← Chapters

ဘုရင်မဂူကောင်၏အစွမ်း

Vol. 3 Ch. 41

ဘုရင်မဂူကောင်၏အစွမ်း

Vol. 3 Ch. 41

ယခုလက်ရှိဖြစ်နေသောပြဿနာ၏ အဓိကတရားခံမှာ သူဖြစ်နေမည်ဟု လီယွမ်ကမမျှော်လင့်ထားခဲ့ပေ။

သို့သော်ခဏလောက်စကားပြောအပြီးတွင် လီလောချမ်ပြောသည့်မင်းသားလေးဆိုသူမှာ သူမဟုတ်ကြောင်း နားလည်လိုက်သည်။

"မင်းသားလေးအတုရှိနေတာလား..."

လီယွမ်က လေးလေးနက်နက်တွေး‌တောလိုက်သည်။

ရုတ်ချည်းဆိုသလိုပင် လီယွမ်၏စိတ်ထဲသို့ အမှတ်တရတစ်ခုက တိုး၀င်လာသည့်အတွက် လီယွမ်ကအရာအားလုံးကို သဘောပေါက်သွားခဲ့သည်။

လွန်ခဲ့သောနှစ်၂၀ကျော်က သူ၏မိခင်ဖြစ်သူ ကိုယ်လုပ်တော်အန်းသည် တော်၀င်မိသားစုတစ်ခုလုံး ပျက်သုဉ်းရမယ့်အန္တာရယ်မှ ကြိုတင်ကာကွယ်ရန်အတွက် တော်၀င်သမားတော်ဖြစ်သူကို လီယွမ်အားနန်းတွင်းထဲမှခေါ်ထုတ်သွားရန် တောင်းဆိုခဲ့သည်။

နန်းတွင်းသမားတော်သည် သူ့အားကယ်တင်ရန်အတွက် တွန့်ဆုတ်နေခြင်းမရှိဘဲ လီယွမ်၏ကိုယ်တွင်းမှနတ်ဘုရားအရိုးကိုဖယ်ထုတ်ကာ သူ၏မြေးဖြစ်သူထံလွဲပြောင်း၍ နန်းတွင်း၌သာချန်ရစ်ခဲ့သည်။

တစ်နည်းအားဖြင့်ဆိုရသော် ပြင်ပလူများ၏အမြင်၌ တော်၀င်သမားတော်၏မြေးသည် မင်းသားလေးအစစ်ဖြစ်သည်။

သူသည်သာ ထိုအမှန်တရားကိုသိရှိထားသူတစ်ဦးဖြစ်သည်။

"တော်၀င်သမားဝောာ်ရဲ့ မြေးကမသေဘဲ ကယ်တင်ခံလိုက်ရတာဖြစ်နိုင်မလား"

လီယွမ်က ခန့်မှန်းလိုက်သည်။

ထို့ကြောင့်လီယွမ်က လီလောချမ်ကိုကြည့်၍ မေးမြန်းလိုက်သည်။

"မစ္စလီ...ဒါယန်းဝောာ်၀င်မိသားစုရဲ့ တိုက်ရိုက်မျိုးဆက်တွေအကုန်လုံးသေသွားပြီလို့ သူတို့ပဲပြောတာမဟုတ်ဘူးလား...ခုချိန်မှမင်းသားလေးကထွက်ပေါ်လာတာဆိုတော့ အတုများဖြစ်နေမလား"

"မင်းပြောသလိုဖြစ်ဖို့များတယ်...ဒီကိစ္စမှာပါ၀င်နေတဲ့သူတွေက ငတုံးတွေမဟုတ်ဘူး...သူတို့ကအတုအယောင်မင်းသားအတွက် တိုက်ပွဲ၀င်ကြမှာမဟုတ်ဘူး...ဒါအတွက်အကြောင်းပြချက်ရှိရမယ်"

"အတိတ်ကဖြစ်ပျက်ခဲ့တဲ့ ကပ်ဘေးကြီးအတွင်းမှာ ညဇီးကွက်‌အစောင့်တွေက အတော်လေးနောက်ကျမှရောက်သွားပြီးတော့ မင်းသားလေးကိုပဲ ကယ်တင်နိုင်ခဲ့တယ်လို့ သတင်းတွေကြားနေရတယ်"

"ဒါပေမဲ့ အဲညမှာပဲ ညဇီးကွက်အစောင့်တွေက နတ်ဆိုးတွေရဲ့လိုက်လံတိုက်ခိုက်တာကိုခံရပြီး သေဆုံးသွားခဲ့ရတယ်...သူတို့ကမင်းသားလေးကို တစ်နေရာရာမှာဝှက်ထားခဲ့ပြီးတော့ ခုချိန်ထိသူဘယ်မှာလဲဆိုတာ ဘယ်သူမှမသိကြသေးဘူး"

"သွေးလွှမ်းတဲ့ကပ်ဘေးအပြီးမှာ နတ်ဆိုးတွေရဲ့သခင်တွေက ဒါယန်းတော်၀င်မိသားစုရဲ့ မျိုးဆက်တွေအားလုံးကို သုတ်သင်ပစ်ခဲ့ကြတဲ့အတွက် ဒါယန်းပြည်ထောင်ကြီးတစ်ခုလုံး ကမောက်ကမဖြစ်ခဲ့ရတယ်"

"ညဇီးကွက်ဘုရင်ဟာ နတ်ဆိုးသခင်ကိုသတ်ဖြတ်ပြီးတော့မှ မင်းသားလေးအသက်ရှင်နေသေးတယ်ဆိုတာကို သိပ်မကြာသေးခင်ကမှ သိလိုက်ရတာလို့ ဆိုကြတယ်"

လီလောချမ်က ဖြစ်ပျက်ခဲ့သည်တို့အား ပြန်ပြောပြလိုက်သည်။

လီယွမ်က အသက်ကိုခပ်ပြင်းပြင်းရှုလိုက်သည်။ထိုသို့ဆိုလျှင် တော်၀င်သမားတော်၏မြေးသည် ယခုအချိန်ထိအသက်ရှင်နေသေးသည်မှာ ဖြစ်ကောင်းဖြစ်နိင်ပေသည်။

သူ၏အဘိုးဖြစ်သူ တော်၀င်သမားတော်မကွယ်လွန်မှီက ထားရစ်ခဲ့သော ကျောက်စိမ်းဆွဲသီးကို လက်ကကိုင်လိုက်မိချိန်တွင် လူအိုကြီးတစ်ယောက်၏အသံက သူ့နားထဲတွင်ပဲ့တင်ထပ်နေခဲ့သည်။

"ယွမ်အာ...ငါပြောတာကိုသေချာမှတ်ထား...မင်းကငါ့ရဲ့မြေးအစစ်မဟုတ်ဘူး...မင်းကဒါယန်းပြည်ထောင်ရဲ့ မင်းသားတစ်ယောက်ပဲ...မင်းရဲ့အမေက အာတိတ်ရေခဲပြင်မျိုးနွယ်စုရဲ့ အသက်အငယ်ဆုံးနတ်ဆရာမဖြစ်ပြီး လွန်ခဲ့တဲ့၁၆နှစ်က ဒါယန်းဧကရာဇ်ရဲ့ ကိုယ်လုပ်တော်ဖြစ်တယ်"

"မင်းဆက်ပြီးတော့ အသက်ရှင်သန်ရမယ်...ဒီကျောက်စိမ်းဆွဲသီးထဲမှာ ထိုက်ဇူဧကရာဇ်ရဲ့ သွေးတစ်စက်ပါ၀င်တယ်...အစွမ်းထက်တဲ့နတ်ဆေးဝါးနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် မင်းကသိုင်းနတ်ဘုရားရဲ့အရိုးတွေကို ပြန်လည်ပိုင်ဆိုင်လာမယ်လို့ ငါမျှော်လင့်ပါတယ်"

"ယွမ်အာ...မင်းကနတ်ဆိုးအားလုံးကို သုတ်သင်ပစ်ရမယ်...ဧကရီအတွက်လက်စားချေပြီးတော့ ဒါယန်းကိုပြန်လည်တည်ထောင်ရမယ်"

အမှတ်၁၂ဂူနန်းသို့ရောက်ရှိပြီးနောက်တွင် လီယွမ်သည် ဂူတာအို၌နစ်မြုပ်နေခဲ့သည်။ထို့ကြောင့်သူသည် ကျောက်စိမ်းဆွဲသီးကိုဖွင့်၍ ထိုက်ဇူဧကရာဇ်၏သွေးစက်ကို သန့်စင်ရန်ပင်မဆိုနှင့် ကျောက်စိမ်းဆွဲသီးအား ဖွင့်ရန်ပင်မတွေးခဲ့ဖူးပေ။

သို့သော် တော်၀င်သမားတော်၏မြေးနှင့်သူ့အကြား သွေးဖလှယ်မှုလုပ်ဆောင်ပြီးနောက် သူ၏သွေးသည် အသုံး၀င်နေသေးသည်လားဟု တွေးနေမိသည်။

ထို့ပြင် တော်၀င်သွေးမျိုးဆက်ကို လက်ခံထားခဲ့သော တော်၀င်သမားတော်၏မြေးသည် စစ်နတ်ဘုရား၏ရတနာသိုက်ကို ဖွင့်လှစ်နိုင်မယ်လား...

ရုတ်ချည်းဆိုသလိုပင် အခြေအနေများကရှုပ်ထွေးသွားခဲ့ကာ လီယွမ်တစ်ခါမှပင် မတွေးဖူးသော ကိစ္စများစွာကို စဉ်းစားမိစေခဲ့သည်။

တော်၀င်သွေးမျိုးဆက်အား အမွေဆက်ခံခြင်းသည် အလွန်ရှုပ်ထွေးသောကိစ္စဖြစ်သည်။

ထိုက်ဇူဧကရာဇ်၏ သားစဉ်မြေးဆက်အားလုံးသည် တော်၀င်မိသားစု၏ တိုက်ရိုက်သွေးမျိုးဆက်များမဟုတ်ကြပေ။မင်းဆက်အသီးသီးမှ ဧကရာဇ်များနန်းတက်ပြီးနောက် မွေးဖွားလာကြသော သားသမီးများကသာ ဘိုးဘေးတို့၏သွေးစက်ဖြင့် လွှမ်းခြုံခံရ၍ တိုက်ရိုက်မျိုးဆက်များအဖြစ် သတ်မှတ်ခံရခြင်းဖြစ်သည်။

သို့မှသာ စစ်နတ်ဘုရား၏ရတနာသိုက်ကို ဖွင့်လှစ်နိုင်သော စွမ်းအားရှိမည်ဖြစ်သည်။

တစ်နည်းအားဖြင့်ဆိုရသော် ဧကရာဇ်မင်းမြတ်နန်းမတက်မှီ မွေးဖွားလာသော သားစဉ်မြေးဆက်များနှင့် အခြားသောမင်းသားများမှ မွေးဖွားလာသောအမွေဆက်ခံသူများသည် အရည်အချင်းမပြည့်မှီဘဲ တော်၀င်အမွေအနှစ်အား ဆက်ခံရန်မရရှိကြပေ။

"ငါတို့သေသေချာချာလေး စီစဉ်ရမယ်ထင်တယ်..."

သူ၏အဘိုးဖြစ်သူ တော်၀င်သမားတော်သည် သူ့အသက်ကိုကယ်တင်ခဲ့သလို သူ၏မြေးကိုလည်း ကယ်တင်ရှင်အဖြစ်သတ်မှတ်ရမည်ဖြစ်သည်။တော်၀င်သမားတော်၏မြေးသည် သူ့ကြောင့်ဒုက္ခရောက်ရသည့်အတွက် လီယွမ်ကငြိမ်ငြိမ်လေးမနေနိုင်ပေ။

"အချိန်ကအရေးကြီးနေလို့ ငါစကားအများကြီးမပြောတော့ဘူး...ငါတို့ခုထွက်သွားတော့မယ်...ငါတို့ပြန်လာတဲ့အခါကျရင် ငါတို့ကတိပေးထားတဲ့ သွေးနဲ့ချီဂူကောင်၆၀၀ကို ရနိုင်မယ်လို့ မျှော်လင့်ပါတယ်"

လီလောချမ်၏အသံက လီယွမ်အားအတွေးကမ္ဘာထဲမှနေ၍ ဆွဲထုတ်လိုက်သည်။

"မစ္စလီ...သေချာဂရုစိုက်ပါ"

လီယွမ်သည် ပင်ပန်းနေပုံရသောလီလောချမ်၏အသွင်အပြင်နှင့် မြေပြင်ပေါ်၌ပြန့်ကျဲနေသော နတ်ဆိုးအလောင်းများကိုကြည့်ရင်း အသက်ပြင်းပြင်းရှုလိုက်မိသည်။

"ခုလောလောဆယ်တော့ ငါဘာမှပြောင်းလဲနိုင်မှာမဟုတ်သေးဘူး...ဘုရင်တွေနဲ့နတ်ဆိုးသခင်တွေကြား ငါ၀င်စွက်ဖက်မိရင် သေရုံပဲရှိတယ်"

"ငါသည်းခံရမယ်...အခြေအနေတွေကို ပြောင်းပြန်လှန်ဖို့တစ်ခုတည်းသောနည်းလမ်းက ငါကိုယ်တိုင်ပဲ...ငါသန်မာဖို့အချိန်လိုတယ်...ငါ့ကိုယ်ငါသတ်သေမဲ့လမ်းကြောင်းကို မရွေးသင့်ဘူး"

အချိန်ခဏကြာပြီးနောက် လီယွမ်က နတ်ဆိုးအလောင်းကို စတင်ကိုင်တွယ်ခဲ့သည်။

စန်းလန်တပ်တော်မှ ပေးပို့လာသောနတ်ဆိုးအလောင်းအများစုသည် တတိယအဆင့်ဖြစ်ကြပြီး စတုတ္ထအဆင့်နတ်ဆိုး၆ကောင်နှင့် ပဉ္ဏမအဆင့်နတ်ဆိုး၂ကောင်ပါ၀င်ပေသည်။

တန်ဖိုးအရှိဆုံးအရာမှာ ဆဌမအဆင့်နတ်ဆိုးအလောင်းဖြစ်ကာ ၎င်း၏တန်ဖိုးအရှိဆုံးသော နှလုံးသားကဖယ်ထုတ်ခံထားရသည်။

လီယွမ်သည် ပုရွက်ဆိတ်များကိုအမိန့်ပေးကာ နတ်ဆိုးအလောင်းများကို ဖယ်ထုတ်ရန်အမိန့်ပေးခဲ့သည်။ထို့နောက် သူကိုယ်တိုင် ဆဌမအဆင့်နတ်ဆိုး၏ အဖိုးတန်အစိတ်အပိုင်းများအား စတင်ကိုင်တွယ်ခဲ့သည်။

ထိုအချိန်တွင် ရှောင်ကိုင်နှင့်ဝူမေ့တို့ ပြေးထွက်လာခဲ့ကြသည်။

"မင်းတို့ရောစားချင်တာလား"

လီယွမ်က မေးမြန်းလိုက်သည်။

သုံးရောင်ခြယ်မီးတောက်စပါးအုံးနှင့်ပင့်ကူဘုရင်မဂူကောင်တို့သည် ဆင့်ကဲပြောင်းလဲရန်အတွက် အလားအလာကောင်းများပိုင်ဆိုင်ထားသည့် ရှားပါးဂူကောင်များဖြစ်ကြသည်။ထို့ကြောင့် သူတို့၏အသွင်ကူးပြောင်းမှုအရှိန်ကို မြင့်တင်ရန်အတွက် သဘာ၀ရတနာများအား အဆက်မပြတ်ကျွေးမွေးရန် လိုအပ်ပေသည်။

"မင်းတို့စိတ်ကြိုက်ရွေးကြ"

လီယွမ်သည် ရှောင်ကိုင်နှင့်‌ဝူမေ့တို့အား မည်သည့်အခါမှ တွန့်တိုခြင်းမရှိပေ။သူသည် ထိုကလေးနှစ်ယောက်အား ဘူဖေးလိုစားသောက်ခွင့်ပေးလိုက်သည်။

လီယွမ်၏ခွင့်ပြုချက်ကြောင့် ရှောင်ကိုင်နှင့်ဝူမေ့တို့သည် သူ၏ပုခုံးပေါ်မှခုန်ဆင်းလိုက်ကြပြီး နတ်ဆိုး၏အလောင်းပေါ်သို့ ဆင်းသက်လိုက်ကြသည်။ထို့နောက် သူတို့လိုချင်သောအစိတ်အပိုင်းအသီးသီးကို ရွေးချယ်လိုက်ကြသည်။

ရှောင်ကိုင်သည် နတ်ဆိုး၏‌သည်းခြေအိတ်ကိုရွေးချယ်ခဲ့ပြီး ဝူမေ့က နတ်ဆိုး၏ဦးနှောက်ကိုထုတ်ယူရန် ပင့်ကူပိုးမျှင်များကို ထုတ်ယူခဲ့သည်။

"ကောင်းပြီ...ဟိုဘက်မှာသွားစားကြ...ငါဂူကောင်တွေသန့်စင်ရအုံးမယ်"

လီယွမ်က ပြုံး၍ပြောလိုက်သည်။

ရှောင်ကိုင်သည် ခေါင်းခါပြလိုက်ကာ နတ်ဆိုးသည်းခြေအိတ်အား သူမ၏ဘေးနားရှိနေရာလပ်ဆီ ဆွဲခေါ်လိုက်သည်။ထို့နောက်သူမ၏ပါးစပ်မှနေ၍ အနီရောင်မီးတောက်များကိုထွေးထုတ်လိုက်ရာ နတ်ဆိုးသည်းခြေအိတ်ကလောင်ကျွမ်းသွားပြီးနောက် သည်းခြေအိတ်ကတပွက်ပွက်ဆူလာခဲ့သည်။

"ဒါကဘာအတွက်လဲ"

လီယွမ်က အံ့ဩသွားခဲ့သည်။

အနီရောင်မီးတောက်များ လောင်ကျွမ်းသွားပြီးနောက်တွင် နတ်ဆိုးသည်းခြေအိတ်၏ အပေါ်ယံအလွှာသည် ပျောက်ကွယ်သွားခဲ့သည်။ထို့နောက် သည်းခြေအိတ်က လက်မအရွယ်ရွှေရောင်ကျောက်တုံးတစ်ခုအဖြစ် ပေါင်းစပ်ပျော်၀င်သွားခဲ့သည်။

"သည်းခြေကျောက်လား..."

လီယွမ်၏စိတ်ထဲ၌ စကားတစ်ခုဖြစ်ပေါ်လာခဲ့သည်။

ဤသည်မှာ သည်းခြေကျောက်မဟုတ်ဘဲ ရတနာတစ်ခုဖြစ်နိုင်ခြေရှိသည်။

ရှောင်ကိုင်သည် လီယွမ်၏ပုခုံးပေါ်သို့ ရွှေရောင်ကျောက်တုံးနှင့်အတူ ခုန်တက်လိုက်သည်။ထို့နောက် ဝူမေ့အားစက်ဝိုင်းပုံစံလှည့်ပတ်နေခဲ့ကာ ကြွားဝါခြင်းသို့မဟုတ် ရန်စခြင်းများ ပြုလုပ်လိုနေခဲ့သည်။

လီယွမ်သည် ရွှေရောင်ကျောက်တုံးကိုကောက်ကိုင်၍ သေချာစစ်ဆေးလိုက်သည်။

ထို့နောက် ကျောက်တုံး၌ပါ၀င်သည့် အားကောင်းသောစွမ်းအားကိုခံစားမိ၍ သူ၏ယခင်ဘ၀က ၀တ္ထုများ၌မြင်တွေ့ဖူးသည့် စကားလုံးတစ်လုံးကို သတိရလိုက်သည်။

ထိုအရာမှာ ရွှေဆေးလုံးဖြစ်နိုင်ပေသည်။တာအိုကျင့်ကြံသူများသည် ကောင်းကင်နှင့်မြေကြီး၏ဝိညာဉ်စွမ်းအင်ကိုစုပ်ယူသန့်စင်၍ သူတို့၏ဒန်တျန်ထဲ၌ ရွှေရောင်စွမ်းအင်အဖြစ်စုစည်းထားကြသည်။နတ်ဆိုးများတွင်လည်း အလားတူကျင့်ကြံခြင်းနည်းလမ်းများ ရှိနိုင်ပေသည်။

"ဒါကို ငါဘယ်လိုအသုံးပြုရမှာလဲ..."

လီယွမ်သည် ဂူတာအို၏လျှို့ဝှက်ဆန်းကြယ်စွမ်းအင်ကိုအသုံးပြုကာ ရွှေရောင်ကျောက်တုံးအား အသက်သွင်းရန်ကြိုးစားခဲ့သော်လည်း အကျိုးသက်ရောက်မှုမရရှိခဲ့ပေ။

ထိုအချိန်တွင် ဝူမေ့က နတ်ဆိုး၏ဦးခေါင်းထဲမှထုတ်ယူထားသောဦးနှောက်ကို စတင်ပြုပြင်လိုက်သည်။သူမ၏ပင့်ကူခြေထောက်၈ချောင်းက ပင့်ကူပိုးမျှင်များကို လျင်မြန်စွာဆွဲထုတ်၍ ဦးနှောက်ထဲသို့ထိုးသွင်းလိုက်သည်။

သူမ၏လှုပ်ရှားမှုများက ဆရာ၀န်တစ်ယောက် သိမ်မွေ့သောခွဲစိတ်မှုအား လုပ်ဆောင်နေသကဲ့သို့ဖြစ်သည်။

ဝူမေ့သည် နတ်ဆိုး၏ဦးနှောက်ကို ပင့်ကူမျှင်ဖြင့် ပထမဦးစွာသေချာချုပ်ကိုင်ခဲ့သည်။ထို့နောက် ပင့်ကူမျှင်များဖြင့် ဇီ၀နှလုံးသားကိုပုံဖော်လိုက်ပြီးနောက် နတ်ဆိုးအလောင်းထဲသို့ ထည့်သွင်းလိုက်သည်။

"အိုး...ပင့်ကူဘုရင်မက ဘက်စုံသုံးဂူကောင်ပဲ..."

ဝူမေ့သည် သူ့အပေါ်တွင် အလွန်တွယ်တာလွန်းသည့်အတွက်ကြောင့် လီယွမ်သည် သူမ၏ဘက်စုံသုံးရှားပါးဂူကောင်အကြောင်း သတိမေ့လုနီးပါးဖြစ်သွားခဲ့သည်။သူမ၏ပင့်ကူပိုးမျှင်များက မည်သည့်အသက်ပုံစံမျိုးကိုမဆို တုပကာထိန်းချုပ်နိုင်စွမ်းရှိပေသည်။

ဝူမေ့က ထိုသို့လုပ်ဆောင်ပြီးနောက် နတ်ဆိုးကမတ်တပ်ထရပ်လိုက်သည်။

၎င်းသည် အရပ်၂မီတာကျော်ရှိသော ၀တ်ဝံနက်နတ်ဆိုးတစ်ကောင်ဖြစ်သည်။ထိုကောင်ရပ်လိုက်ချိန်တွင် တောင်ငယ်တစ်ခုသဖွယ်ကြီးမားလှကာ သူ၏မျက်လုံးများက ကြေးနီမီးဖိုသဖွယ်တောက်ပေနေခဲ့သည်။

ပထမဆုံးအမြင်ကပင် ထို၀က်ဝံနက်အား အလောင်းဟုလုံး၀မထင်မှတ်ရပေ။

လီယွမ်၏အကြည့်အောက်တွင် ၀က်ဝံနက်နတ်ဆိုးသည် ဖြည်းညှင်းစွာဖြင့် ဒူးထောက်ချလိုက်သည်။၎င်း၏ကိုယ်အလေးချိန်ကြောင့် ဒူးထောက်လိုက်ချိန်တွင် အောက်ဘက်မြေပြင်မှနေ၍ မိုးခြိမ်းသံသဖွယ်ကျယ်လောင်သော အသံများမြည်ဟီးလာခဲ့သည်။

"ဝက်ဝံနက်က သခင့်ကိုနှုတ်ဆက်ပါတယ်"

…

All Chapters