← Chapters

ပဉ္စမမြောက် ပင်မဂူကောင်

Vol. 3 Ch. 34

ပဉ္စမမြောက် ပင်မဂူကောင်

Vol. 3 Ch. 34

"ဂျူနီယာညီလေး...မင်းကပဉ္စမအဆင့်ဂူသခင်တစ်‌ယောက်ဖြစ်သွားပြီလား..."

ဖေးလော့ချင်က အံ့ဩတကြီးမေးမြန်းလိုက်သည်။

"ဟုတ်တယ် စီနီယာအစ်ကိုဖေး"

လီယွမ်က ဖုံးကွယ်ရန်မကြိုးစားဘဲ ခေါင်းညိတ်ပြလိုက်သည်။

လူတစ်ယောက်၏ အဆင့်ကိုဖုံးကွယ်ထားခြင်းသည် အကျိုးကျေးဇူးမရှိပေ။ထို့ပြင် လူတစ်ယောက်သည် မိမိ၏ကိုယ်ပိုင်အရည်အချင်းကို မှန်ကန်စွာပြသနိုင်မှသာ မိမိကိုယ်ကို ကောင်းစွာကာကွယ်နိုင်မည်ဖြစ်သည်။

သို့သော်လည်း ပင်မဂူကောင်တစ်ကောင်ထက် ပိုင်ဆိုင်ထားခြင်းက ထုတ်မပြောသင့်သည့် လျှို့ဝှက်ချက်ဖြစ်ပေသည်။

"ဟားဟား...ဂျူနီယာညီလေးက ပါရမီရှင်တစ်ယောက်ပဲ...ဆရာကတကယ်အမှားမလုပ်မိပါဘူး"

ဖေးလော့ချင်က ၀မ်းသာအားရပြုံးလိုက်မိသည်။

လီလောချမ်သည်ကား ထိုအကြောင်းကိုသိရှိနေသည်မှာ သေချာ‌လှပေသည်။ထိုသို့မဟုတ်ပါက နတ်ဆိုးများကျူးကျော်နေသည့်အချိန်မျိုးတွင် မင်းသမီးလေးကိုလီယွမ်၏ဘေးနားတွင်ထား၍ နတ်ဆိုးများကိုတိုက်ခိုက်ရန် သူမလုပ်ဝံ့မည်မဟုတ်ပေ။

သို့သော်လည်း...

လီယွမ်၏ခွန်အားက သူမမျှော်လင့်ထားသည်ထက် ပိုမိုကျော်လွန်နေခဲ့သည်။

တိုက်ပွဲအပြီးအ‌ခြေအနေအား စစ်ဆေးကြည့်ရမည်ဆိုပါက ဝါးတောလေးအတွင်းဖြစ်ပွားခဲ့သောတိုက်ပွဲသည် လီယွမ်တစ်ယောက်တည်းက နတ်ဆိုးများအား တစ်ကိုယ်တော်တိုက်ခိုက်၍ ဖိနှိပ်သတ်ဖြတ်ခဲ့ကြောင်း ထင်ရှားပေသည်။

နတ်ဆိုးများအားလုံး သေဆုံးသွားပြီးနောက် လီယွမ်၏အ၀တ်အစားကလည်း အနည်းငယ်သာညစ်ပတ်သွားခဲ့သည်။

သူတို့သည် တူညီသောအဆင့်၌ ရှိမနေခဲ့ပေ။

"အစ်ကိုဖေး...မစ္စလီ ဒီသစ္စာဖောက်စစ်သည်တော်တွေက ဘယ်ကလာတယ်ဆိုတာ သိကြလား"

ထိုကိစ္စသည် လီယွမ်စိုးရိမ်နေသောကိစ္စတစ်ခုဖြစ်သည်။

တစ်စုံတစ်ယောက်သည် တိုက်ပွဲတွင်မပါ၀င်ဘဲ လက်ရှောင်နေသော ကျိုးကုန်းဂူအသိုက်ကို တမင်တကာလာရောက်တိုက်ခိုက်ရခြင်းမှာ ဤပြဿနာတွင် ကျိုးကုန်းဂူအသိုက်ပါ၀င်လာစေရန်အတွက် တွန်းအားပေးခြင်းဖြစ်မည်ဟု လီယွမ်ခန့်မှန်းမိထားပေသည်။

"သဲလွန်စအချို့တော့ရှိတယ်...ဒါပေမဲ့အရမ်းတော့မသေချာဘူး..."

ဖေးလော့ချင်က ခေါင်းခါမိလိုက်သည်။

"န၀မနန်းတော်ရဲ့ အမှတ်၁၆ဂူနန်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတုံးကဆိုရင် န၀မနန်းတော်က ငါတို့ရဲ့အရှင်ကိုသံသယ၀င်ခဲ့တယ်...ဒါကြောင့်ငါတို့အကြားဆက်ဆံရေးက အတိုင်းအတာတစ်ခုထိယိုယွင်းသွားခဲ့တယ်"

လီလောချမ်က ပြောလိုက်သည်။

"စန်းလန်နန်းတော်က ဒီကိစ္စကိုသေချာစုံစမ်းနေတယ်...တရားခံအစစ်အမှန်ကို ဖော်ထုတ်နိုင်ဖို့အတွက် ဒီအခွင့်အရေးကိုအသုံးချနိုင်ဖို့ မျှော်လင့်တယ်"

န၀မနန်းတော်က စန်းလန်နန်းတော်အား သံသယဖြစ်မိသည်မှာ မထူးဆန်းလှပေ။လီယွမ်သည်တောင်မှ သူ့အားသံသယရှိပေသည်။

သူသည် အခြားသူများမတွေးနိုင်သည့် အခြေအနေထိ ကြိုတင်မှန်းဆလေ့ရှိသည်။

စန်းလန်ဘုရင်သည် တောင်ပိုင်းရှင်းကျန်းဒေသရှိ လူများစွာ၏ချစ်ခင်မှုကိုရရှိထားကာ အလွန်ကျော်ကြားလူသိများပေသည်။သို့သော် နောက်ကွယ်၌မည်သို့သောပုဂ္ဂိုလ်မျိုးဖြစ်နေမည်ကို မှန်းဆရန်မလွယ်ကူ‌လှပေ။

အနည်းဆုံးတော့ ဤကိစ္စကိုအဖြေမရှာနိုင်ခင်ထိ သူမည်သူ့ကိုမှ လေးလေးနက်နက်မယုံကြည်ရဲတော့ပေ။

"ငါတို့မကြာခင် အဖြေရလာမှာပါ...လောလောဆယ်တော့ ငါတို့ကိုကူညီပေးခဲ့လို့ အလှမယ်လီကိုကျေးဇူးတင်ပါတယ်...အလှမယ်လီကြောင့်သာမဟုတ်ရင် အမှတ်၁၂ဂူနန်းက အခက်အခဲကြုံရလိမ့်မယ်"

ဖေးလော့ချင်က ဦးညွတ်ကာကျေးဇူးတင်လိုက်သည်။

"ငါက ကိတ်မုန့်ပေါ်ခရင်တင်လိုက်ရုံလောက်ပါဘဲ...အကြီးအကဲဖေးရဲ့ခွန်အားနဲ့ဆိုရင် စစ်ကူတွေမရောက်ခင်ထိ တောင့်ခံထားဖို့က ခဲယဉ်းတဲ့ကိစ္စမဟုတ်ပါဘူး"

လီလောချမ်က ခပ်ဖျော့ဖျော့ပြုံး၍ပြောလိုက်သည်။

ထိုသို့အကဲဖြတ်မှုက လီယွမ်အားအံ့အားသင့်စေခဲ့သည်။

စီနီယာအစ်ကိုဖေးရဲ့စွမ်းအားက သာမန်ဆဌမအဆင့်ဂူသခင်တစ်ယောက်ထက် အများကြီးကျော်လွန်နေပုံရတယ်...လီလောချမ်ကတောင်မှ သူ့ကိုအတော်လေး လေးစားနေပုံရတယ်...

စကားအနည်းငယ်ဆက်ပြောပြီးနောက် လီလောချမ်သည် မင်းသမီးလေးကို နှစ်သိမ့်ရန်ထွက်လာခဲ့သည်။

ဖေးလော့ချင်သည် မြေပြင်၌ပြန့်ကျဲနေသော နတ်ဆိုးအလောင်းများကို တစ်ချက်ကြည့်၍ပြောလိုက်သည်။

"ညီလေး...ဒီနတ်ဆိုးအလောင်းတွေကို ကိုင်တွယ်ဖို့ အကူအညီလိုသေးလား"

"မလိုအပ်ပါဘူး..."

လီယွမ်က ပြုံး၍မေးလိုက်သည်။

"အစ်ကိုဖေး...ဂူကောင်ကိုသန့်စင်ဖို့ နတ်ဆိုးရဲ့အစိတ်အပိုင်းတွေကို သုံးလို့ရတယ်မလား"

"အင်း...ဒါပေမဲ့ မင်းတော်တော်လေးသတိထားရမယ်...နတ်ဆိုးရဲ့စွမ်းအင်က အတော်လေးပြင်းထန်ပြီး ထိန်းချုပ်ဖို့မလွယ်ကူဘူး..."

"ကောင်းပြီ...ငါသတိထားပါမယ်"

လီယွမ်သည် ထိုကိစ္စနှင့်ပတ်သက်၍ စိုးရိမ်ခြင်းမရှိပေ။သူတို့သည် မည်မျှပင်နတ်ဆိုးဆန်ပါစေ အနက်ရောင်အိုးထဲရောက်သည်နှင့် အရာအားလုံးဖြေရှင်းပြီးဖြစ်သည်။

"ဒီကိစ္စကို န၀မနန်းတော်ဆီအကြောင်းကြားရလိမ့်မယ်...အချိန်ကျရင် ဆရာကနောက်တစ်ခေါက်ရောက်လာလိမ့်မယ်...ဆရာကမင်းနဲ့ပတ်သက်လို့ တော်တော်စိတ်ကျေနပ်မှာသေချာတယ်...ဒီတစ်ခါတော့မင်းကို သူ့တပည့်အဖြစ်လက်ခံလိမ့်မယ်"

ဖေးလော့ချင်က ပြုံး၍ပြောလိုက်သည်။

လီယွမ်သည် ဆရာတစ်ယောက်ရရှိလာမည့်ကိစ္စနှင့်ပတ်သက်၍ များစွာစိတ်လှုပ်ရှားခြင်းမရှိပေ။

သို့သော် လုံလောက်သောအကျိုးကျေးဇူးရနေသရွေ့ သူကျေနပ်မိမည်ဖြစ်သည်။

…

ဖေးလော့ချင်နှင့်လီလောချမ်တို့ထွက်ခွာသွားပြီးနောက် လီယွမ်သည် နတ်ဆိုးပေါင်းများစွာ၏အလောင်းများကို စန်းဂူမျှော်စင်ထဲသို့သယ်ဆောင်ရန်အတွက် ပုရွက်ဆိတ်စစ်တပ်အား အမိန့်ပေးခဲ့သည်။

ဖေးလော့ချင်သည် စစ်သည်တော်၏အလောင်းကိုယူဆောင်သွားကာ ပဉ္စမအဆင့်နတ်ဆိုးသားရဲတစ်ကောင်ကို လျော်ကြေးအဖြစ်ပြန်ပေးခဲ့သည်။

"ဂူကောင်ကိုသန့်စင်ဖို့ နတ်ဆိုးတွေရဲ့အလောင်းကို သုံးနိုင်လောက်လား"

လီယွမ်သည် ထိုအဖြေအားသိရရန် မစောင့်နိုင်တော့ပေ။

သူသည် နတ်ဆိုးများ၏အလောင်းကို ကိုင်တွယ်ရန်အတွက် ချွန်ထက်သောဓားကိုအသုံးပြုခဲ့ကာ အသုံးမ၀င်သောအစိတ်အပိုင်းများကို ဖယ်ရှားခဲ့သည်။

(ပေါင်းစပ်မည့်ဂူကောင်များမှာ စတုတ္ထအဆင့် ဂူကောင်၊စတုတ္ထအဆင့်လူသတ်ပျားဂူကောင်၊လေပြင်းကျား၏နတ်ဆိုးနှလုံးသား၊အစိမ်းရောင်သစ်သားဝံပုလွေ၏အစွယ်)

(ပေါင်းစပ်မှုစတင်ခြင်း...)

(သင်သည် ပဉ္စမအဆင့်ဆန်းကြယ်ဂူကောင် ကျားစွယ်ပျားဘုရင်မဂူကောင်ကိုရရှိပါသည်)

(ကျားစွယ်ပျားဘုရင်မဂူကောင် - အလွန်ရန်လိုကြမ်းတမ်းသောဂူကောင်ဖြစ်သည်။ပင်မဂူကောင်အဖြစ်အသုံးပြုပါက ရန်သူအား ကျားဘုရင်၏အော်ရာကိုထုတ်ဖော်စေကာ သားရဲများအားခြိမ်းခြောက်ရာ၌ ကူညီပေးနိုင်သည်။လက်အောက်ခံဂူကောင်အဖြစ် အသုံးပြုမည်ဆိုပါက ကျားစွယ်ဖြင့်ပစ်ခတ်တိုက်ခိုက်နိုင်သည်)

(ပင်မဂူကောင်အဖြစ် သန့်စင်မည်လား...)

ရှားပါးသောဂူကောင်များကို သန့်စင်ရာတွင် နတ်ဆိုးများ၏အလောင်းကို အမှန်တကယ်အသုံးချနိုင်ခြင်းမှာ ကောင်းမွန်သောအရာဖြစ်ပေသည်။

ပေါင်းစပ်မှုတစ်ခုလုပ်ဆောင်ပြီးနောက်တွင် သူသည် ကောင်းမွန်သောအရည်အသွေးရှိသည့် ပဉ္စမအဆင့်ဆန်းကြယ်ဂူကောင်ကို ရရှိခဲ့သည်။

"ဒါပေမဲ့ ပင်မဂူကောင်အဖြစ် အသုံးပြုဖို့မသင့်တော်သေးဘူး"

"အရည်အသွေးညံ့တဲ့ဂူကောင်ထက်စာရင် ဘာမှမသုံးတာပိုကောင်းမယ်"

ထိုသို့သောအတွေးမျိုးဖြင့် လီယွမ်သည် သူသန့်စင်ထားသော ပင်မဂူကောင်အားလုံးကို လုံလောက်သောအလားအလာရှိရန် ဆုံးဖြတ်ထားခဲ့သည်။

ကျားစွယ်ပျားဘုရင်မဂူကောင်သည် အလားအလာသိပ်မရှိပေ။

"ထပ်လုပ်လိုက်ရအောင်..."

(ပေါင်းစပ်မည့်ဂူကောင်များမှာ စတုတ္ထအဆင့်ထောင်ချီပိုးခြည်ဂူကောင် ၊ စတုတ္ထအဆင့် နတ်ဆိုးပင့်ကူဂူကောင် ၂ကောင်၊ပိုးခြည်နတ်ဆိုးပင့်ကူ၏သည်းခြေအိတ်၊စပါးအုံးမြွေကြေးခွံ)

(ပေါင်းစပ်မှုစတင်ခြင်း...)

(သင်သည် ပဉ္စမအဆင့်ဆန်းကြယ်ဂူကောင်ဖြစ်သော လူ့မျက်နှာနတ်ဆိုးပင့်ကူဂူကောင်ကို ရရှိပါသည်)

(လူ့မျက်နှာနတ်ဆိုးပင့်ကူဂူကောင် - ထူးခြားဂူကောင်ကဲ့သို့ ရှားပါးသောအင်းဆက်ဂူကောင်ဖြစ်သည်။၎င်းကိုပင်မဂူကောင်အဖြစ် သန့်စင်လိုက်မည်ဆိုပါက ဂူသခင်အားတိုက်ပွဲ၌ကူညီရန်အတွက် အဆိပ်ပင့်ကူလှံတံ၈ခုအား ထုတ်လွှတ်ပေးနိုင်သည်။လက်အောက်ခံဂူကောင်အဖြစ် သန့်စင်လိုက်မည်ဆိုပါက ထူးဆန်းသောအသံတိတ်တိုက်ခိုက်မှုများကို ထုတ်လွှတ်ပေးနိုင်သည်)

(ပင်မဂူကောင်အဖြစ် သန့်စင်လိုပါသလား)

ဂူနှစ်ခုလုံးက ပဉ္စမအဆင့်ဆန်းကြယ်ဂူကောင်များဖြစ်ကြသော်လည်း လူ့မျက်နှာနတ်ဆိုးပင့်ကူဂူကောင်သည် ကျားစွယ်ပျားဘုရင်မဂူကောင်ထက် သိသိသာသာအားကောင်းပေသည်။သို့သော်လည်း လီယွမ်ကမကျေနပ်သေးပေ။

ထိုနတ်ဆိုးပင့်ကူသည် ဗီလိန်များ၏လက်နက်နှင့် ခပ်ဆင်ဆင်တူပေသည်။

"လုပ်လိုက်ရအောင်..."

ကျားစွယ်ပျားဘုရင်မဂူကောင်နှင့် လူ့မျက်နှာနတ်ဆိုးပင့်ကူဂူကောင်တို့ ပေါင်းစပ်အောင်မြင်ခြင်းက လီယွမ်အားယုံကြည်မှုတိုးမြင့်ပေးနိုင်ခဲ့သည်။နတ်ဆိုးများ၏အစိတ်အပိုင်းကိုအသုံးပြုခြင်းက ရှားပါးသောဂူကောင်များကို ရရှိနိုင်ကြောင်း သက်သေပြခဲ့သည်။

ကဲနောက်ဆုံးရိုက်ချက်ကို ထုတ်ဖော်လိုက်ရအောင်...

လီယွမ်သည် နတ်ဆိုးအလောင်းများမှရရှိသော အဖိုးအတန်ဆုံး အစိတ်အပိုင်းများနှင့် လီလောချမ်ယူဆောင်လာသော ပစ္စည်းအားလုံးကို တပြိုင်နက်တည်း ပေါင်းစပ်လိုက်သည်။

"အစ်ကိုကျား၊အစ်ကိုဝံပုလွေ၊အစ်မမြွေ၊အစ်မပင့်ကူ မင်းတို့အားလုံးကိုငါသတ်ခဲ့မိပေမဲ့ ကျေးဇူးပြုပြီးတော့ငါ့ကိုမျက်နှာသာပေးကြပါ...ရှားပါးဂူကောင်လေးကိုရရှိဖို့ ငါ့ကိုကောင်းချီးပေးကြပါ"

လီယွမ်က သူ၏နှလုံးသားထဲ၌ တိတ်တဆိတ်ဆုဆောင်းလိုက်သည်

(ပေါင်းစပ်မည့်ဂူကောင်များမှာ ပဉ္စမအဆင့် ဆန်းကြယ်ဂူကောင် လူ့မျက်နှာနတ်ဆိုးပင့်ကူဂူကောင်၊ပိုးချည်နတ်ဆိုးပင့်ကူမျှင်၊နတ်ဆိုးစပါးအုံး၏အကြေးခွံ၊တောင်တန်းလေပြင်းကျား၏နတ်ဆိုးအမြူတေ၊အစိမ်းရောင်သစ်သားဝံပုလွေ၏ဦးနှောက်အမြူတေ၊ဘုရင့်နှလုံးသားမြက်ပင်)

ပင့်ကူမျှင်သည် ပင့်ကူတစ်ကောင်၏ အရေးကြီးသောအစိတ်အပိုင်းဖြစ်သည်။၎င်းသည် ခန္ဓာကိုယ်အား ပတ်၀န်းကျင်နှင့်လိုက်လျောညီထွေဖြစ်စေရန်အတွက် ဆက်လက်ဆင့်ကဲပြောင်းလဲစေနိုင်သော ပိုးမျှင်များကိုထုတ်လုပ်ပေးသည်။

မြွေသည်းခြေအိတ်သည်ကား ပြောနေစရာပင်မလိုပေ။

တောင်တန်းလေပြင်းကျား၏နတ်ဆိုးအမြူတေနှင့်အစိမ်းရောင်သစ်သားဝံပုလွေ၏ဦးနှောက်အမြူတေတို့က အလွန်အဖိုးတန်ကာ ဘုရင့်နှလုံးသားမြက်ပင်ကား မစ္စလီယူဆောင်လာသော အဖိုးအတန်ဆုံးပစ္စည်းဖြစ်သည်။

လီယွမ်သည် ထိုအရာအားလုံးကို ပေါင်းစပ်လုပ်ဆောင်ခဲ့သည်။

(ပေါင်းစပ်မှုစတင်ခြင်း...)

(သင်သည် ပဉ္စမအဆင့်ထူးခြားဂူကောင်ဖြစ်သော ပင့်ကူဘုရင်မဂူကောင်ကိုရရှိပါသည်)

လီယွမ်၏မျက်လုံးများက ချက်ချင်းတောက်ပလာခဲ့သည်။အဖိုးတန်ပစ္စည်းအားလုံးကို တပြိုင်နက်အသုံးပြုခြင်းက မှန်ကန်သောဆုံးဖြတ်ချက်ဖြစ်ခဲ့သည်။

(ပင့်ကူဘုရင်မဂူကောင် - အဆိပ်ပြင်းအင်းဆက်ဂူကောင်အမျိုးအစားဖြစ်သည်။ရန်သူများအား အဆိပ်ဖြင့်သတ်ဖြတ်နိုင်ကာ ပင့်ကူမျှင်များဖြင့်ဖမ်းချုပ်နိုင်သလို အလောင်းများကိုလည်းထိန်းချုပ်နိုင်သည်။သူမထုတ်လွှတ်လိုက်သော ပင့်ကူပိုးမျှင်က မည်သည့်သက်ရှိရုပ်သွင်သဏ္ဍန်လက္ခဏာရပ်များကိုမဆို တုပနိုင်သည်။ခြေတုလက်တုများကိုတုပခြင်း၊အတွင်းအင်္ဂါအစိတ်အပိုင်းများအား ပြုပြင်ပေးခြင်းတို့ကိုလုပ်ဆောင်နိုင်သည်)

(လက်အောက်ခံဂူကောင်အဖြစ် မသန့်စင်နိုင်ပါ)

"ဘက်စုံသုံးဂူကောင်လား..."

လီ‌ယွမ်သည် အဆိပ်ပြင်းအင်း‌ဆက်ဂူကောင်အတွက် ဘက်စုံသုံးဟူသောစကားလုံးကို ပထမဆုံးအကြိမ်တွေ့ဖူးခြင်းဖြစ်သည်။သို့ဖြစ်ရာ ပင့်ကူဘုရင်မဂူကောင်သည် အလွန်ရှားပါးကြောင်း သိသာပေသည်။

ထူးခြားဂူကောင်ဖြစ်သော ပြန်လည်ရှင်သန်ခြင်းဂူကောင်သည်ပင် ဤသို့ဂုဏ်ပုဒ်မျိုးမရှိပေ။

ပင့်ကူသေးသေးလေးတစ်ကောင်က အနက်ရောင်အိုးထဲမှနေ၍ တွားထွက်လာခဲ့သည်။ပင့်ကူလေးသည် လက်မအရွယ်ခန့်သာရှိပြီး ၎င်း၏ခန္ဓာကိုယ်က သလင်းကျောက်ကဲ့သို့ကြည်လင်နေခဲ့သည်။ထိုပင့်ကူလေးထံမှ လျှို့ဝှက်ဆန်းကြယ်သော အော်ရာများထုတ်လွှတ်နေခဲ့သည်။

ထိုပင့်ကူလေးသည် အနက်ရောင်အိုးတလျှောက်တွားသွားနေရင်း လီယွမ်၏လက်ဆီရောက်လာခဲ့သည်။ထိုပင့်ကူလေး၏ခြေလှမ်းတိုင်းက ပြေပြစ်ချောမွေ့နေကာ နတ်သူငယ်တစ်ယောက် ကခုန်နေသလိုထင်မြင်ရပေသည်။

သူမ၏ ပင့်ကူပိုးမျှင်များသည်ပင် ဒဏ္ဍာရီလာအင်မော်တယ်ကမ္ဘာသို့ ဦးတည်နေသောမြစ်တစ်စင်းသဖွယ် အရောင်အသွေးများစုံလင်လျက်ရှိသည်။

"ခွီ...ခွီ..."

ပင့်ကူဘုရင်မဂူကောင်သည် အသံတိုးတိုးလေးအော်ဟစ်လိုက်သည်။သို့သော် လီယွမ်ကဂူကောင်ချိတ်ဆက်မှုကြောင့် ထိုစကားကိုနားလည်လိုက်သည်။

ထိုပင့်ကူမလေးက လီယွမ်အား သူမ၏ဦးခေါင်းကို ပွတ်သပ်ပေးစေလိုခြင်းဖြစ်သည်။

"မင်းကဘုရင်မတစ်ယောက်လေ...ဘယ်လိုဖြစ်ပြီး ချစ်စရာကောင်းတဲ့မိန်းကလေးလိုမျိုး ဟန်ဆောင်ချင်ရတာလဲ"

လီယွမ်က ပြုံး၍ပြောလိုက်သည်။

"မင်းကိုငါသင့်တော်တဲ့နာမည်တစ်ခုပေးရတာပေါ့...မင်းကငါ့ရဲ့ပဉ္စမမြောက်ပင်မဂူကောင်ဖြစ်တယ်...ပြီးတော့မင်းက ဘုရင်မဖြစ်ပေမဲ့ ချစ်စရာကောင်းတဲ့မိန်းကလေးလိုနေထိုင်ချင်တယ်"

"မင်းကို ဝူမေ့လို့ပဲခေါ်ကြတာပေါ့"

…

All Chapters