← Chapters

နတ်ဆိုးစစ်တပ်

Vol. 3 Ch. 42

နတ်ဆိုးစစ်တပ်

Vol. 3 Ch. 42

"ဒီလိုလုပ်လို့ရတာပဲလား..."

ရုတ်ချည်းဆိုသလို လီယွမ်၏စိတ်ထဲ၌ အတွေးသစ်တစ်ခုဖြစ်တည်လာခဲ့သည်။

ပင့်ကူဘုရင်မဂူကောင်၏ အစစ်အမှန်လျှို့ဝှက်ဆန်းကြယ်မှုကို ယခုအခိုက်အတန့်တွင် သူမကိုယ်တိုင် ထုတ်ဖော်လာဟန်ရသည်။

ရှောင်ကိုင်သည် ထိုမြင်ကွင်းကိုကြည့်၍ အလွန်တုန်လှုပ်သွားခဲ့ကာ ဂနာမငြိမ်ဖြစ်သွားခဲ့သည်။

ဝူမေ့သည် ‌လီယွမ်၏ပုခုံးထက်သို့ လျင်မြန်စွာပြန်တက်လာခဲ့ပြီး ဂနာမငြိမ်ဖြစ်နေသောရှောင်ကိုင်အား လှောင်ပြောင်ရန်အတွက် သူမ၏ပင့်ကူပိုးမျှင်များကိုအသုံးပြု၍ အမူအရာများကို ရေးဆွဲလိုက်သည်။

လီယွမ်သည် ဝူမေ့၏အပြုအမူကြောင့် ဆွံ့အသွားခဲ့ရသည်။ဂူကောင်များက ဤအပြုအမူများကို မည်သည့်နေရာမှသင်ယူခဲ့သနည်း။

"ငြင်းခုံနေတာတွေရပ်လိုက်တော့..."

ကံကောင်းထောက်မစွာဖြင့် ရှောင်ကိုင်နှင့်ဝူမေ့တို့တွင် ရိုးရှင်းသောအတွေးအမြင်များသာရှိကြပေသည်။သူမတို့သည် ရံဖန်ရံခါမနာလိုဖြစ်ကြသည်မှလွဲ၍ အခြေအနေတစ်ခုလုံးကို ထိခိုက်အောင်မလုပ်ဆောင်ကြပေ။ထိုသို့မဟုတ်ပါက လီယွမ်အမှန်တကယ်ခေါင်းကိုက်ရမည်ဖြစ်သည်။

"ဝူမေ့...နတ်ဆိုးအလောင်းတွေဘယ်လောက် မင်းထိန်းချုပ်နိုင်မလဲ...မင်းရဲ့ထိန်းချုပ်နိုင်စွမ်းအကွာအဝေးက ဘယ်လောက်ထိရှိလဲ"

၀က်ဝံနက်အားပြုပြင်ရန်အတွက် ပင့်ကူပိုးမျှင်အမြောက်အများကို ထုတ်သုံးပြီးနောက် ဝူမေ့သည် အလွန်အားနည်းလာသည့်အတွက် သူမထုတ်သုံးနိုင်သော ပင့်ကူမျှင်အရေအတွက်က အကန့်အသတ်ရှိကြောင်း လီယွမ်နားလည်လိုက်သည်။

"ကီ...ကီ"

ဝူမေ့က အော်ဟစ်လိုက်သည်။

လီယွမ်၏နားလည်မှုအရဆိုပါက ဝူမေ့သည် သူမထက်မြင့်သောအဆင့်ရှိ နတ်ဆိုးအလောင်း၂ကောင်ကို ထိန်းချုပ်နိုင်ကာ အဆင့်တူရုပ်သေး၁၀ကောင်အထိ ထိန်းချုပ်နိုင်ပေသည်။

အောက်ခြေအဆင့်အတွက် အရေအတွက်ကပြဿနာမဟုတ်တော့ပေ။

"အဲလိုဆိုရင် ငါနဲ့ဝူမေ့က စစ်တပ်တစ်ခုကိုတည်ထောင်နိုင်မှာမဟုတ်ဘူးလား"

ဝူမေ့သည် မိန်းကလေးတစ်ယောက်သို့မဟုတ် စစ်တပ်တစ်ခုလုံး၏ဦးနှောက်ဖြစ်နိုင်ပေသည်။

"ရွှီ...ရွှီ"

ရှောင်ကိုင်က မယုံသင်္ကာလေသံဖြင့် အော်ဟစ်လိုက်သည်။

"အချင်းချင်း စိတ်ရှုပ်အောင်မလုပ်ကြနဲ့...ရှောင်ကိုင်ရော ဝူမေ့ရောက ကိုယ်တိုင်အသုံး၀င်မှုကိုယ်စီရှိကြတာပဲ...မင်းတို့တွေက ငါ့ရဲ့အရင်းနှီးဆုံးပင်မဂူကောင်တွေပဲမဟုတ်လား"

လီယွမ်က ပြောလိုက်သည်။

သူစကားပြောပြီးပြီးချင်း ပင့်ကူမျှင်တစ်ခုထွက်ပေါ်လာကာ ၀က်ဝံနက်နတ်ဆိုး၏အလောင်းမှထုတ်ယူထားသော ရွှေရောင်ကျောက်တုံးအား ၀က်ဝံနက်နတ်ဆိုး၏မျက်ခုံးထဲ ဖိသွင်းလိုက်သည်။

ထို့နောက် ၀က်ဝံနက်နတ်ဆိုး၏အော်ရာက မြင့်တက်လာခဲ့သည်။လီယွမ်က ထိုမြင်ကွင်းကိုကြည့်ကာ တောက်ပစွာပြုံးလိုက်မိသည်။

"ကြည့်လိုက်ရှောင်ကိုင်...ဒါကမင်းရဲ့အသုံး၀င်ပုံကိုပြနေတာပဲလေ...မင်းသာဝူမေ့နဲ့လက်တွဲလုပ်ဆောင်မယ်ဆိုရင် အစွမ်းအထက်ဆုံးနတ်ဆိုးစစ်တပ်ကို တည်ဆောက်နိုင်မှာသေချာတယ်"

"နောက်တစ်ခုအနေနဲ့ မင်းတို့နှစ်ယောက်ကြား ပူးပေါင်းဆောင်ရွက်မှုနဲ့လုပ်ငန်းတာ၀န်ကို ခွဲဝေပေးရမယ်"

"ရှောင်ကိုင်...မင်းကရတနာတွေကို အနံ့ခံနိုင်တဲ့အာရုံရှိတယ်...မင်းကနတ်ဆိုးတွေရဲ့အလောင်းကနေ ရတနာတွေကိုဦးစွာထုတ်ယူရမယ်"

"ဝူမေ့...မင်းကစွမ်းအားကြီးတဲ့နတ်ဆိုးတွေရဲ့ ရုပ်အလောင်းတွေကိုထိန်းချုပ်ပြီးတော့ ရုပ်သေးတွေဆက်လုပ်ထား"

"ငါကတော့ ဂူကောင်တွေကိုဆက်ပြီးပေါင်းစပ်မယ်..."

…

မျက်စိတစ်မှိတ်အတွင်း အချိန်တစ်လထပ်မံကုန်ဆုံးသွားခဲ့သည်။

ထိုအတောအတွင်း ပုရှီခန်းမမှနေ၍ ကျရှုံးစာရင်းကို ၂ကြိမ်တိုင်တိုင်ထပ်မံထုတ်ပြန်ခဲ့သော်လည်း ရှောင်ကျောက်၏အမည်ကပါမလာခဲ့ပေ။

သို့သော်လည်း ဤမစ်ရှင်သည် လီယွမ်ခန့်မှန်းထားသည်ထက် ပိုမိုကြာမြင့်နေကာ ‌လပေါင်းများစွာထိကြာသွားနိုင်သည်။

လီယွမ်သည် အရေးကြီးသော သတင်းစကားတစ်ခုကိုလည်း လက်ခံရရှိခဲ့သည်။

ကျိုးကုန်းဂူအသိုက်သည် စန်းလန်ဘုရင်နှင့်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း တရား၀င်ထုတ်ပြန်ကြေငြာခဲ့သည်။

ထို့ကြောင့် ကျိုးကုန်းဂူအသိုက်သည် ပြင်ပနှင့်အဆက်အသွယ်ဖြတ်ထားရာမှ ထွက်လာကာ နတ်ဆိုးများအား တိုက်ရိုက်ရင်ဆိုင်တော့မည်ဖြစ်သည်။ထို့ကြောင့် လီယွမ်အတွက် တိတ်တဆိတ်ဖွံ့ဖြိုးတိုးတက်ရန် အချိန်နည်းလာခဲ့သည်။

အချိန်တစ်ခုကြာပြီးနောက်...

တောင်ပိုင်းရှင်းကျန်းဒေသ၏ သိုင်းပညာလောကတွင် အဓိကအင်အားစု၃ခု၏ခေါင်းဆောင်ဖြစ်သော ဖန်းရွယ်ဓားစံအိမ်၏ ခုခံမှုကကျိုးပျက်ခဲ့ရသည်။ဖန်းရွယ်ဓားစံအိမ်၏ ဂိုဏ်းချုပ်မှသည် ဂိုဏ်းအတွင်းရှိအကြီးအကဲများ၊တပည့်များ၊နာမကျန်းဖြစ်နေသူများ၊မသန်စွမ်းသူများနှင့်သားရဲများပါမကျန် အသက်ရှင်ကျန်ရစ်ခြင်းမရှိစေဘဲ အကုန်သတ်ဖြတ်ခံခဲ့ရသည်။

ဤသို့ဖြင့် ဖန်းရွယ်ဓားစံအိမ်၏ ဂုဏ်သတင်းကလုံး၀ပျက်စီးသွားခဲ့ရသည်။

ထိုစစ်ဆင်ရေးကို အဓိကခေါင်းဆောင်သူများမှာ နန်းတော်ကိုးခုအနက်မှ တတိယနှင့် ဆဌမနန်းတော်သခင်များဖြစ်ကြသည်။

နောက်တစ်နေ့တွင်...

‌တောင်ပိုင်းရှင်းကျန်းဒေသရှိ နတ်ဆိုးအင်အားစုသည် သူတို့၏ဂိုဏ်းတည်နေရာကိုစွန့်ခွာကာ ဂိုဏ်းတစ်ခုလုံးအား ခုခံရဆုတ်ခွာရလွယ်ကူသည့်နေရာသို့ ခက်ခက်ခဲခဲရွေ့ပြောင်းခဲ့သည်။ထို့ပြင် နတ်ဆိုးသခင်ကလည်း ခုခံရာ၌ပါ၀င်ကူညီခဲ့သည်။

သို့သော် မကြာမှီ ပထမနန်းတော်သခင်ကိုယ်တိုင် တိုက်ပွဲတွင်ပါ၀င်လာခဲ့ကာ နတ်ဆိုးသခင်အား သတ်ဖြတ်၍ ဂိုဏ်းတစ်ခုလုံးကို အမြစ်ပြတ်သုတ်သင်ရှင်းလင်းခဲ့ကာ နန်းတော်ကိုးခုဂူအသိုက်၏စွမ်းအားကို ကမ္ဘာတစ်ခုလုံးအား ထုတ်ဖော်‌ပြသခဲ့သည်။

ထိုသို့အဆက်မပြတ်ရရှိနေသော သတင်းများကြောင့် လီယွမ်က စိတ်လှုပ်ရှားစွာသက်ပြင်းချမိလိုက်သည်။

"ခုလိုဖရိုဖရဲအချိန်ကာလမျိုးမှာ အင်အားကြီးတဲ့ခေါင်းဆောင်တွေတောင်မှ တစ်ယောက်ပြီးတစ်ယောက်ကျရှုံးသွားရတယ်...ငါကဘာမလို့လဲ"

သိုင်းသူတော်စင်သည် သိုင်းပညာနယ်ပယ်၏ အဌမအဆင့်ပင်ဖြစ်သည်။နတ်ဆိုးသခင်ဟူသည် အဌမအဆင့်နတ်ဆိုးတစ်ယောက်သာ ရရှိနိုင်သောဂုဏ်ပုဒ်ဖြစ်သည်။ထိုကဲ့သို့ အစွမ်းထက်သောပုဂ္လိုလ်များက တစ်ယောက်ပြီးတစ်ယောက်ကျရှုံးနေချိန်တွင် သူသက်ပြင်းမချဘဲမနေနိုင်တော့ပေ။

"လူတိုင်းက စစ်နတ်ဘုရားရဲ့ရတနာသိုက်ကို လိုချင်နေကြတာ မထူးဆန်းတော့ပါဘူး"

လီယွမ်သည် စစ်နတ်ဘုရားရတနာသိုက်၏ သွေးဆောင်မှုကို လေးလေးနက်နက်နားလည်လာခဲ့သည်။

စွမ်းအားကြီးပုဂ္လိုလ်များသည် စစ်နတ်ဘုရား၏ရတနာသိုက်ကို ရရှိသွားသည်နှင့်အမျှ စစ်နတ်ဘုရား၏အဆင့်သို့ရောက်ရန် မဖြစ်နိုင်လျှင်ပင် န၀မအဆင့်သို့တက်လှမ်းကာ သိုင်းဧကရာဇ်ဖြစ်လာမည်ဖြစ်သည်။ထိုသို့ဆိုလျှင်ပင် သူတို့အားအနိုင်ယူနိုင်သူရှိမည်မဟုတ်ပေ။

"ပထမနန်းတော်သခင်က န၀မအဆင့်ကိုတောင်ရောက်နေပြီလားလို့ ငါစဉ်းစားမိတယ်..."

"သိုင်းပညာနယ်ပယ်မှာဆိုရင် ညဇီးကွက်ဘုရင်က အထွတ်အထိပ်မှာရှိတယ်ဆိုတာ သံသယဖြစ်စရာမလိုဘူး..."

"နတ်ဆိုးများထံတွင် ထိုကဲ့သို့ခေါင်းဆောင်မျိုးမရှိပေ...သို့သော်သူတို့သည် ညဇီးကွက်ဘုရင်အား ထောင်ချောက်ဆင်ကာ တော်၀င်မိသားစုကိုမျိုးသုဉ်းလုနီးပါး သတ်ဖြတ်ခဲ့၍ န၀မအဆင့်နတ်ဆိုးတစ်ကောင်ရှိနေကြောင်း သေချာနေခဲ့သည်။

ဤကမ္ဘာပေါ်တွင် ဂူတာအို၊သိုင်းတာအိုနှင့်နတ်ဆိုးများအားလုံးတွင် အထွတအထိပ်ဖြစ်တည်မှုများ ရှိနေကြသည်။

လီယွမ်သည် တောင်ခြေရင်းမှနေ၍ အပေါ်ကိုမော့ကြည့်လိုက်သည်။သူသည် "မိုင်တစ်ရာခရီးကို ခြေတစ်လှမ်းဖြင့်စခဲ့သည်"ဟူသော ဆိုရိုးစကားအတိုင်း ယခုအချိန်တွင် စတင်ခဲ့ပြီဟု ယူဆနိုင်ပေသည်။

…

နောက်ထပ်၃လကြာပြီးနောက်...

ထျန်းတာအိုချိုင့်ဝှမ်းနှင့် ရှင်းယွဲ့နန်တော်တို့၏ အပြင်စည်းနှင့်ဆက်စပ်အင်အားစုတို့သည် နန်းတော်ကိုးခုဂူအသိုက်၏ ချေမှုန်းခြင်းကိုခံလိုက်ရပြီးနောက်တွင် ပြင်ပဂူနန်း၇၂၏တာ၀န်ပြီးဆုံးသွားပြီဖြစ်ကြောင်း လီယွမ်ကြားသိလိုက်ရသည်။

ဆက်လက်၍ နန်းတော်ကိုးခု၏အတွင်းစည်းက ထျန်းတာအိုချိုင့်ဝှမ်းနှင့်ရှင်းယွဲ့နန်းတော်တို့အား အလုံးအရင်းဖြင့်ချေမှုန်းရန် စတင်တော့မည်ဖြစ်သည်။

"ရှောင်ကျောက်လည်း မကြာခင်ပြန်လာတော့မယ်ထင်တယ်..."

ဤကာလအတောအတွင်း လီယွမ်က ကိုယ်ပိုင်နတ်ဆိုးရုပ်သေးစစ်တပ်အား တည်ဆောက်ခဲ့သည်။

ထိုနတ်ဆိုးစစ်တပ်ကို ပဉ္စမအဆင့်နတ်ဆိုး၁၀ကောင်နှင့် စတုတ္ထအဆင့်နတ်ဆိုး၃၀၀တို့ဖြင့် ဖွဲ့စည်းထားကာ ဆဌမအဆင့်နတ်ဆိုး၂ကောင်က ဦးဆောင်ခဲ့သည်။ထိုဖွဲ့စည်းမှုက အလွန်ပင်တောင့်တင်းလှပေသည်။

လီယွမ်သည် နတ်ဆိုးရုပ်သေးများ၏တိုက်ခိုက်ရေးစွမ်းအားကို ကိုယ်တိုင်စမ်းသပ်ပြီးနောက် ထိုနတ်ဆိုးရုပ်သေးများက အသက်ရှိစဉ်ကာလတိုက်ခိုက်ရေးစွမ်းအားကို ၇၀ရာခိုင်နှုန်းထိ ထုတ်ဖော်နိုင်ကြောင်း တွေ့ရှိခဲ့ရသည်။သူတို့သည် ရုပ်သေးများဖြစ်ကြသောကြောင့် တိုက်ခိုက်ရေးနည်းစနစ်များက လိုက်လျောညီထွေမရှိသော်လည်း သေခြင်းတရားနှင့်နာကျင်မှုအား မကြောက်ရွှံကြပေ။

"နတ်ဆိုးတွေက အများကြီးပဲ...ဒါပေမဲ့ဝါးရုံတောက သေးငယ်လွန်းတယ်"

လီယွမ်သည် ဝါးရုံတောအားချဲ့ထွင်ရန်အတွက် စီနီယာအစ်ကိုဖေးအား မေးမြန်းရန်တွေးမိခဲ့သည်။

သို့သော် အကြိမ်ကြိမ်စဉ်းစားပြီးနောက် မစ်ရှင်မှပြန်လာသော တပည့်များရောက်ရှိပြီးမှသာ လျှောက်ထားရန်ဆုံးဖြတ်ခဲ့သည်။ထိုသို့မဟုတ်ပါက သူသည်အလွန်ပင်သနားဖွယ်ကောင်းသွားပေလိမ့်မည်။

…

လီယွမ်မျှော်လင့်ထားသည့်အတိုင်း ၃ရက်အကြာတွင် ပုရှီခန်းမမှနေ၍ သတင်းအချက်အလက်များအား လက်ခံရရှိခဲ့သည်။

မစ်ရှင်ဖြင့်ထွက်ခွာသွားသည့် အမှတ်၁၂ဂူနန်း၏တပည့်များသည် မနက်ဖြန်ပြန်လာကြမည်ဖြစ်သည်။သို့ဖြစ်၍ ဂူနန်း၏တပည့်များနှင့်ခန်းမတာ၀န်ခံများအားလုံး တပည့်များကိုကြိုဆိုရန် ဝောာင်ခြေရင်းသို့သွားရမည်ဖြစ်သည်။

သူတို့သည် ကျရှုံးသွားသောတပည့်များ၏အလောင်းကိုယူဆောင်ကာ သင့်တော်စွာသဂြိုလ်ပေးရမည်ဖြစ်သည်။

"ညီလေး...ငါဂူသခင်ဖြစ်နေတာအတော်ကြာပြီ...အရင်တစ်ခါတုံးက မဲနှိုက်တဲ့အကြိမ်ကလွဲလို့ မင်းဝါးရုံတောထဲက ထွက်လာတာငါတစ်ခါမှမမြင်ဖူးဘူး"

"မင်းတကယ်ပဲ အထီးကျန်မှုကိုခံနိုင်ရည်ရှိနေတာပဲ..."

"ရှောင်ကျောက်နဲ့ လအနည်းငယ်ဝေးကွာနေတာကြောင့် မင်းအပြင်ထွက်ပြီးပျော်စရာလေးတွေရှာမယ်လို့ငါတွေးထားခဲ့တာ...ဒါပေမဲ့ငါမင်းကိုလျော့တွက်မိနေတုံးပဲ"

တောင်အဆင်းလမ်းတွင် ဖေးလော့ချင် လီယွမ်အား စနောက်နေခဲ့သည်။

"ရှောင်ကျောက်မရှိပေမဲ့ ငါ့ကိုအဖော်ပြုပေးမဲ့ ဂူကောင်တွေရှိနေသေးတယ်"

အမှန်တကယ်လည်း ရှောင်ကျောက်ထွက်သွားပြီး အစောပိုင်းရက်များတွင် လီယွမ်တစ်ယောက် မသက်မသာခံစားခဲ့ရသည်။

သို့သော် ရက်အချို့ကြာပြီးနောက် သူနေသားကျသွားခဲ့သည်။

"ဟားဟား...ညီလေးမင်းပြောတဲ့စကားတွေက သတ္တမနန်းတော်သခင်ကို ပြန်ပြီးသတိရစေခဲ့တယ်"

ဖေးလော့ချင်က ရယ်ရယ်မောမောဖြင့်ပြောလိုက်သည်။

"ဘာလို့လဲဆိုတော့ သူကမင်းလိုပဲ သူ့ရဲ့အထီးကျန်ရက်စွဲတွေကို ဂူကောင်တွေနဲ့ဖြတ်သန်းခဲ့တယ်...အဲလိုနဲ့တစ်နေ့မှာတော့ သူကကောင်းကင်နဲ့မြေပြင်ကို တုန်ခါသွားစေမယ့် ကိစ္စတစ်ခုကိုလုပ်ဆောင်ခဲ့တယ်"

"ဘာကိစ္စလဲ..."

"သူက သူ့ရဲ့ပင်မဂူကောင်နဲ့ အိမ်ထောင်ပြုခဲ့တယ်လေ...မင်းဘယ်လိုထင်လဲ အံ့ဩစရာမကောင်းဘူးလား"

လီယွမ်သည် ထိုအကြောင်းကို တစ်ခါမှမကြားဖူး၍ အလွန်အံ့ဩသွားခဲ့သည်။

ဖေးလော့ချင်က ရယ်ရယ်မောမောဖြင့်စနောက်လိုက်သည်။

"မင်းရဲ့အနားမှာ ရှောင်ကျောက်မရှိတော့တဲ့‌တနေ့ကျရင် မင်းကအဲလိုမျိုးလုပ်မှာကို ငါတွေးပူနေမိတယ်"

"သတ္တမနန်းတော်သခင်ရဲ့ ပင်မဂူကောင်က လူရုပ်အလောင်းဂူကောင်လား"

လီယွမ်က မေးမြန်းလိုက်သည်။

"အဲလိုဆိုရင်တောင် ငါလက်ခံပေးလို့ရသေးတယ်...ခုဟာက သူ့ရဲ့ပင်မဂူကောင်ကမြွေတစ်ကောင်ပဲ"

ဖေးလော့ချင်က တိုးတိုးလေးပြောလိုက်သည်။

လီယွမ်က မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်မိသည်။

"နန်းတော်သခင်ရဲ့နာမည်က ရှ ဒါမှမဟုတ် ရှောင်လို့ခေါ်လား"

"ဘယ်လို...သတ္တမနန်းတော်သခင်ရဲ့ နောက်ဆုံးနာမည်က ရှလို့အဓိပ္ပာယ်ရတယ်...မင်းဆရာပေးတဲ့မှတ်စုတွေထဲကနေ အဲ့အကြောင်းကိုရှာတွေ့ခဲ့တာလား"

ဖေးလော့ချင်က ထိတ်လန့်သွားခဲ့သည်။

…

All Chapters