အိုလီဖီးရက်စ်လား
Vol. 67 Ch. 1073
စေတန်က အာရုံစိုက် နေစဉ်တွင် သူ့နောက်ကွယ်မှ အသံ တစ်ခုကို ကြားလိုက်ရသည်။ “[သစ်တောလိုနှေးကွေး]!”
တချိန်တည်းမှာပင် စေတန်သည် ရင်းနှီးသော အရှိန်အဝါ မတည်ငြိမ်မှု တစ်ခုနှင့် မီးစက်လုံးများ ရုတ်တရက် နှေးကွေးသွားသည်ကို ခံစားလိုက် ရသည်။ မီးစက်လုံးများ သာမက သူကိုယ်တိုင်မှလွဲ၍ အရာအားလုံး နှေးကွေးနေ၏။
မဟုတ်ပေ။ သူ့အပြင် နောက်က အသံပိုင်ရှင်ကလည်း နှေးကွေးခြင်း မရှိပေ။
ဒါက အချိန် အရှိန်အဝါပဲ!” စေတန် ချက်ချင်း တုံ့ပြန်လိုက်သည်။
စေတန်က ထိုအရှိန်အဝါ၏ ဝိုင်းရံခြင်းကို ခံရသော်လည်း၊ အနည်းငယ်မျှ သက်ရောက်မှု မရှိခဲ့ပေ။ ‘ရစ်ချက်’က အချိန် အရှိန်အဝါကို တိကျစွာ ထိန်းချုပ် နိုင်သည်ကို မြင်နိုင်ပေသည်။ အချိန် အရှိန်အဝါရှိသူ ဖြစ်သည့်အလျောက် စေတန်ပင် အံ့အားသင့်မိသွားသည်။
ချန်လွေ့သည် သူ၏ စွမ်းအားကို ကောင်းကောင်း သိသည်။ သူသာ ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်ခဲ့ပါက၊ ခဏအတွင်း ချေမှုန်းခံရပေလိမ့်မည်။ ထို့ကြောင့် သူက အသင့်တော်ဆုံး နေရာကို ရွေးခဲ့သည်။ ထိုနေရာက ပံ့ပိုးပေးခြင်းပင် ဖြစ်သည်။ စေတန်ကို တိုက်ခိုက်ခိုင်းပြီး အသေအချာဆုံး၊ အပြင်းထန်ဆုံး ထိုးနှက်ချက်ကို စတင်ရန် အချိန်မှန်ကို စောင့်နေမည် ဖြစ်သည်။
စေတန်၏စိတ် လှုပ်ရှားသွား ခဲ့သည်။ သူ၏ ခန္ဓာကိုယ်သည် ယိမ်းထိုးသွားပြီး၊ မီးစက်လုံး၏ ပစ်ကွင်းအပြင် ရောက်ရှိသွားခဲ့သည်။
ထိုကဲ့သို့ အလွန်ကြီးမားသော နေရာကျယ်ကြီးတွင် အချိန်ကို ရပ်တန့်ခြင်းက အလွန် ခက်ခဲသည်။ အထူးသဖြင့် ဒီလော့စ်ရို ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ရန်သူနှင့်ဆိုလျှင် ပို၍ ခက်ခဲည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ‘နှေးကွေးမှု’က ပုံမှန်အတိုင်း ပြန်ဖြစ် သွားခဲ့သည်။
သို့သော် ထိုသို့ နောက်ကျသော အခိုက်အတန့်တွင် ဒီလော့စ်ရို၏ တိုက်ခိုက်မှု အားလုံး လွဲချော်သွား၏။ နောက်တစ်စက္ကန့်တွင် ဒီလော့စ်ရို မတုံ့ပြန်နိုင်မီမှာပင်၊ သူသည် ဧရာမ စွမ်းအားတစ်ခုဖြင့် အကြီးအကျယ် ထိမှန်ခံရသည်။ မီးပင်လယ်ထဲမှ ပုံရိပ်က မီတာ ရာပေါင်းများစွာ ဆုတ်သွားပြီး၊ မူလက ချိပ်ပိတ် ထားသော နေရာလွတ်သည်လည်း ထိုထိခိုက်မှုကြောင့် စုတ်ပြဲသွား၏။
ချန်လွေ့ မျက်လုံးများ လင်းလက် သွားခဲ့သည်။ သူ ခုနက အသက်သွင်း ခဲ့သည့် [သစ်တောလိုနှေးကွေး] သည် အချိန် စီးဆင်းမှုကို နှေးကွေးစေရန် ဖြစ်သည်။ ထို့နောက် ၎င်းက ပျောက်ကွယ်သွားသည့် အချိန်တွင် စေတန်သည် အချိန် အရှိန်မြှင့်ခြင်းကို အသက်သွင်းခဲ့ရာ ထိုတိုက်ခိုက်မှုက ဒီလော့စ်ရိုကို ‘ကြိုတင်’ ထိမှန်သွား စေခဲ့သည်။ သူ လုံးဝ ရှောင်၍ မရနိုင်ခဲ့ပေ။
ထိုနှစ်ယောက်လုံး အချိန် အရှိန်အဝါ ရှိကြသည်။ တူညီသော ရန်သူကို ရင်ဆိုင်ရာတွင် သူတို့က ကိုယ်တိုင်ပင် အံ့သြသွားစေသည့် နားလည်မှုမျိုးကို ပြသခဲ့ကြသည်။ တကယ်တော့ သူတို့နှစ်ယောက်က ရန်သူများ ဖြစ်နေကြသေးသည်။
စေတန်၏ တိုက်ခိုက်မှုသည် အတော်လေး အားကောင်းလှသည်။ ဒီလော့စ်ရို၏ ရင်ဘတ်တွင် ချိုင့်ခွက် တစ်ခု ပေါ်လာခဲ့သည်။
ထိုကဲ့သို့ ပြင်းထန်သော ထိုးနှက်ချက်ကြောင့် ဒီလော့စ်ရိုက ဒေါသထွက်သွားပုံရပြီး၊ ဒေါသတကြီး ဟိန်းလိုက်သည်။ ချန်လွေ့နှင့် စေတန်တို့က အသက် စွမ်းအားနှင့် ယုံကြည်မှု စွမ်းအား ကုန်ခန်းမှု အမြန် အရှိန်တက်လာသည်ကို ခံစားမိခဲ့၏။ သူတို့၏ ဝိညာဉ်များသည်လည်း ထူးဆန်းသော စွမ်းအား ပါရှိသည့် ထိုဟိန်းဟောက်မှုကြောင့် တုန်လှုပ်သွားခဲ့သည်။
ချန်လွေ့၏ နှလုံးသား တစ်ချက် ခုန်သွားခဲ့သည်။ သို့သော် သူက ထိုဟိန်းသံကြောင့် တုန်လှုပ်သွားခြင်း မဟုတ်ပေ။ သူက နတ်ဘုရားဝါးမျို မျက်နှာဖုံးနှင့် အမျက်ဘုရင်ချပ် ဝတ်ထားနှင့် ပြီးသားပင်။ ၎င်းက အပေါ်ယံမှ ကြယ်ချပ်ကာနှင့် ပေါင်းစည်း ထားခြင်းဖြစ်ရာ ဝိညာဉ် တိုက်စားမှု၏ အကျိုးသက်ရောက်မှု မရှိခဲ့ပေ။ သူ ထိတ်လန့်သွားရသည့် အကြောင်းရင်းမှာ မစ်-နဂါးနက်၏ ချိတ်ဆက်မှု အငွေ့အသက်ကို ရုတ်တရက် ခံစားမိလိုက်ရ၍ပင်။
ပျောက်နေတဲ့ အိုလစ်ဖီးရက်စ်က အနီးအနားမှာ ရှိနေတာလား။
ချိတ်ဆက်သူက သင့်တင့်သော အကွာအဝေးအတွင်း ရှိနေပြီး သူ၏ ခံစားနိုင်စွမ်းကို ပိတ်ဆို့ထားခြင်း မရှိပါက၊ ချိတ်ဆက်သူ၏ တည်ရှိမှုကို သူ တိုက်ရိုက် ခံစားနိုင်လေသည်။
သို့သော် ထိုအရာက အလျင်အမြန် ပျောက်ကွယ်သွား၏။ နေရာလွတ် စွမ်းအားတစ်မျိုး နှောင့်ယှက်နေခြင်း ဖြစ်သည်မှာ အသေအချာပင်။ ချန်လွေ့က ချက်ချင်းပင် ကြယ်အပ်နှင်း စင်မြင့်ကို အသုံးပြုပြီး အိုလစ်ဖီးရက်စ်ကို ပြန်ရယူရန် ကြိုးစား ခဲ့သော်လည်း ဘာမှ မဖြစ်ခဲ့ပေ။
သို့သော် ခုန ထင်ယောင်ထင်မှား ဖြစ်ခဲ့ခြင်း မဟုတ်သည်ကို သူ သေချာသည်။ အိုလစ်ဖီးရက်စ်သည် အနီးအနားရှိ နေရာလွတ် တစ်ခုထဲ အကျဉ်းချ ခံထားရခြင်း ဖြစ်လောက် ပေသည်။
ဒီလော့စ်ရို၏ ဟိန်းသံသည် ဝိညာဉ်ကို တိုက်စားရုံသာ မကပေ။ မီးပင်လယ်ထဲမှ မရေမတွက်နိုင်သော မီးတောက်များက ပြင်းထန်သော အသံလှိုင်းကို ထုတ်လွှတ်ပြီး ကခုန် နေကြသည်။ အသံချဲ့စက်မှ အားဖြည့် ပေးနေသလိုပင်။ ထိုအသံက သူတို့ နားထဲတွင် ချိုသာခဲ့သည်။ စေတန်က ထိုအသံသည် သူ၏ စိတ်ပိုင်းဆိုင်ရာ ခံစစ်များကို ဖြတ်သန်းပြီး သူ၏ ဝိညာဉ်ထဲသို့ တိုက်ရိုက်ရောက်လာ သလို ခံစားလိုက်ရ၏။ မမြင်နိုင်သော လက်တံ ရာပေါင်းများစွာသည် သူ၏ ဝိညာဉ်နှင့် ခန္ဓာကိုယ် တစ်ခုလုံးကို ထိန်းချုပ်ရန် ကြိုးစား နေသကဲ့သို့ ဖြစ်သည်။
စေတန်၏ ဝိညာဉ်သည်ပင် မျှော်လင့်ချက်မဲ့ခြင်း အရှင်သခင်၏ ဟိန်းသံအောက်တွင် တုန်လှုပ်သွား ခဲ့လေသည်။
သို့သော် သူ၏ အလွန်အမင်း အစွမ်းထက် ဝိညာဉ်စွမ်းအားကြောင့် ထိုနှောင့်ယှက်မှုမှ အလျင် အမြန် လွတ်မြောက်နိုင်ခဲ့သည်။ သူ သတိ ပြန်ဝင်လာရာ ကောင်းကင်တွင် လင်းလက်နေသော မီးတောက် များက နိမိတ်ပုံရိပ်များ ကဲ့သို့ လွင့်မျောနေခဲ့သည်။ ထိုကြောင့် ယုံကြည်မှု စွမ်းအားနှင့် အသက် စွမ်းအားတို့၏ ကုန်ခန်းမှုက အရှိန် မြန်ဆန်လာခဲ့သည်။
စေတန်က ညာဘက်လက်ကို ကောင်းကင်ပေါ် မြှောက်ပြီး သူ၏ လက်ငါးချောင်းကို ဖြန့်လိုက်ကာ ဖြည်းဖြည်းချင်း ပြောသည်။ “ငါ၏ ခန္ဓာက တောက်ပတဲ့ ကျောက်မျက် ရတနာကနေ ဆင်းသက်လာခဲ့တယ်။ ကမ္ဘာပျက် ထဲမှာတောင် အပြစ် အနာအဆာ ကင်းမဲ့နေတယ်။”
ထိုစကားက ကဗျာ တစ်ပုဒ် မဟုတ်ဘဲ မဟာစွမ်းအားပါဝင်သော အရှိန်အဝါတစ်ခု ဖြစ်သည်။
သူ ပြောပြီးသည်နှင့် တပြိုင်နက်၊ ထိုနိမိတ်ပုံရိပ်ကဲ့သို့ မီးတောက်များ တစ်ခုပြီးတစ်ခု ပြန်လှိမ့်လာခဲ့သည်။ ဝိညာဉ်ကို ထိန်းချုပ် ထားသော စွမ်းအားလည်း ချက်ချင်းပင် ပျက်ပြယ် သွားခဲ့သည်။ စေတန်၏ မြှောက်ထားသော လက်များသည် ခမ်းနားသည့် အစိမ်းရောင်အလင်းကို ထုတ်လွှတ်နေပြီး၊ ဒီလော့စ်ရိုဆီသို့ တစ်လှမ်းချင်း လျှောက်သွားခဲ့သည်။ သူ ဖြတ်သန်းသွားသည့် နေရာတိုင်း ဆူပွက်နေသော မီးပင်လယ်သည် တဖြည်းဖြည်း အငွေ့ ပျံသွားပြီး၊ ခြေဖဝါးအောက်ရှိ ‘ပင်လယ်ရေ’က များစွာ နိမ့်ကျသွားခဲ့သည်။ အဓိက ယဇ်ပလ္လင်ပတ်လည်ရှိ မွမ်းကျပ်ပြီး ဖိနှိပ်မှုရှိသော အရှိန်အဟုန်ကလည်း ကျဆင်းလာခဲ့သည်။
ထိုခမ်းနားလှသည့် အစိမ်းရောင် အလင်းသည် ပို၍ပင် အစွမ်းထက် လာခဲ့သည်။ စေတန်၏ ဘေးဘက်၌ ယုံကြည်မှု ချပ်ကာနှင့် မျက်နှာဖုံးကို ဝတ်ဆင်ထားသော ‘ရစ်ချက်’ကို မြင်လိုက်ရသော် တိတ်တဆိတ် အံ့သြသွားခဲ့သည်။ သူလည်း ထိုကဲ့သို့ ဝိညာဉ်စွမ်းအားကို မခံရပုံ ရသည်။ သူက နိမိတ်ပုံရိပ်ကဲ့သို့ပင် ဘေးမှ ဒီလော့စ်ရို၏ နောက်သို့ ရွေ့လျား နေခဲ့သည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် စေတန် မြှောက်ထားသော အလင်းက ရေတွက်၍မရနိုင်သော မျဉ်းကွေးများ အဖြစ် ပြောင်းသွားပြီး ဒီလော့စ်ရိုထံ ပျံသန်းသွားခဲ့သည်။
ချန်လွေ့က ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ ၎င်းတို့သည် တကယ့် သက်ရှိမြွေများ ကဲ့သို့ မြွေပုံစံများပင် ဖြစ်သည်။ မျက်စိတစ်မှိတ် အတွင်း မှာပင် ၎င်းတို့သည် အစိမ်းရောင် သိပ်သည်းသော ကြိုးများ အဖြစ်သို့ ပြောင်းလဲသွားပြီး ဒီလော့စ်ရို၏ ဧရာမ ခန္ဓာကို တင်းတင်းကျပ်ကျပ် ချည်နှောင်လိုက်တော့သည်။
စေတန်က လက်ငါးချောင်းကို ဖြည်းဖြည်းချင်း ဆုပ်လိုက်သည်။ အစိမ်းရောင်ကြိုး ပို၍ တင်းကျပ် လာခဲ့သည်။ ဒီလော့စ်ရို ထိုအချိန်တွင် မရွေ့နိုင်တော့ပေ။ သူ၏ ခန္ဓာကိုယ်မှ မီးတောက်များလည်း အလျင်အမြန် မှိန်ဖျော့လာခဲ့သည်။
ချန်လွေ့၏ မျက်လုံးများက လင်းလက်သွားပြီး၊ သူ၏ ပုံရိပ်က တစ်ချက်တည်းဖြင့် ဒီလော့စ်ရို၏ ခေါင်းနောက်ဘက်သို့ ရောက်သွားခဲ့သည်။
ယခုတွင် သူသည် ဒီလော့စ်ရိုကို ရင်ဆိုင်ရန် အတွက် စေတန်နှင့် အဖွဲ့ ဖွဲ့ရုံသာမက၊ စေတန်နှင့် ယှဉ်ပြိုင်မှု ရှိနေသေးသည်။ လူဆိုးဗိုလ်ကို နောက်ဆုံး အနိုင်ယူရန် တိုက်ခိုက် နေကြသည့် ကစားသမား နှစ်ဦး ကဲ့သို့ပင်။ မည်သူက နောက်ဆုံး ထိုးနှက်ချက်ကို ရရှိခဲ့ပြီး လူဆိုးဗိုလ် ကျလာသည့် ‘ပစ္စည်းများ’ ရရှိ လိမ့်မည်ကို မသိနိုင်ပေ။
စာချုပ်၏ စွမ်းအားက တရားမျှတ ပေသည်။ ဒီလော့စ်ရိုကို အရင်ဦးစွာ သတ်ခဲ့သူကို နှစ်ဦးစလုံး ခံစားနိုင်ပြီး အပြင်လူများ ဆုံးဖြတ်စရာ မလိုပေ။
ချန်လွေ့သည် ထိုအခွင့်အရေးကို စောင့်နေခဲ့သည်။ အိုလစ်ဖီးရက်စ်က ဒီလော့စ်ရို၏ နေရာလွတ်တစ်ခုထဲ အကျဉ်းချခံထားရကြောင်း ခံစားမိ ပြီးနောက်တွင် သူ စိတ်သက်သာရာ ရသွားခဲ့သည်။ အနည်းဆုံးတော့ မစ်-နဂါးနက်က အဆင်ပြေသေးတယ်။ ဒီလော့စ်ရိုကိုသာ နှိမ်နင်းနိုင်ရင် အဲဒီ ကောင်မလေးကို သေချာပေါက် ကယ်တင်နိုင်မှာပဲ။
ဒီလော့စ်ရိုသည် ယခု စေတန်၏ စွမ်းအားဖြင့် ချည်နှောင်ခံထားရပြီး၊ အဓိက ယဇ်ပလ္လင်၏ စွမ်းအားက အများကြီး အားနည်းနေရာ ၎င်းသည် အကောင်းဆုံးအချိန် ဖြစ်သည်။
“[မီးလိုကျူးကျော်]”
ထိုအချိန် အန္တရာယ် ရှိသည့် နိမိတ်ဆိုးတစ်ခု စေတန်၏ စိတ်ထဲ ရုတ်တရက် ထိုးတက် လာခဲ့သည်။ အရင်းအမြစ်မှာ ‘ရစ်ချက်’ပင်။ သူက သူသည် ရုတ်တရက် ပုံရိပ်သုံးခုအဖြစ် ပြောင်းလဲသွားပြီး ဒီလော့စ်ရိုကို အဘက်ဘက်မှ ဝိုင်းရံထားခဲ့သည်။ စေတန်သည် အရင်က ရစ်ချက်၏ လှုပ်ရှားမှုများကို အာရုံစိုက် နေခဲ့သည်။ ပြိုင်ဘက်၏ စွမ်းရည်က ထူးဆန်းနေသော်လည်း၊ နတ်ဘုရား-ယောင် အထွတ်အထိပ်အဆင့်နှင့် နီးစပ်သော အမြန်နှုန်းမှ လွဲ၍၊ တိုက်ခိုက်ရေားစွမ်းအားက နတ်ဘုရား-ယောင် အလယ်ပိုင်းသာ ရှိကြောင်းကို သူ တွေ့ရှိခဲ့သည်။ ထိုကဲ့သို့ စွမ်းအားမျိုးက ဒီလော့စ်ရို အတွက် တကယ့် ခြိမ်းခြောက်မှု မဖြစ်နိုင်သည်မှာ သေချာပေသည်။ သူ သေချာပေါက် အနိုင်ရမည့် ပွဲကဲ့သို့ ဖြစ်နေသည်။
သို့သော် အမှန်က ‘ရစ်ချက်’သည် စွမ်းအားကို တမင်ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်သည်။ ထို’တြိဂံနေရာလွတ်’သည် စေတန်အတွက် ထူးခြားလှသော ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်စေခဲ့သည်။ သူကိုယ်တိုင်ပင် ၎င်းကို လျစ်လျူရှု၍ မရနိုင်ခဲ့ပေ။ ထိုတိုက်ခိုက်မှုတွင် ဒီလော့စ်ရို ရှုံးနိမ့်သွားနိုင်ပေသည်။ လောင်းကြေးရလဒ်သည် ရုတ်တရက် ပြောင်းပြန် ဖြစ်သွားပုံရ၏။
ထိုအချိန်တွင် စေတန်သည် အထူး စွမ်းအားတစ်ခု၏ အငွေ့အသက်ကို ခံစားမိခဲ့သည်။ ၎င်းက ‘ပျက်စီးခြင်း’ သို့မဟုတ် ‘ဖန်တီးခြင်း’ ကဲ့သို့ ဖြစ်ဟန်တူသော်လည်း အဖြေကို အတိအကျ မပြောနိုင်ပေ။ သို့သော် အန္တရာယ်ရှိသည့် သတိပေးချက်များ ပို၍ ထင်ရှားလာခဲ့သည်။
ပုံရိပ်သုံးခုက တစ်ချိန်တည်းမှာပင် ခရမ်း-အနီရောင် အလင်းကို ပစ်လွှတ် လိုက်ကြပြီး တစ်ခုတည်း အဖြစ် ပေါင်းစည်းသွားသည်။ ထိုအချိန်တွင် စေတန်ပင်လျှင် အမြင်အာရုံ မှုန်ဝါး သွားသည်ကို ခံစားမိခဲ့သည်။ သို့သော် ပုံရိပ်သုံးခုက သီးခြား တြိဂံ နေရာလွတ်ကို ဖန်တီးရန် အတွက် ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအားတစ်မျိုးကို အသက်သွင်းပြီး ဒီလော့စ်ရိုကို ထိုထဲတွင် အကျဉ်းချ လိုက်ကြောင်း ရေးရေးလေး သတိထားမိခဲ့သည်။
ထိုအရာက အကျဉ်းချခြင်းထက် ပိုပေသည်။
တစ်စက္ကန့်မပြည့်ခင်မှာတွင် တြိဂံ၏ ထပ်နေသော ပုံရိပ်များ ပျံ့နှံ့သွားခဲ့ပြီး၊ တစ်ချိန်တည်းမှာပင် တြိဂံနေရာလွတ်တစ်ခုလုံးနှင့် ထိုထဲမှ အရာအားလုံး ကွဲကြေသွား၏။
[ရှုထောင့်ဖျက်ဆီးခြင်း]!
[ဓူဝံကြယ်ခရမ်းအသွင်ပြောင်းလဲခြင်း] ၏ အစွမ်းအထက်ဆုံး အဆုံးသတ် တိုက်ကွက်ပင်။
ချန်လွေ့က [ဓူဝံကြယ်ခရမ်းအသွင် ပြောင်းလဲခြင်း] စွမ်းအားကို ထပ်မံ၍ နားလည်သဘောပေါက်ပြီးနောက်၊ လေ့ကျင့်ရေးကွင်းထဲတွင် အကြိမ်ကြိမ် လေ့ကျင့်ခဲ့သည်။ ထိုကွက်ကို အသုံးပြုသည်မှာ ပို၍ ကျွမ်းကျင်လာခဲ့ပြီး၊ ပျက်စီးခြင်းနှင့် ဖန်တီးခြင်း ဇစ်မြစ်က လုံးဝနီးပါး ပေါင်းစပ်သွားခဲ့သည်။ စေတန်ပင် ခွဲခြားရန် ခက်ခဲသည်ကို တွေ့ခဲ့၏။
ထို့အပြင် ထိုအရာ၏ စွမ်းအားက သိဒ္ဓိအလင်းတောင်တွင် သူ ပထမဆုံး အသက်သွင်းခဲ့စဉ်ထက် အများကြီး အစွမ်းထက်လာခဲ့သည်။
မှုန်ဝါးနေသည့် အမြင်အာရုံက ရှင်းလင်း သွားရာတွင် စေတန်၏ မျက်လုံးများ အနည်းငယ် ကျုံ့သွားပြီး လှောင်ပြုံး ပြုံးလိုက်၏။ ချန်လွေ့၏ ပုံရိပ်သုံးခုက တစ်ခုတည်း အဖြစ် ပြန်လည် ပေါင်းစည်းသွားခဲ့ပြီးနောက် ကြီးကြီးမားမား ထိတ်လန့်သွား ခဲ့လေသည်။
ဧရာမခန္ဓာကိုယ်က အမြင်အာရုံ အထဲတွင် ရှိနေဆဲပင်။ [ရှုထောင့်ဖျက်ဆီးခြင်း] သည် ဒီလော့စ်ရိုကို မသတ်နိုင်ခဲ့ပေ။ သူ၏ အငွေ့အသက်ပင်လျှင် အများကြီး အားမနည်းသွားခဲ့ပေ။
ချန်လွေ့ မောဟိုက်သွားပြီး သူ၏ နှလုံးသားက ချက်ချင်းပင် မွန်းကျပ် သွားခဲ့သည်။ ထိုတိုက်ကွက်သည် သိဒ္ဓိအလင်းဝတ်ရုံ အထူးစွမ်းရည် [အလင်းခွဲ] နှင့် ပေါင်းစပ်ထားပြီး စွမ်းအားများစွာ ကုန်ခဲ့သော်လည်း အလုပ်မဖြစ်ခဲ့ပေ!
ဒီလော့စ်ရို၏ ပုံသဏ္ဌာန်က အလျင်အမြန် ပြောင်းလဲသွားခဲ့သည်။ မူလက ဧရာမ ခန္ဓာကိုယ်ပေါ်တွင် လောင်ကျွမ်းနေသော မီးတောက်က ကိုယ်ခန္ဓာထဲသို့ ပြန်လည် စုပ်ယူ ခံလိုက်ရပြီး၊ အဖြူရောင် ချပ်ကာ တစ်ခုဖြင့် ဖုံးလွှမ်းထားခဲ့သည်။ သေချာကြည့်လျှင် ၎င်းသည် ရေတွက်၍ မရနိုင်သော အရိုးများနှင့် ပေါင်းစည်းထားသည့် ဧရာမချပ်ကာ ဖြစ်နေသည်ကို မြင်တွေ့နိုင်၏။ အတွင်းထဲတွင် မီးကဲ့သို့ အနီရောင် ‘အရေခွံ’ကို ရေးရေးလေး မြင်နေရ လေသည်။
ချန်လွေ့နှင့် စေတန်တို့က ရုတ်တရက် သဘောပေါက် သွားခဲ့ကြသည်။ အမှန်တကယ်၌ အရိုးကျွန်းများက အမှန်တကယ် ပျက်စီးခဲ့ခြင်း မဟုတ်ပေ။ သို့သော် ၎င်းတို့က ဒီလော့စ်ရို၏ခန္ဓာကိုယ်ပေါ် ထိုပုံစံမျိုးဖြင့် ပြန်လည် ပေါင်းစည်း သွားခဲ့ခြင်းသာ ဖြစ်သည်။ ၎င်းက သူ့ကိုယ်ပွားနှင့် ပေါင်းစည်းခြင်းနှင့် တူညီပြီး၊ သူ၏ ခုခံမှုကို ပိုမို၍ အားကောင်းလာစေကာ သူ့ကို လုံးဝ ဖျက်ဆီးရန် ပိုမိုခက်ခဲစေ၏။
[ရှုထောင့်ဖျက်ဆီးခြင်း] ကြောင့် ခုနက ‘ဖျက်ဆီး’ ခံခဲ့ရသည်မှာ ‘အရိုးချပ်ကာ’သာ ဖြစ်၏။ တကယ့် ကိုယ်ခန္ဓာကို ထိခိုက်မှုက မပြောပ လောက်ပေ။ ထိုအဓိကယဇ်ပလ္လင်၏ တိုင်းပြည်ထဲတွင် ၎င်းက မကြာမီ ပြန်ကောင်းလာပေလိမ့်မည်။
“နိမ့်ကျတဲ့ပုရွက်ဆိတ်!” ဒီလော့စ်ရို ဟိန်းဟောက်လိုက်သည်။ သူ၏ ဧရာမပါးစပ်မှ အစွမ်းထက် ဝါးမျိုခြင်း စွမ်းအား တစ်ခု ထွက်လာပြီး ချန်လွေ့ဆီသို့ ရစ်ပတ်သွားခဲ့သည်။ ချန်လွေ့က သူ၏ ခန္ဓာကိုယ် အလိုလို ရှေ့သို့ ပျံသွားပြီး တိုင်းပြည် စွမ်းအားနှင့် အသက် စွမ်းအားတို့၏ ကုန်ခန်းမှုက ရုတ်တရက် အနည်းငယ် ပိုမြန်လာ သည်ကို ခံစားမိခဲ့သည်။
ရုတ်တရက် ချန်လွေ့က ထပ်မံ ထိတ်လန့် သွားခဲ့သည်။ သူက အိုလစ်ဖီးရက်စ်၏ အငွေ့အသက်ကို နောက်တစ်ကြိမ် ခံစားမိခဲ့သည်။ ခဏတာသာ ဖြစ်သော်လည်း၊ အငွေ့အသက်၏ အရင်းအမြစ်ကို သူ သတ်မှတ်နိုင်ခဲ့လေပြီ။
ဒီလော့စ်ရို၏ ပါးစပ်ထဲ၌ပင်!
ထိုအချိန် စေတန်၏တိုက်ခိုက်မှုက အချိန်မီ ရောက်လာခဲ့ပြီး အစိမ်းရောင် ‘မြွေ’များက ဒီလော့စ်ရို၏ ခန္ဓာကို ထပ်မံ၍ ချည်နှောင်လိုက်ပြန်သည်။ ထိုအရာက စေတန် ကြင်နာမှုရှိနေ၍ မဟုတ်ပေ။ ချန်လွေ့ သေသွားခဲ့ပါက၊ သူလိုချင်သည့် ဖန်တီးခြင်း ဇစ်မြစ် စွမ်းအားကို ရရှိနိုင်တော့မည် မဟုတ် သောကြောင့်ပင်။
ချန်လွေ့၏ အတွေးများက အလျင်အမြန် ပြောင်းလဲသွားပြီး၊ ဧရာမ သွေးရောင်ပါးစပ်ကို ကြည့်လိုက်သည်။ သူက နောက်မဆုတ်ဘဲ ပြင်းထန်သော ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်သည်။
“[လေလိုမြန်ဆန်]!”
‘ရစ်ချက်’က နောက်မဆုတ်ဘဲ ဒီလော့စ်ရို၏ ဧရာမ ပါးစပ်ဆီသို့ လျှပ်စီးကဲ့သို့ ရှေ့ဆက်သွားသည်ကို မြင်လိုက်ရာ ဖန်တီးခြင်း ဇစ်မြစ်ကို လိုချင်နေသည့် စေတန် ကြောင်သွား တော့သည်။