည်း ၎င်းသည် ဟင်းလင်းပြင်ကို ချေမွကာ ငွေရောင်အလင်းက ထိုရေနက်နဂါးအား ခြုံလွှမ်းသွားတော့သည်။
ငွေရောင်အလင်း ပျောက်ကွယ်သွားသောအခါ ထိုရေနက်နဂါးသည် ခြေရာကောက်၍ မရအောင် ပျောက်ကွယ်သွားပြီး အပြင်းအထန် ဒဏ်ရာရနေသော ရေနက်နဂါး တစ်ကောင်သာ ကျန်ရစ်ခဲ့သည်။
ကျန်ရှိသော ရေနက်နဂါးမှာ မူးဝေသွားပြီး သူ၏ ကြီးမားသော မျက်လုံးများတွင်
မယုံကြည်နိုင်သည့်အလား တွေဝေမှုများ ပြည့်နှက်နေသည်။
ရေနက်နဂါးတစ်ကောင် ထွက်ပြေးသွားသည်ကို မြင်သောအခါ ရှိရှိသမျှ ကျင့်ကြံသူအားလုံး၏ မျက်နှာထားများ မှောင်မိုက်သွားသည်။
အထူးသဖြင့် လုရီ... သူ၏ ရင်ထဲတွင် တဆစ်ဆစ်နာကျင်သွားသည်။
မူလက မဟာယာနအဆင့် ရေနက်နဂါး
လေးကောင်ကို သတ်နိုင်ခဲ့လျှင် အလုပ် ဆုလာဘ်များမှာ မယုံနိုင်လောက်အောင် ရက်ရောမည်ဖြစ်သည်။ ယခုအခါ တစ်ကောင်ဘလွတ်သွားသဖြင့် အလုပ် ဆုလာဘ်များ လျော့ကျသွားမည်မှာ ထင်ရှားပြီး လျော့ကျသွားသော ဆုလာဘ်များကို တွေးမိသောအခါ လုရီ အလွန်အမင်း စိတ်မချမ်းမသာဖြစ်သွားသည်။
"တောက်! သူ တကယ်ပဲ လွတ်သွားတယ်!"
လုရီက ဒေါသတကြီး ရေရွတ်လိုက်သည်။
လုရီ၏ ဒေါသကို မြင်သောအခါ လင်ယွမ်ဖုန်းက သူ၏ ပခုံးကို ပုတ်ကာ နှစ်သိမ့်လိုက်သည်။
"မိတ်ဆွေလေးလုရီ၊ မင်းက စိတ်ဓာတ်ပြင်းပြတဲ့ အရှေ့ နယ်မြေရဲ့ လူစွမ်းကောင်းတစ်ယောက်ပဲ။ မဟာယာနတစ်ယောက် လွတ်သွားတာ နှမြောစရာကောင်းပေမယ့် သူလွတ်သွားတော့ ငါတို့ဘာမှ မတတ်နိုင်ဘူး။ ဒါ မင်းအမှား မဟုတ်ဘူး၊ ဒီလောက် စိတ်မကောင်း ဖြစ်နေဖို့ မလိုပါဘူး။"
လုရီသည် မျက်လုံးများထဲတွင် မျက်ရည်များ ဝေ့လာလုမတတ်ပင်။
...မဟုတ်ဘူးဗျာ၊ ကျွန်တော့်ရဲ့ အလုပ်ဆုလာဘ်တွေ လျော့သွားတာဗျ...
သူသည် ထိုအကြောင်းကို ထုတ်မပြောနိုင်ဘဲ
ထုံကျင်စွာ ခေါင်းညိတ်လိုက်ရုံသာ။
"ကျွန်တော် နားလည်ပါပြီ၊ အကြီးအကဲလင်ရဲ့ နှစ်သိမ့်မှုအတွက် ကျေးဇူးတင်ပါတယ်! ဒီ
တစ်ကောင်ကိုတော့ လုံးဝ အလွတ်မပေးနိုင်တော့ဘူး!"
ထို့နောက် အားလုံးသည် ကျန်ရှိသော ရေနက်နဂါးကို စူးစိုက်ကြည့်လိုက်ကြသည်။
ကျန်ရှိသော ရေနက်နဂါးမှာ ပို၍ပင် မျှော်လင့်ချက် ကင်းမဲ့သွားသည်။
ခဏလေးအတွင်းမှာပဲ ငါ့ညီက ထွက်ပြေးသွားတယ်?! ငါကရော? ငါ ဘာလုပ်ရမှာလဲ??
သူသည် ဒေါသတကြီး ဟိန်းဟောက်လိုက် တော့သည်။
"ငါ့ကို သတ်ချင်တယ် ဟုတ်လား?! မင်းတို့လည်း အလွယ်တကူတော့ မဖြစ်စေရဘူး!"
ထို့နောက် ရေနက်နဂါးသည် သူ၏ သွေးအဆီအနှစ်ကို လောင်ကျွမ်းစေလိုက်၏။ သူ၏ အရှိန်အဝါက လှိုင်းထန်လာပြီး လုရီထံသို့ မှော်ရေစွမ်းအင်တန်း တစ်ခုကို ထွေးထုတ်လိုက်သည်။
ဤသည်မှာ အသက်စွန့် တိုက်ခိုက်ခြင်းပင်။
သို့သော် မဟာယာနအဆင့် ကျင့်ကြံသူ လေးဦးမှာ ကလေးကစားစရာ မဟုတ်ပေ။ သူတို့သည် ချက်ချင်းပင် လုရီရှေ့တွင် ပိတ်ဆို့ကာ ထိုတိုက်ခိုက်မှုကို ကာကွယ်လိုက်ကြ၏။
မှော်ရေစွမ်းအင်တန်း ပျောက်ကွယ်သွားသောအခါ ရေနက်နဂါးသည် အလွန်အမင်း အားနည်းသွားပြီး သူ၏ သက်စောင့်စွမ်းအင်မှာ ပြတ်တောက်လုနီးပါးဖြစ်နေသည်။
ထိုအခိုက်အတန့်မှာပင်..... ရွှေရောင်မိုးကြိုး အလင်းလွှာ တစ်ခု ပေါ်ထွက်လာပြီး သူ့ကို ဝန်းရံလိုက်သည်။
အသံနက်ကြီးဖြင့် အော်ဟစ်သံများ ကောင်းကင်နှင့်မြေကြီးအကြား ပဲ့တင်ထပ်သွားပြီး လျင်မြန်စွာ ပျောက်ကွယ်သွား၏။ ရွှေရောင်မိုးကြိုးအလင်းတန်း ပျောက်ကွယ်သွားသောအခါ မီးသွေးခဲဖြစ်နေသော အလောင်းတစ်လောင်းသာ ကျန်ရစ်ခဲ့သည်။ ထိုနဂါးအလောင်းကြီးသည် မြေပြင်ပေါ်သို့ ဝုန်းခနဲ ပစ်ကျသွားပြီး တောင်တန်းတစ်ခုလုံးကို သိမ့်သိမ့်ခါသွားအောင် လှုပ်ယမ်းလိုက်တော့သည်။
အစောပိုင်းကတည်းက မြေပြင်ပေါ်မှ ပင်လယ်မျိုးနွယ် ကျင့်ကြံသူများသည် ထွက်ပြေးနေကြပြီဖြစ်သည်။ ယခုအခါ မဟာယာနအဆင့် ပုဂ္ဂိုလ်ကြီးများ၏ အလောင်းများ တစ်ခုပြီးတစ်ခု ကောင်းကင်မှ ပြုတ်ကျလာသည်ကို မြင်သောအခါ သူတို့၏ သိစိတ်ကို မထိန်းထားနိုင်တော့ဘဲ အော်ဟစ်ကာ ထွက်ပြေးကြတော့၏။ သူတို့ကို အရှေ့အလင်းမြို့မှ ကျင့်ကြံသူများက ပြင်းထန်စွာ လိုက်လံ သတ်ဖြတ်ကြရာ အများအပြား သေဆုံးသွားကြသည်။
ကောင်းကင်တွင် ရေနက်နဂါးလေးကောင်အနက် သုံးကောင်သေဆုံးပြီး တစ်ကောင် လွတ်မြောက်သွားသည်။ လုရီနှင့် အခြားသူများ ကောင်းကင်မှ ဆင်းသက်လာကြသည်။ အနည်းငယ်သာကျန်တော့သော ပင်လယ်မျိုးနွယ် ပုဂ္ဂိုလ်ကြီးများကို မဟာယာနအဆင့် ကျင့်ကြံသူအနည်းငယ်ကပင် လျင်မြန်စွာ ရှင်းလင်းလိုက်ကြသည်။
ယွင်ရှီးသည် ထိုအချိန်တွင် မျက်နှာဖြူဖျော့နေပြီး သူမ၏ ကိုယ်ပေါ်တွင် ဒဏ်ရာအများအပြားရှိနေသည်။ သူမသည် လုရီထံသို့ ချဉ်းကပ်လာပြီး မေးလိုက်သည်။
"လုရီ၊ အဆင်ပြေရဲ့လား"
လုရီက ခေါင်းခါပြီး ယွင်ရှီး၏ ဆံပင်ကို
ဖွလိုက်ကာ ပြုံးလျက် မေးသည်။
"ငါက အဆင်ပြေပါတယ် ။ မင်းက ဒဏ်ရာရထားတာ၊ ရရဲ့လား?"
ထိုအခါ ယွင်ရှီးက ပြုံးကာ နှစ်သိမ့်လိုက်သည်။
"ခြစ်ရာလေးပါ၊ ခဏနေရင် ပျောက်သွားမှာပါဟယ်"
ယွင်ရှီး၏ ကိုယ်ပေါ်မှ ဒဏ်ရာများ လျင်မြန်စွာ ပျောက်ကင်းသွားသည်ကို မြင်သောအခါမှ လုရီ အနည်းငယ် စိတ်သက်သာရာ ရသွားသည်။
ထိုအခိုက်အတန့်၌ လင်ယွမ်ဖုန်းနှင့် အခြားမဟာယာနအဆင့် ပုဂ္ဂိုလ်ကြီးများ၊ ထိုက်ရီမြင့်မြတ်နယ်မြေမှ ပေါင်းစည်းခြင်းအဆင့် ပုဂ္ဂိုလ်ကြီးများအားလုံးသည် လုရီထံသို့ သူတို့၏ အကြည့်များကို လှည့်လာကြသည်။
သူတို့၏ မျက်လုံးများတွင် ဖော်မပြနိုင်သော ရှုပ်ထွေးသည့် ခံစားချက်များ ယှက်သန်းနေလေ၏။
လင်ယွမ်ဖုန်းက ခပ်ရေးရေး ပြုံးလိုက်သည်။
"မိတ်ဆွေလေးလုရီ၊ ဒီတစ်ခါတော့ ကျုပ်တို့ မင်းကို အကြွေးတင်သွားပြီ။ မင်းသာ မရှိရင် ငါတို့ အရှေ့အလင်းမြို့ ပြိုလဲသွားနိုင်ပြီး အားလုံးသေဆုံးသွားနိုင်တယ်။"
"မိတ်ဆွေလေးလုရီကို ကျေးဇူးတင်ပါတယ်!"
ဟု ပေါင်းစည်းခြင်းအဆင့် ပုဂ္ဂိုလ်ကြီးတစ်စုက လေးနက်စွာ သူတို့၏ ကျေးဇူးတင်ကြောင်းကို ဖော်ပြကြသည်။
ထိုအခါ လုရီက ဖော်ရွေစွာ ပြုံးလိုက်သည်။
"အကြီးအကဲတို့၊ ကြင်နာလွန်းနေပါပြီ။ ကျွန်တော် လုပ်သင့်တာကိုပဲ လုပ်ခဲ့တာပါ။"
ထိုစဉ် ယွဲ့ပုမျန်က ချီးကျူးစကား ဆိုလာသည်။
"ကောင်လေး၊ မင်းက တစ်နေ့ထက်တစ်နေ့ အစွမ်းထက်လာပါလား။ မင်းတစ်ယောက်တည်းက မဟာယာန ကျင့်ကြံသူတွေကို ဒီလောက်ကြာအောင် ထိန်းထားနိုင်လိမ့်မယ်လို့ မထင်ထားဘူး။ ဒီသတင်းသာ ပြန့်သွားရင် ကောင်းကင်နဂါးမြင့်မြတ်နယ်မြေ တစ်ခုလုံး မင်းနာမည်ကြောင့် တုန်လှုပ်သွားပြီပဲကွ"
အခြားသူများလည်း ခေါင်းညိတ်ကြပြီး သူတို့၏ မျက်လုံးများမှာ အနည်းငယ် တုန်လှုပ်နေကြသည်။ လုရီ ပြသခဲ့သော အစွမ်းမှာ ကြောက်မက်ဖွယ် ကောင်းပြီး လူတိုင်း၏ နှလုံးသားကို
မငြိမ်မသက် ဖြစ်စေခဲ့သည်။
လုရီက ကျိုးနွံစွာ ပြုံးပြလိုက်သည်။
ထို့နောက် လင်ယွမ်ဖုန်းနှင့် အခြားသူများ တိုက်ပွဲအပြီး အခြေအနေကို စတင်ကိုင်တွယ်ကြသည်။ လုရီနှင့် ယွင်ရှီးကိုမူ မြို့တော်သခင်၏ အိမ်တော်တွင် ဦးစွာ သွားအနားယူရန် လင်ယွမ်ဖုန်းက မှာကြားလိုက်သည်။
လုရီသည် အားမနာဘဲ အနည်းငယ် စိတ်အားထက်သန်နေသည်။ သူသည် အလုပ်အတွက် ဆုလာဘ်များ မည်သို့မည်ပုံ ဖြစ်မည်ကို သိမြင်ရန် စိတ်အားထက်သန်နေခြင်းပါ။
...ဒီအလုပ်ရဲ့ ခက်ခဲမှုက မနည်းဘူး၊
ဒါကြောင့် ဆုလာဘ်တွေကလည်း သေချာပေါက် ရက်ရောရမှာပေါ့၊ ဟုတ်တယ်မလား။...
လုရီ၏ နှလုံးသားမှာ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေတော့သည်။
အခန်း ၄၀၅ -ရေ၏ နိယာမ ...
~မြို့တော်သခင်၏ အိမ်တော်သို့ ပြန်ရောက်ပြီးနောက်၊ လုရီနှင့် ယွင်ရှီးတို့သည် သတို့အတွက် အရင်က စီစဉ်ပေးထားသော ခြံဝင်းငယ်လေးတွင် နေထိုင်လိုက်ကြသည်။
ခြံဝင်းထဲသို့ ပြန်ရောက်သောအခါ၊ ယွင်ရှီးသည် သဘာဝတာအို စွမ်းအားကို အသုံးပြု၍ သူမ၏ ဒဏ်ရာများကို ကုစားလိုက်ရာ လုံးဝ ပြန်လည် ကောင်းမွန်သွားသည်။
သူမ၏ အသားအရေမှာ ကျောက်စိမ်းကဲ့သို့ ဖြူစင်ဝင်းပနေပြီး ဒဏ်ရာရခဲ့သည့် လက္ခဏာ တစ်စုံတစ်ရာမျှ မရှိတော့ချေ။
"ဒီနေ့လို တိုက်ပွဲကြီးပြီးတော့ မင်း ပင်ပန်းနေရောပေါ့။ ဒီညတော့ အနားယူကြမလား"
ထိုသို့ လုရီက ယွင်ရှီးကို နူးညံ့စွာ ပြုံးလျက် မေးလိုက်သည်။
ယွင်ရှီးက အနည်းငယ် ခေါင်းညိတ်လိုက်သည်။
"အင်း။"
နှစ်ဦးသား ကုတင်ပေါ်တွင် တစ်ဦးကိုတစ်ဦး ပွေ့ဖက်လျက် လှဲလျောင်းလိုက်ကြပြီး ကျင့်ကြံခြင်း မပြုကြတော့ပေ။ ယွင်ရှီးသည် လျင်မြန်စွာ အိပ်ပျော်သွားလေ၏။
လုရီမူ အိပ်မပျော်သေးပါ။ အမှန်တကယ်တော့ သူသည် မပင်ပန်းပေ။
အကြောင်းမူက သူ၏ ခန္ဓာကိုယ်မှာ အားကောင်းပြီး သူ၏ စိတ်ဝိညာဉ်မှာ ကြံ့ခိုင်သောကြောင့်ဖြစ်ပါသည်။ ထို့အပြင် အင်မော်တယ်နိယာမနှင့်အတူ သူ၏ တိုက်ပွဲခံနိုင်ရည်မှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းပြီး အလွယ်တကူ မောပန်းခြင်း မရှိပေ။
သူသည် စိတ်လှုပ်ရှားစွာဖြင့် အလုပ်စာရင်းကို ကြည့်လိုက်သည်။
[အလုပ်]
အရှေ့အလင်းမြို့ကို ဝိုင်းရံထားသော ပင်လယ်မျိုးနွယ် ကျင့်ကြံသူများကို သတ်ဖြတ်ပါ။
ဆုလာဘ်ကို သတ်ဖြတ်သည့် အရေအတွက်ပေါ်မူတည်၍ ဆုံးဖြတ်မည်။ (ပြီးမြောက်)
ဆုလာဘ်: ရေတာအိုဆိုင်ရာ နားလည်မှု တိုးတက်ခြင်း၊
ထိပ်တန်းအဆင့် ဝိညာဉ် လက်နက် 'မှော်ရေ အိုး'၊
အထက်ဘုံတက်လှမ်းခြင်း နယ်ပယ် သိုင်းကျမ်း 'မှော်ရေရတနာမှတ်တမ်း'၊
ရွှမ်ပင်း အနှစ်သာရနှင့်
ရေ၏ နိယာမ တစ်မျှင်။
ဆုလာဘ်ကို လက်ခံလိုပါသလား: လက်ခံမည်လား/ငြင်းမည်လား။
အလုပ် ဆုလာဘ်ကို မြင်သောအခါ လုရီ၏ ရင်ထဲ၌ တစ်ချက်လှုပ်ခါသွားပြီး အပျော်တို့ လှိုင်းထသွားသည်။
ဤအလုပ်သည် မလွယ်ကူသဖြင့် ဆုလာဘ်များ ရက်ရောလိမ့်မည်ဟု သူခန့်မှန်းထားသော်လည်း သူ၏ မျှော်လင့်ချက်ထက်ပင် ကျော်လွန်နေခဲ့သည်လေ။
အခြားအရာများကို ထားလိုက်ဦး၊ ထိပ်တန်းအဆင့် ဝိညာဉ်လက်နက်တစ်ခုတည်းကပင် မည်သူ့ကိုမဆို တုန်လှုပ်သွားစေရန် လုံလောက်သည်။
အထက်တန်းအဆင့် ဝိဉာဉ် လက်နက်များသည်
အင်မော်တယ်လက်နက်များအောက်တွင် အားအကောင်းဆုံးသော ကျင့်ကြံခြင်း ရတနာများ ဖြစ်သည်ကို သိထားရမည်။
အင်မော်တယ် လက်နက်များမှာမူ
အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေအဆင့်ရှိ အင်အားစုများသာ ပိုင်ဆိုင်သော အရာဖြစ်ပြီး
သူတို့ပင်လျှင် ၎င်း၏ အစွမ်းအပြည့်အဝကို မထုတ်လွှတ်နိုင်ပေ။
အထက်တန်းစား ဝိညာဉ်လက်နက် တစ်ခုကို ကိုင်ဆောင်ထားပါက သာမန် ကျင့်ကြံသူတစ်ဦးပင်လျှင် သူတို့၏အဆင့်ထက် ကျော်လွန်၍ တိုက်ခိုက်နိုင်စွမ်းရှိသည်။လုရီကဲ့သို့သော သာမန် မဟုတ်သည့် ပါရမီရှင် တစ်ယောက်အတွက်ဆိုလျှင်ကား..
.အကျိုးတရားက..ပြောဖွယ်ရာ မရှိတော့ပေ။
အကယ်၍သာ သူသည် မှော်ရေအိုးကို အစောပိုင်းက ပိုင်ဆိုင်ခဲ့ပါက၊ ယွဲ့ပုမျန်၏ အကူအညီမပါဘဲ မော့မင်ကို ဖိနှိပ်နိုင်ပြီး တစ်ဦးတည်းဖြင့်ပင် သတ်ဖြတ်ရန် အခွင့်အရေးရှိနိုင်ခဲ့သည်။
အထက်ဘုံတက်လှမ်းခြင်း နယ်ပယ် သိုင်းကျမ်းဖြစ်သော "မှော်ရေ ရတနာမှတ်တမ်း" မှာလည်း အလွန်အမင်း တန်ဖိုးရှိလှသည်။ ၎င်းသည် ကပ်ဘေးဖြတ်ကျော်နယ်ပယ်သို့ တိုက်ရိုက် ကျင့်ကြံနိုင်သော သိုင်းကျမ်း ဖြစ်သည်။
ဤသို့သော ကျင့်စဉ်မျိုးသာ အပြင်လောကသို့ ရောက်သွားခဲ့မည်ဆိုလျှင်၊ ကပ်ဘေး ဖြတ်ကျော် အဆင့် ကျင့်ကြံသူများပင် မဆိုထားနှင့်၊ မည်သည့် ကျင့်ကြံသူကိုမဆို အငမ်းမရ တပ်မက်ရူးသွပ်သွားစေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ကျင့်စဉ်တစ်ခုစီ၌ မတူညီသော နက်နဲမှုများ ရှိနေပြီး၊ ကိုယ်တိုင် ကျင့်ကြံစရာမလိုဘဲ မတူညီသည့် ကျင့်စဉ်များကို လေ့လာ သုံးသပ်ရုံမျှဖြင့် ဉာဏ်အလင်း ပွင့်နိုင်သောကြောင့် ဖြစ်သည်။
ထို 'မှော်ရေရတနာ မှတ်တမ်း' ကို တိမ်ဖြူဂိုဏ်းတွင် ထားရှိရန် စီစဉ်လိုက်သည်။ သို့မှသာ ဂိုဏ်းအတွက် အနာဂတ်တွင် ပိုမိုအားကောင်းသော ကျင့်စဉ်တစ်ခု အမွေအဖြစ် ကျန်ရစ်မည် မဟုတ်ပါလား။
ယခင်က သူထားခဲ့သော 'အစိမ်းရောင် ကြာပန်းပေါင်းစည်းခြင်း သိုင်း' မှာ မဟာယာနအဆင့်သာ ရှိသဖြင့် ယခုကျင့်စဉ်နှင့် ယှဉ်လျှင် အနည်းငယ် အားနည်းနေခဲ့သည်လေ။
ဤကျင့်စဉ်သစ်နှင့် အသင့်တော်ဆုံးသူကို စဉ်းစားမိသည့်အခါ လုရီ၏စိတ်ထဲတွင် ပထမဆုံး ပေါ်လာသူမှာ ကျန့်ဖန် ဖြစ်လေ၏။
‘ဖန်’ အမည်ပါ ကျင့်ကြံသူတစ်ဦးအနေနှင့်
ကျန့်ဖန်သည် ကံကောင်းသူတစ်ဦးဖြစ်ပြီး သူ၏စွမ်းအားမှာလည်း အလွန် မြန်မြန် တိုးတက်လာခဲ့သည်။ ယခုအခါ စစ်ဆေးမှု ရေဝိညာဉ်ခန္ဓာကို ပိုင်ဆိုင်ထားသည့်အပြင်၊ သူသည် ရေတာအိုကို အဓိကထားသည့် 'မှော်ရေရတနာ မှတ်တမ်း' ကို ကျင့်ကြံရန် အံဝင်ခွင်ကျ ဖြစ်နေတော့သည်။
လုရိီသည် တိမ်ဖြူဂိုဏ်းမှ ကျင့်ကြံသူများအား သွားရောက်ကြည့်ရှုစစ်ဆေးရန် ပြင်ဆင်လိုက်ပြီး၊ တစ်ဆက်တည်းမှာပင် ' 'မှော်ရေရတနာ မှတ်တမ်း' ကို သူတို့ထံ လက်ဆင့်ကမ်းပေးရန် ဆုံးဖြတ်လိုက်တော့သည်။
'ရွှမ်ရေခဲ အနှစ်သာရ' ကတော့ သူ့အား ပို၍ပင် ဝမ်းမြောက်စေခဲ့သည်။
၎င်းသည် နှစ်သန်းပေါင်း ချီ၍ စုစည်း ခဲဖွဲ့ထားသော 'ရွှမ်ရေခဲ' ၏ အဓိက အမြုတေဖြစ်ပြီး၊ ဓားနှလုံးသား သစ်သီးနှင့် ကိုးရောင်ခြယ်ခေါင်းလောင်းပန်းများ
ထက်ပင် ပိုမိုအဖိုးတန်ကာ၊ အင်မော်တယ် အဆင့် ရတနာတစ်ခု ဖြစ်နေသည်တကား။
ဤသည်မှာ အင်မော်တယ် အဆင့် ရတနာတစ်ပါးပင်! ထို့အပြင် ရေခဲ အခြေပြု ရတနာဖြစ်သည်။
စီနီယာအစ်မအား မသေမျိုးခန္ဓာအဖြစ် ပြောင်းလဲပေးနိုင်မည့် နည်းလမ်းကို ရှာဖွေနေခဲ့ရာ၊ ယခု ဤအင်မော်တယ်ရတနာနှင့်ဆိုလျှင် သူမ၏ပြောင်းလဲခြင်းမှာ ခက်ခဲတော့မည် မဟုတ်ပေ။ အင်မော်တယ်ခန္ဓာနှင့်အတူ ပါလာမည့် ဆုလာဘ်များသည် မည်မျှကြီးမားကြောင်းကို ယွင်ရှီ၏အတွေ့အကြုံများမှတစ်ဆင့် သူ ကောင်းစွာ သိရှိထားသည်။
စီနီယာအစ်မ ပြောင်းလဲပြီးသွားလျှင် သူကိုယ်တိုင်လည်း ပိုမိုကြီးမားသော အလုပ် ပြီးမြောက်ခြင်းဆုလာဘ်များမှ အကျိုးအမြတ် ရရှိမည်မှာ သေချာသည်။
ထိုအခါ စီနီယာအစ်မသည်လည်း အလွန်ပျော်ရွှင်လိမ့်မည်ဟု သူ ယုံကြည်နေမိသည်။
လုရီသည် သူ၏ အစီအစဉ်များကို ရေးဆွဲပြီးဖြစ်သည်။ တိမ်ဖြူဂိုဏ်းမှ သူ၏ဂိုဏ်းတူမောင်နှမများနှင့် အကြီးအကဲများ ဘေးကင်းလုံခြုံကြောင်း သေချာအောင် လုပ်ပြီးနောက်
ယွင်ရှီးကို ခေါ်ကာ သူ၏ စီနီယာအစ်မနှင့်
အစ်မရူယွီ နှစ်ဦးလုံးကို ရှာဖွေရန် ဆုံးဖြတ်ထား၏။
သူက စီနီယာအစ်မနှင့် အစ်မရူယွီကို ဂရုမစိုက်ခြင်း မဟုတ်ပေ။
ထိုနှစ်ဦးသည် ပင်လယ်မျိုးနွယ် တိုက်ပွဲမြေပြင်တွင် အလွန် ကျော်ကြားပြီး ထူးကဲသော စွမ်းအားကို ပိုင်ဆိုင်ထားကြသည်။ သူမတို့ အကြောင်း သတင်းများ အမြဲ ကြားနေရပြီး အန္တရာယ်တစ်စုံတစ်ရာမရှိကြောင်း သိနေသောကြောင့်
လုရီသည် သူတို့နှင့် တွေ့ရန် မလောတော့ခြင်း ဖြစ်သည်။
ပထမဦးစွာ သူ၏ ဂိုဏ်းသားများနှင့် အကြီးအကဲများကို စစ်ဆေးမည် ဖြစ်သည်။
နောက်ဆုံး အလုပ် ပြီးမြောက်ခြင်း ဆုလာဘ်ဖြစ်သည့် ရေနိယာမသည်လည်း သူ့အတွက်
အဖိုးမဖြတ်နိုင်သော ရတနာ တစ်ပါးပင်။
အင်မော်တယ် နိယာမတစ်မျှင်ကို ကိုယ်တိုင်ပိုင်ဆိုင်ထားသူ ဖြစ်သောကြောင့် လုရီသည် နိယာမများ၏ စွမ်းအားကို ကောင်းစွာနားလည်ထားသည်။ ရေနိယာမနှင့်အတူ သူ၏ ရေတာအို နယ်ပယ်၏ အစွမ်းသည် သိသိသာသာ တိုးတက်လာနိုင်ဖွယ် ရှိပြီး၊ ၎င်းအပေါ် သူ၏ဉာဏ်အလင်း ပွင့်မှုမှာလည်း ပိုမို မြင့်မားလာပေလိမ့်မည်။
သူ၏ လက်ရှိ ပြိုင်ဘက် အများစုမှာ ပင်လယ်မျိုးနွယ်ဝင်များ ဖြစ်သောကြောင့် ရေနိယာမသည် အလွန်အသုံးဝင်သော လက်နက်တစ်ခု ဖြစ်လာပေမည်။
သို့သော်၊ ဤသို့သောလက်နက်မျိုးကို လူအများမြင်အောင် ထုတ်သုံးမပြုသင့်ပေ။
အကြောင်းမှာ သူ၏ဆရာထံမှ သိရှိထားရသည်။
အင်မော်တယ်အဖြစ်သို့ မရောက်သေးဘဲ နိယာမ တစ်ခုကို ကျွမ်းကျင်ပိုင်နိုင်ခြင်းသည် အလွန်ရှားပါးပြီး၊ အင်မော်တယ်များကြား၌ပင် ဤသို့ပြုလုပ်နိုင်သူ အလွန်နည်းပါးသည် ဟူ၍…။
အကယ်၍ သူသာ ၎င်းကို အသုံးပြုခဲ့ပါက ကြီးမားသော တုန်လှုပ်ချောက်ချားမှုများကို ဖြစ်စေပေလိမ့်မည်။
မဖြစ်မနေ အသုံးပြုရမည်ဆိုလျှင်တောင်မှ နောက်ဆက်တွဲဆိုးကျိုးများ မရှိစေရန် သူသေချာစေရမည်။
လုရီ ထိုသို့ စိတ်ပိုင်းဖြတ်လိုက်၏။
အလုပ် ပြီးမြောက်ခြင်း ဆုလာဘ်များကို ပြန်လည်သုံးသပ်ပြီးနောက်၊ သူသည် အိပ်မောကျနေသော ယွင်ရှီးကို တစ်ချက် ကြည့်သည်။ သူမကို ဂရုတစိုက်
နေရာချပေးပြီးနောက် အခန်းထဲမှ ထွက်ခွာကာ ကျင့်ကြံခြင်းအခန်းသို့ ဦးတည်လိုက်တော့သည်။
မဟာအခင်းအကျင်း တစ်ခုကို စီရင်ပြီးမှသာ သူသည် ရေတာအို ဉာဏ်အလင်းကို စတင်စုပ်ယူလေတော့သည်။
အလုပ် ပြီးမြောက်ခြင်းဆုလာဘ်များသည် အမှန်တကယ်ပင် ကြီးကျယ်ခမ်းနားလှသည်ဟု ဆိုရပေမည်။ ဤတစ်ကြိမ် ရေတာအို ဉာဏ်အလင်းကို စုပ်ယူရုံမျှဖြင့် လုရီ၏ ရေစွမ်းအင်နယ်ပယ် ကျွမ်းကျင်မှုသည် သုံးဆယ်ရာခိုင်နှုန်းကျော်အထိ တိုးတက်လာခဲ့ပြီး လေးဆယ်ရာခိုင်နှုန်းအမှတ်သို့ပင် ချဉ်းကပ်လုနီးပါး ဖြစ်သွားခဲ့တော့သည်။