← Chapters

အစစ်အမှန် စိတ်ပုံရိပ် နှင့် မီးဇစ်မြစ်

Vol. 67 Ch. 1072

အစစ်အမှန် စိတ်ပုံရိပ် နှင့် မီးဇစ်မြစ်

Vol. 67 Ch. 1072

ကြက်သွေးရောင် သွားနှစ်ခွ ပင်လယ်ပြင် အတွင်းတွင် အရိုးကျွန်း နှစ်ခုလုံး ပြင်းထန်သော ထိခိုက်မှုများ ဖြစ်နေခဲ့သည်။ တချိန်တည်းမှာပင် ချော်ရည် အလယ်ဗဟိုမှ ဧရာမ ပုံရိပ်ကလည်း အဆက်မပြတ် ပြိုလဲ နေခဲ့၏။

ထိုဧရာမ ခန္ဓာက ဒီလော့စ်ရို၏ နိမိတ်ပုံရိပ်ပင်။ နိမိတ်ပုံရိပ်ကို အလွယ်တကူ နှိမ်နင်းနိုင်သော စေတန်အပါအဝင် ရန်သူနှစ်ယောက်ကို ရင်ဆိုင်နေရသောကြောင့် သူက အဆက်မပြတ် ပြန်လည်မွေးဖွား နိုင်သော်လည်း၊ ထိုနှစ်ယောက်အား အရိုးကျွန်းများ ဖျက်ဆီးခြင်းမှ တားဆီးရန် စွမ်းအား မလုံလောက် တော့ပေ။

အရိုးကျွန်းများက ပြန်လည်၍ စုစည်းနေဆဲ ဖြစ်သော်လည်း ချန်လွေ့ နှင့် စေတန်တို့က ၎င်းတို့၏ ပြန်လည်အသစ်ပြန်ဖြစ်ခြင်းစွမ်းအား အားနည်းလာနေကြောင်းကို ခံစားမိကြသည်။ ထိုသို့ဖြစ်လာရန် သူတို့ နှစ်ယောက်စလုံးကလည်း အဖိုးတန် ယုံကြည်မှုစွမ်းအား နှင့် အသက်စွမ်းအားများ အသုံးပြုခဲ့ရ၏။

စေတန်သည် ပင်မ တိုက်ခိုက်သူ ဖြစ်ကာ ချန်လွေ့က ယခင် တစ်ကြိမ် အရိုးကျွန်းကို တိုက်ခိုက်ခဲ့သည့် အတွေ့အကြုံမှ သင်ခန်းစာ ယူခဲ့သည်။ ထို့ကြောင့် သူက တိုက်ကွက်ကြီးများကို အလျင်စလို အသုံးမပြုတော့ဘဲ ပျက်စီးစေပြီး အားနည်းစေသည့် ရိုးရိုးစင်းစင်း တိုက်ခိုက်မှုများကိုသာ အဓိက အသုံးပြုခဲ့သည်။ ဒီလော့စ်ရို၏ နိမိတ်ပုံရိပ်ကို ရင်ဆိုင်ရာတွင်လည်း ချန်လွေ့က အရှိန်အဟုန်ကို ကောင်းကောင်းမွန်မွန် ထိန်းချုပ်ထားခဲ့သည်။ အဓိက အားဖြင့် ဖြည်းဖြည်းချင်းတိုက်ခိုက်ပြီး ထိပ်တိုက်ရင်ဆိုင်မှုကို တတ်နိုင်သမျှ ရှောင်ရှားခဲ့သည်။ ၎င်းက စေတန်ကို ပို၍ ဖိအားဖြစ်စေခဲ့သည်။

ဒီလော့စ်ရို၏ နိမိတ်ပုံရိပ်သည် အဆုံးမဲ့ ပြန်မွေးဖွား နိုင်သော်လည်း စွမ်းအားခြားနားချက်ကြောင့် စေတန်ကို ခုခံနိုင်ခြင်း မရှိဘဲ အလွယ် အနိုင်ယူခံလိုက်ရသည်။ အမှန်တွင် စေတန်ကလည်း စွမ်းအားများစွာကို သုံးခဲ့ခြင်းမရှိပေ။ နှစ်ယောက်လုံးက တကယ့် ရန်သူမှာ မပေါ်ထွက်လာ သေးကြောင်းကို ကောင်းကောင်း သိနေခဲ့ကြသည်။

အရိုးကျွန်းများ၏ စွမ်းအားများ ပို၍ အားနည်းလာခဲ့သည်။ “ဘုန်း၊ ဘုန်း၊ ဘုန်း…” ဟူသော နားကွဲမတတ် အသံအချို့ ထွက်ပေါ်လာပြီးနောက် စေတန်၏အရှေ့မှ အရိုးကျွန်းသည် အမှုန့်များအဖြစ် ပေါက်ကွဲသွားကာ ပြန့်ကျဲ သွားခဲ့၏။ အခြားတစ်ဖက်မှ အရိုးကျွန်းကိုလည်း ချန်လွေ့၏ [အရှိန်အဝါဓားသွား]က ရေတွက် မရနိုင်သော အပိုင်းအစများ အဖြစ် ဖြတ်တောက်လိုက်လေသည်။

ဤတစ်ကြိမ်တွင် အရိုးကျွန်းနှစ်ခုလုံးသည် ပြန်မကောင်းလာတော့ဘဲ ဒီလော့စ်ရို၏ နိမိတ်ပုံရိပ်နှင့် အတူ လုံးဝ ဖျက်ဆီးခံလိုက် ရသလိုမျိုး အသူရာချောက်နက်ပန်း၏ အစအနများအဖြစ် ပြန့်ကျဲသွားခဲ့သည်။

သို့သော် ချန်လွေ့နှင့် စေတန်တို့ လုံးဝ စိတ်မသက်မသာ မဖြစ်တော့ဘဲ ပို၍ သတိကြီးလာခဲ့သည်။ အလွန် ကြောက်မက်ဖွယ်ရာ အငွေ့အသက် တစ်ခု ရုတ်တရက်ပင် နေရာလွတ် အတွင်း၌ ပေါ်လာပြီး အဆက်မပြတ် ပျံ့နှံ့နေခဲ့လေသည်။

ပင်လယ်ပြင်ထဲမှ ချော်ရည်များက အပြင်းအထန် ဆူပွက်လာခဲ့ပြီး ကြောက်မက်ဖွယ်ရာကောင်းသော ပြင်းထန်သည့် မီးစွမ်းအားများ ထွက်ပေါ်လာခဲ့သည်။ ‘ဝုန်း’ဟူသော အသံနှင့်အတူ ပင်လယ်ပြင် တစ်ခုလုံး မီးပင်လယ် အဖြစ်သို့ အမှန်တကယ် ပြောင်းလဲသွားခဲ့သည်။

မီးတောက်များက စေတန်ဆီသို့ မရောက်ခင်မှာပင် မမြင်နိုင်သော စွမ်းအားတစ်ခုက တားဆီးလိုက်၏။ သို့သော် စေတန်၏ မျက်နှာပေါ်မှ တင်းမာနေသော အမူအရာမှာ လျော့မကျသွားခဲ့ပေ။ ထိုမီးတောက် များထဲ၌ သူ မျှော်လင့်နိုင်သည်ထက် ကျော်လွန်နေသည့် အထူးစွမ်းအား တစ်ခု ပါဝင်နေခဲ့သည်။ တိုင်းပြည် စွမ်းအား၏ အကာအကွယ်ဖြင့်ပင် သူက အပြင်းအထန် ပူလောင် နေသည်ကို ခံစားနေရဆဲ ဖြစ်သည်။ ထိုမီးပင်လယ်ထဲ သူ၏ စွမ်းအားက ပို၍ ဖိနှိပ်ခံနေရရုံ သာမက စွမ်းအား သုံးစွဲမှု ကလည်း ပုံမှန်ထက် အများကြီး ပိုများနေခဲ့သည်။

စေတန်နှင့်ယှဉ်လျှင် မီးပင်လယ်၏ မီးဒြပ်စင်စွမ်းအားက သမီး ဖြစ်သူ ပေးခဲ့သည့် [မီးဇာမဏီအမာရွတ်] ရှိနေသော ချန်လွေ့ အပေါ်တွင် အကျိုးသက်ရောက်မှု သိပ်မရှိခဲ့ပေ။

ထိုအချိန်တွင် ဘေးမှ ရေဒြပ်စင် ဘုရင်သည် ချက်ချင်းပင် အော်ပြော လိုက်သေလည်။ “မီးဒြပ်စင်ဇစ်မြစ်! ဒါက မီးဇစ်မြစ်အပိုင်းအစပဲ!”

ချန်လွေ့ အံ့အားသင့် သွားခဲ့၏။ ဒီကြက်သွေးရောင် သွားနှစ်ခွ ပင်လယ်ပြင်မှာ မီးဒြပ်စင် ဘုရင် အော့ဂ်မာတွန် ဘယ်မှာမှ ရှာမတွေ့ နိုင်ခဲ့တဲ့ မီးဇစ်မြစ် အပိုင်းအစ ရှိနေတာပဲ!

ထိုကဲ့သို့ အစွမ်းထက်သော မီးပတ်ဝန်းကျင်က ရေဒြပ်စင် ဘုရင်အတွက် အန္တရာယ် အများဆုံး နေရာဖြစ်သည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် သူ၏ ခန္ဓာကိုယ်က စတင်၍ အငွေ့ပျံလာ ခဲ့လေသည်။ ချန်လွေ့က ကျက်သရေ မျှော်စင်ကို ချက်ချင်းပင် အသက်သွင်းကာ လန်ဘို့စ်ကို ခေါ်ထည့်လိုက်သည်။

“မယုံနိုင်စရာပဲ။ မီးဇစ်မြစ် အပိုင်းအစက ဒီနေရာမှာ တကယ် ရှိနေတာကိုး!” လန်ဘို့စ်က ကျက်သရေ မျှော်စင်ထဲသို့ ဝင်သွားခဲ့သော်လည်း ချန်လွေ့၏ ကြယ်ချပ်ကာမှ သူ့အသံ ထွက်ပေါ်လာခဲ့သည်။ ထိုအရာက ရေရိပ်ပုလဲ၏ စွမ်းဆောင်ရည်ပင်။

“မီးဒြပ်စင် ဘုရင်ကလွဲရင် ငါက မီးဒြပ်စင်တွေအပေါ်မှာ အာရုံခံနိုင်မှု အမြင့်ဆုံးဆိုတာ အမှန်ပဲ။ အရင်က မပြောနဲ့၊ မနေ့ကတောင် မီးဒြပ်စင် ဇစ်မြစ်စွမ်းအား ရှိနေတာကို ငါ သတိမထားမိခဲ့ဘူး။ ဒီလော့စ်ရိုက မီးဇစ်မြစ်စွမ်းအား ဖုံးကွယ်ဖို့အတွက် အထူး စွမ်းအားတစ်မျိုး သုံးထားတာ ဖြစ်ရမယ်။ သူ့ရဲ့တကယ့်စိတ်ပုံရိပ်က မီးဒြပ်စင်ရဲ့ ဇစ်မြစ် စွမ်းအားကို စုပ်ယူပြီး ပေါင်းစည်းနေတာ ဖြစ်မယ်!”

ချန်လွေ့က မီးဒြပ်စင်ဘုရင်ကို မီးဇစ်မြစ်အပိုင်းအစ ရှာပေးမည်ဟု ကတိပေးခဲ့ဖူးသည်။ သူ ယခုတွင် တွေ့ရှိခဲ့သော်လည်း ၎င်းကို ရရှိရန် ခက်ခဲမှုမှာ စိတ်ကူးနိုင်သည်ထက်ကို ကျော်လွန်နေခဲ့သည်။

ပတ်ပတ်လည်မှ အပူချိန်က ပို၍ မြင့်မားလာခဲ့သည်။ စေတန်၏ နဖူးတွင်ပင် ချွေးများ စိုစွတ်လာခဲ့၏။ ဧရာမ မီးတောက်နှစ်ခုက မီးပင်လယ် ထဲမှ ထွက်လာပြီး စေတန်နှင့် ချန်လွေ့ဆီသို့ ပျံသန်းလာခဲ့ကြသည်။

ထိုမီးတောက်များအပေါ် ချန်လွေ့၏ ပထမဆုံးသော အမြင်မှာ ‘အဟန့်အတား’ ပင်။ အဟန့်အတားက ဖော်ပြ၍ မရနိုင်သော ပြင်းထန်မှုနှင့် ခက်ထန်မှု ပါဝင်နေသည်။ လူတစ်ယောက်ကို လွတ်မြောက်နိုင်ခြင်း၊ ရှောင်တိမ်းနိုင်ခြင်း၊ ခုခံနိုင်ခြင်း သို့မဟုတ် အနိုင်ယူနိုင်ခြင်း မရှိသည့် ထူးဆန်းသောခံစားချက်မျိုး ဖြစ်ပေါ်စေ၏။ ထိုအရာက မျှော်လင့်ချက် အားလုံးကို ဖြတ်တောက်လိုက်သကဲ့သို့ ခံစားရပြီး မျှော်လင့်ချက်မဲ့ခြင်းသာ ကျန်ရှိတော့သည်။

ထိုအရာက အသူရာချောက်နက် အုပ်စိုးသူများ၏ ဝိညာဉ် အရှိန်အဝါ ဖြစ်သည်။ နတ်သူငယ် မျိုးနွယ်စု၏ သဘာဝ သစ်ပင်တွင် ကြုံတွေ့ ခဲ့ရသည့် ‘အမုန်းတရား’ ကဲ့သို့ပင် အလွန် အစွမ်းထက်လှသည်။

ချန်လွေ့က ထိုစွမ်းအားကြောင့် ထိန်းချုပ် မရတော့ဘဲ လိုက်လျော ညီထွေ ပြုနိုင်စွမ်း ပျောက်ဆုံးသွား သကဲ့သို့ပင်။ သူ့နားသို့ ကပ်လာသော မီးတောက်များကို ကြည့်နေပြီး ချက်ချင်းပင် လွှမ်းမိုးခံလိုက်ရ၏။

ထိုမြင်ကွင်းက စေတန်ကို မျက်မှောင်ကြုတ်စေခဲ့သည်။ သူလည်း ‘မျှော်လင့်ချက်မဲ့ခြင်း’၏ အာနိသင်ကို ခံစားမိခဲ့သည်။ သူက နှာခေါင်းရှုံ့လိုက်ပြီး လက်ချောင်း ငါးချောင်းနှင့် စက်ဝိုင်းတစ်ခုကို ရေးဆွဲလိုက်သည်။ ထို့နောက်တွင် သူ၏ အရှေ့မှ မီးတောက်က အလျင်အမြန် တန့်သွားပြီး တဖြည်းဖြည်း ရပ်သွားခဲ့၏။ အံ့သြဖွယ်ရာ စွမ်းအားနှစ်ခုက အဝေး၌ ရပ်နေပြီး အနီးအနားမှ အရာအားလုံးကို တွန်းလှန်နေခဲ့သည်။ သူ၏ခြေထောက်အောက်မှ မီးပင်လယ်‌ချော်ရည်မှ ဧရာမဝဲကတော့တစ်ခု ပေါ်လာခဲ့၏။ မီးတောက်များ၏ ပုံစံက ဧရာမ လက်ဝါးအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားခဲ့သည်။

ချန်လွေ့ကို ဝါးမျိုလိုက်သော မီးတောက်များကလည်း ဧရာမ လက်ဝါးတစ်ခုအဖြစ် ပြောင်းသွားပြီး စေတန်၏ နောက်ဘက်မှ ပျံသန်း လာခဲ့သည်။ စေတန်သည် ခုနက ကောင်းကင်တွင် ဆွဲထားသည့် စက်ဝိုင်း၏ အလယ်ကို ညွှန်ပြပြီး အော်ပြောလိုက်သည်။ “ကွယ်ပျောက်စမ်း...”

ထိုအမှတ်ကို ဗဟိုပြုပြီး အနားမှ နေရာလွတ်က ကွဲပြီး ကွာကျလာ သလိုမျိုး ဖြစ်လာခဲ့သည်။

ဧရာမ လက်ဝါးလည်း ကွဲပြီး ကွာကျသွား ခဲ့သည်။ ရေတွက်၍ မရနိုင်သော ဆုပ်ကိုင် မရသည့် မီးတောက်များက ဆုပ်ကိုင်ရသော အရာများကဲ့သို့ပင် ပျက်စီးသွားခဲ့၏။ သို့သော် ဧရာမ လက်ဝါးက အရေပြား တစ်ထပ်သာ ခွာသွားသကဲ့သို့ ဖြစ်ပြီး အကျိုးသက်ရောက်မှု မရှိခဲ့ပေ။

ထိုအချိန်တွင် နောက်ထပ် ဧရာမ လက်ဝါး တစ်ခုက စေတန်၏ နောက်ဘက်တွင် ပေါ်လာခဲ့သည်။ စေတန်က တိုက်ခိုက်ရန် အတွက် စွမ်းအားကို အသက်သွင်းတော့မည့် အချိန်တွင် ထိုလက်ဖဝါး၏ ဦးတည်ချက်သည် ရုတ်တရက် ပြောင်းသွားခဲ့လေသည်။ ၎င်းက ကြယ်အလင်း တောက်သွားပပြီး စေတန်ကို ကျော်သွားကာ ရှေ့မှ ဧရာမ လက်ဝါးကို ထိမှန်သွားခဲ့သည်။

ဧရာမ လက်ဝါး နှစ်ခုလုံးက တချိန်တည်း တုန်ခါသွားခဲ့ကြပြီး မီးတောက်များက နောက်ဘက်သို့ အလျင်အမြန် ပျံ့နှံ့သွားကာ ၁၀မီတာ ထက်မနည်း ပိုမြင့်သည့် ဧရာမ ခန္ဓာကိုယ်ပုံစံကို ဖော်ပြနေခဲ့သည်။

စေတန်က မနီးမဝေးတွင် ပေါ်လာသော ချန်လွေ့ကို အနည်းငယ် အံ့သြသည့်အမူအရာဖြင့် ကြည့်လိုက်သည်။ ခုနတုန်းက ရစ်ချက် မီးတောက်တွေနဲ့ လောင်ကျွမ်း သွားတာ ငါမြင်ခဲ့ပေမဲ့ ညီတူမျှတူစာချုပ် မပယ်ပျက် သွားခဲ့ဘူး။ အဲဒါကြောင့် ‘ရစ်ချက်’ မသေသေးတာ ဒါမှမဟုတ် ပုန်းနေတာ ဖြစ်နိုင်တယ်။ သူက ဒီလက်ဖဝါးကို ပြန်လှည့်ပြီးတော့ တန်ပြန်ထိစေနိုင်တဲ့ ထူးထူးခြားခြား စွမ်းရည်မျိုး ရှိနေမယ် မထင်ထားဘူး။

ထိုအရာက [ကြယ်လမ်းလွှဲ] စွမ်းရည်ပင်။ ၎င်းက ဒီလော့စ်ရို၏ ကြီးမားလှသော စွမ်းအားကိုပင် လမ်းလွှဲနိုင်ခဲ့သည်။

စေတန်၏ အံ့သြမှုက ခဏသာ ဖြစ်ခဲ့ပြီး သူ၏ စိတ်သည် ရှေ့မှ ဧရာမ ခန္ဓာအပေါ် ချက်ချင်းပင် အာရုံစိုက် သွားခဲ့သည်။

ထိုခန္ဓာက နှိုင်းယှဉ်မရနိုင်အောင် ထင်ရှားနေပြီး မီးတောက်များဖြင့် ဖုံးအုပ်ထား၏။ သွေးမျက်လုံးများနှင့် ခက်ထန်သော မျက်နှာသွင်ပြင်များ ရှိသည်။ ၎င်းက အငွေ့အသက်ကို ထုတ်လွှတ်လိုက်သော အခါတွင် စေတန်ပင် ထူးထူးခြားခြား သတိ ထားနေခဲ့သည်။ ၎င်းက ယခင်မှ နိမိတ်ပုံရိပ် မဟုတ်ဘဲ ဒီလော့စ်ရို၏ တကယ့် စိတ်ပုံရိပ် ဖြစ်ကြောင်း သေချာနေသည်။

အဓိက ယဇ်ပလ္လင်ထဲမှ မူရင်း ခန္ဓာနှင့် နီးစပ်သော အစွမ်းထက် စိတ်ပုံရိပ် တစ်ခုပင်!

မျိုးနွယ်စု - အရှိန်အဝါ စိတ်ပုံရိပ်

စွမ်းအားအကဲဖြတ်မှု - SSSS+

ခန္ဓာအမျိုးအစား - SSSS+

ခွန်အား - SSSS+

စိတ်ဝိညာဉ် - SSSS+

အမြန်နှုန်း -SSSS+

ဂုဏ်သတ္တိ - ပျက်စီးခြင်းခန္ဓာ၊ မျှော်လင့်ချက်မဲ့မီးတောက်၊ တိုက်စားခြင်း၊ ဝိညာဉ်ကွဲကြေ၊ နေရာလွတ်၊ နေရာလွတ်၊ ယုံကြည်မှု ဝါးမျိုခြင်း၊ အသက်ဝါးမျိုခြင်း။

အန္တရာယ်အဆင့် -အလွန်အမင်းမြင့်မား!

[သရုပ်ခွဲမျက်လုံး]မှ အချက်အလက်ကို ကြည့်လိုက်ရာ ချန်လွေ့ တိတ်တဆိတ် ထိတ်လန့် သွားခဲ့သည်။ အသေအချာပဲ။ ဒီလော့စ်ရိုရဲ့ တကယ့် စိတ်ပုံရိပ်က နတ်ဘုရား-ယောင်အဆင့် အထွတ်အထိပ်ကို ရောက်နေပြီ။ ‘မျှော်လင့်ချက်မဲ့ခြင်း’စွမ်းအားမှ လွဲ၍ ထိုစိတ်ပုံရိပ်တစ်ခုတည်း၏ တည်ရှိမှုကပင် ချန်လွေ့ကို မိုက်ကယ်နှင့် စေတန်တို့ ကဲ့သို့ ထိပ်ဆုံးအဆင့် အစွမ်းထက်သူများနှင့် တူညီသောဖိအားမျိုး ခံစားရစေသည်။

ဒါက ခန္ဓာကိုယ် အစစ်အမှန်နဲ့ နီးစပ်တဲ့ ကိုယ်ပွားတစ်ခုပဲ။ တကယ့် ခန္ဓာကိုယ်သာဆိုရင် ဘယ်လောက် ကြောက်စရာကောင်းတဲ့ အဆင့်ကို ရောက်နေမလဲ။ လန်ဘို့စ် ပြောတဲ့ အတိုင်းဆိုရင် အုပ်ချုပ်သူ ၃ဦးရဲ့ တကယ့်ခန္ဓာကိုယ်က နတ်ဘုရား အဆင့်ကို မရောက်သေးဘူး။ ဒါပေမဲ့ နတ်ဘုရားနဲ့ အနီးဆုံးလို့ ကြုံးဝါး ထားတဲ့ မိုက်ကယ်ကို ယှဉ်နိုင်တာ အသေအချာပဲ။ အုပ်ချုပ်သူ ၃ဦးက သာမန် နတ်ဘုရား-ယောင် အဆင့်ကို ကျော်လွန်ပြီးတော့ နတ်ဘုရား တည်ရှိမှုနဲ့ အနီးစပ်ဆုံးပဲ။

ချိပ်ပိတ် တစ်ခုခု ပြိုလဲသွားတာနဲ့ အသူရာချောက်နက်က ဒီအဓိက ကုန်းမြေကို တကယ်ရောက်လာရင် ဘယ်လောက်တောင် ကြောက်စရာ ကောင်းတဲ့ ကမ္ဘာပျက်ကပ်မျိုး ဖြစ်လာမှာကို စိတ်ကူးလို့ရတယ်။

စေတန်၏အချက်အလက်မှာ-

မျိုးနွယ်စု - နတ်သက်ကြွေ တမန်တော်

စွမ်းအားအကဲဖြတ်မှု - SSSS+

ခန္ဓာအမျိုးအစား - SSSS+

ခွန်အား - SSSS+

စိတ်ဝိညာဉ် - SSSS+

အမြန်နှုန်း -SSSS+

ဂုဏ်သတ္တိ - နတ်သက်ကြွေခန္ဓာ၊ ကောင်းကင်ကောင်းချီး ချိပ်ပိတ်၊ စော်ကား နှလုံးသား၊ အချိန်၊ ပျက်စီးခြင်း။

အန္တရာယ်အဆင့် - အလွန်အမင်းမြင့်မား!

နှစ်ယောက်စလုံး SSSS+ အဆင့် ရှိနေကြသော်လည်း စေတန်သည် ဒီလော့စ်ရိုထက် နားမလည်နိုင်သည့် ခံစားချက်မျိုး ချန်လွေ့ကို ပေးနေ၏။ နတ်သက်ကြွေတမန်တော်’မျိုးနွယ်စု’ ပြသခြင်းက ချန်လွေ့ကို အခြား လောကတစ်ခုမှ ရှေးဒဏ္ဍာရီများကို သတိရသွားစေခဲ့သည်။

စေတန် ၏စွမ်းအားက ပို၍ သာနေသည်ဟု ခံစားရသော်လည်း ထိုနေရာက မျှော်လင့်ချက်မဲ့ခြင်း အဓိကယဇ်ပလ္လင်ရှိရာ ဒီလော့စ်ရို၏ ‘အိမ်ကွင်း’ ဖြစ်သည်။ ထိုကဲ့သို့သော စွမ်းအားအဆင့် တိုက်ပွဲတွင် မည်သို့ ရလဒ်မဆို ဖြစ်သွားနိုင်သည်။

သွေးရောင်မျက်လုံးက စေတန်၏ ဓားကဲ့သို့ အေးစက်သည့် အကြည့်နှင့် တွေ့ဆုံလိုက်ရာ သူတို့ နှစ်ဦး၏ အကြည့်များက မြင်သာသော စွမ်းအားများကဲ့သို့ ထိပ်တိုက်ရင်ဆိုင် နေခဲ့ကြသည်။ အနားမှ လေထုပင် အေးခဲလုနီးပါး ဖြစ်သွားခဲ့သည်။

ဘေးတွင် ရှိနေသော ‘အားနည်းသူ’ ချန်လွေ့ကို ဒီလော့စ်ရိုက လျစ်လျူရှု လိုက်၏။ အစွမ်းထက် ပုဂ္ဂိုလ်၏ မျက်လုံးထဲ၌ အဆင့်တူ အစွမ်းထက် ပုဂ္ဂိုလ်များကိုသာ အသိအမှတ် ပြုလေသည်။

ထိုလူနှစ်ဦးထဲမှ တစ်ယောက်က ချန်လွေ့ကို ပြင်းထန်သော ဖိနှိပ်မှုမျိုး ဖြစ်ပေါ်စေခဲ့သည်။ [ဓူဝံကြယ်အသွင်ပြောင်းလဲခြင်း] အခြေအနေတွင် နတ်ဘုရား-ယောင် အဆင့် အလယ်ပိုင်းသို့ သူက ရောက်ရှိခဲ့သော်လည်း နတ်ဘုရား-ယောင်အဆင့် အလယ်ပိုင်းနှင့် ထိပ်ဆုံးအဆင့်ကြား ကွာဟချက်မှာ အတော်လေး ကြီးမားသည် ဟူ၍ ဆိုရမည်။ အထူးသဖြင့် ထိုနှစ်ဦးက အစွမ်းထက်ဆုံး နတ်ဘုရား-ယောင် အထွတ်အထိပ်များ ဖြစ်ကြပေသည်။

“ဒီလော့စ်ရို! ဒီလောကက မင်းလို ကျိန်စာသင့်သူမျိုးအတွက် မဟုတ်ဘူး! ပြန်တော့!” စေတန်က အသူရာချောက်နက် စကားဖြင့် ပြောလိုက်သည်။ သို့သော် [သရုပ်ခွဲမျက်လုံး] ရှိနေသော ချန်လွေ့ကတော့ ရှင်းရှင်းလင်းလင်း ကြားနိုင်ခဲ့သည်။ ‘ကျိန်စာသင့်သူ’ က မည်သည်ကို ဆိုလိုကြောင်း သူသိခဲ့ပေ။

ဒီလော့စ်ရို၏ အဖြေမှာ ‘သေလိုက်!’ ဟူသော စကားလုံးပင်။

ထိုသို့ ပြောပြီးနောက် ဧရာမ လက်မောင်းတစ်ခုက အပူချိန် မြင့်မားသော မီးတောက်များဖြင့် စေတန်ဆီသို့ အလျင်အမြန် ရောက်ရှိ လာခဲ့သည်။ စေတန်က သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ မီးတောက်များ ချက်ချင်းဆိုသလို ရပ်တန့်သွားခဲ့၏။ အရွယ်အစား ပိုသေးငယ်သော်လည်း စေတန်၏ စွမ်းအားက ဒီလော့စ်ရို၏ စွမ်းအားထက် မနိမ့်ပေ။ အံ့ဩစရာ ကောင်းသော အငွေ့အသက် တစ်ခုသည် လေထဲ၌ ယိမ်းထိုးနေပြီး ဧရာမ လက်မောင်းကို တူညီသော အခြေအနေဖြင့် ယှဉ်ပြိုင်နေခဲ့သည်။

ဘေးတွင် ရှိသော ချန်လွေ့သည် ဧရာမ စွမ်းအားကြောင့် ချက်ချင်း ဆိုသလို လွင့်ထွက်သွားခဲ့သည်။

စေတန်ကို မဖိနှိပ်နိုင်ကြောင်း တွေ့လိုက်ရာတွင် ဒီလော့စ်ရို၏ အခြားလက်တစ်ဖက်က မီးပင်လယ်ကို ရုတ်တရက် ထိမှန် သွားခဲ့ပြီး ရေတွက်လို့မရနိုင်သော ချော်ရည်များက ပြန့်ကျဲသွားပြီး ထူးဆန်းသော အငွေ့အသက်များ ပါဝင်သည့် မီးစက်လုံးများ အဖြစ် ပြောင်းလဲသွားကာ စေတန်ဆီသို့ ပျံသန်းသွားခဲ့ကြသည်။

စေတန်သာမက ချန်လွေ့လည်း မီးစက်လုံးများ၏ လက်လှမ်းမီသော အကွာအဝေးထဲတွင် ရှိနေခဲ့၏။

All Chapters