လောင်းကြေးထပ်ခြင်း
Vol. 67 Ch. 1071
စေတန်ပြောသော လျှို့ဝှက်ရတနာ သလင်းကျောက် စက်လုံး၏ “ဖော်ထုတ်ခြင်း” လုပ်ဆောင်ချက်က သေချာပေါက် ခြောက်လှန့်ခြင်း မဟုတ်ချေ။ ခဏကြာ စေတန်က ၎င်းကို အသုံးပြု၍ ထိုနေရာသို့ သူ၏ စိတ်ပုံရိပ်ကို စေလွှတ်လိုက်သည်။
စိတ်ပုံရိပ်သာ ရောက်လာခြင်း မဟုတ်ဘဲ စိတ်ပုံရိပ် စွမ်းအားက တဖြည်းဖြည်း ပိုတိုးလာပြီး အစစ်အမှန် မူလ ခန္ဓာကိုယ် ဖြစ်သွားခဲ့သည်။
နတ်ဆိုးဘုံ၌ အစွမ်းထက်ဆုံး နတ်ဘုရား-ယောင်၏ ဖိအားကို ခံစားရသည့်အခါ ချန်လွေ့က ကြယ်စွမ်းအားများ တိတ်တဆိတ် စုစည်းလိုက်ပြီး စိတ်အခြေအနေကို တည်ငြိမ်အောင် ပြုလုပ်လိုက်သည်။ သူက ပြောလိုက်သည်။
“ကြိုဆိုပါတယ်။ ဆာ-စေတန်။ ဒီတစ်ခါ ကျုပ်တို့ အတူတူ ပူးပေါင်းပြီး မျှော်လင့်ချက်မဲ့ခြင်း အဓိက ယဇ်ပလ္လင်ကို ဖျက်ဆီး ကြတာပေါ့။”
“ပူးပေါင်းတာက ငါတို့ ကြားမှာ အဓိက မဟုတ်ဘူး။ ငါတို့မှာ ဘုံရန်သူ ရှိနေရင်တောင် အဲဒီလိုမျိုး မဟုတ်ဘူး”
စေတန်၏ မျက်လုံးက ချန်လွေ့ကို စိုက်ကြည့်နေပြီး ကိုင်တွယ်မရသော ဝိညာဉ် ဖိအားက အဆများစွာ တိုးသွား၏။ ချန်လွေ့က စေတန်၏ သတ်ဖြတ်ချင်စိတ်ကို သေသေချာချာ ခံစားမိသည်။ သူက ခုခံရန်နှင့် ထွက်ပြေးရန် နည်းလမ်း အမျိုးမျိုးကို တိတ်တဆိတ် စုစည်းနေခဲ့သည်။ အပေါ်ယံ၌ သူက တည်ငြိမ်နေဆဲ ဖြစ်ပြီး ပင်လယ်ကဲ့သို့ပင် ငြိမ်သက် နေခဲ့သည်။
“ရေဒြပ်စင် သံတမန်။ ကျုပ်တို့ မတွေ့ရတာ နှစ်တွေ အတော်လေး ကြာခဲ့ပြီ။” စေတန်က ချန်လွေ့ကို ခဏကြည့်လိုက်သည်။ စေတန် က ချန်လွေ့ကို ခဏ ကြည့်လိုက်ပြီး သတ်ဖြတ်ချင်စိတ်များ ရုပ်သိမ်းကာ လန်ဘို့စ်ကို ကြည့်လိုက်သည်။
“ကျုပ်တို့က ရန်သူတွေ မဟုတ်သလို မိတ်ဆွေလည်း မဟုတ်ဘူး။ အဲဒါကြောင့် ကျုပ်တို့ကို အသိဟောင်းလို့ပဲ ခေါ်လို့ရမယ်။ ဆာ-စေတန်။” လန်ဘို့စ်က ခေါင်းညိတ်လိုက်သည်။
“ဒီစိတ်ပုံရိပ်ရဲ့ စွမ်းအား အတိုင်း ဆိုရင် ခင်ဗျားကို ဆာလို့ ခေါ်တာက ချဲ့ကားရာ မရောက်ပါဘူး...”
စေတန် လိုင်းသရဖူကို မြင်သွား၏။
“ရေဇစ်မြစ်အပိုင်းအစလား။ ကျုပ် ဒါကို တစ်ယောက်ယောက် လက်ထဲ မြင်ဖူးသလိုပဲ။”
ချန်လွေ့က ရေဒြပ်စင် အပိုင်းအစကို ဆက်ခ်ရက်တောင်၌ စေတန်အား ပြသခဲ့ဖူးသည်။ စေတန် သံသယ ဝင်နေကြောင်း မြင်ရာ သူက ဆက်ပြောလိုက်သည်။ “ဒါက ကျုပ်ရဲ့ ယုံကြည်သူ ရှာတွေ့ခဲ့တဲ့ ရတနာပဲ။ အဲဒါကြောင့်ပဲ ကျုပ်က ရေဒြပ်စင် ဘုရင်နဲ့ သိခဲ့ရတာ။”
လန်ဘို့စ်က ချန်လွေ့ကို မဖော်ထုတ်ခဲ့ပေ။ “မင်းတို့ နှစ်ယောက်ကြားမှာ ဘယ်လိုပဲ ရန်ငြိုးတွေရှိရှိ ဒီတစ်ခါ ဒီလော့စ်ရိုရဲ့ အဓိက ယဇ်ပလ္လင်ကို ဖျက်ဆီးဖို့ အတူတူ ပူးပေါင်းဖို့ မျှော်လင့်တယ်။”
“ ရေဒြပ်စင် သံတမန်က ဒီမှာ ရှိနေတယ် ဆိုတော့ ငါ မင်းကို နောက်ထပ် ရွေးချယ်ဖို့ အခွင့်အရေး တစ်ခု ပေးလိုက်မယ်။”
စေတန်က ချန်လွေ့ကို ခနဲ့ပြုံး ပြုံးရင်း ကြည့်လိုက်သည်။
“ဒီတစ်ခါ ငါက ဒီလော့စ်ရိုကို အရင် နှိမ်နင်းနိုင်ခဲ့ရင် မင်းက ငါ့ဆီမှာ အညံ့ခံပြီးတော့ ဖန်တီးခြင်း ဇစ်မြစ် ဥပဒေသကို ပေးရမယ်။ ပြီးတော့ အမှောင်နတ်ဘုရားကျောင်းနှင့် ပူးပေါင်းရမယ်။ တကယ်လို့ မင်းက ဒီလော့စ်ရိုကို အရင် နှိမ်နင်းနိုင်မယ် ဆိုရင်တော့ ငါက.....”
“အမှောင် နတ်ဘုရားကျောင်း အတွက် အစီအစဉ်တွေကို စွန့်ပယ် မှာလား....”
“မင်းမှာ ဒီလို အရည်အချင်းမျိုး မရှိဘူး...” စေတန်က ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။ “ဒါပေမယ့် ငါ မင်းကို နောက်ထပ် နှစ်၁၀၀ အပို ပေးနိုင်တယ်။”
ချန်လွေ့က အမြန် စဉ်းစား လိုက်သည်။ စေတန်က ဒီ အခိုက်အတန့်မှာ အလောင်းအစား လုပ်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်မယ်။ ပြီးတော့ ဖန်တီးခြင်း ဇစ်မြစ်က အဓိက သော့ချက်ပဲ။ ဖန်တီးခြင်း ဇစ်မြစ်ကို ရဖို့အတွက် စေတန် က ဘာလို့ ဒီလောက် အလောကြီး နေရတာလဲ ဆိုတာတော့ ငါ မသိဘူး။ အရင်က သူ ဒီလောက် စိတ်မဝင်စားဘူး။ ဒါက ငါ့အတွက် အခွင့်အရေး တစ်ခုပဲ။ ငါ့ရဲ့ လက်ရှိ စွမ်းအားနဲ့ဆိုရင် နောက် နှစ်လ ကြာရင် ဆက်ခ်ရက်တောင် ကို သွားရင်တောင် နိုင်ဖို့ အခွင့်အရေး မရှိဘူး။ အခုတော့ ဒီလော့စ်ရိုကို အရင် နှိမ်နင်းတဲ့ အလောင်းအစားက ငါ့အတွက် မျှော်လင့်ချက် တစ်ခု ရှိတယ်။ ရေဒြပ်စင်ဘုရင် ပေးထားတဲ့ ရေအရိပ်ပုလဲကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍ တစ်ခုက ပါနိုင်တယ်။
“စိတ်မကောင်းပါဘူး။ ဒီလိုမျိုး သတ်မှတ်ချက်က မဖြစ်နိုင်ဘူး။”
ချန်လွေ့၏ အတွေးများ ပြောင်းလဲ သွားပြီး အကြံတစ်ခု ရသွားခဲ့သည်။ သူက ခေါင်းကို ပြတ်ပြတ်သားသား ခေါင်းခါလိုက်သည်။
“ကျုပ် လက်ထဲမှာ ရှိနေတဲ့ ပြီးပြည့်စုံတဲ့ ဖန်တီးခြင်း ဇစ်မြစ်က ခင်ဗျား အတွက် အတော်လေးကို တန်ဖိုးရှိတဲ့ပုံပဲ။ ပြီးတော့ ကျုပ်က ဖန်တီးခြင်း အရှိန်အဝါကို နားလည်ဖို့ အတွက် အချိန်တချို့ လိုအပ်တယ်။ ကျုပ်တို့ အလောင်းအစားကို ပြောင်းကြမလား။ ကျုပ် ရှုံးမယ် ဆိရင် ခင်ဗျားကို ဖန်တီးခြင်း စွမ်းအား အပြည့်အဝ ပြမယ်။ သုံးလ အချိန်ကတော့ အရင် အတိုင်းပဲ။ ခင်ဗျား ရှုံးမယ် ဆိုရင် တိုက်ပွဲရဲ့ အချိန်ကို နောက်ထပ် ၁၀နှစ် နောက်ဆုတ်မယ်။ စေတန်၊ ခင်ဗျား ကိုယ့်ကိုယ်ကို ယုံကြည်ချက် ရှိလား မသိဘူး။”
“ခပ်ညံ့ညံ့ လှည့်ကွက်လေးပဲ။ မင်း ဒီလော့စ်ရိုရဲ့ လက်ထဲမှာ အရင် သေသွားမှာ စိုးရတယ်...”
စေတန်က နှာခေါင်း ရှုံ့လိုက်ပြီး နောက်ဆုံး စကားတွင် ချန်လွေ့၏ ရန်စမှုကို အထင်သေးကြောင်း ပြသလိုက်သည်။
အမှန်တကယ်၌ စေတန်တွင် ကိုယ်ပိုင် အစီအစဉ်များ ရှိသည်။ ပျက်စီးခြင်း စာအုပ်က ပြီးပြည့်စုံရန် လိုအပ် နေသေးသည်။ ထို့ပြင် ယုံကြည်မှု လွှဲပြောင်းခြင်းကို ပြီးမြောက်ရန် ကြိုးစားရဦးမည်။ ကွာဟချက် ကြီးကြီးမားမား တစ်ခု ရှိနေသေးသည်။ ထို့ကြောင့် သူက ပျက်စီးခြင်း စာအုပ် မပြီးပြည့်စုံသော အပိုင်းများ၌ ယာယီ အစားထိုးရန် လျှို့ဝှက် ပညာရပ်တစ်ခုကို ပြင်ဆင် နေခဲ့သည်။ အနည်းဆုံး သူက ယုံကြည်မှုများကို ပို၍ ချောချော မွေ့မွေ့ ခေါ်ယူနိုင်မည့် အရေး အကြီးဆုံး လုပ်ဆောင်ချက်ကို ပြီးမြောက်ရမည် ဖြစ်သည်။
စေတန်က ပါရမီရှိပြီး ထူးချွန်သူ တစ်ယောက် ဖြစ်သည်။ ကြယ်ကြွေ တမန် အင်ပါယာ၌ ဖန်တီးခြင်း ဇစ်မြစ် စွမ်းအားကို ခံစားရပြီးနောက် သူက ဖန်တီးခြင်း ဇစ်မြစ်၏ ပြောင်းပြန် တွက်ချက်ခြင်းကို အကြံဉာဏ် ရခဲ့သည်။ ထိုအရာက ပျက်စီးခြင်း ဇစ်မြစ် စွမ်းအား၏ ရပ်တန့်နေသော နားလည်မှုအပေါ် မယုံနိုင်စရာ အတွေးအမြင် တစ်ခု ပေးခဲ့သည်။
ချန်လွေ့က လျှို့ဝှက်ဆန်းကြယ်ပုံ ပေါ်သော်လည်း ထိုရန်သူက ဆက်ခ်ရက်တောင်သို့ လာရဲသည်နှင့် စေတန်က သူ့ကို ချေမှုန်းနိုင်မည် ဖြစ်ကြောင်း လုံးဝ ယုံကြည်သည်။ သို့သော်လည်း ထိုတစ်လအတွင်း တံခါးပိတ် လေ့ကျင့်ပြီးနောက်တွင် ဖန်တီးခြင်း ဇစ်မြစ် အကျိုးများကို နားလည်သွားခဲ့လေသည်။ စေတန်က ဖန်တီးခြင်း ဇစ်မြစ်ကို ရရှိရန်အတွက် အရှင် ဖမ်းရန် အကြံရခဲ့သည်။ ဇစ်မြစ် စွမ်းအားကို ပြသခြင်း နှင့် ဇစ်မြစ် စွမ်းအားကို ထုတ်ပြခြင်း တို့က မတူညီသော အယူအဆ နှစ်ခု ဖြစ်သော်လည်း စေတန် အတွက် ဖန်တီးခြင်း ဇစ်မြစ်၏ အရေးပါပုံက ပိုင်ဆိုင်ရန် မဟုတ်ဘဲ နားလည်ရန် သာ ဖြစ်သည်။ ထို့ကြောင့် သိပ်ပြီး မထူးခြားလှပေ။
ယခု အချိန်တွင် ထိုသူ အသက်ရှင် နေသည်က သေသည်ထက် ပို၍ တန်ဖိုးရှိပေသည်။
သို့သော်လည်း နတ်ဘုရား-ယောင် အဆင့်များ၌ ကိုယ်ပိုင် ထူးခြားမှုများ ရှိကြသည်။ သူတို့ကို အရှင် ဖမ်းရသည်က သတ်ခြင်းထက် ပို၍ ခက်ခဲသည်။ ထို့ပြင် ထိုသူက ဖန်တီးခြင်း ဇစ်မြစ် ကိ ရရှိပြီးနောက် မိုက်ကယ် နှင့် ရာဖယ်ရယ်တို့ထံမှ လွတ်မြောက်ခဲ့သည်။ ထိုအရာက သေချာပေါက် ကံကောင်း၍ မဖြစ်နိုင်ပေ။
စေတန် ခုနက ဖိအားကို အသက်သွင်း လိုက်စဉ် ချန်လွေ့ ပြသခဲ့သော တည်ငြိမ်နေမှုက အတုအယောင် မဟုတ်ပေ။ သူက စေတန် လက်ထဲမှ လွတ်မြောက် နိုင်ရန် ယုံကြည်မှု ရှိနေရပေမည်။
ထို့ကြောင့် စေတန်က အလောင်းအစားကို အကြံရခဲ့ခြင်း ဖြစ်သည်။
ယခုတွင် စေတန်က ချန်လွေ့ ၏ အပေးအယူကို ကြားလိုက်ရရာ သူ၏ စိတ်က စတင် လှုပ်ရှားလာသည်။ ဒီကောင်ရဲ့ စွမ်းအားက နတ်ဘုရား တစ်ပိုင်း အဆင့် အထွတ်အထိပ်မှာပဲ ဖုံးကွယ်ထားပေမယ့် သူက ငါ့ထက် အများကြီး နိမ့်ကျတယ်။ ဒီလော့စ်ရိုရဲ့ စိတ်ပုံရိပ်က အပြီးသတ် အဆင့်နဲ့ အတော်လေး နီးကပ်နေပြီ။ ပြီးတော့ စွမ်းအားကလည်း ဒီကောင်ထက် အများကြီး ပိုသာတယ်။ ငါ သတိထားရုံပဲ။ သူ့ရဲ့ အခွင့်အရေး ယူတာကို မခံရဘူးဆို သေချာပေါက် အနိုင်ရမှာပဲ။
“သေခြင်း ရှင်ခြင်းက ကံတရား အတိုင်းပါပဲ။ ကျုပ်က အလျင် မလိုပါဘူး။ အဲဒါကြောင့် ဆာ-စေတန် စိုးရိမ်စရာ မလိုပါဘူး။”
လန်ဘို့စ် ချန်လွေ့ကို ကြည့်လိုက် ပြီးနောက် စေတန်ကို ကြည့်ကာ ထပ်ပြောလိုက်သည်။
“ငါလည်း ဒီလူက နတ်ဘုရား အဆင့် နဲ့ ဘယ်လောက် နီးကပ်နေလဲ ဆိုတာကို မြင်ချင်တယ်။”
စေတန်၏ မျက်လုံးထဲ၌ လက်ခနဲ ဖြစ်သွားပြီး စိတ်ပိုင်းဖြတ်လိုက်သည်။
“ကောင်းပြီလေ။”
ချန်လွေ့က ခေါင်းညိတ်လိုက်ပြီး လက်ထဲ၌ အလင်းရောင် ဖျော့ဖျော့ တစ်ခု ပေါ်လာခဲ့သည်။
“ကျုပ်တို့ မသွားခင် နှစ်ဖက်လုံးရဲ့ စစ်မှန်မှုကို ကာကွယ်ဖို့ အတွက် ဒီညီတူမျှတူ စာချုပ် ကို အရင် ချုပ်ထားပေးပါ။ဆာ။”
“မင်းရဲ့ နာမည်က ရစ်ချက်လား။ ဒီသတ်မှတ်ချက်က ဘာလဲ။ ၁၀ နှစ် အချင်းချင်း ထိခိုက်အောင် မလုပ်နဲ့။ ပူးပေါင်းတိုက်ခိုက်မှုမှာ အဖော်တွေ မတိုက်ခိုက်နဲ့။ ဟမ့်။ အတော်လေးကို သတိထားတာပဲ။”
စေတန်က စာချုပ်ထဲမှ အချက်များကို ကြည့်လိုက်ပြီး အထင်သေးသော အမူအရာတစ်ခု ပြသလိုက်သည်။ ထို့နောက် သူက လက်ကို ဝှေ့ယမ်းကာ စာချုပ်ကို ချုပ်ဆိုလိုက်သည်။
စာချုပ် ချုပ်ဆိုပြီးနောက် ချန်လွေ့ တိတ်တဆိတ် သက်ပြင်းချလိုက်၏။ သို့သော် ထိုသို့ အလောင်းအစားမျိုး၌ သူက လုံးဝ အရေးနိမ့်နေကြောင်းကို သိသည်။ သို့သော် သူ စိတ်မအေး နိုင်ပေ။ အခြေအနေကို သုံးသပ်ကာ ရသမျှ အခွင့်အရေးကို ရယူရမည် ဖြစ်သည်။
မျှော်လင့်ချက်မဲ့ခြင်း အရှင်သခင်၏ စွမ်းအားက ပေါ့သေးသေး ကိစ္စ မဟုတ်ချေ။ အထူးသဖြင့် ထိုကဲ့သို့ ကြောက်စရာ ကောင်းသောအဓိက ယဇ်ပလ္လင်က အဆုံးသတ် အခြေအနေ နှင့် နီးကပ်နေခဲ့ပြီး ဒီလော့စ်ရိုက အစစ်အမှန် ခန္ဓာကိုယ်နှင့် နီးစပ်နေပြီ ဖြစ်သည်။ ချန်လွေ့က လန်ဘို့စ်ကို နေခဲ့စေချင်သော်လည်း ရေဒြပ်စင် ဘုရင်က သူနှင့် အတူ အတင်း လိုက်သွားခဲ့သည်။
မီရိုပင်လယ်ပြင်မှ ကြက်သွေးရောင် သွားနှစ်ခွ ပင်လယ်ပြင်သို့ ခရီးက အန္တရာယ် ရှိနေဆဲ ဖြစ်သည်။ စေတန် ၏ စွမ်းအားကိုလည်း ထို အချိန်၌ ပြသခဲ့သည်။ သူက မီရို ပင်လယ်ပြင်မှ ဝင်္ကပါကို ဖြတ်သွားရန် စွမ်းအား အနည်းငယ်သာ အသုံးပြုခဲ့ရသည်။
ချန်လွေ့က [မီးလိုကျူးကျော်]ကို အသက်သွင်းခဲ့စဉ် ကြက်သွေးရောင် သွားနှစ်ခွ ပင်လယ်ပြင် အပြင်ရှိ တိုင်းပြည်ကိုသာ ဖောက်ထွင်း နိုင်ခဲ့သည်။ ထိုစဉ် လက်တစ်ချက် ဝှေ့ယမ်းရုံဖြင့် စေတန်က အကျဉ်းချ ထားသော နေရာလွတ်ကို ဖျက်ပြီး အဓိက ယဇ်ပလ္လင် ပင်လယ်ပြင်သို့ တိုက်ရိုက် ရောက်ရှိလာခဲ့သည်။
ခြေထောက်အောက် လိမ့်နေသော ချော်ရည်များ နှင့် အဝေးမှ အရိုးကျွန်းများကို ကြည့်ကာ လေထဲမှ မွန်းကျပ်သော ခံစားချက်ကို ခံစားနေရင်း စေတန်၏ အကြည့်က စတင်၍ လေးနက်လာခဲ့သည်။
“ဒီလို အငွေ့အသက်မျိုးက သေချာပေါက် အဆုံးသတ် ပုံစံနဲ့ နီးစပ်နေတယ်။”
စေတန်က ချန်လွေ့ လှုပ်ရှားရန် မစောင့်ခဲ့ပေ။ သူ၏ ပုံရိပ်က လက်ခနဲ ပျောက်သွားခဲ့ပြီး အရိုးကျွန်း တစ်ခု၏ အရှေ့တွင် ပေါ်လာခဲ့သည်။ သူ၏ လက်ထဲ၌ ရွှေနက် အလင်းရောင် တစ်ခု တောက်ပလာခဲ့ပြီး အရိုးကျွန်း ဆီသို့ ပျံသွားခဲ့သည်။
အနီးနားတွင် ရှိသော ချော်ရည် သွေးပင်လယ်က ထိုအလင်း၏ နောက်ကျန် ပုံရိပ်ကြောင့် ပိုင်းခြား ခံလိုက်ရသည်။ အရိုးကျွန်းကို အလင်း ထိသွားရာ ပေါက်ကွဲ ထွက်သွားပြီး အလွန်ကြီးမားသော အပေါက်ကြီး တစ်ခုကို ဖြစ်စေခဲ့သည်။ ထိုကဲ့သို့ ပုံမှန် တိုက်ခိုက်မှု စွမ်းအား တစ်ခုတည်းက [ဓူဝံကြယ် ခရမ်း အသွင်ပြောင်းခြင်း] အခြေအနေ၌ ချန်လွေ့ အသုံးပြုခဲ့သော အဆုံးသတ် တိုက်ကွက်ထက်ပင် အများကြီး သာလွန်သည်။
စေတန် မျက်မှောင်ကြုံ့ လိုက်၏။ အကြောင်းမှာ သူက နောက်ဆက်တွဲ ယုံကြည်မှုနှင့် အသက်စွ မ်းအား ဆုံးရှုံးမှုကို ခံစားလိုက်ရ၍ပင်။ မျက်စိ တစ်မှိတ် အတွင်းမှာပင် အပေါက်က မူလပုံစံသို့ ပြန်လည် ရောက်ရှိ သွားခဲ့သည်။
အတွေး တစ်ချက်ဖြင့် စေတန်က အရိုးကျွန်း နှစ်ခု၏ အလယ်တွင် ပေါ်လာခဲ့ပြီး သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှ အင်အားကြီး အရှိန် အဟုန် တစ်ခု ပေါက်ကွဲသွားခဲ့သည်။ သူက လက်ဝါးများကို တွန်းလိုက်ရာ မရေမတွက် နိုင်သော မီးတောက်များ ချက်ချင်းပင် ထွက်ပေါ်လာခဲ့ပြီး စေတန်ကို ဗဟိုပြုကာ အရိုးကျွန်း နှစ်ခုဆီသို့ လှိမ့်သွားခဲ့သည်။ မီးတောက်များ သွားသော နေရာတိုင်း ပူလောင်သော ချော်ရည်များက အစွမ်းထက် အငွေ့အသက်ကြောင့် အငွေ့ပျံသွားခဲ့သည်။ ပင်လယ်ပြင် တစ်ခုလုံး နိမ့်ဆင်းသွားဟန်တူသည်။
စေတန်၏ လှုပ်ရှားမှုများ အလွန် မြန်ဆန်လှသည်။ အရိုးကျွန်းများက မျက်စိတစ်မှိတ် အတွင်းမှာပင် ဝါးမျို ခံလိုက်ရလေသည်။ အပြင်းအထန် တုန်ခါမှုများထဲတွင် မရေမတွက် နိုင်သော အပိုင်းအစများ ပေါက်ကွဲ ကုန်သည်။ ချန်လွေ့ ထိတ်လန့် သွားခဲ့၏။ သူက တစ်ချက်မျှပင် လှုပ်ရှားရန် မလိုခဲ့ပေ။
ထိုအချိန်တွင် ရေဒြပ်စင် ဘုရင်က ချန်လွေ့ကို ခေါင်းခါလိုက်ပြီးနောက် အပိုင်းအစများက အရိုးကျွန်းအဖြစ် ပြန်ဖြစ်သွားကြောင်းကို သူ မြင်လိုက် ရသည်။ စေတန်က ပို၍ မျက်မှောင် ကြုံ့လိုက်၏။ ၎င်းက အရိုးကျွန်းများ ပြန်ကောင်းသွားခြင်းကြောင့် မဟုတ်ဘဲ ထူးဆန်းသော ဥပဒေသ စွမ်းအားကြောင့် ဖြစ်လေသည်။ အရိုးကျွန်းကို တိုက်ခိုက်သူများက ယုံကြည်မှု စွမ်းအားများနှင့် အသက် စွမ်းအားများကို ဆုံးရှုံးမည် ဖြစ်ပြီး ထိုအရာများက အထူး အစွမ်းထက် ပုဂ္ဂိုလ်များအတွက် အရေးအကြီးဆုံး အခြေခံ စွမ်းအားများ ဖြစ်လေသည်။ နတ်ဘုရား-ယောင် အစွမ်းထက် ပုဂ္ဂိုလ်များ အတွက်ပင် ထိုသို့ ဖြစ်၏။
“လူခွဲပြီး တိုက်ခိုက်မယ်။” မူလက စေတန်သည် အရိုးကျွန်း နှစ်ခုကို တစ်ခါတည်း တိုက်ခိုက်ချင်ခဲ့သည်။ ထို့နောက် ဒီလော့စ်ရိုကို နှိမ်နင်းကာ အလောင်းအစား အနိုင်ရချင်ခဲ့သည်။ မမျှော်လင့်ဘဲနှင့် အရိုးကျွန်းများ၏ အင်အားက ထင်ထားသည်ထက် ပို၍ ကျော်လွန်နေခဲ့သည်။ ထိုနှစ်ခုကို တခါတည်း ဖျက်ဆီးနိုင်ရန် ခက်ခဲ လှပေသည်။ ထို့အပြင် ယုံကြည်မှု စွမ်းအားနှင့် အသက်စွမ်းအားများ အတော်လေး ကုန်ဆုံးစေလိမ့်မည်။ သူက ချန်လွေ့ ဘေးတွင် ရပ်နေပြီး အကျိုးအမြတ်များ မရရှိစေချင်ပေ။
ချန်လွေ့က တကယ့် ရန်သူမှာ နောက်တွင် ရှိနေကြောင်း သိသည့် အတွက် အရိုးကျွန်းများကို အရင်ဆုံး ဖျက်ဆီးရပေမည်။ သူက ချက်ချင်း အခြား အရိုးကျွန်း တစ်ခုဆီသို့ ပျံသန်း သွားခဲ့သည်။ မရေမတွက် နိုင်သော ခရမ်းရောင် အလင်းများ တောက်ပ လာခဲ့သည်။ သူက ပျံသန်းနေရင်း [ဓူဝံကြယ် အသွင်ပြောင်းခြင်း] ကို အသက်သွင်းလိုက်သည်။
“[လေလို မြန်ဆန်]”
ထိုစကားကို ပြောလိုက်သည်နှင့် ခရမ်းရောင်အလင်း၏ အမြန်နှုန်းက ရုတ်တရက် မြန်သွားခဲ့ပြီး အရိုးကျွန်း ကို မိုးကြိုးပစ်သလို ဖြစ်သွားခဲ့သည်။ ထိုအမြန်နှုန်းက အလွန် အံ့ဩဖွယ်ရာ ကောင်းလှပေသည်။ ထိုမြင်ကွင်းကို စေတန် မြင်လိုက်သောအခါ မျက်ခုံး အနည်းငယ် ပင့်လိုက်သော်လည်း သူ၏ အာရုံက လျင်မြန်စွာပင် ရှေ့ကို ပြန်ရောက်သွားခဲ့သည်။ မရေမတွက် နိုင်သော သလင်းကျောက် အလင်းက အလွန် ကြီးမားသော လက်တစ်ခု အဖြစ် စုစည်းသွားပြီး သူ့ကို ဖမ်းဆုပ် လိုက်လေသည်။
စေတန်က နှာခေါင်းရှုံ့လိုက်ပြီး လက်ကို ဆန့်ကာ လှုပ်ခါလိုက်သည်။ သူ့ခြေထောက် အောက်မှ ချော်ရည် ရုတ်တရက် လှုပ်ခါသွားခဲ့ပြီး များပြား လှသော အရှိန်မြင့် တုန်ခါမှု လှိုင်းတွန့်များ ဖြစ်စေကာ လေထဲ၌ ပြန့်ကျဲနေသော တုန်ခါမှုအား အဖြစ် ပြောင်းလဲသွားခဲ့သည်။
ထိုစွမ်းအား အောက်တွင် ဧရာမ လက်က မရေမတွက် နိုင်သော အပိုင်းအစများ အဖြစ်သို့ ပြန့်ကျဲ သွားခဲ့သည်။ ထိုအရာက ကြောက်မက်ဖွယ်ရာ မိုးပျံ နယ်မြေ ထဲ၌ ကိုယ်ပွား အဖြစ် စေတန် သရုပ်ပြခဲ့သော အထူး စွမ်းရည်တစ်ခု ဖြစ်သည်။ ထိုအရာက ကြိမ်နှုန်းမြင့် လက်နက် တစ်ခု လှုပ်ရှားမှုတစ်ခုနှင့် ဆင်တူပေသည်။ မူလခန္ဓာကိုယ်က ထုတ်လွှတ်လိုက်သော စွမ်းအားက အဆ ၁၀၀ခန့် ပို၍ အင်အားကြီးနေပုံ ရသည်။ ဒီလော့စ်ရို၏ စိတ်နိမိတ် ပုံရိပ်လက်က ချက်ချင်းပင် ပြိုလဲသွား ခဲ့သည်။
တုန်ခါမှုက လက်ကို ဖြတ်သွား ပြီးနောက် ကျန်ရှိနေသော အဟုန်က မရပ်သွားခဲ့ပေ။ ၎င်းက အရိုးကျွန်းဆီ တည့်တည့် သွားခဲ့၏။ အရိုးကျွန်း ၏ အလွန် ကြီးမားသော နေရာက ပြိုလဲသွားခဲ့ပြီးနောက် တဖြည်းဖြည်း ပြန်ကောင်းလာခဲ့ပြန်သည်။
ယခုတစ်ခေက် ပြန်ကောင်းနှုန်းက ယခင်ထက် ပို၍ နှေးကွေးနေခဲ့သည်။ ထို့အပြင် ယုံကြည်မှု စွမ်းအားနှင့် အသက်စွမ်းအား စုပ်ယူမှုကလည်း လျော့ကျသွားခဲ့သည်။ အကြောင်းအရင်းမှာ ရိုးရှင်းပေသည်။ အခြား တစ်ဖက်မှ အရိုးကျွန်း ကို ချန်လွေ့က တစ်ချိန်တည်း တိုက်ခိုက် လိုက်ခြင်းကြောင့်ပင်။
လန်ဘို့စ်က တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ သူတို့ နှစ်ယောက်၏ တပြိုင်နက် တိုက်ခိုက်မှုက အရိုးကျွန်း နှစ်ခု၏ အဓိကယဇ်ပလ္လင် စွမ်းအားမျှခြေကို နှောင့်ယှက်ခဲ့သည်။ အရိုးကျွန်းများ ပြန်ကောင်းလျှင်ပင် ထိုအမြန်နှုန်း၌ ကြာကြာခံမည် မဟုတ်ဘဲ အမှန်ပင် ပြိုလဲသွားပေလိမ့်မည်။