← Chapters

အခန်း (၄၁၅-၄၁၇)

Vol. 28 Ch. 415-417

အခန်း (၄၁၅-၄၁၇)

Vol. 28 Ch. 415-417

အခန်း ၄၁၅- ကြီးကျယ်သော ခံနိုင်ရည် ...

~ထိုအခိုက်အတန့်တွင် လျိုနင်ရွှမ်းက တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် လုရီကို စူးစမ်းစွာ ကြည့်ကာ မေးလိုက်၏။

"ဂျူနီယာမောင်လေး၊ နင့်ရဲ့ ရေတာအိုစွမ်းရည်က ကျန့်ဖန်နဲ့ ပင်လယ်မျိုးနွယ်ကျင့်ကြံသူတွေနဲ့ တိုက်ခိုက်ရင်း တိုးတက်လာခဲ့တာဆိုတော့... အရင်က ငါနဲ့ သိုင်းပညာဖလှယ်တုန်းကရော... ရေခဲနှလုံးသားကို နားလည်သဘောပေါက်သွားခဲ့သေးလား။"

လုရီက ခေါင်းညိတ်ပြလျက် ဝန်ခံလိုက်သည်။

"ဟုတ်ကဲ့... အနည်းငယ်တော့ နားလည်သဘောပေါက်သွားခဲ့ပါတယ်။"

လျိုနင်ရွှမ်း၏ မျက်နှာအမူအရာမှာ အနည်းငယ် ထူးဆန်းသွားတော့သည်။

"...ဒါဆို... အခု နင့်ရဲ့ ရေခဲတာအိုစွမ်းရည် နားလည်မှုက ဘယ်အဆင့်လောက် ရောက်နေပြီလဲ။"

လုရီက ခြောက်ကပ်စွာ ချောင်းဟန့်လိုက်ပြီး ခန့်မှန်းပြောဆိုလိုက်၏။

"ခန့်မှန်းခြေတော့... ရေခဲတာအိုနယ်ပယ်ရဲ့ ၆၀% ကနေ ၇၀% ကြားလောက် ရှိမယ်ထင်ပါတယ်?"

လျိုနင်ရွှမ်း: “???”

ကျန်းရူယွီ: “???”

သူတို့နှစ်ဦးလုံး ကြောင်အကာ ထုံကျင်သွားကြ၏။ ဘေးမှ ယွင်ရှီးပင်လျှင် လုံးဝ နားမလည်နိုင်အောင် ဖြစ်သွားရလေသည်။

ကျန်းရူယွီက ကျယ်လောင်စွာ အာမေဋိတ်သံပြုလိုက်သည်။

"တကယ်ကြီးလား... ဂျူနီယာမောင်လေး... နင်က နင်ရွှမ်းဆီကနေ ရေခဲတာအိုကို နားလည်သဘောပေါက်သွားတာ... ဘယ်လိုလုပ်ပြီး သူ့ထက်တောင် ပိုနက်ရှိုင်းသွားရတာတုန်း?!”

လုရီက ချက်ချင်းပင် ရှင်းပြလိုက်၏။

"အဟဲ၊ ဒါက 'ကျောင်းသားက ဆရာထက် လက်စောင်းထက်တယ်' ဆိုတဲ့ သဘောတရားမျိုး ပါပဲ ..."

ထိုအခိုက်အတန့်တွင် လျိုနင်ရွှမ်းမှာမူ သူမ၏ ဘဝကိုပင် သံသယဝင်စ ပြုလာတော့သည်။

သူမကိုယ်တိုင်က မွေးရာပါ ရေခဲဝိညာဉ်ခန္ဓာကိုယ် ပိုင်ရှင် ဖြစ်ပြီး

အင်မော်တယ် ခန္ဓာလောက် မကောင်းသော်ငြားလည်း သာမန် လူသား ခန္ဓာများထဲတွင်မူ အပြင်းထန်ဆုံးသော အရည်အချင်းကို ပိုင်ဆိုင်ထားသူဖြစ်၏။

ထို့အပြင် တန်ဖိုးမဖြတ်နိုင်သော ရေခဲဝိညာဉ်ပုလဲ၏ အကူအညီပါ ရရှိထားရာ သူမသည် ကျင့်ကြံရာတွင် အမှန်ပင် ကြိုးစားအားထုတ်ခဲ့လေသည်။ သို့သော် သူမ၏ နားလည်မှုစွမ်းရည်က ဂျူနီယာမောင်လေးနှင့် သိုင်းပညာဖလှယ်သည့် အချိန်အတွင်း ရရှိသွားသော နားလည်မှုလောက်ပင် မကောင်းနိုင်ရလေသလော။

လျိုနင်ရွှမ်း၏ အေးစက် တည်ငြိမ်သော မျက်နှာပေါ်တွင် မယုံကြည်နိုင်သည့် အရိပ်အယောင်များ ထင်ဟပ်လာတော့သည်။

ထိုအဖြစ်ကို မြင်သောအခါ လုရီ၏ ရင်ထဲတွင် စိုးရိမ်စိတ်တို့က ရုတ်တရက် ဝင်ရောက်လာ၏။

သူ၏ စီနီယာအစ်မ၏ တာအိုနှလုံးသားတွင် ပြဿနာတစ်စုံတစ်ရာ ဖြစ်ပေါ်သွားမည်ကို စိုးရိမ်မိသောကြောင့်တည်း။

တခြားသူများ ပြဿနာတက်လျှင် ကိစ္စမရှိသော်လည်း သူ၏ စီနီယာအစ်မမှာမူ လုံးဝ

မဖြစ်ပေ။ ထို့ကြောင့် သူက အလျင်အမြန် ရှင်းပြလိုက်သည်။

"တကယ်တော့ ကျွန်တော့်မှာ ဘယ်လို တာအိုစွမ်းရည်မျိုးကိုမဆို အလွန်အမင်း အာရုံခံနိုင်တဲ့

စွမ်းရည် ရှိနေလို့ပါ၊ ကျွန်တော့်ရဲ့ ရုပ်ခန္ဓာအရည်အသွေးကလည်း ထူးကဲနေလို့ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် စီနီယာအစ်မ... အများကြီး

မတွေးပါနဲ့၊ ဒါက ခင်ဗျားရဲ့ ပြဿနာ မဟုတ်ပါဘူး။"

လုရီ၏ အတိတ်က စွမ်းဆောင်ရည်များကို ပြန်ပြောင်းသတိရလိုက်ကြသောအခါ လျိုနင်ရွှမ်း၊ ကျန်းရူယွီနှင့် ယွင်ရှီးတို့အားလုံး ရုတ်တရက် ဉာဏ်ပွင့်သွားသလို ဖြစ်သွားကြလေသည်။

လျိုနင်ရွှမ်းက စဉ်းစားရင်း ဆို၏။

"မထူးဆန်းတော့ပါဘူး... ဂျူနီယာမောင်လေး၊ နင့်ရဲ့ ကျင့်ကြံမှု အဆင့်က ဒီလောက် မြန်မြန်ဆန်ဆန် တိုးတက်နေပြီး အမျိုးမျိုးသော တာအိုစွမ်းရည်တွေကို နားလည်မှုကလည်း လျင်မြန်နေတာ... နင့်ရဲ့ ရုပ်ခန္ဓာဖွဲ့စည်းပုံက ဘာလဲ။ အင်မော်တယ်ခန္ဓာများ ဖြစ်နေမလား။"

လုရီက ရှက်ကိုးရှက်ကန်း ပြုံးလိုက်ပြီး

ခွန်းတုံ့ပြန်သည်။

"ကျွန်တော်လည်း သိပ်တော့ မရှင်းဘူး၊ ဒါပေမဲ့ တော်တော်လေးတော့ ဆင်တူမယ် ထင်ပါတယ်?

"အံ့ဩစရာ မရှိတော့ဘူး၊" ကျန်းရူယွီက ခေါင်းကို အဆက်မပြတ် ညိတ်ရင်း ဝင်ရောက်ပြောဆို၏။ "ငါသိသားပဲ၊ သာမန်ခန္ဓာကိုယ်တစ်ခုက ဘယ်လိုလုပ် ဒီလောက်တောင် အားကြီးနိုင်မှာလဲ။"

ယွင်ရှီးကလည်း ပြုံး၍ ထောက်ခံသည်။

"အင်မော်တယ်ခန္ဓာတွေထဲမှာတောင် လုရီရဲ့ အရည်အချင်းက အကောင်းဆုံးတွေထဲက တစ်ခုဖြစ်မှာ သေချာတယ်။"

အကြောင်းမူကား အင်မော်တယ်ခန္ဓာပိုင်ရှင်တစ်ဦးအနေဖြင့် ယွင်ရှီးသည် အင်မော်တယ်ခန္ဓာတစ်ခု မည်မျှ အစွမ်းထက်သည်ကို ကောင်းကောင်းသိနေပေသည်။ လုရီ၏ စွမ်းဆောင်ရည်မှာ သာမန် အင်မော်တယ် ခန္ဓာ ပိုင်ရှင်ထက်ပင် ပို၍ အားကောင်းနေလေသည်။

လုရီက ပြုံးလိုက်၏။ တာအိုစွမ်းအားဖြင့် တည်ဆောက်ထားသော သူ၏ ခန္ဓာကိုယ်နှင့် နှိုင်းယှဉ်နိုင်မည့် အင်မော်တယ်ခန္ဓာမျိုး ရှိချင်မှ ရှိပေလိမ့်မည်။

ထိုအခါ ကျန်းရူယွီက တက်ကြွစွာ ဆိုလာသည်။

"မဖြစ်ဘူး! ဒီလိုဆိုရင် သိုင်းပညာဖလှယ်တဲ့အခါ နင်က ငါတို့နဲ့ တူညီတဲ့ တာအိုစွမ်းရည်တွေကို သုံးသင့်တယ်၊ ဒါဆိုရင် ငါတို့လည်း ထိုးထွင်းဉာဏ်အချို့ ရနိုင်ကောင်းရဲ့။"

ထိုစကားကို ကြားသောအခါ လုရီမှာ အံ့အားသင့်သွား၏။ သူသည် ဤအချက်ကို ယခင်က

မစဉ်းစားခဲ့မိပေ။ အကယ်၍ လုရီက သူတို့နှင့် တူညီသော တာအိုစွမ်းရည်များကို သုံးမည်ဆိုလျှင် ထိုအရာသည် သူတို့အတွက်လည်း လေ့လာသင်ယူနိုင်သော အရာတစ်ခု ဖြစ်လာမည်ဖြစ်ပြီး သူတို့၏ အရည်အချင်းများဖြင့် တိုးတက်မှုများ ရရှိနိုင်ပေလိမ့်မည်။ ဤသည်မှာ အကြံကောင်းတစ်ခု ဖြစ်၏။

လုရီက ရယ်မောလိုက်ပြီး သဘောတူလိုက်သည်။

"ကျွန်တော့် စီနီယာအစ်မ ရူယွီက တကယ်ကို တော်တာပဲ၊ ဒါ အကြံကောင်းပဲ၊ ဒီအတိုင်း လုပ်ကြမလား။ သိုင်းပညာ ဖလှယ် ပွဲတစ်ပွဲလောက်

စလိုက်ကြရအောင်။"

"လုပ်ကြစို့!"

ကျန်းရူယွီမှာ အလွန်တက်ကြွနေလေသည်။

အဘယ်ကြောင့်ဆိုသော် သူမ၏ ဓားတာအိုနယ်ပယ်မှာ ဤအဆင့်သို့ ရောက်ပြီးနောက်ပိုင်း အချိန်အတော်ကြာ တိုးတက်မှု မရှိတော့သောကြောင့်တည်း။

အင်မော်တယ်ခန္ဓာတစ်ဦး ဖြစ်နေသော်လည်း ဓားတာအိုနယ်ပယ် ၉၀% သို့ ရောက်ရှိပြီးနောက်တွင်မူ ရှေ့ဆက်တိုးရန် အလွန်ပင် ခက်ခဲလာတော့သည်။ မည်သို့ပင်ဆိုစေကာမူ သူမ၏ ကျင့်ကြံမှုအဆင့်မှာ အလွန်နိမ့်နေသေးသည် မဟုတ်လော။ သူမသည်လည်း လုရီမှတစ်ဆင့် မိမိကိုယ်ကို တိုးတက်စေမည့် အခွင့်အရေးကို ရှာဖွေရန် မျှော်လင့်နေခဲ့ပါသည်။

ကွဲပြားသော မျှော်လင့်ချက်များဖြင့် သူတို့လေးဦးသည် လူသူကင်းမဲ့သော လွင်တီးပြင် ဒေသတစ်ခုသို့ သွားရောက်ခဲ့ကြသည်။

ကျန်းရူယွီနှင့် လုရီတို့သည် သူတို့၏ သိုင်းပညာဖလှယ်ပွဲကို စတင်ရန် ပြင်ဆင်နေကြတော့သည်။ သူတို့နှစ်ဦးစလုံးမှာ ဝတ်ရုံဖြူများ ဝတ်ဆင်ထားပြီး လေထဲတွင် ရပ်နေကြရာ သူတို့၏ ဝတ်ရုံစများက လေတွင် တလွင့်လွင့်လူးနေပြီး ဓားစိတ်ဆန္ဒများက သူတို့ပတ်လည်တွင် ဝန်းရံနေလျက် ရှိ၏။ ထိုမြင်ကွင်းမှာ လေထဲတွင် ရပ်နေသော ဝတ်ရုံဖြူဝတ် ဓားအင်မော်တယ် နှစ်ပါးနှယ်ပင်။

သူတို့၏ ဓားတာအိုနယ်ပယ်များက အရှိန်အဟုန်ဖြင့် တိုးထွက်လာကာ စိတ်ကူးဖြင့်ပင် မမှန်းဆနိုင်သော ကြောက်မက်ဖွယ် စွမ်းအားများကို သယ်ဆောင်လာတော့သည်။ ကောင်းကင်ပြင်တွင် သတ္တုသံများက အဆက်မပြတ် ပဲ့တင်ထပ်နေပြီး ဟင်းလင်းပြင်တွင် သေးငယ်သော အက်ကွဲကြောင်းများက အခါအားလျော်စွာ ပေါ်ထွက်လာလေသည်။

လုရီ၏ ဓားတာအိုနယ်ပယ်မှာလည်း အားနည်းသည်တော့ မဟုတ်ပေ။ သူ၏ နားလည်မှုနှင့် ယခင်က ရရှိခဲ့သော ကံကောင်းသည့် အခွင့်အရေးများ ပေါင်းစပ်လိုက်သောအခါ ၆၀% ခန့်အထိ ရောက်ရှိနေလေပြီ။ သို့သော် ကျန်းရူယွီနှင့် နှိုင်းယှဉ်လျှင်မူ အားနည်းနေသေး၏။

လုရီ၏ ဓားတာအိုနယ်ပယ်မှာ ကျန်းရူယွီ၏ ဖိအားပေးမှုအောက်တွင် အဆက်မပြတ် ကျုံ့ဝင်သွားတော့သည်။

ကျန်းရူယွီက အောင်နိုင်သူ တစ်ယောက်ကဲ့သို့ အောင်ပွဲခံကာ ရယ်မောလိုက်သည်။

"အဟင်းဟင်း~ ဂျူနီယာမောင်လေး၊ နင်က

တာအို အမျိုးအစားတွေ အများကြီးကို လေ့ကျင့်နေပေမဲ့ ငါကတော့ ဓားတာအို တစ်ခုတည်းကိုပဲ အာရုံစိုက်တာ... ဓားတာအို လမ်းကြောင်း

တစ်ခုတည်းမှာတော့ အခုလက်ရှိ နင်က ငါ့ပြိုင်ဘက် မဟုတ်သေးဘူး!”

လုရီက တည်ငြိမ်စွာ ပြုံးလျက် ခွန်းတုံ့ပြန်သည်။

"ကျွန်တော်က မကြာသေးခင်က ဓားတာအိုကို သိပ်အာရုံမစိုက်ဖြစ်လို့ပါ၊ နောက်ခဏနေရင်တော့ စီနီယာအစ်မ ရူယွီကို အမီလိုက်နိုင်မှာပါ။"

"ဟွန့်! ဓားအင်မော်တယ်ဖြစ်တဲ့ ငါ့ကိုလည်း အထင်မသေးနဲ့ဦး...နင့်ကို ဒီလောက်လွယ်လွယ်နဲ့တော့ အမီလိုက်မခံနိုင်ဘူး"

ကျန်းရူယွီက သူမ၏ ချွန်မြသော နှာတံလေးကို မော့ကာ ကြွေးကြော်လိုက်သည်။

"ဓားတာအိုတစ်ခုတည်းမှာ နင် ဘယ်လောက် အစွမ်းထက်လဲဆိုတာ ငါမြင်ရသေးတာပေါ့"

ကျန်းရူယွီက ဟစ်ကြွေးလိုက်သည်နှင့် သူမ၏ လက်ထဲတွင် ရှည်လျားသော ဓားတစ်လက် ပေါ်ထွက်လာ၏။ ကောင်းကင်ယံတွင်လည်း

မရေမတွက်နိုင်သော ကျောက်စိမ်းဓားများ ပေါ်ထွက်လာတော့သည်။

ကျောက်စိမ်းဓားများမှာ အဆုံးအစမရှိဘဲ သိန်းပေါင်းများစွာ အရေအတွက်ရှိကာ ကြောက်မက်ဖွယ် ဓားစိတ်ဆန္ဒတို့က ကောင်းကင်နှင့်မြေကြီးကို စုတ်ပြဲစေလျက် မြေပြင်မှာလည်း တုန်ခါသွားစေ၏။ ကျောက်စိမ်းဓားအလင်းတန်းတစ်ခုမှာ ကောင်းကင်သို့ တဟုန်ထိုး တက်သွားပြီး ကောင်းကင်မျက်နှာကျက်ကိုပင် စုတ်ဖြဲသွားတော့သည်။

အင်မော်တယ်ခန္ဓာ တစ်ဦးဖြစ်သည့်အပြင် ကျန်းရူယွီသည် ဟင်းလင်းပြင်ဥမင်အဆင့် ၅၀% သာ ရရှိသေးသော်လည်း သူမ ပြသလိုက်သော အရှိန်အဝါမှာ သာမန် ပေါင်းစည်းခြင်းနယ်ပယ် ပုဂ္ဂိုလ်ကြီးတစ်ဦးထက်ပင် သာလွန်နေလေသည်။ လုရီပင်လျှင် အတော်အတန် ခြိမ်းခြောက်မှုကို ခံစားလိုက်ရ၏။

သို့ဖြစ်သော်လည်း လုရီသည် အခင်းအကျင်းတာအိုကို မသုံးသလို အခြားသော တာအိုစွမ်းရည်များကိုလည်း မသုံးဘဲ ကျန်းရူယွီနှင့် တိုက်ပွဲတွင် ဓားတာအိုတစ်ခုတည်းကိုသာ အသုံးပြုရန် စီစဉ်ထားလေသည်။

သူ့အတွက်မူ ဤအရာသည်လည်း သိုင်းပညာ ဖလှယ်ခြင်း တစ်မျိုးပင် ဖြစ်တော့သည်။

တုန်ခါအလင်းဓားသည် လုရီ၏ လက်ထဲတွင် ပေါ်ထွက်လာပြီး ရွှေရောင်ဓားအလင်းတန်းမျှင်များက သူ၏ ပတ်ပတ်လည်တွင် စီးဆင်းနေ၏။

သူ၏ ဓားအလင်းတန်းမှာ

ကျန်းရူယွီကဲ့သို့ အစွမ်းထက်လှသည် မဟုတ်သော်လည်း အလျှော့မပေးသော ဇွဲလုံ့လ၏ အငွေ့အသက်များ ပါဝင်နေလေသည်။

အခန်း ၄၁၆- ကြီးကျယ်သော ခံနိုင်ရည်...

~အင်မော်တယ် ဓားစိတ်ဆန္ဒ

ကျန်းရူယွီသည် သူမ၏ ရှေ့တွင် ရှည်လျားသော ဓားကို ချိတ်ဆွဲထားရင်း လက်နှစ်ဖက်ဖြင့် လျင်မြန်စွာ တံဆိပ်ပုံစံများကို ဖွဲ့ကာ မာန်သွင်းလိုက်၏။

"နတ်ဓားသိုင်းကျမ်း...ဓားတစ်သောင်းသတ်ဖြတ်ခြင်းသိုင်း"

ထူထပ်စွာ စုဝေးနေသော ကျောက်စိမ်းဖြူရောင် ရှည်လျားသည့် ဓားများက တညီတညွတ်တည်း ပဲ့တင်ထပ်သွားသောအခါ နားဝင်ချိုလှသော ဓားသံစဉ်များက ကောင်းကင်နှင့် မြေကြီးအကြား ပျံ့လွင့်သွားကာ ဓားစိတ်ဆန္ဒ စီးကြောင်းများမှာ အရပ်မျက်နှာအနှံ့သို့ ပြန့်ကျဲသွားတော့သည်။

အောက်ဘက်ရှိ ကွင်းပြင်ကျယ်ထဲတွင် ဓားအလင်းတန်းများက တဝှေ့ဝှေ့ ဖြတ်သန်းသွားပြီး မိုးကုတ်စက်ဝိုင်းအထိ ရှည်လျားသော ဓားခြေရာများကို ချန်ထားရစ်ခဲ့လေသည်။ ကောင်းကင်တစ်ခုလုံးမှာ ကျောက်စိမ်းဖြူရောင်ဖြင့် ဆေးဆိုးခံထားရသည့်အလား ထင်မှတ်မှားဖွယ် ဖြစ်တည်သွားတော့၏။

လုရီပင်လျှင် ခြိမ်းခြောက်မှု အရိပ်အယောင်ကို ခံစားလိုက်ရသည်။

အကယ်၍ လုရီသာ အခင်းအကျင်းတာအိုကို အသုံးပြုလိုက်မည်ဆိုလျှင် ကျန်းရူယွီကို အလွယ်တကူ နှိမ်နင်းနိုင်ပေလိမ့်မည်။ သို့ဖြစ်သော်ငြားလည်း ဓားစိတ်ဆန္ဒတစ်ခုတည်းကိုသာ အားကိုးသည့်တိုင် လုရီသည် ဖိအားကို ခံစားနေရဆဲ ဖြစ်၏။ သူ့ရင်ထဲတွင် တိတ်တဆိတ် ချီးကျူးလိုက်မိသည်။

‘စီနီယာအစ်မ ရူယွီကတော့ တစ်နေ့တခြား ပိုပိုပြီး အစွမ်းထက်လာပါလား...’

နောက်တစ်ခဏ၌ လုရီသည် သူ၏လက်ထဲမှ ရှည်လျားသော ဓားကို မြှောက်လိုက်ပြီး ခပ်ဖွဖွ ရယ်မောကာ ကြွေးကြော်လိုက်သည်။

"ကောင်းကင်ဓား ကိုးချက်!"

ထိုအခိုက်အတန့်တွင် ကောင်းကင်တာအို၏ ဖိအားတစ်ခု ရုတ်တရက် ပေါ်ထွက်လာသည့်အလား၊ ကောင်းကင်နှင့်မြေကြီး၏ စိတ်ဆန္ဒကို ကိုယ်စားပြုသော ဓားအလင်းတန်းတစ်ခုမှာ ကောင်းကင်သို့ တဟုန်ထိုး တက်သွား၏။

လွှမ်းမိုးနိုင်သော အရှိန်အဝါနှင့်အတူ ရွှေရောင်ဓားအလင်းတန်းသည် မီတာပေါင်း သောင်းနှင့်ချီ၍ ကောင်းကင်ယံကို စုတ်ဖြဲကာ အဆုံးအစမရှိသော ကျောက်စိမ်းဖြူရောင် ဓားအလင်းတန်းများဆီသို့ ခုတ်ပိုင်းချလိုက်တော့သည်။

ဘုန်း... ဘုန်း... ဘုန်း... ဘုန်း!!!

ပြင်းထန်သော ပေါက်ကွဲသံများအောက်တွင် ကျောက်စိမ်းဖြူရောင် ဓားအလင်းတန်းများမှာ အစုလိုက် အပြုံလိုက် ကြေမွပျောက်ကွယ်သွားပြီး ရွှေရောင်ဓားအလင်းတန်းမှာလည်း တဖြည်းဖြည်း မှေးမှိန်သွားလေသည်။

ကျန်းရူယွီသည် အင်မော်တယ်ခန္ဓာပိုင်ရှင်တစ်ဦးအနေဖြင့် နတ်ဓားသိုင်းကျမ်းတွင် အလွန်ကျွမ်းကျင်သကဲ့သို့ သတ်ဖြတ်ရေး ဓားသိုင်းများကို ကျွမ်းကျင် ပိုင်နိုင်မှုမှာလည်း အလားတူပင် ဖြစ်၏။

သို့သော် လုရီတွင် စနစ်၏ အလုပ် မျက်နှာပြင် ရှိနေသည်။ ထိုအရာက သိုင်းပညာများအပေါ် သူ၏ ထိန်းချုပ်နိုင်စွမ်းကို သာမန်ထက် ကျော်လွန်စေလေသည်။ ပုံမှန်အားဖြင့် သိုင်းပညာ တစ်ခုကို စစ်မှန်လောက ပြန်လည် ရောက်ရှိခြင်း နယ်ပယ်အထိသာ မြှင့်တင်နိုင်ပေသည်။

သို့သော် လုရီမှာမူ ထိုသို့ မဟုတ်ပေ။ သူ၏ သိုင်းပညာများသည် စစ်မှန်လောက ပြန်လည် ရောက်ရှိခြင်းကို ကျော်လွန်ကာ အထွတ်အထိပ်အဆင့်သို့ တက်လှမ်းနိုင်ပြီး၊ ထို့နောက်တွင်မူ နတ်ဘုရားအဆင့် စွမ်းရည်များကဲ့သို့ အစွမ်းထက်လှတော့သည်။ လုရီသည် ကောင်းကင်ဓား ကိုးချက်ကို အထွတ်အထိပ်အဆင့်သို့ ရောက်အောင် ရှေးပဝေသဏီကတည်းက ကျွမ်းကျင်ပိုင်နိုင်ခဲ့ပြီးဖြစ်ရာ ၎င်းမှာ နတ်ဘုရားအဆင့် စွမ်းရည်တစ်ခုလို ဖြစ်နေခဲ့ပြီ ဖြစ်၏။

တူညီသော ဟင်းလင်းပြင်ဥမင်အဆင့် သတ်ဖြတ်ရေးဓားသိုင်းဖြစ်လင့်ကစား လုရီ၏ ကောင်းကင်ဓားသိုင်း ကိုးချက်မှာ သောင်းသေဓားသိုင်းထက် သာလွန်ကောင်းမွန်သည်မှာ သဘာဝကျပေသည်။ သို့ဖြစ်သော်ငြားလည်း ကျန်းရူယွီ၏ ဓားတာအိုနယ်ပယ်အဆင့်မှာ အလွန်မြင့်မားပြီး လုရီထက် သာလွန်နေသောကြောင့် သောင်းသေဓားသိုင်း၏ စွမ်းအားမှာ ကောင်းကင်ဓားသိုင်း ကိုးချက်ထက် မနိမ့်ကျခဲ့ခြင်း ဖြစ်ချေသည်။

ဓားသိုင်းနှစ်ခုသည် လေထဲတွင် ခဏမျှ ထိပ်တိုက်တွေ့ပြီးနောက် ဓားတစ်သောင်းသတ်ဖြတ်ခြင်း ဓားသိုင်းမှာ ပျောက်ကွယ်သွားပြီး မှေးမှိန်နေသော ကောင်းကင်ဓားသိုင်း ကိုးချက်ကမူ ကောင်းကင်ယံကို ဖြတ်သန်းကာ

ကျန်းရူယွီထံသို့ တိုးဝင်ခုတ်ပိုင်းသွားတော့သည်။

ကျန်းရူယွီ၏ မျက်လုံးအိမ်များမှာ ကျုံ့သွားပြီး လုံးဝကို ထိတ်လန့်တုန်လှုပ်သွား၏။ လုရီက သူမ၏ နတ်ဓားသိုင်းကျမ်းမှ သတ်ဖြတ်ရေး လျှို့ဝှက်သိုင်းကွက်ကို ဓားတစ်ချက်တည်းဖြင့် ချိုးဖျက်နိုင်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။

ကျန်းရူယွီ၏ ဆံနွယ်နက်များက လေထဲတွင် ဝေ့ဝဲသွားပြီး ကြည်လင်သော ဓားသံတစ်ချက် ထွက်ပေါ်လာသည်။ သူမ၏ ခန္ဓာကိုယ်သည် ကျောက်စိမ်းဖြူရောင် အလင်းတန်းများဖြင့် တောက်ပလာပြီး ချောမွေ့သော နဖူးပြင်ပေါ်တွင် ဓားတံဆိပ်တစ်ခု ဖြစ်ပေါ်လာကာ သူမ၏ တစ်ကိုယ်လုံးမှာ ရှည်လျားသော ဓားတစ်လက်အဖြစ် ပြောင်းလဲသွားသည့်နှယ်။

ရှည်လျားသော ခြေချောင်းများဖြင့် ခြေလှမ်းကျဲကြီး တစ်လှမ်း လှမ်းလိုက်ပြီး ကီလိုမီတာ ရာပေါင်းများစွာ ကျယ်ဝန်းသော သူမ၏ ဓားတာအိုနယ်ပယ်ကို ကျုံ့ကာ ခန္ဓာကိုယ်ပတ်လည်တွင် တဖြည်းဖြည်း စုစည်းစေလိုက်သည်။ နောက်တစ်ခဏ၌ သူမက မာန်သွင်းကာ တိုက်ကွက်

ထုတ်ဖော်လိုက်၏။

"နတ်ဓားသိုင်းကျမ်း... နတ်ဓားချက်"

မီတာပေါင်း သောင်းနှင့်ချီသော ကျောက်စိမ်းဖြူရောင် ရှည်လျားသည့် ဓားတစ်လက်မှာ လေထဲတွင် ပေါ်ထွက်လာပြီး နတ်ဘုရားတစ်ပါးက ဓားကို မြှောက်ကာ လုရီထံသို့ ခုတ်ပိုင်းချလိုက်သည့်အလားပင်။

ဧရာမ ကျောက်စိမ်းဖြူရောင် ရှည်လျားသည့် ဓားကြီးအောက်တွင် လုရီ၏ ပုံရိပ်မှာ ဖုန်မှုန့်တစ်စေ့မျှသာ သေးငယ်နေပုံရ၏။ သို့သော် သူ၏ အရှိန်အဝါမှာမူ လူထွားကြီးတစ်ယောက်ကဲ့သို့ပင်။

လုရီ၏ ဓားတာအိုသိုင်းပညာ ကျင့်ကြံမှုမှာ ကျန်းရူယွီထက် များစွာ သာလွန်သော်လည်း၊

ကျန်းရူယွီ၏ ဓားတာအို နားလည်မှုမှာမူ လုရီထက် များစွာ သာလွန်နေပြန်သည်။ ဤနေရာများတွင် သူတို့နှစ်ဦး၏ အစွမ်းမှာ ကွာခြားမှုများစွာ မရှိလှပေ။

ပြဿနာမှာ လုရီ၏ အခြေခံအုတ်မြစ်က အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းနေခြင်း ဖြစ်သည်။ သူ၏ စွမ်းအား တိုးတက်မှုတိုင်းတွင် တာအို ရတနာများကို အသုံးပြုခြင်း ပါဝင်ပြီး၊ အဆင့်ချိုးဖြတ်မှုတိုင်းတွင် သာမန်ကျင့်ကြံသူများထက် များစွာ သာလွန်သော ဝိညာဉ်စွမ်းအင်ပမာဏကို လိုအပ်လေရာ အင်မော်တယ်ခန္ဓာပင်လျှင် နှိုင်းယှဉ်၍ မရနိုင်ပါပေ။

တခြားအရာများကို ထည့်မပြောဘဲ၊ သူကျင့်ကြံနေသော အဓိက ကျင့်ကြံခြင်း နည်းစနစ်ကိုသာ ကြည့်လျှင်ပင် လုရီသည် အင်မော်တယ်ဓားသိုင်းကျမ်း၏ အခန်းတိုင်းကို အထွတ်အထိပ်အဆင့်သို့ ရောက်အောင် မြှင့်တင်ထားခဲ့သည်။

မည်မျှ ကြောက်မက်ဖွယ်ကောင်းသော အခြေခံအုတ်မြစ် ဖြစ်ပါသနည်း။

ယခုအချိန်တွင် လုရီ၏ ဝိညာဉ်စွမ်းအင် အရည်အသွေးမှာ ပေါင်းစည်းခြင်း နယ်ပယ် ကျင့်ကြံသူ တစ်ဦးထက်ပင် ပိုမို အားကောင်းပြီး အားနည်းသော မဟာယာန ပုဂ္ဂိုလ်ကြီး တစ်ဦးနှင့်ပင် နှိုင်းယှဉ်နိုင်လေသည်။

ကျန်းရူယွီသည် အင်မော်တယ်ခန္ဓာ ပိုင်ဆိုင်ထားသော်ငြားလည်း၊ ဤကိစ္စတွင် ကွာဟမှုမှာ အလွန်ပင် ကြီးမားလှ၏။

လုရီသည် သူ၏ အစွမ်းကုန်ကို အသုံးမပြုနေသော်လည်း၊ ထိုသို့ဖြစ်လင့်ကစား သူသည် ကျန်းရူယွီနှင့် တန်းတူရည်တူ ယှဉ်ပြိုင်တိုက်ခိုက်နိုင်လေသည်။

လုရီတွင် အစွမ်းကုန်ထုတ်သုံးရန် ရည်ရွယ်ချက်လည်း မရှိပေ။ မည်သို့ပင်ဆိုစေ သူ၏ စီနီယာအစ်မသည် သူ၏ ရေခဲတာအိုနားလည်မှု အတိုင်းအတာကို ကြားရုံမျှဖြင့် ဘဝကို သံသယဝင်စပြုခဲ့သည်ကို သူ သတိရနေသေးသည်။

အကယ်၍ သူသာ ယခု အစွမ်းကုန်ထုတ်သုံးပြီး

စီနီယာအစ်မ ရူယွီကိုပါ ဘဝကို သံသယဝင်စေကာ သူမ၏ တာအိုနှလုံးသားကို မတည်မငြိမ်ဖြစ်စေခဲ့လျှင်၊ ထိုအရာမှာ အလွန်ကြီးမားသော ဆုံးရှုံးမှုတစ်ရပ် ဖြစ်ပေလိမ့်မည်။

ထည့်သွင်းစဉ်းစားရန် ရှေ့ပြေးသာဓကများလည်း ရှိနေသည်။ ကောင်းကင်နဂါး သူတော်စင်သားတော်သည် သူ၏ လက်သီးတစ်ချက်တည်းဖြင့် စိတ်ကျရောဂါ ဖြစ်သွားခဲ့သည်ကို ပြန်တွေးကြည့်နိုင်ပါသည်။ ထိုအချိန်က သူသည် သူ၏ အင်အား အစွမ်းကုန်ကိုပင် အသုံးမပြုခဲ့သေးပေ။

ထို့ကြောင့် လုရီက သူ၏ ဝိညာဉ်စွမ်းအင် အရည်အသွေးကို ဖိနှိပ်ထားပြီး သူ၏ ဓားတာအိုနယ်မြေနှင့် လက်ရာမြောက်စွာ သန့်စင်ထားသော ဓားတာအိုစွမ်းရည်များဖြင့် ကျန်းရူယွီနှင့် တိုက်ခိုက်ခဲ့သည်။

ကျန်းရူယွီ၏ ဓားတာအို အရည်အချင်းမှာ အလွန် မြင့်မားပြီး၊ ဤသို့သော သိုင်းပညာဖလှယ်မှုသည် သူမ၏ ဓားတာအိုနယ်ပယ်အတွက်လည်း အကျိုးရှိပါလိမ့်မည်။

အကယ်၍ ကျန်းရူယွီ နောက်ပိုင်းတွင် ပိုမိုအားကောင်းလာပါက၊ ထိုအရာသည် အလွန်ကောင်းမွန်သော ကိစ္စရပ် တစ်ခု ဖြစ်လာမည်မှာ သေချာသည်။

သူတို့နှစ်ဦးကြားက တိုက်ပွဲမှာ အလွန်ပြင်းထန်လှပြီး၊ မီတာပေါင်း သောင်းနှင့်ချီ ရှည်လျားသော ဓားအလင်းတန်းများက ကောင်းကင်နှင့်မြေပြင်ကို ဆက်တိုင်ပင် တဝီဝီ ဖြတ်သန်းသွားကာ ကွင်းပြင်တစ်ခွင်လုံးတွင် နက်ရှိုင်းပြီး အောက်ခြေမရှိသော ဓားခြစ်ရာများကို ချန်ထားရစ်ခဲ့၏။

လူသူကင်းမဲ့သော မြင်ကွင်းတွင် မရေမတွက်နိုင်သော အက်ကွဲကြောင်းများ ပေါ်ထွက်လာစေပြီး မြေမျက်နှာသွင်ပြင်ကို သိသိသာသာ ပြောင်းလဲသွားစေတော့သည်။

အကြိမ်ရာပေါင်းများစွာ တိုက်ခိုက်ပြီးနောက်၊

လုရီသည် သူ၏ စွမ်းအားကို မြှင့်တင်လိုက်ပြီး ဓားတစ်ချက်တည်းဖြင့် ကျန်းရူယွီကို လွင့်စင်သွားအောင် ခုတ်ပိုင်းလိုက်တော့သည်။

ကျန်းရူယွီ၏ ချောမောသော မျက်နှာပေါ်တွင် ဖြူဖျော့သော အရိပ်အယောင်တစ်ခု ပေါ်လာပြီး၊

လုရီ၏ ဓားချက်ကြောင့် တုန်ခါသွားသဖြင့် သူမ၏ သွေးနှင့် ချီတို့မှာ ဆူဝေသွားတော့သည်။

ထို့နောက် အခွင့်အရေးကို အရယူကာ လုရီသည် ချက်ချင်းပင် ကျန်းရူယွီ၏ ဘေးသို့ ခြေတစ်လှမ်းတိုးလိုက်ပြီး၊ သူမ၏ ကျစ်လစ်သော ခါးလေးကို လက်တစ်ဖက်ဖြင့် သိုင်းဖက်လိုက်ကာ ပြုံး၍ ဆိုလိုက်သည်။

"စီနီယာအစ်မ ရူယွီ၊ ကျွန်တော့်ကို အနိုင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ။"

ကျန်းရူယွီသည် သူမ၏ ခါးထက်မှ နွေးထွေးမှုကို ခံစားလိုက်ရပြီး၊ သူမ၏ ခန္ဓာကိုယ်လေးမှာ အနည်းငယ် ပျော့ခွေသွားကာ လုရီ၏ ရင်ခွင်ထဲသို့ မှီကျသွားသည်။

အတွင်းစိတ်တွင်မူ သူမသည် အလွန်အမင်း အံ့အားသင့်နေပြီး၊ မျက်လုံးများ ပြူးကျယ်လျက် လုရီကို ကြည့်ကာ မယုံနိုင်စွာ ရေရွတ်လာသည်။

"ဂျူနီယာမောင်လေး၊ နင့်ရဲ့ ဓားတာအိုစွမ်းရည် ကျွမ်းကျင်မှုက ဒီအဆင့်အထိ ရောက်နေပြီဆိုတာ တကယ်ကို မယုံနိုင်စရာပဲ၊ အရမ်းကို မြင့်မားလွန်းတယ်။"

လုရီက ပြုံးလိုက်ပြီး "အကျိုးကျေးဇူးတွေ ရလိုက်ရဲ့လား" ဟု မေးမြန်းလိုက်သည်။

ယခင်တိုက်ပွဲကို ပြန်တွေးကြည့်ရင်း

ကျန်းရူယွီ၏ အပြုံးမှာ တောက်ပလာပြီးနောက် ခေါင်းညိတ်လိုက်၏။

"ရတာပေါ့၊ ငါ ဒီအကြောင်းကို နက်နက်နဲနဲ ပြန်စဉ်းစားလိုက်ဦးမယ်။ ငါ့ရဲ့ ဓားတာအိုနယ်ပယ်ကို နောက်တစ်ဆင့်မြှင့်တင်ဖို့ အခွင့်အရေး တကယ်ရှိနိုင်တယ်၊ ပြီးတော့ ငါ့ရဲ့ ကိုယ်ပိုင် ဓားတာအိုစွမ်းရည်တွေအပေါ် နားလည်မှုအတွက်လည်း အများကြီး အထောက်အကူပြုတယ်။"

"ဒါ ကြားရတာ ဝမ်းသာပါတယ်၊" လုရီက ဆိုလိုက်ပြီး သူ၏ မျက်လုံးများက အရောင်တောက်လာကာ ရင်ထဲတွင် ပျော်ရွှင်သွားသည်။ အမှန်ပင်၊ ဤနည်းလမ်းမှာ ကောင်းမွန်လှပေသည်။

သူမတို့နှင့် တူညီသော တာအိုစွမ်းရည်များကို အသုံးပြု၍ တိုက်ခိုက်ခြင်းသည် သူမတို့၏ တိုးတက်မှုကို အမှန်တကယ် အားပေးမြှင့်တင်နိုင်ပေသည်။

ထိုစဉ်မှာပင် ချောင်းဟန့်သံတစ်ခု ထွက်ပေါ်လာ၏။

"အဟမ်း..."

"နောက်တစ်ချီ သိုင်းပညာ ဖလှယ်ဖို့ ငါ့အလှည့်ပဲ" ဟု လျိုနင်ရွှမ်းက ဝင်ရောက်ပြောဆိုလိုက်သည်။

လုရီနှင့် ကျန်းရူယွီတို့ တောင့်တင်းသွားပြီး လှည့်ကြည့်လိုက်သောအခါ သူတို့၏ နောက်တွင် ရပ်နေသော လျိုနင်ရွှမ်းကို တွေ့လိုက်ရသည်။

သူမ၏ ချောမောသော မျက်နှာမှာ အေးစက်နေပြီး သူမ၏ မျက်လုံးများက စိမ်းသက်နေကာ ကျန်းရူယွီကို ဖက်ထားသော လုရီကို လှမ်းကြည့်နေလေသည်။

ကျန်းရူယွီသည် အရှက်လွယ်သူ တစ်ဦး မဟုတ်သော်လည်း၊ ပွင့်လင်းဖြောင့်မတ်သော ယွင်ရှီးနှင့်တော့ နှိုင်းယှဉ်၍ မရနိုင်ပေ။

သူမ၏ မျက်နှာလေးမှာ အနည်းငယ် နီမြန်းသွားပြီး၊ လုရီ၏ လက်ထဲမှ ရုန်းထွက်လိုက်ကာ အပြုံးနှင့်အတူ ဆိုလိုက်သည်။

"နောက်တစ်ယောက်က နင်ရွှမ်းအလှည့်ပဲ။"

လုရီသည်လည်း သူ၏ မျက်နှာမှာ သိပ်ထူသည်မဟုတ်ဟု ခံစားရပြီး အနေရခက်စွာ ပြုံးလိုက်ကာ မေးလိုက်သည်။

"စီနီယာအစ်မ၊ ဒီလိုဆိုမှတော့... ကျွန်တော်တို့

စလိုက်ကြမလား ခင်ဗျာ။"

ထိုအခါ လျိုနင်ရွှမ်းက ခေါင်းညိတ်လိုက်ပြီး၊

လုရီကို ကြည့်ကာ မေးခွန်းထုတ်၏။

"ဂျူနီယာမောင်လေး၊ နင် အရင်ဆုံး အနားယူဖို့ လိုသေးလား။"

လုရီက ပြုံးလိုက်ပြီး အားတက်သရော အတည်ပြုလိုက်သည်။

"ကျွန်တော့်ရဲ့ ခံနိုင်ရည်က တော်တော်လေး အားကောင်းပါတယ်၊ စီနီယာအစ်မ စိတ်ချနိုင်ပါတယ်၊ တစ်ယောက်ပြီးတစ်ယောက် သုံးယောက်ဆက်တိုက် တိုက်ခိုက်ရလည်း ပြဿနာမရှိပါဘူး။"

အခန်း ၄၁၇- စီနီယာအစ်မ ရူယွီ၊ ကျွန်မကို ကူညီဖို့ ဆန္ဒရှိပါသလား...

~ထိုစကားကို ကြားသောအခါ လျိုနင်ရွှမ်းက ညင်သာစွာ ခေါင်းညိတ်လိုက်ပြီး၊ စကားဆက်မဆိုတော့ပေ။

သူတို့နှစ်ဦးလုံး လေထဲတွင် မိုးပျံရပ်နေကြ၏။ အောက်ဘက်ရှိ ကွင်းပြင်ကျယ်မှာ လုရီနှင့်

ကျန်းရူယွီတို့၏ ယခင်တိုက်ပွဲအပြီးတွင် ရှုပ်ပွနေလေသည်။

လျိုနင်ရွှမ်း၏ ချောမော လှပသော မျက်နှာမှာ အေးစက်နေပြီး၊ သူမက ခပ်ရေးရေး ပြုံးလိုက်ကာ စိန်ခေါ်လိုက်သည်။

"ဂျူနီယာမောင်လေး၊ ပိုပြီး အားကောင်းတဲ့ ရေခဲတာအိုနယ်ပယ်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာ ငါ့ကို ပြပါ။"

လုရီက ရယ်မော၍ ခွန်းတုံ့ပြန်သည်။

"ရတာပေါ့!"

လျိုနင်ရွှမ်း၏ ပတ်လည်တွင် ဝိညာဉ်စွမ်းအင်များ လည်ပတ်လာပြီး၊ နှင်းခဲမြူငွေ့ စီးကြောင်းများ တိုးထွက်လာသည်။

ကျန်းရူယွီ ယခင်က ပြုလုပ်ခဲ့သလိုပင်၊ သူမသည်လည်း လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် အစွမ်းကုန် ထုတ်သုံးလိုက်တော့သည်။

သူမတို့နှစ်ဦးလုံး လုရီ မည်မျှ အစွမ်းထက်သည်ကို သိရှိကြသည့်အလျောက်၊ သူမတို့၏ ကိုယ်ပိုင် ထိုးထွင်းဉာဏ်များကို အတည်ပြုရန်အတွက် လက်မနှေးဘဲ အစွမ်းကုန် ထုတ်သုံးတိုက်ခိုက်နိုင်သည်ကို နားလည်ထားကြ၏။

လုရီ၏ ပတ်လည်တွင်လည်း နှင်းခဲမြူငွေ့များ ထွက်ပေါ်လာပြီး၊ သူ၏ ဘေးပတ်လည်တွင် ရေခဲလွှာများ ဖွဲ့တည်ကာ၊ သူ့ကို ဝန်းရံထားသော မှန်ပေါင်းများစွာကဲ့သို့ ဖြစ်နေသည်။

ဤသည်မှာ လုရီအတွက် ရေခဲတာအိုနယ်ပယ်ကို တိုက်ပွဲတွင် ပထမဆုံးအကြိမ် အသုံးပြုခြင်းဖြစ်သော်လည်း၊ သူ အပြည့်အဝ နားလည်ထားသော တာအိုစွမ်းရည်မှာ သူ၏ ပင်ကိုစိတ် အတိုင်းပင် သဘာဝကျကျ ဖြစ်ပေါ်လာပြီး၊ အခြားသော

စွမ်းရည်များကဲ့သို့ပင် အလွယ်တကူ အသုံးချနိုင်လေသည်။

လုရီတွင်လည်း ရေခဲတာအို သိုင်းကွက်အချို့ ရှိနေပြီး၊ ၎င်းတို့ကို လုံးဝ လျစ်လျူမရှုထားခဲ့ပေ။ ဂိုဏ်းတွင် သူ ပြီးမြောက်ခဲ့သော အလုပ်

အမျိုးမျိုးက သူ့ကို ရေခဲဓာတ် ပါသော သိုင်းပညာများဖြင့် ဆုချခဲ့သော်လည်း၊ ၎င်းတို့မှာ အဆင့်နိမ့်ပြီး လုရီမှာလည်း အဆင့် ၁ တွင်သာ ရှိနေသဖြင့် များများစားစား မလေ့ကျင့်ထားခဲ့ပေ။

သေချာသည်မှာတော့ သိုင်းကွက်များကို

အသုံးမပြုဘဲပင်၊ လုရီ၏ ကိုယ်ပိုင် အခြေခံအုတ်မြစ်နှင့် လျိုနင်ရွှမ်းထက် သာလွန်သော သူ၏ ရေခဲတာအိုနယ်ပယ် ပေါင်းစပ်လိုက်လျှင် တိုက်ပွဲတစ်ခုအတွက် လုံလောက်နေပြီ ဖြစ်သည်။

လျိုနင်ရွှမ်း၏ ပတ်လည်တွင် ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲလာလေ၏။

သူမသည် ရေခဲနတ်ဘုရားတံဆိပ်နှင့် ရေခဲဓားသိုင်းကွက်ကဲ့သို့သော သိုင်းကွက်များကို ဆက်တိုက် အသုံးပြုကာ၊ လုရီ လက်ဆောင်ပေးထားသော ရေခဲနတ်ဘုရားတံဆိပ် ဝိညာဉ်လက်နက်ကိုပင် အသုံးပြုလျက် လုရီနှင့် တိုက်ပွဲတွင် အစွမ်းကုန် ထုတ်သုံးတိုက်ခိုက်နေတော့သည်။

လုရီ၏ ပတ်လည်တွင် နှင်းခဲမြူငွေ့များ ဝေ့ဝဲနေပြီး၊ သူသည် တိုက်ခိုက်မှုများကို ပိတ်ဆို့ရန် ရေခဲအကာအကွယ်လွှာများကို ဖွဲ့စည်းကာ ရေခဲဓားများဖြင့် လျိုနင်ရွှမ်းကို တိုက်ခိုက် ပစ်လွှတ်နေ၏။ လက်ထဲတွင် အသုံးတည့်သော သိုင်းကွက် မရှိသဖြင့် သူ၏ တိုက်ခိုက်မှုမှာ အနည်းငယ် ချုပ်တည်းခံထားရပြီး၊ သူတို့နှစ်ဦးကြားက တိုက်ပွဲမှာ အချိန်အတော် ကြာမြင့်သွားသည်။

နောက်ပိုင်းတွင် လုရီထံမှ ဝိညာဉ်စွမ်းအင်များ ကြယ်များကဲ့သို့ ထူထပ်စွာ ပေါက်ကွဲထွက်လာပြီး၊ ကောင်းကင်ကို ဖုံးကွယ်သွားကာ

လျိုနင်ရွှမ်း၏ ကာကွယ်ရေးများကို လွှမ်းမိုးပြီး သူမကို အနိုင်ယူလိုက်တော့သည်။

လျိုနင်ရွှမ်း၏ ချောမောသော မျက်နှာမှာ အနည်းငယ် ဖြူဖျော့နေသော်လည်း၊ သူမ၏ မျက်လုံးများက တောက်ပနေပြီး ပြုံးကာ ဆိုလိုက်သည်။

"ဒါက ပိုပြီး အားကောင်းတဲ့ ရေခဲတာအို နယ်ပယ်လား။ တကယ်ကို ထူးခြားတာပဲ။ ငါ ထိုးထွင်းဉာဏ်အချို့ ရလိုက်တယ်။"

လျိုနင်ရွှမ်းလည်း ထိုးထွင်းဉာဏ် ရရှိသွားသည်ကို မြင်သောအခါ လုရီမှာလည်း ကျေနပ်သွားသည်။

ထို့နောက်တွင် လုရီသည် သဘာဝတာအိုကို အသုံးပြု၍ ယွင်ရှီးနှင့် သိုင်းပညာဖလှယ်ခဲ့သည်။ ယွင်ရှီးသည်လည်း အင်မော်တယ်ခန္ဓာ ပိုင်ဆိုင်ထားပြီး လုရီတွင် သဘာဝတာအို၌ သင့်လျော်သော တာအိုစွမ်းရည် မရှိသောကြောင့်၊ ထိုတိုက်ပွဲမှာ အချိန်အကြာဆုံး ဖြစ်သွားခဲ့သည်။ အချိန်အတော်ကြာပြီးနောက်၊ ယွင်ရှီး၏ ဝိညာဉ်စွမ်းအင်များ ကုန်ခမ်းသွားပြီး သူမ၏ ခွန်အားများ ယုတ်လျော့သွားမှသာ လုရီက သူမကို အနိုင်ယူနိုင်ခဲ့သည်။

သူတို့သုံးဦးလုံးနှင့် သိုင်းပညာ ဖလှယ်ပြီးနောက်၊ လုရီမှာမူ မတုန်မလှုပ်ဘဲ အနည်းငယ်မျှပင် မောပန်းခြင်း မရှိခဲ့ပေ။ သူ၏ လက်ရှိ အခြေခံအုတ်မြစ်နှင့်ဆိုလျှင်၊ ဤသို့သော ပြင်းထန်သည့် တိုက်ပွဲမျိုးမှာပင် သူအတွက် အလွန်သာမန်ဖြစ်နေသည်။ သူ၏ ပြန်လည်နာလန်ထူနှုန်းမှာ အလွန်လျင်မြန်လွန်းလှ၏။

သို့ဖြစ်လင့်ကစား လုရီမှာ အနည်းငယ် ပျော်ရွှင်နေ၏။ သူသည် သုံးဦးလုံးနှင့် သိုင်းပညာဖလှယ်ခြင်းမှ ဝိညာဉ်ကျောက်စိမ်း မနည်းမနော ရရှိခဲ့ပြီး၊ ကျင့်ကြံရန် အချိန်အတော်ကြာ လုံလောက်သည့်အပြင် ဓားတာအို၊ ရေခဲတာအိုနှင့် သဘာဝတာအိုတို့အပေါ် ထိုးထွင်းဉာဏ်များကိုလည်း ရရှိခဲ့သည်။ သုံးဦးလုံး၏ အစွမ်းနှင့်ဆိုလျှင်၊ ဆုလာဘ်အဖြစ် ရရှိသော ထိုးထွင်းဉာဏ်များမှာလည်း မနည်းလှသည်မှာ သေချာသည်။

သိုင်းပညာဖလှယ်ပြီးနောက်၊ သူတို့လေးဦးသည် တစ်ဖန် ခရီးဆက်ခဲ့ကြသည်။

လုရီသည် ပင်လယ်နယ်ပယ်သို့ ဦးတည်ရန် စီစဉ်ထားသောကြောင့်၊ သူတို့လေးဦးသည် တိုက်ပွဲအပြင်းထန်ဆုံး ဖြစ်ပွားရာ နေရာဖြစ်သော ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်သွားကြ၏။ ထိုနေရာမှာ လျိုနင်ရွှမ်းနှင့် ကျန်းရူယွီပင်လျှင် ရှားရှားပါးပါးသာ သွားခဲသော နေရာတစ်ခု ဖြစ်သည်။

မကြာမီ ညအချိန်သို့ ရောက်ရှိလာသည်။ သူတို့လေးဦးသည် ကျယ်ဝန်းသော တောင်ကြားတစ်ခုကို ရှာဖွေသည်။ အနားယူရန် နေရာအဖြစ် ကြီးမားသော ဂူတစ်ခုကို တူးခဲ့ကြလေ၏။

ကျန်းရူယွီက မျှော်လင့်တကြီးဖြင့် တိုက်တွန်းလေသည်။

"ဂျူနီယာမောင်လေး၊ ဂျူနီယာမောင်လေး၊ မြန်မြန်လုပ်... ဝိညာဉ်ဝိုင်နဲ့ ဝိညာဉ်အစာတွေ ထုတ်ကျွေးတော့လေ~ ငါ မစားရတာ အတော်ကြာနေပြီ။"

ကျန်းရူယွီ၏ အပြုအမူကို မြင်သောအခါ လုရီက ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး၊ ထို့နောက် အတွေးတစ်ခု ပေါ်လာသည့်အလား အပြုံးနှင့်အတူ ဆိုလိုက်သည်။

"ခဏလေး၊ အရင်ဆုံး စောင့်ဦး၊ ကျွန်တော်က ကျွန်တော့် စီနီယာအစ်မကို ပေးစရာတစ်ခု ရှိတယ်။"

ထိုစကားကို ကြားသောအခါ သုံးဦးလုံး မှင်သက်သွားကြသည်။ အထူးသဖြင့် လျိုနင်ရွှမ်းမှာမူ အနည်းငယ် ရှုပ်ထွေးဟန်ဖြင့် လုရီကို ကြည့်ကာ မေးမြန်းလိုက်လေ၏။

"ဘာများလဲ။"

လုရီသည် နက်ပြာရောင် ကျောက်သလင်းတစ်ခုကို ထုတ်ယူလိုက်သည်။ ထိုကျောက်သလင်းမှာ ဂျယ်လီအရွယ်အစားသာ ရှိသော်လည်း၊ ပြင်းထန်သော အအေးဓာတ်များဖြင့် ပြည့်နှက်နေ၏။ ၎င်းကို ထုတ်ယူလိုက်သည်နှင့် တပြိုင်နက်၊ ဂူတစ်ခုလုံး၏ နံရံများမှာ ထူထဲသော နှင်းခဲလွှာများဖြင့် ဖုံးလွှမ်းသွားတော့သည်။ ကျန်းရူယွီနှင့် ယွင်ရှီးပင်လျှင် ပြင်းထန်သော အအေးဓာတ်ကို ခံစားလိုက်ရသည်။

ကျန်းရူယွီသည် အဖြူရောင် အငွေ့တန်းတစ်ခုကို မှုတ်ထုတ်လိုက်ပြီး လုရီ၏ လက်ထဲမှ ကျောက်သလင်းကို တုန်လှုပ်စွာ ကြည့်ကာ ကြွေးကြော်လိုက်သည်။

"ဒါ ဘာပစ္စည်းလဲ။ အေးလိုက်တာ!"

သို့သော် လျိုနင်ရွှမ်းမှာမူ မိုးကြိုးပစ်ခံလိုက်ရသည့်အလား၊ သူမ၏ မျက်လုံးများ ပြူးကျယ်သွားပြီး၊ ကျောက်သလင်းကို စူးစိုက်ကြည့်နေကာ လုံးဝ ဆွဲဆောင်ခံလိုက်ရပြီး တီးတိုးရေရွတ်လိုက်သည်။

"ဒီလောက် ကြွယ်ဝတဲ့ ရေခဲတာအို... ဒါ... ဒါက ဘာလဲ။"

ထိုအခါ လုရီက လျိုနင်ရွှမ်းကို ကြည့်ကာ ပြုံး၍ ဖြေကြားလိုက်သည်။

"ဒါက ရွှမ်ပင်း(ရေခဲ)အနှစ်သာရ ပဲ၊ နှစ်သန်းပေါင်းများစွာ သက်တမ်းရှိတဲ့ ရွှမ်ပင်း(ရေခဲ)တွေကနေ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ အဓိကအကျဆုံး အနှစ်သာရ၊ အလွန်တရာ တန်ဖိုးကြီးတဲ့ အင်မော်တယ်ရတနာတစ်ခုပေါ့။ ရေခဲတာအိုကျင့်ကြံတဲ့ ကျင့်ကြံသူတွေအတွက် အရမ်း သင့်တော်ပါတယ်။ စီနီယာအစ်မရဲ့ မွေးရာပါ ရေခဲဝိညာဉ်ခန္ဓာနဲ့ဆိုရင်၊ ဒီ ရွှမ်အင်းအနှစ်သာရကို စုပ်ယူလိုက်ရင် အင်မော်တယ်ခန္ဓာအဖြစ် အသွင်ပြောင်းနိုင်မှာ။"

ထိုစကားများ ထွက်ပေါ်လာသည်နှင့် ဂူအတွင်းမှ လေထုမှာ မရဏတိတ်ဆိတ်ခြင်းသို့ ကျရောက်သွားတော့၏။

သုံးဦးလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြပြီး၊

လျိုနင်ရွှမ်းမှာမူ အနည်းငယ် မယုံကြည်နိုင် ဖြစ်နေသည်။ ကျန်းရူယွီနှင့် ယွင်ရှီးတို့မှာမူ ပို၍ပင် အံ့အားသင့်နေကြ၏။

ထိုစဉ် ကျန်းရူယွီက အာမေဋိတ်သံဖြင့် မေးခွန်းထုတ်လိုက်သည်။

"နောက်ထပ် အင်မော်တယ်ရတနာ တစ်ခုတဲ့လား?! ဂျူနီယာမောင်လေး၊ နင် ဘယ်က ရှာတွေ့ခဲ့တာလဲ။ ဒီ ရွှမ်ပင်းအနှစ်သာရက အလွန်တရာ တန်ဖိုးကြီးတဲ့ ကောင်းကင်နဲ့မြေကြီးရတနာ ဖြစ်ရမယ်၊ ဟုတ်တယ်မလား??"

သူမ မေးခွန်းကို လုရီက ပြုံး၍ အတည်ပြုသည်။

"ကျွန်တော် အရင်က မမျှော်လင့်ဘဲ ရခဲ့တာပါ။"

ယွင်ရှီး၏ ကြည်လင်သော မျက်ဝန်းများတွင်လည်း တုန်လှုပ်မှု အရိပ်အယောင်များ ပေါ်လာပြီး လေးစားစွာ ရေရွတ်လိုက်သည်။

"လုရီ၊ မင်းရဲ့ ကံကြမ္မာက တကယ်ကို ကောင်းလွန်းတယ်။"

လုရီက ရယ်မောလျက် ခွန်းတုံ့ပြန်သည်။

"ဟုတ်တယ်မလား။ ကျွန်တော်လည်း အဲ့လိုပဲ ထင်တယ်။ စီနီယာအစ်မ၊ ဒါ ခင်ဗျားအတွက်ပဲ။ ဒီလိုဆိုရင် ခင်ဗျားလည်း အင်မော်တယ်ခန္ဓာအဖြစ် အသွင်ပြောင်းနိုင်ပြီပေါ့။"

လျိုနင်ရွှမ်းမှာ တိတ်ဆိတ်နေပြီး၊ သူမ၏ အေးစက်သော မျက်နှာမှာ အတွေးများဖြင့် လွင့်မျောနေကာ ရေရွတ်လိုက်၏။

"အင်မော်တယ်ခန္ဓာတဲ့လား။"

သူမ၏ ဘေးတွင် ကျန်းရူယွီက အကြံဉာဏ်နှင့်ရယ်မောလိုက်ပြီး၊ လျိုနင်ရွှမ်းကို တံတောင်ဖြင့် တွတ်ကာ ကျီစယ်လိုက်သည်။

"အင်မော်တယ်ရတနာ... နင်ရွှမ်းရယ်၊ ဒီလောက် တန်ဖိုးကြီးတဲ့ ပစ္စည်းကို ဂျူနီယာမောင်လေးက နင့်ကို လွယ်လွယ်ကူကူ ပေးလိုက်တာ... နင်က သူ့ကျေးဇူးကို နင့်တစ်ကိုယ်လုံး ပုံအပ်ရင်တောင်မှ ပြန်ဆပ်လို့ ကုန်မှာ မဟုတ်တော့ဘူးနော်.."

All Chapters