နှလုံးသား
Vol. 67 Ch. 1077
ချန်လွေ့ ထိတ်လန့် သွားခဲ့သည်။ သူက ရှီလန်တောင်၌ တိုက်ခိုက်ရေး အတွေ့အကြုံ ရှိခဲ့ဖူးပြီး ‘ရေရိပ်ပုလဲ’က လန်ဘို့စ်အတွက် မည်သည်ကို ဆိုလိုကြောင်း သူ အတိအကျ သိခဲ့သည်။
ဒြပ်စင်နှလုံးသားသည် ဒြပ်စင်ဘုရင်၏ အမြုတေ ဖြစ်ပြီး လူသား နှလုံးသားနှင့် တူညီသည်။ ဒြပ်စင်နှလုံးသား ကွဲသွားသည်နှင့် အစွမ်းထက် ဒြပ်စင်ဘုရင်ပင်လျှင် ၇ရက်အတွင်း လုံးဝ ပျက်စီးသွား ပေလိမ့်မည်။
အဓိကကုန်းမြေမှ ဒြပ်စင်ဘုရင်က တကယ် မသေဆုံး နိုင်သော်လည်း ရေဒြပ်စင်ဘုရင်ကို ပြန်ဖန်တီးရန် နှစ်ပေါင်း သောင်းနှင့်ချီ သို့မဟုတ် ထိုထက်ပို၍ ကြာပေလိမ့်မည်။
လန်ဘို့စ် သူ့ကို ကြက်သွေးရောင် သွားနှစ်ခွပင်လယ်ပြင်သို့ လိုက်ပို့သည့် အချိန်ကစပြီး ချန်လွေ့က ရေဒြပ်စင်ဘုရင်ကို စိတ်ထဲတွင် စစ်မှန်သော မိတ်ဆွေ အဖြစ် သဘောထားခဲ့၏။ လန်ဘို့စ်က ကာကွယ်မှုစွမ်းအားကို ရည်ရွယ်ချက် ရှိရှိ သုံးခဲ့ရာ ‘ရေရိပ်ပုလဲ’က ရေဒြပ်စင်နှလုံးသား ဖြစ်ကြောင်းကို သူ လုံးဝ မသိခဲ့ပေ။
ဒီလော့စ်ရိုကြောင့် ပြောင်းလဲသွားသည့် ဝဲကတော့မှ ဝါးမျိုခံရသည့်အချိန် ချန်လွေ့က [ကြယ်အစောင့်အရှောက်တောင်ပံ] ဖြင့် အယ်ဒီလိုင်း၏ သွေးရောင် ပိုးအိမ်ကို ပတ်ထားပြီး နောက်ဆုံး လုံးဝဖြေရှင်းနိုင်ခဲ့ကာ နာဂါမိန်းကလေးကို ကျက်သရေ မျှော်စင်ထဲသို့ အောင်မြင်စွာ ခေါ်ဆောင်နိုင်ခဲ့သည်။ အကြွင်းမဲ့ စွမ်းအားအောက်တွင် ကံကောင်းခြင်း မရှိခဲ့ပေ။ အမှန်တကယ်တော့ အယ်ဒီလိုင်း မပါလျှင်ပင် သူသည် ထိုစစ်မှန်သည့် စမ်းသပ်မှုကို ရင်ဆိုင်ရပေလိမ့်မည်။
ထိုနောက် ချက်ချင်း ဆိုသလို သူက အဆုံးမဲ့ ဝါးမျိုခြင်း၊ အဆုံးမဲ့ ပေါက်ကွဲခြင်း၊ အဆုံးမဲ့ မျှော်လင့်ချက် မဲ့ခြင်းနှင့် အဆုံးမဲ့ ဝိညာဉ်ကွဲခြင်း တို့နှင့်အတူ ကြောက်မက်ဖွယ်ရာ ကောင်းသည့် တိုက်ပွဲဖြင့် ‘ကြိုဆို’ ခံခဲ့ရသည်။ သူက စွမ်းအားအားလုံး လုံးဝ ကုန်ခန်းလုနီးပါး ဖြစ်ခဲ့သည်။ ယခုထိ သူ ခုနက တိုက်ပွဲ အခြေအနေကို ဖော်ပြ၍ မရနိုင်ပေ။ သူ ပြိုလဲလုနီးပါး ဖြစ်သည့်အခါ နောက်ဆုံး အသိစိတ်ကို ကာကွယ်ရန် အတွက် ‘ရေရိပ်ပုလဲ’၏ စွမ်းအားကို လုံးဝ အားကိုးနေခဲ့သည်ကို သူ မှတ်မိသည်။
ဝိညာဉ် ပျောက်ကွယ် လုနီးပါး ဖြစ်နေသည့် သေရေးရှင်ရေးအချိန် ခံစားချက်များ ပျောက်ကွယ်သွားခဲ့ပြီး ပင်ကိုအသိသာ ကျန်ရှိခဲ့သည်။
ပင်ကိုအသိ၏ မောင်းနှင်မှုကြောင့် အရင်က နက္ခတ်တာရာစွမ်းအားကို အသုံးပြုပြီး အဆုံးသတ် တိုက်ကွက် တစ်ခုကို ဖန်တီးရန် ကြိုးစားခဲ့သည့် မအောင်မြင်ခဲ့သော စိတ်ကူးက တကယ်တမ်း ရှင်းလင်းလာခဲ့သည်။ ‘ရေရိပ်ပုလဲ’၏ လမ်းညွှန်မှုကလည်း အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ နက္ခတ်တာရာ စွမ်းအားများ ပေါင်းစည်းထားသည့် ကြယ်စင်စု စွမ်းအားသည် ပင်လယ်ရေ ထိုးတက်လာသလို ထိုးထွက်လာခဲ့ပြီး ကုလားအုတ်ကို ခါးကျိုးစေခဲ့သော နောက်ဆုံး ကောက်ရိုးတစ်မျှင် ဖြစ်လာခဲ့သည်။
ဒီလော့စ်ရိုက ပေါက်ထွက်တော့မည့် ပူဖောင်းကဲ့သို့ပင်။ ချန်လွေ့၏ အဆုံးသတ် တိုက်ကွက်သည် သူ့ကို နောက်ဆုံးတွင် ပေါက်ထွက်သွားစေခဲ့သည်။ စေတန်၏တုံ့ပြန်မှုက မြန်ခဲ့သော်လည်း သူက ချန်လွေ့ထက် ခြေလှမ်းတဝက် ပိုနှေးနေခဲ့ပြီး စာချုပ်အရ ရှုံးနိမ့်သူ ဖြစ်လာခဲ့သည်။
မျှမျှတတ ပြောရလျှင် စေတန်၏ စွမ်းအားက ဒီလော့စ်ရို၏ ကိုယ်ပွားထက် ပိုမြင့်နေသည်မှာ သေချာသည်။ သို့သော် သူသည် အန္တိမတိုက်ကွက်ကို ချွေတာနေခဲ့ခြင်း မဟုတ်ဘဲ အဓိက ယဇ်ပလ္လင်၏ ကာကွယ်ရေးစွမ်းအား ရှိနေခဲ့သောကြောင့်ပင်။ သူ၏ စွမ်းအား အားလုံးနှင့်ပင် သူက ဒီလော့စ်ရို၏ ကိုယ်ခန္ဓာကို တကယ်တမ်း မဖျက်ဆီးနိုင်ခဲ့ပေ။ ဒီလော့စ်ရိုလက်ကို ခုတ်ဖြတ်ခဲ့သည့် [ပြိုလဲပျက်သုဉ်း] နှင့် [ဖြတ်တောက်] နှစ်ခုစလုံးက ချန်လွေ့ ဒီလော့စ်ရို၏ ကိုယ်ထဲသို့ ဝင်ရောက်ပြီးနောက်တွင် ရရှိခဲ့သည့် အခွင့်အရေးများပင်။
စေတန်က ချန်လွေ့ကို အထင်သေးခဲ့ခြင်းကလည်း သူ၏ ရှုံးနိမ့်မှုအတွက် အကြောင်းရင်း တစ်ခု ဖြစ်သည်။ ထိုကဲ့သို့ စိတ်ဓာတ် ရှိနေသည်မှာ မဆန်းလှပေ။ အဘယ်ကြောင့်ဆိုသော် သူ့တွင် အကြွင်းမဲ့စွမ်းအား ရှိနေသောကြောင့်ပင်။ ချန်လွေ့က စေတန်နှင့် ဒီလော့စ်ရိုနှစ်ဦးစလုံးကို ယှဉ်၍ မရနိုင်ပေ။ သို့သော်လည်း ထိုအထင်သေးခံရသည့် ဇာတ်ကောင်ငယ်လေးက နောက်ဆုံး အနိုင်ရသူ ဖြစ်လာခဲ့လေသည်။ ဒီလော့စ်ရိုအထဲတွင် ချန်လွေ့၏ ပေါက်ကွဲမှုသာ မရှိခဲ့လျှင် မချေဖျက်နိုင်သည့် စွမ်းအားကို စုပ်ယူမိသောကြောင့် အရိုးချပ်ကာ လုံးဝ မပြိုလဲသွားခဲ့လျှင် စေတန်၏ [စော်ကားခြင်းအပြစ်] သည်လည်း ဒီလော့စ်ရိုကို တစ်ချက်တည်းနှင့် သတ်နိုင်မည် မဟုတ်ပေ။
ချန်လွေ့က ပို၍ အားနည်းသည့် စွမ်းအားဖြင့် ဒီလော့စ်ရိုကို မယုံနိုင် လောက်အောင် အနိုင်ယူပြီး သတ်ပစ် နိုင်ခဲ့သည်။ ရေဒြပ်စင်ဘုရင် လန်ဘို့စ် ဟုလည်း သိကြသော ‘ရေရိပ်ပုလဲ’က အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ဟု ပြောနိုင်ပေသည်။ သို့သော် ယခုတွင် ထိုရေဒြပ်စင်နှလုံးသားက တကယ် အက်ကွဲနေခဲ့လေပြီ!
ချန်လွေ့က သူ၏ စွမ်းအားကို ခက်ခက်ခဲခဲ အသုံးပြုပြီးနောက် ပင်လယ်ပေါ်တွင် ပေါ်နေခဲ့သည်။ အလင်းရောင် လင်းလက်သွားပြီး သူက ရေဒြပ်စင်ဘုရင်နှင့် တခြား သူများကို ကျက်သရေမျှော်စင်၏ နေရာလွတ်ထဲမှ လွှတ်ပေးခဲ့သည်။
“ဒီလော့စ်ရိုရဲ့ ကိုယ်ပွားနဲ့ အဓိက ယဇ်ပလ္လင် ပျက်စီးသွားပြီထင်တယ်”
ရေအရိပ်ပုလဲက အမှန်တကယ်၌ ကွဲသွားသည်မှာ ကြာခဲ့ပြီ ဖြစ်သည်။ ထိုအချိန်မှစ၍ ကျက်သရေမျှော်စင်ထဲမှ လန်ဘို့စ်က အပြင်လောကကို မခံစားနိုင်တော့ပေ။ သူ အပြင်သို့ ထွက်လာချိန်မှသာ ပတ်ဝန်းကျင်မှ ရေဒြပ်စင်က ပုံမှန် ပြန်ဖြစ်လာသည်ကို ခံစားမိခဲ့သည်။
လန်ဘို့စ် စကားပြောနေစဉ်တွင် ဒြပ်စင်နှလုံးသားက အပြာရောင် အလင်းအဖြစ် ပြောင်းလဲသွားပြီး သူ၏ ကိုယ်ထဲသို့ နစ်ဝင်သွားခဲ့သည်။ ထိုနောက် လူတိုင်း၏ ခြေအောက်မှ ပင်လယ်ပြင်သည် အလျင်အမြန် အေးခဲစ ပြုလာခဲ့သည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် လန်ဘို့စ်ကို ဗဟိုပြုပြီး အချင်း ၅၀မီတာခန့် ရှိသည့် ရေခဲပြင်တစ်ခု အမြင် အာရုံတွင် ပေါ်လာခဲ့သည်။ လန်ဘို့စ်၏ ကိုယ်ခန္ဓာကလည်း သူ၏ ခြေထောက်မှစပြီး ဖြည်းဖြည်းချင်း အေးခဲလာခဲ့သည်။ အေးခဲခြင်းက မျက်စိဖြင့်မြင်နိုင်သည့် အမြန်နှုန်းဖြင့် အပေါ်သို့ ပျံ့နှံ့သွားခဲ့သည်။
ထိုပြောင်းလဲမှုသည် မည်သည်ကို ကိုယ်စားပြုကြောင်း ချန်လွေ့က နားလည်ခဲ့သော်လည်း လန်ဘို့စ်၏ အငွေ့အသက် ကအလျင်အမြန် အားနည်းသွားသည်ကို ရှင်းရှင်းလင်းလင်း ခံစားမိခဲ့သည်။ သူက စိတ်မကောင်းဖြစ်ပြီး စိုးရိမ် နေခဲ့သည်။ သို့သော်လည်း သူ၏ ဒဏ်ရာများသည် ယခုပင် အရေးကြီး နေခဲ့ပြီ ဖြစ်သည်။ သူ၏ မျက်နှာမှ သွေးများ ထပ်ထွက်လာပြီး သူက မူးဝေနေခဲ့သည်။
လန်ဘို့စ်က ပုံမှန်ပင် ပြောလိုက် လေသည်။ “မင်းရဲ့ ဝိညာဉ်က ဒဏ်ရာ အတော်လေး ပြင်းထန်နေတယ်။ ဖန်တီးခြင်းကိုယ်ထည်ရဲ့ စွမ်းအားနဲ့တောင်…”
“ကျုပ် အခုထိ မသေသေးဘူး။” ချန်လွေ့က ဒဏ်ရာကို ဖိနှိပ်ထားပြီး လန်ဘို့စ်၏ မျက်လုံးများကို စိုက်ကြည့်လိုက်သည်။ “ဒါပေမဲ့ ခင်ဗျားက သေတော့မယ်။ ဒြပ်စင် ပျက်စီးခြင်းက စွမ်းအင်အသွင်ပြောင်း လဲတာ ဖြစ်ပေမဲ့ ကျုပ်သိခဲ့တဲ့ လန်ဘို့စ်က ရှိတော့မှာ မဟုတ်ဘူး။”
“ငါ့ရဲ့ တည်ရှိမှု အတွက် တစ်ယောက်ယောက်က ဝမ်းနည်း နေလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မတွေးမိခဲ့ဘူး။” လန်ဘို့စ်က သူ၏ ခေါင်းကို ခါလိုက်သည်။ “မင်း စိတ်မကောင်း ဖြစ်စရာ မလိုပါဘူး။ တကယ်တော့ ဒါ မင်းနှင့် တိုက်ရိုက် မသက်ဆိုင်ဘူး။ ဘယ်လို ဒြပ်စင်ဘုရင်မျိုးမဆို ‘သူတို့’လိုမျိုး ရန်သူတွေကို ရင်ဆိုင်ရရင် ငါ့လိုမျိုး တူညီတဲ့ရွေးချယ်မှုကို လုပ်ကြမှာပဲ။”
“လန်ဘို့စ်…” ချန်လွေ့က ရုတ်တရက် တစ်ခုခု သတိရသွားပြီး သိုလှောင်ဂိုဒေါင်မှ ထူးဆန်းသည့် သစ်သီးတစ်ဆုပ်စာကို အလျင်အမြန် ထုတ်လိုက်သည်။ “ကျုပ်က မိုးရီရဲ့ မြေဒြပ်စင်နှလုံးသားကို ပြင်ဆင် ပေးခဲ့ဖူးတယ်။ အခု ကျုပ်မှာ ဓမ္မတေးသစ်သီးနဲ့ မြေအရင်းအမြစ် ရှိသေးသည်။ ဒါက ခင်ဗျားရဲ့ ဒြပ်စင်နှလုံးသား ပြန်ကောင်းလာဖို့အတွက် အကူအညီဖြစ်နိုင်လား။”
“ဓမ္မတေးသစ်သီးလား...” လန်ဘို့စ်က အံ့အားသင့်သည့် အမူအရာကို ပြသခဲ့သည်။ “မင်းမှာ ဒီလိုအရာမျိုး ရှိနေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ မင်းက မိုးရီကို ဒြပ်စင်နှလုံးသား ပြင်ပေးခဲ့မယ်လို့ ပိုပြီးတော့တောင် မထင်ထားခဲ့ဘူး။ မင်းက သူနဲ့ ဒီလောက်တောင် နက်ရှိုင်းတဲ့ ခင်မင်မှု ရှိနေတာ မဆန်းတော့ဘူး။ မင်း အဲဒီနှစ်ခုကို ရဖို့အတွက် အများအကြီး ကြိုးစား ရခဲ့တာကို ငါ စိတ်ကူးကြည့်လို့ ရနိုင်ပါတယ်။ ဒါပေမဲ့ ငါမင်းကို ဒြပ်စင်နှလုံးသားပေးရတဲ့ မင်းကို အသုံးချပြီးတော့ ချိပ်ပိတ်...”
“ပေါက်ကရတွေ မပြောနဲ့တော့!” ချန်လွေ့က လန်ဘို့စ်ကို ယဉ်ကျေးမှု မရှိဘဲ စကားဖြတ် ပြောလိုက်သည်။ သို့သော် သူ၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာကြောင့် သူက နာကျင်မှုဖြင့် အံကြိတ်လိုက်သည်။ “ဒီနှစ်ခုက ခင်ဗျားအတွက် အသုံးဝင်မဝင် ဆိုတာပဲ ကျုပ် သိချင်တယ်။”
“မင်း ပြောခဲ့သလိုပဲ ငါက သံသယရှိပြီး ‘ဟန်ဆောင်’တတ်ပေမဲ့ ဒီလိုပျက်စီးသွားမှာကို မလိုချင်ဘူး။” ထိုလေသံက လန်ဘို့စ်ကို ရယ်မော စေခဲ့သည်။ ဓမ္မတေးသစ်သီးက ချန်လွေ့၏လက်မှ အလိုအလျောက် ထွက်ခွာသွားပြီး ဖျော်ရည်စီးကြောင်း အဖြစ် ပြောင်းလဲကာ ထိုရေခဲပြင် ထဲသို့ စိမ့်ဝင်သွားခဲ့သည်၊ “ဓမ္မတေး သစ်သီးက တကယ့်ကို အံ့သြဖွယ်ရာ ကောင်းတာပဲ။ ငါ့ရဲ့ ဒြပ်စင် နှလုံးသားထဲက ပျောက်တော့မည့် ဝိညာဉ်က ပြန်လည် စုစည်းလာပြီ။ ဒါပေမဲ့ ငါက မြေဒြပ်စင်ဘုရင် မဟုတ်ဘူးဆိုတော့ မြေအရင်းမြစ်က ငါ့အပေါ်မှာ သက်ရောက်မှု မရှိဘူး။ ငါက ‘တစ္ဆေရေခဲစမ်း’ လို့ခေါ်တဲ့ အရည်တစ်မျိုးကို လိုအပ်သည်။ အဲဒါမှ ငါ ဒြပ်စင်နှလုံးသားထဲက အက်ကွဲကြောင်းတွေကို ဖာထေးနိုင် လိမ့်မယ်။ ကံဆိုးချင်တော့ အဲဒါက ဘယ်မှာရှိလဲဆိုတာ ငါ မသိဘူး။”
“ဒီလောကမှာ ရှိနေသရွေ့ အဲဒါကို ရှာတွေ့ဖို့ နည်းလမ်း ရှိမှာပါ။ ခင်ဗျား ဓမ္မတေးသစ်သီးကို သုံးမယ်ဆိုရင် ဘယ်လောက် တောင့်ခံနိုင်ဦးမှာလဲ။”
“အချိန်အရ ဆိုရင်တော့ မိုးရီရဲ့ ဒြပ်စင်နှလုံးသား အက်ကွဲခြင်းက သူ ‘မြေကြီးအမှတ်အသား’ ကို လက်ခံဖို့ နက်ပြာနန်းတော်ဆီ ရောက်လာတဲ့ အချိန် ဖြစ်ရမယ်။ အဲဒီမတိုင်ခင်မှာ သူက ရေဇစ်မြစ်အပိုင်းအစကိုတောင် မခံစား နိုင်ခဲ့ဘူး။ ပြောရရင်တော့ သူက အဲဒီအချိန် မြေဒြပ်စင်ဘုရင်ပဲ ဖြစ်ပြီးတော့ မြေဒြပ်စင်သံတမန် မဟုတ်သေးဘူး။ အဲဒါကြောင့် သူက စွမ်းရည်အများကြီး အသက်သွင်းလို့ မရဘူး။ ငါရဲ့ လက်ရှိ အခြေအနေ ကတော့… ခုနက ဓမ္မတေးသစ်သီးရဲ့ အကျိုး သက်ရောက်မှုက ရှင်းတယ်။ မင်းသာ အရင် တစ်ခေါက်ကလိုမျိုး အန္တိမအလင်းဒြပ်စင်ရဲ့ ကုသစွမ်းအား အသက်သွင်းနိုင်ရင်တော့ ရေဒြပ်စင် အတော်လေး ကြွယ်ဝတဲ့ ဒီပင်လယ် ထဲမှာ ငါ ၅နှစ်လောက် အသက်ရှင် နိုင်တယ်။”
ချန်လွေ့ စိတ်သက်သာရာ ရသွား ခဲ့လေ၏။ ၅နှစ်က အချိန်အကြာကြီး မဟုတ်သော်လည်း အနည်းဆုံးတော့ ယခု အချိန်တွင် လန်ဘို့စ်သည် ပျက်စီးခြင်း အန္တရာယ် မရှိတော့ပေ။
သူ [ကောင်းကင်ကုသ] ကို အသက် သွင်းလိုက်သည်နှင့် ဆူးသရဖူသည် ခေါင်းပေါ်တွင် ချက်ချင်းပေါ်လာ၏။ [ကောင်းကင်ကုသ]၏ အာနိသင် အောက်တွင် လန်ဘို့စ်၏ ကျဆင်းနေသည့် အငွေ့အသက်က တဖြည်းဖြည်း တည်ငြိမ်လာခဲ့သည်။ လန်ဘို့စ်နှင့် ချန်လွေ့၏ ဒဏ်ရာများ တင်မကဘဲ လာလာရီယာ၊ ဟယ်လင်နှင့် အယ်ဒီလိုင်းတို့၏ ဒဏ်ရာများလည်း အလျင်အမြန် ပြန်ကောင်းလာခဲ့သည်။
“လန်ဘို့စ်။ ၅နှစ်အတွင်းမှာ ကျုပ် တစ္ဆေရေခဲစမ်းနဲ့ အတူ ခင်ဗျားကို ဒီနေရာမှာ သေချာပေါက် ပြန်လာ တွေ့မယ်။”
လန်ဘို့စ်က ထိုစကားထဲတွင် ပါဝင်သည့် ခိုင်မာမှုကို မြင်ခဲ့သည်။ ယခင် စကားများနှင့် ဆန့်ကျင်လျက် သူက ချန်လွေ့ကို တိတ်ဆိတ်စွာ ကြည့်နေခဲ့ပြီး အေးခဲခြင်းက သူ၏ ခေါင်းကို တဖြည်းဖြည်း ဖုံးလွှမ်းသွား စေခဲ့သည်။ သူ၏ မျက်လုံးများက အလင်းများ တဖြည်းဖြည်းနှင့် ပျောက်သွားပြီး ရေခဲပန်းပုအဖြစ် လုံးဝ ပြောင်းလဲသွားခဲ့သည်။
ထိုအချိန်တွင် [ကောင်းကင်ကုသ] အလင်းလည်း ပျောက်သွားခဲ့သည်။ သူ၏ ပြိုလဲလုနီးပါး ဝိညာဉ်သည် ကိုယ်ခန္ဓာထဲမှ ထွက်တော့မလိုပင် ချန်လွေ့က အားကောင်းလှသော မူးဝေခြင်းကို ရုတ်တရက် ခံစားလိုက် ရလေသည်။
ဆူးသရဖူ၏ စွမ်းအားက အလွန် အစွမ်းထက်လှသော်လည်း သူ့တွင် ကိုယ်ပိုင်ကန့်သတ်ချက်ရှိသေးသည်။ [ကောင်းကင်ကုသ]က အရာရာကို တတ်နိုင်ခြင်း မဟုတ်ပေ။ ယခုတွင် ချန်လွေ့၏ ဒဏ်ရာများသည် အလွန် ပြင်းထန်ခဲ့သည်။ [ကောင်းကင်ကုသ] လုပ်ဆောင်မှုအောက်တွင် လုံးဝတည်ငြိမ်သွားသောကြောင့် အပြင်ပိုင်းဒဏ်ရာများက အရေးမကြီးပေ။ သူက လုံးဝ ပြန်ကောင်းရန်မှာ အနှေးနှင့် အမြန်သာ ဖြစ်သည်။
သို့သော် ဝိညာဉ်က ခံစားခဲ့ရသည့် ပြင်းထန်သည့်ပျက်စီးမှုက [ကောင်းကင်ကုသ] ကုသနိုင်သော အတိုင်းအတာထက် ကျော်လွန်နေ၏။ နောက်ဆုံးတွင် သူက သေရေးရှင်ရေး အစွန်းတွင် ရှိသည့် ဒီလော့စ်ရို၏ ကိုယ်ထဲမှ နေရာထဲတွင် လုံးဝ မျက်နှာချင်းဆိုင် တိုက်ခိုက်ခဲ့သည်။ ဝိညာဉ် ကွဲကြေခြင်း၏ ကြောက်မက်ဖွယ် ကောင်းသည့် သက်ရောက်မှုကို သူ ဘယ်နှစ်ခါ ခံစားခဲ့ရကြောင်းကို မည်သူမှ မသိခဲ့ပေ။ ရေဒြပ်စင် နှလုံးသား၏ ကာကွယ်မှု မရှိခဲ့လျှင် သူပြန်ကောင်းလာရန် မဖြစ်နိုင်လောက်ပေ။
ယခု သူ ခက်ခဲသည့် တိုက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး လန်ဘို့စ်၏ အခြေအနေကို တည်ငြိမ်စေခဲ့ပြီ ဖြစ်ရာ တင်းမာနေခဲ့သော သူ၏ အာရုံကြောများက နောက်ဆုံးတွင် ပြေလျော့သွားခဲ့သည်။
ထိုသို့ ပြေလျော့သွားခြင်းနှင့်အတူ ပြင်းထန်သည့် ဖိအားအောက်တွင် ကြံ့ကြံ့ခံနေသည့် ဆန္ဒက ဆက်၍ ခံနိုင်ရန် လှုံ့ဆော်မှုကို ချက်ချင်း ဆုံးရှုံးသွားခဲ့သည်။ သူ ဆက်၍ မခံနိုင်တော့ဘဲ မိန်းကလေး သုံးယောက်၏ အာမေဍိတ်သံထဲတွင် လဲကျသွားတော့သည်။
လာလာရီယာ၏ စွမ်းအားက အစွမ်းအထက်ဆုံးပင်။ [ကောင်းကင်ကုသ]ကြောင့် သူ၏ ဒဏ်ရာများက အခြေခံအားဖြင့် ပြန်ကောင်းလာခဲ့သည်။ သို့သော် သူ၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းအားနှင့် ဝိညာဉ်စွမ်းအားများ ပြန်လည်၍ မကောင်းသေးပေ။ သူ၏ တုံ့ပြန်မှုက အလွန် လျင်မြန်နေခဲ့သည်။ သူက ချန်လွေ့၏ လဲကျနေသည့် ခန္ဓာကို ဖမ်းရန်အတွက် သူ၏ ရှေ့တွင် ချက်ချင်း ပေါ်လာခဲ့လေသည်။ ရင်ပြား လိုလီ၏ လက်ရှိပုံစံက အလွန် ပုနေသောကြောင့် သူက သူ့ကိုပွေ့ပြီး မြေပြင်ပေါ်တွင် ဖြည်းဖြည်းချင်းသာ လှဲချပေးနိုင်ခဲ့သည်။
“ဒီကောင် မေ့လဲသွားပြီ။ ဒါပေမဲ့… သူ အခြေအနေ သိပ်မကောင်းဘူး…” လာလာရီယာက မျက်မှောင်ကြုတ် လိုက်သည်။
“ကျွန်မ ကြည့်ပေးမယ်။” အယ်ဒီလိုင်း အမြန်ဆုံး လာပြီး ချန်လွေ့၏ နားထင်နှစ်ဖက်ပေါ်တွင် လက်နှစ်ဖက်လုံးကို တင်လိုက်ပြီး သူ စတင် ခံစားလိုက်သည်။ နာဂါ မိန်းကလေးက အလွန် စူးရှသည့် ခံစားမှုစွမ်းရည်ဖြင့် မွေးဖွားလာခြင်း ဖြစ်သည်။ အထူးသဖြင့် တံလျှပ်၏ မှော်စွမ်းအားကို ရရှိပြီးနောက်တွင် သူ၏ ဝိညာဉ်ကို ခံစားမှုက ပိုမြင့်သော အဆင့်သို့ ရောက်ရှိ သွားခဲ့သည်။
ခဏအကြာတွင် အယ်ဒီလိုင်း၏ မျက်နှာအမူအရာ ပြောင်းလဲသွား၏။ “မဖြစ်ရဘူး။ သူရဲ့ ဝိညာဉ်က ပြိုလဲလုနီးပါး ဖြစ်နေပြီ။ လာလာရီယာ သူ့ကို ကယ်ဖို့အတွက် နည်းလမ်းရှာပေးပါ!”
“ငါ သူ့ကို နဂါးကျွန်းဆီကို ခေါ်သွားပြီးတော့ အဖေ တစ်ခုခု လုပ်ပေးနိုင်မလား ဆိုတာပဲ ရွေးစရာ ရှိတော့တယ်။ ဒါပေမဲ့ နဂါးကျွန်းက ဝေးလွန်းတယ်။ သူ အဲဒီအချိန်အထိ ခံနိုင်မယ်လို့ ငါ မထင်ဘူး။”
အယ်ဒီလိုင်းက သူ၏ မျက်နှာကို ဖုံးအုပ်လိုက်ပြီး ငိုနေခဲ့သည်။ “ဒါတွေ အားလုံးက ကျွန်မ အမှားပါ။ သူ ကျွန်မကို မကယ်ခဲ့ရင်…”
“နင် တစ်ယောက်တည်း မဟုတ်ဘူး…”ချန်လွေ့က မိမိနှင့် ဟယ်လင်ကို ကယ်တင်ရန်အတွက် ချန်လွေ့က အသက်ကို စွန့်စားခဲ့သည့် အခြေအနေကို သတိရပြီး သူ၏ ခံစားချက်များက အနည်းငယ် ရှုပ်ထွေးနေခဲ့သည်။ “ငါလည်း သူ့ကို အသက်တစ်ချောင်း အကြွေးတင် နေတယ်။”
ဟယ်လင်က တိတ်ဆိတ်နေ၏။ သူက တစ်ခုခုကို ပြန်သတိရနေ သကဲ့သို့ပင် ကောင်းကင်ကိုသာ ကြည့်နေခဲ့သည်။ သူ၏ ရွှေရောင် မျက်လုံးများထဲတွင် နူးညံ့မှု အချို့ ရှိနေခဲ့သည်။
“ဒီလောက် အသုံးမကျတဲ့လူ…” မာယာရှင် မင်းသမီးလေး နောက်ဆုံး သက်ပြင်းချပြီး ချန်လွေ့ ဘေးနားသို့ တဖြည်းဖြည်းချင်း ရောက်လာ၏။
စိတ်ကိုလှုပ်ရှားစေသည့် သာယာဖွယ် သီချင်းသံ ထွက်လာပြီး မာယာရှင် မင်းသမီးလေး၏ နဖူးပေါ်မှ ရွှေရောင် ကျောက်သလင်းက လာလာရီယာနှင့် အယ်ဒီလိုင်းတို့၏ မျက်လုံးများကို လင်းလက်စေခဲ့ပြီး တောက်ပမှုနှင့် စတင်လင်းလက်လာခဲ့သည်။
ပင်လယ်သတ္တဝါ မျိုးနွယ်စုမှ ဖြစ်သော အယ်ဒီလိုင်းက မာယာရှင် မျိုးနွယ်စု အမြတ်နိုးဆုံး အရာကို ရုတ်တရက် သတိရ သွားခဲ့ပြီး စကားလုံး နှစ်လုံးက သူ၏စိတ်ထဲသို့ ရောက်ရှိလာခဲ့သည်။