ရှေးဟောင်းလျှို့ဝှက်ချက်များ
Vol. 67 Ch. 1079
ဖိုက်သွန်က သူ၏ ပတ်ပတ်လည်မှ ပတ်ဝန်းကျင်အသစ်ကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။ “ဒါက ဆာ့ရဲ့ တိုင်းပြည်စွမ်းအား နဲ့ ဖန်တီးထားတဲ့ နန်းတော်လား။ အတွင်းထဲမှာရှိတဲ့ အငွေ့အသက်က အတော်လေး အံ့သြစရာပဲ။ ဒါက တကယ့် နတ်ဘုရား တိုင်းပြည်ရဲ့ နန်းတော်လိုမျိုး ခံစားရစေတယ်။”
“ကြယ်စင်စုနတ်ဘုရားကျောင်း ကနေ ကြိုဆိုပါတယ်။” ချန်လွေ့က ပေါ့ပေါ့ပါးပါး ပြုံးလိုက်၏။ “တကယ့် နတ်ဘုရားတိုင်းပြည်က ဘယ်လိုပုံလဲ ဆိုတာ မသိပါဘူး… ဒါပေမဲ့ ခင်ဗျားက ဒါကို နတ်ဘုရားတိုင်းပြည် တစ်ခုခုလိုမျိုး တည်ရှိမှု တစ်ခုလို့ မြင်လို့ရတယ်။ ထိုင်ပါဦး။”
ဖိုက်သွန် မျက်မှောင်ကြုတ်ပြီး တစ်ခုခု ပြောချင်ခဲ့သည်။ သို့သော် နောက်ဆုံးတွင် သူ ထိန်းထားခဲ့ပြီး ခုံပေါ်မှာ ထိုင်လိုက်သည်။
“ကျုပ် မေးချင်တဲ့ မေးခွန်းက အဓိကအားဖြင့်တော့ ရှေးဟောင်း ဒါမှမဟုတ် ပိုပြီးတော့ ရှေးကျတဲ့ လျှို့ဝှက်ချက်တွေနဲ့ သက်ဆိုင်တယ်။” ချန်လွေ့ ခဏလောက် စဉ်းစားပြီး ပြောလိုက်သည်။ “လျှို့ဝှက်ချက် အချို့မှာ သတ်မှတ်ထားတဲ့ ကန့်သတ်ချက်တွေနဲ့ တားမြစ်ချက်တွေ ရှိတာကို ကျုပ် သိတယ်။ ခင်ဗျား မဖြေနိုင်ရင် ကျုပ် ခင်ဗျားကို အတင်းအကြပ် မပြောခိုင်းပါဘူး။”
ဖိုက်သွန် ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ။ ဒါဆိုရင် ကျုပ် ပထမဆုံး မေးခွန်းကို စမေးမယ်။ လူသားတွေနဲ့ နတ်ဆိုးဘုံကြားက နှစ်၅၀၀ကြာတိုင်း ဖြစ်တဲ့ စစ်ပွဲရဲ့ လျှို့ဝှက်ချက်က ဘာလဲ။ ဒါက တကယ်တော့ စတေးတာလိုမျိုးပဲလို့ ခင်ဗျား ပြောခဲ့တာကို မှတ်မိတယ်။ ‘ရလဒ်မရှိ’တာက ဒီလိုစစ်ပွဲအတွက် စည်းကမ်းပဲ။ တစ်ယောက်က စည်းကမ်းကို ချိုးဖောက်လိုက်တာနဲ့ ‘ဆုံးမ’ခံရလိမ့်မယ်။ ဘာလို့ ဒီလိုမျိုး စတေးတာ ရှိနေတာလဲ။ ဘယ်သူ့ အတွက် စတေးတာလဲ။”
“ဟုတ်တယ်။ အဲဒါတွေအားလုံး စတေးတာနဲ့ အတူတူပဲ။” ဖိုက်သွန် သက်ပြင်းချလိုက်သည်။ “တကယ်တော့ အင်အားကြီးသူက အင်အားနည်းသူကို လွှမ်းမိုးထားတဲ့ ဒီလောကမှာ လူတွေအားလုံးက စတေးခံတွေပဲ။ အင်အားနည်းသူက အင်အားကြီးပုဂ္ဂိုလ်အတွက် စတေးခံရတယ်။ အင်အားကြီး ပုဂ္ဂိုလ်တွေကလည်း အတကယ့် အန္တိမပုဂ္ဂိုလ်တွေရဲ့ မျက်လုံးထဲမှာ ကစားစရာတွေနဲ့ စတေးခံတွေပဲ။ အဲဒါကြောင့်မို့ တစ်ခုတည်းသော နည်းလမ်းက အမြင့်ဆုံး တည်ရှိမှု ဖြစ်လာပြီးတော့ သက်ရှိသတ္တဝါတွေ အားလုံးကို အမှန်တကယ် ငုံ့ကြည့် နိုင်ဖို့ပဲ။”
“ခင်ဗျား ပြောနေတဲ့ အမြင့်ဆုံး တည်ရှိမှု ဆိုတာက နတ်ဘုရားလား။” ချန်လွေ့ မျက်မှောင်ကြုတ်လိုက်၏။ “ခုနက မေးထားတဲ့ မေးခွန်းကို ခင်ဗျား မဖြေရသေးဘူး။”
ဖိုက်သွန် တိတ်ဆိတ် နေခဲ့ပြီး မဖြေချင်သည်မှာ သိသာပေသည်။ ချန်လွေ့က ပြောခဲ့ပြီးသား ဖြစ်ရာ အတင်း မတိုက်တွန်းခဲ့ဘဲ ဆက်၍ မေးလိုက်သည်။ “‘အသူရာချောက်နက်’ က တကယ် ဘာလဲ။”
“‘သူတို့’…က ကျိန်စာ တစ်ခုပဲ။ တားမြစ်ချက်တစ်ခုလည်း ဟုတ်တယ်။”
ချန်လွေ့က စေတန်သည် ဒီလော့စ်ရိုကို ‘ကျိန်စာသင့်သူ’ ဟူ၍ ခေါ်ခဲ့ကြောင်းကို မှတ်မိခဲ့သည်။ ‘အသူရာချောက်နက်’က ရှေးဟောင်း ဘာသာစကားမှာ တားမြစ်ချက်လို့ အဓိပ္ပာယ်ရတယ်။ ဒါပေမဲ့ အဲဒါက တိတိကျကျဘာလဲဆိုတာကိုတော့ ငါ မသေချာဘူး။ “ကျိန်စာက ဘာလဲ။ ဘာလို့ အသူရာ ချောက်နက်က အရာအားလုံးကို ဖျက်ဆီးချင်တာလဲ။”
“ပျက်စီးခြင်းက ဖန်တီးခြင်း အတွက်ပဲ။” ဖိုက်သွန် အနည်းငယ် လေးနက်ပုံရသည်။ “ဒါပေမဲ့ ဖန်တီးခြင်းက မူလ အရာတွေကို ဖျက်ဆီးတာအပေါ်မှာ အခြေခံတယ်။ ရှင်၊ ကျွန်မနဲ့ အရာအားလုံး အပါအဝင်ပေါ့။ ဒီမေးခွန်းကို… ဒီလောက်ပဲ ဖြေနိုင်မယ်။”
အရာအားလုံးကို ဖျက်ဆီးတဲ့ အသူရာ ချောက်နက်က ဘာကို ဖန်တီးချင်တာလဲ။ ချန်လွေ့၏ စိတ်ထဲတွင် သံသယ ပိုများလာ၏။ သို့သော် မေးခွန်းအားလုံးကိုလည်း အဖြေရခဲ့ပြီ ဖြစ်သည်။ လူသား လောကရဲ့ ကောင်းကင်တမန်တော် သုံးပါးနဲ့ နတ်ဆိုးဘုံရဲ့ စေတန်တို့က အသူရာချောက်နက်ကို ဘာလို့ အရေးကြီးဆုံး ရန်သူလို့ သဘောထား တာလဲ။
“နောက်မေးခွန်းကတော့ အဆောင်ပစ္စည်း (၇)ခုက တကယ် ဘာလဲ။ အန္တိမ အဆောင်ပစ္စည်းလား။ အဲဒီလိုဆိုရင် နှစ်ပေါင်းများစွာကြာ နတ်ဆိုးဘုံမှာ အဲဒါတွေကို အထူး အစွမ်းထက်ပုဂ္ဂိုလ်တွေက မလုယူ ရတာလဲ။”
“အဆောင်ပစ္စည်း (၇)ခု… က အန္တိမ အဆောင်ပစ္စည်းလို့ ပြောလို့ ရတယ်။ အဲဒါတွေက တားမြစ်ချက် တစ်မျိုးလည်း ဟုတ်တယ်။ ပြန့်ကျဲ နေတဲ့ သွေးမျိုးဆက်တွေက အဲဒါကို အသက်သွင်းရုံလေးပဲ လုပ်နိုင်မယ်။ တကယ်တော့ သူတို့က သက်ဆိုင်ရာ စွမ်းအားကိုပဲ ထိန်းချုပ်နိုင်တယ်။ ဘယ်သူမှ အဆောင်ပစ္စည်း (၇)ခုလုံးကို တစ်ချိန်တည်းမှာ အသုံးပြုလို့ မရနိုင်ဘူး။ စေတန်၊ ကျွန်မ၊ ပြီးတော့ မိုက်ကယ်တောင် အဲဒါနဲ့ စစ်မှန်တဲ့စွ မ်းအားကို မထုတ်သုံးနိုင်ဘူး။”
ထိုသို့ပြောပြီးနောက် ဖိုက်သွန်၏ မျက်လုံးက ချန်လွေ့ကို စိုက်ကြည့် နေခဲ့သည်။ “တစ်ယောက်ယောက် မဟုတ်ရင်တော့…”
“တစ်ယောက်ယောက် ဟုတ်လား” ချန်လွေ့ ရုတ်တရက် သဘောပေါက် သွားခဲ့ပြီး ပြုံးလိုက်သည်။ “ကျုပ် အခု နားလည်ပြီ။ အသေအချာပဲ။ ဒါက အတော်လေး အထင်လွဲနေတာ။”
“အထင်လွဲတာ ဟုတ်ဟုတ် မဟုတ်ဟုတ် အရေးမကြီးဘူး။ အဓိက အချက်က အဆောင်ပစ္စည်း (၇)ခုလုံးကို ထိန်းချုပ်နိုင်တဲ့ သူက ရှင် တစ်ယောက်တည်းပဲ။” ဖိုက်သွန်က ချန်လွေ့ကို မကြည့်ဘဲ ခန်းမ အပြင်ဘက်မှ ကြယ်ကောင်းကင် ကိုသာ ကြည့်နေခဲ့သည်။
“ဖြစ်လောက်မှာပါ…”
သူ ဘာမှ ဆက်မပြောတော့ဘဲ ပြန်လည် တိတ်ဆိတ်သွားခဲ့သည်။
ချန်လွေ့က ထိုအဖြေမှာ အဆုံးသတ် သွားပြီ ဖြစ်ကြောင်းကို သိခဲ့သည်။ ဖိုက်သွန်၊ ရေဒြပ်စင်ဘုရင် နဲ့ တခြားသူတွေရဲ့ အထင်လွဲစရာ အရင်းအမြစ်က အဆောင်ပစ္စည်း (၇)ခုမှာ ရှိနေတဲ့ပုံပဲ။ ပြဿနာက အဆောင်ပစ္စည်း (၇)ခုကို ထိန်းချုပ် နေတဲ့ ‘တစ်ယောက်ယောက်’ က အဆောင်ပစ္စည်းကနေ အသိအမှတ် ပြုခံရသင့်တယ်။ ငါက အဆောင် ပစ္စည်းတွေ တရားမဝင် လုယူနေတာ ရှင်းနေတာပဲ။ စူပါစနစ်က အရမ်း စွမ်းအားလွန်နေတာကိုပဲ အပြစ်တင် ရမယ်။ အမြင့်ဆုံး အဆောင်ပစ္စည်း ကိုတောင် လုယူနိုင်တာကိုး။
“ပျက်စီးခြင်းစာအုပ်နဲ့ ဖန်တီးခြင်း စာအုပ်ထဲ ဘယ်လိုလျှို့ဝှက်ချက်တွေ ပါဝင်လဲ။ ဖန်တီးခြင်း ကိုယ်ထည် ဒါမှမဟုတ် ပျက်စီးခြင်း ကိုယ်ထည် ဆိုတာ ဘာလဲ။”
“ဖန်တီးခြင်း စာအုပ်ကို ‘စာအုပ်’ တစ်ခုနဲ့ နှိုင်းယှဉ်မယ် ဆိုရင် ဖန်တီးခြင်းကိုယ်ထည်က ‘အဖုံး’နဲ့ တူတယ်။ ဇစ်မြစ်ကို အဲဒီထဲမှာ ပိတ်ပြီး ထိန်းသိမ်းထားတယ်။ ရှင့်မှာ သိဒ္ဓိအမွေအနှစ် သုံးခု ရှိတာကို ကျွန်မ သိတယ်။ ဒါပေမဲ့ အဲဒါက ‘အဖုံး’နဲ့ ပြုလုပ်ထားတဲ့အရာတစ်ခုပဲ။ တကယ့်ကိုယ်ထည်မှာ မယုံနိုင်စရာ ချိပ်ပိတ် စွမ်းအား ရှိတယ်။ အဲဒါက အလင်းနတ်ဘုရားကျောင်းထဲမှာ ရှိနေလောက်သေးတယ်။”
ထိုလျှို့ဝှက်ချက်က ချန်လွေ့ကို အံ့အားသင့်စေခဲ့သည်။ သိဒ္ဓိအမွေအနှစ် သုံးခုက တကယ့် ‘ငွေသေတ္တာ’တွေ မဟုတ်ဘူးကိုး။
“ဖန်တီးခြင်းစာအုပ်နဲ့ ပျက်စီးခြင်းစာအုပ် ဆိုတာက ဒီလောကကို ဖန်ဆင်းရှင် ဖန်ဆင်း ပြီးတဲ့နောက် ကျန်ခဲ့တဲ့ အရာတွေပဲ။ ဒဏ္ဍာရီအရတော့ နတ်ဘုရားတွေ ‘ဖန်ဆင်းရှင်’လို့ခေါ် တဲ့သူက အရာ အားလုံးကို ဖျက်ဆီးဖို့အတွက် အချိန် ၃ရက်ယူခဲ့ပြီး၊ အဲဒီနောက် အခု ရှိနေတဲ့ အရာအားလုံးကို ဖန်တီးဖို့ အချိန် ၃ရက် ယူခဲ့တယ်။”
“‘အရာအားလုံး’ထဲမှာ နတ်ဘုရားတွေ ပါလား။” ချန်လွေ့က ဖိုက်သွန်ဆီမှ ‘ဖန်ဆင်းရှင်’ဟူသော ဝေါဟာရကို ဒုတိယ အကြိမ် ကြားခဲ့ရခြင်း ဖြစ်သည်။ ထိုအရာက ဖန်ဆင်းခြင်း ဒဏ္ဍာရီ၏ ကွဲပြားသော ဗားရှင်းတစ်ခုပင်။ သူ၏ မူလ ကုန်းမြေမှာ ဆိုလျှင် ထိုအရာက ပယ်ချခံရလိမ့်မယ်။ သို့သော် ယခု ကုန်းမြေတွင်တော့ အရာအားလုံးက ဖြစ်နိုင်ပေသည်။
“ပါတယ်။” ဖိုက်သွန် လေးနက်စွာ ပြောလိုက်သည်။ “ငါ ‘ဖန်ဆင်းရှင်’နဲ့ ပတ်သက်ပြီး သင်ယူခဲ့ရတဲ့ အရာ အများစုက လျှို့ဝှက် ဆန်းကြယ်တဲ့ ရှေးဟောင်းဒဏ္ဍာရီကနေ လာတာ။ အမှန် ဟုတ်မဟုတ် အတိအကျ ကိုတော့ မသေချာဘူး။”
နတ်ဘုရားများ အကြောင်းကို ပြောရရင် ချန်လွေ့က တစ်ခုခုကို သတိရသွားပြီး မေးလိုက်သည်။ “‘နတ်ဘုရားတွေရဲ့ ဆည်းဆာချိန်’ ဆိုတာ ဘာလဲ။ နတ်ဘုရားတွေ တကယ် သေဆုံးသွားတာလား။”
ထိုမေးခွန်းကို မေးပြီးပြီးချင်းတွင် ချန်လွေ့က ဖိုက်သွန်၏ မျက်နှာ အမူအရာက အနည်းငယ် ထူးဆန်း နေကြောင်း ရုတ်တရက် ခံစားလိုက် ရသည်။ “ဘာလို့ ကျုပ်ကို အဲဒီလို ကြည့်နေတာလဲ။”
“ဒါက နောက်ထပ် တားမြစ် မေးခွန်းတစ်ခုပဲ။ ‘သေဆုံးခြင်း’လို့ ခေါ်တဲ့ အရာက တကယ်တော့ ‘ဘဝ’ရဲ့ အစပဲ။ လောကကြီးထဲက အရာအားလုံးဟာ သေခြင်း ရှင်ခြင်း သံသရာတစ်ခုပဲ။ ကျွန်မ ဒီလောက်ပဲ ဖြေနိုင်မယ်။”
“ခင်ဗျားမှာ ကျောင်းထိုင်လုပ်ဖို့ အလားအလာရှိတာကို ရုတ်တရက် သိလိုက်ပြီ။” ချန်လွေ့ သက်ပြင်း ချလိုက်သည်။ ဒကာမလေးက ဉာဏ်ကောင်းလွန်းတယ်။ ငါက မေးခွန်းတွေ အများကြီး မေးခဲ့ပေမဲ့ အဖြေတွေ အားလုံး မရေမရာတွေပဲ။
ဖိုက်သွန်က မျက်မှောင်ကြုတ် လိုက်သည်။ “ကျွန်မက အဂ္ဂိရတ် ပညာ အပေါ်မှာ သိပ်ပြီးတော့ မလေ့လာထားဘူး။ ‘ကျောင်းထိုင်’က အထူးဂုဏ်ပုဒ်တစ်ခုလား။”
“ဟုတ်ပါပြီ။ ကျုပ် မှားတာပါ။” ချန်လွေ့က ခေါင်းခါလိုက်သည်။ အဖြေမရသေးသော မေးခွန်းများစွာ ရှိနေသေးသော်လည်း နောက်ဆုံးတွင် သဲလွန်စ တစ်ခု ရခဲ့ပြီ ဖြစ်သည်။ “ဝိညာဉ်စွမ်းအား အသစ်ကို လုံးဝ မကြေသေးတာ ဖြစ်မယ်။ ကျုပ်ရဲ့ အတွေးက ဒီနေ့ သိပ်မရှင်းဘူး ဖြစ်နေတယ်။ နောက်တစ်ခါကျမှ မေးခွန်းတွေ မေးတော့မယ်။”
“ဆာ။ ရှင် မေးလို့ ပြီးသွားရင် ကျွန်မကို စကား နည်းနည်းလောက် ပြောခွင့်ပြုပါ။”
ချန်လွေ့ ခဏတာ တွေဝေသွားပြီး ခေါင်းညိတ်လိုက်သည်။
ဖိုက်သွန်က ကျယ်ပြောလှသော ကြယ်စင်စုကို လက်ညှိုးထိုးလိုက်၏။ “ဒီစကြဝဠာက အတော်လေးကို လက်တွေ့ကျတယ် ဆိုတာကို ကျွန်မ ဝန်ခံပါတယ်။ ကျွန်မတောင် အရင်က လှည့်စားခံခဲ့ရတယ်။ ဒါပေမဲ့ အမှန် အတိုင်း ပြောရရင် ဒီ ‘နတ်ဘုရား တိုင်းပြည်’ရဲ့ ယုံကြည်မှု စွမ်းအားနဲ့ အသက် စွမ်းအားက ဘယ်လောက်ပဲ လက်တွေ့ကျကျ၊ စစ်မှန်တဲ့တည်ရှိမှု မဟုတ်သေးဘူး။ ဆာက ဖန်တီးခြင်း ဇစ်မြစ်နဲ့ ပျက်စီးခြင်း ဇစ်မြစ်ကို နားလည်ဖို့ အာရုံစိုက်သင့်တယ်။ အဲဒီနောက်မှာ ပိုပြီးအားကောင်းတဲ့ စွမ်းအားကို နားလည်ဖို့ ကြိုးစား သင့်တယ်။ ဒီလို တကယ်မဟုတ်တဲ့ စိတ်ကြီးဝင်နေတဲ့အရာတွေအပေါ်မှာ အချိန်ဖြုန်းနေတာမျိုး မလုပ်သင့်ဘူး။”
“မဟုတ်ဘူး။ ကျုပ်က ဒီလိုမျိုး ပျင်းတဲ့အဆင့်ထိ မရောက်သေးဘူး။ တိုင်းပြည်တစ်ခုကို တည်ဆောက်ပြီး အဲဒီထဲမှာ နတ်ဘုရား တစ်ပါးလို ဟန်ဆောင်တာက ကိုယ့်ကိုယ်ကိုယ် လှည့်စားနေတာပဲ။” ချန်လွေ့က ခေါင်းကို ခါလိုက်သည်။ “ငါ ပြောချင်တာက ဒါ တကယ့် စကြဝဠာတစ်ခု ဖြစ်လောက်တယ်…”
“တကယ့် စကြဝဠာ ဟုတ်လား။ ဒါက ကိုယ့်ကိုယ်ကို လှည့်စားနေတာ မဟုတ်ဘူးလား။” ဖိုက်သွန်၏ အကြည့်က အေးစက်လာခဲ့ပြီး သူ၏ လေသံက ပြတ်သားနေခဲ့သည်။ “စေတန်နဲ့ နှိုင်းယှဉ်ရင် စွမ်းအား ပြန်ကောင်းတာဖြစ်ဖြစ်၊ စွမ်းအား တိုးတက်တာဖြစ်ဖြစ်၊ ရှင့်ရဲ့ လက်ရှိ စွမ်းအားက အများကြီး နောက်ကျ ကျန်ခဲ့တယ်။ ၁၀နှစ်က မလုံလောက်ဘူး။ ရှင် တကယ်ပဲ သူနဲ့ ယှဉ်ပြိုင်ချင်ရင် ဒီလို စိတ်ကြီးဝင်တဲ့ အရာတွေအားလုံးကို ဖယ်ရှားရလိမ့်မယ်။”
“တကယ်တော့ ကျုပ် ခင်ဗျားကို အထူးစွမ်းရည် အချို့ ပေးဖို့ စဉ်းစား နေတာ။ အဲဒီမတိုင်ခင် ခင်ဗျားရဲ့ အယူအဆကို အရင်ဆုံး အမှန်ပြင်ဖို့ လိုမယ်ထင်တယ်။”
ဖိုက်သွန်၏ ယဉ်ကျေးမှု မရှိသော်လည်း ဆီလျော်သော ဝေဖန်ချက်ကြောင့် ချန်လွေ့ လန့်သွားခဲ့သည်။ ဗာရိုနီကာ၏ ပုံရိပ်က သူတို့၏ အရှေ့တွင် ပေါ်လာခဲ့သည်။ “မိတ်ဆက်ပေး ပါရစေ။ ဗာရိုနီကာ၊ သူက ဖိုက်သွန်။”
“ဗာရိုနီကာ။” ဖိုက်သွန်က ဗာရိုနီကာကို ကြည့်လိုက်သည်။ “လူသားလောကမှာ ဒီနာမည်ကို ကြားဖူးသလိုပဲ။ နင့်ရဲ့ သရုပ်နဲ့ ပတ်သက်ပြီး အငြင်းပွားစရာ အချို့ ရှိတဲ့ပုံပဲ။ ရှင်က သူရဲ့ ဝိညာဉ်ကို ထုတ်ပြီး ရှင့်ရဲ့ ယုံကြည်သူ ဖြစ်လာစေ လိမ့်မယ်လို့ မမျှော်လင့် ထားခဲ့ဘူး။ ဒီအမျိုးသမီးရဲ့ ဝိညာဉ်က အားနည်းနေပေမဲ့ သူရဲ့ စွမ်းရည်က မဆိုးဘူး။ သူနဲ့ ဝိညာဉ်ပေါင်းစည်း လေ့ကျင့်ရင် စွမ်းအား တိုးတက်ဖို့ ကြီးမားတဲ့အကျိုးတွေ ရလိမ့်မယ်။”
ဖိုက်သွန်ထံမှ ‘မဆိုး’သော အကဲဖြတ်မှုကို ရရှိနိုင်ခြင်းက အမှန်တကယ်၌ အလွန်မြင့်မားသော အကဲဖြတ်မှု တစ်ခုပင်။ သို့သော် မစ်-ဖိုက်သွန်က ကိုယ့်ကိုယ်ကို အလွန် ဂရုစိုက်ပုံရသည်။ ဗာရိုနီကာ၏ ဝိညာဉ်က ချန်လွေ့ ရည်ရွယ်ချက်ရှိရှိ ထုတ်ထားခြင်း မဟုတ်ပေ။
ဖိုက်သွန်၏ စကားလုံးများကို ကြားလိုက်ရာတွင် ဗာရိုနီကာက ထိုအမျိုးသမီးမှာ ယခင်က ဇိုလာနှင့် ကက်သရင်းတို့နှင့် လုံးဝ ကွာခြား နေကြောင်း နောက်ဆုံး သိခဲ့သည်။ သူက ချန်လွေ့နှင့် မတူညီသော ဆက်ဆံရေး ရှိပုံရသည်။ ထို့ကြောင့် သူက အံ့သြမိသွားသည်။
ချန်လွေ့က ပခုံးတွန့်လိုက်သည်။ “ဗာရိုနီကာ၊ ကျုပ် ခင်ဗျားကို အခု တာဝန်တစ်ခု ပေးမယ်။ အင်း… ၃ရက် အတွင်း ဒီမစ်-ဖိုက်သွန်ကို ကျုပ်တို့ အခုရှိနေတဲ့ နေရာက တကယ့် စကြဝဠာ ဆိုတာကို ယုံအောင် လုပ်ပေးပါ။”
“အင်း၊ ဒါဆို… နတ်ဝင်သည်လား..” ဗာရိုနီကာက စုံစမ်း မေးမြန်းသော ပုံစံဖြင့် မေးလိုက်သည်။ ချန်လွေ့က သူည်သည်ကို ဆိုလိုကြောင်း နားလည်ခဲ့သည်။ သူ ခေါင်းညိတ်ပြီး ဖိုက်သွန်ကို ကြည့်လိုက်သည်။
ဖိုက်သွန်က သူ၏ ကိုယ်ထဲတွင် အထူးစွမ်းအားတစ်ခု ရှိနေကြောင်း ခံစားလိုက်ရပြီး သူက ထိုကဲ့သို့ ကျယ်ပြောလှသော စကြဝဠာကို ထိန်းချုပ်ရန် အတွက် စွမ်းအား တစ်စိတ်တစ်ပိုင်း ရရှိထားသလိုပင်။ တစ်ချိန်တည်းမှာပင် သူ့မျက်လုံးထဲ၌ ချန်လွေ့၏ ပုံရိပ်က ရုတ်တရက် ပို၍ မြင့်မားလာခဲ့ပြီး တိုက်ရိုက် မကြည့် နိုင်တော့ပေ။ ထိုအစား သူ့ကို နတ်ဘုရားတစ်ပါးလို ခေါင်းမော့ပြီး ကြည့်ဖို့ လိုအပ်နေခဲ့သည်။ သူ၏ လက်ရှိ နတ်ဘုရား-ယောင် ထိပ်သီး အဆင့် ဝိညာဉ်ဖြင့်ပင် ထိုခံစားချက် ဖြစ်လာခြင်းကို ခုခံရန် ခက်ခဲနေ သေးသည်။
“ဆာ။ ရှင် ဘာလုပ်လိုက်တာလဲ။” ဖိုက်သွန်၏ မျက်နှာ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
ထိုအရာက နတ်ဘုရားကျောင်း၏ ‘နှလုံးသားအစေခံ’ အထူးဂုဏ်သတ္တိ ဖြစ်သည်။ ၎င်းက ထိန်းချုပ်သူ ဖြစ်သော ချန်လွေ့ အပေါ်တွင် အကြွင်းမဲ့ လေးစားစေမည် ဖြစ်ပြီး ဆန့်ကျင်ချင်စိတ် အားလုံးကို အဆုံးသတ်စေမည် ဖြစ်သည်။ ချန်လွေ့သည် ခုနက ဖိုက်သွန်ကို နတ်ဝင်သည် စွမ်းရည် ပေးခဲ့သည်။ သို့သော် ၎င်းက ဗာရိုနီကာအောက် စွမ်းအားနှင့် အခွင့်အာဏာ ရှိသော သာမန်နတ်ဝင်သည်တစ်ယောက်သာ ဖြစ်လေသည်။
ဖိုက်သွန်၏ တုန်လှုပ်နေသော စိတ်ဆန္ဒကို ခံစားမိပြီး ချန်လွေ့က ၎င်းကို ပယ်ဖျက်ပေးလိုက်သည်။ ထိုအချိန်မှသာ ဖိုက်သွန်က သူ၏ အသိစိတ် ပြန်ရရှိခဲ့ပြီး ထိတ်လန့်စွာ ပြောလိုက်သည်။ “ခုနက ဘယ်လို စွမ်းအားမျိုးလဲ။ အဲဒါက စာချုပ် စွမ်းအားနဲ့ မတူဘူး။ အဲဒီလိုမျိုး ခံစားချက်က လုံးဝကို…”
“ကျွန်မနဲ့လိုက်ခဲ့ပါ မစ်-ဖိုက်သွန်။ ၃ရက် အချိန် ရတယ်။ ကိုယ်ပိုင် မျက်လုံးတွေနဲ့ မြင်ရ ကြုံရမယ့် အရာတွေက ကျွန်မ ပြောတာထက် ပိုပြီးတော့ ယုံချင်စရာကောင်းမယ် ဆိုတာ ယုံကြည်တယ်။” ဗာရိုနီကာ ပြုံးလိုက်ပြီးနောက် ခန်းမဘက်သို့ လမ်းလျှောက်သွားသည်။ ဖိုက်သွန်က ထို’အားနည်းလွန်းသော’ အမျိုးသမီး ထံမှ အထူးစွမ်းအား တစ်ခု ရောက်လာသည်ကို ခံစားလိုက်ရပြီး အလိုလို ရှေ့သို့ ရောက်သွားခဲ့သည်။