ကြောက်မက်ဖွယ်ရာ နတ်ဆိုးရုပ်အလောင်းများ
Vol. 3 Ch. 45
လီယွမ်သည် အရေးကြီးသောလျှို့ဝှက်ချက်တစ်ခုကို အမှတ်မထင်ကြားသိလိုက်ရသည်။
စစ်သူကြီး၀က်ဝံနက်နဲ့မျောက်ဝံတဲ့လား...
"ယင်ဘုရင်က တကယ်ကြီးနတ်ဆိုးတွေနဲ့ပူးပေါင်းနေတယ်ပေါ့...ဂိုဏ်းကြီး၃ခုကို နောက်ကွယ်ကနေထိန်းချုပ်နေတာက ယင်ဘုရင်ဖြစ်နေတာပဲ"
"ဒီလူက တောင်ပိုင်းရှင်းကျန်ဒေသကို ထိန်းချုပ်နိုင်ဖို့အတွက် အရာရာတိုင်းကိုလုပ်ဆောင်နေတာပဲ"
ယင်ဘုရင်က ဒီအကြံအစည်ကို ဟိုးအရင်ကတည်းက စီစဉ်ထားခဲ့တာဖြစ်နိုင်တယ်...
ယင်ဘုရင်၏အစီအစဉ်အရ ဂိုဏ်းကြီး၃ဂိုဏ်းအား နတ်ဆိုးများနှင့်ပူးပေါင်းကာ ဂူအသိုက်၏အပြင်စည်းဂူနန်း၇၂ခုကား လျှို့ဝှက်စွာတိုက်ခိုက်မည်ဖြစ်သည်။ထို့နောက် စန်းလန်နန်းတော်အား အပြစ်ပုံချ၍ ကျိုးကုန်းဂူအသိုက်နှင့် ကွဲကွာစေချင်ပုံရသည်။
အကယ်၍ ထိုသို့အပြစ်တင်ခြင်းမအောင်မြင်ခဲ့ပါက သူသည်တိုက်ပွဲ၀င်အင်အားကို ထိန်းချုပ်နိုင်ရန်အတွက် နတ်ဆိုးများနှင့်ပူးပေါင်းလိုက်မှာဖြစ်သည်။
လီယွမ်က သူ၏ခန့်မှန်းချက်မှန်ကန်သည်ဟု ယူဆမိလိုက်သည်။
ယင်ဘုရင်လိုလူမျိုးသည် ရလဒ်ကိုသာအာရုံစိုက်တတ်သူများဖြစ်သည်။သမိုင်းကြောင်း၌လည်း အောင်နိုင်သူသာဘုရင်ဖြစ်ခဲ့ကာ အရှုံးသမားများက မေ့လျောခံခဲ့ရသည်။သမိုင်းကိုရေးသားနိုင်သူများမှာ အောင်နိုင်သူများဖြစ်ကြ၍ သူအနိုင်ရရန် မည်သည့်နည်းလမ်းမဆို အသုံးပြုကာ ကြိုးပမ်းမည်ဖြစ်သည်။
"နတ်ဆိုးတွေကို အတူတူတိုက်ထုတ်ရတာ မကောင်းလို့လား"
လီယွမ်သည် ယင်ဘုရင်အား အမှန်ပင်နားမလည်နိုင်ခဲ့ပေ။
ဒါမှမဟုတ် နတ်ဆိုးတွေရဲ့ကပ်ဘေးက မပြီးဆုံးနိုင်တော့ဘူးလို့ တွေးလိုက်တာလား...လူတိုင်းက ကိုယ်ပိုင်နယ်မြေသတ်မှတ်ပြီး ဘုရင်အဖြစ်အုပ်ချုပ်ချင်ကြတာလား...လူသားတွေနဲ့နတ်ဆိုးတွေရဲ့ အနာဂတ်ပြည်ထောင်စုကို မင်းကတကယ်ကြီးမျှော်လင့်တောင့်တနေတာလား...
"ကီ...ကီ"
ဝူမေ့သည် လီယွမ်၏အတွင်းစိတ်ထဲမှ ဒေါသကိုခံစားမိလိုက်သည်။
ထို့ကြောင့် ၀က်ဝံနက်နတ်ဆိုးနှင့်မျောက်ဝံနတ်ဆိုးတို့၏ တိုက်ခိုက်မှုများက ချက်ချင်းပြင်းထန်လာခဲ့သည်။ဤသို့ဖြင့် သူတို့သည်ချင်ရှုံးနှင့်တူကြီးတို့အား ခဏလောက်ဖိနှိပ်ထားနိုင်ခဲ့သည်။
လီယွမ်အတွက် ထိုအရာကယာယီအားသာချက်တစ်ခုသာဖြစ်ကြောင်း နားလည်ထားသည်။
ပြိုင်ဘက်သည် နတ်ဆိုးရုပ်အလောင်း၏ တိုက်ခိုက်မှုပုံစံကို ရင်းနှီးလာသောအချိန်တွင် နတ်ဆိုးရုပ်အလောင်း၏ ခြိမ်းခြောက်နိုင်စွမ်းက သိသိသာသာလျော့ကျလာခဲ့သည်။
သို့ဖြစ်ရာ အငယ်တန်းမဟာသခင်ကို သတ်ဖြတ်လိုပါက သူကိုယ့်သူသာ အားကိုးရမှာဖြစ်သည်။
"အံ့ဩစရာကောင်းတဲ့ တိုက်ခိုက်မှုတစ်ခုလုပ်ဆောင်ဖို့အတွက် ငါ့မှာအခွင့်အရေးတစ်ခုပဲရှိတယ်...သူတို့ထဲကတစ်ယောက်ကို အရင်သတ်ပစ်ရမယ်"
လီယွမ်၏မျက်လုံးများက ဧရာမစစ်သည်တော်အပေါ်သို့ ကျရောက်သွားခဲ့သည်။
ထိုကောင်ကြီးသည် အခြားတစ်ယောက်ထက်စာလျှင် ဒေါသပေါက်ကွဲတတ်ကာ သတိပြုမှုအားနည်း၍ တိုက်ခိုက်မှုအောင်မြင်ရန် အခွင့်အလမ်းပိုများပေသည်။
လီယွမ်သည် ပက်ကျိ၏လေဟာနယ်ဖုံးကွယ်ပေးမှုအောက်တွင် အသက်ရှုအောင့်၍ ငြိမ်သက်စွာဖြင့် ချဉ်းကပ်လာခဲ့သည်။ရှောင်ကိုင်သည် လီယွမ်၏ပုခုံးပေါ်၌ရှိနေခဲ့ကာ လီယွမ်၏အတွေးများကို ရိပ်စားမိချိန်၌ သူမ၏ခွန်အားကို တိုးမြင့်လိုက်သည်။
တစ်ချိန်တည်းမှာပင် ဝူမေ့သည် ၀က်ဝံနက်နတ်ဆိုးအလောင်းကို ထိန်းချုပ်ရန်အတွက် အစွမ်းကုန်ကြိုးစားခဲ့သည်။ထို့နောက် ၀က်ဝံနက်အား ၎င်း၏ချို့ယွင်းချက်များကို တမင်ထုတ်ပြစေခဲ့သည်။
"တပ်မှူး၀က်ဝံနက်...မင်းရဲ့ခန္ဓာကိုယ်ကို ငါဖြေရှင်းနိုင်မယ့်နည်းလမ်းတွေ့ပြီ...မင်းရဲ့ဝိညာဉ်ကို ငါကလွတ်မြောက်ခွင့်ပေးမယ်"
တူကြီး၏မျက်လုံးများက တောက်ပလာခဲ့ကာ မှန်ကန်တိကျသော အခွင့်အရေးတစ်ခုကိုရှာတွေ့ခဲ့သည်။ထို့နောက် သူ၏တူ၂ချောင်းကိုဝှေ့ယမ်းလျက် နဂါးသို့မဟုတ် ကျားတစ်ကောင်၏ဟိန်းသံသကဲ့သို့ ခန္ဓာကိုယ်အတွင်းမှ အားအင်ကိုစုဆောင်းကာ ၀က်ဝံနက်အားထုချလိုက်သည်။
ဗုံး...
သူ၏တူနှစ်လက်သည် ၀က်ဝံနက်နတ်ဆိုး၏ခန္ဓာကိုယ်အား သွေးနှင့်အသားအပိုင်းပိုင်းအစစဖြစ်အောင် ဖြတ်တောက်နိုင်မည်ဟုယုံကြည်ခဲ့သည်။
သို့သော်လည်း ထိုအခိုက်အတန့်၌ ၀က်ဝံနက်နတ်ဆိုး၏ခန္ဓာကိုယ်သည် ထူထပ်သောအဖြူရောင်ပင့်ကူပိုးမျှင်များဖြင့် ပြည့်နှက်သွားခဲ့သည်။ထို့နောက် ထိုပင့်ကူပိုးမျှင်များက သူ၏တူနှစ်လက်ကို ချည်နှောင်လိုက်သည်။
တူကြီးသည် အလွန်အားကောင်းသော အကြပ်အတည်းတစ်ခုကို ခံစားလိုက်ရသည်။ထိုခံစားချက်က သူ၏ခြေဖဝါးမှသည် ဦးခေါင်းထိပ်သို့ရောက်သည်ထိ ချက်ချင်းပျံ့နှံ့သွားခဲ့ကာ သူ၏နှလုံးသားကအေးစက်မှုဖြင့် တုန်ယင်သွားခဲ့သည်။
အမှောင်ထဲထုတွင် အနီရောင်နှင့်မြစိမ်းရောင် မီးတောက်၂ခုတို့က တစ်ခုနှင့်တစ်ခုရောယှက်၍ ပေါ်ထွက်လာခဲ့သည်။
"ဗုံး..."
တူကြီးသည် အလျင်အမြန်တုံ့ပြန်ခဲ့ကာ သူ၏ပါးစပ်ကိုဖွင့်၍ လေစက်ဝိုင်းများကိုမှုတ်ထုတ်ကာ မီးတောက်အားငြိမ်းသတ်ရန်ကြိုးစားခဲ့သော်လည်း သူ၏ကြိုးစားမှုများက အချည်းနှီးသာဖြစ်ခဲ့ရသည်။
အရောင်နှစ်လွှာမီးတောက်သည် မငြိမ်းသတ်နိုင်သော ရောဂါတစ်ခုသဖွယ် သူ၏လက်မောင်းပေါ်သို့ ကျရောက်သွားခဲ့သည်။
"အား..."
အော်ဟစ်သံက ဝါးတောတခွင် ချက်ချင်းပဲ့တင်ထပ်သွားခဲ့သည်။
လီယွမ်သည် ပုန်းအောင်းနေရာမှထွက်လာပြီး တိုက်ခိုက်မှုများအား တစ်ခုပြီးတစ်ခုထုတ်ဖော်ခဲ့သည်။သူသည် ဧရာမဝိညာဉ်ဂူကောင်အား အသက်သွင်းလိုက်ချိန်တွင် သူ၏ကြွက်သားများက ဖောင်းကြွလာကာ ဆံပင်များက အဆုံးစွန်ထိထောင်တက်သွားခဲ့သည်။ထို့ပြင် အားကောင်းသောသွေးချီစွမ်းအင်က သူ၏ခန္ဓာကိုယ်အားလွှမ်းခြုံထားကာ အ၀တ်အစားများကို ဆုတ်ဖြဲသွားစေခဲ့သည်။
ကြိုတင်သတိပေးထားခြင်းမရှိဘဲ ရောက်ရှိလာသောလက်သီးချက်က တူကြီး၏ရင်ဘတ်ထဲသို့ မြစ်တစ်စင်းသဖွယ် အတားအဆီးမရှိ ထိုးဖောက်သွားခဲ့သည်။
ဘန်း...
လေးလံသောဧရာမတူနှစ်လက်သည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ရသည်။
လီယွမ် စတင်တိုက်ခိုက်ချိန်မှစ၍ ဒင်းတိရှန်သတ်ဖြတ်ခံရသောအချိန်ထိ ရုတ်ချည်းဖြစ်ပျက်သွားခြင်းဖြစ်သည်။ချင်ရှုးသည် ထိုအဖြစ်အပျက်အား သတိထားမိချိန်တွင် ဆဌမအဆင့်မျောက်ဝံရုပ်သေးက သူ့အားပိတ်ဆို့ထား၍ ကယ်တင်ရန်အချိန်နှောင်းသွားပြီဖြစ်သည်။
"တူကြီး..."
ချင်ရှုး၏မျက်နှာက ချက်ချင်းပင်ဖြူဖျော့သွားခဲ့သည်။
"ဒီတစ်ခေါက် မင်းအလှည့်ဘဲ"
လီယွမ်၏မျက်လုံးများက အေးစက်သွားခဲ့သည်။
ချင်ရှုးက သူသည်အန္တာရယ်တောထဲ ကျရောက်နေကြောင်း သိရှိလိုက်သော်လည်း မရယ်မောဘဲ မနေနိုင်ခဲ့ပေ။
"ဟားဟား...တကယ်တော့ ဒီနေရာမှာ ဆဌမအဆင့်ဂူသခင်နှစ်ယောက်တောင်ရှိနေတာပဲ...ယိုဘုရင်က မင်းတို့ရဲ့အစီအစဉ်ကို မခန့်မှန်းနိုင်ခဲ့ဘူးထင်ပါတယ်"
"နှစ်ယောက်..."
လီယွမ်သည် အနည်းငယ်အံ့အားသင့်သွားသော်လည်း ခဏအကြာတွင် နားလည်သွားခဲ့သည်။
တစ်ဖက်သား၏အမြင်တွင် အမှောင်ထဲ၌ပုန်းအောင်း၍ နတ်ဆိုးအလောင်းများအား ထိန်းချုပ်နေသည့် အခြားဂူသခင်တစ်ယောက်ရှိနေသေးသည်ဟု ထင်မြင်နေခြင်းဖြစ်သည်။
"မင်းထင်တာမှန်ပေမဲ့ မင်းသေရတော့မှာဘဲ"
လီယွမ်က ခေါင်းညိတ်ပြလိုက်သည်။ရန်သူအပေါ် စိတ်ဖိအားများတိုးလာစေခြင်းက သူ့အားသတ်ဖြတ်ရန်အတွက် ပိုမိုလွယ်ကူစေမည်ဖြစ်သည်။
သူတို့နှစ်ယောက်သည် အချင်းချင်း၁၀ကြိမ်ထက်မနည်း ထိပ်တိုက်ရင်ဆိုင်ခဲ့ကြသည်။
ထို့နောက် ချင်ရှူး၏ခန္ဓာကိုယ်သည် ပေါက်ကွဲသံနှင့်အတူ မြေပြင်ပေါ်သို့ပြုတ်ကျသွားခဲ့ကာ သူ၏ခေါင်းကိုလည်း မျောက်ဝံကအစိတ်စိတ်အမွှာမွှာဖြစ်အောင် တက်နင်းလိုက်သည်။
"ဟူး..."
လီယွမ်က သက်ပြင်းတစ်ချက်ချလိုက်မိသည်။
ဆဌမတန်းအဆင့် အငယ်တန်းမဟာသခင်က တကယ်အစွမ်းထက်တာပဲ...ငါသာမြေပြင်အနေအထားနဲ့ အခွင့်အရေးကိုအသုံးချပြီး အံ့အားသင့်ဖို့ကောင်းတဲ့ တိုက်ခိုက်မှုတွေကို အရင်ဆုံး မလုပ်ဆောင်နိုင်ခဲ့ဘူးဆိုရင် ဒီနေ့တိုက်ပွဲက အရမ်းကိုပြင်းထန်သွားလိမ့်မယ်...
…
ပင်မတောင်ထိပ်၌...
ဖေးလော့ချင်သည် ဂျင်ဆင်းကလေးငယ်ဂူကောင်အားထိန်းချုပ်၍ ယိုဘုရင်၏တပ်မှူးဖြစ်သူနှင့် အပြင်းအထန်တိုက်ခိုက်နေခဲ့သည်။
အရပ်၁၀ပေကျော်မြင့်သော ဂျင်ဆင်းကလေးငယ်ဂူကောင်သည် သစ်ပင်များ၏စွမ်းအားကို အဆက်မပြတ်စုပ်ယူကာ ဖေးလော့ချင်ကိုအားဖြည့်ပေးနေ၍ မဟာသခင်အဆင့်သို့ခြေလှမ်းဝက်သာလိုတော့သော တပ်မှူးအားရင်ဆိုင်နိုင်စွမ်းရှိနေခဲ့သည်။
"ဒီလိပ်ခွံက တော်တော်ခွဲရခက်တာပဲ...ဒင်းတိရှန်နဲ့ချင်ရှုံးတို့က ခုထိပြန်မလာသေးဘူးလား...သူတို့ကအရေးမပါတဲ့တောင်ထိပ်တွေကို ရှင်းလင်းဖို့ အချိန်အများကြီးယူနေတာပဲ"
အချိန်အတော်ကြာတိုက်ခိုက်ပြီးနောက် ယိုဘုရင်၏တပ်မှူးဖြစ်သူ ကျောက်ထျန်းက အနည်းငယ်စိတ်မရှည်ဖြစ်လာခဲ့သည်။
အဆုံးသတ်တွင် ဤနေရာက ကျိုးကုန်းဂူအသိုက်၏ ပင်မအတွင်းစည်းနေရာမှ အစွန်အဖျားဂူနန်းတစ်ခုဖြစ်သည်။သူတို့သာ အချိန်အကြာကြီးနှောင့်နှေးသွားပါက အမှားအယွင်းဖြစ်လာနိုင်သည်။
"သူတို့က ခက်ခဲတဲ့ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်နေရတာလား"
လက်အောက်ငယ်သားက ခန့်မှန်းကြည့်လိုက်သည်။
"မင်းကဦးနှောက်တစ်ခန်းလွတ်နေတာလား...သူတို့ကဆဌမအဆင့်ဂူသခင်နဲ့ရင်ဆိုင်နေရရင်တောင် သူတို့ရဲ့ခွန်အားနဲ့ထိန်းထားနိုင်ရမယ်...အမှတ်၁၂ဂူနန်းလိုနေရာမျိုးက စွမ်းအားကြီးအဖွဲ့ဝင်တွေအများကြီး ရှိနေနိုင်ပါမလား"
ကျောက်ထျန်းကမျက်မှောင်ကြုတ်ကာ အော်ဟစ်လိုက်သည်။
"အစီရင်ခံပါတယ်..."
ထိုအချိန်တွင် တပ်သားတစ်ဦးက အလန့်တကြားပြေး၀င်လာခဲ့သည်။
"စစ်သူကြီးကျောက်...အခြေအနေမကောင်းတော့ဘူး...ဗိုလ်ကြီးချင်နဲ့ဒင်းတို့နှစ်ယောက်လုံး တိုက်ပွဲမှာကျရှုံးသွားခဲ့ပါပြီ"
"ဒါကဘယ်လိုဖြစ်နိုင်မှာလဲ...ဘာတွေဖြစ်သွားတာလဲ"
ကျောက်ထျန်း၏မျက်နှာအမူအရာက သိသိသာသာပြောင်းလဲသွားခဲ့သည်။
"ဝါးရုံတောလေးရှိတဲ့တောင်ထိပ်ကို ရှင်းလင်းတဲ့နေရာမှာ သူတို့အတားအဆီးနဲ့ကြုံခဲ့ရတယ်...တောင်တက်အဖွဲ့ကိုဦးဆောင်တဲ့ အလံကိုင်အရာရှိငယ်က အဆိပ်ပြင်းဂူကောင်တွေရဲ့ ဝိုင်း၀န်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ရတယ်"
"ဒါကြောင့် သူတို့ကဗိုလ်ကြီးချင်နဲ့ဗိုလ်ကြီးဒင်းကို အကူအညီတောင်းပြီး ဝါးရုံတောလေးကို အတူတူသွားခဲ့ကြတယ်"
"မကြာသေးခင်က တိုက်ပွဲဖြစ်သံတွေငြိမ်သွားပေမဲ့ ဗိုလ်ကြီး၂ယောက်က ခုထိတောင်ပေါ်ကဆင်းမလာသေးဘူး...သူတို့တွေရန်သူလက်ချက်ကြောင့် သေသွားပြီလို့ ငါထင်တယ်"
တပ်သားဖြစ်သူက အကြောင်းစုံကိုရှင်းပြလိုက်သည်။
"ထောက်လှမ်းရေးကွန်ယက်က တကယ့်အမှားကြီးပဲ...အမှတ်၁၂ဂူနန်းမှာ ပုန်းအောင်းနေတဲ့ဆဌမအဆင့်ဂူသခင် အနည်းဆုံး၂ယောက်ရှိနေရမယ်...သူတို့ကငါတို့ရဲ့ပင်မအင်အားကို ထိန်းချုပ်ထားပြီးတော့ တစ်ယောက်ပြီးတစ်ယောက်အနိုင်ယူဖို့ စီစဉ်နေတာပဲ"
ကျောက်ထျန်း၏အမူအရာက အလွန်ပင်ပျက်ယွင်းသွားခဲ့သည်။
"ငါတို့ကြားထဲ သစ္စာဖောက်တစ်ယောက်တော့ရှိနေပြီ..."
"နန်းတော်ကိုးခုဂူအသိုက်က ငါတို့ရဲ့ထောက်လှမ်းရေးကွန်ယက်ကို ဖောက်၀င်နေတာကြာလောက်ပြီ...ခုလည်းငါတို့ထောင်ချောက်ထဲရောက်အောင် တမင်အချိန်ဆွဲနေတာပဲ...အကုန်လုံးနောက်ဆုတ်ကြ"
ကျောက်ထျန်းသည် အလွန်ထိတ်လန့်သွားကာ ဆက်လက်တိုက်ခိုက်လိုစိတ်မရှိတော့ဘဲ ချက်ချင်းဆုတ်ခွာရန် ရွေးချယ်ခဲ့သည်။
ထိုအချိန်တွင် ဖေးလော့ချင်၏မျက်လုံးများက အရောင်တောက်လာခဲ့သည်။
"အမှတ်၁၂ဂူနန်းက မင်းဆန္ဒရှိတဲ့အချိန်တိုင်း လာနိုင်ထွက်နိုင်တဲ့နေရာမဟုတ်ဘူး"
လီယွမ်သည် ဤကိစ္စများ၏လက်သည်တရားခံဖြစ်ကြောင်း သူခန့်မှန်းနိုင်ခဲ့သည်။
"ညီလေး...ညီလေး...မင်းဘယ်လောက်ထိဖုံးကွယ်ထားတာလဲ"
"ဆဌမအဆင့် အငယ်တန်းမဟာသခင်၂ယောက်ကို မင်းကခြုံခိုတိုက်ခိုက်ပြီး သတ်ဖြတ်လိုက်တာလား"
အမှတ်၁၂ဂူနန်းရှိ အခြားသောဂူသခင်များကလည်း အံ့ဩသွားခဲ့ကြသည်။ဤနေရာတွင် ဖေးလော့ချင်မှလွဲ၍ အငယ်တန်းမဟာသခင်၂ယောက်ကို လွယ်လွယ်ကူကူသတ်ဖြတ်နိုင်သည့် အစွမ်းထက်ဂူသခင်သည် မည်သူရှိမည်နည်း။
နန်းတော်ကိုးခုရဲ့အတွင်းစည်းက ကြိုတင်စီစဉ်ထားခဲ့တာလား...
ထိုသို့တွေးမိပြီးနောက် အမှတ်၁၂ဂူနန်းမှလူများ၏စိတ်အခြေအနေက မြင့်တက်လာခဲ့သည်။
"သတ်..."
ဖေးလော့ချင်၏ဦးဆောင်မှုအောက်၌ ဂူသခင်များ၏ တန်ပြန်တိုက်ခိုက်မှုက အားကောင်းစွာထွက်ပေါ်လာခဲ့သည်။
ဂျင်ဆင်းကလေးငယ်ဂူကောင်၏ တိုက်ခိုက်နိုင်စွမ်းသည် မလုံလောက်သော်လည်း သူ၏ခုခံနိုင်စွမ်းနှင့်ကာကွယ်မှုစွမ်းရည်က ပထမတန်းစားဖြစ်သည်။
"ကောင်းကင်နဲ့မြေကြီးမှာရှိတဲ့ အပင်တွေအားလုံးက ငါ့ကိုကောင်းချီးပေးနေတယ်...နေနဲ့လရဲ့အနှစ်သာရတွေက ငါ့ရဲ့ခန္ဓာကိုယ်ထဲကို စိမ့်၀င်နေတယ်"
အရပ်ရပ်တွင်ရှိနေသော သစ်ပင်ပန်းမာန်များနှင့် အသီးအရွက်များမှစွမ်းအင်များသည် ဂျင်ဆင်းကလေးငယ်ဂူကောင်ထဲသို့ အဆက်မပြတ်စိမ့်၀င်လာခဲ့ကာ စိမ်းမြသောသစ်ပင်တစ်ခုသဖွယ် ပြောင်းလဲသွားခဲ့သည်။ထို့နောက် ဧရာမဂျင်ဆင်းကြီးသည် တောင်ပေါ်လမ်းအား တိုက်ရိုက်ပိတ်ဆို့လိုက်ကာ လမ်းသေးသေးလေးတစ်ခုသာ ချန်ရစ်ခဲ့သည်။
ထိုမြင်ကွင်းက ယိုဘုရင်တပ်ဖွဲ့၏တိုက်ခိုက်လိုစိတ်ကို ဆုံးရှုံးသွားစေခဲ့သည်။သူတို့သည် ဂူသခင်များ၏တန်ပြန်တိုက်ခိုက်မှုမှ ဖိအားများစွာကိုခံစားနေကြရသည်။
"ဗိုလ်ကြီးလျူ...မင်းညီအစ်ကိုတွေကိုဦးဆောင်ပြီးဆုတ်ခွာတော့...ငါမင်းတို့ကိုကာကွယ်ပေးထားမယ်"
ကျောက်ထျန်းသည် ဖေးလော့ချင်အား တားဆီးနေလိုက်သည်။
သို့သော်သူမသိသည်မှာ ထိုအချိန်၌ ပင်မတောင်ထိပ်၏အောက်ခြေသို့ လီယွမ်အမည်ရသော ဂူသခင်တစ်ယောက်က တိတ်တဆိတ်ချဉ်းကပ်လာနေခြင်းဖြစ်သည်။
…
Thank For Reading.