← Chapters

တပည့်တစ်ယောက်ဖြစ်လာခြင်းနှင့် လမ်းညွန်ချက်ခံယူခြင်း

Vol. 3 Ch. 35

တပည့်တစ်ယောက်ဖြစ်လာခြင်းနှင့် လမ်းညွန်ချက်ခံယူခြင်း

Vol. 3 Ch. 35

"ဝူမေ့..."

လီယွမ်က တိုးတိုးလေးအော်ခေါ်လိုက်သည်။

"ခွီ...ခွီ"

ပင့်ကူဘုရင်မဂူကောင်သည် အလွန်ပျော်ရွှင်နေပုံရပြီး လီယွမ်၏လက်မောင်းကို ထပ်ခါထပ်ခါပွတ်သပ်နေခဲ့သည်။

"ရွှီ...ရွှီ..."

ထိုမြင်ကွင်းကိုကြည့်နေသော ရှောင်ကိုင်ကအနည်းငယ်မနာလိုဖြစ်သွားကာ သူမကိုယ်တိုင်ကလည်း လီယွမ်၏လက်မောင်းတစ်ဖက်အား ပွတ်သပ်လိုက်သည်။

"ဟင်း...ငါ့ဘ၀လေးကတော့ တစ်သက်လုံးပျံသန်းနေတဲ့အင်းဆက်တွေ၊သားရဲတွေနဲ့ပဲ တစ်သက်လုံးဖြတ်သန်းရတော့မယ်ထင်ပါတယ်"

ပင်မဂူကောင်နှင့်ဂူသခင်အကြား သံယောဇဉ်သည် ဆွေမျိုးသားချင်းများနှင့်ပင် နှိုင်းယှဉ်၍ရပေသည်။ပြင်ပလူများအတွက် ဂူကောင်သည် ကြောက်စရာကောင်းသောအရာတစ်ခုဖြစ်သော်လည်း ဂူသခင်တစ်ယောက်၏နှလုံးသားထဲ၌မူ ပင်မဂူကောင်သည် သူ့အတွက်အရင်းနှီးဆုံးသောအဖော်မွန်ဖြစ်ပေသည်။

လီယွမ်အတွက်မူ ပင်မဂူကောင်များနှင့်ရင်းနှီးမှုက မည်သည့်ဂူသခင်ထက်မဆို သာလွန်ပေသည်။

…

၇ရက်ကြာပြီးနောက်...

ယုဟွမ်းချွမ်သည် ဝါးရုံတောလေးအား တဖန်ဖြတ်ကျော်လာခဲ့သည်။ယခုတစ်ကြိမ်တွင် ဖေးလော့ချင်ကနောက်မှပါမလာဘဲ သူတစ်ယောက်သာ ရောက်လာခဲ့သည်။

"လီယွမ်...ငါတို့ပြန်တွေ့ကြပြန်ပြီ"

ယုဟွမ်းချွမ်က လီယွမ်အားစိုက်ကြည့်ကာ နှုတ်ဆက်လိုက်သည်။

"အကြီးအကဲကို နှုတ်ဆက်ပါတယ်"

လီယွမ်က ဦးညွတ်၍ပြောလိုက်သည်။

"မင်းရဲ့ ပင်မဂူကောင်ဖြစ်တဲ့ ချီနဲ့သွေးဂူကောင်က တိုးတက်သွားပြီလား"

လီယွမ်၏သွေးချီစွမ်းအင်များသည် သူနှင့်နောက်ဆုံးအကြိမ်တွေ့ဆုံတုံးကထက် အဆပေါင်းများစွာ ပိုမိုအားကောင်းနေကြောင်း ယုဟွမ်းချွမ်က တစ်ချက်ကြည့်ရုံဖြင့် သိရှိလိုက်သည်။လီယွမ်၏သွေးချီစွမ်းအားသည် အဆင့်တူစစ်သည်တော်များမဆိုနှင့် နတ်ဆိုးများပင် ယှဉ်နိုင်မည်မဟုတ်ပေ။

"အကြီးအကဲရဲ့မှတ်စုတွေက ဒီလီကိုကြီးကြီးမားမားအထောက်အကူပြုနိုင်ခဲ့ပါတယ်...နောက်ဆုံးတော့သွေးနဲ့ချီဂူကောင်ကို ဆင့်ကဲပြောင်းလဲစေနိုင်မယ့် နည်းလမ်းကိုရှာတွေ့နိုင်ခဲ့ပါတယ်"

ထိုအရာသည် မြှောက်ပင့်ပြောဆိုခြင်းမဟုတ်ပေ။ယုဟွမ်းချွမ်၏ ကိုယ်ပိုင်အတွေ့အကြုံက လီယွမ်အားလမ်းလွဲများစွာကို ရှောင်ရှားနိုင်ရန် အကူအညီပေးခဲ့သည်။

ထိုသို့မဟုတ်ပါက ဂူပေါင်းစပ်ခြင်းစနစ်ရှိလျှင်ပင် သူသည်အဖိုးတန်ပစ္စည်းအများအပြားကိုဖြုန်းတီးပြီးမှသာ ချီနှင့်သွေးဂူကောင်ကို ဆင့်ကဲပြောင်းလဲရန် လမ်းစကိုရှာတွေ့နိုင်မည်ဖြစ်သည်။

"ငါ့ကိုတစ်ချက်ပြလို့ရမလား"

ယုဟွမ်းချွမ်က အရောင်တောက်နေသောမျက်လုံးများဖြင့် မေးလိုက်သည်။

လီယွမ်သည် သု၏လက်ကိုဆန့်ထုတ်လိုက်ရာ ဧရာမဝိညာဉ်ဂူကောင်က သူ၏အ၀တ်အစားအောက်မှ တွားထွက်လာခဲ့သည်။

လက်ဝါးအရွယ်ခန့်ရှိသော အနီရင့်ရောင်ချွန်ထက်ထက်ဂူကောင်ကိုကြည့်ရင်း ယုဟွမ်းချွမ်က အလွန်ပင်အံ့ဩသွားခဲ့ရသည်။

"ဒါက ဧရာမဝိညာဉ်ဂူကောင်မဟုတ်ဘူးလား..."

"ဒါ...ဒါ"

ယုဟွမ်းချွမ်သည် အလွန်ပင်ထိတ်လန့်သွားခဲ့ကာ သူ၏တည်ငြိမ်သောသွင်ပြင်အား ထပ်မံမထိန်းချုပ်နိုင်တော့ပေ။

"ဧရာမဝိညာဉ်ဂူကောင်...မင်းကတကယ်ကြီး ဧရာမဝိညာဉ်ဂူကောင်ကို ရသွားတာလား"

"ဒါကို ဧရာမဝိညာဉ်ဂူကောင်လို့ခေါ်တာလား..."

ယုဟွမ်းချွမ်သည် န၀မနန်းတော်၏မဟာအကြီးအကဲဖြစ်ထိုက်ကြောင်း လီယွမ်နားလည်လိုက်သည်။ထိုလူသည် အသိပညာကြွယ်၀ကာ ရှားပါးလှသည့်ဧရာမဝိညာဉ်ဂူကိုပင် သိရှိနေပေသည်။

"မယုံနိုင်စရာပဲ လီယွမ်ရေ...ဧရာမဝိညာဉ်ဂူကောင်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီကတည်းက မျိုးသုဉ်းသွားခဲ့တာလေ...မင်းကဒါကိုပြုစုပျိုးထောင်နိုင်လိမ့်မယ်လို့ ငါဘယ်တုံးကမှမထင်ခဲ့မိဘူး...မင်းကဂူတာအိုမှာ စစ်မှန်တဲ့ပါရမီရှင်တစ်ယောက်ပဲ"

ယုဟွမ်းချွမ်က လီယွမ်အား ရက်ရက်ရောရောပင် ချီးကျူးခဲ့သည်။

"အကြီးအကဲက တအားချီးကျူးလွန်းနေပါပြီ...ဒီလီက ကံကောင်းပြီးတော့ အောင်မြင်မှုလေးတစ်ခုရခဲ့တာလောက်ပါဘဲ"

လီယွမ်က ခပ်ပြုံးပြုံးလေးပြန်ပြောလိုက်သည်။

"ငါနောက်ဆုံးအကြိမ်တုံးက မင်းကိုကတိတစ်ခုပေးခဲ့တယ်လေ...မင်းရဲ့ပင်မဂူကောင်ကိုသာ ဆင့်ကဲပြောင်းလဲအောင်လုပ်ဆောင်နိုင်မယ်ဆိုရင် ငါ့ရဲ့တပည့်အဖြစ်လက်ခံပေးမယ်ဆိုတာ ခုငါရောက်လာတာအဲကိစ္စပဲ"

ယုဟွမ်းချွမ်သည် စိတ်လှုပ်ရှားနေသော်လည်း တည်ငြိမ်ဟန်ဆောင်လိုက်သည်။

"လီယွမ်...မင်းငါ့ကိုဆရာအဖြစ်သတ်မှတ်ဖို့ ဆန္ဒရှိလား"

“…”

လီယွမ်က ချက်ချင်းအဖြေပြန်မပေးခဲ့ပေ။

ထိုကိစ္စနှင့်ပတ်သက်၍ ယုဟွမ်းချွမ်က ဒေါသမထွက်ခဲ့ပေ။ယခုလိုပါရမီရှင်မျိုးက ထိုသို့လုပ်ဆောင်ရန် အရည်အချင်းပြည့်မှီပေသည်။

"အကြီးအကဲကိုတစ်ခုလောက်မေးပါရစေ...န၀မနန်းတော်အတွင်းစည်းထဲမှာ စန်းဂူမျှော်စင်ရှိလား"

လီယွမ်ကမေးမြန်းလိုက်သည်။

"မရှိဘူး...န၀မနန်းတော်အတွင်းစည်းမှာ အကြွင်းအကျန်ဂူကောင်တွေမရှိသလောက်ပဲ...အကြွင်းအကျန်ဂူကောင်တွေအားလုံးက သက်ဆိုင်ရာဂူသခင်တွေလက်အောက်မှာပဲရှိကြတယ်"

ယုဟွမ်းချွမ်က ခေါင်းခါလိုက်သည်။

သူတို့ရဲ့လက်ထဲမှာ အဆင့်မြင့်ဂူကောင်တွေရဲ့ အကြွင်းအကျန်တွေတောင်မှ ရှိနေနိုင်တယ်...

လီယွမ်သည် ထိုစကားကိုကြားချိန်၌ တိတ်ဆိတ်သွားခဲ့သည်။

န၀မနန်းတော်၌ စန်းဂူမျှော်စင်ရှိနေပါက သူသည်ထိုနေရာသို့ ချက်ချင်းရွေ့ပြောင်းနိုင်သည်။

ထိုသို့မဟုတ်ပါက သူသည်ဤမျှကြီးမားသောအန္တာရယ်ကို မရယူလိုပေ။န၀မနန်းတော်၌ အကြီးအကဲများစွာရှိပြီး သူသာထိုနေရာသို့သွားရောက်၍ များပြားလှသောအဆင့်မြင့်ဂူကောင်များ၏ အကြွင်းအကျန်များကို ရယူလိုသည်ဆိုလျှင် တစ်နေ့မဟုတ်တစ်နေ့ သေဆုံးသွားနိုင်ခြေ အလွန်များနေခဲ့သည်။

သို့ဖြစ်ရာ အမှတ်၁၂ဂူနန်းက သူ့အတွက်ပိုမိုသင့်တော်ပေသည်။

"မင်းကစန်းဂူမျှော်စင်မှာဘဲ နေရတာကိုသဘောကျတာလား"

ယုဟွမ်းချွမ်က အံ့ဩသွားခဲ့သည်။

"အမှန်ပဲ...ငါကအကြွင်းအကျန်ဂူကောင်တွေကို ပြန်လည်ပေါင်းစပ်ရတာ သဘောကျတယ်"

လီယွမ်က လေးလေးနက်နက်ပြန်ဖြေလိုက်သည်။

ယုဟွမ်းချွမ်က အပြုံးမပျက်သွားပေ။

"ဂူကောင်တွေကိုသဘောကျတယ်ဆိုရင် န၀မနန်းတော်ရဲ့ ဂူကောင်မွေးမြူရေးခြံကို သွားလို့အဆင်မပြေဘူးလား"

လီယွမ်က ခေါင်းခါပြလိုက်သည်။

"ဂူကောင်မွေးမြူရေးခြံသည် ဂူအသိုက်၏တင်းကျပ်သော ထိန်းချုပ်မှုအောက်၌ရှိနေပေသည်။အကယ်၍သူသည် ဂူကောင်များကို အရူးအမူးပေါင်းစပ်နေမည်ဆိုပါက သူ၏လိုအပ်ချက်ကိုပြီးမြောက်အောင်မြင်နိင်မည်မဟုတ်သလို စန်းဂူမျှော်စင်မှာကဲ့သို့ လွတ်လွတ်လပ်လပ်လုပ်ဆောင်ခွင့်ရမည်မဟုတ်ပေ။"

"ငါ့အတွက် အကြွင်းအကျန်ဂူကောင်တွေကို ပြုစုပျိုးထောင်ရတာ ပိုပြီးသဘောကျတယ်...အကြွင်းအကျန်ဂူကောင်တွေရဲ့ချို့ယွင်းချက်က ဂူတာအိုရဲ့အစစ်အမှန်အဓိပ္ပာယ်ကို ပိုမိုနားလည်စေနိုင်တယ်"

လီယွမ်က အဖြေတစ်ခုပြန်ပေးလိုက်သည်။

"ရည်မှန်းချက်ကြီးပြီး သတ္တိကောင်းတယ်"

ယုဟွမ်းချွမ်က လီယွမ်အားပို၍သဘောကျသွားခဲ့သည်။

"ငါ့ရဲ့တပည့်ဖြစ်လာလိုက်ပါ...မင်းကဒီမှာပဲဆက်နေပြီးတော့ ငါ့တပည့်တွေလိုပဲ အကျိုးကျေးဇူးအပြည့်အ၀ရရှိရမယ်"

"မင်းလိုပဲ ငါကိုယ်တိုင်ကနိမ့်ကျတဲ့အခြေအနေကနေ ဒီအခြေအနေထိရောက်လာတာပဲ...မင်းလိုပါရမီရှင်တစ်ယောက်က အပြင်ဘက်ဂူနန်း၇၂ခုကနေ ပေါ်ထွက်လာတယ်ဆိုတာ တကယ်ရှားပါးပါတယ်"

"မင်းကိုကြည့်ရတာ အရင်ကငါ့ကိုပြန်မြင်နေရသလိုပဲ...ဒါပေမဲ့ မင်းက ငါငယ်ငယ်တုံးကထက် ပိုပြီးအလားအလာရှိသလို ဂူတာအိုရဲ့အထွတ်အထိပ်ကို ရောက်ရှိနိုင်ခြေရှိတယ်...မင်းကိုလမ်းလွဲပြီးတော့ အချိန်တွေကုန်နေမှာ ငါမလိုလားဘူး"

ယုဟွမ်းချွမ်က နှလုံးသားထဲမှလာသောစကားများကို ပြောလိုက်သည်။

လီယွမ်က ထိုအကြောင်းကို လေးလေးနက်နက်တွေးတောနေခဲ့သည်။သူသည် ယုဟွမ်းချွမ်၏စကားများမှတဆင့် သူ၏ရိုးသားမှုကိုခံစားမိပေသည်။ယုဟွမ်းချွမ်၏စကားများက မှားယွင်းခြင်းမရှိသော်လည်း သူကအကောင်းနှင့်အဆိုးကို ချိန်ဆရန်လိုအပ်ပေသည်။

"လီယွမ်...ငါပြောတဲ့စကားတွေကကြမ်းတမ်းတယ်ဆိုပေမဲ့ မင်းကိုအမှန်တရားတွေကို အကုန်အစင်ပြောပြလိုက်မယ်...မင်းသာဂူတာအိုရဲ့အထွတ်အထိပ်ကိုလျှောက်လမ်းချင်တယ်ဆိုရင် န၀မနန်းတော်ရဲ့အတွင်းစည်းကို ရောက်ဖို့လိုအပ်တယ်"

"နောက်ဆုံးမှာ ငါနဲ့ပူးပေါင်းပြီးတော့ ငါ့ရဲ့ကိုယ်ပိုင်တပည့်တစ်ယောက်ဖြစ်လာခဲ့လို့ရှိရင် မင်းလိုချင်တာမှန်သမျှ ငါကတိပေးနိုင်တယ်...မင်းရဲ့လွတ်လပ်ခွင့်ကို ငါအနှောင့်အယှက်ပေးမှာမဟုတ်ဘူး"

လီယွမ်ကိုယ်တိုင်ကလည်း သူ့ထံတွင်နောက်ခံတစ်ခုလိုအပ်ကြောင်း နားလည်ထားပေသည်။ယုဟွမ်းချွမ်၏တပည့်တစ်ယောက်ဖြစ်လာခြင်းကလည်း ကောင်းမွန်သောရွေးချယ်မှုမဟုတ်ပေ။

ယုဟွမ်းချွမ်က ထိုအကြောင်းကိုဆက်မပြောတော့ဘဲ လီယွမ်အားသေချာရွေးချယ်ခွင့်ပေးလိုက်သည်။

အချိန်အတော်ကြာပြီးနောက် လီယွမ်သည်လက်ဖက်ရည်အိုးကိုယူဆောင်လာကာ ခွက်တစ်ခုထဲသို့ လက်ဖက်ရည်အားငှဲ့၍ ယုဟွမ်းချွမ်အား ကမ်းလှမ်းလိုက်သည်။

"ဆရာ...လက်ဖက်ရည်သောက်ပါ"

"ဟားဟားဟား...ကောင်းတယ်...အရမ်းကောင်းတယ်ငါ့တပည့်...အရမ်းကောင်းတယ်"

ယုဟွမ်းချွမ်၏တင်းမာသောအမူအရာက အဆုံးသတ်၌ ပြေလျော့သွားခဲ့သည်။

ထိုအရာသည် နှလုံးသားထဲမှလာသော ‌ပျော်ရွှင်မှုအစစ်အမှန်ဖြစ်သည်။

"နောက်ဆုံးတော့တစ်ယောက်ယောက်က င့ါရဲ့အမွေနဲ့လမ်းကြောင်းကိုဆက်ခံနိုင်ပြီပေါ့"

ယုဟွမ်းချွမ်က ကောင်းကင်ကိုမော့ကြည့်လိုက်ကာ သက်ပြင်းချမိလိုက်သည်။

"ဆရာက ဂူတာအိုရဲ့အထွတ်အထိပ်နဲ့နီးကပ်နေပါပြီ...ဆရာကအချိန်မရွေးပိတ်ဆို့မှုကိုဖြတ်ကျော်ပြီး အထွတ်အထိပ်ကိုရောက်သွားနိုင်တယ်"

လီယွမ်က ပြုံးပြုံးလေးပြောလိုက်သည်။

"မဟုတ်သေးဘူး..."

ယုဟွမ်းချွမ်က ခေါင်းခါပြလိုက်သည်။

"ငါကလမ်းလွဲကိုလျှောက်တာအရမ်းများသွားပြီး အထွတ်အထိပ်ကိုမရောက်ရှိနိုင်တော့ဘူး...ဒါကြောင့်လည်းမင်းကိုတပည့်အဖြစ်လက်ခံဖို့ ငါစိတ်အားထက်သန်နေတာပဲ"

"မင်းကအထွတ်အထိပ်ကိုရောက်ဖို့ လမ်းတ၀က်လောက်မှာ သာယာမှုတွေကိုခံစားဖို့ လမ်းလွဲသွားမှာ ငါစိုးရိမ်မိတယ်"

"မိုင်တစ်ရာခရီးလမ်းက ခြေတစ်လှမ်းနဲ့ပဲအစပြုရတယ်...လီယွမ် မင်းကအပြင်စည်းဂူနန်း၇၂ခုရဲ့ အထင်ကြီးစရာကောင်းတဲ့ကျွမ်းကျင်သူတစ်ယောက်ဆိုမမှားဘူး...ဒါပေမဲ့ ဂူသခင်တစ်ယောက်ဖြစ်ဖို့လမ်းက ခုမှစတာပဲ"

ယုဟွမ်းချွမ်က တည်ကြည်လေးနက်သောလေသံဖြင့်ပြောလိုက်သည်။

"ဆရာပြောတာမမှားပါဘူး...တပည့်သိချင်တာက န၀မနန်းတော်ရဲ့အတွင်းစည်းမှာ ဘယ်လိုအကျိုးကျေးဇူးတွေရှိပါသလဲ..."

လီယွမ်က ထိုအရာကိုဂရုစိုက်ပေသည်။

"ရှိတာပေါ့"

ယုဟွမ်းချွမ်က သူ၏လက်ညိုးကိုဆန့်ထုတ်လိုက်သည်။

"တိုက်ရိုက်တပည့်တစ်ယောက်ဖြစ်လာတာက အကျိုးကျေးဇူး၃ခုရှိမယ်...ပထမ ဂိုဏ်းကထောက်ပံ့တွေလစဉ်ထောက်ပံ့ကြေးက အပြင်စည်းထက်များစွာပိုများတယ်"

"ဒုတိယအချက်အနေနဲ့ တိုက်ရိုက်တပည့်တွေအားလုံးက ဂူအင်မော်တယ်လျှို့ဝှက်နယ်မြေထဲ၀င်ရောက်ပြီးတော့ ရတနာတွေကိုရွေးချယ်ဖို့ အခွင့်အရေးရကြတယ်"

"တတိယအချက်နေနဲ့ တိုက်ရိုက်တပည့်တွေဟာ ဂူတာအိုရဲ့အဆင့်မြင့်စိတ်ဝိညာဉ်နည်းစနစ်တွေကို နားလည်တတ်မြောက်ပိုင်ခွင့်ရှိတယ်...အဲ့ဒါတွေကသာမန်ဂူသခင်တွေ လက်လှမ်းမမှီနိုင်တဲ့ အရာတွေဖြစ်တဲ့ ဂူအိမ်သန့်စင်ရေးနည်းလမ်းတွေပဲ"

ယုဟွမ်းချွမ်သည် သူ၏လက်ချောင်းများအား တစ်ချောင်းစီဆန့်တန်းလိုက်သောအချိန်တိုင်းတွင် လီယွမ်၏မျက်လုံးများက တဖြည်းဖြည်းချင်း အရောင်တောက်လာခဲ့သည်။

သူ၏မျက်လုံးများက တိုးတက်မှုအားဆာလောင်ငတ်မွတ်နေပုံရသည်။

အထူးသဖြင့် ဂူအိမ်ဟူသော စကားလုံးကိုကြားလိုက်ရချိန်ဖြစ်သည်။သူသည်ထိုအကြောင်းကို စာအုပ်များစွာ၌ရှာဖွေဖတ်ရှုခဲ့သော်လည်း ယခုအချိန်ထိမသိရှိသေးပေ။

"ဆရာ...ဂူအိမ်ဆိုတာဘာကိုပြောချင်တာလဲ"

…

All Chapters