နတ်ဆိုးများ၏တိုက်ခိုက်မှု
Vol. 3 Ch. 32
"စစ်သူကြီးမိကျောင်း...အမှတ်၁၂ဂူနန်းမှာ အသန်မာဆုံးကတော့ ဆဌမအဆင့်ဆန်းကြယ်ဂူသခင်ဖြစ်တယ်...ငါတို့အတူတူလက်တွဲတိုက်ခိုက်ရင် တိုက်ကွက်၃ကွက်အတွင်း ချက်ချင်းအပြတ်ရှင်းနိုင်တယ်"
တောင်တန်းအပြင်ဘက် အမှောင်ရိပ်ထဲတွင် အနက်ရောင်၀တ်ရုံ၀တ်လူငယ်တစ်ယောက်က လူခန္ဓာကိုယ်နှင့်မိကျောင်းဦးခေါင်းရှိသော နတ်ဆိုးတစ်ယောက်ကို စကားပြောလိုက်သည်။
"ကောင်းပြီလေ...ထုံးစံအတိုင်း အလောင်းတွေကင့ါအပိုင်ဘဲ...ဂူကောင်တွေနဲ့ရှားပါးရတနာတွေကမင်းပိုင်တယ်...ငါ့ရဲ့ညီအစ်ကိုတွေကို မင်းတို့ရဲ့အော်ရာတွေစိမ့်မထွက်လာအောင် တားဆီးဖို့လုပ်ခိုင်းလိုက်မယ်"
မိကျောင်းနတ်ဆိုးက ရယ်ရယ်မောမောဖြင့်ပြောလိုက်သည်။
"နာရီ၀က်အတွင်း အဆုံးသတ်နိုင်အောင်ကြိုးစားကြမယ်..."
"ကောင်းပြီ..."
မိကျောင်းနတ်ဆိုး၏စကားအဆုံး၌ ကောင်းကင်ပေါ်တွင် အဖြူရောင်အလွှာကြီးတစ်ခုဖြစ်ပေါ်လာခဲ့ပြီး ထိုအလွှာထုကြီးက အမှတ်၁၂ဂူနန်း၏အပေါ်ကောင်းကင်ပေါ်မှနေ၍ စတင်အုပ်မိုးစပြုလာခဲ့သည်။
ထို့နောက် ကောင်းကင်ယံကိုလွှမ်းခြုံထားသော အဖြူရောင်ပင့်ကူမျှင်များက အမှတ်၁၂ဂူနန်းအား လုံး၀ပိတ်ဆို့ထားလိုက်သည်။
ဘုံး...ဘုံး...ဘုံး...
နောက်အခိုက်အတန့်တွင် အမှတ်၁၂ဂူနန်းတည်ရှိရာ တောင်တန်းများမှ အချက်ပေးခေါင်းလောင်းသံများထွက်ပေါ်လာခဲ့သည်။
"ရန်သူ...ရန်သူတွေတိုက်ခိုက်နေပြီ..."
"နတ်ဆိုးတွေ လာနေပြီဟေ့..."
ကောင်းကင်ပေါ်မှငှက်သည် ထိတ်လန့်တကြားအော်ဟစ်သတိပေးနေသော်လည်း နောက်အခိုက်အတန့်လေးတွင် သူ၏ခန္ဓာကိုယ်အား ပင့်ကူမျှင်များက ထိုးဖောက်သွားခဲ့သည်။
နတ်ဆိုးများသည် အမှတ်၁၂ဂူနန်းရှိရာ တောင်တန်းများဆီသို့ အရှိန်အဟုန်ဖြင့်ပြေး၀င်သွားခဲ့သည်။လီယွမ်သည် ဤကိစ္စအားကြိုတင်မျှော်လင့်ထားပြီဖြစ်၍ ကောင်းစွာပြင်ဆင်ထားခဲ့သည်။သူသည် လရောင်ဂူ၏အကူအညီဖြင့် ဝါးတောလေး၏အပြင်ဘက်မြင်ကွင်းကို ရှင်းရှင်းလင်းလင်းတွေ့မြင်လိုက်ရသည်။
လီယွမ်အတွက် နတ်ဆိုးများကိုမြင်တွေ့ဖူးသည်မှာ ပထမဆုံးအကြိမ်တော့မဟုတ်တော့ပေ။သူနန်းတော်မှထွက်ပြေးလာစဉ်ကပင် နတ်ဆိုးများကိုအကြိမ်ပေါင်းများစွာ မြင်တွေ့ဖူးသော်လည်း ကျိုးကုန်းတောင်တန်းသို့ရောက်ချိန်မှစ၍ ထိုအကြောင်းများကို တဖြည်းဖြည်းမေ့သွားခဲ့သည်။
ဤကျူးကျော်၀င်ရောက်လာသောနတ်ဆိုးများသည် သူထင်မှတ်ထားသည်ထက်ပို၍ ရက်စက်ကြမ်းကြုတ်ပေသည်။သူတို့သည် လူသားတို့၏အသွင်သဏ္ဍာန်ရှိကာ သားရဲများ၏ဦးခေါင်းကိုပိုင်ဆိုင်ထားကြပြီး ရက်စက်ကြမ်းကြုတ်ကာ သွေးဆာသောအော်ရာများကို ထုတ်လွှတ်နေကြသည်။
ထိုအချိန် ပင်မတောင်တန်းပေါ်မှ ကြီးမားသောဆူညံသံကြီး ထွက်ပေါ်လာ၍ လီယွမ်က ပင်မတောင်တန်းဘက် လှမ်းကြည့်လိုက်မိသည်။
ထိုနေရာတွင် ဧရာမကလေးတစ်ဦးနှင့်သဏ္ဍာန်တူသော အနည်းဆုံး၁၀ပေခန့်အမြင့်ရှိမည့် အဖြူရောင်မြူခိုးများဖြင့်လွှမ်းခြုံထားသော သတ္တဝါကြီးတစ်ကောင်ကို သူတွေ့လိုက်ရသည်။
"အစ်ကိုလီယွမ်...အဲ့ဒါကဘာကြီးလဲ..."
ထိုအချိန်တွင် ဆူညံသံများကြောင့် မိန်းကလေး၂ယောက်ကလည်း ပြေးထွက်လာခဲ့ကြသည်။မင်းသမီးလေးသည် ဧရာမကလေးကြီးကိုကြည့်ကာ အံ့အားသင့်စွာငေးမောနေခဲ့သည်။
"ဂျင်ဆင်းကလေးငယ်..."
လီယွမ်သည် ဂူသခင်လက်စွဲ၌ မှတ်တမ်းတင်ထားသော ထူးဆန်းသောဂူကောင်အကြောင်း အမှတ်ရလိုက်သည်။
ဂျင်ဆင်းကလေးငယ်ဂူကောင်သည် အလွန်ရှားပါးသော အပင်အမျိုးအစားဂူကောင်ဖြစ်သည်။
ထိုဂူကောင်ကိုသန့်စင်နိုင်ရန်အတွက် လိုအပ်သောအဓိကကုန်ကြမ်းမှာ နှစ်၁၀၀၀သက်တမ်းရှိသော ဂျင်ဆင်းဖြစ်သည်။၎င်းကိုအဟာရပြုရန်အတွက် ဂျင်ဆင်းပင်များဖြင့် နေ့ရောညပါကျွေးမွေးရန်လိုအပ်ပြီး အောင်မြင်စွာသန့်စင်နိုင်ရန်၆နှစ်ကြာမြင့်ပေသည်။
ထိုဂူကောင်သည် ကလေးငယ်နှင့်ဆင်တူသောပုံသဏ္ဍာန်ရှိ၍ ဂျင်ဆင်းကလေးငယ်ဟုခေါ်ကြခြင်းဖြစ်သည်။
ဂူသခင်လက်စွဲတွင် နာမည်နှင့်ပုံတွဲရက်မပါရှိပဲ ရိုးရှင်းသောဖော်ပြချက်အချို့သာပါရှိပေသည်။ထိုဂူကောင်သည် အရပ်၁၀ပေပတ်လည်ရှိသော ဧရာမကလေးငယ်တစ်ယောက်နှင့်ဆင်တူကြောင်းပြောထား၍ ယခုလီယွမ်မြင်တွေ့နေရသည်နှင့် အတူတူပင်ဖြစ်သည်။
"ကြည့်ရတာ အရမ်းစိတ်ပူစရာတော့မလိုသေးဘူး..."
ဂျင်ဆင်းကလေးငယ်ဂူကောင်မှ ထုတ်လွှတ်နေသော ကြောက်မက်ဖွယ်ကောင်းသည့်အော်ရာကို ခံစားမိလိုက်သည့်အတွက် လီယွမ်က သက်ပြင်းချလိုက်မိသည်။လီလောချမ်၏ထောက်ပံ့ပေးမှုဖြင့်ဆိုပါက ရန်သူများသည် အမှတ်၁၂ဂူနန်းအား သိမ်းပိုက်နိုင်ရန် ခက်ခဲမှာဖြစ်သည်။
"ဒါပေမဲ့..."
လီယွမ်သည် ဝါးတော၏အဆုံးကိုတစ်ချက်ကြည့်လိုက်ရာ ပြသနာအသေးအမွှားအချို့ရောက်ရှိလာကြောင်း တွေ့လိုက်ရသည်။နတ်ဆိုးအချို့သည် ဝါးရုံတောဆီသို့ ဦးတည်လာခဲ့သည်။
"ချင်းအာ...ငါနတ်ဆိုးတွေကိုတိုက်ခိုက်တော့မယ်...နောက်ဆက်တွဲမြင်ကွင်းတွေက သွေးနည်းနည်းစွန်းနေလိမ့်မယ်...မင်းအိမ်ထဲပုန်းနေချင်ပုန်းနေလို့ရတယ်"
လီယွမ်က မေးလိုက်သည်။
"မဟုတ်ဘူး...ငါလုံး၀မကြောက်ဘူး..."
ထိုသို့ပြောလိုက်သော််လည်း ရှောင်ချင်းအာ၏လက်များက တုန်ခါနေခဲ့သည်။
"ရှောင်ကျောက်...မင်းကောဘယ်လိုနေလဲ"
လီယွမ်က ထပ်မေးလိုက်သည်။
"ငါသေသွားမယ်ဆိုရင်တောင်မှ အစ်ကိုကြီးယွမ်နဲ့အတူတူရှိနေမယ်"
၀မ်ကျောက်ကျောက်၏လေသံက အနည်းငယ်၀မ်းနည်းနေကာ သေဆုံးရန်ပြင်ဆင်ထားပုံရသည်။
"ဘာမှစိတ်ပူစရာမလိုဘူး..."
လီယွမ်သည် ရှောင်ကျောက်၏အပြုအမူကြောင့် ဆွံ့အသွားခဲ့ရသည်။
ဒီကောင်မလေးက ဘာတွေတွေးနေတာလဲ....
"အမှတ်၁၆ဂူနန်းက လုံး၀ပျက်စီးသွားပြီး ဘယ်သူမှမလွတ်မြောက်နိုင်ခဲ့ဘူး...အစ်ကိုကြီးယွမ် ငါတို့ဒီဘေးဒုက္ခကနေပြီးတော့ လွတ်မြောက်နိုင်ပါမလား..."
၀မ်ကျောက်ကျောက်က ခါးသီးသောလေသံဖြင့်ပြောလိုက်သည်။
"အခြေအနေတွေကမတူတော့ဘူး..."
လီယွမ်က မျက်ခုံးပင့်လိုက်ကာ ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်သည်။
"ဘာတွေကွာခြားသွားလို့လဲ..."
၀မ်ကျောက်ကျောက်က မေးလိုက်သည်။
"ဘာတွေလဲဆိုတော့..."
ကျားဟိန်းသံက ရုတ်ချည်းထွက်ပေါ်လာကာ လီယွမ်၏အသံကို ဖုံးလွှမ်းသွားခဲ့သည်။
သေစမ်းကွာ...
လီယွမ်သည် အားမာန်အပြည့်ဖြင့် တိုက်ပွဲ၀င်စကားပြောရန် လုပ်ဆောင်နေချိန်တွင် နှောင့်ယှက်ခံလိုက်ရသည့်အတွက် မကျေမနပ်ဖြစ်ကာ ကျိန်ဆဲမိလိုက်သည်။
"ရှောင်ကိုင်...လုပ်တော့"
အချိန်အတော်ကြာအောင် ပြင်ဆင်နေခဲ့သောရှောင်ကိုင်သည် သူမ၏ပါးစပ်ကိုဖွင့်ကာ အနီရောင်မီးတောက်တစ်ခုကို ပစ်လွှတ်လိုက်သည်။ကျားနတ်ဆိုးသည် သူ၏ခြေထောက်များကို ကြိုးဖြင့်တုပ်နှောင်ခံထားရသည်ဟု ခံစားမိသည့်အတွက် ရှောင်တိမ်းရန်ကြိုးစားခဲ့သည်။
နတ်ဆိုးများ တောင်ပေါ်ရောက်မလာမှီက ဤနေရာလေးသည် အေးချမ်းသာယာသော ဝါးတောလေးဖြစ်ခဲ့ပေသည်။သို့သော် နတ်ဆိုးများရောက်ရှိလာချိန်၌ ဤနေရာသည် ကောင်းကင်နှင့်မြေကြီး၏ပိုက်ကွန်ဖြင့် ထောက်ချောက်ဆင်ထားသော နေရာဖြစ်လာလိမ့်မယ်...
မြေကမ္ဘာချုပ်နှောင်ဂူ၊ဝိညာဉ်ချုပ်နှောင်ဂူ၊သတ်ဖြတ်ဓားသွားဂူ၊ကိုယ်တိုင်ဖျက်ဆီးသော ပရမ်းပတာဂူ၊အရိပ်မဲ့သေခြင်းဂူနှင့်အဆိပ်၅သွယ်လိပ်ပြာဂူကောင်ကဲ့သို့ အချုပ်အနှောင်နှင့်သတ်ဖြတ်ခြင်းအသားပေးဂူကောင်များစွာက ဝါးတောထဲ၌ပုန်းအောင်းလျက်ရှိသည်။
"သေစမ်း..."
မြေကမ္ဘာချုပ်နှောင်ဂူကောင်ဖြင့် ချုပ်နှောင်ခံထားရသောကျားနတ်ဆိုးသည် ရှောင်ကိုင်၏အနီရောင်မီးတောက်ကိုရှောင်တိမ်းနိုင်စွမ်းမရှိတော့ပေ။ထို့နောက် နာကျင်စွာအော်ဟစ်လိုက်သော ကျားဟိန်းသံများကသာ ပတ်၀န်းကျင်ကိုလွှမ်းခြုံထားခဲ့သည်။
"အား...ဝေါင်း"
နောက်အခိုက်အတန့်လေးတွင် အနီရောင်မီးတောက်က အသံလှိုင်းများကိုဖြတ်ကျော်ကာ အော်ဟစ်နေသော ကျားနတ်ဆိုး၏ပါးစပ်ထဲသို့ တိုက်ရိုက်၀င်ရောက်သွားခဲ့သည်။
ကျားနတ်ဆိုးနှင့်အတူပါလာသော ဝံပုလွေနတ်ဆိုး၃ကောင်က ထိုမြင်ကွင်းကြောင့်အံ့အားသင့်သွားခဲ့သည်။ကျားနတ်ဆိုး၏အစာအိမ်သည် လောင်ကျွမ်းပြာကျသွားကာ ထိုမှတဆင့်ကျားနတ်ဆိုးသည် ၀မ်းနည်းဖွယ်ကောင်းလောက်အောင် ပွဲချင်းပြီးသေဆုံးသွားကြောင်း သူတို့တွေ့မြင်လိုက်ရသည်။
စတုတ္ထအဆင့်နတ်ဆိုးက ဒီတိုင်းပဲသေသွားရတာလား...
"ဒီဂူသခင်မှာ အထင်ကြီးစရာစွမ်းရည်တွေရှိနေတာပဲ...သူကိုအတူတူတိုက်ခိုက်ပြီး သတ်ဖြတ်ဖို့လုပ်ကြတော့..."
ထိုနေရာတွင် သိပ်မဝေးသောနေရာ၌ အစီအရင်ဖွဲ့စည်းကာ တိုက်ခိုက်နေသော လူသားစစ်သည်တော်က အော်ဟစ်အမိန့်ပေးလိုက်သည်။
ထိုလူသည် မျက်နှာဖုံးတပ်ဆင်ထားကာ အနက်ရောင်အ၀တ်အစားများကိုသာ ၀တ်ဆင်ထားသည့်အတွက်ကြောင့် ထိုလူ၏မျက်နှာကို ရှင်းရှင်းလင်းလင်းမမြင်တွေ့ရပေ။
အမိန့်ရရှိပြီးနောက် ဝံပုလွေနတ်ဆိုး၃ကောင်သည် လမ်းကြောင်း၃ခုခွဲကာ လီယွမ်အားတပြိုင်နက်တိုက်ခိုက်လိုက်ကြသည်။
လီယွမ်ကမူ သူ၏မျက်နှာပေါ်၌ အပြုံးတစ်ခုရှိနေဆဲဖြစ်သည်။
ဘန်း...
သူသည် အသက်၂ခါရှုချိန်အတွင်း ပထမဆုံးဝံပုလွေနတ်ဆိုးကို ဓားဖြင့်ထိုးသွင်းလိုက်ပြီး ပွဲချင်းပြီးသေဆုံးစေလိုက်သည်။
အသက်၃ခါရှုထုတ်ချိန်ပြီးနောက် ဒုတိယဝံပုလွေနတ်ဆိုးသည်လည်း ခေါင်းဖြတ်ခံရကာ သေဆုံးသွားခဲ့သည်။
အသက်၅ခါရှုချိန်အပြီးတွင် နောက်ဆုံးသောဝံပုလွေနတ်ဆိုးသည် ဝါးတောထဲမှပြေးထွက်လာခဲ့သော်လည်း ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက်တွင် မြေပေါ်သို့လဲကျသွားခဲ့ပြီးနောက် ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးက ပုပ်ပွဆွေးမြေ့သွားခဲ့ရသည်။
ဝံပုလွေနတ်ဆိုး၃ကောင်၏ အကာအကွယ်အောက်တွင် လူသားစစ်သည်တော်များက လီယွမ်ထံသို့ ပြေး၀င်လာခဲ့ကြသည်။
"နတ်ဘုရားနတ်ဆိုးဓားသွား..."
ဓားရှည်တစ်လက်သည် အရိပ်ကိုပင်မမြင်တွေ့နိုင်လောက်သော အမြန်နှုန်းဖြင့် လီယွမ်၏ဦးခေါင်းကိုဖြတ်တောက်ပစ်လိုက်ရာ ဦးခေါင်းကမြေပေါ်လိမ့်ကျသွားခဲ့သည်။
"ပဉ္စမအဆင့်ဂူသခင်က ဒီလောက်ပဲလား..."
"ဂူသခင်တွေက လှည့်ကွက်တွေကိုအသုံးပြုပြီးတော့ ထူးဆန်းတဲ့နည်းစနစ်တွေပိုင်ဆိုင်ထားတဲ့သူတွေလောက်ပါဘဲ...တကယ်တမ်းသာထိပ်တိုက်ရင်ဆိုင်ရမယ်ဆိုရင် ငါ့ရဲ့ထိုးနှက်ချက်ကိုတောင်မခံနိုင်ဘူး...ဒီတိုင်းသာဆို ရှင်းကျန်းဒေသက အနှေးနဲ့အမြန်ငါတို့ဆီရောက်လာမှာပဲ"
"ကဲ...နောက်တစ်ခုက..."
အသံက ရုတ်တရက်ရပ်သွားခဲ့ကာ စစ်သည်တော်၏မျက်လုံးများက သူ၏ရင်ဘတ်ကိုဖောက်ထွက်သွားသောလက်သီးအား မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်နေခဲ့သည်။
တစ်ချိန်တည်းတွင် မြေကြီးပေါ်ပြုတ်ကျနေသောဦးခေါင်းပြတ်က သစ်သားအဖြစ်ပြောင်းလဲသွားခဲ့သည်။
"ပုံရိပ်ယောင်...ပုံရိပ်ယောင်လား"
"ဘင်ဂို...မင်းခန့်မှန်းတာမှန်တယ်"
ထိုအချိန်တွင် စစ်သည်တော်၏နောက်ကျောမှထူးဆန်းသောအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
လီယွမ်က သွေးစွန်းပေနေသော သူ၏လက်ကိုပြန်၍ဆွဲထုတ်လိုက်သည်။သူသည် ယခုလိုပဉ္စမအဆင့်စစ်သည်တော်များဖြင့် တိုက်ခိုက်ရမည်ဆိုပါက လက်သီးတစ်ချက်ဖြင့်ပင် အပြတ်ရှင်းပစ်နိုင်ကြောင်း ခံစားနေရသည်။
သို့သော်လည်း သူကသတိဖြင့်ဆက်လုပ်ရန်သာ ရွေးချယ်ခဲ့သည်။သူသည် ရန်သူအားတစ်ချက်တည်းဖြင့်အဆုံးမသတ်နိုင်ပါက ထိပ်တိုက်ရင်ဆိုင်ခြင်းမပြုရန်ဟူသော နိယာမကိုလိုက်နာရန် ရွေးချယ်ခဲ့သည်။
ရန်သူကို နောက်ကျောမှနေ၍ အငိုက်ဖမ်းကာ အပြတ်ရှင်းထုတ်ခြင်းက လီယွမ်၏ခံယူချက်နှင့်ပိုမိုကိုက်ညီပေသည်။
စစ်သည်တော်၏ခန္ဓာကိုယ်က မြေကြီးပေါ်ပြုတ်ကျသွားခဲ့သည်။
အဝေးမှနေ၍ တိုက်ပွဲအားစောင့်ကြည့်နေသော ရှောင်ချင်းအာသည် ထိုမြင်ကွင်းကိုမြင်လိုက်ပြီးနောက် သူမ၏မျက်လုံးများက ဗလာဖြစ်သွားခဲ့သည်။ထို့နောက် စိတ်မထိန်းနိုင်တော့ဘဲ အနီးရှိနံရံကိုမှီတွယ်၍ ပြင်းထန်စွာအန်ထုတ်မိလိုက်သည်။
"ငါမင်းကိုပုန်းနေဖို့ပြောပါတယ်..."
ရှောင်ချင်းအာစိတ်ပျက်သွားမည်ကို လီယွမ်မစိုးရိမ်မိပေ။
တော်၀င်မိသားစုများ၌ မွေးဖွားလာသူတိုင်းသည် အနာဂတ်တွင်ကျိန်းသေပေါက် သွေးများစွန်းထင်းကြရမည်ဖြစ်သည်။ယခုရှောင်ချင်းအာမြင်တွေ့နေရသည်မှာ သေးငယ်သောတိုက်ပွဲတစ်ခုသာဖြစ်သည်။
"အစ်ကိုလီယွမ်...အဲ့ဒါကစိတ်ပျက်စရာကြီး"
ရှောင်ချင်းအာသည် စကားတစ်ခွန်းမျှသာပြော၍ ဆက်လက်ထိုးအန်နေခဲ့သည်။
၀မ်ကျောက်ကျောက်ကလည်း ခဏလောက်ထိတ်လန့်သွားပြီးနောက် မျက်ရည်စက်လက်ဖြင့် လီယွမ်၏ရင်ခွင်ထဲတိုး၀င်သွားခဲ့သည်။သူမသည် သေခြင်းရှင်ခြင်းတိုက်ပွဲတစ်ခုအတွက် အဆင်သင့်ဖြစ်နေသော်လည်း အဆုံးသတ်၌မည်သည့်အရာမှ ဖြစ်မလာခဲ့ပေ။
နတ်ဆိုးများနှင့်သစ္စာဖောက်လူသားစစ်သည်တော်များအားလုံးကို အစ်ကိုကြီးလီယွမ်က အလွယ်တကူပင် ဖြေရှင်းပြလိုက်ခဲ့သည်။
ဤဖြစ်စဉ်မှာ သူမသည်အရာအားလုံးကိုဆုံးရှုံးရန်အတွက် အဆင်သင့်ပြင်ဆင်ထားခဲ့သော်လည်း သူမနိုးထလာချိန်တွင် အိပ်မက်တစ်ခုသဖွယ်ဖြစ်နေခြင်းနှင့် ဆင်တူနေခဲ့သည်။
"မင်းအတွက်လေ့ကျင့်ပေးဖို့ ငါတစ်ယောက်ချန်ခဲ့သင့်တယ်"
လီယွမ်ကအပြုံးမပျက်ဘဲပြောလိုက်သည်။
သူကိုယ်တိုင်က ရှောင်ကျောက်အတွက် ရံဖန်ရံခါဆိုသလိုပင် လေ့ကျင့်ဖော်အဖြစ်ဆောင်ရွက်ခဲ့သော်လည်း သူမသည်အစစ်အမှန်တိုက်ပွဲများဖြင့် ဝေးကွာနေဆဲဖြစ်သည်။ရှောင်ကျောက်သာ တစ်ယောက်တည်းရှိနေချိန်တွင် ဤလိုတိုက်ပွဲမျိုးကြုံတွေ့လာပါက သူမအန္တာရယ်မှလွတ်ကင်းနိုင်ရန်သာ လီယွမ်မျှော်လင့်မိပေသည်။
လီယွမ်၏ပုခုံးပေါ်ရှိ ရှောင်ကိုင်က သူမ၏လျှာကိုထုတ်လိုက်သွင်းလိုက် လုပ်ကာ လီယွမ်အားဆက်သွယ်လိုက်သည်။
လီယွမ်သည် ရှောင်ကိုင်၏စကားကိုအဓိပ္ပာယ်ဖော်ပြီးနောက် အံ့ဩသွားခဲ့သည်။
"မင်းက နတ်ဆိုးကိုစားချင်တာလား..."
…