အခန်း (၄၃၀-၄၃၂)
Vol. 29 Ch. 430-432
အခန်း ၄၃၀ - မင်းကိုယ်မင်း လုရီလို့ ထင်နေတာလား ...
~ဤစကားများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် အရှေ့နယ်မြေတစ်ခွင်မှ အမျိုးသားကျင့်ကြံသူများမှာ ရင်ကွဲမတတ် အော်ဟစ်ငိုကြွေးကြတော့သည်။
နတ်ဓားဂိုဏ်းမှ တရားဝင်ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း၊ ကျန်းရူယွီသည် အင်မော်တယ်ခန္ဓာကိုယ်ပိုင်ရှင်ဖြစ်သည်ဟူသောအချက်မှာ အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေများနှင့် ဂိုဏ်းကြီးများမှ ကပ်ဘေးဖြတ်ကျော် ဘိုးဘေးများ၏ သုံးသပ်ချက်များအရ အသေအချာနီးပါး ဖြစ်နေ၏။
သူမသည်လည်း လုရီနှင့် ပတ်သက်နေလိမ့်မည်ဟု ဘယ်သူက ထင်ထားမိမည်နည်း။
လုရီတစ်ယောက်တည်းကပင် အင်မော်တယ်ခန္ဓာကိုယ်ပိုင်ရှင် အမျိုးသမီးကျင့်ကြံသူနှစ်ဦးကို သူ၏ တာအိုလက်တွဲဖော်အဖြစ် ပိုင်ဆိုင်ထားရာ မရေမတွက်နိုင်သော လူငယ်တို့၏ မျက်လုံးများမှာ မနာလိုမှု၊ ငြူစူမှု၊ အမုန်းတရားတို့ဖြင့် စိမ်းလဲ့ကုန်ကြတော့သည်။
သို့သော် ဤအဖြစ်အပျက်က အမျိုးသမီးကျင့်ကြံသူများ၏ မျက်လုံးထဲတွင်မူ အရောင်များ တောက်ပသွားစေပြီး မတူညီသော အတွေးများကို ဖြစ်ပေါ်စေခဲ့သည်။
လုရီတွင် တာအိုလက်တွဲဖော် တစ်ယောက်ထက်မက ရှိနေတော့၊ သူမတို့ကရော အဘယ်ကြောင့် လုရီ၏ တာအိုလက်တွဲဖော် မဖြစ်နိုင်ရမည်နည်း။
အင်မော်တယ်ခန္ဓာကိုယ်ပိုင်ရှင်များ မဟုတ်သည့်တိုင် အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေများမှ သူတော်စင်သမီးတော်များသည်လည်း သူတော်စင် သမီးတော်တိုင်းအတွက်
မရှိမဖြစ် လိုအပ်ချက်တစ်ခုနီးပါး ဖြစ်သည့် ပြိုင်ဘက်ကင်းသော ပါရမီနှင့် လှပမှုတို့ကို ပိုင်ဆိုင်ထားကြလေသည်။
တစ်ခဏအတွင်းမှာပင် သူတော်စင်သမီးတော်များစွာတို့သည် လှုပ်လှုပ်ရှားရှား ဖြစ်လာကြတော့၏။
မည်သို့ပင်ဖြစ်စေ ကျင့်ကြံသူအားလုံး
မမျှော်လင့်ထားသည်မှာ အရှေ့အလင်းမြို့ တိုက်ပွဲအပြီးတွင် လုရီသည် ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့ခြင်းပင်။
လုရီတစ်ယောက်တည်း ပျောက်ကွယ်သွားသည်မဟုတ်၊ ယွင်ရှီးနှင့် ကျန်းရူယွီတို့လည်း ပျောက်သွားခဲ့သည်။ ကျန်းရူယွီနှင့်အတူ ရှိနေခဲ့သော လျိုနင်ရွှမ်းပင်လျှင် ခြေရာကောက်
မရအောင် ပျောက်ဆုံးသွားခဲ့လေသည်။
ဤအဖြစ်က ကျင့်ကြံသူများကြားတွင် အဆုံးမဲ့သော သုံးသပ်ချက်များကို ဖြစ်ပေါ်စေခဲ့၏။
အချို့က လုရီတို့ကို ပင်လယ်မျိုးနွယ်မှ ပညာရှင်ကြီးများက လုပ်ကြံသွားသည်ဟု ယုံကြည်ကြပြီး၊ အချို့ကမူ အရှေ့ဒေသမှ ပညာရှင်အိုကြီးများက ဖမ်းဆီးသွားသည်ဟု ထင်ကြသည်။ သူတို့၏ ထူးကဲသောပါရမီနှင့် ပင်လယ်မျိုးနွယ်၏ လုပ်ကြံသတ်ဖြတ်ရေးစာရင်းတွင် အဆင့်မြင့်မြင့် ရှိနေမှုကြောင့် နတ်ဓားဂိုဏ်းက သူတို့ကို မတော်တဆ ဆုံးရှုံးမသွားစေရန် ပုန်းအောင်းခိုင်းခြင်း သို့မဟုတ် တံခါးပိတ်ကျင့်ကြံခိုင်းခြင်း ဖြစ်နိုင်သည်ဟုလည်း ယုံကြည်သူများ ရှိနေသည်။
သို့သော် မကြာမီမှာပင် နတ်ဓားဂိုဏ်းက သူတို့ မည်သူ့ကိုမျှ ပုန်းအောင်းမခိုင်းထားကြောင်း၊ ကျန်းရူယွီပင်လျှင် သူတို့နှင့်အတူ မရှိကြောင်း ရှင်းလင်းခဲ့သည်။ မည်သို့ပင်ဖြစ်စေ ကျန်းရူယွီ၏ သက်စောင့်ပြားတွင် ထိခိုက်မှု လက္ခဏာမပြသောကြောင့် သူတို့အားလုံး အသက်ရှင်ကောင်းရှင်နေသေးပြီး၊ ပုန်းအောင်းနေခြင်း သို့မဟုတ် တံခါးပိတ်ကျင့်ကြံနေခြင်းသာ ဖြစ်နိုင်သည်ဟု ညွှန်ပြနေပါ၏။
မည်သို့ပင်ဆိုစေကာမူ၊ အရှေ့အလင်းမြို့တွင်
လုရီ၏ ထူးချွန်ပြောင်မြောက်သော စွမ်းဆောင်ရည်မှာ အလွန်ပင် အထင်ကြီးစရာကောင်းလှသဖြင့် ဆယ့်ငါးနှစ်ကြာသည့်တိုင် လူများသည် ရံဖန်ရံခါ ထုတ်၍ ဆွေးနွေးနေကြဆဲ ဖြစ်ပါသည်။
လုရီ၏ စွမ်းအားနှင့်အတူ သူ၏ အချစ်ရေးစွန့်စားခန်းများသည်လည်း လူတို့ ပြောဆို၍ ပျော်မွေ့ကြသော အကြောင်းအရာ တစ်ခု ဖြစ်နေလေ၏။
ရှေးဟောင်းမြို့ထဲတွင် လုရီသည် ထိုကောလာဟလများကို ကြားရသောအခါ ဂုဏ်ယူဝင့်ကြွားမှုများဖြင့် ပြည့်နှက်နေပြီး မျက်နှာတွင် အပြုံးများ ဝေဆာနေတော့၏။
လျိုနင်ရွှမ်း၊ ကျန်းရူယွီနှင့် ယွင်ရှီးတို့အားလုံးက သူ့ကို နားမလည်ဟန်ဖြင့် ကြည့်လိုက်ကြသည်။
"ဂျူနီယာမောင်လေး၊ နင် အရမ်းပျော်နေတဲ့ ပုံပဲ။"
ထိုအခါ လုရီက ရယ်ကျဲကျဲဖြင့် ပြောလိုက်သည်။
"ဒီလူတွေ ကျွန်တော့်အချစ်ရေးအကြောင်း ပြောရင်း သွားကြိတ်နေကြတာကို မြင်ရတာက သူတို့ ကျွန်တော့်ကို ဘယ်လောက်တောင် မနာလိုဖြစ်နေလဲဆိုတာ ပြောပြနေတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ်
ကျွန်တော့် တာအိုလက်တွဲဖော်တွေက ပြိုင်ဘက်ကင်းတဲ့ အလှပဂေးတွေဖြစ်ပြီး နှစ်ယောက်လုံးက အင်မော်တယ် ခန္ဓာကိုယ်ပိုင်ရှင်တွေလေ။
သူတို့ကို မနာလို ဖြစ်ခိုင်းလိုက်စမ်းပါ။"
သုံးယောက်သားမှာ လုရီ၏ ဂုဏ်ယူဝင့်ကြွားမှုကို လုံးဝ နားမလည်နိုင်ဘဲ ပြောစရာစကားများ ပျောက်ရှနေပါတော့၏။
လုရီ၏ သတင်းများအပြင် လေးယောက်သားသည် ပင်လယ်မျိုးနွယ် စစ်မြေပြင်အကြောင်းလည်း အတော်များများ သိရှိခဲ့ကြသည်။
နှစ်များတစ်လျှောက် အရှေ့နယ်မြေ မဟာမိတ်တပ်မတော်နှင့် ပင်လယ်မျိုးနွယ်တပ်ဖွဲ့များကြားက တိုက်ပွဲများမှာ ပြင်းထန်နေဆဲဖြစ်သည်။ သို့သော် အရှေ့ဒေသတစ်ခုလုံးမှ ကျင့်ကြံသူများ၊ အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေများနှင့် ဂိုဏ်းကြီးများမှ ပုဂ္ဂိုလ်များပါဝင်သော အရှေ့နယ်မြေ မဟာမိတ်တပ်မတော်သည် နှစ်ပေါင်းများစွာ တိုက်ခိုက်လာရာ တဖြည်းဖြည်း အသာစီးရလာခဲ့လေသည်။
ရွှမ်ဟွမ်နဂါးမြွေမျိုးနွယ်၏ ဟင်းလင်းပြင်
အင်မော်တယ်သုံးဦး၏ ပင်လယ်မျိုးနွယ်ကို စည်းလုံးစေမည့် အိပ်မက်သည်လည်း အတိုက်အခံများနှင့် ကြုံတွေ့နေရသည်ဟူသော သတင်းများလည်း ရှိနေ၏။ မည်သို့ပင်ဆိုစေ ပင်လယ်မျိုးနွယ်အတွင်းမှ အဓိက အင်အားကြီး မျိုးနွယ်စုတိုင်းသည် ဂိုဏ်းစောင့် အင်မော်တယ်လက်နက်
အသိီးသီး ပိုင်ဆိုင်ထားကြသည်။
ရွှမ်ဟွမ်နဂါးမြွေမျိုးနွယ်၏ လှုပ်ရှားမှုများကို သိရှိသွားပြီးနောက် အခြားပင်လယ်ဒေသများမှ ပင်လယ်မျိုးနွယ် ပညာရှင်ကြီးများသည်လည်း စုစည်းညီညွတ်ကာ ထိုမျိုးနွယ်၏ ဟင်းလင်းပြင်အင်မော်တယ်များကို ခုခံတိုက်ခိုက်ခဲ့ကြသည်။ ဟင်းလင်းပြင်အင်မော်တယ်သုံးဦးနှင့် မျိုးနွယ်စောင့် အင်မော်တယ်လက်နက် ရှိနေသည့်တိုင်
ရွှမ်ဟွမ်နဂါးမြွေမျိုးနွယ်သည် ပင်လယ်မျိုးနွယ် ပညာရှင်ကြီးများစွာ ကိုင်ဆောင်ထားသော အင်မော်တယ်လက်နက်များစွာ၏ ပေါင်းစည်းစွမ်းအားကို နှိမ်နင်းရန် ခက်ခဲနေဆဲပင်။
ပင်လယ်မျိုးနွယ်အတွင်းမှ သရေကျနေသော အခြေအနေသည် အချိန်အတော်ကြာ တည်ရှိနေခဲ့၏။ အရှေ့နယ်မြေ စစ်မြေပြင်တွင်မူ ပင်လယ်မျိုးနွယ် ကျင့်ကြံသူများသည် စစ်ကူ မရသည့်အပြင် နှစ်ရှည်စစ်ပွဲကြောင့် ကြီးမားသော ဆုံးရှုံးမှုများ ခံစားခဲ့ရရာ တဖြည်းဖြည်း ယိုင်နဲ့လာတော့သည်။
ဤဆယ့်ငါးနှစ်ကြာ စစ်ပွဲအတွင်း အရှေ့နယ်မြေ မဟာမိတ်တပ်မတော်သည် အရှုံးထက် အနိုင်က ပိုများခဲ့ပြီး စစ်မြေပြင်ကို ပြည်နယ်တစ်ခုစာလောက်အထိ ပင်လယ်ဘက်သို့ တွန်းပို့နိုင်ခဲ့သည်။
သို့သော် မမျှော်လင့်ထားသော အခြေအနေများ မဖြစ်ပေါ်ပါက စစ်ပွဲပြီးဆုံးရန်မှာ အချိန်အတော်ကြာ လိုအပ်နေဦးမည် ဖြစ်သည်။
အရှေ့နယ်မြေ တစ်ခုလုံးအတွက် ဤသည်မှာ သတင်းကောင်းဖြစ်သော်လည်း လုရီအတွက်မူ ပင်လယ်မျိုးနွယ် ဆုတ်ခွာနေခြင်းက အနည်းငယ် ရှုပ်ထွေးမှုများ ဖြစ်စေသည်။
ပင်လယ်မျိုးနွယ် စစ်မြေပြင် ဆုတ်ခွာသွားသည်နှင့်အမျှ ပင်လယ်အနီးရှိ ဒေသများသည် သူတို့၏ ခံတပ်စခန်းများဖြင့် ပိုမိုပြည့်နှက်လာပြီး ပညာရှင်ကြီးများ စုဝေးလာကြသည်။ သူသည် ထိုဒေသများကို ဖြတ်သန်း၍ အရှေ့နယ်မြေ ပင်လယ်ဧရိယာသို့ ရောက်ရှိရန်မှာ ပို၍ ခက်ခဲလိမ့်မည်။
သို့သော် ဤမျှလောက်အထိ ရောက်လာပြီးမှတော့ လုရီသည် လွယ်လွယ်နှင့် လက်လျှော့မည်မဟုတ်ပေ။
အရှေ့နယ်မြေ မဟာမိတ်တပ်မတော်က ပင်လယ်မျိုးနွယ်နှင့် စစ်ပွဲကြီးကို အနိုင်ရလျှင်ပင် ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်နိုင်သေးရာ သူသည် ထိုမျှကြာအောင် စောင့်ဆိုင်းရန် ဆန္ဒမရှိချေ။
သတင်းအချက်အလက်များ စုဆောင်းပြီးနောက် လုရီနှင့် သုံးယောက်သားသည် ရှေးဟောင်းမြို့မှ ထွက်ခွာကာ အရှေ့နယ်မြေ ပင်လယ်ဧရိယာဘက်သို့ ခရီးဆက်ခဲ့ကြသည်။
လေးယောက်လုံးသည် လျင်မြန်လှရာ သုံးရက်အတွင်းမှာပင် ကြီးမားသော အကွာအဝေးကို ဖြတ်ကျော်၍ တိုက်ပွဲများ အပြင်းထန်ဆုံးဖြစ်နေသော ရှေ့တန်းစစ်မျက်နှာသို့ ရောက်ရှိလာခဲ့ကြသည်။
ဘုန်း!
သူတို့ ရှေ့တန်းစစ်မျက်နှာသို့ ချဉ်းကပ်လာသည်နှင့် အလွန်အားကောင်းသော စွမ်းအင်လှိုင်းလုံးကြီးတစ်ခုက အဝေးမှ လာရောက်ရိုက်ခတ်ရာ သူတို့၏အကြည့်များ ထိုနေရာသို့ ရောက်ရှိသွားတော့သည်။
"ပေါင်းစည်းခြင်းနယ်ပယ် တိုက်ပွဲလား။"
လျိုနင်ရွှမ်းက မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။
"သွားကြည့်ကြရအောင်။"
လေးယောက်သား ထိုဦးတည်ရာဘက်သို့ ပျံသန်းသွားကြသည်။
မကြာမီမှာပင် သူတို့သည် စစ်မြေပြင်အနီးသို့ ရောက်ရှိသွားကြ၏။ အဝေးတစ်နေရာ ကောင်းကင်ယံတွင် ပေါင်းစည်းခြင်းနယ်ပယ်မှ ပင်လယ်မျိုးနွယ် ပညာရှင်ကြီးသုံးဦးသည် နဂါးအစစ်အမှန် တာအိုပုံစံများ လှည့်ပတ်နေပြီး နဂါးအကြေးခွံများဖြင့် ဖုံးလွှမ်းနေသော ပုဂ္ဂိုလ်တစ်ဦးကို ဝိုင်းဝန်းတိုက်ခိုက်နေကြသည်။
ထိုပုဂ္ဂိုလ်ကို မြင်သောအခါ လုရီ၏ မျက်နှာတွင် ထူးဆန်းသော အမူအရာတစ်ခု ဖြစ်ပေါ်လာသည်။
"တော်တော်တိုက်ဆိုင်တာပဲ၊ လုံအော့ထျန်းနဲ့ လာတွေ့နေပါလား။"
"ကောင်းကင်နဂါး သူတော်စင်သားတော်လား။ သူလည်း ဒီကိုရောက်နေတာလား။" ကျန်းရူယွီသည်လည်း အံ့ဩသွား၏။
ကောင်းကင်နဂါး သူတော်စင်သားတော်သည် အားမနည်းပေ။ ဤနှစ်များတစ်လျှောက် သူသည် နိုးကြားမှုမပျက်ဘဲ ဟင်းလင်းပြင်ဥမင် ခုနစ်လွှာသို့ ရောက်ရှိနေပြီဖြစ်သည်။
လုရီ၏နောက်တွင် ရှိနေသော်လည်း များစွာကွာခြားခြင်းမရှိဘဲ လုံးဝနှေးကွေးသည်ဟု မဆိုနိုင်ချေ။
သူ၏ပြိုင်ဘက်များမှာ ပေါင်းစည်းခြင်းနယ်ပယ် လေးလွှာမှ ပညာရှင်ကြီးနှစ်ဦးနှင့် ငါးလွှာမှ တစ်ဦးဖြစ်ပြီး အားလုံးမှာ အလွန်ပင် အားကောင်းကြသည်။
တိုက်ပွဲက ပြင်းထန်လှသည်။
ကောင်းကင်နဂါး သူတော်စင်သားတော်၏ ခန္ဓာကိုယ်မှာ အလွန်အမင်း သန်မာလှ၏။
ပေါင်းစည်းခြင်းနယ်ပယ် ပညာရှင်ကြီးသုံးဦး၏ ဖိနှိပ်မှုကို ခံနေရသော်လည်း သူ၏ ကြောက်မက်ဖွယ် စွမ်းအားဖြင့် တိုက်ခိုက်မှုများကို တစ်ခုပြီးတစ်ခု ခုခံနေသည်။
သူသည် အဆက်မပြတ် ဟိန်းဟောက်နေ၏။
မာန်သွင်းသံများ ကြွေးကြော်နေသည်။
ရံဖန်ရံခါ တန်ပြန်တိုက်ခိုက်ရန် ကြိုးပမ်းနေသေးသည်။
အခန်း ၄၃၁ - မင်းကိုယ်မင်း လုရီလို့ ထင်နေတာလား ...
~ပေါင်းစည်းခြင်းနယ်ပယ် ပညာရှင်ကြီးသုံးဦးမှာ ထိုအခိုက်တွင် သူ့ကို ဘာမှမတတ်နိုင်သေးပေ။
ထိုစဉ် အခြားတစ်နေရာတွင် မဟာယာနအဆင့် ပညာရှင်ကြီးနှစ်ဦးက ရင်ဆိုင်နေကြသည်။
တစ်ဦးမှာ အရပ်မြင့်မားသော အဘိုးအိုတစ်ဦးဖြစ်ပြီး၊ အခြားတစ်ဦးမှာ ပခုံးပေါ်သို့ ဝဲကျနေသော မည်းနက်သည့် ဆံပင်ရှည်များ ပိုင်ဆိုင်ထားသည့် လူငယ်တစ်ဦးဖြစ်သည်။
တစ်ဦးမှာ ကောင်းကင်နဂါး မြင့်မြတ်နယ်မြေမှ ပညာရှင်ကြီးဖြစ်ပြီး အခြားတစ်ဦးမှာ ရေနက်နဂါးမျိုးနွယ်မှ ပညာရှင်ကြီး ဖြစ်နိုင်ခြေရှိသည်။
ကောင်းကင်နဂါး မြင့်မြတ်နယ်မြေမှ ပညာရှင်ကြီး၏ မျက်နှာမှာ အေးစက်နေ၏။
သူက ရှေ့မှ ရေနက်နဂါးပညာရှင်ကြီးကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။
"ငါတို့မျိုးနွယ်ရဲ့ သူတော်စင်အမွေခံက သူ့ရဲ့ကျင့်ကြံမှုမှာ အောင်မြင်မှုအသေးစား ရရှိနေပြီ။ မင်းတို့ ပေါင်းစည်းခြင်းနယ်ပယ် ရေနက်နဂါးသုံးကောင် သူ့ကို မသတ်နိုင်ဘူး။ မကြာခင် ငါတို့မျိုးနွယ်ရဲ့ ရှေးဟောင်းဘိုးဘေး ရောက်လာတော့မှာ။"
ထိုစကားကို ကြားသောအခါ ရေနက်နဂါးပညာရှင်ကြီးက အေးစက်စွာ ရယ်မောလိုက်၏။
"အဲ့ဒါကတော့ စောင့်ကြည့်ရသေးတာပေါ့။
လုံအော့ထျန်းက ငါ့ရေနက်နဂါး မျိုးနွယ်က ပါရမီရှင် လူငယ်လေးတွေကို အများကြီး သတ်ထားတာ၊ ဒီနေ့ သူသေကိုသေရမယ်။ ငါတို့
မျိုးနွယ် အကြီးအကဲလည်း လမ်းမှာပဲ။"
ကောင်းကင်နဂါး မြင့်မြတ်နယ်မြေမှ ပညာရှင်ကြီးက အေးစက်သော မျက်နှာဖြင့် မေးလိုက် တော့သည်။
"ဒီနေ့ မင်းတို့ စစ်ပွဲကြီး ဆင်နွှဲချင်နေတာလား။"
"အရှေ့နယ်မြေက မိစ္ဆာတစ်ကောင်ကို ရှင်းလင်းရတာ တန်ပါတယ်။" ဟု ရေနက်နဂါး ပညာရှင်ကြီးကလည်း အေးစက်စွာ တုံ့ပြန်လိုက်၏။
" ကောင်းပြီလေ၊ ပင်လယ်မျိုးနွယ်က စစ်တိုက်ချင်တယ်ဆိုရင် ငါတို့ ကောင်းကင်နဂါး မြင့်မြတ်နယ်မြေက မင်းတို့နဲ့ အဆုံးထိ လိုက်တိုက်ပေးမယ်။" ကောင်းကင်နဂါး မြင့်မြတ်နယ်မြေမှ ပညာရှင်ကြီးက ပြတ်သားစွာ ကြေညာလိုက်ရာ သူ၏ပတ်လည်တွင် ဝိညာဉ်စွမ်းအင်များ တိုးဝှေ့ထွက်ပေါ်လာသည်။
ရေနက်နဂါး ပညာရှင်ကြီးက ပြုံးလိုက်သည်။
"မင်းရဲ့အားကို ချွေတာထားလိုက်ပါ လုံဟဲ။ ငါတို့ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ပြီးပြီ။ ငါတို့နှစ်ယောက်ရဲ့ အစွမ်းက အတူတူလောက်ပဲ၊ ဘယ်သူကမှ အပြတ်အသတ် မနိုင်နိုင်ဘူး။ ဒီလိုလုပ်နေလို့ ဘာထူးမှာလဲ။"
ထိုစကားများကို ကြားသောအခါ လုံဟဲသည် မျက်မှောင်ကို တင်းတင်းကြုတ်လိုက်ပြီး ရေနက်နဂါး ပညာရှင်ကြီးကို ဆက်လက်စိုက်ကြည့်နေ၏။
ထိုအခိုက်မှာပင် ရေနက်နဂါး ပညာရှင်ကြီးက တစ်စုံတစ်ခုကို အာရုံခံမိလိုက်သည်။
သူ ခေါင်းလှည့်ကြည့်လိုက်၏။
လုရီနှင့် သူ့အဖော်သုံးယောက် အလျင်အမြန် ချဉ်းကပ်လာသည်ကို မြင်လိုက်ရသည်။
"အရှေ့နယ်မြေ ကျင့်ကြံသူတွေလား။" ရေနက်နဂါး ပညာရှင်ကြီးက မျက်လုံးကျဉ်းလိုက်ပြီး အေးစက်စွာ လှောင်ရယ်လိုက်၏။
"ဟင်းလင်းပြင်ဥမင် ကျင့်ကြံသူလေး
လေးယောက်ပဲကိုး။"
လုရီတို့အဖွဲ့သည်လည်း ရေနက်နဂါး ပညာရှင်ကြီး၏ စကားများကို ကြားလိုက်ရသောအခါ မျက်ခုံးပင့်မိကြသည်။
ကျန်းရူယွီက လက်ပိုက်လိုက်ပြီး ရယ်မောလိုက်၏။
"အဟင်းဟင်း..."
"ဟင်းလင်းပြင်ဥမင် ကျင့်ကြံသူတွေက ဘာဖြစ်လို့လဲ။ နင်တို့ ရေနက်နဂါး မျိုးနွယ်က ဟင်းလင်းပြင်ဥမင် ကျင့်ကြံသူတွေ လက်ချက်နဲ့ အသက်ကုန်ခဲ့ရဖူးတာ မဟုတ်ဘူးလား။"
ထိုမထီမဲ့မြင်မှုကို ကြားလျှင် ကြားချင်း ..
ရေနက်နဂါး ပညာရှင်ကြီး၏ မျက်နှာမှာ ချက်ချင်း အေးစက်သွားသည်။
"သေချင်နေတာလား။"
သူက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။
မှော်ရေစွမ်းအင်များ တိုးဝှေ့ထွက်လာ၏။
မည်းနက်သော လက်ကြီးတစ်ဖက်အဖြစ် အသွင်ပြောင်းသွားကာ ထိုလက်ကြီးက လုရီတို့အဖွဲ့ထံသို့ ကုတ်ခြစ်ရန် တရကြမ်း ဦးတည်လာတော့၏။
ကီလိုမီတာ ဆယ်ဂဏန်းကျယ်ဝန်းသော လက်ကြီးသည် ကောင်းကင်နှင့် နေကိုပင် ဖုံးလွှမ်းသွားပြီး ကြောက်မက်ဖွယ် ဝိညာဉ်စွမ်းအင်လှိုင်းများကို သယ်ဆောင်လာသည်။
ထိုမြင်ကွင်းကို လုံဟဲ မြင်လိုက်သည်။
သူက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်၏။
နဂါးလက်သဲကြီးတစ်ခု ပေါ်ထွက်လာသည်။
မည်းနက်သောလက်ကြီးနှင့် ရင်ဆိုင်တွေ့တော့သည်။
ဝုန်း!
မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲသံကြီး ထွက်ပေါ်လာ၏။
လက်ကြီးနှစ်ခုကြားမှ ဟင်းလင်းပြင်သည် ကြေမွသွားပြီး အမှောင်ထု ဟင်းလင်းပြင်အဖြစ်သို့ ပြောင်းလဲသွားသည်။ ပေါက်ကွဲမှု၏ နောက်ဆက်တွဲလှိုင်းများက အောက်ဘက်တွင် ပျက်စီးမှုများ ဖြစ်ပေါ်စေရာ တောင်များ ပြိုကျပြီး မြေပြင်သည် ချော်ရည်များအဖြစ်သို့ ပြောင်းလဲသွားလေ၏။
လုံဟဲက လှောင်ရယ်လိုက်သည်။
"သူတို့ပြောတာ မမှားဘူး။ အရှေ့အလင်းမြို့ တိုက်ပွဲမှာ လုရီက တကယ်ပဲ ဟင်းလင်းပြင်ဥမင် ကျင့်ကြံသူတစ်ယောက်ပဲ။ မင်းတို့ ရေနက်နဂါး
တွေက သူ့လက်ချက်နဲ့ မဟာယာနအဆင့် ပညာရှင်ကြီးသုံးယောက် ဆုံးရှုံးခဲ့တာ။"
ဒေါသတကြီးဖြင့် ရေနက်နဂါး ပညာရှင်ကြီး၏ ပတ်လည်တွင် ဝိညာဉ်စွမ်းအင်များ လှည့်ပတ်နေသည်။
"လုံဟဲ၊ မင်းက ငါ့ကို ဘာမှ မလုပ်နိုင်ဘူးလို့ တကယ်ထင်နေတာလား။"
လုံဟဲက အေးစက်စွာ ရယ်မောလိုက်သည်။
"ဟုတ်တယ်၊ မင်းက ငါ့ကို ဘာမှမလုပ်နိုင်ဘူး။"
သူက လုရီတို့ အဖော်များဘက်သို့ ခေါင်းလှည့်ကြည့်ကာ ပြောလိုက်၏။
"ဒီနေရာက မင်းတို့ နေရမယ့် နေရာ မဟုတ်ဘူး၊ အခု ထွက်သွားပါ။"
လုရီက ပြုံးလိုက်သည်။
"စီနီယာ၊ ကျွန်တော်တို့ ပူးပေါင်းပြီး ဒီရေနက်နဂါးနက်ကို သုတ်သင်လိုက်ရင် ဘယ်လိုလဲ။"
ထိုစကားကို ကြားသောအခါ လုံဟဲနှင့် ရေနက်နဂါး ပညာရှင်ကြီး နှစ်ဦးစလုံး မှင်သက်သွားကြပြီး သူတို့၏ မျက်နှာများမှာ ရုတ်တရက် ထူးဆန်းသွားတော့သည်။
ထိုအခိုက် ရေနက်နဂါး ပညာရှင်ကြီးက ကျယ်လောင်စွာ ဟားတိုက်ရယ်မောလိုက်၏။
"ဟားဟားဟား။ ငါ့ကို သတ်မယ် ဟုတ်လား။ မင်းတစ်ယောက်တည်းနဲ့။ မင်းကိုယ်မင်း လုရီလို့ ထင်နေတာလား။"
လုံဟဲ၏ နဖူးတွင်လည်း သွေးကြောများ ထောင်ထလာသည်။
ဘာလဲ၊ ဒီဟင်းလင်းပြင်ဥမင် ကျင့်ကြံသူ ကောင်လေးက ရူးသွားပြီလား။
"မင်း ငါ့ကို လှောင်နေတာလား" လုံဟဲက
ဒေါသတကြီး မာန်မဲလိုက်သည်။
လုရီက မခိုးမခန့်သာ ပြုံးလိုက်သည်။
ကောင်းကင်အခင်းအကျင်းမြေပုံ လွင့်ထွက်လာ၏။
ကီလိုမီတာ ရာချီကျယ်ဝန်းသော အခင်းအကျင်းပုံစံများအဖြစ် ပြန့်ကျဲသွားသည်။
ထို့နောက် ဟိန်းဟောက်သံများ ပေါ်ထွက်လာပြီး နတ်သားရဲ ပုံရိပ်ယောင်လေးခု လျင်မြန်စွာ ပေါ်ထွက်လာရာ သင်္ကေတလေးခု သတ်ဖြတ်ခြင်းအခင်းအကျင်းဖြစ်ကြောင်း ထင်ရှားနေတော့သည်။
သင်္ကေတလေးခု သတ်ဖြတ်ခြင်းအခင်းအကျင်းကို မြင်လိုက်ရသောအခါ ရေနက်နဂါး ပညာရှင်ကြီး၏ ရယ်သံများ ရုတ်တရက် ရပ်တန့်သွားသည်။
သူ၏မျက်လုံးများ ပြူးကျယ်သွား၏။
ကောင်းကင်တွင် စုဝေးနေသော နတ်သားရဲ ပုံရိပ်ယောင်များကို စိုက်ကြည့်ရင်း သူ၏ မျက်နှာရောင် ပြောင်းလဲသွားသည်။
"သင်္ကေတလေးခု သတ်ဖြတ်ခြင်းအခင်းအကျင်း။"
လုရီသည် အရှေ့အလင်းမြို့တွင် မော့မင်ကို တားဆီးရန် သင်္ကေတလေးခု သတ်ဖြတ်ခြင်းအခင်းအကျင်းနှင့် မိုးကြိုးသွင်း ဓားတစ်သောင်းအခင်းအကျင်းတို့ကို အသုံးပြုခဲ့ရာ ထိုအခင်းအကျင်းများ၏ ဂုဏ်သတင်းကို သိသိသာသာ မြှင့်တင်ပေးခဲ့သည်။
နတ်သားရဲ ပုံရိပ်ယောင်လေးခု ပေါ်ထွက်လာသည်ကို မြင်သောအခါ လုံဟဲ၏ မျက်နှာတွင် အံ့ဩဝမ်းသာမှုများဖြင့် ဝင်းလက်သွားသည်။
"သင်္ကေတလေးခု သတ်ဖြတ်ခြင်းအခင်းအကျင်းပါလား။ မင်း... တကယ်ပဲ လုရီလား။"
လုရီက အသာပြုံးလျက် တုံ့ပြန်လိုက်သည်။
"ဟုတ်ပါတယ် စီနီယာ။ ကျွန်တော်တို့ ပူးပေါင်းပြီး ဒီရေနက်နဂါးကို သုတ်သင်လိုက်ရင် ဘယ်လိုလဲ။"
လုံဟဲသည် ကျယ်လောင်စွာ ဟားတိုက်ရယ်မောလိုက်တော့၏။
"ဟားဟားဟား။ သိပ်ကောင်းတယ်။"
သူ၏ပတ်လည်တွင် ရွှေရောင်ဝိညာဉ်အလင်းများ လင်းလက်လာသည်။
တဆက်တည်းမှာပင် နဂါးအစစ်အမှန် တာအိုပုံစံများ လည်ပတ်လာ၏။
သူ၏ခန္ဓာကိုယ်ပေါ်တွင် နဂါးအကြေးခွံများ စုဖွဲ့လာသည်။
လုံဟဲသည် ကောင်းကင်နဂါး အသွင်ပြောင်းခြင်းသိုင်းကို ချက်ချင်း အသုံးပြုလိုက်တော့သည်။
ကြီးမားသော ဝိညာဉ်စွမ်းအင်နှင့် တောင်ပြိုရေလျှံသဖွယ် သက်စောင့်စွမ်းအင်များ ထွက်ပေါ်လာရာ လုံဟဲသည် အစကတည်းက အစွမ်းကုန် ထုတ်သုံးလိုက်ခြင်းပင်။
"လုရီ ရောက်လာမှတော့ ဒီရေနက်နဂါးကို သုတ်သင်ပစ်ကြစို့။"
သူက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး ရေနက်နဂါးနက် ပညာရှင်ကြီးကို ဖိအားပေးလိုက်သည်။
ထိုအခိုက်တွင် ရေနက်နဂါးနက် ပညာရှင်ကြီး၏ မျက်နှာရောင်မှာ အလွန်အမင်း ခက်ထန်သွား၏။ သူ၏အစွမ်းသည် လုံဟဲနှင့် သရေကျနေသော်လည်း လုရီနှင့် ကြုံတွေ့ရလိမ့်မည်ဟု သူ
မမျှော်လင့်ထားခဲ့ပေ။
အနည်းငယ်အလှမ်းဝေးသောနေရာမှ ရေနက်နဂါးနက် ပေါင်းစည်းခြင်းနယ်ပယ် ပညာရှင်ကြီးသုံးဦးနှင့် ကောင်းကင်နဂါး သူတော်စင်သားတော်တို့သည်လည်း ထိုလှုပ်ရှားမှုကို သတိပြုမိကြပြီး တုန်လှုပ်စွာ လှမ်းကြည့်လိုက်ကြသည်။
သင်္ကေတလေးခု သတ်ဖြတ်ခြင်းအခင်းအကျင်းကို မြင်သောအခါ ကောင်းကင်နဂါး သူတော်စင်သားတော်၏ မျက်နှာတွင် အံ့ဩမှုများ ဖြစ်ပေါ်လာသည်။
"ညီအစ်ကိုလုလား။"
ထို့နောက် သူ၏မျက်နှာတွင် အပြုံးတစ်ခု ဖြစ်တည်သွား၏။
သူက ပါးစပ်မှ သွေးများကို သုတ်လိုက်သည်။
ပေါင်းစည်းခြင်းနယ်ပယ် ပညာရှင်ကြီးသုံးဦးကို စူးစိုက်ကြည့်လိုက်သည်။
"ညီအစ်ကိုလု ဒီမှာရှိနေမှတော့ ငါ လုံအော့ထျန်းက ကိုယ့်ကိုယ်ကို အထင်သေးခံလို့ ဘယ်ဖြစ်
မလဲ။ မင်းတို့ အဘိုးကြီးသုံးကောင်၊ သေစမ်း။"
လုရီလက်ချက်ဖြင့် အပြင်းအထန် ရှုံးနိမ့်ခဲ့ပြီးနောက် ကောင်းကင်နဂါး သူတော်စင်သားတော်၏ စိတ်ဓာတ်သည် ကျိုးကြေသွားခဲ့သော်လည်း လုရီ၏ စကားအနည်းငယ်ကြောင့် သူသည် ရုတ်တရက် ဉာဏ်အလင်းရရှိခဲ့ပြီး ကျိုးပဲ့ရာမှ ပြန်လည်တည်ဆောက်ကာ ယခင်ကထက် ပိုမို မြန်ဆန်စွာ တိုးတက်လာခဲ့ပေသည်။
အရှေ့အလင်းမြို့ တိုက်ပွဲအပြီးတွင် ကောင်းကင်နဂါး သူတော်စင်သားတော်သည် ဤဘဝတွင်
လုရီကို ဘယ်တော့မှ အမီလိုက်နိုင်တော့မည်မဟုတ်ကြောင်း နားလည်သွားခဲ့၏။
သို့တိုင်အောင် ကောင်းကင်နဂါး သူတော်စင်သားတော်သည် လုရီကို သူ၏ပစ်မှတ်အဖြစ် သတ်မှတ်ထားဆဲဖြစ်ပြီး ထိုစံနှုန်းကို ရောက်ရှိရန် ကြိုးစားနေဆဲဖြစ်သည်။
ယခု လုရီရောက်ရှိနေမှတော့ ကောင်းကင်နဂါး သူတော်စင်သားတော်သည် လုရီက သူ့ကို ရှုံးနိမ့်နေသည်ကို မမြင်စေလိုပေ။
ကောင်းကင်နဂါး သူတော်စင်သားတော်၏ပတ်လည်တွင် ဝိညာဉ်စွမ်းအင်များ လည်ပတ်လာသည်။
အကြီးအကျယ် လွှမ်းမိုးနိုင်သော အရှိန်အဝါ
တစ်ခု ပေါက်ကွဲကာ သူ၏ ခန္ဓာကိုယ်ပေါ်မှ နဂါးအကြေးခွံများ၏ အတွင်းပိုင်း၌ အက်ကွဲကြောင်းများ ပေါ်ထွက်လာသည်။
"ကောင်းကင်နဂါး အသွင်ပြောင်းကွက် လေးမျိုး။"
ကောင်းကင်နဂါး သူတော်စင်သားတော်သည် သူကိုယ်တိုင်ပင် မကျွမ်းကျင်သေးသော လျှို့ဝှက်သိုင်းနည်းစနစ်တစ်ခုကို တိုက်ရိုက် အသုံးပြုလိုက်တော့သည်။
ကောင်းကင်နဂါး သူတော်စင်သားတော်၏ ဤအခြေအနေကို မြင်သောအခါ ရေနက်နဂါး ပေါင်းစည်းခြင်းနယ်ပယ် ပညာရှင်ကြီးသုံးဦး၏ မျက်နှာများ ပြောင်းလဲသွားသည်။
"ဒီအရူး ရူးသွားပြီလား။"
"သူ့ကို ထားလိုက်စမ်း။ လုရီ ဒီကိုရောက်လာမှတော့ ငါတို့ ဘာလုပ်ကြမလဲ။"
အရှေ့အလင်းမြို့ တိုက်ပွဲအပြီးတွင် လုရီ၏ စွမ်းအားသည် နက်ရှိုင်းသော အထင်အမြင်ကို ချန်ထားခဲ့လေသည်။
လုရီ၏ ပေါ်ထွက်လာမှုမျှဖြင့်ပင် ပေါင်းစည်းခြင်းနယ်ပယ် ပညာရှင်ကြီးသုံးဦးလုံး မျက်နှာဖြူဖျော့သွားကြပြီး မျက်လုံးများတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေတော့သည်။
အခန်း ၄၃၂ - ရန်သူ့နယ်မြေအတွင်းသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်ခြင်း
~ထိုအခိုက်အတန့်တွင်၊ မဟာယာနအဆင့်မှ ပညာရှင် တစ်ဦးဖြစ်သည့် ရေနက်နဂါးက အဝေးမှနေ၍ ယတိပြတ် အမိန့်ပေးလိုက်၏။
"ဆုတ်!"
ထိုစကားကိုကြားသော်၊ ပေါင်းစည်းခြင်းနယ်ပယ်ဝင် ပညာရှင် သုံးဦးလုံး သက်ပြင်းတစ်ချက်ချကာ နောက်ဆုတ်ရန် ပြင်ဆင်လိုက်ကြသည်။
လုရီကမူ မဲ့ပြုံး တစ်ချက် ပြုံးလိုက်ပြီးနောက် ခွန်းတုံ့ပြန်လိုက်သည်။
"ထွက်ပြေးလို့ ရမယ် ထင်နေတာလား.."
သူ၏ အတွေး တစ်ချက်ဖြင့်ပင် နတ်သားရဲ ပုံရိပ်ယောင် လေးခုကို ဆင့်ခေါ်လိုက်ရာ၊ ၎င်းတို့သည် ဟိန်းဟောက်သံများ ပေးလျက် ရေနက်နဂါးပညာရှင်ကို ခိုင်ခိုင်မာမာ ပိတ်ဆို့ထားလိုက်လေသည်။
ဓားသွားလို ထက်မြက်သော လက်သည်းရောင်ခြည်များ၊ ဧရာမ တောင်တန်းကြီးများ၊ ကြောက်မက်ဖွယ် လီမီးတောက်များ နှင့် အဆုံးမဲ့သော ရေမြှားတန်းများသည် တစ်ဟုန်ထိုး တိုးဝင်ကာ ရေနက်နဂါး ပညာရှင်ကြီးကို လွှမ်းခြုံဖုံးလွှမ်းသွားတော့သည်။
ဘုန်း...
မှော်ရေများသည် ရေနက်နဂါး ပညာရှင်၏ ကိုယ်ကို ဝန်းရံကာ တိုက်ခိုက်မှု အားလုံးကို တားဆီးထား၏။ သူ၏ မျက်နှာသည် ရေခဲတမျှ အေးစက်ခက်ထန်နေပြီး ကျယ်လောင်စွာ ဟိန်းဟောက်လိုက်တော့သည်။
"လုရီ! သိပ် တရားလွန်မလာနဲ့!"
လုံဟဲက ကျယ်လောင်စွာ ရယ်မောကာ တုံ့ပြန်လိုက်၏။
"ဟားဟားဟား!! အနိုင်ကျင့်တော့ကော ဘာဖြစ်လဲ?!"
ထို့နောက် သူသည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ လူပုံအသွင် နဂါးတစ်ကောင်ကဲ့သို့ ရေနက်နဂါးပညာရှင်ထံသို့ ခုန်ပျံတိုက်ခိုက်လေသည်။
လုံဟဲ၏ သွေးစွမ်းအင်များက ဆူပွက်လာပြီး ရွှေရောင်မီးခိုးများအဖြစ် ပြောင်းလဲကာ ကောင်းကင်သို့ မြင့်တက်သွားသည်မှာ မြင်ရသူတိုင်းအတွက် ကြောက်မက်ဖွယ်ရာ မြင်ကွင်းဖြစ်နေတော့သည်။
သူက နဂါးလက်သည်းဖြင့် ဖမ်းကုပ်လိုက်ရာ၊ နဂါးအစစ်တစ်ကောင်၏ လက်သည်းကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ထိုတိုက်ကွက်သည် ရေနက်နဂါး ပညာရှင်ထံသို့ ကျရောက်သွား၏။
ရေနက်နဂါး ပညာရှင်သည် ဒေါသတကြီးဖြင့် အဆက်မပြတ် ဟိန်းဟောက်နေသည်။ သူသည် ကီလိုမီတာပေါင်းများစွာ ရှည်လျားသော သူ၏ မူလကိုယ်ထည်အဖြစ်သို့ ပြောင်းလဲလိုက်သည်။
ဧရာမခန္ဓာကိုယ်ကြီးကို ယိမ်းနွဲ့ကာ မှော်ရေစွမ်းအားကို အသုံးချ၍ နဂါးလက်သည်း
တိုက်ကွက်ကို ချေဖျက်လိုက်သည်။
ထိုစဉ် မိုးကြိုးပစ်ခံလိုက်ရသည့်အလား သူ၏ ခန္ဓာကိုယ်သည် တုံ့ခနဲ တစ်ချက် တောင့်တင်းသွားလေသည်။
နတ်သားရဲ ပုံရိပ်ယောင်လေးခု၏ အဆုံးမဲ့သော တိုက်ခိုက်မှုများက သူ့အပေါ်သို့ လွှမ်းခြုံကျရောက်လာတော့သည်။
သို့တိုင်အောင်ပင် ဤရေနက်နဂါး ပညာရှင်၏ အစွမ်းသည် ယခင်က မော့မင် ဆိုသူလောက်ပင် မသန်မာခဲ့ပေ။ နတ်သားရဲ ပုံရိပ်ယောင်လေးခု၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို ရင်ဆိုင်နေရချိန်တွင် သူ၏ အကြေးခွံများ ကွဲအက်ကာ သွေးများ စို့တက်လာပြီး ဒဏ်ရာရရှိသွားလေ၏။
လုရီက အနည်းငယ် အံ့အားသင့်သွားပြီး ခပ်တိုးတိုး ရေရွတ်လိုက်သည်။
"သူက ဟို 'မော့မင်' ဆိုတဲ့ကောင်ထက် အများကြီး အားနည်းတာပဲ။"
ထိုစကားကို ကြားလိုက်ရသောအခါ ရေနက်နဂါးပညာရှင်သည် ဝေဒနာကို မအောင့်နိုင်တော့ဘဲ သွေးများ ဝေါ့ခနဲ အန်ချလိုက်ရသည်။ ပတ်ဝန်းကျင်လေထုသည် အလွန်လေးလံသွားကာ သူက ဒေါသတကြီး ဟိန်းဟောက်လိုက်တော့သည်။
"လုရီ!!"
လုရီသည် ရေနက်နဂါးပညာရှင်၏ ကြိမ်းမောင်းသံများကို ဂရုမစိုက်ပေ။
သူသည် မိမိဘာသာ တီးတိုးရေရွတ်နေခဲ့၏။
"ဒီပင်လယ်မျိုးနွယ် ကျင့်ကြံသူတွေကို ငါ သတ်ပစ်ရမယ်။"
[အလုပ်]
ပင်လယ်မျိုးနွယ် ကျင့်ကြံသူများကို သတ်ဖြတ်ပါ။
ဆုလာဘ်- ကပ်ဘေးဖြတ်ကျော် စွမ်းရည်
"ရွှမ်ပင်းပင်လယ်ဖုံး တံဆိပ်"၊ နှစ်တစ်သန်းသက်တမ်းရှိ ဝိညာဉ်ကျောက်စိမ်း ဆယ်ခု၊ နှင့် ရေတာအိုဆိုင်ရာ ဉာဏ်အလင်းတိုးတက်မှု။
ဤအလုပ်ကို လက်ခံမည်လော- လက်ခံမည်လား/ငြင်းပယ်မည်လား။
...အင်း... အရှေ့အလင်းမြို့က ရတဲ့ ဆုလာဘ်တွေနဲ့ ယှဉ်ရင်တော့ ဒါက အများကြီး နည်းတယ်။ ဒါပေမဲ့ ဒီရေနက်နဂါးရဲ့ အစွမ်းကလည်း ဒီလောက်ပဲရှိတာဆိုတော့... ဒီထက် ပိုတောင်းလို့လည်း မဖြစ်ဘူးမလား။...
သည်လိုမှ မဟုတ်လျှင် သူ့အတွက် နည်းနည်း မတရားရာကျသွားလိမ့်မည်ဟု လုရီ တွေးလိုက်မိသည်။
ထို့နောက် သူသည် အလုပ်ကို စိတ်ထဲမှ တိတ်တဆိတ် လက်ခံလိုက်တော့သည်။
ပြင်းထန်သော တိုက်ပွဲအတွင်း ရေနက်နဂါး စွမ်းအားရှင် ဒဏ်ရာရသွားသည်ကို မြင်သောအခါ၊ ပေါင်းစည်းခြင်း နယ်ပယ်မှ ရေနက်နဂါး သုံးဦးသည် ပို၍ပင် အံ့အားသင့်ကာ ကြောင်ငေးသွားကြသည်။
အခြားရေနက်နဂါး ပညာရှင်တစ်ဦးက အမိန့်ပေးလိုက်၏။
"ခွဲပြီးပြေး!"
ကောင်းကင်နဂါး အသွင်ပြောင်းကွက် လေးမျိုး စွမ်းရည်ကို သုံးထားပြီး တစ်ကိုယ်လုံး သွေးများဖြင့် ရွှဲနစ်နေသော ကောင်းကင်နဂါး သူတော်စင်သားတော်က ဟိန်းဟောက်လိုက်သည်။
"ဘယ်ကို ပြေးမယ် တွေးနေတာလဲ?!"
ဆူပွက်နေသော သွေးစွမ်းအင်ဖြင့် သူက ပေါင်းစည်းခြင်းနယ်ပယ် ပညာရှင်တစ်ဦးထံသို့ ဟိန်းညံသော လက်ဝါး တစ်ချက် ရိုက်ချလိုက်၏။
ထိုသူသည် ကွက်ခနဲ မျက်နှာ ပျက်သွားပြီး တပြိုင်နက် ရှည်လျားသော ဓားတစ်လက်ကို ပါးစပ်မှ အလျင်အမြန် ထွေးထုတ်ကာ ကောင်းကင်နဂါး သူတော်စင်သားတော်ထံသို့ ပစ်လွှတ်လိုက်သည်။
ချလန်း!!
ဓားကျင့်ကြံခြင်း ရတနာသည် ကောင်းကင်နဂါး သူတော်စင်သားတော်၏ လက်ဖဝါးနှင့် တိုက်မိကာ ချက်ချင်းပင် အက်ကွဲသွားပြီး နောက်သို့ လွင့်စဉ်သွားသည်။
လက်ဝါးတိုက်ကွက်ကမူ ပေါင်းစည်းခြင်းနယ်ပယ် ပညာရှင်ထံသို့ ကျရောက်သွားပြီး ထိုသူကို နောက်သို့ လွင့်စဉ်သွားစေကာ သွေးများ အဆက်မပြတ် အန်ထုတ်စေတော့၏။
ထိုအချိန်တွင် အခြားပေါင်းစည်းခြင်းနယ်ပယ် ပညာရှင်နှစ်ဦးမှာ ထိုအခွင့်အရေးကို အသုံးချ၍ အဝေးသို့ ထွက်ပြေးသွားနှင့်ပြီ ဖြစ်သည်။
ထိုနှစ်ဦး မျှော်လင့်ချက်ရောင်ခြည်ကို မြင်တွေ့ပြီဟု ထင်မှတ်မိစဉ်မှာပင်၊ ရုတ်တရက် အရိပ်နှစ်ခုက သူတို့၏လမ်းကို ပိတ်ဆို့လိုက်သည်။
ထိုသူများမှာ လျိုနင်ရွှမ်း နှင့် ကျန်းရူယွီတို့ပင် ဖြစ်ကြလေသည်။
လျိုနင်ရွှမ်းသည် ပုံစံတစ်ထောင် အသွင်ပြောင်းစွမ်းရည်ကို အသုံးပြုကာ သာမန်ရုပ်ရည်ရှိသော မိန်းမငယ်လေးတစ်ဦးအဖြစ် ပြောင်းလဲထားသော်လည်း၊ ကြည်လင်အေးချမ်းသော ရေခဲအိုင်တစ်ခုပမာ အေးစက်နေသည့် သူမ၏ မျက်ဝန်းများကမူ ဖမ်းစားနိုင်စွမ်း ရှိနေဆဲပင်။
သူမသည် အလွန်တည်ငြိမ်သော အမူအရာဖြင့် သူမ၏ရှေ့မှ ပေါင်းစည်းခြင်းနယ်ပယ် ပဉ္စမအဆင့် ပညာရှင်ကို ကြည့်လိုက်သည်။
သို့သော် ထိုသူ၏ ရုပ်သွင်မှာမူ ခက်ထန်ကြမ်းတမ်းနေပြီး သူက မိုးခြိမ်းသံကဲ့သို့ ဟောက်လိုက်သည်။
"လမ်းဖယ်စမ်း!"
အမှောင်ရွှမ်ရေ စီးကြောင်းတစ်ခုသည်
လျိုနင်ရွှမ်းကို အရည်ပျော်သွားစေရန် ရည်ရွယ်၍ ပန်းထွက်လာ၏။
သို့သော်၊ အမှောင်ရွှမ်ရေသည် လျိုနင်ရွှမ်းထံသို့ ချဉ်းကပ်လာစဉ်မှာပင် လေထဲ၌ ရပ်တန့်ကာ ရေခဲအဖြစ်သို့ ပြောင်းလဲသွားသည်။
ပေါင်းစည်းခြင်းနယ်ပယ် ပဉ္စမအဆင့် ပညာရှင်၏ အသွင်သည် သိသိသာသာ ပြောင်းလဲသွားပြီး သူ၏မျက်နှာတွင် မယုံနိုင်ခြင်း အရိပ်အယောင်များ ရိပ်ခနဲ ထင်သွားသည်။
"ဘယ်လိုဖြစ်ရတာလဲ"
တစ်ချိန်တည်းမှာပင်၊ ရေခဲမြူခိုးများသည်
လျိုနင်ရွှမ်း၏ ပတ်ပတ်လည်တွင် ပေါ်ထွက်လာပြီး သူမ၏ ရေခဲနယ်မြေ ၉၀ ရာခိုင်နှုန်းကျော်သည် ဖြည်းညှင်းစွာ ကြီးထွားလာသည်။
ထို ကြောက်မက်ဖွယ် အရှိန်အဝါက ပေါင်းစည်းခြင်းနယ်ပယ် ပညာရှင်၏ နှလုံးသားထဲသို့ အေးစိမ့်သွားစေသည်။
..သသမန် ဟင်းလင်းပြင်ဥမင်အဆင့်လေးက ဘယ်လိုလုပ် ဒီလောက်တောင် အားကြီးနေရတာလဲ..
သူ့ခန္ဓာကိုယ်သည် အကြောင်းရင်းမသိဘဲ အေးခဲလာသည်ကို ခံစားလိုက်ရသောကြောင့် သူသည် ဆက်လက်၍ ခေါင်းခဲမတတ် စဉ်းစားချိန်ပင် မရလိုက်တော့ပေ။
သူ၏မျက်နှာသည် ထိတ်လန့်တုန်လှုပ်ခြင်းသို့ ပြောင်းလဲသွားပြီး ဝိညာဉ်စွမ်းအင်နှင့် မှော်ရေများကို အရူးအမူး ထုတ်ဖော်ကာ လွတ်မြောက်ရန် ကြိုးစားခဲ့သည်။
သို့သော် ကြောက်မက်ဖွယ် ရွှမ်ပင်းရေခဲသည် နေရာအနှံ့ ထိုးဖောက်ဝင်ရောက်နေသဖြင့် သူ၏ ခြေလှမ်းများ အေးခဲသွားခြင်းကို မတားဆီးနိုင်တော့ချေ။
ပေါင်းစည်းခြင်းနယ်ပယ် ပဉ္စမအဆင့် ရေနက်နဂါးကြီးသည် မျှော်လင့်ချက်မဲ့စွာ အော်ဟစ်လိုက်သည်။
"အားး!!"
ထို့နောက် သူနှင့်သူ၏ မှော်ရေများအားလုံး အေးခဲသွားကာ သက်ရှိလက္ခဏာအားလုံး ပျောက်ဆုံးသွားတော့သည်။
လျိုနင်ရွှမ်းက သူမ၏လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ ရေခဲရုပ်တုကြီးသည် ဖုန်မှုန့်များအဖြစ် ကြေမွကာ ကောင်းကင်ယံသို့ ပျောက်ကွယ်သွား၏။
ရုပ်ရောနာမ်ပါ ချေမှုန်းခြင်းပင်တည်း။
အခြားတစ်ဖက်တွင်မူ၊ ဓားရောင်တစ်ချက် ဝင်းလက်သွားပြီး နေရာလပ်ကို ဖြတ်ကျော်သွားသည့် အရှိန်မှာ အလွန်လျင်မြန်လွန်းသောကြောင့် ပေါင်းစည်းခြင်းနယ်ပယ် စတုတ္ထအဆင့် ပညာရှင်မှာ တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ သူ၏ခန္ဓာကိုယ်ကို ထက်ပိုင်းဖြတ်တောက်ခြင်း ခံလိုက်ရလေသည်။
ရုတ်တရက်၊ ထိုပညာရှင်၏ ခန္ဓာကိုယ်သည် တောင့်တင်းသွားသည်။ နောက်တစ်ခဏတွင် ဓားနယ်မြေ ၉၀ ရာခိုင်နှုန်းကျော်က တစ်ဟုန်ထိုး ထိုးထွက်လာကာ ထို စွမ်းအားရှင်ကို သွေးမြူများအဖြစ်သို့ ပြောင်းလဲပစ်လိုက်လေသည်။
ကျန်းရူယွီက အံ့အားသင့်ဟန်ဖြင့် လျိုနင်ရွှမ်းကို ကြည့်လိုက်ပြီး ချီးကျူးလိုက်သည်။
"နင်ရွှမ်း၊ နင် အသွင်ပြောင်းပြီးနောက်မှာ အများကြီး ပိုအားကောင်းလာတာပဲ"
သိထားသင့်သည်မှာ လျိုနင်ရွှမ်းသည်
အသွင်မပြောင်းမီက ပေါင်းစည်းခြင်း နယ်ပယ် ပထမအဆင့် ကျင့်ကြံသူ တစ်ဦးနှင့် တိုက်ခိုက်ရန်ပင် အတော်လေး ရုန်းကန်ခဲ့ရသည်။
ယခုမူ သူမသည် ပေါင်းစည်းခြင်းနယ်ပယ် ပဉ္စမအဆင့် ပညာရှင် တစ်ဦးကို လွယ်ကူစွာ သတ်ဖြတ်နိုင်ခဲ့ပြီ ဖြစ်သည်။
"ဟုတ်ပါရဲ့ "
လျိုနင်ရွှမ်းက ပြုံးလိုက်ရင်း အလားတူ အံ့အားသင့်နေသော လေသံဖြင့် ပြန်ဖြေလိုက်သည်။
အခြားတစ်ဖက်တွင်၊ ကောင်းကင်နဂါး သူတော်စင်သားတော်သည် ကျန်ရှိသော ပေါင်းစည်းခြင်းနယ်ပယ် စတုတ္ထအဆင့် ရေနက်နဂါးကို ဖိအားပေးတိုက်ခိုက်နေလေသည်။
ကျန်းရူယွီနှင့် လျိုနင်ရွှမ်းတို့ ပညာရှင်နှစ်ဦးကို အားစိုက်ထုတ်စရာမလိုဘဲ ချေမှုန်းလိုက်သည်ကို ကောင်းကင်နဂါး သူတော်စင်သားတော်နှင့်
လုံဟဲတို့ နှစ်ဦးလုံး ခံစားမိသောအခါ လုံးဝ ကြက်သေသေသွားကြ၏။
အထူးသဖြင့် ကောင်းကင်နဂါး သူတော်စင်သားတော်မှာ မူလက သူသည် လုရီထက်သာ အနည်းငယ် အားနည်းသည်ဟု ထင်ထားခဲ့ရာမှ၊ ဤမျှ အစွမ်းထက်သော အမျိုးသမီး ကျင့်ကြံသူတစ်ဦး ရှိနေလိမ့်မည်ဟု အိပ်မက်ပင် မက်ဖူးခဲ့ပေ။
သူသည် သူ့ဘဝတစ်ခုလုံးကိုပင် ပြန်လည်မေးခွန်းထုတ်ချင်စိတ် ပေါက်သွားသည်။
ကောင်းကင်နဂါး သူတော်စင်သားတော် ငိုင်နေသော တစ်ခဏတွင်၊ ပေါင်းစည်းခြင်းနယ်ပယ် စတုတ္ထအဆင့် စွမ်းအားရှင်သည် သူ၏
သွေးအဆီအနှစ်အားလုံးကို လောင်ကျွမ်းစေကာ သူ၏ အရှိန်ကို အဆမတန် မြှင့်တင်ပြီး အဝေးသို့ ထွက်ပြေးရန် ကြိုးစားတော့သည်။
"သေစမ်း!"
ကောင်းကင်နဂါး သူတော်စင်သားတော်သည် သတိပြန်ဝင်လာပြီး သူ၏အမူအရာသည် ထိတ်လန့်တုန်လှုပ်ခြင်းသို့ ပြောင်းလဲသွားကာ
မကျေမချမ်း ကြိမ်းဝါးလိုက်လေသည်။