← Chapters

မီးအိမ်ကိုင် အမျိုးသမီး (အပိုင်း ၄)

Vol. 17 Ch. 253

မီးအိမ်ကိုင် အမျိုးသမီး (အပိုင်း ၄)

Vol. 17 Ch. 253

မီးအိမ်ကိုင် အမျိုးသမီးသည် အနည်းငယ် လန့်သွားပြီး ခေါင်းညိတ်လိုက်သည် “အင်း၊ သွားကြည့်သင့်တယ်”

“ကျွန်တော် ခင်ဗျားနဲ့အတူ လိုက်ခဲ့ပါ့မယ်။ ဒီနေရာက ချိုင့်ဝှမ်းကနေ သွားရင် ပိုနီးမယ့်ပုံပဲ”

ထိုစကားများနှင့်အတူ ယန်ကျွင်းဇဲသည် ချိုင့်ဝှမ်းထဲသို့ အရင်ဆုံး ခုန်ဆင်းကာ ရှေ့သို့ လျှောက်သွားခဲ့သည်။

မီးအိမ်ကိုင် အမျိုးသမီးသည် မတွေဝေဘဲ ယန်ကျွင်းဇဲနောက်သို့ ကပ်လိုက်ကာ ချိုင့်ဝှမ်းထဲသို့ လိုက်ဆင်းခဲ့သည်။

“ဆိုးလိုက်တာ၊ အဲဒီလူက မီးအိမ်ကိုင် အမျိုးသမီးကို ချိုင့်ဝှမ်းထဲ ခေါ်သွားတယ်၊ ဒီဘက်ကို လာနေတာလား”

မိုကျန်းဖိန်၏ ဘိုးဘွားပိုင်အိမ်အတွင်းရှိ အခန်းထဲတွင် ကျန်းရှောင်မို၊ ကျန်းဒီ၊ ဖန်ကျွင်းနှင့် ယွမ်ဒင်ကျိုးတို့သည် တစ်ယောက်နှင့်တစ်ယောက် တိုးဝှေ့လျက်ရှိပြီး အားလုံးသည် ဇီးသီးတောဘက်သို့ မျက်နှာမူထားသော ပြတင်းပေါက်တွင် စုပြုံနေပြီး အပြင်ဘက်ကို ချောင်းကြည့်နေခဲ့ကြသည်။

ယနေ့ညတွင် မြူခိုးများသည် အများကြီး ပိုပါးနေပြီး လရောင်သည်လည်း လုံလောက်သောကြောင့် မြင်နိုင်စွမ်းသည် အလွန်ကောင်းမွန်နေသည်။

သူတို့သည် မီးအိမ်ကိုင် အမျိုးသမီး ချိုင့်ဝှမ်းမှ ထွက်လာပြီးနောက် အမျိုးသားတစ်ဦးနှင့် တွေ့ဆုံသည်ကို မြင်ခဲ့ရသည်။ ထို့နောက် သူတို့နှစ်ဦးသည် ဇီးသီးတောထဲသို့ ပျောက်ကွယ်သွားခဲ့သည်။

သို့သော် မကြာမီ သူတို့နှစ်ဦးသည် ပြန်ပေါ်လာပြီး ဤဘက်သို့ လက်ညှိုးထိုးပြကာ တစ်ယောက်ပြီးတစ်ယောက် ချိုင့်ဝှမ်းထဲသို့ ခုန်ဆင်းသွားပြီး မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။

အခန်းထဲရှိ လူလေးဦးစလုံးသည် အမျိုးသားတစ်ဦးဟု ထင်ရသော ထိုမိုက်မဲသည့် ပုံပန်းသဏ္ဍာန်သည် မီးအိမ်ကိုင် အမျိုးသမီးကို သူတို့ဘက်သို့ ခေါ်ဆောင်လာနေသည်ဟု သံသယရှိနေကြသည်။

“အဲဒီလူက ဘယ်သူလဲကွာ ။ ငါတို့ထဲက တစ်ယောက် မဟုတ်ဘူး ထင်တယ်။ လူတစ်ယောက် သေဖို့ လုံလောက်နေပြီကို ဘာလို့ ငါတို့အားလုံးကိုပါ အတူတူ ထည့်ဆွဲနေတာလဲ” ယွမ်ဒင်ကျိုးက သိသိသာသာ စိတ်ရှုပ်ထွေးသွားပုံဖြင့် မေးလိုက်လေသည်။

“ပြီးတော့ အဲဒီလူက မီးအိမ်ကိုင် အမျိုးသမီးနဲ့ အတော်လေး ပျော်ပျော်ပါးပါး စကားပြောနေပုံပဲ” ဟု ကျန်းဒီက ထပ်ပြောသည်။

“တစ်ခုခုတော့ မှားနေပြီ” ဖန်ကျွင်းသည် ထရပ်လိုက်ပြီး သူ့မျက်နှာကို ပြတင်းပေါက်နှင့် ဖိကပ်ကာ မျက်လုံးပြူးပြီး အပြင်ကို စိုက်ကြည့်နေသည် “သူတို့ တကယ် ဒီဘက်ကို လာနေမယ်ဆိုရင် ဒီနေရာမှာ ဆက်နေလို့ မလုံခြုံတော့ဘူး”

“ဟုတ်တယ်” ကျန်း‌ရှောင်မို ခေါင်းညိတ်လိုက်သည်

“ကျန်းယောင်ဖေးဘက်ကို သွားပြီး စစ်ဆေးဖို့ နည်းလမ်းတစ်ခုခု ရှာရမယ်၊ မဟုတ်ရင် ငါတို့က ကျန်းယောင်ဖေးနဲ့ အဆက်အသွယ် ပြတ်ရုံတင်မကဘဲ အခု ဒီနေရာကလည်း အရမ်း အန္တရာယ်များနေပြီ”

ဆွေးနွေးမှု ပြီးဆုံးသောအခါ အံ့အားသင့်ဖွယ်ရာ သဘောတူညီချက်တစ်ခုနှင့်အတူ ယွမ်ဒင်ကျိုးသည် တံခါးသို့ လျှောက်သွားပြီး ညင်သာစွာ တွန်းဖွင့်ကာ သူ့ခေါင်းကို အပြင်သို့ ထိုး၍ ပတ်ပတ်လည်ကို ကြည့်လိုက်သည်။

ထိုအတောအတွင်း ကျန်းရှောင်မိုသည် သူမ၏ ဝိညာဉ်ရှာဖွေစက်ကို စစ်ဆေးခဲ့သည်။

ဝိညာဉ်ရှာဖွေစက်က အနီးအနားတွင် ထူးဆန်းမှု ၁၁ ခုရှိကြောင်း ပြသနေပြီး အားလုံးသည် သာမန်အတိုင်းပင် ဖြစ်ပုံရသည်။ သို့သော် ဝိညာဉ်ရှာဖွေစက်သည် ပိုမိုထူးဆန်းသော သို့မဟုတ် ပိုမိုအဆင့်မြင့်သော ထူးဆန်းမှုများကို မရှာဖွေနိုင်သော ဖြစ်နိုင်ခြေရှိသည်။

တွေ့ရှိရသော ထူးဆန်းမှုများကိုတော့ သူတို့ မကြောက်ကြပေ။ ခဏအတွင်းမှာပင် လူလေးဦးသည် မိုကျန်းဖိန်၏ အိမ်ဟောင်းမှ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားခဲ့သည်။

လမ်းတစ်လျှောက်တွင် သူတို့သည် အနီးအနားရှိ သာမန်ထူးဆန်းမှုများကို တွေ့ဆုံပါက သူတို့ထဲမှ နှစ်ယောက် သို့မဟုတ် သုံးယောက်သည် ထိုအရာပေါ်သို့ အုံလိုက်ကျင်းလိုက် တက်ကြမည်ဖြစ်ပြီး ဆူညံသံများစွာ မဖြစ်စေဘဲ သူတို့၏ သံလိုက်ဓားများဖြင့် အနည်းငယ် ခုတ်ထစ်ကာ ၎င်း၏ သံလိုက်စက်ကွင်းကို ချက်ချင်း ဖျက်ဆီးပစ်လိမ့်မည်။

သူတို့သည် ကျန်းယောင်ဖေး၏ တည်နေရာကို ခန့်မှန်းခြေသာ သိရှိပြီး သူ မည်သည့်အိမ်တွင် ရှိနေသည်ကို မသိခဲ့ပေ။ ဆက်သွယ်ရေး အချက်ပြမှုများ အားလုံး ပျက်သွားပြီဖြစ်သောကြောင့် သူတို့သည် မှန်းဆပြီး ရှာဖွေရုံသာတတ်နိုင်ခဲ့ကြသည်။

မကြာမီ လူလေးဦးသည် မိုကျန်းဖိန်၏ အိမ်အနီးအနားမှ လုံးဝ ထွက်ခွာသွားခဲ့ပြီး ကျန်းယောင်ဖေး ရှိနေသည့် ပိုမိုကျယ်ဝန်းသော လယ်တောအိမ်တစ်လုံးသို့ ပိုမိုနီးကပ်လာခဲ့သည်။

ထိုအချိန်တွင် ရှေ့မှ လမ်းလျှောက်နေသော ဖန်ကျွင်းသည် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ သူ့ခန္ဓာကိုယ်သည် နောက်သို့ ညင်သာစွာ ယိမ်းထိုးသွားပြီး နောက် ဒူးထောက်ထိုင်ချလိုက်သည်။

ဤသို့မြင်သောအခါ အခြားသူများလည်း ချက်ချင်း ဒူးထောက်ထိုင်ချလိုက်ကြပြီး ရှေ့ကို တည်ငြိမ်စွာ စိုက်ကြည့်နေကြသည်။

သူတို့ရှေ့မှ သိပ်မကျယ်သော လမ်း၏ အလယ်တွင် အလွန်သေးငယ်သော အနီရောင်ခေါင်းတလားတစ်လုံး လမ်းပေါ်တွင် ငြိမ်သကစွာ ရှိနေသည်။

ခေါင်းတလားသည် ပုံမှန်ခေါင်းတလား အရွယ်အစား တစ်ဝက်ထက်ပင် ပိုသေးငယ်နိုင်သော်လည်း အတော်လေး လေးလံနေပုံရသည်။ ပထမတစ်ချက် ကလေးအလောင်းတစ်လောင်း ပါဝင်နေနိုင်သည်ဟု ထင်ရသည်။

ခေါင်းတလားသက်သက်မျှသာ ဖြစ်သော်လည်း အကြောင်းတစ်ခုခုကြောင့် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ နတ်ဆိုးနှိမ်နှင်သူ လေးဦးသည် ကျယ်လောင်စွာပင် အသက်မရှူရဲကြပေ။ မြေပြင်ပေါ်တွင် ငြိမ်သက်တိတ်ဆိတ်စွာ ဒူးထောက်လျက် ရှိနေပြီး သူတို့၏ ခေါင်းများကို တတ်နိုင်သမျှ ငုံ့ထားရန် ကြိုးစားနေကြသည်။

ကျန်းရှောင်မိုသည် သူမ၏ ဝိညာဉ်ရှာဖွေစက်မှ ကျန်းဒီဘက်သို့ အကြည့်ပြောင်းလိုက်သည်။ ကျန်းဒီက သူမကို ကြည့်နေပြီးနောက် သူမက ခေါင်းခါပြခဲ့သည်။

ပြသမှုမရှိပေ၊ ဝိညာဉ်ရှာဖွေစက်သည် သူတို့ရှေ့ရှိ အနီရောင်ခေါင်းတလားနှင့် ပတ်သက်ပြီး ဘာမှမပြသပေ။ ခေါင်းတလားသည် လမ်းအလယ်တွင် သူ့ဘာသာသူ ရောက်လာနိုင်မည်မဟုတ်သည်မှာသိသာနေပေသည်။

ဝိညာဉ်ရှာဖွေစက်၏ ရှာဖွေမှုအောက်တွင် သူတို့ရှေ့ရှိ ခေါင်းတလားသည် လုံးဝမရှိသကဲ့သို့ ဖြစ်နေသည်။

သို့သော်လည်း ကျန်း ရှာင်မိုသည် ဤအခြေအနေသည် ကြောက်စရာအကောင်းဆုံးဖြစ်ကြောင်း ကောင်းစွာ သိရှိနေသည်။

ကျန်းယောင်ဖေးနှင့် သူ့အဖွဲ့သည် သူတို့အဖွဲ့ကို လာမရှာသည်မှာ အံ့သြစရာမရှိပေ၊ အမှန်မှာ သူတို့အားလုံး ဤနေရာတွင် ပိတ်မိနေခြင်းဖြစ်သည်။ ယခု သူတို့၏ အတွေးများသည် ကျန်းယောင်ဖေး၏ အတွေးများအတိုင်းပင် ဖြစ်လိမ့်မည်။

ခေါင်းတလားကို မနှောင့်ယှက်ဘဲ ဉာဏ်ရှိစွာ ရွေးချယ်မှုမှာ ပုန်းအောင်းရန် နေရာတစ်ခုကို အရင်ရှာခြင်းပင် ဖြစ်သည်။

ကံကောင်းစွာဖြင့် အနီးအနားတွင် ဝိညာဉ်တစ်ကောင်မှပင် မသွားလာရဲပေ။

ယွမ်ဒင်ကျိုးက အနီးဆုံး အုတ်တိုက်ကို လက်ညှိုးထိုးပြလိုက်ပြီး အားလုံး ခေါင်းညိတ်လိုက်ကြသည်။ စကားတစ်ခွန်းမျှ မပြောဘဲ မြေပြင်ပေါ်တွင် ဒူးထောက်လျက်ပင် အုတ်တိုက်ဘက်သို့ တွားသွားပြီး တစ်ဝက်ပွင့်နေသော တံခါးပေါက်မှ တိတ်တဆိတ် ဝင်ရောက်သွားခဲ့ကြသည်။

အားလုံးဝင်ရောက်ပြီးသောအခါ ခဏတာ ရပ်တန့်သွားကြပြီး ထိုနေရာတွင် စာအုပ်များနှင့် စာလိပ်များ အများအပြား ပြည့်နေသည်ကို တွေ့ရှိခဲ့ရသည်။

မော့ကြည့်လိုက်သောအခါ “ စာရိတ္တ ကောင်းစာကြည့်တိုက်” ဟူသော စကားလုံးများကို မှေးမှိန်စွာ ရေးထားသည့် အလွန်ရိုးရှင်းသော ဆိုင်းဘုတ်တစ်ခုကို တွေ့လိုက်ရသည်။

ကျန်းဒီသည် ရှေးဟောင်း စာအုပ်စင်နှစ်ခုကြားမှ လိုက်ကာပြတင်းပေါက်တစ်ခုကို ခဏတာအတွင်းရှာဖွေ တွေ့ရှိခဲ့သည်။ သူသည် ထိုပြတင်းပေါက်ကို ညင်သာစွာ တွန်းဖွင့်လိုက်ပြီး မိုကျန်းဖိန်၏ အိမ်ဘက်ကို ကောင်းစွာ မြင်နိုင်ခဲ့သည်။

ချိုင့်ဝှမ်းထဲတွင်

ယန်ကျွင်းဇဲသည် ရှေ့သို့ လျင်မြန်စွာသွားလိုက်သည်။ သို့သော် သူ မည်မျှပင် မြန်မြန် လမ်းလျှောက်ပါစေ မီးအိမ်ကိုင် အမျိုးသမီးသည် သူ့နောက်မှ သက်တောင့်သက်သာ လိုက်ပါလာသည်။

ယန်ကျွင်းဇဲသည် တစ်ခါတစ်ရံ နောက်လှည့်ကြည့်သည်။ မီးအိမ်ကိုင် အမျိုးသမီးကို ကြည့်ရန်မဟုတ်ဘဲ မီးအိမ်၏ အရောင်ကို စောင့်ကြည့်ရန်ဖြစ်သည်။

မကြာမီ သူသည် ချိုင့်ဝှမ်း၏ အဆုံးသို့ ရောက်ရှိခဲ့ပြီး အပေါာသို့တက်ခဲ့သည်။

နောက်လှည့်ကြည့်လိုက်သောအခါ မီးအိမ်ကိုင် အမျိုးသမီးသည် သူ့နောက်တွင် ထူးဆန်းစွာ ရောက်နေသည်ကို တွေ့လိုက်ရသည်။

“ဒီမှာ” မီးအိမ်ကိုင် အမျိုးသမီးသည် သူတို့ရှေ့တည့်တည့်ရှိ အိမ်ကို လက်ညှိုးထိုးပြလိုက်သည် “ဒါက မိုကျန်းဖိန်ရဲ့ အိမ်ပါ၊ ကျွန်မခင်ပွန်း မကြာခဏ လာပြီး သူ့ကလေးနှစ်ယောက်ကို စာသင်ပေးတဲ့နေရာပါ”

ယန်ကျွင်းဇဲ ခေါင်းညိတ်လိုက်ပြီး တံခါးကို အရင်တွန်းဖွင့်ကာ ဝင်ရောက်ခဲ့သည်။

အိမ်အတွင်းရှိ မည်သည့် သရဲခြောက်မှုမျိုးကိုမျှ သူ မကြောက်ပေ။ အဘယ်ကြောင့်ဆိုသော် ထူးဆန်းမှုများရှိရင်တောင် မီးအိမ်ကိုင် အမျိုးသမီးလောက် ကြောက်စရာမကောင်းပေ။

ထို့အပြင် မီးအိမ်ကိုင် အမျိုးသမီးထက် ပို၍ ကြောက်စရာကောင်းသည့် အရာတစ်ခုခု တကယ်ရှိနေပါက သူမသည် လိုက်ရဲမည်မဟုတ်ပေ။

ဟုတ်ပေသည်။ တွေ့ဆုံရတဲ့ ထူးဆန်းမှုတွေဟာ အင်အားတူနေရင်တော့ ကံကောင်းထောက်မမှုပဲ ဖြစ်လိမ့်မယ်။

မီးအိမ်ကိုင် အမျိုးသမီးသည် ယန်ကျွင်းဇဲနောက်မှ လိုက်ပါလာပြီး သူတို့သည် သိပ်မကြီးမားသော အိမ်ပတ်ပတ်လည်ကို အလျင်အမြန် လှည့်ပတ်ကြည့်ရှုခဲ့သည်။

ဘာမှမရှိပေ။

ယန်ကျွင်းဇဲ၏ အမြင်အာရုံဖြင့်နှင့် သူသည် စုံထောက်မဟုတ်သဖြင့် အသက်ရှင်နေသော လူများ ဤနေရာတွင် ရှိနေသည်ဟု ဆိုနိုင်သည့် မည်သည့်လက္ခဏာကိုမျှ မပြောနိုင်ခဲ့ပေ။

“ခင်ဗျား ခင်ပွန်းကို ခံစားမိသလား” ယန်ကျွင်းဇဲ လှည့်ကာ မေးလိုက်သည်။

မီးအိမ်ကိုင် အမျိုးသမီး ခေါင်းခါလိုက်သည်။

ထိုအချိန်တွင် ယန်ကျွင်းဇဲသည် သူမ ကိုင်ဆောင်လာသည့် မီးအိမ်အတွင်းရှိ အလင်းရောင်သည် သိသိသာသာ တောက်ပလာသည်ကို သတိပြုမိခဲ့သည်။

“ဆိုးလိုက်တာ၊ ပြန်စနေပြီ” ယန်ကျွင်းဇဲ လန့်သွားခဲ့သည်။

သူတို့ စစ်ဆေးခဲ့သည့် ပထမဆုံးနေရာဖြစ်ပြီး သူမ၏ ခင်ပွန်းကိုလည်း မတွေ့ရသေးပေ။ သူမ၏ ခင်ပွန်းကို ပထမဆုံးအကြိမ်မှာ မတွေ့ရှိသေးရုံနှင့် သူမ၏ ဒေါသသည် ဤမျှ ထူးခြားရပါသလား။

“အရင်ဆုံး စိတ်ကို ထိန်းပါ”

“ကျွန်မခင်ပွန်း ဘယ်မှာလဲ” မီးအိမ်ကိုင် အမျိုးသမီး၏ လေသံသည် စတင်အေးစက်လာခဲ့ပြီး စိတ်တည်ငြိမ်သွားခြင်းမရှိဘဲ မီးအိမ်အတွင်းရှိ အလင်းရောင်သည် တဖြည်းဖြည်း မီးရောင်သို့ ပြောင်းလဲစပြုလာခဲ့သည်။

“စိတ်ကို ထိန်းပါ၊ သေချာစဉ်းစားပါ၊ ဒါဆို ခင်ဗျားခင်ပွန်းကို ရှာတွေ့နိုင်လိမ့်မယ်” ယန်ကျွင်းဇဲ ပြောခဲ့သည်။

“ရှင် ကျွန်မကို လှည့်စားနေတာလား”

ဘွန်း!

ဤအချိန်တွင် မီးအိမ်ကိုင် အမျိုးသမီး၏ အဖြူရောင်မီးအိမ်သည် လုံးဝနီရဲသွားပြီး အနီးအနားမှ ယန်ကျွင်းဇဲသည် အမျိုးသမီး၏ မျက်နှာသွင်ပြင်များသည် ထွက်ပေါ်လာသည့် အနီရောင်အလင်းနှင့်အတူ ရှည်လျားလာကာ ကြောက်မက်ဖွယ်ကောင်းသော ဘီလူးတစ်ကောင်အဖြစ် ချက်ချင်း ပြောင်းလဲသွားသည်ကို မြင်လိုက်ရ လေသည်။

အချိန်နောက်ပြန်ရစ်!

ယန်ကျွင်းဇဲနှင့် အဖြူရောင်မီးအိမ်ကို ကိုင်ဆောင်လာသော မီးအိမ်ကိုင် အမျိုးသမီးသည် မိုကျန်းဖိန်၏ အိမ်အပြင်ဘက်သို့ ရောက်ရှိလာပြီး ရပ်တန့်ခဲ့သည်။

“ဒီနေရာကို သွားကြည့်ဖို့ မလိုဘူးလို့ ကျွန်တော်ထင်တယ်” ယန်ကျွင်းဇဲ ရုတ်တရက် ပြောလိုက်သည်။

မီးအိမ်ကိုင် အမျိုးသမီးသည် သူ့ကို တိတ်ဆိတ်စွာ မော့ကြည့်နေသည်။

ယန်ကျွင်းဇဲသည် အိမ်ထဲသို့ ထပ်မံဝင်ရောက်ရန် လုံးဝရွေးချယ်တော့မည် မဟုတ်ပေ။ နည်းလမ်းအသစ်တစ်ခုကို စဉ်းစားရမည်ဖြစ်သည်။

“ဘာလို့လဲဆိုတော့ ခင်ဗျားခင်ပွန်း ဒီမှာရှိလိမ့်မယ်လို့ ကျွန်တော် မခံစားမိလို့ပါ” ယန်ကျွင်းဇဲ ဆက်ပြောသည် “သူက ခင်ဗျားနဲ့ စကားများပြီးမှ ထွက်သွားတာ၊ ဒီလိုအချိန်မျိုးမှာ စာသင်ဖို့ စိတ်ပါဝင်စားမှာ မဟုတ်ဘူး။ သူ စိတ်ဆိုးတဲ့အခါ သူ့စိတ်ကို ရှင်းလင်းဖို့ အေးဆေးတဲ့နေရာကို ရှာရတာမျိုး လုပ်တတ်လား”

မီးအိမ်ကိုင် အမျိုးသမီးသည် ခဏစဉ်းစားပြီးနောက် ခေါင်းခါလိုက်သည် “သူ စိတ်မပျော်တဲ့အခါ သူ့စာအုပ်တွေနဲ့ အတူနေရတာကို နှစ်သက်တယ်၊ အပြင်ထွက်ရတာကို မကြိုက်ဘူး”

“စာအုပ်တွေလား” ယန်ကျွင်းဇဲ အံ့အားသင့်သွားသည် “ဒီရွာမှာ စာအုပ်အများဆုံး ဘယ်နေရာမှာလဲ”

“ဟိုမှာ” မီးအိမ်ကိုင် အမျိုးသမီးသည် လမ်းတစ်ဖက်က သိပ်မဝေးသောနေရာကို လက်ညှိုးထိုးပြလိုက်သည် “ရွာရဲ့ ကျောင်းဆရာဟောင်း မိုလျန်ဒီ လှူထားတဲ့ စာအုပ်တွေ အားလုံးက စာရိတ္တကောင်း စာကြည့်တိုက်မှာ ရှိတယ်”

“အဲဒီအချိန်က စာအုပ်တွေက အခုဆို ဖုန်မှုန့်တွေ ဖြစ်နေလောက်ပြီ၊ ဝါးချပ်တွေ မဟုတ်ရင်ပေါ့” ယန်ကျွင်းဇဲ ခန့်မှန်းပြီးမှ ပြောသည် “ဒါဆို သွားကြည့်ရအောင်”

“မိုကျန်းဖိန်ရဲ့ အိမ်ကို မကြည့်တော့ဘူးလား” မီးအိမ်ကိုင် အမျိုးသမီးက မေးမြန်း လိုက်သည်။

“ဝင်သွားဖို့ မလိုဘူး၊ ကျွန်တော့်ကို ယုံပါ၊ ခင်ဗျားခင်ပွန်းက စာရိတ္တျကာင်းစာကြည့်တိုက်မှာ ရှိနေနိုင်ချေ အရမ်းများတယ်” ယန်ကျွင်းဇဲ ယုံကြည်မှုရှိစွာ ပြောလိုက်လေသည်။

All Chapters