← Chapters

အခန်း (၄၂၇-၄၂၉)

Vol. 29 Ch. 427-429

အခန်း (၄၂၇-၄၂၉)

Vol. 29 Ch. 427-429

အခန်း ၄၂၇ -ဆယ့်ငါးနှစ်ကြာသော်...

~လျိုနင်ရွှမ်း၏ မူလနက်မှောင်သော ဆံနွယ်တို့သည် ယခုအခါ နှင်းကဲ့သို့ ဖြူစင်သော ဆံပင်ရှည်များအဖြစ် ပြောင်းလဲနေ၏။ သူမပတ်လည်တွင် ဝန်းရံတိုက်ခတ်နေသော အေးစက်သည့်လေစီးကြောင်းထဲတွင် ထိုဆံနွယ်တို့က လွန့်လူးကခုန်နေသည်။

ထိုအချိန်တွင် လျိုနင်ရွှမ်းသည် ရေခဲကဲ့သို့သောအသားအရေ၊ ကျောက်စိမ်းကဲ့သို့သော အရိုးအဆစ်များ၊ လေထဲတွင် တလွင့်လွင့်ဖြစ်နေသော အဖြူရောင်ဝတ်စုံတို့နှင့်အတူ... ကောင်းကင်ယံ၌ ရပ်နေသော နှင်းများဖြင့် ထုဆစ်ထားသည့် အင်မော်တယ်နတ်သမီးတစ်ပါးနှယ်။

အေးစက်သောလေများ တိုက်ခတ်လာသည်နှင့်အမျှ မရေမတွက်နိုင်သော တာအိုပုံစံများသည် သူမ၏ နှင်းကဲ့သို့ဖြူဖွေးသော အသားအရေထဲသို့ တဖြည်းဖြည်း စီးဝင်ကာ အသားထဲ၌ အမှတ်အသားများအဖြစ် စွဲထင်သွားသည်။

ထိုပုံစံများအားလုံးသည် အလွန်ရှုပ်ထွေးပြီး လျှို့ဝှက်ဆန်းကြယ်သော နှင်းပွင့်ပုံ အမှတ်အသားတစ်ခုအဖြစ် စုစည်းသွားပြီး... ကျဆင်းလာသော နှင်းပွင့်လေးတစ်ခုအလား... လျိုနင်ရွှမ်း၏ နဖူးပြင်ပေါ်သို့ ညင်သာစွာ သက်ဆင်းလာ၏။

နှင်းပွင့်အမှတ်အသား၏ အလှဆင်မှုကြောင့်

စီနီယာအစ်မ လျိုနင်ရွှမ်း၏ မူလ အေးစက်ပြီး ရင်သပ်ရှုမောဖွယ် မျက်နှာလေးသည် ပိုမိုမြင့်မြတ်သော အလှတစ်မျိုးကို ဆောင်သွားကာ ကြည့်ရှုသူကို အသက်ရှူမှားလောက်အောင်ပင် ပို၍လှပသွားစေတော့သည်။

လုရိီသာမက စီနီယာအစ်မ ကျန်းရူယွီနှင့် ယွင်ရှီးတို့ပင် ထိုအလှတရားတွင် ခဏတာ ကြက်သေသေသွားကြ၏။

စီနီယာအစ်မ ကျန်းရူယွီက ညင်သာစွာ ရေရွတ်သည်။ "နင်ရှန်းက တစ်နေ့တခြား ပိုပိုလှလာတာပဲ။"

ထိုစကားကိုကြားတော့ လုရီ ခေါင်းလှည့်ကြည့်လိုက်ရာ စီနီယာအစ်မ ရူယွီ၏ မျက်လုံးများက တလက်လက်တောက်နေသည်ကို တွေ့လိုက်ရသောကြောင့် စိတ်ပျက်သွားသည်။

'နှစ်တွေကြာလာတော့ စီနီယာအစ်မနဲ့ ယွင်ရှီးတို့ နှစ်ကိုယ်တူကျင့်ကြံလာကြတာ... သူတို့မှာ ထူးဆန်းတဲ့ စိတ်အခံများ နိုးထလာပြီလားမသိဘူး။'

သူ ရင်ထဲက ရေရွတ်လိုက်မိသည်။

ကျန်းရူယွီက လုရိီ၏ အမူအရာကို သတိထားမိသွားသည်။

သူမ လှည့်ကြည့်လိုက်တော့ လုရိီ၏ ထူးဆန်းသော အကြည့်နှင့်ဆုံရာ ချက်ချင်းပင် သတိကြီးစွာထားလိုက်ပြီး "ဟဲ့၊ ပုံမှန်မဟုတ်တဲ့ ဂျူနီယာ မောင်လေး၊ နင်ဘာတွေတွေးနေတာလဲ!" ဟု အော်လိုက်တော့သည်။

လုရိီသည် အလိုက်သင့် ချောင်းဟန့်လိုက်ပြီး ပြုံးစစဖြင့် "ဘာမှမဟုတ်ပါဘူး" ဟု ခွန်းတုံ့ပြန်လိုက် လေသည်။

ထိုအခါ ကျန်းရူယွီက မဲ့ပြုံးပြုံးလိုက်ပြီး

လုရိီကို တံတောင်နှင့်တွတ်ကာ တိုက်တွန်းလာ လေသည်။

“ပုံမှန်မဟုတ်တဲ့ဂျူနီယာမောင်လေး နင်က တကယ်ကံကောင်းတာပဲ။ နင်ရှန်းက ဒီလောက်လှလာတာ၊ နောက်ပိုင်း နင်သိပ်ကံကောင်းတော့မှာပဲ... မဟုတ်ဘူးလား။ အခွင့်အရေးယူပြီး သူ့ကိုပါ တစ်ခါတည်း ဆွဲသွင်းလိုက်ပါလား။"

လုရီ : "???"

သူသည် စီနီယာအစ်မ ကျန်းရူယွီကို ပို၍ပင် ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်ပြီး...

"...အမ်..ကျွန်တော်က စီနီယာအစ်မကို ယွင်ရှီးနဲ့အတူ ကျင့်ဖို့ ပြောတုန်းကတော့ ပြာပြာသလဲငြင်းခဲ့ပြီး‌တော့"

စီနီယာအစ်မ ကျန်းရူယွီက လုရိီကို စိတ်တိုစွာဖြင့် မျက်စောင်းထိုးလိုက်သည်။

"ဒါတွေအားလုံး နင့်ကြောင့် ဖြစ်ရတာလေ! နင်က အတင်းအကျပ် လုပ်ခဲ့တာ ငါ့မှာ ဘာရွေးချယ်ခွင့်ရှိလို့လဲ။ နင့်ကိုမှ ငါက မနိုင်တာကို။

ဒီလို ဖြစ်မှတော့၊ နင်ရှန်းကိုပါ ဆွဲသွင်းလိုက်တာက ပိုမကောင်းဘူးလား။"

သူတို့စကားကို နားထောင်နေသော ယွင်ရှီးကလည်း ခေါင်းညိတ်လိုက်သည်။

"စီနီယာအစ်မရဲ့ အကြံ မဆိုးဘူးပဲ။ ငါတို့နှစ်ယောက်တောင် မခံနိုင်တော့ဘူးလေ။"

"ဒါက တကယ် ဖြစ်ပါ့မလား။" လုရိီ အနည်းငယ် မျက်နှာပူသွားသည်။

ထိုအခါ ကျန်းရူယွီက လုရိီကို အထင်သေးသော အကြည့်ဖြင့် ကြည့်လိုက်ပြီး

"ပုံမှန်မဟုတ်တဲ့ ကောင်စုတ်လေးကတော့... နင်ရှန်းကို ဘယ်လိုအနိုင်ကျင့်ရမလဲဆိုတာ စဉ်းစားနေ

ပြီမလား။"

ယွင်ရှီးကပင် ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်သည်။

"ဟုတ်ပါ့၊ ဟုတ်ပါ့၊ လုရိီကတော့ ထူးထူးဆန်းဆန်းတွေ တွေးနေမှာ သေချာတယ်။"

ထိုအခါ လုရိီက သူတော်ကောင်းမျက်နှာလေးဖြင့် ငြင်းဆန်လိုက်သည်။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ကျွန်တော် လုရိီက

ဒီလိုလူစားမျိုးလား။

ခင်ဗျားတို့စိတ်ထဲမှာ ကျွန်တော့်ကို ဒီလိုမြင်နေကြတာလား။"

"အင်း..ဟုတ်တယ်..."

ကျန်းရူယွီနှင့် ယွင်ရှီးတို့ ပြိုင်တူခေါင်းညိတ်လိုက်ကြလေသည်။

လုရိီမှာ စိတ်ပျက်လက်ပျက်ဖြင့် မိန်းကလေးနှစ်ဦးကို ကြည့်ကာ ပြုံးစစဖြင့် ဆိုသည်။

"ကြည့်ရတာ ခင်ဗျားတို့နှစ်ယောက် သိပ်ပြီး သတ္တိတွေရှိနေကြတယ်ပေါ့ ဟုတ်လား။ နောင်တမရဖို့တော့ မျှော်လင့်တာပဲနော်"

ထိုစကားကို ကြားတော့ ကျန်းရူယွီနှင့် ယွင်ရှီးတို့ တစ်ကိုယ်လုံး တောင့်တင်းသွားကြသည်။

ကျန်းရူယွီက ဘာမှမကြားဟန်ဆောင်ကာ ခေါင်းကို တစ်ဖက်သို့ လှည့်သွားတော့သည်။

ယွင်ရှီးကလည်း ထိုနည်းတူသာ...။

လုရိီမှာ ဆွံ့အနေတော့သည်။

"စီနီယာအစ်မ၊ ယွင်ရှီးတောင် ခင်ဗျားဆီက အကျင့်ဆိုးတွေ စကူးနေပြီ။"

စီနီယာအစ်မ ကျန်းရူယွီ: "???"

သူမမှာ အံ့ဩလွန်း၍ စကားပင် မပြောနိုင်တော့။

ရင်တွင်း၌ ရန်တွေ့နေမိသည်။

'ဘယ်သူက အစကတည်းက ဒီပုံမှန်မဟုတ်တဲ့ ကောင်စုတ်ရဲ့လိမ်ညာခံခဲ့ရတာပါလိမ့်။ ဘယ်သူက ဘယ်သူ့ကို အကျင့်ဖျက်ခဲ့ပါလိမ့်။'

ကျန်းရူယွီသည် စိတ်ထဲမှ အတော် စိတ်ဆိုးနေပြီး လုရိီကို စကားမပြောချင်တော့ပေ။

ခဏအကြာတွင် ကောင်းကင်ယံ၌ လျိုနင်ရွှမ်း၏ ပြောင်းလဲခြင်းသည် အဆုံးသတ်သို့ နီးကပ်လာပြီဖြစ်သည်။ တာအိုပုံစံများအားလုံး သူမ၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်ဝင်ရောက်သွားလေပြီ။

သူမကို ရစ်သိုင်းထားသော အပြာရောင်အလင်လွှာများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး အားကောင်းသော ဝိညာဉ်စွမ်းအင်လှိုင်းများ သူမထံမှ စိမ့်ထွက်လာသည်။

လုရိီနှင့်တကွ အားလုံး အံ့အားသင့်သွားကြသည်။

"ဟင်းလင်းပြင်ဥမင် အထွတ်အထိပ်!"

ထိုသို့ ကျန်းရူယွီက တအံ့တဩ အော်လိုက်လေသည်။

ထိုအခါ ယွင်ရှီးက ရှင်းပြလာပါသည်။

"အစ်မနင်ရှန်းက အင်မော်တယ်ရတနာကို စုပ်ယူလိုက်တာလေ။ သူ့ရဲ့ကျင့်စဉ် အဆင့်ကတော့ အလျင်အမြန် တိုးတက်သွားမှာပေါ့။ ကျွန်မ 'ကိုးရောင်ခြယ် ခေါင်းလောင်းပန်း' ကို စုပ်ယူတုန်းကလည်း ကျင့်စဉ် အဆင့် သိသိသာသာ တက်သွားတာကို မှတ်မိပါသေးတယ်။"

လုရိီမှာ ထိုသို့လျင်မြန်စွာ တိုးတက်နိုင်လျှင် ကောင်းမည်ဟု အားကျမိနေတော့သည်။

သို့သော် အင်မော်တယ်ရတနာများသည် သူနှင့်ဆိုလျှင် အလွန် နှမြောစရာကောင်းလှသည်။

အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သာမန်ခန္ဓာကို အင်မော်တယ်ခန္ဓာအဖြစ် ပြောင်းလဲပေးနိုင်ပြီး ထိုမှရရှိလာမည့် 'အလုပ်'ဆုလာဘ်များက ပို၍အရေးကြီးသောကြောင့် ဖြစ်သည်။

ထို့အပြင် သူသာ အင်မော်တယ်ရတနာကို သုံးစွဲခဲ့လျှင်ပင် သူ၏အခြေခံနှင့် စီနီယာအစ်မတို့ကဲ့သို့ အဆင့်များစွာ ခုန်တက်နိုင်မည် မဟုတ်ပေ။

လုရိီ ခေါင်းခါလိုက်ပြီး ဆက်မတွေးတော့ပေ။

ထိုအခိုက်အတန့်တွင် လျိုနင်ရွှမ်း၏ မှိတ်ထားသော မျက်လုံးများ တဖြည်းဖြည်း ပွင့်လာသည်။

တည်ငြိမ်သော ရေကန်ငယ်လေးတစ်ခုပမာ အေးချမ်းသည့် ရေခဲပြာရောင် မျက်ဝန်းများထဲတွင် နက်နဲလှသော တာအိုပုံစံများ တစ်ဖျပ်ဖျပ်လက်နေ၏။ ထို့နောက် ထိုပုံစံများ တဖြည်းဖြည်း မှေးမှိန်သွားပြီး သူမ၏မျက်ဝန်းများမှာ အနက်ရောင် ပြန်ပြောင်းသွားသလို၊ နှင်းဖြူရောင် ဆံနွယ်များကလည်း မူလ နက်မှောင်သွားလေသည်။

သူမ၏ မျက်လုံးများတွင် အသက်ဝင်လာပြီး ပထမဆုံး မြင်လိုက်ရသည်မှာ လုရိီတို့အဖွဲ့ကိုပင်။

သူမ၏ အေးစက်သော မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

ရေခဲပန်းများ ပွင့်လန်းလာသကဲ့သို့... စင်ကြယ်သော်လည်း ရင်ကို လှုပ်ခတ်စေနိုင်လွန်းသည်။

လျိုနင်ရွှမ်း ပျံသန်းလာပြီး ပြုံးကာ ပြောလိုက်သည်။

"ဂျူနီယာမောင်လေး၊ ငါ အောင်မြင်သွားပြီ။"

လုရိီက နူးညံ့စွာ ပြန်ပြုံးပြလိုက်သည်။

"ဂုဏ်ယူပါတယ် စီနီယာအစ်မ၊ အင်မော်တယ်ခန္ဓာကို ပြောင်းလဲနိုင်ခဲ့ပြီ။ ဒီနေ့ကစပြီး ကောင်းကင်က ကျယ်ပြောပြီး မြေကြီးက မြင့်မားသလိုပဲ စီနီယာအစ်မရဲ့ ရှေ့က အင်မော်တယ်လမ်းက ပွင့်လင်းသွားပါပြီ။"

ထိုစဉ် လျိုနင်ရွှမ်းသည် သူမ၏ ဆံပင်ကို ညင်သာစွာ သပ်တင်လိုက်ရာ နှင်းကဲ့သို့ ဖြူဖွေးသော နားသယ်စပ်လေး ပေါ်လာသည်။ သူမ၏ နက်ရှိုင်းသော မျက်ဝန်းများက လုရိီကို နူးညံ့မှုအပြည့်ဖြင့် ကြည့်နေသည်။

"ဒါတွေအားလုံး နင့်ကြောင့်ပါ။ ဂျူနီယာမောင်လေး။ နင့်ရဲ့ 'ရွှမ်ပင်းအမြုတေ' သာမရှိရင် ငါဘယ်လိုမှ ပြောင်းလဲနိုင်မှာ မဟုတ်ဘူး။"

"စီနီယာအစ်မသာ အဆင့်ချိုးဖျက်နိုင်ခဲ့ရင်

'ရွှမ်ပင်းအမြုတေ' က တန်ဖိုးရှိစွာ အသုံးဝင်သွားတာပေါ့။"

ထိုသို့ လုရိီနှင့် စီနီယာအစ်မ လျိုနင်ရွှမ်းတို့တစ်ယောက်ကိုတစ်ယောက် လေးလေးနက်နက် ကြည့်နေကြရာ သူတို့ကြားမှ လေထုသည် ချစ်ရည်ရွှန်းလဲ့မှုတို့ဖြင့် ပြည့်နှက်နေသည်။

ထိုစဉ်...

"ဟိတ်..ငါသိချင်နေတာကလေ၊ နင်တို့

နှစ်ယောက် ဒီလို အခြေအနေနဲ့ နမ်းကြတော့မလို့လားလို့။"

ကျန်းရူယွီက မခံမရပ်နိုင်စွာ ဝင်ပြောလိုက်ခြင်းပါ။

ထိုစကားသံ ပျံ့လွင့်လာသည်နှင့် လုရိီနှင့်

လျိုနင်ရွှမ်းတို့ နှစ်ဦးလုံး တောင့်ခနဲ ဖြစ်သွားကြသည်။

လုရိီ၏ ခေါင်းထဲတွင် ကျီးကန်းများ ပျံဝဲသွားသလိုပင်။

သူသည် ကပျာကယာပင် ကျန်းရူယွီဘက်သို့ လှည့်ကြည့်လိုက်သည်။

'ဒီအစ်မကတော့ နေစကြဝဠာအဆင့် မီးသီးလုံးကြီးပဲ ဖြစ်ရမယ်။'

သူ အောင့်သက်သက်ဖြင့် တွေးလိုက်မိသည်။

ကျန်းရူယွီ၏ ရွှင်မြူးနေသော မျက်နှာကို မြင်တော့ လုရိီက သူမကို မရွှင်မပျ စိုက်ကြည့်လိုက်ပြီး လျှို့ဝှက်အသံလွှင့်၍ ကြွေးကြော်လိုက်လေသည်။

"'စီနီယာအစ်မ... စောင့်နေလိုက်! နောက်တစ်ခါဆို ခင်ဗျားကို တစ်လလုံး အိပ်ရာပေါ်က မဆင်းနိုင်အောင် လုပ်ထားမယ်။'"

အခန်း ၄၂၈ - ဆယ့်ငါးနှစ်ကြာသော် ...

~ထိုစကားကိုကြားလိုက်ရချိန်တွင် ကျန်းရူယွီ၏ အပြုံးက ရုတ်ချည်း ခဲခနဲဖြစ်သွားပြီး လုရီထံသို့ အသည်းအသန် စိတ်စွမ်းအင်ဖြင့် သတင်းပို့လိုက်တော့သည်။

"နှာဘူး ဂျူနီယာမောင်လေး၊ ငါမှားသွားတယ်၊

မလုပ်နဲ့နော်။ ငါ နင့်ကို နင်ရွှမ်းကို ရအောင် ကူညီမယ်လေ။"

လုရီမှာ စိတ်မသက်မသာ ဖြစ်သွား၏။

"စီနီယာအစ်မနဲ့ ကျွန်တော်က အလိုက်ဖက်ဆုံးပဲ၊ ဘာလို့ ခင်ဗျားရဲ့အကူအညီ လိုရမှာလဲ။"

"ဒါဆို ငါက နင်ရွှမ်းရဲ့လက်တွေကို ဖိထားပေးမယ်လေ။ အဲ့ဒါဆို ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းသွားမှာ မဟုတ်ဘူးလား။"

ကျန်းရူယွီက အကြံတစ်ခု ထပ်ပေးလိုက်သည်။

လုရီ၏ ကိုယ်မှာ တောင့်ခနဲဖြစ်သွားပြီး ခြောက်ကပ်စွာ ချောင်းဟန့်လိုက်၏။ "ကျွန်တော်က အဲ့ဒီလိုလူစားမျိုးလားဗျ။"

"နင် မဟုတ်လို့လား။" ကျန်းရူယွီက ချက်ချင်း ပြန်ပက်သည်။

"နှာဘူး ဂျူနီယာမောင်လေး။"

သေစမ်း! ဒီလို မေးလိုက်တာကို ဘယ်သူက ငြင်းမှာလဲကွာ။

လုရီမှာ နောက်တစ်ကြိမ် စိတ်ပျက်သွားကာ

စိတ်ဖြင့် သတင်းပြန်ပို့လိုက်၏။

"နောက်တစ်ခါကျမှ ဒီကိစ္စကို သေချာဆွေးနွေးကြတာပေါ့... ဒီတစ်ခါတော့ မေ့လိုက်ရအောင်။"

ကျန်းရူယွီလည်း သက်ပြင်းတစ်ချက်ကို အသာချလိုက်နိုင်တော့သည်။ သူမ၏ ဂျူနီယာမောင်လေး ဘယ်လောက်အထိ ယုတ်မာတတ်သည်ကို သိထား၍သာ တော်သေးသည်ဟု ရင်ထဲတွင် ကျေးဇူးတင်မိလေ၏။ ဤအချက်ကို စိတ်ထဲမှာ ထည့်ထားသရွေ့ သူ့ကို ချော့မြှူရန် လွယ်ကူနေဆဲပင်။

လုရီနှင့် ကျန်းရူယွီတို့ စိတ်စွမ်းအင်ဖြင့် အပြန်အလှန် သတင်းပို့နေစဉ် အနီးတွင်ရပ်နေသော လျိုနင်ရွှမ်းသည် အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်လာပြီး ကျန်းရူယွီကို မျက်စောင်းတစ်ချက်ထိုးကာ မေးလိုက်သည်။

"ရူယွီ၊ နင် ဘာတွေပြောနေတာလဲ။"

ကျန်းရူယွီက ခြောက်ကပ်စွာ ရယ်ကျဲကျဲလုပ်လိုက်၏။

"ဘာမှမဟုတ်ပါဘူး၊ ဘာမှမဟုတ်ဘူး။ နင်ရွှမ်း၊ နင် ဒီတစ်ခါ တော်တော်လေး အကျိုးများသွားတာပဲ။ အင်မော်တယ်ခန္ဓာကိုယ်အဖြစ် အသွင်ပြောင်းနိုင်ရုံတင်မကဘူး၊ နင့်ရဲ့ကျင့်ကြံမှုအဆင့်ကလည်း ဟင်းလင်းပြင်ဥမင် အထွတ်အထိပ်ကို ရောက်သွားပြီပဲ။"

ထိုအခါ ယွင်ရှီးကလည်း ပြုံးလျက် ဂုဏ်ပြုစကားဆိုလာသည်။

"အစ်မနင်ရွှမ်း အသွင်ပြောင်းနိုင်တာကို ဂုဏ်ယူပါတယ်နော်။"

အင်မော်တယ်ခန္ဓာကိုယ်အဖြစ် အခုမှ အသွင်ပြောင်းထားသည့် လျိုနင်ရွှမ်းသည် အလွန်စိတ်ကြည်လင်နေပြီး ပြုံးကာ ခေါင်းညိတ်လိုက်၏။

"အင်း၊ ကျေးဇူးတင်ပါတယ် ညီမလေးယွင်ရှီး။"

ထို့နောက် လျိုနင်ရွှမ်းသည် ကျန်းရူယွီနှင့် ယွင်ရှီးတို့၏ မျက်နှာပေါ်မှ နွမ်းနယ်နေသော အသွင်ကို သတိပြုမိသွားပြီး နားမလည်ဟန်ဖြင့် မေးလိုက်သည်။

"နင်တို့နှစ်ယောက် ကောင်းကောင်း

အနားမယူထားကြဘူးလား။ နည်းနည်း ပင်ပန်းနေတဲ့ ပုံပဲ။"

ထိုစကားကို ကြားသောအခါ ကျန်းရူယွီ၏ ကိုယ်မှာ တောင့်တင်းသွားပြီး မလုံမလဲ ရယ်ကာဖြင့် ပြောလိုက်ရ၏။

"မဟုတ်ပါဘူးဟယ်၊ ကျင့်ကြံရလို့ ပင်ပန်းနေတာပါ။"

ကျန်းရူယွီသည် လုရီအား လျိုနင်ရွှမ်းကိစ္စတွင် ကူညီမည်ဟု နှုတ်မှ ပြောဆိုခဲ့သော်လည်း တကယ်တမ်း လုပ်ရမည့်အချိန်တွင်တော့ ချက်ချင်း နောက်တွန့်သွားတော့သည်။

မည်သို့ပင်ဖြစ်စေ လျိုနင်ရွှမ်းသည် သူမ၏ အချစ်ဆုံး သူငယ်ချင်း မဟုတ်ပါလား။

သူမ မသိအောင် ချစ်လှစွာသော ဂျူနီယာ

မောင်လေးကို ခိုးယူထားမိသည့်အတွက်

လျိုနင်ရွှမ်းက မိမိကို သတ်ပစ်မှာ အလွန်ကြောက်နေမိသည်။ ဤကိစ္စကို တတ်နိုင်သမျှ

အကြာဆုံး ဖုံးကွယ်ထားခြင်းသည် အကောင်းဆုံး နည်းဗျူဟာပင် ဖြစ်လေ၏။

ယွင်ရှီးက စကားစပြောတော့မည်ကို မြင်သောအခါ ကျန်းရူယွီသည် အလျင်အမြန် စိတ်ဖြင့် သတင်းပို့လိုက်သည်။

"ယွင်ရှီး၊ နှစ်ကိုယ်တူကျင့်ကြံတဲ့အကြောင်း

နင်ရွှမ်းကိုလုံးဝ မပြောနဲ့ဦးနော်။"

စကားပြောရန် ဟန်ပြင်လိုက်သော ယွင်ရှီးသည် ရပ်တန့်သွားပြီး မေးလိုက်၏။

"ဘာလို့လဲ ၊စီနီယာအစ်မ ရူယွီ။"

"ဒီကိစ္စကို ဆွေးနွေးဖို့ ပိုကောင်းတဲ့ အခွင့်အရေးတစ်ခု ရှာရမယ်လေ၊ ဘာလို့ အခု ချက်ချင်းထုတ်ပြောဖို့ မကောင်းပါဘူးနော်။" ဟူ၍ ကျန်းရူယွီက ညင်သာစွာ ချော့မော့ပြောလိုက်သည်။

ယွင်ရှီးသည် ကန့်ကွက်စရာ မရှိသဖြင့် ခေါင်းညိတ်ပြလိုက်တော့၏။

"ကောင်းပြီလေ။ အစ်မနင်ရွှမ်းသာ ပါဝင်လာရင် ငါတို့အတွက် တော်တော်လေး သက်သာသွားမှာတော့ အမှန်ပဲ။"

"ငါသိပါတယ်၊ သိပါတယ်။"

ထို့နောက် ကျန်းရူယွီက ရယ်မောလိုက်သည်။

"ဒီနေ့က နင်ရွှမ်း အင်မော်တယ်ခန္ဓာကိုယ်အဖြစ် အသွင်ပြောင်းတဲ့ နေ့ကောင်းရက်မြတ်ပဲ။ ပုံမှန်မဟုတ်တဲ့ ဂျူနီယာ မောင်လေး၊ ဒီနေ့ ငါတို့ အများကြီးသောက်ကြရမယ်၊ မမူးမချင်း နားလို့မရဘူးနော်။"

"ပုံမှန်မဟုတ်တဲ့ ဂျူနီယာမောင်လေး ဟုတ်လား။"

လျိုနင်ရွှမ်းသည် အံ့အားသင့်သွားပြီး ကျန်းရူယွီကို နားမလည်ဟန်ဖြင့် ကြည့်လိုက်သည်။

ကျန်းရူယွီ၏ ကိုယ်မှာ တောင့်ခနဲ ဖြစ်သွားပြီး နဖူးတွင် ချွေးများပင် စို့တက်လာတော့မတတ်ပင်။ သူမ၏ ဦးနှောက်က အသည်းအသန် အလုပ်လုပ်လိုက်ပြီးနောက် မျက်လုံးများက အရောင်တောက်လာကာ ပေါက်ကရ ထပြောလိုက်တော့၏။

"နင်ရွှမ်း၊ နင် မသိဘူးနော်။ ဂျူနီယာ မောင်လေးက ဓားတာအို နိယာမကို ဉာဏ်အလင်းရသွားပြီဟ။ အဲ့ဒါ နိယာမနော်၊ သိလား။ ဒါ တော်တော်ပုံမှန်မဟုတ်တာ မဟုတ်ဘူးလား။ ဒါကြောင့် ငါက သူ့ကို ပုံမှန်မဟုတ်တဲ့ဂျူနီယာမောင်လေးလို့ ခေါ်လိုက်တာလေဟယ်"

ထိုစကားကို ကြားသောအခါ လျိုနင်ရွှမ်းလည်း တုန်လှုပ်သွားတော့သည်။

"ဂျူနီယာမောင်လေး၊ နင် တကယ်ပဲ ဓားတာအို နိယာမကို ကျွမ်းကျင်သွားပြီလား။"

ထိုအခိုက်တွင် လုရီမှာ စိတ်ရှုပ်ထွေးသွားပြီး ခေါင်းထဲတွင် အတွေးများ လည်ပတ်သွားတော့၏။

..ကျန်းရူယွီ၊ ဒီကောင်မလေးက ဒီအကြောင်းကြောင့် ငါ့ကို ပုံမှန်မဟုတ်တဲ့ သူလို့ ခေါ်ရတာတဲ့လား။..

ဘေးတွင် ရှိသော ကျန်းရူယွီက လုရီအား သူမ၏ ရှင်းပြချက်ကို ဖျက်ဆီးပစ်မည်စိုး၍ တောင်းပန်သော မျက်လုံးများဖြင့် ကြည့်နေလေသည်။

ကျန်းရူယွီ၏ သနားစရာကောင်းသော အကြည့်ကိုမြင်သောအခါ လုရီသည် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်မိသည်။ ထို့နောက် သူ၏စိတ်ထဲတွင် လူရှုပ်အတွေးတစ်ခု ပေါ်လာပြီး စိတ်စွမ်းအင်ဖြင့် ကောက်ကျစ်စွာ သတင်းပို့လိုက်၏။ "ကျွန်တော့်ကို 'ကိုကိုရီ' လို့ခေါ်၊ ဒါဆို ကျွန်တော် မပြောဘူး။"

ကျန်းရူယွီ၏ မျက်နှာတွင် မေးခွန်းပေါင်းများစွာ ပြည့်နှက်သွားတော့သည်။

ဒီလူလည်လေး... သူ့ကို ကိုကို လို့ခေါ်ခိုင်းနေတာလား။ ငါက အသက်ပိုကြီးတာကို။ တော်တော် ယုတ္တိ မတန်တဲ့ ကောင်။

"ခင်ဗျား ခေါ်မှာလား၊ မခေါ်ဘူးလား။"

လုရီ၏အပြုံးက ပို၍ ရဲတင်းလာသည်။

...

ကျန်းရူယွီသည် သွားများကို အသံထွက်အောင် ကြိတ်လိုက်ရာ အနီးမှ လျိုနင်ရွှမ်းက မျက်မှောင်ကြုတ်ကာ နားမလည်ဟန်ဖြင့် မေးလိုက်၏။

"ရူယွီ၊ နင် အဆင်ပြေရဲ့လား။"

ကျန်းရူယွီက အားတင်း၍ ရယ်လိုက်သည်။

"စိတ်မပူပါနဲ့၊ စိတ်မပူပါနဲ့။ ငါက ဝိညာဉ်အစာ နည်းနည်း စားချင်လာလို့ပါ။

သူမသည် လုရီကို မျက်စောင်းထိုးလိုက်ပြီး စိတ်ဖြင့် သတင်းပို့လိုက်၏။

"ကိုကိုရီ။"

"အင်း... တကယ်ကို ညီမကောင်းလေးပဲ။" ဟု

လုရီက ပျော်ရွှင်စွာ ဆိုလိုက်သည်။

ကျန်းရူယွီ၏ ရင်ဘတ်သည် ဒေါသကြောင့် နိမ့်ချည်မြင့်ချည် ဖြစ်နေတော့၏။

ထိုအချိန်တွင် လုရီက ရယ်မောလိုက်သည်။

"ဟားဟား၊ စီနီယာအစ်မ၊ ကျွန်တော် တကယ်ပဲ ဓားတာအို နိယာမကို ကျွမ်းကျင်သွားပါပြီ။"

ထိုစကားကို ကြားသောအခါ လျိုနင်ရွှမ်း၏ အာရုံသည် ကျန်းရူယွီထံမှ ပြောင်းသွားတော့သည်။ သူမသည် အလွန်အမင်း အံ့အားသင့်သွားပြီးနောက် ပြုံးလိုက်ကာ

"ဂျူနီယာမောင်လေးက တကယ်ကို အံ့မခန်းပါပဲ။ နိယာမစွမ်းအားကို အင်မော်တယ်တွေပဲ ကျွမ်းကျင်နိုင်တာ၊ နင်က ဟင်းလင်းပြင်ဥမင် နယ်ပယ်နဲ့တင် လုပ်နိုင်ခဲ့တာပဲ။"

လျိုနင်ရွှမ်း၏ စကားကြောင့် ကျန်းရူယွီမှာ ရင်ထဲတွင် ပြောစရာစကားများပင် ပျောက်ဆုံးသွားရတော့၏။

နင့်ဂျူနီယာ မောင်လေးက ဒီထက်တောင် ပိုပြီး ကြောက်စရာကောင်းသေးပါတယ်ဟယ်...

လုရီက ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။

"စီနီယာအစ်မ မြှောက်နေပါပြီ။ စီနီယာအစ်မ

ရူယွီပြောတာ မှန်တယ်၊ ဒီနေ့ကို သေချာပေါက် အောင်ပွဲခံကြရအောင်။"

"ဟုတ်ပြီ‌လေ။" လျိုနင်ရွှမ်းက အသာ ခေါင်းညိတ်လိုက်ပြီး ကန့်ကွက်ဟန် မပြပေ။

ဂူစံအိမ်သို့ ပြန်ရောက်သောအခါ လေးယောက်သား ဝိညာဉ်ဝိုင်များ သောက်သုံးကာ တာအိုတရားများ ဆွေးနွေးရင်း နောက်တစ်နေ့သို့ ကူးပြောင်းသွားပါလေတော့သည်။

ဝိုင်တစ်ခွက်သောက်ပြီးနောက် လုရီက ညင်သာစွာ ရယ်မောလိုက်၏။

"အခု စီနီယာအစ်မလည်း တံခါးပိတ်ကျင့်ကြံရာက ထွက်လာပြီဆိုတော့ ကျွန်တော်တို့ ဒီနေရာကနေ ထွက်ခွာကြရအောင်။"

ထိုစကားကို ကြားသောအခါ လျိုနင်ရွှမ်းသည်လည်း အသာခေါင်းညိတ်လိုက်သည်။

"ဟုတ်ပါပြီ။"

ထိုအခါ ကျန်းရူယွီကလည်း ဝင်ပြောသည်။

"ငါလည်း ကန့်ကွက်စရာ မရှိဘူး။ တံခါးပိတ်ကျင့်ကြံနေတာ ဆယ့်ငါးနှစ်တောင်ရှိပြီ၊ အပြင်လောက အခု ဘယ်လိုဖြစ်နေပြီလဲ မသိဘူး။"

ယွင်ရှီးသည်လည်း အသာခေါင်းညိတ်ကာ ကန့်ကွက်ဟန် မပြပေ။

သူတို့သည် ဤတောင်ကြားတွင် ဆယ့်ငါးနှစ်ကြာ နေထိုင်ခဲ့ကြပြီး ပင်လယ်မျိုးနွယ်နှင့် အရှေ့ဒေသ ကျင့်ကြံသူများကြားက တိုက်ပွဲအကြောင်းကို လုံးဝ မသိရှိခဲ့ကြပေ။

ထွက်ခွာရန် အစီအစဉ်ဆွဲပြီးသည့်နောက် လုရီသည် အခင်းအကျင်း၏ အဓိကနေရာကို သိမ်းဆည်းလိုက်ရာ အဖြူရောင်မြူခိုးများသည် တဖြည်းဖြည်း ကြည်လင်လာပြီး အပြင်ဘက်မြင်ကွင်းကို မြင်တွေ့လာရတော့သည်။ အပြင်ဘက်တွင် မိုးရွာပြီးစနှင့်တူ၏။ ကောင်းကင်သည် အလွန်ကြည်လင်နေပြီး သန့်စင်သော ကျောက်မျက်ရတနာကဲ့သို့ နက်ပြာ၍ စင်ကြယ်နေလေသည်။

လေးယောက်သား ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။ ကျန်းရူယွီက ပျင်းရိစွာ အကြောဆန့်လိုက်ပြီး အားရပါးရ ပြုံးလိုက်၏။

"ကောင်းကင်ကို မမြင်ရတာတောင် အတော်ကြာပြီပဲ။ ဒီလောက်လှပတဲ့ ကောင်းကင်ကို မြင်ရတော့ ကဗျာတစ်ပုဒ်လောက် စပ်ချင်စိတ် ပေါက်လာတယ်။"

ထိုစကားကို ကြားသောအခါ လုရီနှင့် အခြားသူများအားလုံး ကျန်းရူယွီထံသို့ လှည့်ကြည့်လိုက်ကြသည်။

လျိုနင်ရွှမ်းက အံ့ဩဟန်ပြသည်။

"ရူယွီ၊ နင်က ဓားသိုင်းပညာကိုပဲ စိတ်ဝင်စားတယ်လို့ ငါထင်ထားတာ။ နင်က ကဗျာလည်း စပ်တတ်ပြီး ဒီလို သာမန်လောကီကိစ္စတွေလည်း လုပ်တတ်တယ်လား။"

"နင်ရွှမ်း၊ နင် ငါ့ကို အထင်သေးတယ်နော်။ ကဗျာစပ်တာက ဘယ်လောက်ခက်လို့လဲ။" ဟု

ကျန်းရူယွီက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

"ဒါဆို တစ်ပုဒ်လောက် နားထောင်ကြည့်ရအောင်လား။" လုရီသည်လည်း သိချင်စိတ် ပြင်းပြလာသည်။

ယွင်ရှီးပင်လျှင် ကျန်းရူယွီကို အံ့ဩစွာ ကြည့်နေမိ၏။

သူမကို စူးစိုက်ကြည့်နေသော သုံးယောက်ကို မြင်သောအခါ ကျန်းရူယွီသည် အချိန်အတော်ကြာ စဉ်းစားနေပြီးနောက် သူမ၏ ပါးပြင်များ နီရဲတက်လာကာ အားယူ၍ စာတစ်ကြောင်းကို ညှစ်ထုတ်လိုက်သည်။

"ကောင်းကင်ကြီးက... တော်တော်ပြာတာပဲ။"

လုရီ: "..."

လျိုနင်ရွှမ်း: "..."

ယွင်ရှီး: "..."

လေထုက ရုတ်တရက် တိတ်ဆိတ်သွားပြီး သုံးယောက်သား ကျန်းရူယွီကို ကြောင်တောင်တောင်ဖြင့် စိုက်ကြည့်နေကြသဖြင့် အခြေအနေက အနည်းငယ် အနေရခက်သွားသည်။

ပါးပြင်များ နီရဲနေဆဲဖြစ်သော ကျန်းရူယွီက ဒေါသတကြီး အော်လိုက်၏။

"ဘာလို့ ငါ့ကို အဲ့လိုကြီး ကြည့်နေကြတာလဲ။ ငါက ဓားကျင့်ကြံသူလေ၊ စကားအများကြီးပြောတဲ့ လောကီပညာရှိ မဟုတ်ဘူး။ ဒီလောက်ဆို တော်တော်ကောင်းနေပြီ။"

ရယ်သံက ဗြုန်းခနဲ ထွက်သွားတော့သည်။

လုရီသည် သူ၏ ရယ်သံကို မထိန်းနိုင်တော့ပေ။

ကျန်းရူယွီသည် ဒေါသထွက်ပြီး ရှက်ရွံ့စွာဖြင့်

လုရီကို စိုက်ကြည့်လိုက်သည်။

"တော်တော်ဟုတ်နေတယ်၊ ဒီပုံမှန်မဟုတ်တဲ့

ဂျူနီယာမောင်လေး။ ဘာရယ်စရာရှိလို့လဲ။ နင်အရမ်းတော်နေရင် တစ်ပုဒ်လောက် စပ်ကြည့်ပါလား။"

ထိုအခါ လျိုနင်ရွှမ်းနှင့် ယွင်ရှီးတို့သည်လည်း လုရီထံသို့ လှည့်ကြည့်လိုက်ကြသည်။

လွန်ခဲ့သောနှစ်များစွာက ပန်းတစ်သောင်းဂိုဏ်းတွင် လုရီသည် ခရမ်းရောင် လုအိုပန်း ပင်လယ်ထဲ၌ ထိုကျော်ကြားသော စကားကို ပြောခဲ့သည်ကို နှစ်ဦးစလုံး ပြန်အမှတ်ရမိသည်။

သူမတို့ နှစ်ဦးစလုံး ထိုအဖြစ်အပျက်ကို ကွက်ကွက်ကွင်းကွင်း မှတ်မိနေကြပါ၏။

အခန်း ၄၂၉ - မင်းကိုယ်မင်း လုရီလို့ ထင်နေတာလား...

~လုရီက ပြုံးလိုက်သည်။

"ဒါလေးများ ဘာခက်တာမှတ်လို့။ ကျွန်တော် စဉ်းစားကြည့်ပါရစေ။"

"ဟွန့်။ နင်က ဘာမှဟုတ်တိပတ်တိ ရွတ်နိုင်မှာ မဟုတ်ဘူး။" ကျန်းရူယွီက လက်ပိုက်လိုက်ပြီး မယုံသင်္ကာဟန်ဖြင့် ဆိုသည်။

လုရီ၏ အကြည့်က ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် သူက ရယ်ကျဲကျဲဖြင့် ပြောလိုက်၏။

"ကောင်းကောင်း နားထောင်နော်"

" 'လေပြေပြန်လည်၊ အပြာရောင်ရေပြင်အား သပ်လျက်။ မိုးသားစဲသော်၊ တောင်ထွတ်တစ်ထောင်အား မှင်စက်များဖြင့် ပက်ဖျန်း..'"

ကျန်းရူယွီမှာ နားမလည်နိုင်စွာ ကြောင်ငေးသွားတော့သည်။ သူမသည် လုရီကို တုန်လှုပ်နေသော မျက်နှာဖြင့် ကြည့်လိုက်ပြီး လုံးဝ မယုံနိုင်ဖြစ်နေ၏။

လုရီမှာ ရင်ထဲတွင် ပျော်ရွှင်နေသည်။

သူ့ကဗျာ အလွတ်ရမှုက အချဉ်တော့ မဟုတ်ပါ။

သူ၏ ယခင်ဘဝက သူသည် ထန်မင်းဆက်ခေတ်ကဗျာများနှင့် စုန့်မင်းဆက်ခေတ်သီချင်းစာသားများကို ဖတ်ရှုခဲ့ဖူးသူ မဟုတ်ပါလော။

သူ၏ ကျင့်ကြံမှုအဆင့် တိုးတက်လာသည်နှင့်အမျှ ဝိညာဉ်စွမ်းအားက ပိုမိုအားကောင်းလာပြီး မှတ်ဉာဏ်လည်း ပိုကောင်းလာ၏။

ထိုကဗျာများကို သူ မှတ်မိနေသဖြင့် စာ

တစ်ကြောင်း ရှာရန်မှာ လုံးဝ မခက်ခဲပါပေ။

ထိုအခါ ယွင်ရှီးက ပြုံးလျက် ပြောသည်။

"လုရီက တကယ်ပဲ အရာရာကို သိတာပဲ၊ သာမန်လောကီပညာရှိတွေတောင် သူ့ကို ယှဉ်နိုင်မယ်မထင်ဘူး။"

လုရီက ကျန်းရူယွီကို ပြုံးစစဖြင့် ကြည့်လိုက်ပြီး

"ဘယ်လိုလဲ။ အခုတော့ လက်ခံပြီလား။"

"အဲ့ဒါက...ဟွန့်။" ကျန်းရူယွီမှာ အလွန်ဝန်မခံချင်သော်လည်း ဝန်ခံရတော့သည်။

သူမသာဆိုလျှင် ထိုကဲ့သို့ ကဗျာမျိုးကို မရွတ်ဆိုနိုင်။ ဒီကောင်စုတ်က ဘယ်လိုလုပ် အရာရာကို သိနေရတာလဲ။

လျိုနင်ရွှမ်းသည်လည်း ညင်သာစွာ ပြုံးလိုက်ပြီး

"ကဲ၊ သွားကြရအောင်။ အော်... ဂျူနီယာ

မောင်လေး၊ ငါတို့ ဘယ်ကို သွားကြမှာလဲ။"

လုရီက ပြုံးလိုက်၏။

"ကျွန်တော် ပင်လယ်ဘက်ကို တစ်ချက် သွားကြည့်ဖို့ စီစဉ်ထားတယ်။"

"ပင်လယ် ဟုတ်လား။" သူတို့သုံးယောက်လုံး အံ့အားသင့်သွားပြီး လုရီကို ကြည့်လိုက်ကြသည်။

လျိုနင်ရွှမ်းက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး

"ဂျူနီယာမောင်လေး၊ အရှေ့ဒေသရဲ့ ကမ်းရိုးတန်းဒေသတွေက အခု ပင်လယ်မျိုးနွယ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်၊ အဲ့ဒီကိုသွားတာ အရမ်းအန္တရာယ်များနိုင်တယ်။"

ကျန်းရူယွီက ပို၍ပင် သံသယဝင်နေသည်။

"ဂျူနီယာမောင်လေး ပင်လယ်မျိုးနွယ်ရဲ့ ပင်မအခြေစိုက်စခန်းကို တိုက်ရိုက်သွားတိုက်မလို့တော့ မဟုတ်ဘူးမလား။ နင် အခု ဓားတာအို နိယာမကို ကျွမ်းကျင်သွားပြီဆိုပေမယ့် အဲ့ဒီနေရာမှာ ကပ်ဘေးဖြတ်ကျော် ဘိုးဘေးတွေ အများကြီး စောင့်ကြပ်နေမှာ သေချာတယ်၊ ငါတို့တတွေ ယှဉ်နိုင်မှာ မဟုတ်ဘူး နော်"

ထိုအခါ လုရီက စိတ်မသက်မသာဖြင့် ပြောလိုက်သည်။

"စီနီယာရူယွီ၊ ခင်ဗျား ဘာတွေတွေးနေတာလဲ။ ကျွန်တော် ဘယ်လိုလုပ် အဲ့လောက် မဆင်မခြင်လုပ်မလဲဗျာ။ စိတ်ချပါ၊ ကျွန်တော်က ပင်လယ်ကမ်းစပ်နားက နေရာတစ်ခုကို ရှာနေတာပါ။ ကျွန်တော်တို့ ပုံစံတစ်ထောင် အသွင်ပြောင်းစွမ်းရည်ကို သုံးပြီး ပင်လယ်မျိုးနွယ်တွေရဲ့ အခြေချနေထိုင်ရာတွေနဲ့ ဝေးဝေး နေမှာ ဆိုတော့ အရမ်းအန္တရာယ်များမှာ မဟုတ်ပါဘူး။"

ထိုစကားကိုကြားသော် လျိုနင်ရွှမ်းနှင့် အခြားသူများ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကာ အရိပ်အခြေ အကဲခတ်ကြသည်။

ထို့နောက် လျိုနင်ရွှမ်းက အသာခေါင်းညိတ်လိုက်ပြီး ညင်သာစွာ ပြုံးလိုက်၏။

"ဂျူနီယာမောင်လေး ၊ နင် စိတ်ပိုင်းဖြတ်ပြီးမှတော့ ငါတို့လည်း လိုက်ခဲ့မှာပေါ့။"

"ပင်လယ်မျိုးနွယ်ရဲ့ ပင်မစခန်းကို မတိုက်သရွေ့တော့ အဆင်ပြေပါတယ်။"

"လုရီ၊ နင် သွားတဲ့ နေရာတိုင်းကို ငါလိုက်မှာပါ။"

သုံးယောက်၏ တုံ့ပြန်မှုကို ကြားသောအခါ လုရီက အသာ ပြုံးလိုက်ပြီး ဆော်သြပါတော့သည်။

"ဒါဆိုရင် ထွက်ခွာကြရအောင်"

သူတို့ လေးယောက်သည် အရှေ့နယ်မြေဘက်သို့ ပျံသန်းသွားကြပြီး မကြာမီမှာပင် အရှေ့နယ်မြေ မဟာမိတ် တပ်မတော်၏ ထိန်းချုပ်မှုအောက်ရှိ ရှေးဟောင်းမြို့တစ်မြို့သို့ ရောက်ရှိသွားကြသည်။ လေးယောက်သား ပုံစံတစ်ထောင် အသွင်ပြောင်းစွမ်းရည်ကို အသုံးပြု၍ ရှေးဟောင်းမြို့တွင်းသို့ ဝင်ရောက်ကာ ပင်လယ်မျိုးနွယ် စစ်မြေပြင်၏ လက်ရှိအခြေအနေနှင့် ပတ်သက်သော သတင်းအချက်အလက်များကို စုဆောင်းကြလေ၏။

လွန်ခဲ့သော ဆယ့်ငါးနှစ်အတွင်း ပင်လယ်မျိုးနွယ်နှင့် အရှေ့နယ်မြေ မဟာမိတ်တပ်မတော်ကြားက စစ်ပွဲသည် အတော်ပင် ပြင်းထန်နေဆဲဖြစ်သည်။

လွန်ခဲ့သောနှစ်များက အရှေ့အလင်းမြို့တွင်

လုရီတိုက်ခိုက်ခဲ့သော တိုက်ပွဲကြောင့် ရေနက်နဂါးမျိုးနွယ်သည် မဟာယာနအဆင့် ပညာရှင်ကြီး သုံးဦးနှင့် ပေါင်းစည်းခြင်းနယ်ပယ် ပညာရှင်ကြီး သုံးဆယ်ကျော် ဆုံးရှုံးခဲ့ရပြီး မျိုးနွယ်တစ်ခုလုံး သိသိသာသာ အင်အားချည့်နဲ့သွားခဲ့သည်။ ဤအဖြစ်က ရေနက်နဂါးမျိုးနွယ်ကို ဒေါသထွက်စေခဲ့ပြီး လုရီအား သူတို့၏ လုပ်ကြံသတ်ဖြတ်ရေးစာရင်းတွင် ထိပ်ဆုံး၊ အဆင့်တစ်နေရာ၌ပင် ထားရှိခဲ့တော့သည်။

ဤသတင်းသည် အရှေ့နယ်မြေ မဟာမိတ်တပ်မတော်တစ်ခုလုံးကို လှုပ်ခတ်သွားစေခဲ့၏။ အများအားဖြင့် လုပ်ကြံသတ်ဖြတ်ရေးစာရင်းတွင် အဆင့်သတ်မှတ်ခံရသူများသည် ကပ်ဘေးဖြတ်ကျော် ဘိုးဘေးများသာဖြစ်ရာ ဟင်းလင်းပြင်ဥမင်နယ်ပယ် ကျင့်ကြံသူတစ်ဦးဖြစ်သော လုရီအား အဆင့်တစ်တွင် သတ်မှတ်ခြင်းသည် တော်တော်လေး လွန်ကဲနေသည်။ ဆိုလိုသည်မှာ ပင်လယ်မျိုးနွယ်မှ ကပ်ဘေးဖြတ်ကျော် ကျင့်ကြံသူများပင်လျှင် လုရီ၏ တည်နေရာကို ကြားသိရပါက သူ့အား ရှင်းလင်းရန် လာရောက်ကြမည်ဖြစ်သည်။

ကျင့်ကြံသူများစွာက လုရီ၏ အဆင့်သတ်မှတ်ချက် မြင့်မားရခြင်းမှာ ရေနက်နဂါးနက်မျိုးနွယ်၏ မဟာယာနအဆင့် ပညာရှင်ကို သတ်ဖြတ်ခဲ့၍ မဟုတ်ဘဲ အရေးအကြီးဆုံးမှာ လုရီ၏ ကြီးမားသော ပါရမီနှင့် ပင်လယ်မျိုးနွယ်အပေါ် သူ၏ ခြိမ်းခြောက်နိုင်စွမ်းကြောင့်ဖြစ်သည်ဟု သုံးသပ်ကြလေသည်။

ထိန်းချုပ်မထားပါက လုရီသည် အနာဂတ်တွင် ပင်လယ်မျိုးနွယ်အတွက် သေမင်းတမန် ရန်သူတစ်ဦး ဖြစ်လာနိုင်သည်က မလွဲဧကန်ပင်။

သို့သော်လည်း ဤအရာသည် အရှေ့နယ်မြေ ကျင့်ကြံသူများ၏ သုံးသပ်ချက်မျှသာ ဖြစ်သည်။

လုရီနှင့်အတူ ယှဉ်တွဲကာ ရှိနေသော ယွင်ရှီးသည်လည်း အဆင့်မြင့်မြင့် သတ်မှတ်ခံရပြီး ပေါင်းစည်းခြင်း နယ်ပယ်မှ ဝါရင့် စီနီယာများကို ကျော်တက်ကာ ကျန်းရူယွီကိုပင် မီလုနီးပါးဖြစ်နေ၏။

များစွာသော သုံးသပ်ချက်များအပြီးတွင် အရှေ့နယ်မြေ ကျင့်ကြံသူများက လုရီနောက်သို့ လိုက်ပါနေသူမှာ အရှေ့နယ်မြေကို တစ်ချိန်က ကိုင်လှုပ်ခဲ့သော ပန်းတစ်သောင်းဂိုဏ်းမှ အင်မော်တယ်ခန္ဓာကိုယ်ပိုင်ရှင် ယွင်ရှီး ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ကြသည်။ ဤအချက်က အရှေ့နယ်မြေမှ ကျင့်ကြံသူများကို ပို၍ပင် အံ့အားသင့်စေခဲ့လေ၏။

မည်သို့ပင်ဖြစ်စေ သူမသည် အင်မော်တယ်ခန္ဓာကိုယ်ပိုင်ရှင် မဟုတ်ပါလား။ အံ့ဩစရာကောင်းစွာပင် သူမသည် လုရီနှင့်အတူ ရှိနေခဲ့သည်ပင်။

နောက်ပိုင်းတွင် ယွင်ရှီးနှင့် လုရီတို့၏ သတင်းအချက်အလက်များကို တူးဆွကြည့်သောအခါ အရှေ့နယ်မြေ ကျင့်ကြံသူများက လုရီနှင့် ယွင်ရှီးတို့သည် ရှေးယခင်ကတည်းက သိကျွမ်းခဲ့ကြပြီး အလွန်ရင်းနှီးကြောင်း တွေ့ရှိခဲ့ကြသည်။ ယခုကြည့်ရသည်မှာ သူတို့၏ ဆက်ဆံရေးသည် ရင်းနှီးသော တာအိုရောင်းရင်းများသာမက၊

တာအိုလက်တွဲဖော်များပါ ဖြစ်နိုင်ခြေရှိတော့သည်။

အင်မော်တယ်ခန္ဓာကိုယ်ပိုင်ရှင်နှင့် လုရီတို့သည် တာအိုလက်တွဲဖော်များဖြစ်သည်ဟူသော သတင်းက အရှေ့နယ်မြေမှ မရေမတွက်နိုင်သော လူငယ်ကျင့်ကြံသူတို့၏ နှလုံးသားကို ကွဲကြေသွားစေခဲ့၏။

လူငယ်အမျိုးသား ကျင့်ကြံသူများစွာသည် အင်မော်တယ်ခန္ဓာကိုယ်ပိုင်ရှင်အား သူတို့၏ ချစ်သူအဖြစ် အိပ်မက်မက်ခဲ့ကြသည်။ မည်သို့ပင်ဖြစ်စေ သူမသည် အနာဂတ်တွင် အင်မော်တယ်တစ်ပါး ဖြစ်လာနိုင်သူဖြစ်ပြီး၊ သူတို့နှင့် မထိုက်တန်လျှင်တောင်မှ စိတ်ကူးယဉ်မျှော်လင့်ချက်အချို့ ထားရှိခဲ့ကြသည်။ အံ့ဩစရာကောင်းစွာပင် သူမသည် လုရီ အပိုင်ဖြစ်သွားခဲ့ပြီ။

အခြားသူတစ်ဦးသာ ဖြစ်ပါက ပါရမီရှိသော အမျိုးသားကျင့်ကြံသူအချို့က စိန်ခေါ်ကောင်း စိန်ခေါ်ကြလိမ့်မည်။ သို့သော် ထိုသူမှာ လုရီဖြစ်နေသောကြောင့် သူတို့တွင် ယှဉ်ပြိုင်ရန် သတ္တိပင် မရှိကြတော့ပေ။

အင်မော်တယ်မျိုးစေ့ မြင့်မြတ်နယ်မြေများမှ သူတော်စင် သမီးတော်များနှင့် သက်တမ်းရှည် ဂိုဏ်းကြီးများမှ အမွေခံ မိန်းကလေးများသည်လည်း မယုံနိုင်လောက်အောင် စိတ်ပျက်အားငယ်ခဲ့ကြရသည်။

လုရီ၏ ပါရမီသည် ပြိုင်ဘက်ကင်း၏။ အင်မော်တယ်များပင် သူ၏စွမ်းရည်ကို အံ့ဩခဲ့ကြရသည်။ အရှေ့အလင်းမြို့ တိုက်ပွဲတစ်ခုတွင် သူသည် ဟင်းလင်းပြင်ဥမင်နယ်ပယ်ဖြင့် မဟာယာနနယ်ပယ်မှ ပုဂ္ဂိုလ်များကို တွန်းလှန်နိုင်ခဲ့သည်မှာ အမှန်တကယ် အံ့မခန်းဖွယ် ပါရမီပင်။ ထျန်းမင်တိုက်တစ်ခွင် သမိုင်းတစ်လျှောက်တွင် ထိုကဲ့သို့သော ထက်မြက်သူမျိုး တစ်ခါမျှ မရှိခဲ့ဖူးပေ။

ထို့ကြောင့် ထူးချွန်ပြောင်မြောက်သော အမျိုးသမီးကျင့်ကြံသူများစွာသည် လုရီ၏ဘေးတွင် ထာဝရနေထိုင်ခွင့်ရရန် သူမတို့၏ နှလုံးသားများကို တိတ်တဆိတ် ပေးအပ်ခဲ့ကြသည်။

မမျှော်လင့်ဘဲ ဤအချိန်တွင် လုရီ၌ တာအိုလက်တွဲဖော် ရှိနေခဲ့ပြီး ထိုသူမှာ အရှေ့နယ်မြေကို ကိုင်လှုပ်ခဲ့သော အင်မော်တယ်ခန္ဓာကိုယ်ပိုင်ရှင်မှလွဲ၍ အခြား မဟုတ်ချေ။

အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေများမှ ဆက်ခံသူများပင်လျှင် သူတို့၏ပါရမီသည်

အင်မော်တယ်ခန္ဓာကိုယ်ပိုင်ရှင်ထက် သာလွန်သည်ဟု မယုံကြည်ကြပေ။ အချို့မှာ အမှန်တကယ် အားငယ်မိကြသည်။

သို့သော်လည်း ကောလာဟလအသစ်များ ထွက်ပေါ်လာခဲ့သည်။ နာမည်မဖော်လိုသူ

နတ်ဓားဂိုဏ်းမှ ဝမ်ချီဖုန်း၏ ပြောကြားချက်အရ လုရီသည် နတ်ဓားဂိုဏ်းသို့ အကြိမ်များစွာ လာရောက်လည်ပတ်ခဲ့ပြီး အကြိမ်တိုင်းတွင်

ဓားနတ်သမီး ကျန်းရူယွီ၏ ဂူစံအိမ်တွင် ညအိပ်တည်းခိုခဲ့သည်ဟု ဆို၏။

All Chapters