သွေးချီက ငါ့ကိုရူးသွပ်သွားစေတယ်
Vol. 3 Ch. 33
နတ်ဆိုး၏အသွေးအသားက ရှောင်ကိုင်အား အလွန်ပင်ဆွဲဆောင်နေပုံရပေသည်။
ထိုအခိုက်အတန့်တွင် လီယွမ်၏စိတ်ထဲ၌ အတွေးတစ်စ ဖြတ်သန်းသွားခဲ့သည်။
သူ့ရှေ့မှာရှိနေတဲ့အလောင်းကကော ကုန်ကြမ်းပစ္စည်းမဖြစ်နိုင်ဘူးလား...
နတ်ဆိုးများသည် လူသားများကို သူတို့၏အစာအဖြစ် သတ်မှတ်ထားကြပေသည်။လူသားများအတွက်လည်း နတ်ဆိုးများ၏အသွေးအသားနှင့်အစိတ်အပိုင်းများက ရခဲလှသောရှားပါးရတနာများဖြစ်ကြသည်။
လီယွမ်သည် အကြံတစ်ခုရရှိလိုက်သည်။
ဝါးတောထဲ၌ ပုန်းအောင်းနေသောပုရွက်ဆိတ်များသည် အနက်ရောင်ရေစီးကြောင်းသဖွယ်စုရုံး၍ နတ်ဆိုးများ၏အလောင်းများကို စတင်သယ်ဆောင်လာခဲ့ကြသည်။
"ရွှီး..."
ရှောင်ကိုင်သည် စိတ်မရှည်တော့သည့်ပုံစံဖြင့် လီယွမ်၏ပုခုံးပေါ်မှခုန်ဆင်းလိုက်ကာ ကျားနတ်ဆိုး၏အလောင်းကို အလောတကြီးကိုက်စားဝါးမြိုလိုက်သည်။
လီယွမ်သည် နတ်ဆိုးအလောင်းကို ခွဲခြမ်းစိတ်ဖြာလိုသော်လည်း ထိုအချိန်တွင်နောက်ထပ်နတ်ဆိုးတစ်ကောင်က တောင်ပေါ်သို့တက်လာကြောင်း လရောင်ဂူ၏အချက်ပေးမှုကို သူရရှိလိုက်သည်။
"နောက်ထပ် နတ်ဆိုးတွေရှိနေသေးတာလား..."
လီယွမ်က အလွန်ပင်ပျော်ရွှင်သွားခဲ့သည်။သူသည် ရတနာအစစ်အမှန်အား ယခုမှရှာတွေ့ခဲ့ခြင်းဖြစ်သည်။အကယ်၍ နတ်ဆိုးများသာ ကျူးကျော်လာခြင်းမရှိပါက သူသည်ဤလမ်းကြောင်းကို တွေးမိမှာမဟုတ်ပေ။
ခဏအကြာတွင် ဝါးတောထဲ၌ နတ်ဆိုး၂ကောင်ထွက်ပေါ်လာခဲ့သည်။
နတ်ဆိုးတစ်ကောင်က စပါးအုံးနတ်ဆိုးဖြစ်ကာ နောက်တစ်ကောင်မှာ ပင့်ကူနတ်ဆိုးဖြစ်ပေသည်။ထိုနတ်ဆိုး၂ကောင်လုံးသည် ကျားနတ်ဆိုးထက်ပို၍ အစွမ်းထက်ကြပြီး ပဉ္စမအဆင့်စစ်သည်တော်များအား လွှမ်းမိုးနိုင်လောက်သည်ထိ အစွမ်းထက်ပေသည်။
"ဒီနေရာမှာ ပုန်းအောင်းနေတဲ့အရိုးမာတစ်ချောင်းရှိနေဖို့ ငါမျှော်လင့်မထားဘူး..."
စပါးအုံးနတ်ဆိုးတွင် အပေါ်ပိုင်းလူခန္ဓာကိုယ်နှင့် အောက်ပိုင်းတွင်တစ်မီတာခန့်ရှည်သော မြွေအမြီးရှိပေသည်။
"မြန်မြန်ဖြေရှင်းလိုက်ရအောင်...ဒီညမှာ ငါတို့မမျှော်လင့်ထားတဲ့အခြေအနေနဲ့ကြုံတွေ့ခဲ့ရတယ်...ငါတို့ခပ်စောစောနောက်ဆုတ်ရလိမ့်မယ်"
ပင့်ကူနတ်ဆိုးက ပြောလိုက်သည်။
ပုံမှန်အခြေအနေအောက်တွင် သူတို့၏ကိုယ်ပိုင်ခွန်အားဖြင့်ဆိုပါက သူတို့သည်အမှတ်၁၂ဂူနန်းအား နာရီ၀က်အတွင်း အမြစ်ဖြတ်သုတ်သင်နိုင်ပေသည်။သို့သော်လည်း အမှတ်၁၂ဂူနန်းတွင် သူတို့မမျှော်လင့်ထားသော တပ်ကူများရှိနေရန် မမျှော်လင့်ထားပေ။
"မင်းကအခြေအနေကိုထိန်းချုပ်ထားလိုက်...ငါကအသက်ရှုချိန်၃၀ကြိမ်အတွင်း သူ့ကိုအပြီးသတ်လိုက်မယ်"
စပါးအုံးနတ်ဆိုး၏အကြည့်က ဝါးတောကိုဖြတ်သန်း၍ လီယွမ်ပေါ်သို့ကျရောက်သွားခဲ့သည်။
သူသည် ပင့်ကူနတ်ဆိုးနှင့်လက်တွဲလုပ်သည့် အကြိမ်တိုင်းတွင် အောင်မြင်ခဲ့သည်။သူတို့သည် မကြာသေးခင်ကပင် မရေမတွက်နိုင်သော ဂူသခင်များအားသတ်ဖြတ်ခဲ့သည်။
"ကောင်းပြီ...မင်းစိတ်ကျေနပ်တဲ့အထိတိုက်ခိုက်လိုက်...ဂူကောင်တွေနဲ့တခြားအရာတွေကိုတော့ ငါ့ဆီအပ်ထားခဲ့လို့ရတယ်...ငါ့ရဲ့ပင့်ကူအိမ်တွေက ခုန်ပေါက်နေတဲ့ဂူကောင်လေးတွေကိုဖမ်းရတာ အကြိုက်ဆုံးပဲ"
ပင့်ကူနတ်ဆိုးက ခေါင်းညိတ်ပြလိုက်သည်။
ရွှီ...ရွှီ...
ထိုအခိုက်အတန့်တွင် စပါးအုံးနတ်ဆိုးသည် အလွန်လျင်မြန်စွာဖြင့် စတင်ရွေ့လျားလာခဲ့သည်။သူ၏ခန္ဓာကိုယ်က အလွန်ပျော့ပျောင်းနေခဲ့ကာ ဝါးတောထဲသို့ဖြတ်ကျော်၀င်ရောက်သွားခဲ့သည်။
ပင့်ကူနတ်ဆိုးက ထိုနေရာတွင်မတ်တပ်ရပ်လိုက်ပြီးနောက် အဖြူရောင်လှိုင်းလုံးများကဲ့သို့ ပင့်ကူမျှင်အမြှောက်အများကို ထိန်းချုပ်ထားခဲ့ကာ ယုံကြည်ချက်ပြည့်၀နေခဲ့သည်။သူသည် စပါးအုံးနတ်ဆိုးနှင့်အတူ ရှေ့သို့တက်လာခဲ့ကာ ဂူကောင်များစွာကိုကြားဖြတ်ဟန့်တားနိုင်ခဲ့သည်။
သို့သော်လည်း အသက်ရှုချိန်၃ကြိမ်အပြီးတွင် သူမ၏အမူအရာက လျင်မြန်စွာပြောင်းလဲသွားခဲ့သည်။
"မြွေနတ်ဆိုး...မြန်မြန်သွား ဒီဂူသခင်ကြည့်ရတာ တစ်ခုခုတော့မှားနေပြီ"
"ဘာဖြစ်တာလဲ..."
စပါးအုံးနတ်ဆိုးက ပြန်မေးလိုက်သည်။
"ဒီမှာ အဆိပ်ပြင်းတဲ့ဂူကောင်တွေ အရမ်းများလွန်းနေတယ်...သူတို့ရဲ့တိုက်ခိုက်နိုင်စွမ်းကလည်း ငါထင်ထားတာထက်ပိုများနေတယ်...သေစမ်း...သေစမ်း...သေစမ်း"
ပင့်ကူနတ်ဆိုး ထိတ်လန့်တကြားအော်ဟစ်ကျိန်ဆဲမိလိုက်သည်။
"ဝူး...ဝူး...ဝူး"
နောက်အခိုက်အတန့်တွင် ပင့်ကူနတ်ဆိုးက စကားမပြောနိုင်တော့ပေ။သူ၏ပါးစပ်ထဲသို့ တစ်စုံတစ်ခုထိုးသွင်းခံလိုက်ရသည့်ပုံစံဖြင့် ညဉ်းတွားမိလိုက်လေသည်။
"မင်းက တော်တော်လေးစကားများတာပဲ..."
ပင့်ကူနတ်ဆိုး၏ပါးစပ်ထဲသို့ ရောက်ရှိသွားသောအရာမှာ ကြီးမားကာမာကျောသော ဝါးပိုးဂူကောင်ပင်ဖြစ်သည်။
ထိုဂူကောင်သည် ဝါးကဲ့သို့သဏ္ဍာန်ယူနိုင်သော အဆိပ်ပြင်းဂူကောင်ဖြစ်သည်။၎င်းသည် အဆိပ်များကိုထုတ်လွှတ်ပြီးသည်နှင့် အချိန်တိုလေးအတွင်း သံမဏိနှင့်နှိုင်းယှည်၍ရလောက်အောင် မာကျောပြနိုင်သည်။
စပါးအုံးနတ်ဆိုးသည် တစ်စုံတစ်ခုမှားယွင်းနေကြောင်း ရိပ်စားမိသည်နှင့် ချက်ချင်းပင်ဝါးတောထဲမှပြေးထွက်သွားခဲ့ကာ မြှားတစ်စင်းသဖွယ် လီယွမ်ဆီသို့တိုး၀င်သွားခဲ့သည်။
ထိုအခိုက်အတန့်တွင် လီယွမ်၏မျက်လုံးများက ပူလောင်နေခဲ့ကာ သူ၏ခန္ဓာကိုယ်အား မြင်းထိုင်ကိုယ်ဟန်အနေအထားတိုင်း လုပ်ဆောင်လိုက်သည်။ထို့နောက် သူ၏ခန္ဓာကိုယ်က တဖြည်းဖြည်းနီရဲလာခဲ့ကာ ရေနွေးငွေ့ကဲ့သို့သော အဖြူရောင်အခိုးအငွေ့များက သူ၏ချွေးပေါက်များအား ဖြတ်သန်းထွက်ပေါ်လာခဲ့သည်။
"နတ်ဆိုးတစ်ကောင်ပေါ့..."
စပါးအုံးနတ်ဆိုးချဉ်းကပ်လာချိန်တွင် လီယွမ်ကသူ၀တ်ဆင်ထားသော ရိုးရှင်းသည့်အပေါ်ပိုင်းအ၀တ်ကို လွှင့်ပစ်လိုက်သည်။
"လာစမ်း..."
ခွပ်...
လီယွမ်၏လက်သီးချက်သည် စပါးအုံးနတ်ဆိုး၏မေးရိုးအား တိကျစွာထိမှန်သွားခဲ့ကာ စပါးအုံးနတ်ဆိုးသည်လည်း မျဉ်းဖြောင့်အတိုင်း ကောင်းကင်ပေါ်သို့ထိုးတက်သွားခဲ့သည်။
"လူသားဂူသခင်တစ်ယောက်က ဘယ်လိုဖြစ်ပြီးတော့ ဒီလောက်သန်မာတဲ့တိုက်ခိုက်ရေးစွမ်းအားကို ထုတ်ဖော်နိုင်ရတာလဲ...သူကဂူသခင်တစ်ယောက်မဟုတ်ဘဲ စစ်သည်တော်တစ်ယောက်ဖြစ်နေတာလား..."
စပါးအုံးနတ်ဆိုးသည် ထိတ်လန့်တုန်လှုပ်သွားခဲ့ကာ သူ၏ခန္ဓာကိုယ်သည်ပင် ကောင်းမွန်စွာ မထိန်းချုပ်နိုင်ခဲ့ပေ။
လီယွမ်သည် လေပေါ်ခုန်တက်လာခဲ့ကာ စပါးအုံးနတ်ဆိုး၏အမြီးကိုဆုပ်ကိုင်လိုက်သည်။လီယွမ်သည် လေပေါ်ခဏလောက်ဝဲပြီးနောက်တွင် သူ၏ခွန်အားများကိုလက်ထဲတွင်စုပြုံလိုက်ပြီး မြေကြီးပေါ်သို့ရိုက်ချလိုက်သည်။
"ငါ့အတွက်သေလိုက်စမ်း..."
ဘန်း...
စပါးအုံးနတ်ဆိုးသည် လီယွမ်ပစ်ချလိုက်ချိန်တွင် ရှည်လျားသောကြာပွတ်တစ်ခုသဖွယ် မြေကြီးပေါ်ရှိတွင်းပေါ်၌ လဲလျောင်းနေခဲ့ကာ သူ၏ခန္ဓာကိုယ်မှ သွေးများအဆက်မပြတ်စီးကျနေခဲ့သည်။
"မလုံလောက်သေးဘူး..."
လီယွမ်သည် စပါးအုံးနတ်ဆိုး၏အမြီးကို တင်းတင်းကျပ်ကျပ်ပင် ဆုပ်ကိုင်ထားဆဲဖြစ်ပေသည်။ထို့နောက် သူ၏လက်များကိုလေပေါ်၌ စက်ဝိုင်းပုံစံဖြစ်အောင်လှုပ်ရှားလိုက်ရာ မြွေသွေးက ကောင်းပင်ယံတစ်ခုလုံး ပြန့်ကျဲသွားခဲ့သည်။
လီယွမ်သည် အကြိမ်ပေါင်းများစွာ မရေမတွက်နိုင်အောင် လှုပ်ရှားပြီးနောက် မြွေအမြီးကိုလွှတ်ချပေးလိုက်သည်။
ထိုအချိန်တွင် စပါးအုံးနတ်ဆိုးသည် သေလုနီးပါးဖြစ်နေခဲ့ပြီဖြစ်သည်။မူလကချောမွေ့ပြေပြစ်သော သူ၏မျက်နှာကလည်း ယခုအခါတွင် ၀က်ခေါင်းကဲ့သို့ရိုက်နှက်ခံထားရကာ သွေးအလိမ်းလိမ်းဖြစ်နေခဲ့သည်။
လီယွမ်သည် စပါးအုံးနတ်ဆိုးကို မကျေမနပ်ကြည့်လိုက်မိသည်။သူသည် ဧရာမဝိညာဉ်ဂူကောင်၏ စွမ်းအား၅၀ရာခိုင်နှုန်းကိုပင် အသုံးမပြုရသေးပေ။
သူ၏ခန့်မှန်းချက်အရဆိုလျှင် ဧရာမဝိညာဉ်ဂူကောင်အား ၇၀ရာခိုင်နှုန်းထိအသက်သွင်းလိုက်ပါက သူ၏ကြွက်သားများဖောင်းကားလာကာ အ၀တ်အစားများစုတ်ပြဲသွားမည်ဖြစ်သည်။အကယ်၍ ရာနှုန်းပြည့်အသက်သွင်းလိုက်မည်ဆိုပါက သူ၏ခန္ဓာကိုယ်တဝိုက်တွင် သွေးစွမ်းအင်များထွက်ပေါ်လာကာ သူ၏ဆံပင်များကိုအဆုံးစွန်ထိထောင်တက်သွားစေ၍ အလွန်ကြမ်းတမ်းသောပုံစံကိုဖြစ်ပေါ်စေမည်ဖြစ်သည်။
ထို့ပြင် အဆက်မပြတ်ချဲ့ထွင်လာသော သွေးစွမ်းအင်က သူ၏တိုက်ပွဲ၀င်အတွေးများကို သက်ရောက်မှုရှိမည်ဖြစ်သည်။
သို့ဖြစ်ရာ ၅၀ရာခိုင်နှုန်းခန့်အသက်သွင်းတိုက်ခိုက်ခြင်းက အသင့်တော်ဆုံးဟုလီယွမ်ယူဆမိပေသည်။
"မင်း...မင်း လူမဟုတ်ဘူး"
စပါးအုံးနတ်ဆိုးက လီယွမ်အားကြောက်လန့်တကြား ကြည့်လိုက်မိသည်။
"ငါကတကယ်လူသားတစ်ယောက်မဟုတ်ဘူး...ငါကနတ်ဆိုးအားလုံးရဲ့ဖခင်ဖြစ်တယ်"
ထိုသို့ပြောပြီးနောက် လီယွမ်သည် ရှေ့သို့ခြေတစ်လှမ်းတိုးလာခဲ့ကာ စပါးအုံးနတ်ဆိုး၏ဦးခေါင်းကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် တက်နင်းလိုက်သည်။
ဝါးတောထဲရှိ ပင့်ကူနတ်ဆိုးသည် ထိုအရာအားလုံးကို တွေ့မြင်လိုက်ရချိန်တွင် သူ၏မျက်လုံးများတွင် ဖြစ်ပေါ်လာသောကြောက်ရွှံမှုသည် စပါးအုံးနတ်ဆိုးထက် မလျော့နည်းခဲ့ပေ။သူသည် ထွက်ပြေးရန်အတွက် အပြင်းအထန်ရုန်းကန်ခဲ့သော်လည်း မိုးရေးကဲ့သို့အဆက်မပြတ်စီး၀င်လာနေသော ဂူကောင်များ၏ကန့်သတ်မှုကြောင့် လက်ပင်မလုပ်နိုင်ခဲ့ပေ။
လီယွမ်သည် ပင့်ကူနတ်ဆိုး၏ရှေ့သို့ရောက်သောအခါ အမှတ်၁၂ဂူနန်းအပေါ်၌ အုပ်မိုးထားသော ပင့်ကူမျှင်များဖြင့်ပြုလုပ်ထားသည့် အဖြူရောင်ကောင်းကင်ကိုညွန်ပြလိုက်သည်။
"အဲ့ဒါကို မင်းလုပ်ခဲ့တာလား..."
"ဝူး...ဝူး..."
ပင့်ကူနတ်ဆိုး၏ပါးစပ်သည် တင်းကျပ်စွာပိတ်ဆို့ခံထားရကာ စကားလုံး၀မပြောနိုင်ခဲ့ပေ။
"မေ့လိုက်တော့...ပါးစပ်ကိုပိတ်ထားတာက ပိုပြီးအန္တာရယ်ကင်းလောက်တယ်...ငါကိုယ်တိုင်ပဲအဖြေရှာကြည့်လိုက်ပါမယ်"
လီယွမ်သည် တုံ့ဆိုင်းခြင်းမရှိ လက်သီးတစ်ချက်ပစ်လွှတ်လိုက်သည်။
လီယွမ်၏ လက်မောင်းတစ်ခုလုံးတွင် သွေးများစီးကျနေခဲ့ကာ ပင့်ကူနတ်ဆိုး၏ရင်ဘတ်အား ထိုးဖောက်သွားခဲ့သည်။ထို့နောက်သူ၏ တုန်ခါနေသောနှလုံးကိုဖမ်းညစ်ကာ ပြင်းထန်စွာဖိချေလိုက်သည်။
ဘန်း...
ထို့နောက်တွင် ပင့်ကူနတ်ဆိုး၏ အတွင်းအင်္ဂါများပင် အက်ကွဲကာသေဆုံးသွားခဲ့ရသည်။
လီယွမ်သည် ဧရာမဝိညာဉ်ဂူကောင်နှင့်ပေါင်းစပ်ထားသော သူ၏လက်ရှိအခြေအနေကို ပယ်ဖျက်လိုက်သည်။ထို့နောက် ပင့်ကူနတ်ဆိုး၏ ရင်ဘတ်ပေါ်ရှိအပေါက်ကြီးကိုကြည့်ရှုလိုက်ပြီးနောက်တွင် နတ်ဆိုး၏အစိတ်အပိုင်းများကို စုဆောင်းခဲ့သည်။
လီယွမ်သည် ဧရာမဝိညာဉ်ဂူကောင်၏ အလွန်ပြင်းထန်သော တိုက်ခိုက်ရေးစွမ်းအားကို စစ်ဆေးအတည်ပြုနိုင်ခဲ့သည်။သို့သော်လည်း ၎င်း၏ချို့ယွင်းချက်များမှာလည်း များစွာသိသာလှပေသည်။
တဟုန်ထိုးတိုးမြင့်လာသော သွေးချီက သူ၏ဦးနှောက်ကို ထိခိုက်စေနိုင်ပေသည်။
ယင်းအတွက်ကြောင့် တိုက်ပွဲအတွင်း၌ပင် ကြမ်းတမ်းသောစကားလုံးအချို့အား ရံဖန်ရံခါပြောတတ်လာခဲ့ပြီး သူ၏တိုက်ပွဲ၀င်ပုံစံကိုပင် သူကိုယ်တိုင်သတိမထားမိခဲ့ပေ။
တိုက်ပွဲဝင်နေချိန် သူ၏ပုံစံကမောက်မာသည့်အသွင်ဆောင်နေခဲ့သည်။
ပြီးပြည့်စုံစွာအောင်ပွဲခံနိုင်သည့်တိုက်ပွဲများ၌ဆိုပါက ဧရာမဝိညာဉ်ဂူကောင်ကို အကဲဖြတ်ရလျှင် ၎င်း၏အားသာချက်များက အားနည်းချက်များကို မျက်ကွယ်ပြုနိုင်ပေသည်။သို့သော် တစ်ဖက်ရန်သူသည် သူနှင့်တန်းတူဖြစ်စေ ပို၍အားကောင်းနေသည်ဖြစ်စေ ဧရာမဝိညာဉ်ဂူကောင်၏ချို့ယွင်းချက်များက ထင်ထင်ရှားရှားထွက်ပေါ်လာမည်ဖြစ်သည်။
"ဘာပဲဖြစ်ဖြစ် သတိနဲ့သုံးတာအကောင်းဆုံးပဲ"
လီယွမ်သည် ယခုတစ်ကြိမ်တွင် ဧရာမဝိညာဉ်ဂူကောင်ကို စမ်းသပ်ရန်အတွက် လုပ်ဆောင်နိုင်ခဲ့သော်လည်း ပိုမိုကောင်းမွန်စွာစမ်းသပ်နိုင်ရန်အတွက် ရှားပါးသောအခွင့်အရေးကို ဖမ်းဆုပ်နိုင်ရန်အတွက် ကြိုးစားရမည်ဖြစ်သည်။
ဤတိုက်ပွဲတွင် သူ၏အာရုံကိုဖမ်းစားနိုင်သည်မှာ နတ်ဆိုးများ၏အသွင်အပြင်ဖြစ်သည်။နတ်ဆိုးများသည် သားရဲများမဟုတ်ကြပေ။သူတို့သည် သိသာထင်ရှားသောလူသားသွင်ပြင်ရှိကြသည့် သားရဲတစ်ပိုင်းလူသားတစ်ပိုင်းဖြစ်ကြသည်။
သူဂရုတစိုက်စစ်ဆေးပြီးနောက် ပင့်ကူနတ်ဆိုး၏ကိုယ်တွင်းအင်္ဂါများသည် လူသားများနှင့်၇၀ရာခိုင်နှုန်းဆင်တူနေခဲ့သည်။
နတ်ဆိုးတွေက ဘာတွေလဲ...
ထိုမေးခွန်းသည် သေသေချာချာလေးလေးနက်နက်စဉ်းစားရန် လိုအပ်ပေသည်။
ဝါးတောလေးထဲ၌ တိုက်ပွဲကအဆုံးသတ်သွားခဲ့ပြီဖြစ်သည်။လီယွမ်သည် ပင်မတောင်ထိပ်ရှိရာသို့ လှမ်းကြည့်လိုက်ရာ ထိုနေရာရှိတိုက်ပွဲကလည်းအဆုံးသတ်ပြီး နတ်ဆိုးများကစတင်ဆုတ်ခွာနေကြောင်း တွေ့လိုက်ရသည်။
"အိုး...အထင်ကြီးစရာပဲ"
ရှောင်ချင်းအာသည် လီယွမ်၏တိုက်ပွဲတစ်ခုလုံးအား အစမှအဆုံးတိုင်တွေ့မြင်ခဲ့ရသည်။
သူမသည် တိုက်ပွဲဖြစ်စဉ်အား နားမလည်နိုင်သော်လည်း ထိတ်လန့်သွားခဲ့ရသည်။
ယခုအခါ သူမ၏အတွေးထဲ၌ ဂူသခင်တစ်ယောက်၏ အပြည့်စုံဆုံးပုံစံအား တွေ့မြင်နေရပေသည်။လီယွမ်၏သွေးစွန်းနေသောရုပ်ပုံလွှာသည် ထိုအခိုက်အတန့်တွင် သူမ၏စိတ်နှလုံးထဲ၌ နစ်မွန်းသွားခဲ့ရသည်။
ထိုပုံရိပ်သည် အလွန်ကြောက်မက်ဖွယ်ကောင်းသလို နှစ်လိုဖွယ်လည်းကောင်းလှပေသည်။
၀မ်ကျောက်ကျောက်ကမူ အနည်းငယ်စိတ်ရှုပ်ထွေးနေခဲ့သည်။သူမသည် တိုက်ပွဲ၌ပါ၀င်ခြင်းမရှိသော်လည်း တိုက်ပွဲအငွေ့အသက်များက သူမအားခွန်အားမရှိသကဲ့သို့ ခံစားရစေခဲ့သည်။
"ငါကမင်းနဲ့သိပ်မကွာပါဘူး..."
ထိုအချိန်တွင် လီယွမ်ကသူမအား အားပေးစကားပြောခဲ့သည်ကို ပြန်လည်တွေးတောမိသွားခဲ့သည်။
သို့သော်လည်း ထိုအချိန်တွင်...
အစ်ကိုကြီးယွမ်သည် သူမမျှော်ကြည့်ရုံမျှသာတတ်နိုင်သော နတ်ဘုရားတစ်ပါးသာဖြစ်ကြောင်း သူမလက်ခံလိုက်ရပြီဖြစ်သည်။
…
နာရီ၀က်ခန့်ကြာပြီးနောက်...
လူနှစ်ယောက်က ဝါးတောလေးရှိရာသို့ အတူတူရောက်လာခဲ့ကြသည်။
ဖေးလော့ချင်နှင့်လီလောချမ်တို့သည် မြေပြင်၌ပြန့်ကျဲနေသော နတ်ဆိုးအလောင်းများကို တွေ့မြင်ပြီးနောက်တွင် အသက်ခပ်ပြင်းပြင်းရှုမိလိုက်ကြသည်။
…