အခန်း (၄၀၆-၄၀၈)
Vol. 28 Ch. 406-408
အခန်း ၄၀၆- ရေ၏ နိယာမ ...
~ရေ၏နိယာမတစ်မျှင်ကိုမူ လုရီ ချက်ချင်းမစုပ်ယူခဲ့ပေ။ ၎င်းကို စုပ်ယူခြင်းကြောင့် ဖြစ်ပေါ်လာသော လှုပ်ခတ်မှုမှာ အလွန်ကြီးမားပြီး ဤရှေးဟောင်းမြို့တော်တွင် လူများဖြင့် စည်ကားနေသဖြင့် လုရီသည် တိတ်ဆိတ်သောနေရာတစ်ခုကို ရှာတွေ့မှ စုပ်ယူရန် စီစဉ်လိုက်သည်။
လုရီ ကျင့်ကြံခြင်းအခန်းမှ ထွက်လာသောအခါ ယွင်ရှီးသည် ခန်းမဆောင်တွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။
လုရီထွက်လာသည်ကို မြင်သောအခါ သူမ၏ မျက်လုံးများ အရောင်တောက်သွားပြီး ပြုံးလျက် မေးလာသည်။
"လုရီ၊ ကျင့်ကြံပြီးပြီလား"
လုရီ အချိန်ကို စစ်ဆေးကြည့်လိုက်ရာ မနက်ခင်းပင် ဖြစ်နေပြီဖြစ်သည်။ ရေတာအိုနားလည်မှုကို စုပ်ယူခြင်းက ညတစ်ညလုံးထက်ပင် ပိုကြာမြင့်ခဲ့သည်။
"အင်း၊ မင်းရော.. ကောင်းကောင်းအနားယူခဲ့ရဲ့လား..."
"ကောင်းကောင်း နားခဲ့ပါတယ်။"
"ဒါဆိုရင်တော့ ကောင်းတာပေါ့။ အပြင်ထွက်ပြီး အခြေအနေကို သွားကြည့်ကြစို့။"
လုရီသည် အကြံပြုကာ အရှေ့မှ ဦးဆောင် ထွက်ခွာလိုက်လေသည်။
မနေ့က ကြမ်းတမ်းသော စစ်ပွဲအခြေအနေကြောင့် အရှေ့အလင်းမြို့ မည်သို့ မည်ပုံရှိနေမည်ကို သူ သေချာ မသိပါ။
နှစ်ဦးသား ကောင်းကင်သို့ ပျံတက်ကာ အခြေအနေကို ကြည့်ရှုလိုက်ကြသည်။
ယမန်နေ့က တိုက်ပွဲက အလွန်ပင် ပြင်းထန်လှပေ၏။ အရှေ့အလင်းမြို့၏ မြို့ရိုးများမှာ နေရာအများအပြားတွင် ပြင်းထန်စွာ ပျက်စီးနေခဲ့၏။
မြို့ရိုးများ ပျက်စီးသွားသဖြင့် မြို့တွင်းမှ အဆောက်အအုံများစွာလည်း ပြိုကျခဲ့သည်။
လင်ယွမ်ဖုန်း၏ ပြောပြမှုအရ မြို့၏ ယင်းမြို့ရိုးတံတိုင်းများမှာ ကောင်းကင်နှင့် မြေကြီး ရတနာများ ဖြစ်ကြ၍ အခြေတည် ဝိဉာဉ်အဆင့် ကျင့်ကြံသူများ၏ တိုက်ခိုက်မှုကို ကြံ့ကြံ့ခံနိုင်သည် ဟူ၍ပင်။ မမျှော်လင့်ဘဲ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးသွားရသည်။
မြို့တော်၏ မြို့ရိုးများ ပျက်စီး၍ မြို့အတွင်း၌ အဆောက်အအုံများစွာလည်း ပျက်စီးခဲ့လေသည်။
ပြိုကျသွားသော အဆောက်အအုံအများစုမှာ သာမန်လူများ၏ နေအိမ်များဖြစ်သည်။ ကျင့်ကြံသူများ၏ နေအိမ်များမှာ ခိုင်မာသော အခင်ူအကျင်းများဖြင့် စီမံထား၏။ တိုက်ပွဲ၏ နောက်ဆက်တွဲအားလှိုင်းများမှာ ပြင်းလှသော်လည်း ပြိုကျစေရန် မလုံလောက်ပေ။
ယွင်ရှီးနှင့် လုရီတို့သည် အရှေ့နယ်မြေ မဟာမိတ်တပ်မတော်မှ ကျင့်ကြံသူများ ကောင်းကင်တွင် အလျင်စလို ပျံသန်းနေကြသည်အား မြင်တွေ့လေ၏။ သူတို့သည် ပြန်လည် ပြုပြင်မွမ်းမံရေး လုပ်ငန်းများအား လုပ်ဆောင်နေကြသည်ပင်။
ထိုသူတို့သည် မြို့ရိုးများအား ပြင်ဆင်နေသော ဗိသုကာ ပညာရှင်များဖြစ်ကြ၏။ မှော် ဆေးပညာရှင်များကမူ ဒဏ်ရာရ လူနာများအား ပြန်လည် ကောင်းမွန်စေရန် ကုသပေးနေကြလေ၏။ အခြား ကျင့်ကြံသူများကမူ မြို့အတွင်းရှိ မငြိမ်မသက် အခြေအနေအား ထိန်းချုပ်ရန် ပတ္တရောင် လှည့်နေကြလေသည်။
လုရီနှင့် ယွင်ရှီးတို့သည် သူတို့အား ကျော်ဖြတ် ပျံသန်းခဲ့ရင်း အရှေ့အလင်းမြို့၏ ဗဟိုရင်ပြင်သို့ ရောက်ရှိလာကြသည်။
ထိုအချိန်တွင် ရင်ပြင်ပေါ်တွင် အဖြူရောင်အဝတ်များဖြင့် ဖုံးအုပ်ထားသော အလောင်းများစွာရှိနေပြီး အားလုံးမှာ ယခင်တိုက်ပွဲတွင် သေဆုံးခဲ့သော ကျင့်ကြံသူများ ဖြစ်ချေ၏။
အလောင်းအချို့မှာ ကိုယ်လက် အပြည့်အစုံပင် မရှိချေ။ ကျင့်ကြံသူများအကြား စစ်ပွဲသည် အလွန်တရာ ကြမ်းကြုတ်လှပေ၏။
ကိုယ်လက်အဂ်ါ အပြည့်အစုံ အလောင်းကို ရဖို့က အလွန် ကံကောင်းသည် ပြောရပါမည်။
အလောင်းများရှေ့တွင် လူများစွာက ဝမ်းနည်းပူဆွေးစွာ ငိုကြွေးနေကြသည်။ သူတို့က သေဆုံးသူများ၏ မိသားစုများ၊ မိတ်ဆွေ အပေါင်းအသင်းများ ဖြစ်ကြ၏။
လုရီနှင့် ယွင်ရှီးသည် ယင်းနေရာအား ဖြတ်သန်းလာခဲ့ပြီးနောက် သာမန်လူများ နေထိုင်ကြသော အိမ်ရာကွက်များဆီ ရောက်လာကြသည်။
အလောင်းများ ပုံထပ်နေလေသည်။ သာမန်လူသားများက နောက်ဆက်တွဲ အားလှိုင်းအား
မခုခံနိုင်ဘဲ ပြိုပျက်နေသော အဆောက်အဦများ၏ အောက်မှာ အသက် ဆုံးရှုံးကြရှာ၏။
ပင်လယ်မျိုးနွယ်၏ စစ်မြေပြင်သို့ လာခဲ့သည့် လမ်းတလျှောက် မြင်မြင်သမျှသော
စိတ်မချမ်းမြေ့ဖွယ်ရာများအား ပြန်လည် သုံးသပ်မိကာ လုရီသည် လူ့အသက်၏ တိုတောင်းမှုကို ရင်တွင်း ကြိတ်၍ ဆွေးမြည့်မိပါလေတော့သည်။
လုရီနှင့် ယွင်ရှီးတို့ ဖြတ်ပျံသွားစဉ် သူတို့အား မြင်တွေ့ရသော ကျင့်ကြံသူ တစ်ဦးစီ၏ မျက်နှာပေါ်မှ အမူအရာများတွင် ရိုသေလေးစားမှုများ ပါဝင်နေပြီး တီးတိုးစကားများက သူတို့နောက်မှ လိုက်ပါလာသည်။
"အဲ့ဒါ သူတို့လား"
"ဟုတ်တယ်! စီနီယာလုရီပဲ! ဟိုစီနီယာ
အမျိုးသမီးကတော့ ဘယ်သူလဲ မသိဘူး၊ ဒါပေမဲ့ သူလည်း အရမ်း အားကောင်းတယ်ကွ"
"ကြားတယ်၊ မနေ့က စီနီယာ လုရီက သူ့အစွမ်းနဲ့ပဲ မဟာယာနကျင့်ကြံသူတစ်ယောက်ကို ထိန်းထားပြီး ပေါင်းစည်းခြင်းအဆင့် ပုဂ္ဂိုလ်ကြီး ဆယ့်တစ်ယောက်ကို သတ်ခဲ့တယ်တဲ့! သူသာမရှိရင် ငါတို့ စစ်ကူတွေ မရောက်ခင် အကုန် သေကုန်လောက်ပြီလေ"
"စီနီယာလုရီက ဟင်းလင်းပြင်ဥမင်နယ်ပယ်မှာပဲ ရှိသေးတာ၊ ဒါပေမဲ့ မဟာယာနကျင့်ကြံသူတစ်ယောက်နဲ့ တိုက်ခိုက်ခဲ့တာနော်... တကယ့်ကို ပါရမီရှင်ပဲ။ အဟင့်၊ ငါသာ စီနီယာလုရီရဲ့ အရည်အချင်း ဆယ်ပုံတစ်ပုံလောက်ရှိရင် ကျေနပ်ပါပြီ။"
"နိုးစမ်းပါ၊ အိပ်မက်မမက်နဲ့။ အကြီးအကဲလုရီရဲ့ အရည်အချင်း ဆယ်ပုံ တစ်ပုံလောက်တောင်
ထျန်းမင်တစ်ခုလုံးမှာ ရှာရခက်တယ်။"
"ဒါတော့ ဟုတ်တယ်... ဒါနဲ့ စီနီယာလုရီနဲ့ အတူရှိနေတဲ့ စီနီယာအမျိုးသမီးက ဘယ်သူလဲ? သူက ဟင်းလင်းပြင်ဥမင် ပထမအလွှာမှာပဲ ရှိသေးတာ၊ မနေ့က ပေါင်းစည်းခြင်းအဆင့် ပုဂ္ဂိုလ်ကြီးအများအပြားကို သတ်ခဲ့တယ်လို့ပြောတယ်! သူ့ရဲ့စွမ်းဆောင်ရည်က နတ်ဓားဂိုဏ်းက ဓားနတ်သမီး ပင်လယ်မျိုးနွယ်တိုက်ပွဲကွင်းကို ပထမဆုံးရောက်လာတုန်းကထက် သိပ်မကွာဘူး။"
"ငါ ကြားတာတော့ နတ်ဓားဂိုဏ်းက ဓားနတ်သမီးက ဓားနှလုံးသား သွန်းလောင်းပြီးတော့ ဓားအင်မော်တယ် ခန္ဓာအဖြစ် အသွင်ပြောင်းခဲ့တယ်တဲ့၊ ထျန်းမင်မှာ စီနီယာ လုရီက လွဲပြီး ဓားနတ်သမီးကို အနိုင်ယူနိုင်တဲ့ ကောင်းကင်မာနရှင်တွေ သ်ိပ်မရှိဘူး.. ဒီစီနီယာ အမျိုးသမီးကလည်း အရမ်း အစွမ်းထက်တယ်လား ၊မမျှော်လင့်ထားဘူးနော်"
"ဖြစ်နိုင်တာက ဒီစီနီယာကလည်း အင်မော်တယ် ကိုယ်ထည်နဲ့ ကောင်းကင်က ဂုဏ်ယူရမယ့် ပါရမီရှင် တစ်ယောက်များလား"
လူအုပ်၏ တီးတိုးစကားများကို ကြားသောအခါ၊ လုရီသည် နှစ်တစ်ရာကျော်လေးသာ ကျင့်ကြံမှုရှိသေးသော မိမိအား ရိုသေလေးစားရသော စီနီယာ တစ်ဦးအဖြစ် ရှုမြင်ခံနေရသည်ကို အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရသည်။
လောကသည် အမှန်ပင် မှန်းဆ၍ မရချေ။
ယွင်ရှီးသည်လည်း အထူးတဆန်း ခံစားလိုက်ရပြီး ရေရွတ်လိုက်၏။
"ငါက စီနီယာ အမျိုးသမီး ဖြစ်သွားပြီကိုး"
ယခု ဆွေးနွေးနေကြသူများက နတ်ဘုရား အသွင်ပြောင်း အဆင့် ကျင့်ကြံသူများပင် ဖြစ်ပါ၏။
အတိတ်မှာ ဆိုလျှင် ဤအစွမ်းထက် ကျင့်ကြံသူများအား ချင်းကျိုး၏ မဟာအကြီးအကဲဟု ခေါ်ထိုက်ပေသည်။
တစ်ချိန်က သူမ၏ ကျင့်ကြံခြင်း ပန်းတိုင်ဖြစ်ခဲ့သော နတ်ဘုရား အသွင်ပြောင်း အဆင့် အစွမ်းထက်ပုဂ္ဂိုလ်များကပင် သူမကို စီနီယာဟု ခေါ်နေကြပြီ။ ဆယ်စုနှစ် အနည်းငယ်အတွင်း သူမသည် ဤပန်းတိုင်ကို မသိလိုက်ဘဲ ကျော်လွန်သွားခဲ့သည်ပင်။
ငါ အခု ငါ့အဘွားထက်တောင် ပိုအားကောင်းနေပြီလား?
ဤအရာအားလုံးကို လုရီက ယူဆောင်လာပေးခဲ့သည်။
ယွင်ရှီးသည် လုရီဘက်သို့ လှည့်ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများက အရောင်တောက်ပနေ၏။
ယွင်ရှီး သူ့ကိုကြည့်နေသည်ကို မြင်သောအခါ
လုရီက ပြုံးကာ မေးလိုက်၏။
"ဘာဖြစ်လို့လဲ?"
ယွင်ရှီးက ခေါင်းခါလိုက်ပြီး လုရီ၏ လက်ကို ဆုပ်ကိုင်ကာ ပြုံးလျက် ပြောသည်။
"နင်နဲ့ တွေ့ခဲ့ရတာ တကယ်ပဲ ကောင်းပါတယ်။"
လုရီ တစ်ခဏမျှ အံ့အားသင့်သွားပြီးနောက်
ယွင်ရှီး၏ လက်ကို ကိုင်ကာ စိတ်အားထက်သန်သော အပြုံးဖြင့် တုံ့ပြန်လိုက်၏။
"ဒီလိုဆိုရင် ဒီညတော့ ပုံစံ အသစ်လေးတွေ စမ်းကြည့်ကြမလား"
ယွင်ရှီး၏ မျက်နှာ အမူအရာ ချက်ချင်း တောင့်တင်းသွားပြီး ခပ်ဖွဖွ နှာခေါင်းရှုံ့ကာ စကားမပြောဘဲ အဝေးသို့ လှည့်သွားတော့သည်။
သူတို့ပျံသန်းနေစဉ်တွင် ကျင့်ကြံသူများစွာနှင့် ကြုံတွေ့ရပြီး အားလုံးမှာ သူတို့အပေါ် အလွန်ရိုသေကြလေသည်။
မြို့တော် မြို့ရိုးများအား ပြင်ဆင်ရန် အမိန့်ပေးနေကြသော ပေါင်းစည်းခြင်း နယ်ပယ် ကျင့်ကြံသူကြီးများပင်လျှင် သူတို့အား ပြုံးရွှင်စွာ ဆက်ဆံကြ၏။
မြို့အား တစ်ပတ် ပတ်ပြီးနောက် နှစ်ဦးသား မြို့တော်သခင်၏ အိမ်တော်သို့ မကြာမီ ပြန်ရောက်လာကြသည်။
အိမ်တော်သို့ ပြန်ရောက်ရောက်ချင်းမှာပင် လုရီသည် ဝမ်ပေဖုန်းနှင့် အခြားသူများကို တွေ့လိုက်ရတော့သည်။
အခန်း ၄၀၇: ရေ၏နိယာမ...
~ထို့နောက် လုရီသည် သူတို့ကို စိတ်ထဲတွင် သတိရသွားလေ၏။ အကြောင်းမူကား၊ ယခင်တိုက်ပွဲမှာ အလွန်ပြင်းထန်သဖြင့် လုရီ သူတို့ကို ဂရုပြုရန် အခွင့်အရေးမရခဲ့ပေ။
လုရီသည် သူတို့ကို အကဲခတ်ကြည့်လိုက်ရာ သူ၏ မျက်နှာအမူအရာမှာ အနည်းငယ် ထူးဆန်းသွားသည်။ အားလုံးရှိနေပြီး တစ်ယောက်မှ
မပျောက်ဆုံးခဲ့ချေ။
လုရီ၏ ရင်ထဲ၌ တစ်ချက်လှုပ်ခါသွားပြီး အနည်းငယ် အံ့အားသင့်သွားသည်။ အဘယ်ကြောင့်ဆိုသော်၊ မနေ့က တိုက်ပွဲမှာ ပြင်းထန်ပြီး သေဆုံးနှုန်းမှာ အလွန်မြင့်မားကာ သုံးဆယ်ရာခိုင်နှုန်းပင် ကျော်လွန်ခဲ့သောကြောင့်တည်း။ ပေါင်းစည်းခြင်းအဆင့် ပုဂ္ဂိုလ်ကြီးတစ်ဦးပင် ကျဆုံးခဲ့ပြီး ဟင်းလင်းပြင်ဥမင် အဆင့်မှ ကျင့်ကြံသူ ဆယ်ဦးထက်မနည်း သေဆုံးခဲ့ရာ နတ်ဘုရားအသွင်ပြောင်း အဆင့်အောက်ရှိသူများအတွက် ပြောဖွယ်ရာ မရှိတော့။
လင်းမင်၏ အရှိန်အဝါမှာ အနည်းငယ် အားနည်းနေပြီး သူ၏ မျက်နှာမှာ ဖြူဖျော့ကာ ဒဏ်ရာအချို့ ရရှိထားပုံရသည်မှ လွဲ၍ မမျှော်လင့်ထားဘဲ ဝမ်ပေဖုန်းနှင့် အခြားသူများအားလုံး ဘာမှ
မဖြစ်ခဲ့ကြပေ။
ထိုအခိုက်အတန့်၌၊ ဝမ်ပေဖုန်းနှင့် အခြားသူများ လုရီကို မြင်သောအခါ သူတို့၏ မျက်နှာများတွင် တောက်ပပြီး အနည်းငယ် ရိုသေလေးစားသော အပြုံးများ ချက်ချင်းပေါ်လာကြသည်။
အားလုံးက သူ့ထံ ချဉ်းကပ်လာကြပြီး ဝမ်ပေဖုန်းက ပြုံးလျက် နှုတ်ဆက်လာသည်။
"စီနီယာ လုရီ "
အခြားသူများကလည်း သူ့ကို စီနီယာလုရီဟု ခေါ်ကြ၏။
လုရီသည် ဤသို့ ကြားသောအခါ အနည်းငယ် ရှက်သွားပြီး ပြုံးလိုက်သည်။
"ကျွန်တော်တို့ သိနေကြတာပဲ၊ မိတ်ဆွေလေး
လုရီလို့ပဲ ခေါ်ပါ။ ကျွန်တော့်အသက်က ခင်ဗျားတို့ထက်တောင် မကြီးသေးဘူး။ စီနီယာလို့ခေါ်တော့ ကျွန်တော့်ကိုယ်ကျွန်တော် အဘိုးကြီးဖြစ်နေသလို ခံစားရတယ်။"
ဝမ်ပေဖုန်းနှင့် အခြားသူများ: "????"
ကျွန်တော့်အသက်က ခင်ဗျားတို့ထက်တောင်
မကြီးသေးဘူး...
ကျွန်တော့်အသက်က ခင်ဗျားတို့ထက်တောင်
မကြီးသေးဘူး...
ကျွန်တော့်အသက်က ခင်ဗျားတို့ထက်တောင်
မကြီးသေးဘူး...
ဤစကားလုံးများက ဝမ်ပေဖုန်းနှင့် အခြားသူများ၏ နှလုံးသားထဲတွင် အဆက်မပြတ် ပဲ့တင်ထပ်နေပြီး သူတို့၏ နှလုံးသားများကို ထိုးဖောက်နေသော စူးရှသည့် ဓားများအဖြစ်သို့ ပြောင်းလဲသွားသည်။
သူတို့၏ ရင်ထဲတွင် ဖော်မပြနိုင်သော နာကျင်မှုတစ်ခု တသိမ့်သိမ့်ခံစားလိုက်ရသည်။
အရမ်းနာကျင်လွန်းတယ်!
တောက်၊ ငါတို့က နှစ်ပေါင်းရာချီ၊ ထောင်ချီပြီး အသက်စွန့် ကြိုးစားကျင့်ကြံခဲ့တာတောင် နှစ်တစ်ရာကျော်လေးပဲ ကျင့်ကြံရသေးတဲ့တစ်ယောက်ထက် အများကြီး နောက်ကျကျန်နေခဲ့ပါလား!
ဒီလောကကြီးမှာ တရားမျှတမှုဆိုတာ ဘယ်မှာရှိလို့လဲ?
လူတချို့က မွေးလာကတည်းက မတူညီကြတာပဲ...ဟူးးး။
သို့ဖြစ်သော်ငြားလည်း၊ ဝမ်ပေဖုန်းနှင့် အခြားသူများ မကြာမီ ပြန်ပြုံးလိုက်ကြသည်။ လုရီက သူတို့ကို မိတ်ဆွေဟု ခေါ်ခြင်းသည် သူတို့အတွက် အသိအမှတ်ပြုမှုတစ်ခု မဟုတ်ပါလော။
ဤအသိအမှတ်ပြုမှုက သူတို့ကို ပို၍ပင် စိတ်ဓာတ်တက်ကြွစေပါသည်။
"မိတ်ဆွေလေးလုရီက ဒီလို ပြောတော့ ကျုပ်တို့ ရိုသေစွာ လိုက်နာပါ့မယ်။" ဟု ဝမ်ပေဖုန်းက ပြုံးလျက် တုံ့ပြန်လိုက်သည်။
လုရီက ခေါင်းညိတ်ပြီး ပြုံးလျက် ပြောလာသည်။
"မနေ့က သွေးထွက်သံယိုတိုက်ပွဲမှာ မဟာယာန ပုဂ္ဂိုလ်ကြီးနဲ့ ရင်ဆိုင်ရတော့ ကျွန်တော့်မှာ ဖိအားနည်းနည်းရှိနေလို့ ခင်ဗျားတို့ကို ကောင်းကောင်း မစောင့်ရှောက်နိုင်ခဲ့ဘူး။ ခင်ဗျားတို့အားလုံး
ဘာမှမဖြစ်လို့ ကျွန်တော် ဝမ်းသာပါတယ်။"
ဤစကားကို ကြားသောအခါ ဝမ်ပေဖုန်းနှင့် အခြားသူများ၏ ရင်ထဲတွင် နောက်တစ်ကြိမ်
တဆစ်ဆစ် နာကျင်သွားပြန်၏။
မဟာယာန ပုဂ္ဂိုလ်ကြီးနဲ့ ရင်ဆိုင်ရတယ်... ဒါက ကြွားဝါနေသလိုပဲ။
သို့သော် ဤသည်မှာ လုရီအတွက် ကြွားဝါရန် ရည်ရွယ်ချက်မရှိဘဲ ပုံမှန်အတိုင်းပြောခြင်းသာဖြစ်ကြောင်း သူတို့နားလည်ကြရာ ပို၍ပင် အသက်ရှူကျပ်စေပါသည်။
ဝမ်ပေဖုန်းက အပြုံးကို အတင်း ဖန်တီးကာ မှတ်ချက်ပြုသည်။
"မနေ့က တိုက်ပွဲက ကျုပ်တစ်သက်မှာ တကယ်ရှားပါးတဲ့ တိုက်ပွဲပါပဲ။ ကျေးဇူးတင်စရာက ကျုပ်မှာ အသက်ဆက်နိုင်တဲ့ နည်းလမ်းတွေအများကြီးရှိလို့ပဲ။ မဟုတ်ရင်တော့ အသက်ရှင်နိုင်မှာ မဟုတ်ဘူး။"
အခြား အခြေတည်ဝိညာဉ် ကျင့်ကြံသူများကလည်း အကြိမ်ကြိမ် ခေါင်းညိတ်ကြသည်။
"ကျွန်တော်တို့အားလုံး အသက်ဆက်နိုင်တဲ့ နည်းလမ်းတွေကိုပဲ အဓိကထား ကျင့်ကြံကြလို့ တော်သေးတယ်၊ မဟုတ်ရင်တော့ အန္တရာယ်ရှိသွားပြီ။" ဟု သက်လတ်ပိုင်းအရွယ် လူတစ်ဦးဖြစ်သူ သုန်းဖန်းဖုန်းက ဝင်ရောက်ပြောဆိုသည်။
"ဒီကောင်လေး လင်းမင်တစ်ယောက်ပဲ အစွမ်းကုန် ကြိုးစားလွန်းလို့ ဒဏ်ရာရသွားတယ်။" ဟု လင်ယွဲ့က ဆိုရင်း လင်းမင်၏ ပခုံးကို ပုတ်လိုက်ရာ လင်းမင်မှာ နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့သွားသည်။
လုရီနှင့် ယွင်ရှီးတို့မှာမူ ခဏတာ စကားမပြောနိုင်ဖြစ်သွားကြသည်။ ဤလူများမှာ တကယ်ပင် အရည်အချင်းရှိသူများပင်။
လုရီသည် သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။
ထူးခြားမှုများ မဖြစ်ပွားပါက၊ ဤလူများသည် သူတို့၏ မွေးရာပါအရည်အချင်းများ၏ အကန့်အသတ်အထိ ကျင့်ကြံနိုင်ဖွယ်ရှိသည်။ အကယ်၍သာ ကံကောင်းသောအခွင့်အလမ်းအချို့နှင့် ကြုံတွေ့ပါက၊ ဟင်းလင်းပြင်ဥမင် သို့မဟုတ် ပေါင်းစည်းခြင်းနယ်ပယ် သို့ ရောက်ရှိရန်ပင် မဖြစ်နိုင်သည့်အရာတော့မဟုတ်ပေ။
ကံမကောင်းစွာဖြင့် တကိုယ်တော်ကျင့်ကြံသူများ၏ အရည်အချင်းမှာ များသောအားဖြင့် အလွန် မကောင်းလှပေ။ လင်းမင်တစ်ယောက်သာ ခြွင်းချက် ဖြစ်သည်။
လုရီသည် ဤသို့ တွေးတောမိပြီး သူတို့ကို အနည်းငယ်ကူညီပေးရန် စဉ်းစားလိုက်သည်။ ဤကျင့်ကြံသူများသာ အနာဂတ်တွင် ပေါင်းစည်းခြင်းနယ်ပယ် ၊ မဟာယာန ၊ သို့မဟုတ် ကပ်ဘေးဖြတ်ကျော်နယ်ပယ်ကို ချိုးဖျက်နိုင်လျှင် အတော် စိတ်ဝင်စားဖို့
ကောင်းမည် ဖြစ်သည်။ လုရီသည် ဤကိစ္စကို စိတ်ထဲ၌ မှတ်သားထားလိုက်သည်။
ထို့နောက် လုရီက မေးလိုက်သည်။
"စကားမစပ်၊ မိတ်ဆွေဝမ်၊ ခင်ဗျားတို့ အခု ဘယ်သွားဖို့ စီစဉ်ထားလဲဗျ"
"ကျုပ်တို့ တိုက်ပွဲအောင်မြင်မှုတွေကို ဘယ်မှာ တောင်းခံရမလဲလို့ မေးကြည့်ဖို့ စီစဉ်နေတာ။ မနေ့က တိုက်ပွဲမှာ ပင်လယ်မျိုးနွယ် ကျင့်ကြံသူတော်တော်များများကို သတ်ခဲ့တော့ တိုက်ပွဲအောင်မြင်မှုတွေ တော်တော်များများ ရသင့်တယ်မလား" ဟု ဝမ်ပေဖုန်းက အလွန်
စိတ်လှုပ်ရှားစွာဖြင့် ပြုံးပြုံးကြီး ပြောသည်။
အခြား ကျင့်ကြံသူများလည်း အားတက်ရွှင်လန်းနေကြသည်။ သူတို့ကဲ့သို့သော လွတ်လပ်ကျင့်ကြံသူများ အတွက် ကျင့်ကြံခြင်း အရင်းအမြစ်များ ရရှိရန် မလွယ်ကူရာ၊ ယခုကဲ့သို့သော အခွင့်အရေးကောင်း တစ်ခု ရောက်ရှိလာသောအခါ သူတို့ သဘာဝအတိုင်း အလွန် ဝမ်းမြောက်နေကြပါသည်။
ထိုအခါ လုရီ၏ မျက်နှာအမူအရာမှာ အနည်းငယ် အိုးတိုးအမ်းတမ်း ဖြစ်သွားသည်။ သူ၏အတွက်မူ ကျင့်ကြံခြင်း အရင်းအမြစ်များမှာ ဘယ်တော့မှ မခြောက်ခမ်းသည့်အပြင် သုံးမကုန်အောင်ပင် ရှိနေသည်။
အလုပ် စာရင်းကို မရရှိမီကပင် သူ၏ အရင်းအမြစ်များမှာ အလွန်အမင်းမများပြားသော်လည်း ဘယ်တုန်းကမှ မရှားပါးခဲ့ပေ။ ထို့ကြောင့် သူတို့၏ ခံစားချက်ကို နားလည်ရန် ခက်ခဲနေသည်။
လုရီ စကားပြောမည်အပြုတွင် ထိုက်ရီမြင့်မြတ်နယ်မြေမှ ကျင့်ကြံသူ တစ်ဦး ပြေးလာပြီး လုရီကို ပြုံးလျက် ပြောသည်။
"မိတ်ဆွေလုရီ၊ အကြီးအကဲလင်က ခင်ဗျားနဲ့
ယွင်မော့ကို ဧည့်ခန်းမဆောင်ကို ဖိတ်ခေါ်ခိုင်းလိုက်ပါတယ်"
လုရီက မျက်ခုံးပင့်လိုက်ပြီး ပြုံးလိုက်သည်။
"ကျွန်တော်တို့ သိပါပြီ။ အခုပဲ သွားလိုက်ပါ့မယ်။"
ထို့နောက် လုရီက တစ်စုံတစ်ခုကို သတိရသွားပြီး မေးလိုက်သည်။
"စကားမစပ်၊ တိုက်ပွဲအောင်မြင်မှုတွေကို ဘယ်မှာ စစ်ဆေးလို့ရလဲ? ကျွန်တော့်မိတ်ဆွေတစ်ချို့က မနေ့က တိုက်ပွဲမှာ ကောင်းကောင်းစွမ်းဆောင်ခဲ့ပြီး သူတို့ရဲ့ အောင်မြင်မှုတွေကို စစ်ဆေးမလို့ပါ။"
ထိုစကားကို ကြားသောအခါ ထိုက်ရီမြင့်မြတ်နယ်မြေမှ ကျင့်ကြံသူက အံ့အားသင့်သွားပြီးနောက် အနည်းငယ်တွေဝေနေသော ဝမ်ပေဖုန်းတို့ကို တစ်ချက် ကြည့်ကာ စိတ်အားထက်သန်စွာ တုံ့ပြန်သည်။
"ခင်ဗျားတို့မိတ်ဆွေတွေက တိုက်ပွဲအောင်မြင်မှုတွေကို စစ်ဆေးချင်တာလား? ကျွန်တော့်နောက်လိုက်ခဲ့ပါ၊ ကျွန်တော် ခေါ်သွားပေးပါမယ်"
ထိုစကားကို ကြားသောအခါ ဝမ်ပေဖုန်းနှင့် အခြားသူများ လုရီကို ကျေးဇူးတင်သော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။
လုရီက ဖော်ရွေစွာ ပြုံးပြလိုက်သည်။
"သွားကြပါ"
ဝမ်ပေးဖုန်းနှင့် အခြားသူများ ခေါင်းညိတ်ပြီးနောက် ထိုက်ရီမြင့်မြတ်နယ်မြေမှ ကျင့်ကြံသူနောက်သို့ လိုက်ပါသွားကြသည်။
လုရီနှင့် ယွင်ရှီးတို့သည်လည်း ဧည့်ခန်းမဆောင်သို့ ဦးတည်လိုက်ကြ၏။
ဧည့်ခန်းမဆောင်အတွင်း၌ လင်ယွမ်ဖုန်း၊ ယခင်နေ့က အကူအညီပေးရန် ရောက်ရှိလာသော
ယွဲ့ပုမျန်နှင့် အခြား မဟာယာန ပုဂ္ဂိုလ်ကြီးသုံးဦး၊ ထို့အပြင် ပေါင်းစည်းခြင်းနယ်ပယ် မှ ပုဂ္ဂိုလ်ကြီးအချို့လည်း ရှိနေကြသည်။
လုရီနှင့် ယွင်ရှီးတို့ကို မြင်သောအခါ လူတိုင်း ပြုံးပြကြသည်။
ထိုစဉ် လင်ယွမ်ဖုန်းက သူ၏ ညာဘက်ရှိ လွတ်နေသော နေရာနှစ်ခုကို ညွှန်ပြပြီး ဖိတ်ခေါ်လိုက်သည်။
"မိတ်ဆွေလေးလုရီ၊ ဒီကိုလာထိုင်ပါ။"
"ဒီနေရာနှစ်ခုက မင်းတို့အတွက်ပဲ။"
လုရီနှင့် ယွင်ရှီးတို့ လျှောက်သွားပြီး ထိုင်လိုက်ကြသည်။ ထို့နောက် လင်ယွမ်ဖုန်းက လုရီကို လေးနက်စွာ ဦးညွှတ်ပြီး ပြောသည်။
"မိတ်ဆွေလေးလုရီ၊ မနေ့က ကိစ္စတွေများနေလို့ မင်းကို ဂရုမစိုက်နိုင်ခဲ့ဘူး။ ဒီနေ့တော့ ကျုပ် တရားဝင် ကျေးဇူးတင်စကားဆိုပါရစေ။ မင်းသာမရှိရင် အရှေ့အလင်းမြို့ ပျက်စီးသွားလောက်ပြီ။"
လုရီက ပြုံးလိုက်သည်။
"စီနီယာလင်၊ ကျွန်တော် မနေ့က ပြောခဲ့ပြီးသားပဲဗျာ၊ ဒါ ကျွန်တော် လုပ်သင့်တာကိုပဲ လုပ်ခဲ့တာပါ။ စီနီယာက အရမ်းအားနာနေပါပြီ။"
ထို့နောက် လုရီက မေးလိုက်သည်။
"စကားမစပ်၊ စီနီယာ၊ ကျွန်တော့်ကို ဘာကိစ္စရှိလို့ တွေ့ချင်တာလဲ?"
ယွဲ့ပုမျန်က မျက်ခုံးပင့်လိုက်ပြီး ပြုံးလျက် ရှင်းပြသည်။
"ဒါပေါ့၊ တိုက်ပွဲအောင်မြင်မှုတွေနဲ့ စစ်နိုင်ပစ္စည်းတွေ ခွဲဝေဖို့ကိစ္စပေါ့။"
လုရီ တစ်ခဏမျှ အံ့အားသင့်သွားသည်။
သူသည် ဝမ်ပေဖုန်းနှင့် အခြားသူများ တိုက်ပွဲအောင်မြင်မှုများအကြောင်း ပြောနေသည်ကို ကြားခဲ့ရပြီး ယခု သူ၏အလှည့်ပင်။
သို့သော်ငြားလည်း၊ လုရီလည်း အနည်းငယ် စပ်စုမိသည်။ နောက်ဆုံးတွင်၊ သူသည် ပင်လယ်မျိုးနွယ် ကျင့်ကြံသူများ အရှေ့အလင်းမြို့ကို ဝိုင်းရံရန် ရည်ရွယ်သည့် သတင်းကို ပို့ဆောင်ခဲ့သူဖြစ်ပြီး ပင်လယ်မျိုးနွယ်မှ မဟာယာန တစ်ဦးကိုပင် ထိန်းထားခဲ့သည်။
ဘယ်လို ဆုလာဘ်မျိုး ရမည်ကို သူ သိချင်နေမိသည်။
အခန်း ၄၀၈- တိုက်ပွဲတစ်ခုက ကမ္ဘာကို တုန်လှုပ်စေခြင်း ...
~"ဒီတစ်ကြိမ်မှာ၊ ကျုပ်တို့ ပင်လယ်မျိုးနွယ်စုက မဟာယာနကျင့်ကြံသူ သုံးဦး၊ ပေါင်းစည်းခြင်းနယ်ပယ် ပုဂ္ဂိုလ်ကြီး သုံးဆယ့်ခုနစ်ဦးနဲ့ ဟင်းလင်းပြင်ဥမင်နယ်ပယ်နဲ့ အောက်အဆင့် ကျင့်ကြံသူ အမြောက်အများကို သုတ်သင်နိုင်ခဲ့တယ်။ သူတို့အများစုက ရေနဂါးနက်မျိုးနွယ်က တန်ခိုးကြီးကျင့်ကြံသူတွေပဲ။ ဒါကြောင့် ရေနဂါးနက်မျိုးနွယ်က အလွန်ကြီးမားတဲ့ ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ ပြောနိုင်တယ်။ ဒါက ငါတို့ အရှေ့ပိုင်းနယ်မြေ မဟာမိတ်တပ်မတော်အတွက်လည်း သတင်းကောင်းတစ်ခု ဖြစ်ပြီး၊ ရှေ့ဆက်ရမယ့် အချိန်အတိုင်းအတာတစ်ခုအထိ ဖိအားတွေ လျော့ကျသွားမှာ ဖြစ်တယ်။ မနေ့က ကျဆုံးသွားတဲ့ မဟာယာနနဲ့ ပေါင်းစည်းခြင်းနယ်ပယ် ပုဂ္ဂိုလ်ကြီးတွေဆီက ကျန်ခဲ့တဲ့ အရင်းအမြစ်အားလုံးကို စုဆောင်းထားပြီးပြီဖြစ်လို့၊ ဒီနေ့ မင်းတို့အားလုံးနဲ့အတူ ငါကိုယ်တိုင် ခွဲဝေပေးမယ်။" ဟု လင်ယွမ်ဖုန်းက ပြုံးပြုံးကြီး ကြေညာလိုက်သည်။
ယွဲ့ပုမျန်နှင့် အခြား မဟာယာန နှစ်ဦးပင်လျှင် မျက်လုံးများ အရောင်တောက်ကာ ပြုံးနေကြသည်။
ကောင်းကင်နဂါးမြင့်မြတ်နယ်မြေမှ မဟာယာန တစ်ဦးကရယ်ရယ်မောမော ပြောဆိုလိုက်သည်။
"ပင်လယ်မျိုးနွယ်စု ပုဂ္ဂိုလ်ကြီးတွေကတော့ တကယ်ကို ချမ်းသာကြွယ်ဝတာပဲ။ ဒီတစ်ခေါက် အကူအညီ လာပေးရတာ တကယ်ကို အမြတ်ကြီးရတဲ့ ခရီးစဉ်တစ်ခု ဖြစ်သွားတာပဲ။”
ထိုသူ၏ အမည်မှာ လုံယွမ် ဖြစ်ပြီး၊ ကောင်းကင်နဂါးမြင့်မြတ်နယ်မြေမှ အစွမ်းထက် အကြီးအကဲတစ်ဦးဖြစ်သည်။
အခြားသူများပြောသည်ကို ကြားမှသာ လုရီသည် ထိုကျင့်ကြံသူများ၏ သိုလှောင် လက်စွပ်များကို စုဆောင်းရန် မေ့နေခဲ့သည်ကို သတိရသွား၏။
လင်ယွမ်ဖုန်းသည် ကျင့်ကြံခြင်း ရတနာ သုံးခုကို ထုတ်လိုက်သည်။ ၎င်းတို့မှာ မည်းနက်သော ဓားရှည်တစ်လက်၊ အနက်ရောင်စစ်ချပ်ဝတ်တန်ဆာတစ်စုံနှင့် အနက်ရောင်လက်အိတ်တစ်စုံဖြစ်ပြီး အားလုံးမှာ အားကောင်းသော ဝိညာဉ်ဖိအားများ ထုတ်လွှတ်နေလေသည်။
"ဒါတွေက ဟို မဟာယာန သုံးယောက်ဆီကကျန်ခဲ့တဲ့ အဆင့်နိမ့် ဝိညာဉ်လက်နက်တွေပဲ။ ပြီးတော့ မဟာယာန ရေနက်နဂါး အမြုတေ သုံးခုလည်းပါတယ်။ ဒီ လက်နက် လေးခုကိုတော့ ကျုပ် မယူတော့ဘူး။ အကြီးအကဲယွဲ့၊ ခင်ဗျားတို့သုံးယောက်နဲ့ မိတ်ဆွေလေးလုရီ တစ်ယောက်တစ်ခုစီ ယူကြပါလား။ ဘယ်လိုလဲ"
"အဆင့်နိမ့် ဝိညာဉ်လက်နက်တွေ! ပြီးတော့ မဟာယာန ရေနက်နဂါး အမြုတေတွေ! အားလုံးက ပစ္စည်းကောင်းတွေချည်းပဲ။"
ယွဲ့ပုမျန်နှင့် အခြားသူများ၏ မျက်လုံးများ အရောင်တလက်လက် တောက်ပြောင်သွားသည်။
လုရီပင်လျှင် စိတ်လှုပ်ရှားသော အရိပ်အယောင် လေး လက်ဖြာလာသည်။
သူ့ထံတွင် ဝိညာဉ်လက်နက် အတော်များများ ရှိနေပြီး မနေ့ကပင် ထိပ်တန်းအဆင့် ဝိညာဉ်လက်နက်တစ်ခု ရရှိခဲ့သော်လည်း၊ အဆင့်နိမ့် ဝိဉာဉ် လက်နက်မှာ ထျန်းမင်တစ်ခွင်လုံး၌ အဆင့်နိမ့် ဝိညာဉ်လက်နက်များသည် အလွန်တရာ တန်ဖိုးကြီးလှသည်။
မဟာယာနကျင့်ကြံသူတိုင်း ပိုင်ဆိုင်နိုင်ကြသည်မဟုတ်ပေ။ အချို့အားနည်းသော မဟာယာန ကျင့်ကြံသူများသည် အဆင့်မြင့် လက်နက်များကိုသာ ကိုင်ဆောင်နိုင်ကြလေ၏။
မဟာယာနအဆင့် ရေနဂါးနက်၏
အမြုတေများမှာမူ မဟာယာန
နယ်ပယ်၏ ကောင်းကင်နှင့်မြေကြီးရတနာများဟု သတ်မှတ်ခံရပြီး၊ တန်ဖိုးတူညီစွာ ကြီးမားလှကာ မဟာယာနနယ်ပယ်အတွက် ထိပ်တန်းအဆင့်ဆေးလုံးများ ဖော်စပ်ရာတွင် အဓိကပါဝင်ပစ္စည်းများအဖြစ် အသုံးတော်ခံနိုင်လေသည်။
နှစ်မျိုးစလုံးမှာ လူတိုင်းလိုချင်တပ်မက်ကြသည့် ရတနာများ ဖြစ်ကြ၏။
ယွဲ့ပုမျန်၊ လုံယွမ် နှင့် လေ၏နယ်ပယ်ကို ထိန်းချုပ်သော မဟာယာနအဆင့် တကိုယ်တော်ကျင့်ကြံသူ ဖုန်းရှို့တို့က တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်းဖလှယ်ပြီးနောက်၊ လုရီကို ကြည့်လိုက်ကြသည်။
ယွဲ့ပုမျန်က ပြုံးလျက် အဆိုပြုသည်။
"မိတ်ဆွေလေးလုရီ၊ မနေ့က စစ်ပွဲကြီးမှာ မင်းရဲ့ အထောက်အကူက အကြီးမားဆုံးပဲ၊ မင်း အရင် ရွေးသင့်တယ်။"
ထိုအခါ လုရီက မျက်ခုံး တစ်ဖက် ပင့်ချီပြီး ပြုံးလိုက်သည်။
"ဒီလိုဆိုရင်တော့ ကျွန်တော် အားမနာတော့ဘူး။"
ခဏ စဉ်းစားပြီးနောက် သူ တုံ့ပြန်လိုက်သည်။
"ကျွန်တော် ဟို ရေနက်နဂါး အမြုတေ လေးခုကိုပဲ ယူတော့မယ်။"
လုရီသည် သူ၏ မှော်ဆေးပညာကို ဘယ်သောအခါမှ လျစ်လျူမရှုခဲ့ပေ။ မကြာခဏ လေ့ကျင့်နေသဖြင့်၊ သူသည် မဟာယာနနယ်ပယ်သို့ မရောက်သေးသော်လည်း ပေါင်းစည်းခြင်းနယ်ပယ်အတွက် ဆေးလုံးများကို ဖော်စပ်နိုင်နေပြီဖြစ်သည်။ အချိန်အနည်းငယ် ထပ်ပေးလိုက်ပါက၊ သူသည် မဟာယာနနယ်ပယ်အတွက် ဆေးလုံးများကို ဖန်တီးနိုင်ပေလိမ့်မည်။ ထိုအခါ ဤအမြုတေများမှာ အလွန်အသုံးဝင်လာမည် ဖြစ်၏။
အခြားသူများမှာ လုရီ၏ ရွေးချယ်မှုကြောင့် အနည်းငယ် အံ့အားသင့်သွားကြသည်။ အကြောင်းမှာ အမြုတေများသည် ကျင့်ကြံခြင်းရတနာများကဲ့သို့ ကျင့်ကြံသူတစ်ဦး၏ စွမ်းအားကို တိုက်ရိုက်မြှင့်တင်ပေးနိုင်ခြင်း မရှိသောကြောင့်တည်း။ သို့သော် လုရီက ရွေးချယ်ပြီးဖြစ်ရာ သူတို့လည်း စကားဆက်မပြောကြတော့ပေ။
ထို့နောက် သူတို့သည် မိမိတို့အတွက် အဆင့်နိမ့် ဝိညာဉ်လက်နက်တစ်ခုစီကို ရွေးချယ်လိုက်ကြသည်။
ထို့နောက် လင်ယွမ်ဖုန်းက သိုလှောင်လက်စွပ်သုံးကွင်းကို ထုတ်လိုက်ပြန်သည်။
"အတွင်းက ပစ္စည်းတွေကို ကျုပ် မထိရသေးဘူး။ ကျုပ်တို့လေးယောက် ခွဲယူကြရင် ဘယ်လိုလဲ?"
"ကောင်းသားပဲ" ယွဲ့ပုမျန်က ရယ်မောလိုက်သည်။
"ဒီလက်စွပ်တွေထဲမှာ ဘာရတနာတွေရှိလဲ ကြည့်ကြရအောင်!" ဟု လုံယွမ်က သိုလှောင်လက်စွပ်တစ်ကွင်းကို ကြည့်ရင်း ပြောသည်။
ဖုန်းရှို့နှင့် ယွဲ့ပုမျန်လည်း သိလိုနေကြသည်။
ထို့ကြောင့် သိုလှောင်လက်စွပ်များကို လုရီအား ကမ်းပေးလိုက်ကြသည်။
လုရီက လက်စွပ်များကို စစ်ဆေးကြည့်ရာ၊ အတွင်း၌ ပစ္စည်းများစွာ ပါဝင်နေပြီး အများစုမှာ အဆင့်မြင့်ဝိညာဉ်ကျောက်တုံးများနှင့် ကောင်းကင်နှင့်မြေကြီးရတနာအချို့ဖြစ်ကာ၊ ကျင့်ကြံခြင်းရတနာများမှာ အနည်းငယ်သာ ပါဝင်သည်ကို တွေ့ရှိရသည်။
အများစုမှာ တိုက်ပွဲအတွင်း ပျက်စီးသွားခဲ့ကြပုံရသည်။
သူ့အတွက်မူ၊ အထူးတလည် စိတ်ဝင်စားဖွယ်ရာ ပစ္စည်းများ မရှိခဲ့ပေ။ခဏ စဉ်းစားပြီးနောက် သူ အကြံပြုလိုက်သည်။
"အကြီးအကဲတို့၊ ဒီပစ္စည်းတွေကို ခင်ဗျားတို့ပဲ ယူလိုက်ပါ။ ကျွန်တော့်ကို ဟို မဟာယာန ရေနက်နဂါး သုံးကောင်ရဲ့ အလောင်းတွေကိုပဲ ပေးပါလား။"
ဤစကားကို ကြားသောအခါ၊ လင်ယွန်ဖုန်းနှင့် အခြားသူများမှာ မှင်သက်သွားပြီး လုရီအား နားမလည်နိုင်သော အကြည့်များဖြင့် ကြည့်ကြတော့သည်။
"မင်းက ရေနဂါးနက်သုံးကောင်ရဲ့ အလောင်းတွေကိုပဲ လိုချင်တာလား။"
"ရေနက် နဂါးသုံးကောင်ရဲ့ အလောင်းတွေကလည်း ကောင်းကင်နဲ့မြေကြီးရတနာတွေ ဖြစ်ပေမယ့်၊ သိုလှောင် လက်စွပ်တွေထဲက ပစ္စည်းတွေနဲ့ ယှဉ်ရင်တော့ နည်းနည်း အားနည်းနေတယ်။ မင်း အပုံကြီးကြီး မလိုချင်ဘူးလား။"
"ဟုတ်တယ်၊မိတ်ဆွေလေး လုရီ၊ မင်းရဲ့ ပါဝင်ကူညီမှုက အကြီးမားဆုံးပဲ။ မင်း နည်းနည်းလေးပဲ ရလို့မဖြစ်ဘူး။ မဟုတ်ရင် ငါတို့အဘိုးကြီးတွေက လူငယ်တွေကို အနိုင်ကျင့်တယ်လို့ လောကကြီးက ဝေဖန်လိမ့်မယ်။" လင်ယွမ်ဖုန်းနှင့် အခြားသူများက အပြုံးကြီးကြီးဖြင့် ဖျောင်းဖျကြသည်။
ခေတ္တမျှ စဉ်းစားပြီးနောက် လုရီက ထပ်ပြောလိုက်သည်။
"ဒီလိုဆိုရင်တော့၊ ကျွန်တော့်ကို အဆင့် မြင့် ဝိညာဉ်ကျောက်တုံးတချို့လောက် ထပ်ပေးပါလား။"
ဤသို့ကြားရသောအခါ၊ လင်ယွန်ဖုန်းနှင့် အခြားအကြီးအကဲများက သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြသည်။
ထို့နောက်၊ လင်ယွန်ဖုန်းနှင့် အခြားသူများသည် ပစ္စည်းများကို ခွဲဝေယူကြပြီး လူတိုင်း မိမိတို့၏ ဝေစုကို ကျေနပ်အားရကြ၏။
ဤအရာများအပြင်၊ ပေါင်းစည်းခြင်းနယ်ပယ် ပုဂ္ဂိုလ်ကြီးများထံမှ ကျန်ခဲ့သော နေရာလပ်လက်စွပ်များလည်း ရှိသေးရာ၊ အတွင်း၌ ဝိညာဉ်ကျောက်တုံးများနှင့် ကောင်းကင်နှင့်မြေကြီးရတနာများ ပိုမိုပါဝင်သည်။ ကျင့်ကြံခြင်းရတနာများမှာမူ အတော်လေး နည်းပါးစွာသာ ကျန်ရှိပြီး အများစုမှာ ပျက်စီးသွားကာ ထိပ်တန်းအဆင့် လက်နက်အနည်းငယ်သာ ကျန်ရစ်တော့သည်။
လုရီသည် ပေါင်းစည်းခြင်းနယ်ပယ် ပုဂ္ဂိုလ်ကြီး ဆယ့်တစ်ဦးကို သုတ်သင်ခဲ့ပြီးဖြစ်၍ ရက်ရောသော ရတနာဝေစုကို ရရှိခဲ့ရာ၊ ယွင်ရှီးလည်း ဝေစုတစ်ခု ရရှိခဲ့ပြီး ကျန်သည်တို့ကို ထိုက်ယီမြင့်မြတ်နယ်မြေမှ ပေါင်းစည်းခြင်းနယ်ပယ် ပုဂ္ဂိုလ်ကြီးများအား ပေးအပ်လိုက်လေ
သည်။
ထို့နောက် လင်ယွမ်ဖုန်းက လုရီကို လှည့်ကြည့်ပြီး အသိပေးလာလေ၏။
မိတ်ဆွေလေး လုရီ၊ မင်းသာ ပင်လယ်မျိုးနွယ်စုရဲ့ အရှေ့အလင်းမြို့တော်ကို တိုက်ခိုက်မယ့် သတင်းကို ယူဆောင်မလာခဲ့ရင်၊ ငါတို့ ကြိုတင်ပြင်ဆင်ပြီး အားဖြည့်တပ်တွေ ခေါ်နိုင်ခဲ့မှာ မဟုတ်ဘူး။ မင်းသာ မဟာယာနအဆင့် ရေနက်နဂါး တစ်ကောင်ကို ထိန်းမထားခဲ့ရင်၊ ငါတို့ အားဖြည့်တပ်တွေ ရောက်လာတဲ့အထိ စောင့်နိုင်ခဲ့မှာ မဟုတ်ဘူး။ မင်းရဲ့ ပါဝင်ကူညီမှုက အကြီးမားဆုံးပဲ။ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး၊ ငါ မဟာမိတ်တပ်ရဲ့ အထက်အရာရှိကြီးတွေကို တင်ပြပြီးသွားပြီ။ ငါတို့ ထိုက်ယီမြင့်မြတ်နယ်မြေရဲ့ မဟာဘိုးဘေးက မင်းကို ထိုက်ရီ မြင့်မြတ်နယ်မြေရဲ့ ထိုက်ရီ အခင်းအကျင်း မြေပုံကို တစ်လကြာ ဝင်ရောက်လေ့လာခွင့် ပေးလိုတယ်တဲ့။ ဒါက မင်းကို အခင်းအကျင်းတာအို နားလည်နိုင်စွမ်းအတွက် အထောက်အကူဖြစ်စေလိမ့်မယ်။ မင်းရဲ့ အခင်းအကျင်းတာအို ပါရမီနဲ့ဆိုရင် သိသိသာသာ တိုးတက်မှုတွေ ရလိမ့်မယ်လို့ ငါ ယုံကြည်တယ်။”