← Chapters

အခန်း (၄၂၄-၄၂၆)

Vol. 29 Ch. 424-426

အခန်း (၄၂၄-၄၂၆)

Vol. 29 Ch. 424-426

အခန်း ၄၂၄ - နိယာမစွမ်းအားကို အမှန်တကယ် ဆုပ်ကိုင်နိုင်ခြင်း...

~ကျန်းရူယွီ၏ မျက်နှာအမူအရာက တည်ကြည်လေးနက်သွားပြီး ခေါင်းကို အားပါပါနှင့်

ညိတ်ပြလိုက်၏။

"ဒါက နိယာမတစ်ခု ဖြစ်ရမယ်။ နိယာမတစ်ခုတည်းသာ ဒီလောက် ကြောက်စရာကောင်းတဲ့ အစွမ်းမျိုး ပိုင်ဆိုင်နိုင်မှာ။"

"ဒါပေမဲ့ လုရီက ဟင်းလင်းပြင်ဥမင်အဆင့်ပဲ ရှိသေးတာလေ။ ဒီအဆင့်နဲ့ နိယာမတစ်ခုကို ဆုပ်ကိုင်နိုင်တယ် ဟုတ်လား။ ဒီလိုမျိုး တစ်ယောက်ယောက် တကယ်လုပ်နိုင်လို့လား။"

လုရီ ဖြစ်နေသည့်တိုင် ယွင်ရှီးအဖို့တော့ ယုံရခက်နေဆဲပင်။

ယွင်ရှီးလိုပင် ကျန်းရူယွီကလည်း မယုံနိုင်စွာ ဆို၏။

"ဒါပေမဲ့ အဖြစ်မှန်က ငါတို့ မျက်စိရှေ့မှာပဲလေ။"

ကျန်းရူယွီနှင့် ယွင်ရှီးတို့နှစ်ဦးစလုံး စကားမပြောနိုင်ဘဲ ငြိမ်သက်သွားကြသည်။

ထို့နောက် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြရာ သူမတို့၏ မျက်ဝန်းများထဲတွင် အံ့အားသင့်မှုနှင့်အတူ ဂုဏ်ယူဝံ့ကြွားမှုတို့ကိုပါ မြင်တွေ့လိုက်ရ၏။

ယွင်ရှီး၏ အပြုံးက နေရောင်ခြည်ပမာ တောက်ပနေသည်။ "လုရီ ဖြစ်ရမယ်ဆိုတာ ဒါမျိုးပေါ့။"

"ဂျူနီယာမောင်လေးက တကယ်ကို အံ့မခန်းပဲ။ သူ အခု နိယာမတစ်ခုကို ဆုပ်ကိုင်နိုင်သွားပြီ။ ဒါက အင်မော်တယ်တွေပဲ သုံးနိုင်တဲ့ စွမ်းအားမျိုးလေ။ အနာဂတ်မှာ သူ ဒီ့ထက် အများကြီး အစွမ်းထက်လာမှာ သေချာတယ်။"

ကျန်းရူယွီတစ်ယောက် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေလေ၏။

လုရီသည် သူမ၏ တာအိုလက်တွဲဖော် ဖြစ်ပြီး နှစ်ကိုယ်တူ ကျင့်ကြံခြင်းကိုလည်း ပြီးမြောက်ခဲ့သည်မှာ မကြာသေးပေ။

မိမိ၏ တာအို လက်တွဲဖော် ဤမျှ အစွမ်းထက်လာသည်ကို မြင်ရသောအခါ ကျန်းရူယွီလို အမျိုးသမီးတစ်ယောက်ပင် စိတ်လှုပ်ရှားနေမိ၏။

ဓားတာအိုနိယာမကို နားလည်သဘောပေါက်ခြင်းမှ ဖြစ်ပေါ်လာသော ဆန်းကြယ်မြင်ကွင်းသည် အလွန်အမင်း အားပြင်းလှသည်။ ဓားအလင်းလှိုင်းများက ဂူစံအိမ်ထဲတွင် တလိပ်လိပ်တက်လာပြီး တောင်ထိပ်မှပင် ပန်းထွက်ကာ ကောင်းကင်နှင့်မြေကြီးကြားတွင် ကြာရှည်စွာ တည်ရှိနေလေသည်။

ကံကောင်းထောက်မစွာ လုရီသည် ယခင်က

လျိုနင်ရွှမ်း၏ အင်မော်တယ်ခန္ဓာကိုယ်အဖြစ် အသွင်ပြောင်းလဲမှုမှ ဖြစ်ပေါ်လာသော ဆန်းကြယ်မြင်ကွင်းကို ဖုံးကွယ်ရန် လုံလောက်သော မဟာအခင်းအကျင်းကြီးတစ်ခုကို တည်ဆောက်ခဲ့သောကြောင့် ဆန်းကြယ်မြင်ကွင်းက အပြင်သို့ မပေါက်ကြားခဲ့ပေ။

ဆန်းကြယ်မြင်ကွင်း၏ နက်နဲလှသော ဓားတာအိုကို ကြည့်ရင်း ကျန်းရူယွီသည် ခဏတာ ငေးမောနေမိပြီးနောက် ရုတ်တရက် ဉာဏ်အလင်းပွင့်သွားကာ ထက်ပင် ပိုမိုအားကောင်းသော ဓားတာအိုကို တွေးတောဆင်ခြင်ရန် ခြေထောက်ချိတ်ထိုင်လိုက်၏။

ဓားတာအို လမ်းကြောင်းကို မကျင့်ကြံသော ယွင်ရှီးပင်လျှင် သူမ၏ မွေးရာပါ နားလည်နိုင်စွမ်းက အလွန်ကောင်းမွန်လေရာ ဓားတာအိုနိယာမကို နားလည်သဘောပေါက်ခြင်းကို မြင်တွေ့ရသောအခါ ဓားတာအိုအကြောင်း အနည်းငယ် နားလည်သွားပြီး ဓားစိတ်ဆန္ဒ၏ အရိပ်အယောင်တစ်ခုကိုပင် ခံစားမိလိုက်၏။

‘ငါက ဒီအရာတွေကို နားလည်ဖို့ ဘယ်တုန်းကမှ ရည်ရွယ်ခဲ့တာ မဟုတ်ပါဘူး။ ဒါပေမဲ့ လုရီနောက်လိုက်ရင်းနဲ့ ရေဓာတ်စိတ်ဆန္ဒနယ်ပယ်ရော၊ ဓားစိတ်ဆန္ဒကိုပါ တစ်နည်းနည်းနဲ့ ဆုပ်ကိုင်မိသွားပါလား...’

ယွင်ရှီးတစ်ယောက် စိတ်ထဲတွင် ပြောစရာစကား မရှိအောင် ဖြစ်သွားလေသည်။

ထိုသို့ နားလည်သဘောပေါက်မှုသည် အချိန်အတော်ကြာ တည်ရှိနေပြီးမှ တဖြည်းဖြည်း ပျောက်ကွယ်သွား၏။

ကျင့်ကြံခြင်းအခန်းထဲတွင် လုရီ၏ ပတ်ပတ်လည်မှ ဓားတာအို၏ တာအိုပုံစံများဖြင့် ဖွဲ့စည်းထားသော ဓားအရိပ်များက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ခြေထောက်ချိတ်ထိုင်နေသော သူ၏ အရှိန်အဝါသည် အင်မော်တယ်တစ်ပါးကဲ့သို့ ပေါ့ပါးပြီး နက်နဲနေကာ၊ သူ၏ချောမောသော မျက်နှာပေါ်တွင် နက်နဲသော တာအိုအလင်းရောင်တစ်ချက် သန်းနေလေ၏။

များမကြာမီ တာအိုအလင်းရောင်လည်း ပျောက်ကွယ်သွားပြီး လုရီက သူ၏မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။ သူ၏မျက်လုံးများထဲတွင် ဓားတာအို၏ နက်နဲသည့် ပုံစံတစ်ခု ထင်ဟပ်နေ၏။

တာအိုပုံစံများ ပျောက်ကွယ်သွားသောအခါ

လုရီ၏ မျက်လုံးများသည် နက်မှောင်သော မူလအရောင်သို့ ပြန်ပြောင်းသွားပြီး အင်မော်တယ်တစ်ပါးနှင့်တူသော အရှိန်အဝါသည်လည်း ပျောက်ကွယ်ကာ သာမန်လူတစ်ယောက်၏ အခြေအနေသို့ ပြန်ရောက်သွားတော့သည်။

လုရီ၏ ရင်ထဲတွင်တော့ အလွန်အမင်း ဝမ်းမြောက်နေ၏။ ဤ ဓားတာအိုနိယာမ၏ ၁၀% သည် အလွန်တရာ အစွမ်းထက်လှသည်။ ၎င်းသည် သူ၏ ဓားတာအိုနယ်ပယ်ကို ပြီးပြည့်စုံသောအဆင့်သို့ ရောက်ရှိစေရုံသာမက ဓားတာအိုနိယာမများကို စတင်၍ တိုက်ရိုက် နားလည်နိုင်စေ၏။

ဆိုလိုသည်မှာ လုရီသည် သူ၏ ဓားနယ်မြေကို အမှန်တကယ် ပြီးပြည့်စုံသော အဆင့်သို့ ဖန်တီးနိုင်ခဲ့ပါပြီ။ ယခုအချိန်မှစ၍ သူ၏ ဓားတာအိုကို မြှင့်တင်လိုလျှင် နိယာမ စွမ်းအားကို နားလည်ရန် လိုအပ်တော့မည် ဖြစ်သည်။

ယခုအချိန်တွင် လုရီသည် ယခင်ကလို နိယာမစွမ်းအားမျှင်တစ်ခုမျှသာ မဟုတ်ဘဲ နိယာမ

တစ်ခုကို အမှန်တကယ် ဆုပ်ကိုင်နိုင်ခဲ့ပြီဖြစ်သည်။

သူ၏ ဓားတာအိုနိယာမသည် ၁၀% နီးပါး ပြီးမြောက်သွားပြီဖြစ်ပြီး သူ၏တိုက်ခိုက်ရေးစွမ်းအားသည် အရင်ကနှင့် ကမ္ဘာနှင့် ချီပြီး ကွာခြားသွားပြီဖြစ်၏။

သူသည် အများကြီး ပို၍ စွမ်းအား မြင့်လာခဲ့သည်။ လုရီ၏ အပြုံးသည် တောက်ပမှုများဖြင့် ပြည့်နှက်နေတော့သည်။

'အခု ငါ့အစွမ်းက ပိုပြီး အားကောင်းတဲ့

မဟာယာနအဆင့် ကျင့်ကြံသူတွေ၊ ဒါမှမဟုတ် ကပ်ဘေးဖြတ်ကျော် ဘိုးဘေးတွေနဲ့ ယှဉ်ရင် ဘယ်သူက ပိုသန်မာမလဲတော့ မသေချာဘူး။'

ကပ်ဘေးဖြတ်ကျော် ဘိုးဘေးတစ်ဦး မည်မျှ အစွမ်းထက်သည်ကို သေချာမသိသည် ဖြစ်ရာ မှန်းဆ၍ မရနိုင်ပေ။

သို့သော် သူ သိသည်မှာ သူ၏ လက်ရှိအစွမ်းဖြင့် မဟာယာနအဆင့် ပဉ္စမအလွှာ ရေနက်နဂါးဖြစ်သော မော့မင်နှင့် ရင်ဆိုင်ရပါက သူ့ကို အနိုင်ယူရန် ဓားတစ်ချက်တည်းသာ လိုအပ်မည်ဖြစ်သည်။

လုရီက လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး ပျင်းရိစွာ အကြောဆန့်ကာ ကျင့်ကြံခြင်း အခန်းမှ ထွက်လာခဲ့တော့၏။

ခန်းမဆောင်ထဲတွင် ယွင်ရှီးနှင့် ကျန်းရူယွီ နှစ်ယောက်လုံး ရှိနေသည်။ ကျန်းရူယွီက မျက်လုံးမှိတ်ကာ ခံစားနေပြီး သူမ၏ ပတ်ပတ်လည်တွင် ပြင်းထန်သော ဓားစိတ်ဆန္ဒများ လွှမ်းခြုံနေကာ သူမ၏ နက်နဲသော ဓားတာအိုနယ်မြေသည် ဆက်လက်တိုးချဲ့နေလေ၏။

လုရီက အနည်းငယ် အံ့အားသင့်သွားပြီးနောက်၊ မိမိ၏ နားလည်သဘောပေါက်မှုမှ ဖြစ်ပေါ်လာသော ဆန်းကြယ်မြင်ကွင်းကြောင့် စီနီယာအစ်မရူယွီ အသိဉာဏ်အလင်းပွင့်သွားခြင်းဖြစ်မည်ဟု သဘောပေါက်လိုက်သည်။

ထိုအခိုက်အတန့်တွင် ယွင်ရှီးက လုရီကို စပ်စုသည့်ဟန်ဖြင့် ကြည့်ကာ မေးလာ၏။

"လုရီ၊ အစ်မရူယွီက နင် ဓားတာအိုနိယာမကို ဆုပ်ကိုင်နိုင်သွားပြီလို့ ပြောတယ်၊ အဲ့ဒါ ဟုတ်လား။"

"အင်း။"

လုရီက ပြုံး၍ ခေါင်းညိတ်လိုက်၏။

ယွင်ရှီးက ချက်ချင်းပင် သာယာစွာ ရယ်မောလိုက်သည်။

"ဒါ အရမ်းကောင်းတာပဲ။"

ယွင်ရှီး ပျော်နေသည်ကို မြင်ရသောအခါ လုရီလည်း ပြုံးလိုက်မိ၏။

ထိုစဉ် ကျန်းရူယွီ၏ ဓားတာအို နယ်မြေသည်လည်း တဖြည်းဖြည်း ငြိမ်သက်သွားပြီး သူမ၏မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။ သူမ၏ မျက်လုံးများက ပျော်ရွှင်မှုဖြင့် တောက်ပနေ၏။

လုရီက ပြုံးကာ ပြောလိုက်သည်။

"စီနီယာအစ်မရူယွီ၊ ဂုဏ်ယူပါတယ်။ ခင်ဗျားရဲ့ ဓားနယ်မြေ အများကြီး တိုးတက်လာပုံပဲ။"

ကျန်းရူယွီက မတ်တပ်ထရပ်ရင်း ပျော်ရွှင်စွာ ပြောသည်။

"ဟုတ်တယ်! ၉၂% လောက်အထိ တိုးတက်လာတယ်။ ဓားတာအိုနိယာမရဲ့ အသွင်ပြောင်းလဲမှုကို မြင်လိုက်ရတာက ငါ့အတွက် အများကြီး အထောက်အကူပြုတယ်။ နောက်ထပ်လည်း တိုးတက်နိုင်သေးတယ်။ နင့်ကို ကျေးဇူးတင်ပါတယ် ဂျူနီယာမောင်လေး။"

"ဒါက စီနီယာအစ်မရဲ့ မွေးရာပါ အရည်အချင်းက အံ့မခန်းဖြစ်လို့လည်း ပါတာပေါ့။ လူတိုင်းက ဒီလောက်များများ နားလည်နိုင်မှာ မဟုတ်ပါဘူး။"

ဒီစကားကိုကြားတော့ ကျန်းရူယွီက သူ့ကို

ချစ်စဖွယ် ဟန်လေးဖြင့် ကြည့်ကာ၊

"ဘယ်လောက်ပဲ အံ့မခန်းဖြစ်ဖြစ်၊ နင်နဲ့တော့ ယှဉ်လို့ မရပါဘူး။"

သူမ၏ မျက်လုံးများက အံ့ဩမှုဖြင့် တောက်ပနေ၏။

"ဘယ်နှစ်ရက်ပဲ ရှိသေးလဲ။ နင့်ရဲ့ ဓားနယ်ပယ်က ၆၀% လောက်ကနေ အခု ဓားတာအိုနိယာမအဆင့် ရောက်သွားပြီ။ နင်က လူမှ ဟုတ်ရဲ့လား။ ဂျူနီယာမောင်လေး၊ နင်က

တကယ့်ကို မိစ္ဆာပဲ။"

လုရီတစ်ယောက် အနေရခက်သွားပြီး သူ၏မျက်နှာပေါ်တွင် ကူကယ်ရာမဲ့သော အမူအရာများ ပြည့်နှက်နေသည်။

"ဘာလို့ ကျွန်တော်က မိစ္ဆာ ဖြစ်ရတာလဲ။ ကံကောင်းလို့ ဉာဏ်အလင်းပွင့်သွားတာပါပဲ။"

"သာမန်လူတွေ ဉာဏ်အလင်းပွင့်ရင် နိယာမ

တစ်ခုကို တိုက်ရိုက် နားလည်နိုင်လို့လား။"

ယွင်ရှီးပင်လျှင် ခေါင်းညိတ်ကာ ထောက်ခံ၏။

"လုရီ၊ နင့်ရဲ့ အရည်အချင်းက တကယ်ကို ကျင့်ကြံသူအားလုံးကို စိတ်ပျက်အားငယ်သွားစေလောက်အောင်ပဲ။ မိစ္ဆာတစ်ကောင်လိုပဲ။"

သူတို့နှစ်ယောက်လုံး ဤသို့ပြောသည်ကို မြင်သောအခါ လုရီ၏ မျက်နှာပေါ်တွင် ကူကယ်ရာမဲ့သော အမူအရာများ ထပ်မံပေါ်လာပြီး ခနဲ့တဲ့တဲ့ ရယ်လိုက်သည်။

"ခင်ဗျားတို့နှစ်ယောက်က ခင်ဗျားတို့ရဲ့ တာအိုလက်တွဲဖော်ကို ဒီလိုပြောကြတာလား။ ဒါအတွက်တော့ အပြစ်ပေးသင့်တယ် နော်။"

သူ၏ စကားကြောင့် ကျန်းရူယွီနှင့် ယွင်ရှီးနှစ်ယောက်လုံး လန့်သွားပြီး လုရီကို ကြည့်လိုက်ကြ၏။

"နင် ဘာလုပ်မလို့လဲ။"

ကျန်းရူယွီက သတိကြီးစွာဖြင့် မေးလိုက်သည်။

"ငါ နင့်ကို မဟုတ်တာ မလုပ်ဖို့ သတိပေးလိုက်မယ်နော်။"

"လုရီ၊ အစ်မရူယွီဆီ သွားလိုက်ပါဟာ၊ ငါ

အားမပြည့်သေးဘူး။" ဟု ယွင်ရှီးက ဝင်ပြောလာသည်။

ကျန်းရူယွီ: "???"

သူမက ယွင်ရှီးကို မယုံနိုင်စွာ ကြည့်လိုက်၏။

..ဒီကောင်မလေး တကယ်ပဲ ငါ့ကို သစ္စာဖောက်လိုက်တာလား။ အခုချိန်မှာ ငါတို့နှစ်ယောက် တစ်ဖက်တည်းဖြစ်နေရမှာ မဟုတ်ဘူးလား။..

လုရီက ဗီလိန်တစ်ယောက်လို ပြုံးလိုက်ပြီး တဟားဟားရယ်ကာ ဆိုသည်။

"နောက်ကျသွားပြီ။ ဒီနေ့ ခင်ဗျားတို့

နှစ်ယောက်လုံး မလွတ်နိုင်ဘူး။"

လုရီ ဘာမှမလှုပ်ရှားလိုက်သည်ကို မမြင်လိုက်ရဘဲ ယွင်ရှီးနှင့် ကျန်းရူယွီတို့သည် သူတို့၏ ခန္ဓာကိုယ်များ လုံးဝ မလှုပ်ရှားနိုင်တော့သည်ကို ခံစားလိုက်ရသည်။ ကောင်းကင်နှင့်မြေကြီး၏ ဖိနှိပ်ချုပ်ချယ်မှုကို ခံလိုက်ရသလိုပင်။

သူတို့၏ မျက်လုံးများက တုန်လှုပ်မှုဖြင့် ပြူးကျယ်သွားပြီး ကျန်းရူယွီက အော်ဟစ်လိုက်၏။

"ဓားတာအိုနိယာမ?!"

သူတို့၏ ပေါင်းစည်းခြင်းနယ်ပယ်အဆင့် စွမ်းအားများဖြင့်ပင် နိယာမ၏ ချုပ်ချယ်မှုအောက်မှ လွတ်မြောက်ရန် လုံးဝ မတတ်နိုင်ဘဲ သစ်ပင်ကြီးတစ်ပင်ကို လှုပ်ခတ်ရန် ကြိုးစားနေသော ပုရွက်ဆိတ်များကဲ့သို့ ဖြစ်နေသည်။

လုရီက အပြုံးများဖြင့် သူတို့ဆီသို့ လျှောက်လာပြီး နှစ်ယောက်လုံးကို အခန်းထဲသို့ ခေါ်ဆောင်သွားတော့၏။

ကျန်းရူယွီနှင့် ယွင်ရှီးတို့သည် တူညီသောအရာကို တွေးမိကာ သူတို့၏ မျက်နှာများ ညှိုးငယ်သွားပြီး နှစ်ယောက်လုံး အနည်းငယ် ကြောက်လန့်သွားကြသည်။

တစ်ယောက်ချင်း နှစ်ကိုယ်တူကျင့်ကြံရန် ပြဿနာမရှိသော်လည်း နှစ်ယောက်အတူတူတဲ့လား။

သူမတို့ တကြိမ်တစ်ခါမျှ မစဉ်းစားခဲ့ဖူးပေ။

ကျန်းရူယွီက အသနားခံလိုက်သည်။

"ဂျူနီယာမောင်လေး၊ အစ်မ မှားသွားပါတယ်။ နင့်ကို မိစ္ဆာလို့ မခေါ်သင့်ဘူး။ မင်းရဲ့ စီနီယာအစ်မကို လွှတ်ပေးပါနော်။"

ယွင်ရှီးကလည်း သနားစရာကောင်းအောင် ဆက်လုပ်သည်။

"လုရီ၊ ငါ ကောင်းကောင်း အနားမယူရသေးဘူး။ နင် အစ်မရူယွီဆီ သွားလိုက်ပါဟယ်။"

"ယွင်ရှီး..."

ကျန်းရူယွီက ယွင်ရှီးကို ကိုက်သတ်ပစ်ချင်စိတ် ပေါက်သွားသည်။

လုရီက သူတို့ကို လွှတ်ပေးမည် မဟုတ်သည်မှာ သဘာဝကျ၏။ သူက အစကတည်းက သူတို့ကို အတူတူခေါ်ရန် အကြောင်းပြချက်တစ်ခုသာ လိုချင်ခဲ့သည်။

သူက ရယ်မောလိုက်သည်။

"အဟီးဟီး..အခုမှ တောင်းပန်ဖို့ နောက်ကျသွားပြီ။"

လုရီက နှစ်ယောက်လုံးကို အခန်းထဲသို့ ခေါ်ဆောင်သွားပြီး တံခါးကို ပိတ်လိုက်၏။

မကြာမီ၊ နဂါးနှင့် ဖီးနစ်ငှက်တို့၏ သံစဉ်များသည် အခန်းထဲမှ ထွက်ပေါ်လာတော့သည်။

ဆယ်ရက်ကြာသောအခါ လုရီက အခန်းထဲမှ အနည်းငယ် နှမြောတသစွာ ထွက်လာခဲ့သည်။

ကျန်းရူယွီနှင့် ယွင်ရှီးတို့နှင့်အတူ သူသည် အမှန်ပင် အချိန်ပိုကြာကြာ ထိန်းထားနိုင်ပြီး တစ်ယောက်တည်းထက် သေချာပေါက်

ပိုကောင်းပါ၏။

သို့သော် ထိုသို့ ဖြစ်လင့်ကစား သူမတို့နှစ်ယောက်သည် အချိန် အကြာကြီး မခံနိုင်ဘဲ နောက်ဆုံးတွင် အလွန်အမင်း ပင်ပန်းနွမ်းနယ်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားကြလေသည်။

သို့သော် သူမတို့ နှစ်ယောက်နှင့်အတူ ကျင့်ကြံခြင်းအရှိန်သည် အနည်းငယ် ပိုမြန်ဆန်လာ၏။

တစ်ယောက်တည်း နှစ်ကိုယ်တူ ကျင့်ကြံသည့်အခါ အနားယူချိန်နှင့် ပြန်လည် ကောင်းမွန်ရန် အချိန် လိုအပ်သော်လည်း၊ နှစ်ယောက်နှင့်ဆိုလျှင် အလှည့်ကျဖြင့် အနားယူစရာ မလိုပေ။

လုရီ၏ ကျင့်ကြံခြင်းအရှိန်သည်လည်း ယခင်ကထက် တိုးတက်လာပြီး အတွင်း၌ တိုးပွားလာသော ဝိညာဉ်စွမ်းအင်ကို ခံစားရင်း သူ အလွန်ကျေနပ်နေ၏။

‘နှစ်ကိုယ်တူ ကျင့်ကြံခြင်းက တကယ်ကို အံ့ဩစရာပဲ။ ဒီနှုန်းအတိုင်းဆိုရင် ဟင်းလင်းပြင်ဥမင် တတိယအလွှာကို မကြာခင် တက်လှမ်းနိုင်တော့မှာပဲ။’

ထို့နောက် လုရီသည် ကျင့်ကြံခြင်းအခန်းသို့ သွားကာ ကျင့်ကြံခြင်းနည်းစနစ်များနှင့် သိုင်းပညာများကို စတင်လေ့ကျင့်တော့၏။

နှစ်ရက် ကြာသောအခါ ယွင်ရှီးနှင့် ကျန်းရူယွီတို့ နောက်ဆုံးတွင် ပြန်လည်ကောင်းမွန်လာပြီး နှစ်ယောက်လုံး လုရီကို မျက်နှာကောင်း မပြကြပေ။

နောက်ဆုံးတော့ ဒါက အရမ်းရှက်စရာကောင်းသည် မဟုတ်လား။

အားလုံးက လုရီက သူတို့နှစ်ယောက်ကို အတူတူခေါ်ရန် အတင်းအကျပ်လုပ်ခဲ့သောကြောင့် ဖြစ်၏။

သို့သော် လုရီက မျက်နှာပြောင်တိုက်ပြီး လုံးဝဂရုမစိုက်ပေ။

နောက်ပိုင်းရက်များတွင် လုရီ၏ဘဝသည် တည်ငြိမ်သွား၏။ နေ့တိုင်း သူသည် ယွင်ရှီးနှင့် ကျန်းရူယွီတို့နှင့် နှစ်ကိုယ်တူကျင့်ကြံခြင်း သို့မဟုတ် သိုင်းပညာဖလှယ်ခြင်းများ ပြုလုပ်ကာ ဆုလာဘ်များ ရယူနေသည်။

အလုပ်ဆုလာဘ်များမှ ရရှိသော နှစ်တစ်သောင်း ဝိညာဉ်ကျောက်စိမ်းများကို သူက ကျင့်ကြံရန် အားလုံးအသုံးပြုလိုက်ရာ တိုးတက်မှုသည် အလွန်မြန်ဆန်လှ၏။ ထို့အပြင် အသေးစားတွက်ချက်ခြင်းသိုင်း ကို အာရုံစိုက်ကာ သူ၏

စီနီယာအစ်မ တံခါးပိတ်ကျင့်ကြံနေစဉ်အတွင်း ၎င်းကို အထွတ်အထိပ် အဆင့်အထိ နားလည်ရန် ရည်ရွယ်ထားသည်။

အချိန်တွေ ကုန်လွန်ပြီး နောက်ထပ် ငါးနှစ် ကြာသွား၏။

လုရီသည် အသေးစား တွက်ချက်ခြင်းသိုင်းကို အထွတ်အထိပ် အဆင့်အထိ နားလည်သဘောပေါက်ရန် ငါးနှစ်တိတိ အချိန်ယူခဲ့ရပါသည်။

ထိုသို့ အဆင့်မြှင့်တင်လိုက်သောအခါ သူသည်

မမြင်နိုင်၊ မထိနိုင်သော အရာတစ်ခုကို ခံစားမိသကဲ့သို့ ထင်ရ၏။ ဤအရာသည် အဆုံးမရှိသော လေဟာနယ်ထဲတွင် ပျံ့နှံ့နေပြီး အချိန်၏ မြစ်ရေစီးကြောင်းထဲတွင် စီးဆင်းနေသည်။ ၎င်းသည် လောကရှိ အရာအားလုံးကို ယက်လုပ်ကာ ပေါင်းစပ်ထားလေ၏။

လုရီက ၎င်းကို မသဲမကွဲသာ ခံစားနိုင်သော်လည်း သူ၏စိတ်ထဲတွင် သံသယတစ်ခုရှိနေသည်။

ဤနက်နဲသော စွမ်းအားကို ကံကြမ္မာ ဟု အမည်ပေးထား၏။

အသေးစားတွက်ချက်ခြင်းသိုင်းသည် ကံကြမ္မာသိုင်းနှင့် ဆက်စပ်မှုအချို့ ရှိနိုင်သည်ဟု သူ

တွေးလိုက်သည်။ ကံကောင်းစွာဖြင့် သူသည်

အင်မော်တယ်တစ်ပါးကဲ့သို့သော အရာများကို တွက်ချက်ရန် ရည်ရွယ်မထားပေ။ သူသည် မြူခိုးကျွန်း ၏ တည်နေရာကိုသာ တွက်ချက်ရန် စီစဉ်ထားပါ၏။

လုရီက အသေးစားတွက်ချက်ခြင်းသိုင်းကို ေအထွတ်အထိပ် အဆင့်အထိ ကျင့်ကြံပြီးသောနေ့တွင် သူသည် မြူခိုးကျွန်း၏ တည်နေရာကို တွက်ချက်ရန် ကြိုးစားလိုက်ပါသည်။

ကျင့်ကြံခြင်းအခန်းထဲတွင် လုရီက ခြေထောက်ချိတ်ထိုင်နေပြီး သူ၏မျက်လုံးများက နက်နဲသော အလင်းရောင်များဖြင့် တောက်ပနေသည်။ သူက လက်ဖြင့် မန္တာန်အမူအရာများ ပြုလုပ်ကာ မြူခိုးကျွန်း၏ တည်နေရာကို စတင်တွက်ချက်ပါတော့၏။

အသေးစားတွက်ချက်ခြင်းသိုင်းကို အပြည့်အဝ အသက်သွင်းလိုက်သောအခါ ကြောက်မက်ဖွယ် ဖိအားတစ်ခု ထွက်ပေါ်လာသည်။

ကျင့်ကြံနေသော ယွင်ရှီးနှင့် ကျန်းရူယွီတို့သည် သူမတို့၏ ကိုယ်ပိုင်အခန်းများမှ ထွက်လာကာ ခန်းမဆောင်သို့ ရောက်လာကြ၏။

နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ဤဆန်းကြယ်မြင်ကွင်းကို

မထူးဆန်းတော့သလို ဖြစ်နေကြပါသည်။

"ဒီ ပုံမှန်မဟုတ်တဲ့ ဂျူနီယာမောင်လေး အခု ဘာအံ့ဩစရာကောင်းတဲ့အရာကို နားလည်နေပြန်ပြီလဲ။" ကျန်းရူယွီ၏ ခေါင်းထဲတွင် မေးခွန်းများဖြင့် ပြည့်နှက်နေ၏။

ပုံမှန်မဟုတ်တဲ့ ဂျူနီယာမောင်လေး ။

သူမသည် လုရီက ယွင်ရှီးနှင့် အတူ နှစ်ကိုယ်

တူ ကျင့်ကြံရန် ခေါ်ခံရသည့် အချိန်မှစ၍ ထိုအမည်ကို ပေးခဲ့ခြင်းပင်။

လုရီ၏ အပြုအမူသည် တကယ့်ကို ပုံမှန်မဟုတ်ပါပေ။

ထိုကိစ္စနှင့် ပတ်သက်၍ လုရီက စိတ်အားထက်သန်စွာ ချေပခဲ့သေးသည်။

..ဘယ်ယောက်ျားက ပုံမှန် ဟုတ်လို့လဲ ဟူ၍..

ကံမကောင်းစွာပင် လုရီအား ကြိမ်ဖန်များစွာ ရင်ဆိုင်ခဲ့ရသော်လည်း ကျန်းရူယွီက လက်မလျှော့ခဲ့ပါ။ ထိုနာမည်ကိုသာ ဆက်လက်ခေါ်နေပေသည်။

ယွင်ရှီးကလည်း ထိုသို့ လိုက်လံခေါ်ခဲ့သေးသည်။ သို့သော် လုရီက အကြိမ်ရေ အနည်းငယ်သင်ခန်းစာပေးခဲ့၍ သူမမှာ ခံနိုင်ရည်မရှိဘဲ

အခေါ်အဝေါ် ပြောင်းလဲသွားတော့၏။

ထိုစဉ် ယွင်ရှီးလည်းပဲ ခေါင်းခါလိုက်သည်။

"ဒီလောက် နက်နဲတဲ့ စွမ်းအား... သာမန်တာအိုထက် အများကြီး ပိုနက်နဲပုံပဲ။ လုရီ နောက်ထပ် အစွမ်းထက်တဲ့ လျှို့ဝှက်သိုင်းတစ်ခုကို နားလည်နေတာလား။"

နှစ်ယောက်သား လုရီ၏ ထူးခြားသော

စွမ်းဆောင်ရည်များကို ကျင့်သားရနေကြပြီ

ဖြစ်လေသည်။

ထိုအခိုက်အတန့်တွင် ကျင့်ကြံခြင်းအခန်းထဲ၌ လုရီ၏ ပတ်ပတ်လည်တွင် နက်နဲသော တာအိုအလင်းများ လည်ပတ်နေ၏။

ခဏအကြာတွင် သူ မျက်လုံးဖွင့်လိုက်ရာ အလင်းတန်းတစ်ခု လင်းလက်သွားပြီး လတ်ဆတ်သော သွေးတစ်လုပ်ကို အန်ထုတ်လိုက်ရသည်။

သို့သော် သူ၏နှုတ်ခမ်းထောင့်များတွင် လှပသော အပြုံးတစ်ခု ပေါ်လာတော့၏။

မြူခိုးကျွန်း၏ တည်နေရာကို အတိအကျ တွက်ချက်နိုင်ခြင်း မရှိသော်လည်း သူ ဦးတည်ရာကိုတော့ အကြမ်းဖျင်း ရှာတွေ့ခဲ့ပြီ

ဖြစ်ပါသည်။

အခန်း ၄၂၆ -ဆယ့်ငါးနှစ်ကြာသော်...

~မြူခိုးကျွန်းသည် အရှေ့တောင်ဘက် အရပ်ဆီတွင် တည်ရှိလေသည်။ လုရီ၏ လက်ရှိစွမ်းအားနှင့် မြူခိုးကျွန်း၏ အကွာအဝေးမှာ များစွာကွာခြားလှသောကြောင့် သူသည် ယေဘုယျဦးတည်ရာကိုသာ 'အသေးစားတွက်ချက်ခြင်းသိုင်း' ဖြင့် တွက်ဆနိုင်ခဲ့သည်။

သို့ဖြစ်သော်ငြားလည်း မြူခိုးကျွန်းနှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ သူ၏တွက်ဆမှုသည် ပို၍တိကျလာမည်ဟု ယုံကြည်ထား၏။ ထိုအခါ မြူခိုးကျွန်းကို ရှာဖွေတွေ့ရှိရန်မှာ ခက်ခဲတော့မည် မဟုတ်ပေ။

ထိုအချက်ကို နားလည်လိုက်သောအခါ လုရီ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

စီနီယာအစ်မ နင်ရွှမ်း၏ တံခါးပိတ် ကျင့်ကြံခြင်းမှာ မပြီးဆုံးသေးသောကြောင့် သူက အခြားသော မှော်သိုင်းများနှင့် ကျင့်ကြံခြင်းနည်းစနစ်များကို ဆက်လက် လေ့လာနေလိုက်သည်။ ဟုတ်ပါသည်။ သူသည် နှစ်ကိုယ်တူ ကျင့်ကြံခြင်းကိုလည်း မမေ့လျော့ခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် နှစ်ကိုယ်တူ ကျင့်ကြံခြင်းသည် သူ၏ ကျင့်ကြံမှုအရှိန်ကို သိသိသာသာ မြှင့်တင်ပေးနေသောကြောင့် ဖြစ်သည်။ ထို့အပြင် "နှစ်တစ်သောင်း ဝိညာဉ်ကျောက်စိမ်း" ကိုပါ အသုံးပြုထားသောကြောင့် ငါးနှစ်အတွင်းမှာပင် လုရိီသည် ကျင့်ကြံအဆင့်သုံးဆင့် တက်လှမ်းကာ ဟင်းလင်းပြင်ဥမင် ငါးလွှာသို့ ချင်းနင်း ဝင်ရောက်သွားခဲ့သည်။

နှစ်ကိုယ်တူ ကျင့်ကြံခြင်းက လုရီအတွက် အကျိုးများစွာဖြစ်ထွန်းစေသော်လည်း ယွင်ရှီးနှင့် စီနီယာအစ်မ ရူယွီတို့အပေါ် သက်ရောက်မှုမှာ ပို၍ပင် ကြီးမားလေသည်။

အထူးသဖြင့် သူ၏ ကျင့်စဉ်သည် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ စတင်လိုက်သည်နှင့် ဝိညာဉ်စွမ်းအင် စုပ်ယူနိုင်စွမ်းမှာ မည်သို့မျှ နှေးကွေးနိုင်မည်မဟုတ်ပေ။

သို့သော် သူမတို့နှစ်ဦးအတွက် ကျင့်ကြံချိန်သည်သူနှင့်ယှဉ်လျှင် တိုတောင်းသောကြောင့် သူမတို့၏ ကျင့်ကြံမှုအရှိန်မှာ အတူတူနီးပါးပင် ဖြစ်သည်။ နှစ်တစ်သောင်း ဝိညာဉ်ကျောက်စိမ်းကိုပါ သုံးစွဲထားသောကြောင့် ဤငါးနှစ်တာကာလအတွင်း သူမတို့၏ တိုးတက်မှုမှာ အလွန်လျင်မြန်ခဲ့၏။ ယွင်ရှီးသည် ဟင်းလင်းပြင်ဥမင် လေးလွှာသို့ ရောက်ရှိသွားပြီး ကျန်းရူယွီမှာမူ ဟင်းလင်းပြင်ဥမင် ခုနစ်လွှာသို့ တက်လှမ်းနိုင်ခဲ့သည်။

ထို့အပြင် နှစ်ကိုယ်တူကျင့်စဉ်က သူမတို့၏ တာအိုနယ်မြေများကိုပါ မြှင့်တင်ပေးခဲ့ပြီး သူမတို့၏ အလုံးစုံအစွမ်းကို သိသိသာသာ တိုးတက်စေခဲ့သည်။ သူမတို့၏ စွမ်းအား တိုးတက်လာသည်နှင့်အမျှ လုရိီ၏ 'အလုပ်'များကလည်း တိုးပွားလာကာ ဆုလာဘ်များ ပိုမိုရရှိစေတော့သည်။

ဤသည်မှာ အပြန်အလှန် အထောက်အကူပြုသော သံသရာစက်ဝန်းကောင်းတစ်ခုပင် ဖြစ်တော့၏။

ငါးနှစ်အတွင်း သဘာဝတာအိုနယ်မြေသည် ရာခိုင်နှုန်းကိုးဆယ်သို့ ရောက်ရှိခဲ့ပြီး ပြည့်စုံခြင်းသို့ မဝေးတော့။ ဓားတာအို

မှာမူ နိယာမနယ်ပယ်သို့ အမှန်တကယ်ရောက်ရှိနေပြီဖြစ်ရာ လေ့ကျင့်မှု တစ်ခုချင်းစီမှ ရရှိသော ဆုလာဘ်များ၏ အထောက်အကူမှာ အတော်လေးနည်းပါးသွားသည်။ ငါးနှစ်ကျော်ကြာသော်လည်း လုရီ၏ ဓားတာအိုနိယာမမှာ အနည်းငယ်သာ တိုးတက်ခဲ့သည်။

ကူကယ်ရာမရှိပေ။ နိယာမ၏ စွမ်းအားမှာ အလွန်နက်နဲလွန်းသည် မဟုတ်ပါလား။ ထိုအတွက်

လုရီ များစွာ စိတ်ပျက်မနေခဲ့ပါ။

ထို့နောက်ပိုင်းတွင်လည်း လုရီသည် ယွင်ရှီး၊ စီနီယာအစ်မ ကျန်းရူယွီတို့နှင့် ပုံမှန်နှစ်ကိုယ်တူကျင့်ကြံခဲ့ပြီး သူမတို့နှစ်ဦး ပင်ပန်းနွမ်းနယ်ချိန် သို့မဟုတ် ရုတ်ချည်းဉာဏ်အလင်းရ၍ တစ်ကိုယ်တည်းကျင့်ကြံရန် လိုအပ်ချိန်များတွင် အခြားသော လျှို့ဝှက်သိုင်းများကို လေ့ကျင့်ခဲ့သည်။

ဥပမာအားဖြင့် 'အသေးစားတွက်ချက်ခြင်းသိုင်း'၊ 'အခင်းအကျင်းပေါင်းစပ်ခြင်းသိုင်း'၊ 'ကောင်းကင်ကိုးလွှာ ဓားအင်မော်တယ် ရတနာကျမ်း'၊ 'ကြယ်ဖြတ်သိုင်းကွက်' အင်မော်တယ်သိုင်း စသည်တို့ပင် ဖြစ်သည်။

ထို့အပြင် အခင်းအကျင်းတာအို၊ မှော်ဆေးပညာ၊ လက်နက် သွန်းလောင်းခြင်းပညာရပ်များကိုပါ လေ့ကျင့်ခဲ့ရာ အချိန်ကို အလွန်အကျိုးရှိစွာ အသုံးချနိုင်ခဲ့ပါသည်။

မျက်စိတစ်မှိတ်အတွင်း နောက်ထပ် ဆယ်နှစ် ကုန်ဆုံးသွားခဲ့ပြန်သည်။

လုရိီ၏ ကျင့်စဉ် အဆင့်သည် ဟင်းလင်းပြင်ဥမင် ကိုးလွှာသို့ ရောက်ရှိနေလေပြီ။

ကျန်းရူယွီမှာ ဟင်းလင်းပြင်ဥမင် အထွတ်အထိပ်သို့ ရောက်ရှိကာ ကောင်းကင်တာအိုကန့်သတ်ချက်ကို ချိုးဖျက်ရန် မဝေးတော့ ပေ။ ယွင်ရှီးကလည်း ဟင်းလင်းပြင်ဥမင် ရှစ်လွှာသို့ တက်လှမ်းနိုင်ခဲ့သည်။

သူတို့သုံးဦး၏ ကျင့်ကြံမှုအရှိန်မှာ ‌ကြောက်မက်ဖွယ် လျင်မြန်လှတော့သည်။

...

တစ်နေ့သ၌...

သူတို့သုံးဦး နှစ်ကိုယ်တူကျင့်ကြံနေစဉ်... ဂူစံအိမ်အတွင်း၌ နဂါး မြည်ဟိန်းသံ၊ ဖီးနစ်ငှက်ငိုကြွေးသံတို့က စဉ်ဆက်မပြတ် ပဲ့တင်ထပ်နေသည်။

ယင်နှင့်ယန် တာအို ပုံစံများ၊ ဓားတာအိုပုံစံများ၊ သဘာဝတာအိုပုံစံများနှင့် အခြားလျှို့ဝှက်ဆန်းကြယ်သည့် တာအိုပုံစံများက တစ်ဖျပ်ဖျပ်လက်နေပြီး ဂူတစ်ခုလုံးကို အားပြင်းသော ဆန်းကြယ်မြင်ကွင်း တစ်ခုဖြင့် လွှမ်းခြုံထား၏။

ထိုအခိုက်အတန့်၌...။

ဝုန်း...

ပြင်းထန်လှသော အအေးငွေ့တစ်ချက်က သူတို့သုံးဦးလုံးကို ရုတ်တရက် ရိုက်ခတ်လာသည်။

သူတို့၏ ခန္ဓာကိုယ်များ ရေခဲတမျှ အေးစက်သွား၏။

လုရိီနှင့် ကျန်းရူယွီတို့မှာ တစ်ဦးနှင့်တစ်ဦး ပွေ့ဖက်ထားဆဲ။ ယွင်ရှီးမှာမူ အားအင်ကုန်ခမ်းကာ ဘေးတွင် လဲကျနေသည်။

အားလုံး တုန်လှုပ်ကာ မျက်လုံးများ ပြူးကျယ်သွားကြသည်။

"ဒါ... ဒါက ဘာကြီးလဲ..."

ကျန်းရူယွီသည် အသက်ကို ပြင်းပြင်းရှူထုတ်ရင်း အံ့ဩတကြီး မေးလိုက်သည်။

ထိုစဉ် လုရိီ၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုတို့ ဖြစ်ပေါ်လာသည်။

"စီနီယာအစ်မပဲ ဖြစ်ရမယ်! သူ

'ရွှမ်ပင်းအနှစ်သာရအမြုတေ' ကို အားလုံးစုပ်ယူပြီးသွားပြီထင်တယ်။ အင်မော်တယ်ခန္ဓာ ပြောင်းလဲခြင်းကို စတင်တော့မယ်!"

"သွားကြည့်ရအောင်!"ဟု ယွင်ရှီးက အားယူကာ ထလိုက်ပြီး အားနည်းစွာဖြင့် ဝင်ရောက်ပြောဆိုလာသည်။

"ကောင်းပြီလေ!"

သုံးဦးသား အလျင်အမြန် ထကာ အဝတ်အစားများကို သပ်ရပ်စွာ ဝတ်ဆင်ပြီး ဂူစံအိမ်အတွင်းမှ ထွက်လာခဲ့ကြတော့သည်။

သူတို့သည် စီနီယာအစ်မ လျိုနင်ရွှမ်း တံခါးပိတ်ကျင့်ကြံနေသော ဂူတံခါးဝသို့ ရောက်လာကြသည်။ နှစ်ပေါင်းများစွာ ဂရုမစိုက်ဘဲထားသောကြောင့် ဂူတံခါးဝတွင် ပေါင်းပင်များထူထပ်စွာ ပေါက်ရောက်နေပြီး နွယ်ပင်အချို့မှာ ကျောက်နံရံများပေါ်သို့ တွယ်တက်နေလေပြီ။

ဂူ၏ကျောက်တံခါးအတွင်းမှ အလွန်ပြင်းထန်သော အအေးငွေ့များ တဖြည်းဖြည်း ယိုစိမ့်ထွက်လာသည်။ ထူထဲသော ရေခဲလွှာများက အနီးအနားရှိ သစ်ပင်များကို ရေခဲပန်းပုများအဖြစ်သို့ ပြောင်းလဲပစ်လိုက်သည်။

သူတို့သုံးဦးပင်လျှင် ထိုပြင်းထန်သော အအေးဓာတ်ကို ခံစားနေရပါသည်။

ကျန်းရူယွီသည် ပါးစပ်မှ အငွေ့ဖြူများမှုတ်ထုတ်ရင်း အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

"အရမ်းအေးတာပဲ! ဒီရေခဲငွေ့ရဲ့ စွမ်းအားက တကယ်ပြင်းတာပဲ။"

ထိုအခိုက်အတန့်...။

ကောင်းကင်သို့ ရေခဲပြာရောင် အလင်းတန်းကြီးတစ်တန်း ထိုးတက်သွားသည်။

အဖြူရောင်မြူထုများနှင့် ပြင်းထန်စွာ တိုက်ခိုက်မိ၏။

မဟာအခင်းအကျင်း တစ်ခုလုံးပင် တုန်ခါသွားတော့သည်။

လုရီ အနည်းငယ် အံ့အားသင့်သွားသည်။

"ဒီဆန်းကြယ်မြင်ကွင်းက တကယ်အစွမ်းထက်တာပဲ။ မဟာအခင်းအကျင်းတောင် တုန်နေပါလား။"

အလင်းတန်းကြီး ပေါ်ထွက်လာသည်နှင့် ပိုမိုပြင်းထန်သော အအေးငွေ့များက စီနီယာအစ်မ လျိုနင်ရွှမ်း၏ ဂူကို ဗဟိုပြု၍ အရပ်ရှစ်မျက်နှာသို့ ပျံ့နှံ့သွားသည်။

ရေခဲလွှာများက အရာအားလုံးကို လွှမ်းခြုံသွား၏။

ခဏအတွင်းမှာပင် ကီလိုမီတာပေါင်းများစွာ ကျယ်ဝန်းသော တောင်ကြားကြီးသည် ရေခဲတောင်ကြားအဖြစ်သို့ ပြောင်းလဲသွားသည်။

အရာအားလုံး... သစ်ပင်များ၊ ကျောက်တုံးများ၊ သက်ရှိသတ္တဝါများ... အားလုံး ရေခဲရုပ်တုများအဖြစ်သို့ ပြောင်းလဲသွားခဲ့ချေပြီ။

အသက်ရှင်ကျန်ရစ်သူမှာ သူတို့သုံးဦးသာ ရှိတော့သည်။

တောင်ကြားတစ်ခုလုံး... ရေခဲနှင့်နှင်းတို့၏ ကမ္ဘာတစ်ခု ဖြစ်သွားခဲ့သည်။

ဤမြင်ကွင်းနှင့် ပတ်သက်၍

ကျန်းရူယွီနှင့် ယွင်ရှီးတို့မှာမူ အလွန်တည်ငြိမ်နေကြသည်။ သူမတို့နှစ်ဦးလုံး အင်မော်တယ်ခန္ဓာ ပြောင်းလဲခြင်းကို တွေ့ကြုံဖူးပြီးသားဖြစ်သောကြောင့်ပင်။

အင်မော်တယ်ခန္ဓာ ပြောင်းလဲခြင်းကို ပထမဆုံးအကြိမ် မျက်မြင်တွေ့လိုက်ရသော လုရိီ

တစ်ယောက်သာ အံ့ဩတုန်လှုပ်နေမိသည်။

'ငါသာ မဟာအခင်းအကျင်းနဲ့ ဖုံးကွယ်မထားခဲ့ရင် ဒီဖြစ်စဉ်က အဆပေါင်းများစွာ ပိုကြီးမားသွားလောက်တယ်။ ဒီလိုသာဆိုရင် ပင်လယ်မျိုးနွယ်စစ်မြေပြင်တစ်ခုလုံး ဒီနေရာက လှုပ်ရှားမှုကို မြင်သွားလောက်ပြီ။ အဲ့ဒီအခါကျရင် ကပ်ဘေးဖြတ်ကျော် ကျင့်ကြံသူ ဘိုးဘေးတွေ ဘယ်လောက်တောင် ရောက်လာမလဲ မသိဘူး။'

'ကံကောင်းလို့ ငါ့မှာ ကြိုမြင်တဲ့ ဉာဏ်လေး

ရှိနေသေးတယ်။'

လုရီ စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။

အင်မော်တယ်ခန္ဓာ ပြောင်းလဲခြင်းသည် အချိန်ကြာမြင့်စွာ ဆက်လက်ဖြစ်ပေါ်နေခဲ့သည်။ သုံးရက်မြောက်သောနေ့တွင်...

ဘုန်း...

တောင်ကြား တစ်ခုလုံးကို တုန်ခါစေသော အသံကြီးတစ်သံ ထွက်ပေါ်လာသည်။

စီနီယာအစ်မ လျိုနင်ရွှမ်း၏ ဂူရှိရာ တောင်တစ်ခုလုံး... နှစ်ခြမ်းကွဲသွားသည်။

တောင်အတွင်းမှ အပြာရောင်အလင်းလုံးကြီးတစ်ခု တဖြည်းဖြည်း မြင့်တက်လာ၏။

လုရီ၏ ထူးကဲသော အမြင်အာရုံကြောင့် အလင်းလုံးအတွင်းမှ မြင်ကွင်းကို ထင်ရှားစွာ မြင်လိုက်ရသည်။

လျိုနင်ရွှမ်းသည် မျက်လုံးများကို မှိတ်ထားသည်။

အဖြူရောင်ဝတ်စုံကို ဆင်မြန်းထားသည်။

သူမ၏ ကိုယ်ကို ထူထဲသော ရေခဲအငွေ့အသက်နှင့် ရေခဲတာအို ပုံစံများက လွှမ်းခြုံထား၏။

All Chapters