ဘာမှမသိသော နဂါးတစ်ကောင်
Vol. 67 Ch. 1083
ချန်လွေ့က ဂိမ်းခန်းထဲတွင် ပျော်ရွှင်နေကြသော မိန်းကလေး သုံးယောက်ကို အသိပေးလိုက်သည်။ ထို့နောက် သူက ဖိုက်သွန်ကို ကျက်သရေမျှော်စင်ထဲတွင် ထားကာ [ကြယ်ဂိတ်]ကို ဖွင့်ပြီး ကြောက်မက် ဖွယ်ရာ မိုးပျံနယ်မြေထဲသို့ ဝင်ရောက်သွားခဲ့သည်။
ထိုအချိန်အတောအတွင်း သူသည် စိတ်ဝိညာဉ် ကွင်းဆက် အခြေအနေကို အမြဲပင် အာရုံစိုက်နေခဲ့သည်။ ကံကောင်းစွာပင် ကြောက်မက်ဖွယ်ရာ မိုးပျံနယ်မြေသို့ ဝင်ရောက်သွားသော ဆွေမျိုးများနှင့် မိတ်ဆွေများ၏ ကွင်းဆက်များထဲမှ တစ်ခုမှ အဆက်အသွယ် မပြတ်ခဲ့ပေ။ ဆိုလိုသည်မှာ လူတိုင်း အဆင်ပြေ နေကြသည် ဟူ၍ပင်။
မျက်စိ တစ်မှိတ် အတွင်းမှာပင် ချန်လွေ့က ဖိုက်သွန်ကို ကျက်သရေ မျှော်စင်ထဲမှ ထုတ်လိုက်သည်။
ဖိုက်သွန်က အဝေးရှိ လေထဲတွင် ပျံဝဲနေသော ကျွန်းကို လှမ်းကြည့်လိုက်သည်။ ကျွန်း၏ အပေါ်ဘက်တွင် မြူခိုးတန်းများကဲ့သို့ အရာများ ပျံဝဲနေသည်။ သူ၏ အမြင်အာရုံဖြင့် ကြည့်လျှင် ၎င်းတို့သည် မသေမျိုး သတ္တဝါ တစ်မျိုးမျိုး ဖြစ်ကြောင်းကို မြင်နိုင်ခဲ့သည်။
“ဒါမှ အန္တရာယ် များတယ်လို့ ခေါ်တာပဲ...” ဖိုက်သွန် ရုတ်တရက် တစ်စုံတစ်ခုကို သတိရလိုက်ပြီး စားမိလိုက်သဖြင့် နောက်ဆက်တွဲ စကားလုံးများမှာ ရပ်တန့်သွားသည်။ သူ၏ မျက်နှာ အမူအရာသည် ရုတ်ခြည်း ပြောင်းလဲသွားခဲ့သည်။ သိဒ္ဓိအလင်းတောင်တန်း တိုက်ပွဲမှ လွဲ၍ ချန်လွေ့၏ အရှေ့တွင် သူ၏ တုံ့ပြန်မှု ထိုမျှ ပြင်းထန်ခဲ့သည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။
“ဒါက...” ဖိုက်သွန်၏ အသံက တုန်လှုပ်နေခဲ့သည်။
ချန်လွေ့က သူ၏ ထိတ်လန့်မှုကို သတိပြုမိလိုက်သည်။ “ကျုပ် ထပ်ပြီး ရှင်းပြစရာ မလိုတော့ဘူးထင်တယ်။”
ဖိုက်သွန်က မဖုံးကွယ်နိုင်သော အံ့အားသင့်မှုများဖြင့် ခေါင်းလှည့် ကြည့်လိုက်သည်။ “ရှင် ဒီနေရာကို ဘယ်လိုလုပ် လွယ်လွယ်နဲ့ ဝင်လာနိုင် ရတာလဲ။ ဒီ… မေ့လျော့ တားမြစ် နယ်မြေကိုလေ။”
“ကျုပ်သိတဲ့အတိုင်းဆို ဒီနေရာကို ကြောက်မက်ဖွယ်ရာ မိုးပျံနယ်မြေလို့ ခေါ်တာ။” ချန်လွေ့က အနည်းငယ် ပြုံးလိုက်သည်။ “ဝင်လာတဲ့ နည်းလမ်းကတော့ ခင်ဗျား ခုနကပဲ ကျက်သရေမျှော်စင်က ထွက်လာတာ မဟုတ်လား။”
“ဒါက ‘နောက်ဆုံးပန်းတိုင်’ ရဲ့ ဗဟိုချက်နဲ့ နီးစပ်တယ်။ ကျက်သရေ မျှော်စင်က ရှားပါးတဲ့ နေရာလွတ် အဆောင်ပစ္စည်း ဆိုပေမဲ့ ဒီအဆင့် နေရာလွတ်ကို ဖြတ်သန်းသွားလာဖို့ မဖြစ်နိုင်ဘူး။ ဘယ်သူမှ ဒါကို မလုပ်နိုင်ဘူး။ စေတန်နဲ့ မိုက်ကယ်တောင် မလုပ်နိုင်ဘူး။ အထူးကာလ တစ်ခုကို ပစ်မှတ် ထားပြီးတော့ စတေးမှုကနေ စုဆောင်းထားတဲ့ စွမ်းအားတွေသုံး၊ လျှို့ဝှက်ပညာရပ်နဲ့ ပူးပေါင်းမှပဲ အပြင်ဘက်ဆုံး ဝင်ပေါက်ကို မနည်းဖွင့်နိုင်မှာ။”
“ပြီးတော့ ခုနက ကျွန်မ မျှော်စင်ထဲ ဝင်သွားတာ စက္ကန့် အနည်းငယ်ပဲ ရှိသေးတယ်။” ဖိုက်သွန်၏ လောင်မြိုက်နေသော အကြည့်က ချန်လွေ့၏ မျက်နှာပေါ် ကျရောက်လာခဲ့သည်။ “ရှင် ဘယ်လို လုပ်လိုက်တာလဲ။”
“ဒါကို တခြား ‘စကြဝဠာ’ တစ်ခုက ဆင်းသက်လာတဲ့ စွမ်းရည် တစ်ခုလို့ နားလည်လို့ရတယ်။ ကျယ်ပြောတဲ့ စကြဝဠာထဲမှာ ဘယ်အရာမဆို ဖြစ်နိုင်တယ်လေ။” ချန်လွေ့က သူ၏ လက်ထဲတွင် အလင်းတံခါးတစ်ခုကို ရေးဆွဲလိုက်၏။ “တကယ်တော့ ခင်ဗျား ဒီစွမ်းရည်ကို အရင်က မြင်ဖူးပါတယ်။ ကျုပ် မိုက်ကယ်နဲ့ ပထမဆုံး အကြိမ် တိုက်ခိုက်တုန်းက ထွက်ပြေးဖို့ သုံးခဲ့တာလေ။”
ဖိုက်သွန် အံ့အားသင့် သွားသည်။ ထိုအလင်းတံခါးကို သူ ကွက်ကွက် ကွင်းကွင်း မှတ်မိနေသည်။ ထိုအချိန် သူက ထွက်ပြေးရန် ထိုတံခါးကို အသုံးပြုချင်ခဲ့သော်လည်း ၎င်းက ချန်လွေ့မှလွဲ၍ သူနှင့် မိုက်ကယ် အပါအဝင် လူတိုင်းကို ငြင်းပယ်ခဲ့သည်။ ထိုစဉ်ကသာ ချန်လွေ့ ကျက်သရေမျှော်စင်ကို အသက်သွင်းရာမှ ကျန်ခဲ့သော နေရာလွတ် စွမ်းအားကြောင့် အခွင့်အရေး တစ်ခု ရှာမတွေ့ခဲ့ပါက သူသည် သိဒ္ဓိအလင်းတောင်ပေါ်တွင် သေဆုံးလောက်ပြီ ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ဖိုက်သွန်သည် သာမန်လူတစ်ယောက် မဟုတ်သည့် အတွက် သူ၏ တည်ငြိမ်မှုကို အလျင်အမြန် ပြန်ရလာခဲ့သည်။ “ဒါက တကယ့် တားမြစ်နယ်မြေပဲ။ နတ်ဘုရားတစ်ပိုင်းအထက် စွမ်းအားတွေကို ကန့်သတ်ထားတယ်။ ပေါင်းစပ်ခြင်း ဖြစ်နေရင်တောင်မှ ကျွန်မရဲ့ စိတ်ဝိညာဉ်စွမ်းအားက နတ်ဘုရား တစ်ပိုင်း အထွတ်အထိပ်အဆင့်မှာပဲ ဖိနှိပ်ခံထားရတယ်။ ဆိုလိုတာက ဒီနေရာမှာ ဘယ် နတ်ဘုရား-ယောင် စွမ်းအားကိုမှ သုံးလို့မရဘူး။ ဒါပေမဲ့ ကျွန်မရဲ့ လက်ရှိ ခန္ဓာကိုယ်က တိုင်းပြည်အဆင့်မှာ ရှိနေတဲ့အတွက် ဒါက တကယ်ကို သင့်တော်တဲ့ လေ့ကျင့်ရေးနေရာ တစ်ခုပဲ။”
စေတန်နှင့် ဆာရီရယ်တို့က ငွေသေတ္တာကို ရယူရန် ကြိုးစားရာ ကိုယ်တိုင် မသွားဘဲ သက်ဆိုင်ရာ အဖွဲ့ စေလွှတ်သည့် အကြောင်းကို ချန်လွေ့ နောက်ဆုံးတော့ နားလည် သွားခဲ့သည်။ နတ်ဘုရား-ယောင် စွမ်းအားကို ထိုနေရာတွင် ကန့်သတ် ထားသောကြောင့်ပင်။
ချန်လွေ့က စေတန်၏ ကိုယ်ပွားကို ဆင့်ခေါ်ရန် မြွေပုံစံ တံဆိပ်တစ်ခုကို အသုံးပြုခဲ့ကြောင်း သတိရမိသည်။ ယခု ပြန်စဉ်းစား ကြည့်လိုက်ရာ ထိုတံဆိပ်သည် သူ၏ သိဒ္ဓိစိတ်ပုံရိပ် စက်လုံးနှင့် အနည်းငယ် ဆင်တူ၏။ စွမ်းအားကုန်သွားလျှင် ပျောက်ကွယ် သွားသည်။ စေတန်တွင် ကိုယ်ပွား ထုတ်နိုင်သည့် လျှို့ဝှက်ပညာရပ် တစ်မျိုးမျိုး ရှိလျှင်ပင် ထိုနေရာလွတ် အထဲတွင် ဖြစ်နိုင်မည် မဟုတ်ပေ။
ချန်လွေ့ ယခင်က ဆွေမျိုးများ၊ မိတ်ဆွေများနှင့်အတူ ထိုနေရာသို့ လေ့ကျင့်ရန် လာခဲ့စဉ်က လေ့ကျင့်ရေး လိုအပ်ချက်များကြောင့် [ဓူဝံကြယ်အသွင်ပြောင်းခြင်း] စွမ်းအားကို တစ်ခါမျှ မစမ်းသပ်ခဲ့ဘဲ အရေးကြုံလျှင် သုံးရန် လက်နက် တစ်ခုအဖြစ်သာ သိမ်းထားခဲ့သည်။ ယခု ပြန်ကြည့်လျှင် သူ သတိထား ခဲ့သည်မှာ ကံကောင်းသွားခဲ့သည်။ မဟုတ်ဘဲ [ဓူဝံကြယ်အသွင်ပြောင်း] သာ အလုပ်မဖြစ်ခဲ့လျှင် အကျိုးဆက် များမှာ စဉ်းစား၍ပင် မရနိုင်ပေ။
ထိုအခိုက် လျင်မြန်သော ပုံရိပ် သုံးခုက သူတို့အရှေ့ ပေါ်လာသည်။ မျက်စိ တစ်မှိတ် အတွင်းမှာပင် ထိုခြေသလုံးအိမ်တိုင် ဝိညာဉ်များကို အလျင်အမြန် သတ်လိုက်ကြသည်။
ထိုပုံရိပ်များက ခြေသလုံးအိမ်တိုင် ဝိညာဉ်များကို ရှင်းလင်းပြီးနောက် ချန်လွေ့ဆီသို့ ချက်ချင်း ပြေးလာကြသည်။ ဖိုက်သွန်က ထိုနေရာတွင် အခြားသူများလည်း ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားပေ။ သူက ပုံမှန်အားဖြင့် ထိုသူများ၏ ခွန်အားကို အထင်သေးသော်လည်း ယခုအခါ သူ၏ ခန္ဓာကိုယ်တွင် တိုင်းပြည်အဆင့် စွမ်းအားသာ ရှိနေရာ လျစ်လျူရှု၍ မဖြစ်နိုင်ပေ။
သို့သော်လည်း သူက ချန်လွေ့၏ ပြတ်သားမှုကို သတိပြုမိလိုက်ရာ ချက်ချင်း စိတ်လျှော့ချလိုက်သည်။
“ချန်လွေ့...”
“ခေါင်းဆောင်...”
အသံသုံးခုက တစ်ချိန်တည်း ထွက်ပေါ်လာသည်။ သူတို့မှာ ရိုမန်၊ အစ်ဇဘယ်လာနှင့် ပါ့ဂ်လီအိုတို့ပင် ဖြစ်ကြသည်။ ချန်လွေ့က တွေ့ဆုံရန် နေရာ၌ ကြယ်အမှတ်ကို သတ်မှတ် ထားခဲ့သည်။ ဖိုက်သွန်နှင့် စကား ပြောနေစဉ် အထူး ခေါ်ဆိုသည့် ပစ္စည်းကို အသက်သွင်းလိုက်ရာ သူတို့ သုံးယောက် အနီးအနားတွင် ရှိနေသောကြောင့် အလျင်အမြန် ရောက်လာကြခြင်း ဖြစ်သည်။
“ဟေ့.... ခေါင်းဆောင်… အမ်၊ ချစ်လှစွာသော ဆရာသခင်ဦးလေး။ မင်းရဲ့ ဘေးမှာ မိန်းမလှလေးတွေ အမြဲ တွေ့နေရတယ်နော်။ မျက်နှာ အသစ်လေးပဲ။” ရိုမန်က လေချွန် လိုက်ပြီး မျက်စိတစ်ဖက် မှိတ်ပြ လိုက်သည်။
“သနားစရာကောင်လေး။ မင်းရဲ့ မနာလိုမှုနဲ့ အားကျမှုတွေက မင်း မျက်နှာပေါ်မှာ ပေါ်နေတယ်။” ပါ့ဂ်လီအိုက အားမနာတမ်း ပြောလိုက်သည်။ “ဒီမိန်းမကို ငါ မြင်ဖူးတယ်။ သူက ကြယ်ကြွေတမန် အင်ပါယာရဲ့ မီးအိမ်ဝိညာဉ် တော်ဝင် အစောင့်တပ်မှူး မန်လေ့စ်ပဲ။”
“မီးအိမ်ဝိညာဉ်လား။” ကျောင်းသားတူလေး၏ သွေးထိုးစကားများက ရုတ်တရက် လည်ချောင်းထဲတွင် ပုပ်သိုးသွားပြီး မကျေမနပ်ဖြင့် ထပ်ပြောလိုက်သည်။ “ဆရာ ဦးလေးက အနီးအနားက လူတွေအပေါ် အကြိုက် ပြောင်းသွား စေတာ ဖြစ်မယ်။”
“မိန်းကလေး။ ကျွန်မတို့ အရင်က တွေ့ဖူးလား။” အစ်ဇဘယ်လာက ချန်လွေ့ ဘေးမှ အမျိုးသမီးကို ပထမဆုံးအကြိမ် မြင်လိုက်သည်နှင့် သတိထားမိ သွားခဲ့သည်။ သူက ထိုကြက်သွေးရောင် မီးအိမ်ဝိညာဉ်ကို တစ်ကြိမ်မက မြင်ဖူးသော်လည်း အမျိုးသမီးတစ်ယောက်၏ ပင်ကိုယ် အသိက အစ်ဇဘယ်လာကို သူရှေ့မှ ‘မန်လေ့စ်’သည် လူတစ်ယောက် လဲထားသလိုပင် တစ်မျိုးတစ်မည် ထူးဆန်းနေကြောင်း ပြောနေသည်။
“နင့်ရဲ့ အထင်က မှန်တယ်။ ညီမ ရင်းနီ။” ဖိုက်သွန်က အနည်းငယ် ပြုံးလိုက်သည် “ရွှေရောင်နယ်မြေက ရင်းနှီးခဲ့တဲ့ အစ်မဆယ်လီကို မှတ်မိ သေးလား။”
ဆယ်လီဆိုသည်မှာ ဖိုက်သွန်က ရွှေရောင်နယ်မြေသို့ ‘လာလည်’စဉ် ဇိုလာနှင့် အစ်ဇဘယ်လာတို့ထံ အသုံးပြုခဲ့သော အမည်ဝှက်ပင်။
အစ်ဇဘယ်လာသည် ရုတ်တရက် နားလည်သွားပြီး ထိတ်လန့်သွားပုံ ရသည်။ “ရှင်ကိုး...”
“မဒမ်-ဒေါ်လေး။ ဒါက…” ရိုမန်က အစ်ဇဘယ်လာ၏ တုံ့ပြန်မှုထဲမှ ပုံမှန် မဟုတ်သောအရာကို ခံစားမိပြီး အစမ်းသဘော မေးလိုက်သည်။
“မင်းရဲ့ ဆရာသခင် ဦးလေးကို မေးသင့်တယ်။” အစ်ဇဘယ်လာက ချန်လွေ့ကို တစ်ချက် ကြည့်လိုက်၏။ သူ၏ အပြုံးထဲတွင် ဓားသွားကဲ့သို့ အေးစက်သော အလင်းရောင် တစ်ခု အသေအချာ ဖြတ်ပြေးသွားခဲ့သည်။ “ဒီလို တည်ရှိမှုမျိုးက ဘယ်တုန်းက ငါ့ရဲ့ ‘ရင်းနှီးတဲ့အစ်မ’ ဖြစ်သွားမှန်း မသိလိုက်ဘူး။”
“မစ်-ရင်းနီ။ ကျွန်မက ဒီဆာနဲ့ သဘောတူညီချက် လုပ်ထားတယ်။” ဖိုက်သွန်က ပုံမှန်ပင် ပြုံးလိုက်၏။ “အဲဒါကြောင့် သီအိုရီ အရတော့ ကျွန်မတို့က တခြားပုံစံ ရင်းနှီးတဲ့ ညီအစ်မမျိုးပဲ ဖြစ်လာနိုင်တယ်။”
‘ဆာ’ ဟူသော အသုံးကြောင့် အစ်ဇဘယ်လာ တစ်စုံတစ်ခုကို သဘောပေါက်သွားပြီး ပြုံးလျက် ပြောလိုက်သည်။ “အစ်မဆယ်လီ။ နောင်တစ်ချိန်မှာ ကျွန်မတို့ကို စောင့်ရှောက်ပေးပါဦး။ ကျွန်မတို့ တကယ့် သူငယ်ချင်းတွေ ဖြစ်လာ နိုင်မယ်လို့ မျှော်လင့်ပါတယ်။”
ဖိုက်သွန်က ခေါင်းကို အသာလေး ညိတ်လိုက်သည်။
“ဆယ်လီလား။ ဒါဆို မီးအိမ် ဝိညာဉ်မဟုတ်ဘူးပေါ့။” ကျောင်းသား တူလေး၏ မျက်လုံးများက အရောင် တောက်လာသည်။ “မိန်းမလှလေး။ ကျုပ် ဘာများ ကူညီပေးရမလဲ။”
“မင်းရဲ့ အစွမ်းနဲ့ ကိုယ့်ကိုယ်ကိုယ် အရှက်မခွဲနဲ့။ မစ်-ဆယ်လီ အစွမ်းက တိုင်းပြည်အဆင့် အထွတ်အထိပ်မှာ ရှိနေတာကို သတိမထားမိဘူးလား။” ဆရာသခင်အဆိပ်နဂါးကလည်း ဧည့်ဝတ်ပြုရန် ဝင်လာခဲ့သည်။ “ကျုပ်နာမည်က ပါ့ဂ်လီအိုပါ။ နတ်ဘုရား တစ်ပိုင်း အဆင့်ကို တက်လှမ်းဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်။ နောက်ထပ် လေ့ကျင့်မှုတွေမှာ မစ်-ဆယ်လီနဲ့ လေ့ကျင့်ချင်ပါတယ်။”
“အားနည်းလွန်းတဲ့လူတွေကိုတော့ ကျွန်မ သိပ်ပြီး စိတ်မဝင်စားဘူး။” ဖိုက်သွန်က အသာလေး ပြုံးလိုက်၏။ “တစ်လအတွင်း အစွမ်းအနိမ့်ဆုံးသူ ကိစ္စတစ်ခု လုပ်ဖို့ ကတိပေးရမယ်။”
“ဘာမဆိုလား။” အဆိပ်နဂါး၏ မျက်လုံးများ အရောင်လက်သွား၏။
ဘေးနားမှ ချန်လွေ့က စကား မပြောနိုင် ဖြစ်သွားသည်။ ဒီကောင်က ဘက်တီလေးနဲ့ သိပ်မကြာခင် လက်ထပ်တော့မှာ မဟုတ်ဘူးလား။ ဘာလို့ အခုထိ ဒီလိုပုံစံ လုပ်နေ ရတာလဲ။
ထိုအချိန်တွင် အစ်ဇဘယ်လာ၏ မျက်ရိပ်ပြခြင်းကို သူ မြင်လိုက်ရ၏။ အင်း၊ အနာမခံရင် အသာမစံရဘူး ဆိုတော့ ဒီကောင့်ကို မမေ့နိုင်မယ့် အတွေ့အကြုံလေး ပေးလိုက်တာပေါ့။
“ကောင်းပြီလေ။” ဖိုက်သွန်က ထူးဆန်းသော အပြုံး တစ်ခုကို ပြုံးလိုက်သည်။ ဘာပဲဖြစ်ဖြစ်၊ ဒီလို စွမ်းအားပြန်ရယူတဲ့ လေ့ကျင့်ရေးက ပျင်းစရာကောင်းလွန်းတာ။ ကစားဖို့ ပုရွက်ဆိတ် တစ်ကောင် ရှိတာ ကောင်းတာပေါ့။
“ဟုတ်ပြီ။ သဘောတူတယ်။ တချို့ အားနည်းတဲ့ ကောင်တွေကတော့ ဘာမှမသိဘဲ ဝင်မပါတာ ပိုပြီးတော့ ကောင်းလိမ့်မယ်။” ဆရာသခင် အဆိပ်နဂါးက ကျောင်းသား တူလေးကို သရုပ်ပြသည့်အနေဖြင့် မျက်စိမှိတ်ပြပြီး ဘာမှမသိသော အမှိုက်က သူကိုယ်တိုင် ဖြစ်နေမှန်း မသိခဲ့ပေ။
နာရီ အနည်းငယ် ကြာပြီးနောက် စမ်းသပ်မှုတွင် ပါဝင်နေသော ဆွေမျိုးများနှင့် မိတ်ဆွေများက ချန်လွေ့ ရောက်လာသည့် သတင်းကို ရရှိပြီး စုစည်းရာသို့ တစ်ယောက်ပြီး တစ်ယောက် ပြန်လာကြသည်။
ဇိုလာက နောက်ဆုံး နတ်ဘုရား တစ်ပိုင်း အထွတ်အထိပ် အဆင့်သို့ တက်လှမ်းသွားရာ နတ်မိမယ်နဂါးနှင့် တစ်ချိန်က ထိတွေ့ခဲ့ဖူးသော ဖိုက်သွန်ကို အံ့အားသင့်စေခဲ့သည်။
နတ်ဘုရားတစ်ပိုင်း ကနဦးပိုင်း အဆင့်ရှိသော ကတ်သရင်းလည်း လုံးဝ တည်ငြိမ်သွားပြီ ဖြစ်သည်။ ကျန်သူများမှာလည်း ကိုယ်စီကိုယ်စီ ရလဒ်များ ရရှိခဲ့ကြသည်။ ချန်လွေ့ အတွက် အံ့အားသင့်စရာ အကောင်းဆုံးမှာ ဂူရာဒန် ဖြစ်သည်။ အလောင်း အောက်လမ်းပညာရှင်က ခြေသလုံးတိမ်တိုင် ဝိညာဉ်များ၏ လေ့လာမှုတွင် အံ့အားသင့်ဖွယ်ရာ တိုးတက်မှုများ ရရှိခဲ့သည်။ သူသည် ကိုယ်ပိုင်စိတ်ဝိညာဉ်ကို ခြေသလုံး အိမ်တိုင်ဝိညာဉ်များနှင့် ပေါင်းစပ်ကာ တကယ့် ခြေသလုံးအိမ်တိုင် ဝိညာဉ် တစ်ယောက် ဖြစ်လာခဲ့သည်။
ထိုခြေသလုံးအိမ်တိုင် ဝိညာဉ်က ဟာသ မဟုတ်ပေ။ သူသည် ခြေသလုံးအိမ်တိုင် ဝိညာဉ်အုပ်ထဲ တိုက်ခိုက်မခံရရုံသာမက အဆင့်နိမ့် ခြေသလုံးအိမ်တိုင် ဝိညာဉ်များကို ဝါးမျိုကာ အဆက်မပြတ် ကြီးထွား နိုင်သည့် ဗီဇပြောင်း ဝါးမျိုစွမ်းရည် ကိုလည်း ပိုင်ဆိုင်ထားခဲ့သည်။
ထိုကဲ့သို့ အထူးစွမ်းရည်ကြောင့်ပင် ဂူရာဒန်က ကင်းထောက်အဖြစ် မကြာခဏ ရှေ့ဆောင်ကာ သင့်တော်သော ခြေသလုံးအိမ်တိုင် ဝိညာဉ်အုပ်ကို ရှာဖွေပြီးနောက် စမ်းသပ်ရေးအဖွဲ့မှ သက်ဆိုင်ရာ ခွန်အားရှိသူများကို လေ့ကျင့်ရန် စေလွှတ်လေ့ရှိသည်။ ထိုနည်းဖြင့် ဝိုင်းရံတိုက်ခိုက်ခံရမည့် အန္တရာယ်ကို များစွာ ရှောင်ရှားနိုင်ခဲ့သည်။
လက်ရှိ အလောင်း အောက်လမ်း ပညာရှင်၏ ကြယ်တစ်ပွင့် တိုးမြှင့်မှု မပြီးသေးပေ။ အားလုံးပြီးစီးသွားပါက ဝါးမျိုခြင်းစွမ်းအားနှင့် ပေါင်းလျှင် သူ၏ စွမ်းအားသည် ကြီးကြီးမားမား ခုန်ပျံကျော်လွှား သွားပေလိမ့်မည်။ ကံဆိုးသည်မှာ အသက်သေတ္တာထဲမှ မြှုပ်နှံထားသော စိတ်ဝိညာဉ် အမြုတေက အဆင့်တက်ခြင်းအပေါ် သိသာသော ကန့်သတ်ချက် တစ်ခု ရှိနေရာ ပြင်ပ စွမ်းအားများကို ဝါးမျိုခြင်းဖြင့် အရည်အသွေးပိုင်း တိုးတက်မှုကို မရရှိနိုင်ပေ။ သို့သော် အဆင့်ငယ်လေး တစ်ခုတွင်ပင် တိုးတက်နိုင်ခြင်းက ဝမ်းသာပီတိ ဖြစ်စရာ လုံလောက်နေပြီ ဖြစ်သည်။
ဇိုလာက အစ်ဇဘယ်လာထံမှ ဖိုက်သွန် မည်သူမည်ဝါ ဖြစ်ကြောင်း သိရှိသွားရာ အံ့အားသင့် သွားသည်။ သို့သော် နတ်မိမယ်နဂါးက အဆိပ် နဂါးနှင့် နတ်ဘုရား-ယောင် အဆင့် အထွတ်အထိပ်ကြားမှ လောင်းကြေး အကြောင်းကို ရင်းနီထံမှ ကြားလိုက်ရာ ဖုံးကွယ်ထားသော စိတ်နှလုံးမကောင်းမှုက ချက်ချင်း ပေါ်ထွက်လာတော့သည်။
ထို့နောက် နတ်မိမယ်နဂါးသည် ပါ့ဂ်လီအိုကို သတိမပေးသည့်အပြင် သက်ဆိုင်ရာ ပစ္စည်းဥစ္စာကို ဆုအဖြစ် ပေးနိုင်လျှင် အဆိပ်နဂါးကို နတ်ဘုရားတစ်ပိုင်း အဆင့်သို့ တက်လှမ်းရန် ကူညီပေးနိုင်ကြောင်း အရိပ်အမြွက်ပင် ပြောခဲ့သည်။
‘မတော်တဆ’ ရောက်ရှိလာပြီး နှစ်ဖက်စလုံး၏ သက်သေအဖြစ် ‘အမှတ်မထင်’ ဖြစ်သွားပြီးနောက် ရင်းနီသည် ဇိုလာနှင့် ပါ့ဂ်လီအိုတို့ သဘောတူညီချက် ရရှိသွားသည်ကို ကြည့်ကာ ပြုံးလိုက်၏။ ထိုအပြုံးက မိစ္ဆာထောင်ခြောက်ပန်း၏ ဆွဲဆောင်မှုကို အပြည့်အဝ ဖော်ပြနေသည်။ သေချာသည်မှာ ပါ့ဂ်လီအိုသည် မမေ့နိုင်စရာ အတွေ့အကြုံတစ်ခု၊ တိတိကျကျ ပြောရလျှင် နာကျင်ဖွယ် သင်ခန်းစာ တစ်ခု ရရှိတော့မည် ဖြစ်သည်။ ယခုတစ်ကြိမ် ပြီးနောက်တွင် အမျိုးသမီးများကို စနောက်သည့် အတွေးအခေါ်များ များစွာ လျော့ပါး သွားနိုင်ပေသည်။
သူ၏ အခင်ဆုံး သူငယ်ချင်း ဘက်တီလေးသာ ၎င်းကိုသိသွားလျှင် ပျော်သွားလိမ့်မည် ဖြစ်သည်။
ချန်လွေ့သည် သူ၏ ဇနီးမယား နှစ်ယောက်က သနားစရာ အဆိပ်နဂါးကို နောက်တစ်ကြိမ် လှည့်စားလိုက်ကြောင်းကို မသိခဲ့ပေ။ သူက ပင်လယ်သေတွင် ကြုံတွေ့ ခဲ့ရသည်များအား လူတိုင်းကို ပြောပြ လိုက်သည်။ ထိုအခါမှသာ လူတိုင်းက ချန်လွေ့၏ အတွေ့အကြုံများမှာ ထိုရက်ပိုင်းအတွင်း အတက်အကျ များခဲ့ကြောင်းကို သိရှိကြသည်။ ကြောက်မက်ဖွယ်ကောင်းသော သေရေးရှင်ရေးတိုက်ပွဲကို ဖြတ်သန်း ပြီးနောက် သူက မျှော်လင့်မထားဘဲ မျှော်လင့်ချက်မဲ့ခြင်း အရှင်သခင် ဒီလော့စ်ရို၏ ကိုယ်ပွားကို အနိုင်ယူကာ အဓိကယဇ်ပလ္လင်ကို ဖျက်ဆီးပြီး စေတန်နှင့် လောင်းကြေး စာချုပ်ကို အနိုင်ရခဲ့သည်။ ထို့ကြောင့် သူက အဆုံးအဖြတ်တိုက်ပွဲကို ၁၀ နှစ် ရွှေ့ဆိုင်းနိုင်ခဲ့ပြီး တစ်ချိန်တည်းပင် အိုလီဖီးရက်စ်နှင့် အခြားသူများကို ကယ်တင်နိုင်ခဲ့သည်။
သတင်းဆိုးမှာ ဗက်ဇယ်နာ သေဆုံးရုံသာမက ရေဒြပ်စင်ဘုရင်၏ ဒြပ်စင်နှလုံးသား အက်ကွဲသွားခြင်း ဖြစ်သည်။
“လန်ဘို့စ်ရဲ့ ဒြပ်စင်နှလုံးသားကို ပြန်ပြင်ဖို့ တစ္ဆေရေခဲစမ်းကို ကိုယ် သေချာပေါက် ရအောင် ရှာမယ်။”
“တစ္ဆေရေခဲစမ်းလား။” ဇိုလာက စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။
“အဲဒါ ဘယ်မှာရှိလဲ မင်းသိလား။” ချန်လွေ့၏ မျက်လုံးများက အရောင် တောက်လာခဲ့သည်။
“အခုတော့ မမှတ်မိတော့ဘူး...” နတ်မိမယ်နဂါးက ငေးငိုင်လျက် ပြန်ဖြေလိုက်သည်။
“...”