အခန်း (၄၀၉-၄၁၁)
Vol. 28 Ch. 409-411
အခန်း ၄၀၉: တိုက်ပွဲတစ်ခုက ကမ္ဘာကို တုန်လှုပ်စေခြင်း
ဤစကားများကို ကြားသောအခါ၊ လုရီ၏ မျက်လုံးများ အနည်းငယ် အရောင်တောက်သွားလေ၏။
နတ်ဓားဂိုဏ်း၏ နတ်ဓားကျောက်တိုင်ကဲ့သို့ပင်၊ ထိုက်ရီမြင့်မြတ်နယ်မြေ၏ ထိုက်ရီအခင်းအကျင်းမြေပုံသည် ဂိုဏ်း၏ အဓိကအကျဆုံး အမွေအနှစ်နေရာ ဖြစ်၏။ နတ်ဓားကျောက်တိုင်သည် ဓားတာအိုအစည်းအဝေးကြောင့် သာမန်ကျင့်ကြံသူများအတွက် ဖွင့်လှစ်ပေးသော်လည်း၊ ထိုက်ရီအခင်းအကျင်းမြေပုံမှာမူ အပြင်လူများအတွက် လုံးဝ ပိတ်ထားခြင်း ခံရသည်။
သို့ဖြစ်သော်ငြားလည်း သူက အတွင်း၌ တစ်လကြာ အခင်းအကျင်းတာအိုနယ်ပယ်ကို ဉာဏ်အလင်းရနိုင်မည်တဲ့လား။
ဤသည်မှာ သေးငယ်သော အခွင့်အရေးမဟုတ်ပေ။ အကယ်၍ သူသာ အတွင်းသို့ဝင်ရောက်၍ ဉာဏ်အလင်းရနိုင်ပါက ထူးခြားသော အကျိုးကျေးဇူးများအား ရိတ်သိမ်းနိုင်ပေလိမ့်မည်။
အဆင်ပြေစွာပင်၊ လုရီသည် သူ၏ ကိုယ်ပိုင် ကပ်ဘေးဖြတ်ကျော် အခင်းအကျင်းကို ထုတ်ဖော်ရန် အနည်းငယ် ခက်ခဲနေဆဲဖြစ်ရာ၊ ထိုက်ရီအခင်းအကျင်းမြေပုံသို့ ဝင်ရောက်ခြင်းက သူ၏ ကိုယ်ပိုင် ကပ်ဘေးဖြတ်ကျော် အခင်းအကျင်းကို ထုတ်ဖော်ရန် ၎င်း၏စွမ်းအားကို အသုံးချနိုင်စေလိမ့်မည်။
ဤသို့ တွေးမိသောအခါ၊ လုရီသည် ချက်ချင်းပြုံးလိုက်ပြီး၊ "ဒီလိုဆိုမှတော့၊ အကြီးအကဲကို ကျေးဇူးတင်ပါတယ်လို့ ပြောပါရစေ။" ဟု ပြောဆိုလိုက်၏။
လင်ယွမ်ဖုန်းက ခပ်ရေးရေး ပြုံးလိုက်သည်။
"အားနာစရာ မလိုပါဘူး၊ မင်း ဒါနဲ့ထိုက်တန်ပါတယ်။ အချိန်ရတဲ့အခါ ထိုက်ရီမြင့်မြတ်နယ်မြေကို သွားလိုက်ပါ။ ငါတို့ဂိုဏ်းရဲ့ ဘိုးဘေးက ထိုက်ရီအခင်းအကျင်းမြေပုံကို မင်းအတွက် အချိန်မရွေး ဖွင့်ပေးနိုင်တယ်လို့ မှာကြားထားတယ်။"
လုရီက ခေါင်းညိတ်လိုက်သည်။
"ကောင်းပါပြီ... အကြီးအကဲ"
သူသည် ပင်လယ်မျိုးနွယ် တိုက်ပွဲကွင်းသို့ လာရခြင်းမှာ ကမ်းရိုးတန်းအနီးရှိ မြူခိုးကျွန်းကို ရှာဖွေနိုင်မလား ကြည့်ရှုရန် အဓိကဖြစ်၏။ အကယ်၍ ရှာတွေ့ပါက၊ သူသည် ထိုက်ရီမြင့်မြတ်နယ်မြေသို့ သွားနိုင်လေသည်။
တိုက်ပွဲအောင်မြင်မှုများနှင့် စစ်နိုင်ပစ္စည်းများ ခွဲဝေပြီးနောက်၊ လုရီနှင့် ယွင်ရှီးတို့သည် ခွင့်တောင်း၍ ထွက်ခွာသွားကြ၏။
.....
နောက်တစ်နေ့ နံနက်စောစောတွင်၊ လုရီနှင့်
ယွင်ရှီးတို့သည် တိမ်ဖြူဂိုဏ်းမှ သူတို့၏ ဂိုဏ်းတူတပည့်များကို ရှာဖွေရန် အရှေ့အလင်းမြို့မှ ထွက်ခွာရန် စီစဉ်လိုက်ကြသည်။
သူတို့သည် ဝမ်ပေဖုန်းနှင့် အခြားသူများကို တွေ့ရှိရာ၊ အားလုံးမှာ ပျော်ရွှင်သော မျက်နှာများဖြင့် ရှိနေကြပြီး သူတို့၏ အကျိုးအမြတ်များမှာ ထူးခြားကြောင်း ညွှန်ပြနေ၏။
"အားလုံးပဲ၊ ကျွန်တော်တို့ ထွက်ခွာဖို့ စီစဉ်နေပြီ။ ခင်ဗျားတို့ကော ဘယ်လိုလဲ?"
လုရီက စကားစလိုက်သည်။
လုရီနှင့် ယွင်ရှီးတို့ ထွက်ခွာမည်ကို ကြားသောအခါ၊ ဝမ်ပေဖုန်းနှင့် အခြားသူများကလည်း အတူတကွ ထွက်ခွာရန် ရည်ရွယ်ချက်ကို ချက်ချင်း ဖော်ပြကြ၏။
အဖွဲ့သည် အရှေ့အလင်းမြို့မှ ထွက်ခွာပြီး
တိမ်ဖြူဂိုဏ်းမှ ကျင့်ကြံသူများရှိရာ ဖေးယွင်ချောင်းသို့ ဦးတည်လိုက်ကြသည်။ ဖေးယွင်ချောင်းသည် အရှေ့အလင်းမြို့နှင့် အတိုင်းအတာတစ်ခုအထိ ကွာဝေးသော်လည်း၊ အရှေ့အလင်းမြို့မှ တိုက်ပွဲကြီးကြောင့်ဖြစ်မည်၊ ခရီးလမ်းမှာ အတော်လေး ငြိမ်းချမ်းခဲ့၏။
လုရီနှင့် သူ၏ အဖော်များ ရှေးဟောင်းမြို့များနှင့် မဟာမိတ်ခံတပ်အချို့ကို ဖြတ်သန်းသွားစဉ်၊ သူတို့သည် အရှေ့အလင်းမြို့မှ တိုက်ပွဲသတင်းကို ကြားသိခဲ့ရသည်။
လုရီ တစ်ဦးတည်းဖြင့် ပေါင်းစည်းခြင်းနယ်ပယ်မှ ပုဂ္ဂိုလ်ကြီး ဆယ့်တစ်ဦးကို သတ်ဖြတ်ပြီး မဟာယာနတစ်ဦးကို ထိန်းချုပ်ထားခဲ့သည့် သတင်းသည် မုန်တိုင်းကဲ့သို့ ပင်လယ်မျိုးနွယ်တိုက်ပွဲကွင်းတစ်ခုလုံး၊ အရှေ့နယ်မြေတစ်ခုလုံးနှင့် ထျန်းမင်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့၏။
လုရီ သွားလေရာရာ၌ လူတိုင်းနီးပါးသည် ထိုကိစ္စကို ဆွေးနွေးနေကြသည်။
ကျန်းရူယွီသည် ပင်လယ်မျိုးနွယ်တိုက်ပွဲကွင်းသို့ ပထမဆုံးအကြိမ် ရောက်ရှိလာစဉ်က၊ သူမ၏ ကျင့်ကြံမှုအခြေခံမှာလည်း ဟင်းလင်းပြင်ဥမင်နယ်ပယ်၌သာ ရှိသေးပြီး ပေါင်းစည်းခြင်းနယ်ပယ်မှ ပုဂ္ဂိုလ်ကြီးများကို သတ်ဖြတ်နိုင်စွမ်းရှိခဲ့ရာ၊ အရှေ့နယ်မြေတစ်ခုလုံးကို တုန်လှုပ်စေခဲ့ပြီးဖြစ်၏။ ယခုမူ၊ လုရီသည် မဟာယာနနယ်ပယ်၏ တိုက်ခိုက်ရေးစွမ်းရည်ကိုပင် ပြသခဲ့ရာ လူတိုင်းကို ထိတ်လန့်သွားစေသည်။
"ချင်းကျိုးက အင်မော်တယ်မျိုးစေ့က ပင်လယ်မျိုးနွယ်တိုက်ပွဲကွင်းကို ရောက်လာပြီတဲ့နော်!"
"ငါ အစောကြီးကတည်းက သိပြီးသား။ အရှေ့အလင်းမြို့က တိုက်ပွဲမှာ အင်မော်တယ်မျိုးစေ့က ဒီလိုကြောက်စရာကောင်းတဲ့ အစွမ်းကို ပြသခဲ့တယ်။ အင်မော်တယ် ဓားဂိုဏ်းရဲ့ ထူးခြားတဲ့ အင်မော်တယ်ကတောင် ချီးကျူးခဲ့တဲ့ အရည်အချင်းဆိုတာ မှန်ပေသားပဲ။"
"ငါကြားတာတော့ ကောင်းကင်နဂါး သားတော်က လုရီလာတယ်ကြားတဲ့နေ့မှာပဲ ရှေးဟောင်းနဂါးမြို့ကနေ ရှေ့တန်းကို ထွက်သွားပြီး ပေါင်းစည်းခြင်းနယ်ပယ်က ပုဂ္ဂိုလ်ကြီးတစ်ယောက်ကို တစ်ယောက်တည်း သတ်နိုင်ခဲ့တယ်တဲ့၊ ဒါပေမဲ့ သူက အပြင်းအထန် ဒဏ်ရာရပြီး သေလုနီးပါးဖြစ်သွားတယ်။ သူ့နဲ့အတူရှိနေတဲ့ ကောင်းကင်နဂါးမြင့်မြတ်နယ်မြေက အကြီးအကဲသာမရှိရင် ကောင်းကင်နဂါး သားတော် အဲ့ဒီမှာပဲ သေဆုံးသွားနိုင်တယ်။"
"ကောင်းကင်နဂါး သားတော်ရဲ့ အစွမ်းက အရှေ့နယ်မြေတစ်ခုလုံးမှာ ထိပ်တန်းထဲမှာ ပါဝင်တယ်။ ဒါပေမဲ့ ဟိုအင်မော်တယ်မျိုးစေ့နဲ့ ယှဉ်ရင်တော့ အခွင့်အရေး မရှိတာ နှမြောစရာပဲ။"
"သူတစ်ယောက်တည်း မဟုတ်ဘူး။ နတ်ဓားဂိုဏ်းက ဓားနတ်သမီးဆိုလည်း ကောင်းကင်နဂါး သားတော်ထက် ပိုအားကောင်းပေမယ့် အင်မော်တယ်မျိုးစေ့နဲ့ ယှဉ်ဖို့ အလှမ်းဝေးနေတုန်းပဲ။"
"အရှေ့နယ်မြေတစ်ခုတည်း မဟုတ်တော့ဘူး၊ ထျန်းမင်တစ်ခုလုံးမှာ လုရီက သူ့ရွယ်တူတန်းတူတွေကို တကယ်ပဲ လွှမ်းမိုးနိုင်လောက်ပြီ။"
"သူနဲ့ ခေတ်ပြိုင်ဖြစ်ရတာ ဟိုကောင်းကင် ပါရမီရှင်မိစ္ဆာတွေအတွက် တကယ်ကို ဝမ်းနည်းစရာပဲ။"
ရှေးဟောင်းမြို့တစ်မြို့တွင်၊ ကျန်းရူယွီနှင့် လျိုနင်ရွှမ်းတို့လည်း လုရီအကြောင်း သတင်းကို ကြားသိခဲ့ကြ၏။ နှစ်ဦးလုံး အံ့အားသင့်သွားကြသည်။
...
"ဂျူနီယာ မောင်လေး တကယ်ပဲ ဒီကို ရောက်လာတာပဲ။"
ယခုအခါ လျိုနင်ရွှမ်းသည် ဟင်းလင်းပြင်ဥမင်နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်၍ အလွန်အားကောင်းနေသည်။ ဤကာလအတွင်း သူမ၏ အတွေ့အကြုံများနှင့် သေခြင်းနှင့် ရှင်ခြင်းတိုက်ပွဲများက သူမကို လျင်မြန်စွာ တိုးတက်စေခဲ့ခြင်းပါ။
"ဂျူနီယာ မောင်လေး က ဒီကိုရောက်လာပြီး ငါတို့ကို လာမရှာဘူး? ဒါတော့ လွန်လွန်းတယ်!"
ကျန်းရူယွီသည် သူမ၏ ကျင့်စဉ်အဆင့်အား ဖိနှိပ်ထားသည်။ ဖြူစင်သော အသားအရေနှင့် ပြိုင်ဘက်ကင်းသော မျက်နှာပိုင်ရှင် ဖြစ်သည်။ သူမက ရေရွတ်လိုက်သည်။
လျိုနင်ရွှမ်းက ခပ်ပါးပါးပြုံးလိုက်သည်။
"သူက အရှေ့အလင်းမြို့က ကိစ္စတွေနဲ့ အလုပ်များနေလို့နေမှာပေါ့ "
ကျန်းရူယွီက အနည်းငယ် ခေါင်းညိတ်ပြီးနောက် တစ်စုံတစ်ခုကို သတိရသွား၏။
"ဟုတ်သားပဲ၊ ငါကြားတာတော့ ဂျူနီယာ မောင်လေး နဲ့အတူ အရည်အချင်းထူးချွန်တဲ့ မိန်းကလေးတစ်ယောက်ရှိတယ်တဲ့။ သူက ဟင်းလင်းပြင်ဥမင်နယ်ပယ်မှာရှိပြီး ပေါင်းစည်းခြင်းနယ်ပယ်က ပုဂ္ဂိုလ်ကြီးတွေကို သတ်နိုင်စွမ်းရှိတယ်၊ ပြီးတော့ အားကောင်းတဲ့ သဘာဝ နယ်ပယ် စွမ်းအားကိုလည်း ပိုင်ဆိုင်ထားတယ်တဲ့။ ယွင်ရှီးများလား?"
ထိုအခါ လျိုနင်ရွှမ်းက မျက်ခုံးအနည်းငယ်ပင့်ချီလိုက်ပြီး၊ ယွင်ရှီးနှင့် လုရီ၏ ဆက်ဆံရေးကို သိရှိထားရာ ခေါင်းညိတ်လိုက်သည်။
"သူဖြစ်မှာပေါ့။ သူ့ရဲ့အစွမ်း ဒီလောက်တောင် အားကောင်းနေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။"
ကျန်းရူယွီက မျက်လုံးများ မှေးကျဉ်းလိုက်ပြီး အကျပ်အတည်း ဖြစ်နေသည်ကို ခံစားလိုက်ရကာ တိုက်တွန်းလိုက်လေ၏။
"ငါတို့ ဂျူနီယာ မောင်လေးကို သွားရှာကြစို့။"
လျိုနင်ရွှမ်းက အနည်းငယ် ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ။"
အခြားသူများအားလုံး တုန်လှုပ်နေစဉ်တွင်၊ လုရီနှင့် သူ၏အဖွဲ့သည် ဖေးယွင်ချောင်းသို့ ရောက်ရှိနှင့်နေပြီဖြစ်သည်။ ဖေးယွင်ချောင်းသည် ဆက်တိုက်ဖြစ်နေသော တောင်တန်းတစ်ခုဖြစ်ပြီး၊ ထိုဒေသတွင် ချောက်ကြီးများအပြင်၊ အချင်းချင်းဆက်သွယ်နေပြီး အလွန်ရှုပ်ထွေးသော ကျောက်ဂူများလည်း နေရာတိုင်းတွင် ရှိနေ၏။
လုရီနှင့် သူ၏ အဖော်များ ကျောက်ဂူ တစ်ခုပြီးတစ်ခုကို ဖြတ်သန်းသွားစဉ်၊ သူတို့အားလုံး လမ်းကြောင်းခွဲခြားရန် ခက်ခဲနေသည်ကို တွေ့ရှိလိုက်ရသည်။
လင်းမင်က ရေရွတ်သည်။
"အမလေး... ဒီနေရာက အရမ်းရှုပ်ထွေးတာပဲ၊
မကျွမ်းကျင်တဲ့သူတွေဆို လွယ်လွယ်ကူကူ လမ်းပျောက်နိုင်တယ်။"
"တိမ်ဖြူဂိုဏ်းက ကျင့်ကြံသူတွေက ဒီနေရာမှာ ပင်လယ်မျိုးနွယ် အစွမ်းထက်ပုဂ္ဂိုလ်တွေကို ချုံခိုတိုက်ခိုက်ပြီး သတ်ဖြတ်နိုင်တာ အံ့ဩစရာမရှိပါဘူး၊ " ဟု လင်ယွဲ့က အနည်းငယ် ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။
ထိုစဉ် ဝမ်ပေဖုန်းက ပတ်ပတ်လည်ကို ကြည့်ကာ ပြောသည်။
"သူတို့ အနီးအနားမှာ ရှိသင့်တယ်။"
"သူတို့ အနီးအနားမှာ ရှိနေတာကို မိတ်ဆွေဝမ် ဘယ်လိုသိတာလဲ?"
ထိုသို့ လုရီက နားမလည်စွာ မေးလိုက်သည်။
ဝမ်ပေးဖုန်းက ရယ်မောလိုက်၏။
"အော်၊ ကျုပ် မင်းကို မပြောပြရသေးဘူးလား၊ မိတ်ဆွေလေးလုရီ.. ကျုပ်က မင်းတို့ဂိုဏ်းက အကြီးအကဲ ချီလင်နဲ့ မိတ်ဆွေတွေလေ။ ကျုပ်..
ချင်းကျိုးမှာ ရှိတုန်းက အကြီးအကဲ ချီလင်နဲ့ အတူ အချိန်အတော်ကြာ လေ့ကျင့်ခဲ့ဖူးတယ်။"
ဤစကားကို ကြားသောအခါ၊ လုရီ အံ့အားသင့်သွား၏။
သူ ဤအကြောင်းကို မသိခဲ့ပါပေ။
"ကျုပ်တို့ချင်း အမြဲတမ်း အဆက်အသွယ်ရှိပါတယ်။ ဒီတစ်ခေါက် ပင်လယ်မျိုးနွယ် တိုက်ပွဲကွင်းကို လာတော့ မိတ်ဆွေချီလင်က သူ့ကို
ကူညီဖို့ ကျုပ်ကို တောင်းဆိုခဲ့တာလေ"
အခန်း ၄၁၀ -တိုက်ပွဲတစ်ပွဲက လောကကို တုန်လှုပ်စေခြင်း...
~ဤစကားကို ကြားလိုက်ရမှသာ လုရီသည် အဖြစ်မှန်ကို သဘောပေါက်သွားတော့၏။
အဖွဲ့သားများ ဆက်လက်ခရီးဆက်ကြရာ မကြာမီပင် တောင်ကြားချောင်းတစ်ခုသို့ ရောက်ရှိလာကြသည်။ ထိုအခါ အလင်းတန်းတစ်ခု ကောင်းကင်မှ ဆင်းသက်လာပြီး မြေပြင်ပေါ်သို့ ကျရောက်လာလေသည်။ ထိုသူမှာ အခြားသူ
မဟုတ်၊ အကြီးအကဲ ချီလင်ပင်တည်း။
ချီလင်က ဝမ်ပေဖုန်းကို မြင်သောအခါ ရွှင်လန်းတက်ကြွစွာ ပြုံးလိုက်ပြီး နှုတ်ခွန်းဆက်လေသည်။
"ဟားဟားဟား၊ အဘိုးကြီးဝမ်၊ မတွေ့ရတာကြာပြီနော်။"
ဝမ်ပေးဖုန်းကမူ သက်ပြင်းမောတစ်ချက်ကို ညင်သာစွာချရင်း ခွန်းတုံ့ပြန်လိုက်၏။
"ဟုတ်ပေ့ကွယ်၊ ချီလင်၊ မင်းရဲ့ကျင့်ကြံမှုအဆင့်က ဒီလောက်တောင် ထပ်တိုးတက်လာလိမ့်မယ်လို့ ငါထင်မထားခဲ့ဘူး။ မင်းက ဟင်းလင်းပြင်ဥမင် နယ်ပယ်ကိုတောင် ရောက်နေပြီ၊ ငါကတော့ အခုထိ အဆင့် မချိုးဖြတ်နိုင်သေးဘူး။"
ထိုအခါ ချီလင်က မာန်ပါသောအပြုံးဖြင့် ပြောဆိုလိုက်သည်။
"ဒါကတော့ ကျုပ်တို့တိမ်ဖြူဂိုဏ်းမှာ 'ကောင်းကင်ဘုံက ချီးမြှင့်တဲ့ ပါရမီရှင်
တစ်ယောက်' ရှိနေလို့ပဲပေါ့။ ဟိုလူငယ်လေး လုရီက ကျုပ်တို့တိမ်ဖြူဂိုဏ်းကို ကြီးမားတဲ့ပြောင်းလဲမှုတွေ ယူဆောင်လာပေးခဲ့တာလေ။ သူ့ရဲ့ ကောင်းကင်ဘုံ ကပ်ဘေးကို ကျော်လွှားမှုက ကြီးမားတဲ့ အခွင့်အရေးတစ်ခုပဲ ဖြစ်ခဲ့တယ်။ အဲ့ဒါသာ မရှိရင် ငါလည်း အဆင့်တက်ဖို့ ခက်ခဲနေဦးမှာပဲ။"
ထိုစကားကို ကြားသောအခါ ဝမ်ပေဖုန်း၏ မျက်နှာအမူအရာမှာ အနည်းငယ်ထူးဆန်းသွားပြီးနောက် သူက လျှို့ဝှက်စွာ ရယ်မောရင်း စကားစလိုက်၏။
"ချီလင်၊ ငါ ဘယ်သူ့ကို ခေါ်လာခဲ့တယ်လို့ မင်းထင်လဲ၊ ခန့်မှန်းကြည့်စမ်းပါဦး။"
ချီလင်က နားမလည်သလို ကြည့်ကာ ပတ်ပတ်လည်ကို လှည့်ပတ်မျက်လုံး ကစားရင်း မေးမြန်းလိုက်သည်။
"ဘယ်သူတုန်း၊ ဘယ်မိတ်ဆွေဟောင်းက မင်းနဲ့အတူ ပါလာတာလဲ။"
လုရီသည် ' ပုံစံတစ်ထောင် အသွင်ပြောင်းပညာ' ကို အသုံးပြုထားရာ ချီလင်ပင်လျှင် သူ့ကို
မမှတ်မိနိုင်ခဲ့ပေ။
ထိုစဉ် လုရီက ပြုံးလိုက်ပြီး သူ၏မူလရုပ်သွင်သို့ ပြန်ပြောင်းလိုက်ကာ နှုတ်ဆက်လိုက်၏။
"အကြီးအကဲချီလင်၊ ကျွန်တော်ပါ။"
လုရီကို မြင်လိုက်ရသောအခါ ချီလင်၏မျက်လုံးများ ပြူးကျယ်သွားပြီး သူက အံ့အားသင့်မှုဖြင့်
လုံးဝတောင့်တင်းသွားတော့သည်။
"လုရီ၊ မင်း...မင်းဘယ်လိုလုပ်ပြီး ဒီကိုရောက်နေရတာလဲ။"
သူက မယုံနိုင်စွာ ကြွေးကြော်လိုက်ပြီး
လုရီ၏ဘေးသို့ လျှပ်တပြက်အတွင်း ရောက်ရှိလာတော့၏။
လုရီက ပြုံးလျက် ပြန်လည်ဖြေကြားသည်။
"ကျွန်တော်က မိတ်ဆွေဝမ်နဲ့အတူ လိုက်လာခဲ့တာပါ။"
ချီလင်က အကြိမ်ကြိမ် ခေါင်းညိတ်လိုက်ပြီး တိုက်တွန်းလေသည်။
"ဟုတ်သားပဲ၊ မင်း ပင်လယ်မျိုးနွယ်တိုက်ပွဲနယ်မြေကို ရောက်လာပြီး အရှေ့အလင်းမြို့မှာ မဟာယာန ကျင့်ကြံသူတစ်ယောက်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ ငါတို့လည်း သတင်းကြားထားတယ်။ ဒါပေမဲ့ မင်းကိုယ်တိုင် ဒီကိုရောက်လာလိမ့်မယ်လို့တော့ အိပ်မက်တောင် မမက်ခဲ့မိဘူး။ လာ...ငါနဲ့လိုက်ခဲ့၊ ငါတို့ရဲ့ လျှို့ဝှက်စခန်းကို ခေါ်သွားပေးမယ်။ နန်းကုန်းနဲ့ ကျန့်ဖန်တို့လို လူငယ်လေးတွေ မင်းကိုတွေ့ရင် သေချာပေါက် အရမ်းပျော်သွားကြမှာ။"
လုရီလည်း ပြုံးလျက် ခေါင်းညိတ်လိုက်၏။
...
အဖွဲ့သားများသည် ချီလင်နောက်သို့ လိုက်ပါသွားရာ ကျောက်ဂူစံအိမ်များစွာကို ဖြတ်သန်းပြီးနောက် မြေအောက်လှိုဏ်ဂူတစ်ခုသို့ ရောက်ရှိလာကြသည်။ လှိုဏ်ဂူသည် ကီလိုမီတာပေါင်းများစွာ ကျယ်ဝန်းပြီး အတွင်း၌ ထွန်းလင်းတောက်ပနေသော ကျောက်သလင်းတုံးများစွာကို ထားရှိကာ အလင်းရောင်ပေးထားလေ၏။
ထို့အပြင် သစ်သားပျဉ်ပြားများဖြင့် တည်ဆောက်ထားသော အဆောက်အအုံများလည်းရှိရာ စခန်းငယ်တစ်ခုသဖွယ် ဖွဲ့စည်းထားတော့သည်။ စခန်းအတွင်း၌ ကျင့်ကြံသူများစွာ သွားလာလှုပ်ရှားနေကြ၏။ လုရီ၏အကြည့်က သူတို့ကို ဖြတ်သန်းသွားရာ အကျွမ်းတဝင်ရှိသော မျက်နှာအချို့ကို တွေ့ရှိလိုက်ရပါသည်။
ချီလင်က အားလုံးကို ဦးဆောင်ခေါ်သွားရင်း ဟက်ဟက်ပက်ပက် ရယ်မောလိုက်ကာ ကြွေးကြော်လိုက်သည်။
"ဟားဟားဟား၊ အားလုံးပဲ၊ ငါဘယ်သူ့ကို ခေါ်လာခဲ့လဲ ကြည့်ကြစမ်း။"
ထိုအခါ လူအုပ်သည် အံ့အားသင့်သွားပြီး လှည့်ကြည့်ကြ၏။ ချီလင်၏ဘေးမှ လုရီကို မြင်သောအခါ ကျင့်ကြံသူများစွာ၏မျက်လုံးများ အံ့အားသင့်မှုဖြင့် ပြူးကျယ်သွားပြီး ရေရွတ်သံများ ထွက်ပေါ်လာသည်။
"လုရီ၊ အဲ့ဒါ ဂျူနီယာ ညီလေး လုရီ မဟုတ်လား။"
ရုပ်သွင်အချို့ ကောင်းကင်သို့ ပျံတက်လာပြီး နှုတ်ဆက်ရန် ချဉ်းကပ်လာကြသည်။
လုရီသည် ကျန့်ဖန်၊ ပိုင်ယွိီလုံ၊ ထျဲ့မန်၊
နန်းကုန်းမိုယွီ၊ ရှဲ့ထျန်းမင်နှင့် ဝမ်ထျန်းကျွင်း တို့ကို တွေ့လိုက်ရ၏။
တစ်ဦးချင်းစီ၏ မျက်နှာများမှာ အပြုံးများဖြင့် ဝင်းပနေပြီး အလွန် စိတ်လှုပ်ရှားနေကြလေသည်။
လုရီသည် သူတို့၏အစွမ်းများ သိသိသာသာ တိုးတက်လာသည်ကို သတိပြုမိလိုက်၏။
ပင်လယ်မျိုးနွယ်တိုက်ပွဲနယ်မြေတွင် အသက်နှင့်ရင်းရသော တိုက်ပွဲများမှာ ဓလေ့ထုံးစံတစ်ခုလိုဖြစ်နေသဖြင့် ထိုသို့သောပတ်ဝန်းကျင်သည် ကျင့်ကြံသူတစ်ဦး၏ ကြီးထွားမှုအတွက် အလွန်ကောင်းမွန်ပြီး သဘာဝအတိုင်း လျင်မြန်စွာတိုးတက်စေလေသည်။
ကျန့်ဖန်၊ ပိုင်ယွိီလုံနှင့် ထျဲ့မန်တို့သည်ပင် 'အခြေတည်ဝိညာဉ်အဆင့်'သို့ တက်လှမ်းနိုင်ခဲ့ကြပြီဖြစ်၏။ နန်းကုန်းမိုယွီ၊ ရှဲ့ထျန်းမင်နှင့်
ဝမ်ထျန်းကျွင်းတို့မှာမူ 'နတ်ဘုရားအသွင်ပြောင်းအဆင့်' ပင် ရောက်ရှိနေကြပြီး သူတို့၏ ခွန်အားမှာ လျင်မြန်စွာ တိုးတက်ခဲ့တော့သည်။
သွေးထွက်အောင် မှန်ပါသည်။ ဤအရာအားလုံးမှာ သူတို့မထွက်ခွာမီ လုရီ ပေးအပ်ခဲ့သော ကျင့်ကြံအားဖြည့်ရတနာအမျိုးမျိုးနှင့်လည်း သက်ဆိုင်နေပါ၏။
ကျန်းဖန်က လုရီကို ပွေ့ဖက်လိုက်ပြီး သူ၏ သာမန် ဆန်သော မျက်နှာမှာ ပျော်ရွှင်သော အပြုံးများဖြင့် ပြည့်နှက်နေလေသည်။
"ညီလေးလု၊ မတွေ့ရတာ ကြာပြီကွာ။"
အခြားသူများလည်း အံ့အားသင့်ခြင်းနှင့် ပျော်ရွှင်ခြင်းတို့ဖြင့် ပြည့်နှက်သော မျက်နှာများ ရှိနေကြ၏။
နန်းကုန်းမိုယွီက လုရီ၏ ရင်ဘတ်ကို ပုတ်ကာ အံ့ဩမှုများ အပြည့်ဖြင့် ချီးကျူးလိုက်သည်။
"ညီလေးလု၊ ငါတို့ အရှေ့အလင်းမြို့က တိုက်ပွဲအကြောင်း ကြားပြီးပြီ၊ မင်းကတော့ မယုံနိုင်လောက်အောင် အားကောင်းတာပဲ။"
ထိုအခါ ရှဲ့ထျန်းမင်ကလည်း ခေါင်းညိတ်ရင်း ထောက်ခံ ပြောဆိုလာသည်။
"ဟုတ်တယ်၊ ဟင်းလင်းပြင်ဥမင် အဆင့်နဲ့တင် မဟာယာန ကျင့်ကြံသူ တစ်ယောက်နဲ့ ယှဉ်တိုက်နိုင်တယ်ဆိုတော့ အပြင်လောကမှာတော့ မင်းသတင်းက ပွက်လောရိုက်နေပြီ။"
လူအများအပြား လှည့်ကြည့်နေသည်ကို သတိပြုမိသောအခါ ဝမ်ထျန်းကျွင်းက ဝင်ရောက်ပြောဆိုလိုက်သည်။
"တော်ပြီ၊ အပြင်မှာ မနေကြနဲ့တော့၊ အတွင်းထဲဝင်ပြီးမှ စကား ဆက်ပြောကြတာပေါ့"
အားလုံးက ခေါင်းညိတ်ကာ လုရီနှင့် အဖွဲ့ကို စခန်းအတွင်းသို့ ခေါ်ဆောင်သွားကြ၏။
ပြောပြောဆိုဆို စခန်းအတွင်း၌ လုရီရောက်ရှိလာသည့်သတင်း ပျံ့နှံ့သွားသည်နှင့် ကျင့်ကြံသူတစ်ဦးပြီးတစ်ဦး သူတို့၏စံအိမ်များမှ ထွက်လာကာ ကောင်းကင်သို့ မော့ကြည့်ကြတော့သည်။
ဤနေရာတွင် ကျင့်ကြံသူ ထောင်ပေါင်းများစွာ
ရှိပြီး လုရီ၏အကြည့်က သူတို့ကို ဖြတ်သန်းသွားရာ အများအပြားမှာ တိမ်ဖြူဂိုဏ်းမှ မဟုတ်ကြောင်း သူ ရှာဖွေတွေ့ရှိလိုက်၏။
ပန်းတစ်သောင်းဂိုဏ်းနှင့် ဝမ်ကျန်းအိမ်တော်မှ ကျင့်ကြံသူအချို့လည်း ဤနေရာတွင် ရှိနေသည်ကို တွေ့လိုက်ရသည်။
ထိုအခိုက်အတန့်၌၊ သူ၏ဘေးတွင်ရပ်နေသော ယွင်ရှီးထံမှ အံ့အားသင့်စွာ ရေရွတ်သံ ထွက်ပေါ်လာလေ၏။
"စီနီယာအစ်မ ဟွားယွဲ့။"
ယွင်ရှီးသည် စခန်းအတွင်းမှ ဖြူစင်သော
မျက်နှာနှင့် အမျိုးသမီး ကျင့်ကြံသူတစ်ဦးကို ကြည့်နေပြီး သူမ၏ မျက်နှာမှာ အံ့ဩမှုများဖြင့် ပြည့်နှက်နေသည်။
ဤအမျိုးသမီးကျင့်ကြံသူမှာလည်း အခြေတည်ဝိညာဉ်အဆင့်သို့ ရောက်ရှိနေပြီး ယွင်ရှီးကို မြင်သောအခါ ဇဝေဇဝါနှင့် မျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်၏။
"မင်းက...ဘယ်သူများလဲ"
ထိုအခိုက်အတန့်၌ ယွင်ရှီးသည် သူမ၏မူလရုပ်သွင်သို့ ပြန်ပြောင်းလိုက်ရာ လောကီအငွေ့အသက်ကင်းပြီး အလွန်အမင်းလှပသောမျက်နှာ ပြန်လည်ပေါ်ထွက်လာပြီးနောက် သူမက ပြုံးလိုက်ကာ ခွန်းတုံ့ပြန်သည်။
"ကျွန်မက ယွင်ရှီးပါ။"
ဟွားယွဲ့၏ မျက်လုံးများ အံ့အားသင့်ခြင်းနှင့် ပျော်ရွှင်ခြင်းတို့ဖြင့် ပြူးကျယ်သွား၏။
"ယွင်ရှီး၊ နင်...နင်ဘယ်လိုလုပ်ပြီး ဒီကိုရောက်နေတာလဲ။"
ဟွားယွဲ့ဘေးမှ အမျိုးသမီးကျင့်ကြံသူများလည်း သိသိသာသာ ပျော်ရွှင်သွားကြကာ ဝမ်းသာအားရ ပြောဆိုကြသည်။
"ညီမလေးယွင်ရှီး၊ နင်လည်း လာလိမ့်မယ်လို့ ငါတို့မထင်ထားခဲ့ဘူး။"
ယွင်ရှီးက ပြုံးလျက် ဖြေကြားလိုက်၏။
"ကျွန်မက လုရီနဲ့အတူ လိုက်လာခဲ့တာပါ။"
ဤစကားကို ကြားသောအခါ ဟွားယွဲ့နှင့် ပန်းတစ်သောင်းဂိုဏ်းမှ ကျင့်ကြံသူအချို့အားလုံးသည် မရိုးသားသော အပြုံးများဖြင့် ယွင်ရှီးနှင့် လုရီကို တစ်လှည့်စီ အကဲခတ်လိုက်ကြပြီး
သူမတို့၏ မျက်လုံးများမှာလည်း မနာလိုမှုများဖြင့် ပြည့်နှက်နေတော့သည်။
အကြောင်းမူကား လုရီသည် ထူးခြားသောအရည်အချင်း ရှိပြီး အရှေ့အလင်းမြို့မှတိုက်ပွဲကြောင့် အရှေ့နယ်မြေ တစ်ခုလုံးရှိ မရေမတွက်နိုင်သော လှပထူးချွန်သည့် အမျိုးသမီးကျင့်ကြံသူများက သူနှင့်အတူ ရှိလိုကြရာ သူမတို့သည်လည်း အပါအဝင် ဖြစ်၏။
သို့ဖြစ်သော်ငြားလည်း ယခုအခါ သူနှင့်အတူ
ရှိခွင့် ရသော အမျိုးသမီးမှာ သူတို့၏ ဂျူနီယာ ညီမလေး ဖြစ်နေသည်။ ဤအဖြစ်က
ပန်းတစ်သောင်းဂိုဏ်းမှ ကျင့်ကြံသူများကို ရောထွေးသော ခံစားချက်များ ဖြစ်စေတော့သည်။
အဖွဲ့သည် စခန်း၏ အလယ်ဗဟိုရှိ အဆောက်အအုံ တစ်ခုသို့ ရောက်ရှိလာကြပြီး ထိုနေရာမှာ ဤစခန်း၏ အစည်းအဝေး ခန်းမပင် ဖြစ်သည်။
ကျန်းဖန်နှင့် အခြားသူများက လုရီကို စိတ်အားထက်သန်စွာ ကြည့်နေကြ၏။
ရှဲ့ထျန်းမင်က ပြုံးလျက် တောင်းဆိုလိုက်သည်။
"ဂျူနီယာ ညီလေးလုရီ၊ မင်း ပေးခဲ့တဲ့ ဝိညာဉ် အစားအစာနဲ့ ဝိုင်တွေ ကုန်သွားပြီ၊ အဲ့ဒီအရသာကို လွမ်းနေတာ ကြာပြီကွ။"
ဤစကားကို ကြားသောအခါ လုရီက ရယ်မောကာ နောက်ပြောင်လိုက်သည်။
"ခင်ဗျားတို့ရဲ့ စိတ်အားထက်သန်မှုက ကျွန်တော့်ရဲ့ ဝိညာဉ်ဝိုင်နဲ့ ဝိညာဉ်အစားအစာအတွက်ပဲလားဗျာ"
ထိုအခါ ပိုင်ယွိီလုံက အလျင်အမြန် ငြင်းဆန်လိုက်၏။
"ဘယ်ဟုတ်မှာလဲ၊ အဲ့ဒါက အကြောင်းရင်း
တစ်ခု၊ အကြောင်းရင်း တစ်ခုလေးပါပဲ"
လုရီက ပြုံးလျက် ခေါင်းခါလိုက်ပြီး မှာကြားလိုက်၏။
"ကျွန်တော် ဒီကိုရောက်လာတော့ အစ်ကိုတို့ကို ထပ်ပေးမှာပေါ့၊ ဒါပေမဲ့ ခြွေတာပြီးတော့ သောက်ကြဦး။"
ထိုအခါ လူအုပ်သည် ချက်ချင်းပင် အောင်ပွဲခံကြွေးကြော်ကြတော့သည်။
"ဂျူနီယာ ညီလေး လုရီ သက်တော်ရာကျော်ရှည်ပါစေ။"
"ဂျူနီယာ ညီလေး လုရီက တစ်လောကလုံးမှာ ပြိုင်ဘက်ကင်းပဲ။"
"ဂျူနီယာ ညီလေး လုရီ၊ ငါ မင်းအတွက် ကလေးမွေးပေးချင်တယ်။"
နောက်ဆုံးစကားတစ်ခွန်းကတော့
နန်းကုန်းမိုယွီထံမှ ထွက်ပေါ်လာခြင်း ဖြစ်ပါ၏။
ထိုစကားကြောင့် လုရီမှာ မျက်နှာမဲ့သွားကာ ထိုအစ်ကိုအား ခြေတစ်ဖက်ဖြင့် ကန်ထုတ်မိတော့လေသည်။
တဆက်တည်းမှာပင် အဖွဲ့သားများ စားသောက်ပွဲစတင်ကြပြီး လုရီသည် ကျန်းဖန်နှင့်အခြားသူများ နှစ်များတစ်လျှောက် ပင်လယ်မျိုးနွယ်တိုက်ပွဲနယ်မြေတွင် ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများကို နားထောင်နေလေ၏။
ပိုင်ယွိီလုံက ဝိုင်တစ်ခွက်ကို မော့ချလိုက်ရင်း သူ၏မျက်နှာအမူအရာ အနည်းငယ်နီရဲလာကာ သက်ပြင်းချရင်း ပြောပြသည်။
"ငါတို့ ဒီကို ပထမဆုံးရောက်တုန်းက ပင်လယ်မျိုးနွယ်ရဲ့ တိုက်ခိုက်မှုက သိပ်ပြင်းထန်တာကွ၊ ငါတို့ရဲ့ ဂိုဏ်းတူအစ်ကိုအစ်မတွေ အများကြီး ဆုံးရှုံးခဲ့ရတယ်။"
"တောက်....အဲ့ဒီ ကျိန်စာသင့်ပင်လယ်မျိုးနွယ်တွေ၊ ငါ့ဆရာသခင်က ငါ့ကို ကယ်ရင်းနဲ့ အသက်ပေးသွားခဲ့ရတာ။"
ထျဲ့မန်၏ မျက်လုံးများလည်း နီရဲလာပြီး စားပွဲကို ဒေါသတကြီး ထုလိုက်ကာ အံကြိတ်ကာ ဆိုလိုက်သည်။
အခြားကျင့်ကြံသူများ၏ မျက်နှာအမူအရာများမှာလည်း ဒေါသများဖြင့် ပြည့်နှက်နေ၏။
အစပိုင်းတွင် သူတို့၏ ဆုံးရှုံးမှုများမှာ အလွန်ကြီးမားခဲ့သည်။
လုရီလည်း သူတို့၏ ဇာတ်လမ်းများကို နားထောင်ရင်း စိတ်လေးလံသွားရသည်။
နတ်ဘုရားအသွင်ပြောင်း အဆင့်မှ ကျင့်ကြံသူများပင်လျှင် အတော်များများ ကျဆုံးခဲ့ရသည်တကား။
"နောက်ပိုင်းတော့ ဂျူနီယာ ညီလေး ကျန့်ဖန်က ငါတို့ကို ဒီနေရာကို ခေါ်လာပြီးမှပဲ အခြေအနေက တည်ငြိမ်သွားတော့တာ။ ဒီနေရာရဲ့ မြေမျက်နှာသွင်ပြင်ကို အသုံးချပြီး ငါတို့ ပင်လယ်မျိုးနွယ်နဲ့ ပြောက်ကျားတိုက်ခိုက်တော့ ငါတို့ရဲ့ဆုံးရှုံးမှုတွေကို အများကြီး လျှော့ချနိုင်ခဲ့တယ်။ အားကောင်းတဲ့ ပင်လယ်မျိုးနွယ် အင်အားစုတွေနဲ့ ကြုံရင် ပုန်းအောင်းပြီး၊ ငါတို့ နိုင်တဲ့ ပင်လယ်မျိုးနွယ်အင်အားစုတွေနဲ့ ကြုံရင်တော့ သူတို့ကို အလွတ်မပေးခဲ့ဘူး။ နှစ်တွေ ကြာလာတော့ ငါတို့ အကျိုးအမြတ် တော်တော်များများ ရပြီး ပင်လယ်မျိုးနွယ် အမြောက်အများကို သုတ်သင်နိုင်ခဲ့တယ်။"
ပြောဆိုနေသော ဝမ်ထျန်းကျွင်း၏ အသံမှာ အနည်းငယ် ဆွေးမြည့်နေ၏။ သူသည်
သူမြတ်နိုးရသော တာအိုလက်တွဲဖော် တစ်ဦးကို ဆုံးရှုံးခဲ့ရသည်ပင်။
"ဂျူနီယာ ညီလေး ကျန့်ဖန်က တော်တော်ပါးနပ်တာ၊ သူသာ မရှိရင် ငါတို့ထဲက အများကြီး သေကုန်လောက်ပြီ။"
ဟူ၍ ရှဲ့ထျန်းမင်က ရယ်မောလျက် ချီးမွမ်းခန်းဖွင့်သည်။
ကျန်းဖန်ကမူ ခပ်ရေးရေး ပြုံးလိုက်ပြီး နှိမ့်ချစွာ ပြန်ပြော၏။
"ကျွန်တော်တို့အားလုံး အချင်းချင်း ကူညီကြတာပါပဲ။ ဂိုဏ်းတူ အစ်ကို၊ အစ်မတွေနဲ့ အကြီးအကဲတွေသာမရှိရင် ကျွန်တော် တစ်ယောက်တည်းလည်း အသက်ရှင်နိုင်မှာ မဟုတ်ပါဘူး။"
ထိုစကားကို ကြားသော် လုရီ နှလုံးသားထဲ၌ ကြိတ်၍ လေးစားသွားရတော့သည်။
ကျန့်ဖန်သည် ကံကောင်းခြင်းနှင့် အစွမ်းနှစ်မျိုးလုံးကို ပိုင်ဆိုင်ထားပြီး၊ သူ၏ အမည်မှ 'ဖန်' ဆိုသည့်အတိုင်း ထိုက်တန်သည်ပင်။
အခန်း ၄၁၁-အစ်မနှင့် ညီမ ...
~အားလုံးသည် နှစ်များတစ်လျှောက် သူတို့၏ အတွေ့အကြုံများအကြောင်း ပြောဆိုသောက်စားကြရာ၊ မသိလိုက်ခင်မှာပင် တစ်ရက်ကုန်ဆုံးသွားခဲ့သည်။
သို့သော်ငြားလည်း၊ သူတို့သည် ပင်လယ်မျိုးနွယ်တိုက်ပွဲကွင်းတွင် ရှိနေဆဲဖြစ်သောကြောင့်၊ အားလုံးသည် မိမိကိုယ်ကို ထိန်းချုပ်ကြပြီး မူးယစ်အောင် မသောက်ကြပေ။
....
"ဒီမှာ ပတ်ဝန်းကျင်က နည်းနည်း ရိုးရှင်းတယ်၊ လုရီ၊ သည်းခံပြီး နေပေးနော်ကွ။"
အကြီးအကဲ ချီလင်သည် လုရီနှင့်
ယွင်ရှီးအတွက် တိတ်ဆိတ်သော အခန်းတစ်ခန်းကို စီစဉ်ပေးပြီး ပြောလိုက်ခြင်းပါ။
လုရီက နူးညံ့စွာ ပြုံးလိုက်သည်..။
"အကြီးအကဲ ချီလင်က အရမ်းအားနာတတ်တာပဲ၊ ဒါက အရမ်း ကောင်းနေပါပြီ။"
လုရီနှင့် ယွင်ရှီးတို့သည် အခန်းထဲသို့ ဝင်ရောက်ကာ၊ မဟာအခင်းအကျင်းဖြင့် မိမိတို့ကို ဖုံးကွယ်ပြီး၊ သူတို့၏ ပုံမှန် နှစ်ကိုယ်တူ ကျင့်ကြံခြင်းကို စတင်လိုက်ကြသည်။
နောက်ရက်များတွင်၊ လုရီနှင့် ယွင်ရှီးတို့သည် စခန်းတွင် နေထိုင်ကာ၊ တိမ်ဖြူဂိုဏ်းနှင့် အခြားဂိုဏ်းများမှ ကျင့်ကြံသူများ ပူးပေါင်း၍ ပင်လယ်မျိုးနွယ် ကျင့်ကြံသူများကို သတ်ဖြတ်သည်ကို ကြည့်ရှုနေကြ၏။
သူတို့သည် စစ်ဆင်ရေးအချို့တွင်လည်း ပါဝင်ခဲ့ကြသည်။ အကြိမ်တိုင်းတွင် လုရီသည် အလုပ်များကို ထုတ်ပြန်လေ့ရှိ၏။ ဆုလာဘ်များမှာ အတော်လေး ကောင်းမွန်ပြီး သူ၏ ရေတာအိုနားလည်မှုမှာ အဆက်မပြတ် တိုးတက်လာကာ ရေတာအိုနယ်ပယ်၏ လေးဆယ်ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့သည်။ ထို့အပြင် သူသည် နှစ်တစ်သောင်းသက်တမ်းရှိ ဝိညာဉ်ကျောက်စိမ်းအချို့နှင့် ကောင်းကင်နှင့်မြေကြီး ရတနာအများအပြားကိုလည်း ရရှိခဲ့ပါ၏။
တစ်နေ့တွင် လုရီသည် ရေနက်နဂါး အသားအချို့ကို ထုတ်ယူပြီး စခန်း၏ ဗဟိုရင်ပြင်တွင် ကင်လိုက်ရာ မွှေးရနံ့များက လေထဲတွင် လွင့်ပျံသွားသည်။
လုရီ လေ့လာခဲ့သော ဝိညာဉ် အစားအစာ ချက်ပြုတ်နည်းများတွင် အသားကင်ခြင်းအကြောင်း များစွာ ပါဝင်သည်။ လုရီသည် ပါဝင်ပစ္စည်းများကို ကျွမ်းကျင်စွာ ကိုင်တွယ်၏။ မူလက ဆီးနှင်းကဲ့သို့ ဖြူဖွေးသော ရေနက်နဂါးအသားသည် နီရဲသော မီးတောက်များအပေါ်တွင် တင်လိုက်သောအခါ တဖြည်းဖြည်း ရွှေညိုရောင်သို့ ပြောင်းလဲသွားပြီး အဆီများ တစက်စက်ကျနေသည်။
နန်ကုန်းမော့ယွီသည် မီးတောက်များကို ကြောင်တောင်တောင် ကြည့်နေပြီး သူ၏ နှုတ်ခမ်းထောင့်များ တွန့်ချိုးသွား၏။
"...ပြီးပြည့်စုံခြင်းအဆင့် မီးစိတ်ဆန္ဒကို အသားကင်ဖို့ သုံးတယ်ဆိုတာ ညီလေးလုရီပဲ ရှိလိမ့်မယ်။"
အခြားသူများလည်း မိန်းမောတွေဝေသွားကြပြီး လုရီသည် ဤမျှ အားကောင်းသော မီးနယ်ပယ်ကို ကျွမ်းကျင်လိမ့်မည်ဟု မမျှော်လင့်ထားကြပေ။ သို့သော် လုရီ၏ အရည်အချင်းကို စဉ်းစားမိသောအခါ အားလုံးက လက်ခံလိုက်ကြသည်။
ပြင်းရှသော ရနံ့က ပိုမို ပြင်းထန်လာပြီး ကျန်းဖန်နှင့် အခြားသူများမှာ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေကြ၏။
"တစ်နေ့နေ့မှာ ပေါင်းစည်းခြင်းနယ်ပယ်က ရေနက်နဂါး အသားကို စားရလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ" ဟု ထျဲ့မန်က တံတွေးများ အဆက်မပြတ်မျိုချရင်း ပြောသည်။
ဤရေနက်နဂါးအသားမှာ လုရီ ခွဲဝေရရှိခဲ့သော ပေါင်းစည်းခြင်းနယ်ပယ် ရေနက်နဂါးအလောင်းအချို့မှဖြစ်ပြီး အခြေတည်ဝိညာဉ်ကျင့်ကြံသူများပင် စားနိုင်ရန် သူက ပြုပြင်ထား၏။
သို့သော် အခြေတည်ဝိညာဉ် ကျင့်ကြံသူများသည် အနည်းငယ်မျှသော ပမာဏလေးသာ စားသုံးနိုင်မည်ဖြစ်သည်။ တစ်ဦးလျှင် အများဆုံး အသားတစ်လွှာသာ စားနိုင်ပြီး နတ်ဘုရားအသွင်ပြောင်းကျင့်ကြံသူများကမူ အနည်းငယ်ပို၍ စားနိုင်လိမ့်မည်။ ရွှေအူတိုင်ကျင့်ကြံသူများနှင့် အားနည်းသော ကျင့်ကြံသူများမှာမူ လုံးဝ မစားနိုင်ပေ။
လုရီက ပြုံးလိုက်ပြီး ရေနက်နဂါး အသား အပိုင်းငယ်တစ်ခုကိုသာ ထုတ်ယူခဲ့သည်။ စခန်းရှိ ကျင့်ကြံသူများအားလုံး စားသည့် ပမာဏမှာ
မများလှပေ။ ကျန်သည်ကို လုရီနှင့် ယွင်ရှီးတို့က စားသုံးလိုက်၏။ သူတို့၏ ရုပ်ခန္ဓာများမှာ ပေါင်းစည်းခြင်းနယ်ပယ် ရေနက်နဂါးနက်အသား အတော်များများကို စားသုံးနိုင်လောက်အောင် အားကောင်းပါသည်။
အားလုံး ပျော်ပျော်ပါးပါး သောက်စားနေစဉ်
လုရီက ပြုံးလျက် ကြေညာလိုက်၏။
"မနက်ဖြန် ကျွန်တော်နဲ့ ယွင်ရှီး ထွက်ခွာဖို့ စီစဉ်ထားပါတယ်။"
"ဘာလဲ? ညီလေးလု၊ မင်းထွက်သွားတော့မလို့လား?"
ကျန်းဖန်နှင့် အခြားသူများ ထုံကျင်သွားပြီး အနည်းငယ် နှမြောတသဖြစ်သွားကြသည်။
လုရီက ပြုံးလိုက်သည်။
"ဟုတ်ပါတယ်။ကျွန်တော် စီနီယာအစ်မနဲ့ စီနီယာအစ်မ ရူယွီကို သွားတွေ့မလို့။ သူတို့ မကြာသေးခင်က ဘယ်လိုနေကြလဲ မသိဘူး။"
ဤစကားကို ကြားသောအခါ အားလုံး တိတ်ဆိတ်သွားကြ၏။
"အော်... ဒါဆိုရင်တော့ မင်း တကယ်ပဲ သူတို့ကို သွားတွေ့သင့်ပါတယ်။" ဟု ကျန်းဖန်က ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။
ထိုအခါ ဝမ်ကျန်းအိမ်တော်မှ အကြီးအကဲ တစ်ဦးက မှာကြား၏။
"လုရီ၊ မင်း ငါတို့ရဲ့ သခင်မလေးကို တွေ့ရင် သူ့ကို ကောင်းကောင်း စောင့်ရှောက်ပေးပါ။"
"ဒါပေါ့ဗျ။"
လုရီက ပြုံးကာ ကတိပြုလိုက်သည်။
လုရီ ထွက်ခွာမည်ကို ကြားသောအခါ အားလုံး၏ အငွေ့အသက်မှာ အနည်းငယ် ညိုးငယ်သွားကြ လေသည်။
ထို့နောက် နန်းကုန်းမိုယွီက ရယ်မောလျက် လှုံ့ဆော်လိုက်၏။
"လာစမ်းပါ! ညီလေးလုရီက သွားတော့မှာ၊ ဒီနေ့ ပိုသောက်ကြစို့! မဟုတ်ရင် အနာဂတ်မှာ သူ့ရဲ့ ဝိညာဉ်သေရည်ကောင်းကို အကန့်အသတ်မရှိ သောက်နိုင်တော့မှာ မဟုတ်ဘူး။"
ဤမှတ်ချက်ကြောင့် အားလုံး ရယ်မောလိုက်ကြပြီးနောက် သူတို့၏ ဖန်ခွက်များကို မြှောက်ကာ သောက်လိုက်ကြသည်။ သို့ဆိုသော်ငြားလည်း အားလုံးမှာ အတော်အတန် ထိန်းထိန်းသိမ်းသိမ်း ရှိနေကြ၏။
ညဉ့်နက်သည်အထိ သောက်ပြီးနောက် အားလုံး မိမိ အလိုအလျောက် ပြန်သွားကြသော်လည်း
လုရီက ကျန့်ဖန်နှင့် အခြားမိတ်ဆွေများကို တားဆီးကာ အစည်းအဝေး ခန်းမသို့ ခေါ်ဆောင်သွားသည်။ ထို့နောက် သူက မဟာအခင်းအကျင်းတစ်ခုကို တည်ဆောက်ပြီး ပတ်ဝန်းကျင်မှ ချီ စွမ်းအင်များကို သီးခြားခွဲထုတ်လိုက်၏။
လုရီ ဤမျှ သတိကြီးစွာ ပြုမူသည်ကို မြင်သော် ကျန်းဖန်နှင့် အခြားသူများမှာ နားမလည်နိုင်စွာ ကြည့်နေကြသည်။
နန်းကုန်းမိုယွီက သိချင်စိတ်အား ဖွင့်ဟလိုက်၏။
"ညီလေး၊ ဘာကိစ္စ ဒီလောက်အရေးကြီးလို့ ဒီလောက်တောင် သတိထားနေရတာလဲ?"
လုရီက ပြုံးလိုက်သည်။
"ဒီရက်ပိုင်းအတွင်းမှာ ကံကောင်းစွာနဲ့ ပစ္စည်းကောင်းတွေ တော်တော်များများရခဲ့တယ်၊ အစ်ကိုတို့ကို တစ်ချို့ ပေးမလို့ပါ"
ပြောပြောဆိုဆို လုရီသည် "မှော်ရေရတနာမှတ်တမ်း" ကို ဦးစွာ ထုတ်ယူပြီး ပြော၏။
"ဒါက ကပ်ဘေးဖြတ်ကျော် သိုင်းကျမ်း၊
'မှော်ရေရတနာမှတ်တမ်း'၊ ရေတာအိုရဲ့ သိုင်းတစ်ခုပဲ။ ဒါက စီနီယာ အစ်ကိုကျန့်ဖန်အတွက် အရမ်း သင့်တော်တယ်ဗျ"
ဤစကားကို ကြားသောအခါ ကျန့်ဖန် ထုံကျင်သွားပြီးနောက် တုန်လှုပ်သောအမူအရာကို ပြသလာသည်။
"ကပ်ဘေးဖြတ်ကျော် သိုင်းကျမ်း?!"
အခြားသူများလည်း တုန်လှုပ်သွားကြ၏။ ဤအဆင့်ရှိ သိုင်းသည် ထျန်းမင်တွင် ထိပ်တန်းများထဲမှ တစ်ခုဖြစ်ပြီး အဓိက အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေများမှ အင်မော်တယ်သိုင်းကျမ်းများမှ လွဲ၍ ယင်းထက် ပိုအားကောင်းသော သိုင်းများ မရှိတော့ပေ။
လုရီသည် ထိုသို့သော သိုင်းကို ဤမျှ ပေါ့ပေါ့ပါးပါး ထုတ်ပြနိုင်လိမ့်မည်ဟု သူတို့ မယုံကြည်နိုင်ကြပေ။
လုရီက ခေါင်းညိတ်သည်။
"ဟုတ်တယ်၊ လွန်ခဲ့တဲ့ တချိန်တုန်းက ရခဲ့တာ။ ကျွန်တော့်ရဲ့ အင်မော်တယ်သိုင်းကျမ်းက ခင်ဗျားကို သင်ပေးဖို့
မသင့်တော်ပေမယ့် ဒီသိုင်းကတော့ အံကိုက်ပဲ။"
ထိုအခါ ကျန့်ဖန်သည် လုရီကို အားမနာဘဲ သိုင်းကို တိုက်ရိုက် ယူလိုက်သည်။ သူသည် ဤနှစ်များတစ်လျှောက် လုရီကို အကြွေးတင်နေပြီးသားဖြစ်ရာ ထိုအရာကို သူ၏ နှလုံးသားထဲတွင်သာ မှတ်သားထားလိုက်၏။
ကျန့်ဖန် ပျော်ရွှင်စွာ ပြုံးလိုက်သည်။
"ဒီသိုင်းနဲ့ဆိုရင် ငါ့ရဲ့ ကျင့်ကြံမှုအရှိန်က အကြီးအကျယ်တိုးတက်လာပြီး နတ်ဘုရားအသွင်ပြောင်းနယ်ပယ်ကို ပိုမြန်မြန်အဆင့်ချိုးဖျက်နိုင်တော့မှာ။"
ဤအဖြစ်က အခြားသူများအားလုံးကို မနာလိုမှုဖြင့် စိမ်းသွားစေပြီး ငြူစူသော အကြည့်များဖြင့် ကြည့်နေကြသည်။
"ကျန့်ဖန်..ကောင်စုတ်! ကံကောင်းလိုက်တာ!" ဟု နန်းကုန်းမိုယွီက အံကြိတ်ရင်း
အားကျစွာ ပြော၏။
သူမှာ အဆိုးဆုံး ဖြစ်သည်။ အခြားသူများ၏ ကျင့်ကြံမှုမှာ အဆင်ပြေသော်လည်း သူက မီး အခြေပြု ကျင့်ကြံသူ တစ်ဦးဖြစ်ရာ ထိုသို့သော သိုင်းကို ကျင့်ကြံခြင်းက သူ၏ ကျင့်ကြံမှုကို နှေးကွေးစေမည်သာ ဖြစ်သည်။
နန်းကုန်းမိုယွီ၏ မျက်လုံးများမှာ မနာလိုမှုဖြင့်
နီရဲနေ၏။
အခြားသူများလည်း ကျန့်ဖန်မှာ မယုံနိုင်လောက်အောင် ကံကောင်းသည်ဟု ကျိန်ဆဲ ပြောဆိုနေကြသည်။
အမှန်တကယ်တွင် လုရီလည်း ကျန့်ဖန် ရေဓာတ်သိုင်းတစ်ခု ရရှိခြင်းအတွက် အတော်လေး ကံကောင်းသည်ဟု ခံစားမိသည်။ သို့သော် အလုပ်၏ ပစ်မှတ်မှာ ပင်လယ်မျိုးနွယ်ဖြစ်သောကြောင့် သူ၏ အလုပ်ဆုလာဘ်များမှာ ရေ သို့မဟုတ် ရေခဲဓာတ်နှင့် ပတ်သက်သည်ကများပြီး အခြားဓာတ်များမှာ အနည်းငယ်သာ ပါသည်လေ။ ဤသည်ကို ကောင်းကင်ဘုံ၏ ကံကြမ္မာဟုသာ ခေါ်ဆိုနိုင်ပါသည်။
ကျန့်ဖန်လည်း အလွန် ပျော်ရွှင်နေပြီး အခြားသူများကို အကြိမ်ကြိမ် ဦးညွှတ်ကာ
"မြှောက်လွန်းနေပါပြီ၊ တကယ်ကို မြှောက်လွန်းနေပါပြီ" ဟု ပြန်ပြောလိုက်တော့သည်။
လုရီက ပြုံးလိုက်၏။
"အဖိုးတန်ဆုံးသိုင်းက တစ်ခုတည်းပဲ ရှိပေမယ့် ခင်ဗျားတို့ သုံးလို့ရတဲ့ တခြားအရာတွေလည်း ရှိပါသေးတယ်။"