အခန်း (၄၃၆-၄၃၈)
Vol. 30 Ch. 436-438
အခန်း ၄၃၆-ကောင်းကင်ယန္တရားကို နှောင့်ယှက်ခြင်း ...
~ ထိုအခိုက်အတန့်မှာတော့ ပင်လယ်မျိုးနွယ်ဝင်အားလုံး ကျောချမ်းသွားကြ၏။
"ဒါ...ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။ လုရီမှာ ဒီလောက်တောင် အစွမ်းရှိနေတယ်လား။"
မဟာယာနအထွတ်အထိပ်အဆင့် ရေနက်နဂါးကြီး၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားပြီး၊ လုရီ့ကို ရှေးဟောင်းသားရဲဘီလူးကြီးတစ်ကောင်အား မြင်တွေ့နေရသည့်အလား စူးစိုက်ကြည့်နေမိသည်။
တိုက်ပွဲမစတင်ရသေးခင်မှာပင် သူ၏စိတ်ထဲတွင် ဆုတ်ခွာရန် အကြံက ပေါ်နေခဲ့ချေပြီ။
ထိုစဉ်မှာပင် လုရီက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
ကောင်းကင်ပေါ်ကနေ ကြယ်တာရာအလင်းတန်းများ သွန်ချလိုက်သည့်နှယ် ငွေဓားအလင်းတစ်ချက်က မျက်စိတစ်မှိတ်အတွင်း ဝင်းခနဲ လက်သွားပြီးနောက်၊ မည်သည့်အချိန်ကမှ
မတည်ရှိခဲ့ဖူးသလိုမျိုး ပြန်လည်ပျောက်ကွယ်သွားခဲ့ပြန်သည်။
ထိုအခိုက်အတန့်၌ လောကကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွား၏။
များမကြာမီပင်၊ ကောင်းကင်ယံမှ ပင်လယ်
မျိုးနွယ် ကျင့်ကြံသူ အားလုံးသည် အစိတ်စိတ်အမွှာမွှာ ကြေမွသွားပြီး၊ သွေးမြူခိုးများအဖြစ်သို့ ပေါက်ကွဲကာ လေထဲတွင် တစစီ လွင့်ပြယ်သွားတော့၏။
လုရီက လေပူ တစ်ချက်ကို မှုတ်ထုတ်လိုက်သည်။ သူ၏မျက်နှာမှာ အနည်းငယ် ဖြူဖျော့နေပြီး အရှိန်အဝါကလည်း ယခင်ကထက် အနည်းငယ် အားနည်းသွား၏။
မည်သည့်ပြဿနာမှ မဖြစ်စေရန်နှင့် ထိုပင်လယ်မျိုးနွယ် ကျင့်ကြံသူများအား တန်ပြန်တိုက်ခိုက်ခွင့် သို့မဟုတ် သတင်းပေးပို့ခွင့်တို့ မပေးလိုသောကြောင့် သူ၏ အစွမ်းထက်ဆုံး သိုင်းကွက်ကို တိုက်ရိုက်အသုံးပြုခဲ့ခြင်းပါ။
လုရီသည် ဓားတာအို နိယာမ စွမ်းအား၏ ၁၀% ကို အစွမ်းကုန်ထုတ်သုံးခဲ့ပြီး၊ အင်မော်တယ်ဓားသိုင်းဖြစ်သည့် "ကြယ်ဖြတ်ဓားကွက်" ကိုပင် အသုံးပြုခဲ့တော့သည်။
အင်မော်တယ်ဓားသိုင်းဟု ခေါ်ဆိုရခြင်းမှာ နိယာမ စွမ်းအားကို အသုံးပြု၍သာ ထုတ်ဖော်နိုင်သောကြောင့် ဖြစ်၏။
လွန်ခဲ့သော ဆယ့်ငါးနှစ်တာ တာအိုကို နားလည်အောင် ကျင့်ကြံခဲ့ပြီးနောက်၊ သူ၏ မွေးရာပါ ထက်မြက်သော ဉာဏ်ရည်၊ ကျွမ်းကျင်ပိုင်နိုင်သော ဓားတာအို၏ နိယာမနှင့် အလုပ်မှ ဆုလာဘ်များ ပေါင်းစပ်လိုက်သောအခါ လုရီသည် "ကြယ်ဖြတ်ဓားကွက်"ကို အဆင့် ၂ သို့ အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့လေသည်။
အဆင့် ၂ သာဖြစ်လင့်ကစား၊ ၎င်းသည် အင်မော်တယ်အဆင့် သိုင်းပညာတစ်ခုဖြစ်ရာ သေမျိုးလောကမှ မည်သည့်သိုင်းပညာနှင့်မျှ နှိုင်းယှဉ်၍မရနိုင်ပေ။ ထို့ပြင် ဤသည်မှာ
လုရီ၏ အကြီးမားဆုံးသော လျှို့ဝှက်လက်နက်များထဲမှ တစ်ခုလည်း ဖြစ်လေသည်။
အမှန်ပင်... အဆင့် ၂ "ကြယ်ဖြတ်ဓားကွက်" ဖြင့် လုရီသည် သူ၏ရှေ့မှ ပင်လယ်မျိုးနွယ် ကျင့်ကြံသူအားလုံးကို ဓားတစ်ချက်တည်းဖြင့် သုတ်သင်နိုင်ခဲ့သည်။ ထိုအထဲတွင် မဟာယာနအဆင့် အရှင်သခင်သုံးဦး ပါဝင်ပြီး တစ်ဦးမှာ
မဟာယာနအထွတ်အထိပ်အဆင့်ရှိ ကြောက်မက်ဖွယ် ပုဂ္ဂိုလ် တစ်ဦးပင် ဖြစ်နေ၏။
ဤကဲ့သို့သော ဓားချက်ကို ကပ်ဘေးဖြတ်ကျော် ဘိုးဘေးတစ်ပါးသာလျှင် ကြံ့ကြံ့ခံနိုင်လိမ့်မည်ဟု ဆိုနိုင်ပေမည်။
သို့သော် "ကြယ်ဖြတ်ဓားကွက်"သည် အားပြင်းသော်လည်း ဝိညာဉ်စွမ်းအင် အလွန်အမင်း
ကုန်ခမ်းစေသည်သာ။
သိထားသင့်သည်မှာ လုရီ၏ အခြေခံအုတ်မြစ်သည် အလွန်အမင်း ခိုင်မာပြီး သူ၏ စွမ်းအင်ကို အထူးတလည် ထိန်းချုပ်ထားသည့်တိုင်၊ ဤဓားတစ်ချက်သည် သူ၏ ဝိညာဉ်စွမ်းအင် သုံးပုံတစ်ပုံကို သုံးစွဲသွားခဲ့လေသည်။
ဓားသုံးချက်သာ ထုတ်လိုက်လျှင် လုရီထံတွင် မည်သည့် ဝိညာဉ်စွမ်းအင်မှ ကျန်ရှိတော့မည် မဟုတ်ပေ။
လုရီ သက်ပြင်းတစ်ချက် ချလိုက်မိသည်။
'ငါ့ရဲ့ ဝိညာဉ်စွမ်းအင် အရည်အသွေးက နည်းနည်းလိုနေသေးတာပဲ။'
'ကပ်ဘေးဖြတ်ကျော် ဘိုးဘေးအဆင့်နဲ့ တန်းတူဖြစ်သွားတဲ့အခါကျရင်တော့ "ကြယ်ဖြတ်
ဓားကွက်"ကို သုံးတာ ဒီလောက်ကြီး စွမ်းအားကုန်မှာမဟုတ်တော့ဘူး ထင်ပါတယ်။'
ခဏအကြာတွင် လုရီက တစ်စုံတစ်ခုကို သတိရသွားပြီး ခန္ဓာကိုယ် တစ်ခုလုံး တောင့်ခနဲဖြစ်သွားသည်။
သူ သတိလက်လွတ်ဖြင့် ထိုပင်လယ် မျိုးနွယ်ဝင်များ၏ အလောင်းများကို ဖျက်ဆီးပစ်လိုက်မိသည်။ ထိုအထဲတွင် မဟာယာနအဆင့် ရေနက်နဂါး သုံးကောင်တောင် ပါသည်။
သူတို့၏ အသားသည် မည်မျှ တန်ဖိုးရှိလိုက်ပါသနည်း။
လုရီ၏ နှလုံးသားလေး နာကျင်စွာဖြင့် ဆုပ်နယ်ခံလိုက်ရသလို ခံစားလိုက်ရတော့သည်။
သို့သော် မကြာမီမှာပင် ကောင်းကင်ယံတွင် အလင်းတန်းများ ဖျော့တော့စွာ လက်နေသည်ကို သတိပြုမိကာ သူ၏မျက်လုံးများ အရောင်တောက်သွား၏။
သိုလှောင်လက်စွပ် ...
ဒါက သိုလှောင်လက်စွပ်တွေ။
မဟာယာနအဆင့် ပုဂ္ဂိုလ်များ၏ သိုလှောင်လက်စွပ်များသည် သာမန် မဟုတ်သည်မှာ သေချာသည်။ ၎င်းတို့သည် သူတို့၏ စည်းစိမ်ဥစ္စာအားလုံး ဖြစ်ပြီး ကောင်းစွာ ကာကွယ်ထားရန် လိုအပ်ချေ၏။
မဟာယာနကျင့်ကြံသူများ၏သိုလှောင်လက်စွပ်များသည် အလွန်တန်ဖိုးကြီးမားပြီး၊ "ကြယ်ဖြတ်ဓားကွက်" ၏ ဓားအလင်းတန်းဖြင့်ပင် အလွယ်တကူ မပျက်စီးနိုင်ပေ။
လုရီသည် ဝမ်းသာအားရဖြင့် လက်တစ်ဖက်ကို ဝှေ့ယမ်းကာ သိုလှောင်လက်စွပ်အားလုံးကို သိမ်းယူလိုက်သည်။
ထိုအချိန်တွင် လျိုနင်ရွှမ်းနှင့် အခြားနှစ်ဦးသည် သူ့ထံသို့ ပျံသန်းလာကြပြီး လုရီကို မယုံနိုင်သော မျက်နှာများဖြင့် ကြည့်နေကြတော့သည်။
ကျန်းရူယွီက အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
"ဂျူနီယာ မောင်လေး... နင်ကတော့ တကယ့်ကို လူမဟုတ်တဲ့ အကောင်ပဲ။ တစ်နေ့တခြား ပိုပိုပြီး လူသားနဲ့ မတူတော့ဘူးဟယ်"
ထိုအခါ လုရီက မျက်မှောင်ကြုတ်ကာ ကျန်းရူယွီကို ခြိမ်းခြောက်သည့် အကြည့်ဖြင့် ကြည့်လိုက်၏။
လုရီ၏ ခြိမ်းခြောက်မှုကို ကျန်းရူယွီက လုံးဝမကြောက်ပေ။
သူမသည် အရှုံးမပေးတတ်သည့် မိန်းမသား
တစ်ဦးပင် ဖြစ်သည်။
လျိုနင်ရွှမ်း၏ အေးစက်သော မျက်ဝန်းများပင် ပြင်းထန်စွာ တုန်ခါသွားသည်။
"ဂျူနီယာ မောင်လေး... နင် တကယ်ပဲ တစ်နေ့တခြား ပိုပြီး ကြောက်ဖို့ ကောင်းလာတာပဲ။ မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူတောင်မှ နင့်ရဲ့ဓားတစ်ချက်ကို မခံနိုင်ဘူး။"
ထိုစဉ် ယွင်ရှီးကလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြသည်။
"လုရီ..ငါ အင်မော်တယ်ခန္ဓာကို အသက်သွင်းပြီးတဲ့နောက် နင်နဲ့ ငါ့ရဲ့ ကွာဟချက်ကို ကျဉ်းမြောင်းသွားပြီလို့ ထင်ခဲ့တာလေ"
" တကယ်တမ်းတော့ ကွာဟချက်က မကျဉ်းသွားတဲ့အပြင် ပိုတောင် ကြီးမားလာသေးတယ်။"
ထိုအခါ လုရီက ခပ်ဖျော့ဖျော့ ပြုံးလိုက်ကာ ဖြေရှင်းသည်။
"အခု ကျွန်တော်က နိယာမတွေကို ထိန်းချုပ်နိုင်နေပြီဆိုတော့ ခင်ဗျားတို့ထက် နည်းနည်းပိုသန်မာတာ သဘာဝကျပါတယ်။ ခင်ဗျားတို့မှာလည်း အင်မော်တယ်ခန္ဓာတွေရှိနေပြီပဲ။ အနာဂတ်မှာ အင်မော်တယ်ဖြစ်လာမှာ သေချာသလို၊ ခင်ဗျားတို့ရဲ့ နယ်ပယ်တွေကလည်း ပြီးပြည့်စုံခြင်းရဲ့ ၉၀% ကျော်အထိ ရောက်နေပြီ။ မကြာခင်မှာ နိယာမတွေကို နားလည်သွားနိုင်မှာပါ။ အဲ့ဒီအခါကျရင် ခင်ဗျားတို့လည်း အားနည်းမှာ မဟုတ်တော့ပါဘူး။"
လုရီ၏ စကားကို ကြားသောအခါ လျိုနင်ရွှမ်းတို့၏ မျက်လုံးများ အရောင်တောက်လာပြီး အားလုံး လှပစွာ ပြုံးလိုက်ကြသည်။
"ဂျူနီယာ မောင်လေး ပြောတာ မှန်တယ်။ မကြာခင်မှာ ငါတို့လည်း နိယာမတွေကို ထိန်းချုပ်နိုင်တော့မှာပါ။" လျိုနင်ရွှမ်းက ပြုံးလျက် ထောက်ခံလာလေ၏။
ထိုအခါ ကျန်းရူယွီနှင့် ယွင်ရှီးတို့ကလည်း ခေါင်းညိတ်လိုက်ကြသည်။
"ကဲ... ဒီနေရာက အရင်ထွက်သွားကြရအောင်။ ဒီမှာဖြစ်ခဲ့တဲ့ လှုပ်ခတ်မှုက အရမ်းကြီးလွန်းတော့ အစွမ်းထက် ပင်လယ်မျိုးနွယ်တွေရဲ့ အာရုံစိုက်မှုကို ခံရနိုင်တယ် လေ။"
ထိုသို့ လုရီက ပြုံးကာ တိုက်တွန်းလိုက်သည်။
ထိုအခါမှာ လျိုနင်ရွှမ်းနှင့် အခြားသူများလည်း သူ့စကားအား သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြ၏။
ထို့နောက် သူတို့လေးဦးသည် အလင်းတန်းများအဖြစ်သို့ ပြောင်းလဲကာ ထိုနေရာမှ ကိုယ်ပျောက်သလို ပျောက်ကွယ်သွားကြတော့သည်။
ထိုနေရာမှ အတန်ငယ် ဝေးရာသို့ ရောက်သောအခါ လုရီနှင့် သူ၏အဖွဲ့သည် "ပုံစံတစ်ထောင် အသွင်ပြောင်းစွမ်းရည်" ကို အသုံးပြု၍ သူတို့၏ ရုပ်ရည်ကို ပြောင်းလဲလိုက်ကြသည်။
ထို့နောက် လုရီက "အသေးစား တွက်ချက်ခြင်းစွမ်းရည်" ကို တိတ်တဆိတ် အသက်သွင်းကာ
သူတို့၏ ကံကြမ္မာဆက်နွှယ်မှုကို ရှုပ်ထွေးအောင် ပြုလုပ်လိုက်၏။ ဤသည်မှာ သူတို့၏
သက်စောင့်စွမ်းအင်များကို ချောင်းမြောင်းစုံစမ်းခြင်းမှ ကာကွယ်ရန်လို့ငှာ ဖြစ်ပါသည်။
ဤသည်မှာ လုရီ ယခင်က သည်းကြီးမည်းကြီး အလိုက်ခံရစဉ်က သင်ယူခဲ့သော နည်းလမ်း
တစ်ခု ဖြစ်ပါသည်။ ထျန်းမင်တွင် ထူးဆန်းအံ့ဩဖွယ် ပုဂ္ဂိုလ်များ ပေါများလှပြီး ကောင်းကင်မူလ ဂိုဏ်းမှ ကျင့်ကြံသူများကဲ့သို့ နတ်ဗေဒင် ဟောကိန်းထုတ်ခြင်း အတတ်ပညာ၌ ကျွမ်းကျင်သူများ ရှိကောင်းရှိနိုင်သည်။ ထိုသို့သော အခြေအနေတွင် သူတို့၏ တည်နေရာကို အလွယ်တကူ တွက်ချက်နိုင်ပေလိမ့်မည်။
သို့သော် "အသေးစား တွက်ချက်ခြင်းစွမ်းရည်" ကို ကျွမ်းကျင်ပြီး ကံကြမ္မာကို နှောင့်ယှက်ထားသောအခါတွင်မူ သူ့ကို မည်သူမျှ တွက်ချက်နိုင်တော့မည် မဟုတ်ပေ။
အားလုံးပြီးစီးသွားသောအခါမှ လုရီ စိတ်အေးသွားတော့သည်။
အဖွဲ့သည် ကမ်းရိုးတန်းဒေသများဆီသို့ ဆက်လက်ခရီးနှင်ခဲ့ပြီး၊ ထိုကာလအတွင်း လုရီသည် အလုပ် အမျိုးမျိုးမှ ဆုလာဘ်များကို ရယူကာ အကျိုးအမြတ်များစွာ ရိတ်သိမ်းနိုင်ခဲ့လေ၏။
အထူးသဖြင့် ရေတာအို ဉာဏ်အလင်းနှင့် ရေ
နိယာမအတွက်တော့ လုရီက ဉာဏ်အလင်း
မပွင့်မီ ကြီးမားသော အခင်းအကျင်း တစ်ခုကို ဖန်တီးခဲ့သည်။ ဤသည်မှာ ဆန်းကြယ်မြင်ကွင်းများ အလွန် ကြီးမားစွာ ပေါ်ထွက်လာပြီး အာရုံစိုက်ခံရခြင်းမှ ရှောင်ရှားရန် ရည်ရွယ်လေ၏။
ပြီးခဲ့သည့် တစ်ကြိမ် ရေနိယာမကို စုပ်ယူစဉ်က ဆန်းကြယ်မြင်ကွင်းကြောင့် ပင်လယ်မျိုးနွယ် ကျင့်ကြံသူအချို့ကို ဆွဲဆောင်မိခဲ့သည်။
ယခုတစ်ကြိမ်တွင်မူ သူသည် ထိုအမှားမျိုး ထပ်မလုပ်တော့ပေ။
အခန်း ၄၃၇- ကောင်းကင်ယန္တရားကို စီစဉ်ခြင်း ...
~လုရီသည် ယခင် တစ်ကြိမ်ကဲ့သို့ပင် အားကောင်းသော အခင်းအကျင်း မျက်လုံးကို အသုံးပြုခဲ့ရာ ဆန်းကြယ်မြင်ကွင်းကို ကောင်းစွာခုခံနိုင်ခဲ့သည်။
ရေတာအို ဉာဏ်အလင်းနှင့် ရေနိယာမကို စုပ်ယူပြီးနောက် သူ၏ ရေနယ်ပယ်သည် နောက်ဆုံးတွင် ပြီးပြည့်စုံခြင်း နယ်ပယ်သို့ ရောက်ရှိသွားလေ၏။
သူယခင်က ရရှိထားသော ရေနိယာမ စွမ်းအားမျှင်နှစ်ခုနှင့် ပေါင်းစပ်လိုက်သောအခါ သူသည် ရေနိယာမကို လုံးဝကျွမ်းကျင်ပိုင်နိုင်သွားခဲ့လေပြီ။
ဒါဟာ လုရီအတွက် ဓားတာအိုနိယာမပြီးနောက် ဒုတိယမြောက် ကျွမ်းကျင်ပိုင်နိုင်သွားသော နိယာမအဆင့် စွမ်းအားတစ်ခု ဖြစ်လာခဲ့သည်။
မူလက စီနီယာ အစ်ကိုကျန့်ဖန်မှာ အစွမ်း
မထက်သေးသည့်အပြင်၊ သူနှင့်လည်း နှစ်ပေါင်းများစွာ သိုင်းပညာ ဖလှယ်မှု မရှိ ဖြစ်နေသောကြောင့် လုရီ၏ ရေတာအိုအပေါ် နားလည်မှုသည် ရပ်တန့်လုနီးပါး ဖြစ်ခဲ့ရသည်။
မမျှော်လင့်ဘဲ ပင်လယ်မျိုးနွယ် စစ်မြေပြင်သို့ ရောက်ရှိလာပြီးနောက် အလုပ်ဆုလာဘ်များမှတစ်ဆင့် သူ ရရှိခဲ့သော ရေတာအိုနားလည်မှုသည် အလွန်လျင်မြန်စွာ တိုးတက်လာခဲ့လေပြီ။
နိယာမအဆင့်သို့ တိုက်ရိုက် တက်လှမ်းသွားခဲ့ခြင်းပင်။
ဤသည်မှာ လုရီကိုယ်တိုင်ပင် ကြိုတင်
မမျှော်လင့်ထားသည့် အရာတစ်ခုပင်။
ဟုတ်သည်၊ ဤအရာသည် လုရီ၏ အစွမ်းထက်မှုနှင့်လည်း သက်ဆိုင်နေသည်။ သူသည် ပေါင်းစည်းခြင်း နယ်ပယ်ဝင် အရှင်သခင်များနှင့် မဟာယာန ပုဂ္ဂိုလ်များအပါအဝင် အစွမ်းထက်သော ပင်လယ်မျိုးနွယ် ပြိုင်ဘက်များစွာကို သတ်ဖြတ်ခဲ့သည်။ ထို့ကြောင့် ဆုလာဘ်များမှာလည်း များပြားလှသည်မှာ ကျိုးကြောင်းဆီလျော်၏။
ဟုတ်ပါသည်။
လုရီအတွက် ကျိုးကြောင်း ဆီလျော်သော်လည်း လျိုနင်ရွှမ်းနှင့် အခြား မိန်းကလေး နှစ်ဦးအတွက်မူ သူမတို့၏ ဘဝကိုပင် သံသယဝင်သွားစေခဲ့ တော့သည်။
ဓားတာအို နိယာမအပြင် ယခု လုရီသည်
ရေနိယာမကိုပါ နားလည်သွားခဲ့သည်မှာ မဖြစ်နိုင်လောက်အောင် လွန်ကဲလွန်းနေလေသည်။
ကျန်းရူယွီက လုရီ့ကို လူမဟုတ်သည့်
ကောင်လေးဟု တဖွဖွ ရေရွတ်နေပြီး၊ လျိုနင်ရွှမ်းနှင့် ယွင်ရှီးတို့မှာလည်း မယုံနိုင်လောက်အောင် အံ့အားသင့်နေကြတော့သည်။
ရေတာအိုနှင့် ရေနိယာမဆိုင်ရာ ဉာဏ်အမြင်များအပြင်၊ ဆုလာဘ်များတွင် ထိပ်တန်းအဆင့် ဝိညာဉ်လက်နက်ဖြစ်သော "မြူပုလဲ" နှင့် ထိပ်တန်းအဆင့် ဝိညာဉ်လက်နက်ဖြစ်သော
"ရွှမ်ပင်းကျောက်စိမ်းဝတ်ရုံ" တို့လည်း ပါဝင် လေသည်ည်။
"မြူပုလဲ" သည် အလွန်ရှားပါးသော ထူးခြားသည့် ဝိညာဉ်လက်နက်ဖြစ်ပြီး၊ ထင်ယောင်ထင်မှား စွမ်းအားပါသော မြူခိုးများကို ထုတ်လွှတ်ကာ ဧရိယာတစ်ခုကို ဖုံးလွှမ်းနိုင်သည်။ ဝိညာဉ်စွမ်းအင် လုံလောက်ပါက ကပ်ဘေးဖြတ်ကျော် ဘိုးဘေးတစ်ပါးကိုပင် ထောင်ချောက်ဆင်နိုင်စွမ်းရှိရာ၊ ၎င်း၏စွမ်းပကား မည်မျှကြီးမားကြောင်း သက်သေပြနေ၏။
"ရွှမ်ပင်းကျောက်စိမ်းဝတ်ရုံ" သည်လည်း အဖိုးတန်ဝိညာဉ်လက်နက်တစ်ခုပင်။
ကပ်ဘေးဖြတ်ကျော် ကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်မှုကိုပင် ခံနိုင်ရည်ရှိသော အစွမ်းထက်သည့် ရွှမ်ပင်းအကာအကွယ်လွှာတစ်ခု ပါဝင်သည်။
ထိုမျှသာမက၊ ၎င်းသည် ရေခဲအခြေခံသိုင်းပညာများ၏ စွမ်းအားကို သိသိသာသာ မြှင့်တင်ပေးနိုင်ပြီး ရေခဲအခြေခံကျင့်ကြံခြင်းနည်းစနစ်များ၏ စုပ်ယူမှုနှုန်းကိုလည်း တိုးမြှင့်ပေးနိုင်သည်။
ရေခဲတာအိုကို ကျင့်ကြံသော ကျင့်ကြံသူတစ်ဦးအတွက်မူ ဤသည်မှာ အလွန်တန်ဖိုးကြီးမားသော ဝိညာဉ်လက်နက်တစ်ခု ဖြစ်သည်။
ဤဝိညာဉ်လက်နက်သည် သူ့အတွက်လည်း အသုံးဝင်သော်လည်း သူ၏ စီနီယာအစ်မအတွက်လောက် အကျိုးမရှိပေ။
ထို့ကြောင့် လုရီသည် "ရွှမ်ပင်းကျောက်စိမ်းဝတ်ရုံ" ကို သူ၏ စီနီယာအစ်မအား ပေးလိုက်သည်။
လျိုနင်ရွှမ်းက လုံးဝ မတွေဝေဘဲ
လုရီ၏ ဆုလာဘ်ကို တိုက်ရိုက်လက်ခံလိုက် လေသည်။
သူမဟာ လုရီ့အပေါ်မှာ အကြွေးတွေများလွန်းနေပြီမို့ ဒီတစ်ခုလောက်တော့ ဘာမှမထူးတော့ဘူးဟု တွေးလိုက်မိသည်။
'ရူယွီပြောသလိုပဲ၊ ကိုယ့်ကိုယ်ကိုယ် သူ့အတွက် ပုံအပ်ဖို့ အသင့်ပဲလို့ ဆုံးဖြတ်ထားပြီးသားပဲဟာ။'
သည်အကြောင်းကို တွေးမိတော့ လျိုနင်ရွှမ်း၏ ပါးပြင်လေးများ ရဲခနဲ ဖြစ်သွားပြန်သည်။
သူတို့၏ အကျိုးအမြတ်များကို အပြည့်အဝ
စုပ်ယူပြီးနောက်၊ လုရီနှင့် အခြားသူများသည် ပင်လယ်ကမ်းခြေသို့ ဆက်လက်ခရီးထွက်ခွာခဲ့ကြသည်။ ထိုသို့ ပြုလုပ်ရန် အချိန်မှာ လဝက်ခန့် ကြာမြင့်ခဲ့ပါ၏။
ထိုအချိန်တွင် ထျန်းတုန်းမြို့ရှိ ပင်လယ်မျိုးနွယ်စခန်း၌ လေထုက အနည်းငယ် တင်းမာနေ၏။
ရေနက်နဂါးမျိုးနွယ်မှ ကိုယ်ခန္ဓာ ထောင်ထောင်မောင်းမောင်းနှင့် နက်မှောင်သောဆံပင်များ ပိုင်ဆိုင်သော ကပ်ဘေးဖြတ်ကျော် ဘိုးဘေးတစ်ဦးသည် ခက်ထန်သော မျက်နှာထားဖြင့် ရပ်နေသည်။ သူ၏ အရှိန်အဝါကြောင့် ပတ်ဝန်းကျင်မှ နေရာလပ် တစ်ခုလုံး ရေလှိုင်းများကဲ့သို့ တုန်ခါနေလေ၏။
သူက လေးပင်စွာ မိန့်လိုက်သည်။
"သူတို့ကို ခုထိ ရှာမတွေ့သေးဘူးလား။"
ထိုကပ်ဘေးဖြတ်ကျော် ဘိုးဘေး၏ရှေ့တွင် မဟာယာနအဆင့် ရေနက်နဂါးတစ်ဦးကလည်း မျက်စိမျက်နှာပျက်စွာ ခေါင်းခါပြလိုက်သည်။
"မတွေ့သေးပါဘူး ဘိုးဘေး။ လီညီအစ်ကိုတို့အဖွဲ့ ပျောက်သွားတဲ့ဘက်ကို ကျွန်တော်တို့ ရှာဖွေပြီးပါပြီ။ တရားခံရဲ့ ခြေရာလက်ရာ တစ်စက်မှ
မတွေ့ရသလို၊ သဲလွန်စ တစ်ခုတောင် မကျန်ခဲ့ပါဘူး။ ဘိုးဘေးမုယွမ်တောင်မှ ကောင်းကင်ယန္တရားစွမ်းရည်ကို သုံးပြီး ရှာတာတောင် မတွေ့နိုင်ခဲ့ပါဘူး။ အဆင့်မြင့်ပုဂ္ဂိုလ်တစ်ယောက်က ကောင်းကင်ယန္တရားကို နှောင့်ယှက်ထားလို့ ခြေရာခံလို့မရအောင် ဖြစ်နေပါတယ်..ဘိုးဘေး။"
ထိုစကားကိုကြားသော် ကပ်ဘေးဖြတ်ကျော် ဘိုးဘေး၏ မျက်နှာသည် ပို၍ပင် အေးစက်သွားတော့သည်။
"ဟွမ့်! မုယွမ်ကတော့ တကယ်ပဲ အသက်ကြီးလာလို့ သောက်သုံးမကျတော့တာပဲ! လူတစ်ယောက်လေးတောင် ရှာမတွေ့နိုင်ဘူးလား! ဘယ်သူလဲ! ဘယ်ကောင်က ငါတို့ ရေနက်နဂါးမျိုးနွယ်ရဲ့ အစွမ်းထက်ပုဂ္ဂိုလ်တွေကို အဆက်မပြတ် သတ်နေရဲတာလဲ! ငါ့ကိုသာ တွေ့ခွင့်ပေးလိုက်၊ အဲ့ဒီကောင်ကို မီးလောင်ပြာကျသွားအောင် လုပ်ပစ်မယ်!"
မဟာယာနအဆင့် ရေနက်နဂါးကြီးခမျာ စကားတစ်ခွန်းမှ မဟရဲပေ။
ကပ်ဘေးဖြတ်ကျော် ဘိုးဘေး တစ်ဦးဖြစ်သူ
မုယွမ်ကို ဤကဲ့သို့ ပြောရဲသူမှာ သူ၏ရှေ့မှ
ဘိုးဘေးမှလွဲ၍ အခြား မည်သူ ရှိပါမည်နည်း။
"ဘိုးဘေး... ကျွန်တော်တို့ ဆက်ပြီးတိုက်ခိုက်ရဦးမှာလားခင်ဗျာ။" ထိုမဟာယာနအဆင့် ရေနက်နဂါးကြီးက သတိကြီးစွာဖြင့် မေးလိုက်သည်။
ထိုအခါ ကပ်ဘေးဖြတ်ကျော် ဘိုးဘေး၏ မျက်နှာသည် ပုပ်သိုးသွားပြီး တိတ်ဆိတ်သွား၏။
သူက အေးစက်စွာ နှာမှုတ်လိုက်သည်။
"ရက်အနည်းငယ်အတွင်းမှာ ငါတို့ မဟာယာနကျင့်ကြံသူ သုံးဦးနဲ့ ပေါင်းစည်းခြင်းနယ်ပယ် ကျင့်ကြံသူ နှစ်ဆယ်ကျော် ဆုံးရှုံးခဲ့ပြီးပြီ။ ဒီအခြေအနေနဲ့ ဘယ်လိုတိုက်ကြမလဲ။ သွား! ငါတို့မျိုးနွယ်စုဆီကနေ လူအင်အား ထပ်တောင်းကြ!"
ထိုအခါ မဟာယာနအဆင့် ရေနက်နဂါးကြီးခမျာ ပါးစပ်ဟလိုက်သည်။
နှစ်ပေါင်းများစွာ ချီ၍ ကြာမြင့်သော စစ်ပွဲများကြောင့် သူတို့မျိုးနွယ်စုအတွင်းမှ အင်အားကြီးသူများ၏ ဆုံးရှုံးမှုမှာ ကြီးမားလှပြီ ဖြစ်ကြောင်း၊ ဤအတိုင်းဆက်သွားနေ၍ အဆင်မပြေနိုင်ကြောင်း ပြောချင်နေရှာသည်။
သို့သော် ကပ်ဘေးဖြတ်ကျော် ဘိုးဘေး၏
အေးစက်သော အကြည့်ကိုမြင်သောအခါ သူသည် မလွှဲသာမရှောင်သာ ခေါင်းညိတ်လိုက်ရတော့သည်။
.....
တစ်ချိန်တည်းမှာပင်၊ ထျန်းတုန်းမြို့နှင့်
မနီးမဝေးရှိ လဝန်းဝိဉာဉ်မြို့၌၊ ကောင်းကင်နဂါးမြင့်မြတ်နယ်မြေမှ လုံမင်ဘိုးဘေးနှင့် နတ်ဓားဂိုဏ်းမှ ဖန်ထျန်းယောင်ဘိုးဘေးတို့သည် မြို့ရိုးပေါ်တွင် မားမားမတ်မတ် ရပ်ကာ ထျန်းတုန်းမြို့ဘက်သို့ ဝေခွဲမရသော မျက်လုံးများဖြင့် ကြည့်နေကြသည်။
"ပင်လယ်မျိုးနွယ်တွေ ဘာဖြစ်နေကြတာလဲ။ ကင်းထောက်တွေဆီက ကြားရတာတော့ ကျင့်ကြံသူအများအပြား ထျန်းတုန်းမြို့ထဲကို ဝင်သွားပြီဆိုတော့ တိုက်ပွဲကြီးတစ်ခုအတွက် အသင့်ဖြစ်နေသင့်ပြီ။ ဘာလို့ ခုထိ မတိုက်သေးတာလဲ။" လုံမင်ဘိုးဘေးက နားမလည်နိုင်စွာ မေးလိုက်သည်။
ဖန်ထျန်းယောင်ဘိုးဘေးကမူ ပြင်းထန်သော မျက်နှာထားဖြင့် ခက်ထန်စွာ ပြောဆိုလိုက်လေသည်။
"ဟမ့်! ဒီကောင်တွေ တစ်ခုခုတော့ မဟုတ်တာကြံစည်နေပြန်ပြီ။ ကျုပ်တို့ သတိလစ်ဟင်းသွားအောင် စောင့်နေတာများလား။"
ဘိုးဘေးနှစ်ပါး၏နောက်တွင် မဟာယာနအဆင့် ကျင့်ကြံသူများစွာအပြင်၊ ကောင်းကင်နဂါးမြင့်မြတ်သားတော်နှင့် အခြားသော အင်မော်တယ်ဂိုဏ်းကြီးများမှ ပါရမီရှင်များလည်း ရှိနေကြသည်။
သူတို့သည်လည်း လုံးဝနားမလည်နိုင် ဖြစ်နေကြသည်။
ဖြူလွှသော ဝတ်စုံကို ဝတ်ဆင်ထားသည့်
ထိုက်ရီ သူတော်စင် သားတော်သည် လက်နှစ်ဖက်ကို နောက်ပစ်လျက်၊ တည်ငြိမ်ပြီး တကယ့်ကို သူကောင်းမျိုးနွယ် သခင်လေးတစ်ပါးကဲ့သို့ ရပ်နေသည်။
သူက သူ့ဘေးမှ ကောင်းကင်နဂါးသူတော်စင်သားတော်ကို တစ်ချက်ကြည့်ကာ ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
"လုံအော့ထျန်း၊ မင်း လမ်းမှာ ညီအစ်ကိုလုနဲ့ တွေ့ခဲ့တယ်ကြားတယ် ဟုတ်လား။"
ဤစကားထွက်လာသည်နှင့်တစ်ပြိုင်နက်၊ ပတ်ဝန်းကျင်မှ သူတော်စင်သားတော်များနှင့် သူတော်စင်သမီးတော်များ၏ အာရုံစိုက်မှုအားလုံး ထိုနေရာသို့ ရောက်လာတော့သည်။
လုရီဟူသော အမည်နာမတစ်ခုတည်းကပင် အရှေ့ပိုင်းနယ်မြေမှ အစွမ်းအထက်ဆုံး ပါရမီရှင်များ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်ရန် လုံလောက်နေသည်။
ကောင်းကင်နဂါးသူတော်စင်သားတော်က
ထိုက်ရီ မြင့်မြတ်သားတော်ကို တစ်ချက် ပေစောင်းစောင်းကြည့်ကာ ဘုတောလိုက်သည်။
"ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ။"
သို့သော် ထိုက်ရီ မြင့်မြတ်သားတော်က စိတ်မဆိုးဘဲ အသာလေးပြုံးကာ တုံ့ပြန်သည်။
"ညီအစ်ကိုလုက ငါတို့ရဲ့ အခင်းအကျင်းတာအိုမှာ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်ပဲ။ အရှေ့အလင်းမြို့မှာတုန်းကလည်း ငါတို့ဂိုဏ်းက အကြီးအကဲ လင်ယွမ်ဖုန်းကို ပင်လယ်မျိုးနွယ် အစွမ်းထက်ပုဂ္ဂိုလ်တွေကို သုတ်သင်ဖို့ ကူညီခဲ့သေးတယ်။ ငါတို့ ထိုက်ရီ မြင့်မြတ်နယ်မြေက သူ့ကို ထိုက်ရီအခင်းအကျင်းမြေပုံထဲ ဝင်ဖို့ စောင့်နေတာဆိုတော့ သူ့ကို စိတ်ပူတာ သဘာဝကျပါတယ်။"
ထိုစကားကို ကြားသော် ကောင်းကင်နဂါးသူတော်စင် သားတော်၏ မျက်နှာသည် သုန်မှုန်သွားပြီး နှာခေါင်းရှုံ့လိုက်သည်။
"မင်းတို့ရဲ့ အခင်းအကျင်းတာအို ပါရမီရှင်အကြောင်း ငါက ဘာသိရမှာလဲ။ ညီအစ်ကို လုရဲ့ ကိုယ်ခန္ဓာသန့်စင်ခြင်း ပါရမီက အခင်းအကျင်းပညာထက် အဆတစ်ရာမက သာတယ်ကွ! မင်းတို့ကောင်တွေ ဘာမှမသိဘူး!"
သူတို့စကားများအား ကြားတော့ ဝမ်ချီဖုန်းက ဘေးမှ ရယ်လျက် ဝင်ပြောလာသည်။
[အင်ပါယာဓားဂိုဏ်းမှ လူငယ် ပါရမီရှင်
ဝမ်ချီဖုန်း ဖြစ်ပါတယ်။]
" လုံအော့ထျန်း၊ မင်း အဲ့လိုတော့ ပြောလို့ မရဘူးလေ။ ညီလေးလုရဲ့ ဓားသိုင်းပါရမီကို လူတိုင်းမျက်မြင်ပဲ။"
ဖုန်းပုမင်ကလည်း ပြုံးကာ ခေါင်းညိတ်သည်။
[နတ်ဓားဂိုဏ်းမှ စီနီယာ ပါရမီရှင် ဖုန်းပုမင် ဖြစ်ပါတယ်။ ]
"ဟုတ်တယ်၊ ညီလေးလုရဲ့ ဓားတာအိုပါရမီက ကိုယ်ခန္ဓာသန့်စင်ခြင်းနဲ့ အခင်းအကျင်းတာအိုတို့နဲ့ လုံးဝနှိုင်းယှဉ်လို့ မရဘူး။"
ထိုအခါ ကောင်းကင်နဂါး သူတော်စင်သားတော်က ဝမ်ချီဖုန်းကို တစ်ချက်ကြည့်ကာ အေးစက်စွာ ဆိုသည်။
"ဝမ်ချီဖုန်း၊ ဖုန်းပုမင်၊ ခင်ဗျားတို့နှစ်ယောက်က အစွမ်းက သာမန်ပဲ၊ စကားပြောတာတော့ တော်တော်တော်တယ်။ ဘာလဲ။ ကျုပ်ရဲ့လက်ချက်ကို မမြည်းစမ်းဖူးသေးလို့လား။"
ထိုစကားကိုကြားသော် ဝမ်ပေဖုန်းနှင့် ဖုန်းပုမင်တို့ နှစ်ဦးလုံး မျက်မှောင်ကြုတ်သွားပြီး၊
ဝမ်ချီဖုန်းက အေးစက်စွာ တုံ့ပြန်လိုက်သည်။
"ဟမ့်..ငါတို့ဂိုဏ်းက ဂျူနီယာညီမလေး ရူယွီ ဒီမှာ မရှိလို့ပဲ။ သူသာ ရှိရင် မင်း ဒီလောက်ထောင်လွှားခွင့်ရမှာ မဟုတ်ဘူး။"
ရက်အနည်းငယ်အကြာက ပေါင်းစည်းခြင်းနယ်ပယ် လေးလွှာမှ အရှင်သခင်တစ်ဦးကို ဖျက်ဆီးခဲ့သော ဓားချက်ကို ပြန်သတိရမိသော် ကောင်းကင်နဂါး သူတော်စင် သားတော်၏ မျက်နှာသည် တောင့်တင်းသွားပြီး အေးစက်စွာ နှာမှုတ်လိုက်တော့သည်။
"ဟမ့်...ကံဆိုးတာက ခင်ဗျားက ရူယွီ မဟုတ်ဘူးလေ။"
လေ့ယင် မြင့်မြတ်နယ်မြေမှ သူတော်စင်
သမီးတော် လေ့ထျန်းယင်က အခြေအနေကို ဖြေလျှော့ရန် ပြုံးလျက် ဝင်ပြောလိုက်သည်။
"ကဲပါ... အချင်းချင်းတွေပဲကို၊ ဘာလို့ ဒီအကြောင်းနဲ့ ရန်ဖြစ်နေကြတာလဲ၊ အစ်ကိုလုံ.. ရှင်.. အစ်ကိုလုနဲ့ တကယ်တွေ့ခဲ့တာလား။ သူ အခု ဘယ်လိုနေလဲ။"
ကောင်းကင်နဂါးသူတော်စင်သားတော်က
လေ့ယင် သူတော်စင်သမီးတော် စကားပြောလာသည်ကို မြင်သောအခါ ပြုံးလိုက်ပြီး "လုညီအစ်ကိုလား..သူ အဆင်ပြေပါတယ်" ဟု ဆိုလိုက်၏။
လေ့ထျန်းယင်က မျက်လုံးများ အရောင်တောက်လျက် ပြုံးကာ ဆက်မေးလိုက်လေသည်။
"သူ အခုဘယ်မှာလဲ။"
"သူလား... သူက ဇနီးသုံးယောက်နဲ့အတူ ပင်လယ်မျိုးနွယ်နယ်မြေထဲကို နက်နက်ရှိုင်းရှိုင်း ဝင်သွားပြီ။ သမုဒ္ဒရာဘက်ကို သွားဖို့ စီစဉ်နေတယ်။" ဟု ကောင်းကင်နဂါးသူတော်စင်
သားတော်က ပြန်ဖြေလိုက်သည်။
"...ဇနီးသုံးယောက်။"
လေ့ယင် သူတော်စင်သမီးတော်နှင့် အခြားသော အင်မော်တယ်ဂိုဏ်းကြီးများမှ အမျိုးသမီးပါရမီရှင်များ၏ မျက်နှာပေါ်မှ အပြုံးများသည် တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားပြီး၊ ပတ်ဝန်းကျင်တစ်ခုလုံးကို အေးစက်စက်အငွေ့အသက်တစ်ခုက လွှမ်းခြုံသွားတော့၏။
ထိုအအေးဓာတ်ကြောင့် ထိုနေရာရှိ အမျိုးသားကျင့်ကြံသူအားလုံး အသည်းခိုက်မတတ် ချမ်းစိမ့်သွားကြသည်။
တစ်ချိန်တည်းမှာပင် လုရီနှင့် သူ၏အဖွဲ့သည် ပို၍နက်ရှိုင်းသော နေရာများသို့ ဆက်လက်ခရီးနှင်နေလေသည်။ မကြာမီတွင်ပင် သူတို့သည်
ထျန်းတုန်းမြို့သို့ လျင်မြန်စွာ ပျံသန်းလာသော အခြားပင်လယ်မျိုးနွယ် အရှင်သခင်တစ်ဦးကို တွေ့လိုက်ရသည်။
လုရီ အံ့အားသင့်သွားပြီးနောက် တပြိုင်နက်တည်းမှာ သူ၏မျက်လုံးများလည်း အရောင်တောက်လာသည်။
"ဝူးဟားဟား..အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက် ထပ်ရောက်လာပြန်ပြီ.."
'ဒါဆို... အလုပ်ဆုလာဘ်က ငါ့ လက်ထဲ ပြုတ်ကျလာပြန်ပြီပဲ။'
အခန်း ၄၃၈- မြူခိုးကျွန်းပေါ်မှ ထူးဆန်းသော စွမ်းအား...
~ခရမ်းရောင်ဆံပင်နှင့် ရုပ်ရည်ချောမောသော ပင်လယ်မျိုးနွယ်မှ မဟာယာနအဆင့် ပုဂ္ဂိုလ်တစ်ဦးသည် ပေါင်းစည်းခြင်းနယ်ပယ်ဝင်
စွမ်းအားရှင်လေးဦးနှင့် ဟင်းလင်းပြင်ဥမင် နှင့်
နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်စုကို ဦးဆောင်ကာ ထျန်းတုန်းမြို့ဆီသို့ ပျံသန်းလာနေလေ၏။
ပေါင်းစည်းခြင်းနယ်ပယ်ဝင် ရေနက်နဂါးတစ်ဦးက မကျေမနပ် ရေရွတ်လိုက်သည်။
"ဘာလို့ ဘိုးဘေး ဟေးယွမ်က မျိုးနွယ်စုဆီကနေ အကူအညီ ထပ်တောင်းနေရတာလဲ။ အရင်တစ်ခေါက်က ပို့လိုက်တဲ့ အင်အားဖြည့်တင်းမှုက တိုက်ပွဲအနည်းငယ်အတွက် မလုံလောက်လို့လား။"
အခြား ပေါင်းစည်းခြင်းနယ်ပယ်ဝင် ရေနက်နဂါးတစ်ဦးက ဝင်ရောက်ပြောဆိုသည်။
"ကြားရတာတော့ ဘိုးဘေး ဟေးယွမ်က ရွှမ်ဟွမ်နဂါးမြွေမျိုးနွယ်နဲ့ တော်တော်လေး ရင်းနှီးတယ်တဲ့။ သူတို့က တစ်ခုခု အကျိုးအမြတ်ပေးထားလို့နေမှာပေါ့။ စစ်ပွဲကြီးဖြစ်တိုင်း သူက အားမနာတမ်း ရှေ့ဆုံးကနေ တက်တက်ကြွကြွကို တိုးတာ။"
ထိုစဥ် ခရမ်းရောင်ဆံပင်နှင့် မဟာယာနအဆင့်ပုဂ္ဂိုလ်က မျက်မှောင်ကြုတ်ကာ အမိန့်ပေးလိုက်သည်။
"တော်ကြတော့။ မျိုးနွယ်စုဘိုးဘေးတွေရဲ့ ကိစ္စက မင်းတို့ ဆွေးနွေးရမယ့် အရာ မဟုတ်ဘူး။"
ထိုစကားကို ကြားသော် အခြားပေါင်းစည်းခြင်းနယ်ပယ်ဝင် အရှင်သခင် လေးဦးသည်
တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကာ ဆက်လက် မပြောဆိုကြတော့ပေ။
ထိုအခိုက်အတန့်၌၊ မဟာယာနအဆင့်ပုဂ္ဂိုလ်က ကြွေးကြော်လိုက်သည်။
"အားလုံး သတိရှိကြ။ ဘိုးဘေး ဟေးယွမ်က အကြောင်းမရှိဘဲ အကူအညီတောင်းတာ မဟုတ်ဘူး။ ကြားရတာတော့ ငါတို့မျိုးနွယ်စုက အစွမ်းထက်ပုဂ္ဂိုလ်တော်တော်များများ ထျန်းတုန်းမြို့ကို လာတဲ့လမ်းမှာ ချောင်းမြောင်းတိုက်ခိုက်ခံရပြီး အသတ်ခံလိုက်ရတယ်တဲ့။ ဒီနေ့အထိ ဘယ်သူ့လက်ချက်လဲဆိုတာ ဘယ်သူမှ မသိသေးဘူး။"
ထိုစကားကို ကြားသောအခါ ပေါင်းစည်းခြင်းနယ်ပယ်ဝင် အရှင်သခင်အချို့သည် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ကြည့်လိုက်ကြပြီး၊ တစ်ဦးက မေးခွန်းထုတ်လာသည်။
"ဒါဆို ကောလာဟလတွေက အမှန်ပဲလား။ ကျွန်တော်ကတော့ အခြေအမြစ် မရှိတဲ့ ခန့်မှန်းချက်တွေပဲလို့ ထင်နေတာ။"
"ဟုတ်တယ်လေ။ ဘယ်သူကများ ငါတို့ရဲ့ ပိုင်နက်ထဲမှာ ငါတို့ရဲ့ အစွမ်းထက်ပုဂ္ဂိုလ်တွေကို ခြေရာလက်ရာမကျန်အောင် လုပ်ကြံရဲမှာလဲ။"
အခြား ပေါင်းစည်းခြင်းနယ်ပယ်ဝင် အရှင်သခင်သုံးဦး၏ မျက်နှာတွင်လည်း မယုံနိုင်သော အရိပ်အယောင်များ ထင်ဟပ်နေ၏။
မဟာယာနအဆင့်ပုဂ္ဂိုလ်က မျက်မှောင်ကြုတ်လိုက်၏။ "ဒီကိစ္စက အမှန်ပဲ။ မဟုတ်ရင် ဘိုးဘေး ဟေးယွမ်တောင်မှ အကူအညီတောင်းမှာ မဟုတ်ဘူး။"
ထိုအခိုက်မှာပင် ပင်လယ်မျိုးနွယ် ကျင့်ကြံသူအားလုံးသည် မြေပြင်မှ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု တဟုန်ထိုး တက်လာသည်ကို တပြိုင်နက်တည်း ခံစားလိုက်ကြရသည်။
အလွန်အမင်း တောက်ပထည်ဝါသော ငွေရောင်အလင်းတန်းများ ဝင်းခနဲ ဖြာထွက်သွား၏။
တစ်ခဏအတွင်းမှာပင် ပင်လယ်မျိုးနွယ် ကျင့်ကြံသူအားလုံး၏ အသိစိတ်တို့ လွင့်ပြယ်သွားပြီး၊ သူတို့၏ ခန္ဓာကိုယ်များမှာ သွေးမြူခိုးများအဖြစ်သို့ ပြောင်းလဲကာ ကြေမွပျက်စီးသွားတော့၏။
အဝေးတစ်နေရာတွင် လုရီနှင့် သူ၏အဖော်သုံးဦး ကောင်းကင်ယံသို့ ပျံတက်လာကြသည်။ လုရီက လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ကျဆုံးသွားသော မဟာယာနအဆင့် ပင်လယ်မျိုးနွယ် ကျင့်ကြံသူများထံမှ ကျန်ခဲ့သော သိုလှောင်လက်စွပ်များကို သိမ်းယူလိုက်သည်။ ထို့နောက် သူသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ လျိုနင်ရွှမ်းနှင့် အခြားသူများကို ခေါ်ဆောင်လျက် ထိုနေရာမှ ခြေရာဖျောက်ကာ ပျောက်ကွယ်သွားတော့သည်။
ထွက်ခွာပြီးနောက်၊ လုရီသည် သူ့အလုပ်မှ ဆုလာဘ်များကို စစ်ဆေးရင်း ကျေနပ်နေမိ၏။
မဟာယာနကျင့်ကြံသူများ ပါဝင်သောကြောင့် ဆုလာဘ်များမှာ မက်စရာ ဖြစ်နေဆဲပင်။
နှစ်တစ်သန်း သက်တမ်းရှိ ဝိညာဉ်ကျောက်စိမ်းဆယ်ခု၊ မဟာယာနအဆင့် ကောင်းကင်နှင့်မြေကြီး ရတနာ ဖြစ်သော "ရွှမ်ပင်းကျောက်စိမ်းခြင်ဆီ" နှင့် ရေတာအို ဉာဏ်အလင်းတို့ ဖြစ်လေသည်။
လုရီသည် တိတ်ဆိတ်သော နေရာတစ်ခုကို
ရှာကာ ရေတာအို ဉာဏ်အလင်းအားလုံးကို စုပ်ယူလိုက်သော်လည်း၊ ဝမ်းနည်းစရာမှာ ရေနိယာမသည် အလွန် အဆင့်မြင့်လွန်းသောကြောင့်
မဟာယာန ကျင့်ကြံသူများထံမှ ဆုလာဘ်အဖြစ်ရသော ရေတာအိုဉာဏ်အလင်းပင်လျှင် များစွာတိုးတက်မှု မရှိခဲ့ပေ။
ထို့နောက်တွင်တော့ လုရီနှင့် သူ၏အဖော်များသည် အရှေ့ပင်လယ်ဒေသသို့ ဆက်လက်ခရီးနှင်ခဲ့ကြလေသည်။
လုရီသည် ပင်လယ်မျိုးနွယ် အစွမ်းထက်ပုဂ္ဂိုလ်များနှင့် ထပ်မံတွေ့ဆုံနိုင်ဦးမည်လောဟု တွေးတောမိသော်လည်း၊ ကံမကောင်းစွာဖြင့် သူတို့ မည်သူနှင့်မျှ ထပ်မတွေ့ခဲ့တော့ပေ။
အနည်းငယ် နှမြောမိသော်ငြားလည်း၊ ခရီးဆက်ရန်မှာ အရေးအကြီးဆုံးဖြစ်သောကြောင့် များများစားစား စိတ်ထဲ မထားတော့ချေ။
လုရီသည် အခါအားလျော်စွာ "အသေးစား တွက်ချက်ခြင်းစွမ်းရည်" ကို အသုံးပြုလေ၏။ သူတို့ အရှေ့ပင်လယ်ဒေသနှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ၊ မြူခိုးကျွန်း၏ တည်နေရာကို သူ၏တွက်ချက်မှုမှာ ပိုမိုတိကျသေချာလာပြီး၊ အစပိုင်းကဲ့သို့ ခန့်မှန်းခြေ တည်နေရာမျိုးကဲ့သို့ မသေမချာ မဖြစ်တော့ပေ။
တွက်ချက်မှုမှ ရရှိသော အချက်အလက်များအရ၊ လုရီသည် လျိုနင်ရွှမ်းနှင့် အခြားသူများကို ဦးဆောင်ကာ လမ်းကြောင်းကို အကြိမ်ကြိမ်ပြောင်းလဲရင်း ပင်လယ်မျိုးနွယ်တို့၏ ခံတပ်များကိုလည်း ရှောင်ရှားခဲ့သည်။
သူတို့ အရှေ့ပိုင်းပင်လယ်ဧရိယာနှင့် ပိုမိုနီးကပ်လာလေလေ၊ ပင်လယ်မျိုးနွယ်တို့၏ ရှေးဟောင်းမြို့များနှင့် စစ်စခန်းများ ပိုမိုများပြားလာလေလေ ဖြစ်ပြီး၊ လုရီသည် ရှေးဟောင်းမြို့အချို့မှ ကြောက်မက်ဖွယ် အငွေ့အသက်များကိုပင် ခံစားမိနေ၏။
ယခုအခါ မဟာယာနကျင့်ကြံသူများကို သုတ်သင်နိုင်စွမ်းရှိသော လုရီပင်လျှင် ထိုအငွေ့အသက်များမှ အလွန်အမင်း အန္တရာယ်ရှိကြောင်း ခံစားလိုက်ရလေသည်။ ထိုပုဂ္ဂိုလ်များသည် ကပ်ဘေးဖြတ်ကျော် ဘိုးဘေးများဖြစ်ကြောင်း ခန့်မှန်းနိုင်ပေ၏။
လုရီသည် လျိုနင်ရွှမ်းနှင့် အခြားသူများကို ကပ်ဘေးဖြတ်ကျော် ဘိုးဘေးများရှိသော နေရာများကို သတိဖြင့်ရှောင်ကွင်းကာ ဦးဆောင်သွားခဲ့သည်။ လဝက်ကျော်ခန့် ခရီးနှင်ပြီးနောက်၊ သူတို့သည် နောက်ဆုံးတွင် ပင်လယ်ကမ်းစပ်သို့ ရောက်ရှိလာကြတော့သည်။
မျက်စိတဆုံး ရှုမျှော် မဆုံးနိုင်သော အပြာရောင်ပင်လယ်ကြီးသည် လှိုင်းလုံးများဖြင့် တဝုန်းဝုန်းလှုပ်ရှားနေလေ၏။
လျိုနင်ရွှမ်းနှင့် ကျန်းရူယွီတို့ နှစ်ဦးလုံးသည် ပင်လယ်ကမ်းခြေသို့ ယခင်က ရောက်ဖူးကြသောကြောင့် ထူးထူးခြားခြား အံ့ဩမနေကြပေ။ သို့သော် ပင်လယ်ကို ပထမဆုံးအကြိမ်မြင်ဖူးသော ယွင်ရှီးအတွက်မူ၊ သူမသည် သမုဒ္ဒရာ၏ ကျယ်ပြန့်မှုကို အံ့ဩတကြီးဖြင့် အဆက်မပြတ် ရေရွတ်နေမိတော့သည်။
ပင်လယ်ကမ်းစပ်သို့ ရောက်ပြီးနောက် လုရီသည် လူသူမနီးသော နေရာတစ်ခုကို ရှာဖွေကာ၊ မဟာအခင်းအကျင်းတစ်ခုကို ချမှတ်ပြီးနောက်
တစ်ဖန် တွက်ချက်မှုပြုလုပ်ပြန်သည်။
တွက်ချက်မှုပြီးဆုံးသွားသောအခါ လုရီသည် လတ်ဆတ်သော သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရပြီး သူ၏အရှိန်အဝါမှာ အနည်းငယ် အားနည်းသွားရ၏။
သူ၏ တွက်ချက်မှုသည် အင်မော်တယ်တစ်ပါးနှင့် သက်ဆိုင်သော မြူခိုးကျွန်း၏ တည်နေရာအကြောင်း ဖြစ်သောကြောင့်၊ တိုက်ရိုက်တွက်ချက်ခြင်း မဟုတ်သည့်တိုင် သူတို့ နီးကပ်လာသည်နှင့်အမျှ တန်ပြန်သက်ရောက်မှုက ပိုမိုပြင်းထန်လာလေသည်။ ထိုတန်ပြန်သက်ရောက်မှုသည် ပေါင်းစည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ဦးကိုပင် ပြာအဖြစ်သို့ ပြောင်းလဲသွားစေနိုင်ပြီး၊ လုရီ၏ ခန္ဓာကိုယ်မှာ လုံလောက်စွာ သန်မာသောကြောင့်သာ သိသာသော ဒဏ်ရာများ မရရှိခဲ့ခြင်း ဖြစ်ပါ၏။
သို့သော်ငြားလည်း လုရီသည် လားရာကို အတည်ပြုနိုင်ခဲ့၏။ သူ မျက်လုံးဖွင့်လိုက်သောအခါ၊ မျက်ဝန်းထဲတွင် ဝမ်းမြောက်မှုအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
"ဒီဘက်ပဲ!"
ချက်ချင်းပင် လုရီက လျိုနင်ရွှမ်းနှင့် အခြားနှစ်ဦးကို တောင်ဘက်အနီး ပင်လယ်၏ အစိတ်အပိုင်း တစ်ခုဆီသို့ ဦးဆောင်သွားလေသည်။
လုရီနောက်သို့လိုက်ရင်း ကျန်းရူယွီက စပ်စုစွာ မေးလိုက်သည်။
"ပုံမှန်မဟုတ်တဲ့ ဂျူနီယာ မောင်လေး.. ငါတို့ကို ဘယ်ခေါ်သွားမလို့လဲ။"
လျိုနင်ရွှမ်းနှင့် ယွင်ရှီးတို့နှစ်ဦးစလုံးကလည်း
စပ်စုသော အကြည့်များဖြင့် ကြည့်နေကြသည်။
လုရီက ပြုံးလိုက်ကာ ခွန်းတုံ့ပြန်လိုက်သည်။
"အရှေ့ပိုင်းပင်လယ်ဧရိယာက မြူခိုးကျွန်းရဲ့ ဒဏ္ဍာရီကို ခင်ဗျားတို့ ကြားဖူးလား။"
မိန်းကလေး သုံးဦးသား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ဇဝေဇဝါဖြင့် ခေါင်းခါမိကြသည်။
"အဲ့ဒါ ဘယ်နေရာလဲ။"
လုရီက သူမတို့ကို မြူခိုးကျွန်း၏ ဒဏ္ဍာရီအကြောင်း ပြောပြလိုက်သောအခါ၊ သုံးဦးလုံး မျက်လုံးများ ပြူးကျယ်သွားကာ လုံးဝ အံ့အားသင့်သွားကြတော့သည်။
"ကျယ်ပြန့်လှတဲ့ လောကကြီးမှာ မယုံနိုင်စရာတွေ တကယ်ရှိတာပဲ။ ဒီလိုနေရာမျိုးရှိလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး။" ယွင်ရှီးက ရေရွတ်လိုက်၏။
"ဂျူနီယာ မောင်လေး၊ နင် မြူခိုးကျွန်းကို ရှာနိုင်တယ်ပေါ့။" လျိုနင်ရွှမ်းက ဉာဏ်ကောင်းသူပီပီ၊ လုရီ ယခု ဘာလုပ်ရန် ရည်ရွယ်နေသည်ကို ခန့်မှန်းမိလိုက်သည်။
ကျန်းရူယွီနှင့် ယွင်ရှီးတို့မှာ အံ့အားသင့်ကာ
လုရီ့ကို အလေးအနက် ကြည့်လိုက်ကြလေသည်။
လုရီက ခေါင်းညိတ်ကာ ပြုံးလျက် ဆိုသည်။
"ဟုတ်တယ်"
ဤစကားက သုံးဦးလုံးကို စိတ်လှုပ်ရှားမှုဖြင့် အရောင်တောက်သွားစေသည်။ အကြောင်းမှာ ဤနေရာသည် အင်မော်တယ်များနှင့် သက်ဆိုင်သော နေရာတစ်ခု ဖြစ်သောကြောင့်ပင်။
သို့သော်၊ သူမတို့ အနည်းငယ် စိုးရိမ်မိကြ၏။
အဘယ်ကြောင့်ဆိုသော် ကောလာဟလများအရ ထိုနေရာမှ ကပ်ဘေးဖြတ်ကျော် ဘိုးဘေးများပင် အသက်ရှင်လျက် ပြန်မထွက်နိုင်ဟု ဆိုကြသည် မဟုတ်ပါလော။
လုရီက သူ့အနေနှင့် အတွင်းပိုင်းအထိ
နက်နက်ရှိုင်းရှိုင်း သွားမည် မဟုတ်ကြောင်း၊ မြူခိုးကျွန်းကို တစ်ချက်ကြည့်ရုံသာ ကြည့်ချင်ကြောင်း မိန်းကလေးများကို စိတ်အေးအောင် အာမခံလိုက်လေသည်။