ဝိညာဉ်ပေါင်းစည်းခြင်း
Vol. 67 Ch. 1082
ချန်လွေ့၏ အားပေးမှုနှင့် အတူ အယ်ဒီလိုင်းကလည်း ဂိမ်းထဲကို ဝင်ရောက်ခဲ့သည်။ သို့သော် နာဂါ မိန်းကလေးက အိုလစ်ဖီးရက်စ်နှင့် လာလာရီယာတို့လို တိုက်ခိုက်ရေး ဂိမ်းတွင် မပါဝင်ခဲ့ပေ။ ထိုအစား သူက သူ အကြိုက်ဆုံး တစ်ဦးတည်း ကစားရသည့် သရုပ်သကန် ဂိမ်းကို ရွေးချယ်ခဲ့သည်။ မကြာခင် သူက ဖျော်ဖြေရေးထဲ နစ်မြောသွားခဲ့သည်။
ထိုအချိန် အမှောင်လမြို့ရှိ ရေကန်ပြာတောင်တန်းဆီကို ပြန်ရောက်ရန် နာရီအနည်းငယ် လိုနေသေးသည်။ ချန်လွေ့က ခဏ စဉ်းစားပြီး စူပါစနစ်ထဲမှ ဖိုက်သွန်ကို ခေါ်ထုတ်လိုက်သည်။ ဖိုက်သွန်က အမှန်တကယ် အညံ့ခံခဲ့ပြီ ဖြစ်ရာ သူ့ကို စူပါစနစ်ထဲ အကျဉ်းချထားရန် မလိုတော့ပေ။
ဖိုက်သွန်က ခီလီယာနာ ကိုယ်ပွား စွမ်းအားကို စုပ်ယူပြီး နောက်တွင် ပျက်စီး သွားခဲ့သောသ ဝိညာဉ်က ပြန်လည် ကောင်းမွန် လာခဲ့သည်။ သူ၏ စွမ်းအားက ယခင်ကထက် အနည်းငယ် အားနည်းနေသော်လည်း သူက နတ်ဘုရား-ယောင် ထိပ်သီး အဆင့်တွင် ရှိနေလေသည်။ သူက ချန်လွေ့၏ လက်ထဲရှိ အစွမ်း အထက်ဆုံးပင်။
စူပါစနစ်မှ ထွက်ခွာလာသော ဖိုက်သွန်က လောကကြီး တစ်ခု ဝေးကွာသွားသလို အနည်းငယ် ခံစားခဲ့ရသည်။ အလင်းနတ်ဘုရားကျောင်း တိုက်ပွဲ ပြီးကတည်းက လွတ်လပ်သော လေကို ပထမဆုံး အကြိမ် ရှူရှိုက် ခဲ့ရခြင်းပင်။ ဝိညာဉ် ဖြစ်တည်မှုက အသက်ရှူဖို့လိုအပ်မယ်ဆိုရင်ပေါ့။
သာမန် ဝိညာဉ် ဖြစ်တည်မှုသာ ဆိုလျှင် ကိုယ်ပွား ဖြစ်နေခြင်း သို့မဟုတ် အထူးရတနာ တစ်ခုခု စွမ်းအားကြောင့် မဟုတ်လျှင် ပုံမှန် ပတ်ဝန်းကျင်၌ အချိန် အကြာကြီး အသက်မရှင်နိုင်မည် မဟုတ်ပေ။
မသေမျိုးမှော်ပညာ ထူးချွန်သော အမှောင်ဒြပ်စင် မှော်ပညာရှင် ဂူရာဒန်သည်ပင် သူ့ကိုယ်သူ အလောင်း အောက်လမ်းပညာရှင် အဖြစ် ပြောင်းလဲသော အခါတွင် ကြီးမားသော စွန့်စားမှု ပြုခဲ့ရ၏။ သာမန် ဝိညာဉ်သာဆိုရင် ကိုယ်ပိုင် ဆုံးဖြတ်နိုင်စွမ်းကို ဆုံးရှုံးသွားပြီး တိုက်ခိုက်ရေး ဗီဇသာ ရှိသည့် မသေမျိုး သတ္တဝါ တစ်ကောင် ဖြစ်လာပေလိမ့်မည်။
ဖိုက်သွန်တွင် အလွန်ထူးခြားသော ဝိညာဉ်ပါရမီ ရှိပြီး အတော်လေး အစွမ်းထက်လှသည်။ သူက ပြင်ပ အင်အား တစ်ခုခုအပေါ် အားကိုးစရာ မလိုဘဲ ဝိညာဉ် ဖြစ်တည်မှု အနေနဲ့ လွတ်လပ်စွာ အသက်ရှင်နိုင်သည်။ အမှန်တကယ်၌ သူက နှစ်ပေါင်း များစွာကြာအောင် ငွေသေတ္တာထဲမှ ပျက်စီးခြင်းဇစ်မြစ်နှင့်အတူပင် နေခဲ့သေးသည်။
သို့သော်လည်း ခန္ဓာကိုယ် မရှိလျှင် စွမ်းရည် အချို့ကို အသုံးမပြုနိုင်ဘဲ အစွမ်းကုန် မသုံနိုင်ပေ။
“ဒါက… သီးခြားနေရာလွတ်လား။ ဒီနေရာလွတ်အပြင်ဘက်က မြန်နှုန်းမြင့် ရွေ့လျားနေသလိုပဲ… ဒီလောက် ကြီးမားတဲ့ အတွင်းပိုင်း နေရာလွတ်သက သာမန်မှော်ပစ္စည်း တစ်ခု လုံးဝ မဟုတ်ဘူး။ ဒါက လုံးဝကို ခမ်းနားတဲ့ မြို့တစ်ခုပဲ။” ဖိုက်သွန်က အနီးအနားကို လှည့်ပတ် ကြည့်ပြီး ကြယ်မြို့၏ နေရာလွတ် လျှို့ဝှက်ချက်ကို ချက်ချင်းပင် ရှာတွေ့ခဲ့သည်။ “ဒီဧရာမကြီးက ဘာလဲ။ ဒါက တိုင်းပြည်အဆင့် စွမ်းအားတောင် တကယ် ရှိနေတယ်။ ဒီလို သတ္တဝါမျိုးကို ကျွန်မ အခုမှ မြင်ဖူးတာပဲ။”
“ဒါက ရှေးအဂ္ဂိရတ် မြို့ပြ အဖွဲ့အစည်းပဲ။ ပြီးတော့ အဲဒါက ကျုပ် ဆက်ခံခဲ့တဲ့ အဓိကကုန်းမြေ အပြင်ဘက်က အဖွဲ့အစည်းလည်း ဟုတ်တယ်။ အဲဒီလို ဧရာမမျိုးကို တိုင်တန်လို့ ခေါ်တယ်။ အဲဒါက အဂ္ဂိရတ်သက်ရှိတွေနဲ့ သက်ဆိုင်ပြီး လျှပ်စီးနဲ့မုန်တိုင်း စွမ်းရည် ရှိတယ်။ ကျုပ်နဲ့ လိုက်ခဲ့ပါ၊ ကျုပ်တို့ အခု ပျိုးထောင်ကန်ကို သွားမယ်။ ခင်ဗျား အဂ္ဂိရတ် သက်ရှိ အများကြီးကိုလည်း မြင်ရလိမ့်မယ်။”
“ရှေးအဂ္ဂိရတ် အဖွဲ့အစည်းလား။ မယုံနိုင်စရာပဲ။” ဖိုက်သွန်က ချန်လွေ့ကို တစ်ချက် ကြည့်လိုက်၏။ “ဒါပေမဲ့ အဓိကကုန်းမြေမှာတောင် အဆုံးစွန်နဲ့ နီးစပ်တဲ့ စကြဝဠာ စွမ်းအားမျိုး မရှိနိုင်ဘူး။ ဆာ၊ အဆုံးစွန် စွမ်းအားက ဒီအဓိက နယ်ပယ် အပြင်ဘက်က သေးငယ်တဲ့ အဖွဲ့အစည်းကနေ ဆက်ခံတာလို့ ရှင် ကျွန်မကို ပြောနေတာလား။”
ဖိုက်သွန်က မယုံကြည်နိုင်စရာ အတွေ့အကြုံနှင့် အကြံအစည် ရှိသော နတ်ဘုရား-ယောင် အဆင့် အစွမ်းထက်ပုဂ္ဂိုလ် ဖြစ်လေသည်။ ထိုသို့ ဆင်ခြေဖြင့် တခြားသူများကို လှည့်ဖြားရန် လွယ်ကူသော်လည်း သူ့ကို လှည့်စားရန် မလွယ်ကူပေ။ တစ်နည်းအားဖြင့် ဖိုက်သွန်က ‘အမွေခံခြင်း’ဟူသာ အလိမ်အညာကို ပထမဆုံး ဖော်ထုတ်ခဲ့သူပင်။
ချန်လွေ့၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားသည်။ “တကယ့်စကြဝဠာက ကျယ်ပြောပြီး အဆုံးမရှိဘူး။ အဓိက ကုန်းမြေက ဒီတစ်ခုတည်း ရှိတာမျိုး မဟုတ်လောက်ဘူး။ ကျုပ်က တခြား ‘အဓိကကုန်းမြေ’တစ်ခုကနေ ဒီကို ရောက်လာတဲ့ မောင်ကံဆိုး နေမယ်။”
ထိုအရာက ချန်လွေ့ ထိုလောကကို ရောက်လာကတည်းက ပြောခဲ့သော အမှန်တရားနှင့် အနီးစပ်ဆုံးအရာပင်။ ကံမကောင်းစွာပင် ဖိုက်သွန်က သူ့ကို နားမလည်ခဲ့ပေ။
“‘ဖန်ဆင်းရှင်’လိုမျိုး တည်ရှိမှုနဲ့ ဆိုရင် အရာအများကြီး ဖြစ်နိုင်တယ်။ ဒါပေမဲ့ ကျွန်မ ပြင်ပနတ်ဘုရားတွေ အကြောင်း မှတ်တမ်း ဒဏ္ဍာရီတွေ မကြားဖူးဘူး။” ဖိုက်သွန်၏ မျက်လုံးများ လက်ခနဲ ဖြစ်သွား၏။ “ဒီလို အိပ်မက်ဆန်ဆန် ဒဏ္ဍာရီနဲ့ ယှဉ်ရင် ကျွန်မက ဝိညာဉ် ပြန်လည် မွေးဖွားတာကို ပိုယုံတယ်။”
ချန်လွေ့က ခါးသက်သက် ပြုံးလိုက်သည်။ “ဝိညာဉ် ပြန်လည် မွေးဖွားခြင်းလား။ ခင်ဗျား မှန်းတာ မှန်တာလား၊ ဒါမှမဟုတ် အထင်လွဲ တာလား ဆိုတာ ဘယ်လိုပြောရမလဲ မသိတော့ဘူး။ ဒီအကြောင်းကို မပြောရအောင်။ ဒီအကြောင်းကို ငြင်းခုံနေတာ အဓိပ္ပာယ် မရှိဘူး။”
“ဟုတ်ပါပြီ။ ဆာ့ အမိန့်အတိုင်းပါ။” ဖိုက်သွန်က မျက်လုံး လှန်လိုက်၏။ “အဲဒါဆို အဲဒီ ထူးဆန်းတဲ့ အဆောက်အအုံတွေ အကြောင်း ပြောကြတာပေါ့။”
“ခင်ဗျား အခု မြင်နေရတာက ပျိုးထောင်ကန်ပဲ။ ဒီပစ္စည်းတွေကို လည်ပတ်စေတဲ့ သတ္တဝါတွေက ဂရမ်လင် အစေခံတွေပဲ။ သူတို့က တိုက်ခိုက်ရေး မဟုတ်တဲ့ တစ်ခုတည်းသော အင်အားစုပဲ။ ဒါပေမဲ့ သူတို့ရဲ့ အခန်းကဏ္ဍက တိုက်ခိုက်ရေးအဖွဲ့ တစ်ခုထက် ပိုပြီး အရေးကြီးတယ်။ သူတို့က ပစ္စည်း အမျိုးမျိုးကို ထုတ်လုပ်၊ ပြုပြင်၊ အသုံးပြုနိုင်တယ်။ အဂ္ဂိရတ်မြို့တော် တစ်ခုလုံးက စက်ကြီးကြီး တစ်ခု ဆိုရင် သူတို့က မရှိမဖြစ်လိုအပ်တဲ့ ဂီယာ အမျိုးမျိုးပဲ။ အဲဒီ ပိုးအိမ်လို နယ်မြေက ပျိုးထောင်ကန်ပဲ။ အဂ္ဂိရတ်သတ္တဝါတွေက ပုံမှန်အားဖြင့် လေ့ကျင့်တာ၊ အဆင့်တက်တာကို မလုပ်နိုင်ဘူး။ သူတို့ နောက်အဆင့်ကို ရောက်ဖို့အတွက် ‘အထူးဆင့်ကဲပြောင်းလဲခြင်း’ကို အသုံးပြုလို့ရတယ်။ ဒါပေမဲ့ ကျရှုံးနှုန်း အတော်လေး များတယ်။”
ချန်လွေ့က သူ စကားစပြောစဉ် ဖိုက်သွန်၏ မျက်လုံးများက တစ်ခုခု အပေါ်တွင် အာရုံစိုက် နေသည်ကို သတိထားမိပြီး မိတ်ဆက်ပေးခဲ့၏။ “ဒါက အဆင့်တက်တာ ကျရှုံးခဲ့တဲ့ မီးအိမ်ဝိညာဉ်ပဲ။ သူရဲ့ နာမည်က မန်လေ့စ်၊ ရှေးအဂ္ဂိရတ်အဖွဲ့အစည်း အရူး တစ်ယောက်က ဖန်တီးခဲ့တဲ့ အထူးသက်ရှိ တစ်ယောက်ပဲ။ သူ့ကို အခုထိ အတု မလုပ်နိုင်သေးဘူး။ ‘အထူးအဆင့်ကဲပြောင်းလဲခြင်း’မှာ အရင်က သူ အောင်မြင်ဖို့အတွက် အလားအလာ အရှိဆုံးပဲ။ ဒါပေမဲ့ မအောင်မြင်သေးဘူး။ တစ်ခု ကွာခြားတာက သူက ကျရှုံးမှုတွေ အများကြီး ဖြစ်ခဲ့ပေမဲ့ ဆင်တူတဲ့ သတ္တဝါတွေလို စွမ်းအား နောက်ပြန် ဆုတ်သွားတာ၊ ရုပ်ပိုင်းဆိုင်ရာ ပျက်စီးတာတွေ မကြုံခဲ့ရဘူး။ သူ့ရဲ့ ဝိညာဉ်က ပိုပြီး အားနည်းလာတာ တစ်ခုပဲ။”
“‘ဆင်တူ’ တယ်လို့ ပြောလိုက် တာလား။ မဟုတ်ဘူး။ မတူဘူး။’” ဖိုက်သွန်က မန်လေ့စ် ခန္ဓာကိုယ်ကို နီးနီးကပ်ကပ် စိုက်ကြည့်လိုက်သည်။ “ဒါက ဝိညာဉ်ပေါင်းစည်းခန္ဓာ တစ်ခု ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ပြီးတော့ ဒီလို အဆင့်အထိတောင် ရောက်နေပြီ…”
“ဝိညာဉ်ပေါင်းစည်းခန္ဓာလား။”
“ဒီမိန်းမမှာ ဝိညာဉ် အပိုင်းအစ တစ်ခု ကျန်နေသေးတယ်။ သူက တခြား သတ္တဝါတွေလို တိုက်ရိုက် ဖန်တီးခံရတာ မဟုတ်ဘဲ အစစ်အမှန် ဘဝက ပြောင်းလဲခံရတာ ဖြစ်မယ်။”
ဖိုက်သွန်၏ စကားများကြောင့် ချန်လွေ့ အံ့အားသင့် သွားခဲ့သည်။ ကြက်သွေးရောင် မီးအိမ်ဝိညာဉ်က အဂ္ဂိရတ်ပစ္စည်းနဲ့ ‘ဖန်တီး’ထားတဲ့ မီးအိမ်ဝိညာဉ် မဟုတ်ဘူး! အရူး သိပ္ပံပညာရှင်က တကယ့် လူကို အသုံးပြုခဲ့တာပဲ…
အစကတည်းက ငါ့ရဲ့ စဉ်းစားပုံ မှားနေခဲ့တာပဲ။ ‘သလင်းကျောက် ဇာမဏီ’က သူကို မီးအိမ်ဝိညာဉ်တွေ အပေါ် အခြေခံပြီး ခွဲခြမ်းစိတ်ဖြာတဲ့ အခါမှာ သူကို ဖော်ထုတ်လို့ မရခဲ့တာ ဒါကြောင့်ကိုး။
“ဒီခန္ဓာက ပြီးပြည့်စုံလွန်းတယ်။ ဒါက ကျွန်မအတွက် ပြင်ဆင်ထားတဲ့ ကိုယ်ခန္ဓာထက် အများကြီး ပိုပြီး ပြီးပြည့်စုံတယ်… မဟုတ်ဘူး။ ဒါက ကျွန်မရဲ့ မူလကိုယ်ခန္ဓာထက်တောင် ပိုပြီးတော့ ပြည့်စုံတယ်။” ဖိုက်သွန်၏ မျက်လုံးများ လက်ခနဲ ဖြစ်သွား၏။ “မန်လေ့စ်လား။ သူ့ကို အခုကစပြီး ဖိုက်သွန်လို့ ပြောင်းခေါ်တော့။”
ချန်လွေ့ ချက်ချင်း ပြန်ဖြေလို၏။ “ခင်ဗျား ဆိုလိုတာက…”
“ဒီပြီးပြည့်စုံတဲ့ ဝိညာဉ်ပေါင်းစည်း ခန္ဓာနဲ့ဆိုရင် ကျွန်မက တကယ့်ကို ပြန်လည် မွေးဖွားနိုင်ပြီ။” ဖိုက်သွန် ပြုံးလိုက်သည်။ “ရှင် ပေးထားတဲ့ စွမ်းအားက စိတ်ကူးထားသလိုပဲ မှော်ဆန်နေရင် ကျွန်မ အဲဒီတုန်းက ထိပ်ဆုံးအဆင့် စွမ်းအားကို ပြန်ပြီး ရရှိနိုင်ရုံ မကဘဲ စွမ်းအားလည်း ပိုပြီးတော့ တိုးတက်လာလိမ့်မယ်။”
“သူရဲ့ မူလ အသိစိတ်က လုံးဝ ပျောက်ကွယ်သွားမှာလား။” ချန်လွေ့ မျက်မှောင်ကြုတ် လိုက်လေသည်။ မန်လေ့စ်၏ ဝိညာဉ်စွမ်းအား အလွန် အားနည်း နေသော်လည်း သူက အမှန်တကယ် ပျက်စီးသွားခြင်း မရှိသေးပေ။
“ကျွန်မက သူရဲ့ ဝိညာဉ်နဲ့ ပေါင်းစည်းလိမ့်မယ်။ ဒီတော့… သူရဲ့ ဝိညာဉ် တစ်စိတ်တစ်ပိုင်းကို ကျွန်မရဲ့ အစိတ်အပိုင်းတစ်ခု အနေနဲ့ ဝါးမျို လိမ့်မယ်လို့ နားလည်လို့ ရတယ်။ ဒါပေမဲ့ သူက လုံးဝ ပျောက်ကွယ် သွားမှာ မဟုတ်ဘူး။ အဲဒီလိုဆိုရင် ကျွန်မ ဒီခန္ဓာကို လုံးဝ ထိန်းချုပ် နိုင်မယ်။ ဒါပေမဲ့ သူရဲ့ မှတ်ဉာဏ် ဒါမှမဟုတ် အသိစိတ်က ကျွန်မ အပေါ်မှာ သက်ရောက်မှု တစ်ခုခု ရှိနိုင်တယ်။ ဒီလိုရှင်းပြတာကို ဆာ နားလည်မလားတော့ မသိဘူး။”
“နားလည်ပါတယ်။” ချန်လွေ့က ပခုံးတွန့်လိုက်သည်။ ဘယ်သူမှ ဒီခံစားချက်ကို ငါ့ထက် ပိုမသိဘူး။
“ကောင်းပြီ။ အခု စကြတာပေါ့။” ဖိုက်သွန်၏ မျက်လုံးတွေ လင်းလက် လာခဲ့သည်။ “ကျွန်မ ဆာ့ရဲ့ အကူအညီ လိုအပ်တယ်။”
“ကျုပ် ဘာလုပ်ပေးရမလဲ။”
ဖိုက်သွန်၏ နှုတ်ခမ်းထောင့်တွင် ယုံကြည်မှုရှိသော အပြုံး တစ်ခု ပေါ်လာခဲ့သည်။ “ဖန်တီးခြင်း ဇစ်မြစ် စွမ်းအား…”
ချန်လွေ့ သဘောပေါက်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ ဖိုက်သွန်က သဒ္ဓိအလင်းတောင်ကို သွားပြီးတော့ ဖန်တီးခြင်း ဇစ်မြစ်ကို ရယူဖို့အတွက် အတော်လေး ကြိုးစားနေခဲ့တာ ဒါကြောင်းကိုး။ ဒါက သူ ပိုမြင့်တဲ့ စွမ်းအားကို လိုချင်ရုံမကဘဲ သူရဲ့ ပြန်မွေးဖွားခြင်း အတွက်လည်း ဖြစ်နေခဲ့တာပဲ။ အဲဒါကြောင့် သူက ဝိညာဉ်ပေါင်းစည်းခြင်းအတွက် သင့်လျော်တဲ့ ခန္ဓာကိုယ် တစ်ခုကို ပြင်ဆင်ခဲ့တာ။ သူ့မှာ အမြော်အမြင် ရှိတာ အသေအချာပဲ။
ဖိုက်သွန်၏ ဝိညာဉ် စွမ်းအားက မန်လေ့စ်ထက် အများကြီး ပို၍ပင် အားကောင်းသည်။ ချန်လွေ့မှ အသက်သွင်းလိုက်သော ဖန်တီးခြင်း ဇစ်မြစ်စွမ်းအား အကူအညီနှင့်အတူ ဖိုက်သွန်၏ဝိညာဉ်ကို မန်းလေ့စ်၏ ခန္ဓာနှင့် အောင်မြင်စွာ ပေါင်းစပ်ရန် အချိန်သိပ်မကြာခဲ့ပေ။
မျက်လုံးများ အမြဲ ပိတ်ထားသော ‘မန်လေ့စ်’က ဖြည်းဖြည်းချင်း မျက်လုံးများကို ဖွင့်လိုက်သည်။ ချန်လွေ့က သူ၏ စိတ်နေစိတ်ထား ရုတ်တရက် ပြောင်းလဲသွားသလို ခံစားလိုက်ရ၏။ မျက်နှာသွင်ပြင်က မူလ ကြက်သွေးရောင် မီးအိမ်ဝိညာဉ် အတိုင်းသာ ဖြစ်နေသော်လည်း သူ၏ ခန္ဓာကိုယ် တစ်ခုလုံးက အလိုလို ဖမ်းစားနိုင်သော အငွေ့အသက်ကို ထုတ်လွှတ်နေခဲ့တယ်။ ထိုအရာက လူတစ်ယောက်ကို မရည်ရွယ်ဘဲ ဆွဲဆောင်နိုင်၏။ တစ်ချိန်တည်းပင် သူက သေစေနိုင်သော အဆိပ်ပန်း တစ်မျိုးလိုပင် တုန်လှုပ်မှုနှင့် ကြောက်ရွံ့မှုကိုလည်း ခံစားရစေ၏။
‘မန်လေ့စ်’က လက်ကို ကြည့်ပြီး ပြုံးလိုက်သည်။ “ဒါက ပြီးပြည့်စုံတဲ့ ပေါင်းစည်းခြင်းပဲ။ ဒီကိုယ်ခန္ဓာမှာ ဒီလိုမျိုး အပိုစွမ်းရည်တွေ အများကြီး ရှိနေတယ်။ သူ့ရဲ့ အလားအလာက ကျွန်မ စိတ်ကူးတာထက် ကျော်လွန် နေတယ်။ သိပ်ကောင်းတယ်!”
ထိုသို့ ပြောလိုက်ရင်း ‘မန်လေ့စ်’ ချန်လွေ့ကို လက်ဝှေ့ယမ်းလိုက်ရာ အလင်းတန်း တစ်ခုက သူ့ကို ဖုံးလွှမ်းလိုက်သည်။ မှန်ပေသည်။ ထိုသို့ အလင်းမျိုးက မည်သို့သော ပျက်စီးမှုကိုမှ မဖြစ်စေခဲ့။ ထိုအစား ချန်လွေ့က ဝိညာဉ် စွမ်းအားသည် ရုတ်တရက် တိုးလာခဲ့ကြောင်းကို အံ့အားသင့်စွာ ခံစားလိုက်ရသည်။ ဝိညာဉ်တိုးမြှင့်က သာမန်တိုးမြှင့် မှော်ပညာက ရနိုင်သည်မျိုးမဟုတ်ဘဲ အသစ်စက်စက် အစွမ်းတစ်ခု ဖြစ်၏။ ထိုအရာက ကြက်သွေးရောင် မီးအိမ် ဝိညာဉ်နှင့် ဖိုက်သွန်တို့ ပေါင်းစည်း လိုက်သော တိုးမြှင့်မှော်ပါရမီကြောင့် ဖြစ်လောက်သည်။
“တိုးမြှင့်ခြင်းနဲ့ အားလျှော့ခြင်း စွမ်းရည်အပြင် ဒြပ်စင်စွမ်းရည်လည်း ရှိတယ်။” မတူညီသော အလင်းများ ‘မန်လေ့စ်’ လက်ဖဝါးထဲတွင် တောက်ပနေခဲ့သည်။ သူက ခြေလက်များကို ခဏ ဆန့်လိုက်ပြီး တိုက်ကွက်အချို့ စမ်းကြည့်ခဲ့သည်။ “အနီးကပ် တိုက်ခိုက်စွမ်းရည်လည်း အတော်လေး ကောင်းမွန်တယ်။ ဒါက ကျွန်မရဲ့ အရင်က အားနည်းချက် အချို့ကို ပြန်ဖြည့်ပေးလိုက်တာပဲ။”
“‘မန်လေ့စ်ကို နောက်ဆုံးနာမည် အနေနဲ့ သုံးတာပေါ့။ အခုကစပြီး ကျွန်မ နာမည်က ‘ဖိုက်သွန်မန်လေ့စ်’ ပဲ။’”
မျိုးနွယ် - ??
စွမ်းအားအကဲဖြတ်မှု - S++
ခန္ဓာအမျိုးအစား - S+
ခွန်အား - S+
ဝိညာဉ် - S++
အမြန်နှုန်း - S
[စိစစ်ချက်]: မဖျက်ဆီးနိုင်သော ဂုဏ်သတ္တိ။ အစွမ်းထက် မှော်ခန္ဓာ။ ဒြပ်စင်တိုးမြှင့်မှု၊ အနီးကပ် တိုက်ခိုက် ကျွမ်းကျင်မှု။ ကာမကျွမ်းကျင်မှု။
??။ ??။ ??...
[သရုပ်ခွဲမျက်လုံး]၌ ပြထားသော မေးခွန်း အမှတ်အသားများက ခွဲခြမ်း စိတ်ဖြာခြင်းကို ယခုထိ မဆုံးဖြတ် နိုင်သေး၍ ဖြစ်နိုင်၏။ ပေါင်းစည်းမှု ပြီးနောက်တွင် အလွန်အံ့သြဖွယ်ရာ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာနိုင်၏။ မပြောင်းလဲသေးသည့် တစ်ခုသော အရာက စွမ်းအားအဆင့်ပင်။
“ခင်ဗျားရဲ့ စွမ်းအားက…”
“ခဏလေး....” ဖိုက်သွန်က သူ၏ မျက်လုံးများကို မှိတ်လိုက်သည်။ “ဒီ ‘မန်လေ့စ်’ကို ဒိုရူဒါလို့ ခေါ်တဲ့လူက မီးအိမ် ဝိညာဉ်အဖြစ် ပြောင်းလဲတာ ခံခဲ့ရပေမဲ့ ဝိညာဉ် တစ်စိတ်တစ်ပိုင်း မပျောက်ကွယ်သေးဘူး။ ပြီးတော့ မှတ်ဉာဏ် အများကြီး ရှိသေးတယ်။ သူက ထိန်းချုပ်သူ ဆန္ဒကို မခုခံနိုင်ခဲ့တာပဲ။ ရှင်က သူကို ကယ်တင်ခဲ့လို့ သူ့မှာ ရှင်အတွက် ကျေးဇူးတင်စိတ်လည်း ရှိနေတယ်။ ပြီးတော့… သူက ရှင်ကို နည်းလမ်း တချို့နဲ့ ကျေးဇူး ပြန်ဆပ်ချင်ခဲ့တယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ရှင်က အခွင့်အရေးကို မယူခဲ့ဘူး။”
ထိုအခါမှသာ ချန်လွေ့က ကြက်သွေးရောင် မီးအိမ်ဝိညာဉ်တွင် အသိစိတ် တစ်စိတ်တစ်ပိုင်း ကျန်နေသေးကြောင်း သိခဲ့သည်။ ဖိုက်သွန်၏ အကြံပေးသောအပြုံးကို မြင်သောအခါ သူ၏ မျက်နှာကြီးက နီရဲသွားခဲ့သည်။ သူက ရှက်ရှက်နှင့် ပြောလိုက်သည်။ “ခင်ဗျားရဲ့စွမ်းအား အကြောင်း ဆွေးနွေးကြတာပေါ့။”
“လေးစားသမှုနဲ့ပါ။ ထိပ်ဆုံးအဆင့် နဲ့နီးစပ်နေတဲ့ အစွမ်းထက် ပုဂ္ဂိုလ် တစ်ယောက်၊ အစွမ်းထက် အုပ်ချုပ်သူနဲ့ အထက်လူကြီး တစ်ယောက်အနေနဲ့..” ဖိုက်သွန်က ခေါင်းခါပြီး သက်ပြင်းချလိုက်သည်။ “ရှင် ပြသခဲ့တာက လုံးဝကို အရည်အချင်း မပြည့်မီဘူး။ ပထမဆုံး အနေနဲ့ ရှင့်ရဲ့ စကားတွေနဲ့ လုပ်ရပ် တွေက သင့်လျော်တဲ့ လေးစားမှုကို မခံစားရစေဘူး။ တခြားဟာတော့ ဘာမှ မပြောတော့ပါဘူး။”
“ကျုပ်က ကျုပ်ပဲ ဖြစ်ချင်တာပါ။” ချန်လွေ့က ခဏ စဉ်းစားလိုက်၏။ “အစွမ်းထက် ပုဂ္ဂိုလ် ဆိုတာနဲ့ အတွင်းထဲက ကျုပ်က ကျုပ် မဟုတ်တော့ဘူးလား။”
ထိုစကားကြောင့် ဖိုက်သွန်က ခဏတာ တိတ်ဆိတ် သွားခဲ့သည်။ ထို့နောက် သူက စကားလမ်းကြောင်း ပြောင်းလိုက်သည်။“စွမ်းအားနဲ့ ပတ်သက်ပြီးတော့…”
ထိုသို့ ပြောလိုက်သည်နှင့် သူ၏ ကိုယ်ခန္ဓာပေါ်မှ အငွေ့အသက်က ကောင်းကင်ပေါ် တက်လာခဲ့သည်။ မူလ နတ်ဆိုး အရှင်သခင် ထိပ်သီး စွမ်းအားက တိုင်းပြည် အဆင့်ကို ချက်ချင်း ကျော်လွန်သွားခဲ့သည်။ ထို့အပြင် ၎င်းက တက်လာနေဆဲပင်။ မျက်စိ တစ်မှိတ်အတွင်း တိုင်းပြည် အဆင့် ထိပ်သီးပိုင်းကို ရောက်ရှိ လာခဲ့လေသည်။
“ပေါင်းစည်းခြင်းနဲ့ ဒီခန္ဓာရဲ့ ကန့်သတ်ချက်ကြောင့် ကျွန်မရဲ့ ဝိညာဉ် စွမ်းအားက နတ်ဘုရား တစ်ပိုင်းအောက်မှာပဲ ယာယီ ဖိနှိပ် ခံထားရတယ်။ ကျွန်မရဲ့ ဝိညာဉ်နဲ့ ခန္ဓာ ပေါင်းစည်းမှု ပိုကောင်းလာဖို့ အတွက် လေ့ကျင့်မှု အရေးတကြီး လိုအပ်နေတယ်။ အဲဒါမှ ကျွန်မက ထိပ်ဆုံးအဆင့်ကို တဖြည်းဖြည်းချင်း ပြန်ရောက်နိုင်လိမ့်မယ်။”
“ဗာရိုနီကာက ခင်ဗျားကို အရင်က လေ့ကျင့်ရေးကွင်းပြင်ဆီကို ခေါ်သွား လောက်မှာပါ။ အဲဒီမှာ အချိန် ဥပဒေသက အဆ ၁၀၀၀ ပိုကြာတယ်။”
“အဲဒါက အံ့သြဖွယ်ရာ တစ်ခုပဲ။ ဒါပေမဲ့ အဲဒါက မလုံလောက်ဘူး။” ဖိုက်သွန်က ခေါင်းညိတ်လိုက်သည်။ “အမြန်ဆုံး နည်းလမ်း ကတော့ တကယ့် တိုက်ပွဲကနေ တဆင့်ပဲ။”
ချန်လွေ့၏ စိတ်က လှုပ်ရှား သွားခဲ့သည်။ “ခင်ဗျား တိုက်ခိုက် ချင်ရင် ကျုပ်မှာ အတော်လေးကို သင့်တော်တဲ့ နေရာတစ်ခု ရှိတယ်။”